All Of You

By Callie-D

108K 12.3K 800

ငါ့ဆီက အချစ်​ဆိုတာ​မျှော်​လင့်​မ​နေပဲ ငါ အပန်း​ဖြေဖို့ရာ နားခို​ဆောင်​​လေးတစ်​ခုပဲ ဖြစ်​​ပေးပါ Kyungsoo shi More

All Of You
All Of You
All Of You
All of you
All of you
All Of You
Alll of You
All of You
All of You
All of You
All Of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All of You
All Of You[Final]
All of You [Extra]

All Of You

10.6K 515 19
By Callie-D

~My heads under water ~

~But I'm breathing fine~

~Your're crazy and out of my mind~

~bcoz all of me ~ love all of you~

#ဝုန်း

"အ"

ကျောင်းမှာ Kyungsooက




သူက​တော့ ဘာဖြစ်​​နေလို့

တောင်းပန်​လိုက်​သည်

ထရပ်​လာသည်

"ကျစ်​! ဒီမှာ မင်း!"



ဒီတစ်​​ယောက်​က​တော့ 

ဟမ်​!!"


"ဟမ်​! ​မေး​နေတယ်​​လေ
ကျစ်​!"

"မဟုတ်​~"

"ကို!..."

Kyungsoo​နောက်​နားက​နေ
အသံချိုချို​လေးတစ်​ခု

ဒေါသတကြီးနဲ့လူသားဟာ

"ဖယ်​!"

လျှောက်​သွားတယ်
ထိုင်​ကျလျက်​သားပဲ

"Li~"






"ကို ဒီကို ဘယ်​လိုလုပ်​ "

ကျောင်း​ပြောင်းလာတာ"

သြော်​ အခုမှ သူက

သူများချစ်​သူ​တွေ
သိ​ပေမယ့်

ထိုသူရဲ့အကြည့်​​တွေက
အခုန်​မြန်​​စေသည်



မေး​လေရဲ့

သူမက သိပ်​ကိုလှတယ်
Yoon LiLiတဲ့





သိသာတယ်



ကောက်​ယူလိုက်​သည်

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\







ခေါင်းကပါမှီလာ​လေရဲ့

ပြန်​သွားတာကို "

Essayတစ်​ပုဒ်​ကို


သို့​ပေမယ့်​ ​ရေးခဲ့တာက

မထားတတ်​သူမို့
ဘာကိုမှ မယ်​မယ်​ရရကို
မမှတ်​မိ






"မဟုတ်​ပါဘူး...."


Baekhyunဆိုသည်​မှာ Kyungsooပြိုင်မငြင်းနိုင်တဲ့ေ​​​​ကာင်​​လေး​လေ။


"Annyeonhasayo "

ဖုံးလွှမ်းသွား​လေရဲ့



"wowww"

သူ့စကားအဆုံး ဆူညံစွာ 
ဂုဏ်​ပြုကြတဲ့သူ​တွေ

LiLiဆိုတာ

"သူတို့နှစ်​​ယောက်
တစ်​​ယောက်​နဲ့တစ်​​ယောက်

"အင်း "

အင်း...


ကြည့်​ရင်း


စိတ်​မကွက်​ခဲ့။

သို့​သော်




ခေါင်းယမ်းလိုက်​သည်

ဘာကိုနာကျင်​ရမှာလဲ
ရှိ​နေသလိုမျိုး....

ထုတ်​​တော့Kyungsoo။

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

Drama is coming😂

UNICODE

~My heads under water ~

~But I'm breathing fine~

~Your're crazy and out of my mind~

~bcoz all of me ~ love all of you~

#ဝုန်း

"အ"

မနက်ခင်းစောစော သတင်းစာလိုက်ပို့ပြီးတာနဲ့
ကျောင်းကိုတန်းဝင်တာမို့
ကျောင်းမှာ Kyungsooက
အစောကြီးရောက်လေ့ရှိတယ်
ကျောင်းက ကျောင်းစောင့်တွေက လွဲလို့
ဘယ်သူမှ မရောက်သေးခင်ပေါ့

All of meသီချင်းလေးကို repeatဖွင့်ရင်း
ခပ်တိုးတိုးလိုက်ညည်းကာ ကျောင်းထဲဝင်လာနေကြ

ခါတိုင်းလို ဘယ်သူမှ မရှိဘူး မှတ်ကာ
ရင်းနှီးနေသော အချိုးအကွေ့တွေအတိုင်း
မျက်လုံးလေးအသာမှိတ်လို့
သီချင်းလေးညည်းရင်း လျှောက်လာမိတာ
အခုတော့ ဘယ်ကဘယ်လို ဒီတစ်ယောက်က
အစောကြီးရောက်လာနေတာတုန်း

"sorry sorry ငါသတိမထားမိလိုက်လို့ "

ကိုယ်က မျက်လုံးမှိတ်ထားသည်မို့မမြင်တာ
သူကတော့ ဘာဖြစ်နေလို့

ထားပါ ဘာနေနေ ကိုယ့်ဘက်ကသာ
တောင်းပန်လိုက်သည်

ထိုလူက Kyungsooနဲ့ တိုက်မိလို့ ပြုတ်ကျသွားတဲ့ ပန်းပွင့်တွေ ပြန်ကောက်ပြီး
ထရပ်လာသည်

"ကျစ်! ဒီမှာ မင်း!"

အိုးး ဒီလူ သိပ်ချောတယ်
အလိုမကျဟန်တွေက သူ့ချောမောမှုကို
အထောက်အပံ့ဖြစ်စေသလိုပဲ

သူက သူ့ပန်းတွေကို ကြည့်ရင်း
Kyungsooကို မကျေနပ်ဖြစ်နေတဲ့ပုံ

နေပါဦး သူ့ကို ဒီကျောင်းမှာတစ်ခါမှမမြင်ဖူးပါဘူး
အဲ...Kyungsooက Baekhyunရယ် Jongdaeရယ်က လွဲရင် ကျန်တဲ့သူတွေနဲ့သိပ်မရင်းနှီးပေမယ့် သေချာပါတယ်
ဒီတစ်ယောက်ကတော့
Kyungsooတို့ကျောင်းက မဟုတ်တာ
သို့သော် ကျောင်းယူနီဖောင်းကြီးနဲ့

"မင်း မျက်လုံးမပါဘူးလား
လူတစ်ယောက်လုံးကို ဝင်တိုက်ရအောင်
ဟမ်!!"

Kyungsoo ဘာမှမပြောနိုင်
ဒီလူ ဒါလေးဝင်တိုက်မိတာ
ဒီလောက် ဒေါသထွက်စရာလိုသလား
မကျေနပ်ပေမယ့် ဘာမှပြန်မပြောမိ

"ဟမ်! မေးနေတယ်လေ
ဘာလဲ အ ပါနေတာလား ဟုတ်လား
ကျစ်!"

"မဟုတ်~"

"ကို!..."

Kyungsooနောက်နားကနေ
အသံချိုချိုလေးတစ်ခု

မရှေးမနှောင်းမှာ Kyungsooရှေ့က
ဒေါသတကြီးနဲ့လူသားဟာ
ပြုံးရွှင်သွားလိုက်တာများ

"ဖယ်!"

သူက Kyungsooကို တွန်းဖယ်လိုက်ရင်း
ထိုအသံအချိုချိုနဲ့ မိန်းကလေးဆီ
လျှောက်သွားတယ်
သူ့လက်တွေက အားပါလွန်းလိုက်တာ
Kyungsoo ကြမ်းပြင်ပေါ်ကို
ထိုင်ကျလျက်သားပဲ

"Li~"

အချစ်ဆိုတဲ့အရာကို Kyungsooမသိဘူး..

ဒါပေမယ့် အဖျားစွတ်နာမည်ခေါ်သံလေး
တစ်လုံးတည်း Kyungsooကြားရရုံနဲ့
ထိုသူက သူမကို သိပ်ချစ်တယ် ဆိုတာ
Kyungsoo ခံစားလို့ရနေတယ်

ခုဏက Kyungsooကို ပြောနေတဲ့
ခက်ထန်တဲ့လေသံတွေ ပျောက်ကွယ်ကုန်ပြီ

သူ့မျက်ဝန်းတွေက တန်ဖိုးဖြတ်မရတဲ့ မြတ်နိုးတဲ့ အရာတစ်ခုကို ကြည့်နေတဲ့အတိုင်း
နူးညံ့လွန်းနေလိုက်တာ

ခုဏကလို စူးရဲရဲ အကြည့်တွေ မဟုတ်တော့

"ကို ဒီကို ဘယ်လိုလုပ် "

"မခွဲနိုင်လို့ Liနဲ့ နည်းနည်းလေးတောင်
မခွဲနိုင်တော့လို့ ကိုယ်
ကျောင်းပြောင်းလာတာ"

သြော် အခုမှ သူက
ကျောင်းပြောင်းလာသည်ကိုး

သူများချစ်သူတွေ
ပြောနေတာကို နားမထောင်သင့်မှန်း
သိပေမယ့်
Kyungsooလဲကျနေရာကနေတောင် မထမိ

ထိုသူရဲ့အကြည့်တွေက
Kyungsooဝဲဘတ်ရင်အုံကို
အခုန်မြန်စေသည်

ဘာကိုမှ မတွေးနိုင်အောင်ပြုစားသည်။

"ကို ဒီပန်းလေးတွေက Liဖို့လား လှလိုက်တာ "

သူမက သူ့လက်ထဲက ပန်းလေးတွေ ကိုမြင်တော့
မျက်လုံးအရောင်လေးတွေလက်ကာ
မေးလေရဲ့

သူမက သိပ်ကိုလှတယ်
Kyungsooတို့ တစ်ကျောင်းလုံးရဲ့
အလှဆုံး လူချစ်လူခင်အများဆုံး သူမ
Yoon LiLiတဲ့

"ဟင့်အင်း ဒီပန်းက မကောင်းတော့ဘူးLi
ကိုယ်က အသစ်သွားဝယ်ပေးမယ် "

သူက ပြောရင်း ပန်းကိုလွှင့်ပြစ်လိုက်လေရဲ့

သူမကတော့ အကောင်းအတိုင်းရှိနေတဲ့ပန်းကို လွှင့်ပြစ်လိုက်တဲ့ သူ့ကို အံ့သြနေဟန်

Kyungsooကတော့ ပြုံးမိလေရဲ့

သူက သူမကို တန်ဖိုးထားမှန်း သိပ်
သိသာတယ်

"လာLi ကျောင်းလည်း တတ်သေးတာမှ
မဟုတ်ဘဲ ကိုယ်က အပြင်မှာ အလှဆုံးပန်းစီးကို ပြန်ဝယ်ပေးမယ် "

ပြောရင်း သူမရဲ့ ဆံနွယ်တွေကို သပ်တင်ပေးလိုက်တဲ့သူ။

သူတို့ထွက်သွားတာနဲ့ Kyungsooထကာ
မြေပြင်ပေါ်က ပန်းပွင့်လေးတွေကို သွားကာ
ကောက်ယူလိုက်သည်

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

တဖြည်းဖြည်းနဲ့ အတန်းမှာ လူစုံလာပြီ

"yaaa Byun Baekhyun!!! ငါ့မုန့်တွေ!!!"

လူဘယ်ဆီနေသည်မသိ အသံအရင်ရောက်လာတဲ့နှစ်ယောက်
Kyungsooအချစ်ဆုံးသူငယ်ချင်းတွေ။

"မင်းကလည်း ဒီမုန့်လေးပိစိလေး ကျွေးရတာကို ဖြစ်နေလိုက်တာ "

တွတ်ထိုးရန်ဖြစ်ရင်း ဝင်လာတဲ့ နှစ်ယောက်

"Kyungsoo yaa!! ငါ့ သူငယ်ချင်းကြီး
နေကောင်းရဲ့လား မတွေ့ရတောင်ကြာပြီနော်"

Kyungsooဘေး ဝင်ထိုင်ကာ ပြောရင်း
ခေါင်းကပါမှီလာလေရဲ့

"အပိုတွေ မနေ့က ည10နာရီမှ မင်း ငါ့အိမ်က
ပြန်သွားတာကို "

မှီနေတဲ့ baekhyunခေါင်းကို တွန်းထုတ်
လိုက်ရင်း မနေ့က အိမ်စာပေးလိုက်တဲ့
Essayတစ်ပုဒ်ကို
ပြန်အာရုံစိုက်နေလိုက်တယ်

*Unforgettable Memory * တဲ့

တကယ်ဆို Kyungsooရေးလာပြီးသား
သို့ပေမယ့် ရေးခဲ့တာက
ကြံရာဖန်ရာဇာတ်လမ်းလေးတစ်ပုဒ်လေ

Kyungsooက အစွဲအလမ်းဆိုတာမျိုး
မထားတတ်သူမို့
ဘာကိုမှ မယ်မယ်ရရကို
မမှတ်မိ

Kyungsooရဲ့ တစ်ကောင်ကြွက်ဘဝမှာ
အထွေအထူးရယ်လည်းမရှိခဲ့ပါလေ။

အခုတော့ မနက်ကလေးတင် တိုက်မိတဲ့
ကိုယ့်ကို အရေးတယူတောင်မရှိတဲ့သူနဲ့
ဆုံရတဲ့အကြောင်းကို မမေ့နိုင်ပါဘူးရယ်လို့
ကြောင်တောင်တောင် ရေးနေမိပါလိမ့်။

အတွေးနဲ့တင် ရယ်မိလေရဲ့

"ဝါးး KyungJa တစ်ယောက်တည်းရယ်နေတယ် ပြောစမ်း မင်း ချစ်ရမယ့်သူ တွေ့လာတာလား "

အသံကျယ်ကျယ် ကျယ်ကျယ်နဲ့အော်နေတဲ့
Baekhyunကို အတင်းလိုက်ပိတ်ရသေးသည်

"မဟုတ်ပါဘူး...."

"အဲ မဟုတ်ပါဘူး ဆိုတာကြီးက ဘာလို့ဒီလောက်အားမရှိနေရတာလဲ သေချာပါပြီ
ငါတို့KyungJaတော့ တွေ့ခဲ့ပြီ "

Kyungsooဘာမှဆက်ငြင်းမနေတော့
Baekhyunဆိုသည်မှာ Kyungsooပြိုင်မငြင်းနိုင်တဲ့ကောင်လေးလေ။

"ဘယ်သူ ဘယ်သူလဲ ချောလား ကောင်မလေးက"

"Annyeonhasayo "

Jongdaeရဲ့ အမေးကို နှုတ်ဆက်သံတစ်ခုက
ဖုံးလွှမ်းသွားလေရဲ့

အကုန်လုံးရဲ့ အာရုံက အတန်းရှေ့
ရပ်နေတဲ့ နှစ်ယောက်ဆီမှာ

"ကျွန်တော့်နာမည် Kim Jonginပါ
အခုဒီကျောင်းကို ပြောင်းလာရတာကတော့
ဒီက ကျွန်တော့်ချစ်သူYoon LiLiကို
စိတ်မချလို့ပဲ ဖြစ်ပါတယ် "

"wowww"

သူ့စကားအဆုံး ဆူညံစွာ
ဂုဏ်ပြုကြတဲ့သူတွေ

LiLiဆိုတာ
ကျောင်းရဲ့ ဂုဏ်ဆောင်အလှမယ်လေးမို့လို့
အကုန်လုံးက ချစ်ခင်ကြပြီးသား
သူနဲ့ဆို သိပ်လိုက်ဖက်နေသည်မဟုတ်လား။

"သူတို့နှစ်ယောက်
တကယ်လိုက်တယ်နော်KyungJa
တစ်ယောက်နဲ့တစ်ယောက်
သိပ်ချစ်မှန်းသိသာတယ် "

"အင်း "

အင်း...
သူတို့ တကယ် သိပ်ချစ်ကြမှာ။

LiLiလက်ထဲက ပန်းစီးလေး
ပန်းရောင် ပန်းပွင့်လေးတွေနဲ့

Kyungsoo လွယ်အိတ်ထဲမှာ
ခရမ်းရောင် ပန်းပွင့်လေးတွေ...
ကြည့်ရင်း

အတွေးတွေက မေမေပြောခဲ့ဖူးသောစကားများစီ

မေမေ့အပေါ် ဂရုလည်းမစိုက် နောက်ဆုံးတစ်ယောက်တည်း ပစ်ထားခဲ့သည် ဖေဖေ့ကို
မေမေသည် နောက်ဆုံးချိန်သည့်တိုင်
စိတ်မကွက်ခဲ့။

မေမေပြောပြခဲ့ဖူးသည့်
အချစ်ဆိုသည်နှင့်ပတ်သတ်သည့် ခံစားချက်များကို Kyungsooနားမလည်။
သို့သော်
ကိုယ့်အချစ်ကို တန်ဖိုးမထားတဲ့ သူတစ်ယောက်ကို မေမေ့လိုတော့ Kyungsooမမုန်းပဲနေနိုင်မည်မထင်။ အပေးရှိရင် အယူဆိုတာတော့ရှိရမှာပင်။

"နှလုံးသားနဲ့ ရင်းနှီးပြီး လူတစ်ယောက်ကို
ချစ်လိုက်မိရင် အတိုင်းအဆမဲ့ နာကျင်ရတတ်တယ် သား ဒါပေမယ့်လည်း သူ့ကြောင့်ရယ်လို့ အပြစ်မတင်ရက်တာ အချစ်ပဲ "

မေမေ့ အသံဖျော့ဖျော့ကို နားထဲကြားယောင်လာရင်း Kim Jonginကို လှမ်းကြည့်မိတယ်

*ဒါဆို သူရော Kim Jonginလည်း
နာကျင်ရလား အချစ်ကြောင့် *

ရူးကြောင်ကြောင်အတွေးမို့ Kyungsoo
ခေါင်းယမ်းလိုက်သည်

Kyungsooမြင်နေရတဲ့ Kim Jonginက
ဘာကိုနာကျင်ရမှာလဲ
သူ့ကြည့်ပါဦး တစ်လောကလုံးမှာ
သူဘေးက မိန်းကလေးတစ်ယောက်သာ
ရှိနေသလိုမျိုး....

တော်ပြီ Kim Jonginကို ခေါင်းထဲက
ထုတ်တော့Kyungsoo။

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

Drama is coming😂
Preciousလေးနဲ့မျှပြီး updateပါမယ်

Continue Reading

You'll Also Like

1.1M 44.3K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
284K 8.9K 32
Truth or dare? ... Everyone knows the feeling of helplessness when asked this question, they all know that something humiliating and cruel follows, n...
15.3K 291 12
💫 A book of Stray Kids One Shots/Short Stories 💫 Skz X Reader // All of the written actions and representations of the characters are just freely m...