ကြိုး

By realsoney

19.8K 1.3K 190

သံ​ယောဇဉ်​ကြိုး အချစ်​ကြိုး အမုန်းကြိုး ဒါ​တွေဟာမမြင်​ရတဲ့ကြိုး​တွေ မမြင်​ရမှ​တော့တိုင်းတာလို့ ဘယ်​ရပါ့မလ... More

ကြိုး-2
ကြိုး-(3)
ကြိုး-4
ကြိုး-(5)
ကြိုး-(6)
ကြိုး-(7)
ကြိုး-(8)
ကြိုး-(9)
ကြိုး-(10)
ကြိုး-(11)
ကြိုး-(12)
ကြိုး-(13)
ကြိုး-(14)
ကြိုး-(15)
ကြိုး-(16)
ကြိုး-(17)
ကြိုး-18
Final

ကြိုး-1

3.2K 99 2
By realsoney

"​ယောကျာ်းအာ့​လောက်​ရှားသလားIm Yoona"
မျက်​ဝန်း​တွေထဲက​ဒေါသမီးလျှံ​တွေမှာ ကျွန်​မ
ကိုဝါးမြို​တော့မတက်

Yoona-သူ့ကိုနင်​ပိုင်​လို့လားYul

သူ့နှုတ်​ခမ်းဖူးဖူး​လေးက​နေထွက်​လာ​တဲ့
မြှားချက်​​တွေက ဘယ်​​တော့မှမညင်​သာခဲ့ပါ။

Yul-ငါတို့နှစ်​​ယောက်​ကတွဲ​တော့မှာ

လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ပြီး သူ့​ရှေ့က
အမြန်​ဆုံးလှည့်​ထွက်​လာခဲ့သည်​။နှုတ်​ဆက်
ခြင်းမရှိတဲ့​ခြေလှမ်း​တွေနဲ့​ပေါ့။
ကျွန်​မစိတ်​ဆိုးတိုင်းမရမကလိုက်​​ချော့တတ်​​သော အဲ့က​လေးမှာ ကျွန်​မရဲ့စိတ်​ခံစားချက်​ကို
ဥ​ပေက္ခာပြုခဲ့သည်​မှာအတိအကျ ၃၈၄ရက်​ရှိပြီ။
တောင်​ကုန်းမို့မို့​လေးထက်​ကတစ်​ပင်​ထဲရှိ​သော
သစ်​ပင်​ကြီးကိုမှီ​ထိုင်​​နေမိသည်​။
ပါးပြင်​ထက်​မှာပူ​နွေး​နွေးအရည်​​တွေ။အို
မျက်​ရည်​​တွေ​ပေါ့ သူကျွန်​မကိုငို​အောင်​လုပ်​ပြန်
ပြီ။သူ​ပြောင်းလဲသွားတယ်​။အရမ်း​ပြောင်းလဲသွားတာ။ကျွန်​မကို​တွေ့သည်​နှင့်​​​တောက်​ပလာ
တတ်​​သောမျက်​ဝန်းနက်​​လေး၊လုံးဝငြီး​ငွေ့ဖွယ်​မ​ကောင်း​သောအသံအက်​အက်​​လေး၊
အို​အေစစ်​​နဲ့တူတဲ့သူ့အပြုံး​လေး၊စကားများပြီးမ​ခေါ်ကြ​ 
တော့ရင်​တစ်​ရက်​​တောင်​မ​နေနိုင်​ပဲကျွန်​မရင်​ခွင်​ထဲ​ခေါင်း​လေး​ဝှေ့ကာ​တောင်းပန်​​နေတဲ့အမူအရာ ​လေး။ထိုအရာ​​တွေ​ပျောက်​ဆုံးသွား
သည်​မှာ​တော်​​တော်​ကြာခဲ့ပြီ​ဖြစ်​​သော်​လည်း
ကျွန်​မမှတ်​ဥာဏ်​ထဲမှာvideoရိုက်​ထားသလို
တစ်​ခုချင်းမှတ်​မိ​နေသည်​။

"Im Yoona"

အာ ဘာလို့သူ့အသံပဲကြား​နေမိပါလိမ့်

"နင်​ရူး​နေလား"

ကျွန်​မ​မော့ကြည့်​လိုက်​​တော့ မျက်​လုံးများပင်
ကျယ်​သွားသည်​။ဒီ​လောက်​မိုးရွာကြီးထဲမှာထီး
မပါ မိုးကာမဝတ်​ ခုနကဝတ်​ထားတဲ့အ​နွေးထည်
တောင်​ချွတ်​ထားလိုက်​​သေး။သူကအဖျားကြီး
တက်​တယ်​​လေ။
လှိုက်​တက်​လာ​သောစိုးရိမ်​မှု​​ကြောင့်
ချမ်း​နေတာ​တောင်​ဘယ်​​ရောက်​သွားမှန်းမသိ​အောင်​ပူထူလာသည်​။ဒါ​ပေမယ့်​....

Yoona-နင်​ဘာလာလုပ်​တာလဲ Yuri နင်​နဲ့ဘာ
ဆိုင်​လို့လဲ

ရင်​ထဲကစကား​တွေကိုနှုတ်​ဖျားကဘာသာပြန်
မှားယွင်းခဲ့သည်​မှာ မ​ရေမတွက်​နိုင်​​အောင်​ရှိ​နေ
ပြီဖြစ်​၍ သိပ်​​တော့အ​လေးမထားမိ။

Yul-နင့်​အိမ်​ကဖုန်းဆက်​တယ်​​လေ နင်​ပြန်
မ​ရောက်​​သေးလို့်​တဲု့ ငါ့ကိုလူဆိုးဇာတ်​မသွင်း
စမ်းနဲ့ နင်​​ပေါက်​ကွဲချင်​ရင်​ ငါနဲ့လွတ်​​အောင်
ပေါက်​ကွဲ

စိတ်​မနာနိုင်​​သေးပါဘူး သူ့ကိုအိမ်​အရင်​ပြန်​ပို့ရ
မယ်​။သူဖျားရင်​တစ်​ကိုယ်​လုံးကိုက်​ခဲပြီးချမ်း​နေတတ်​ တာ အရင်​လို​ကိုယ်​​ငွေ့ဖြင့်​အ​နွေးဓာတ်
ပေးမည့်​ကျွန်​မလဲအနားမှာမရှိ။မိသားစုမရှိ၊
ဆွေမျိုးမရှိသည့်​ သူ​လေးအိမ်​ပြန်​​ရောက်​ရင်
အားငယ်​​နေရှာ​တော့မည်​။

Yoona-Sorry Yuri ​​​မေ​မေတို့ကခုမှပြန်​လာလို့မ​ပြောရ​သေးတာ အရင်​တုန်းကအလုပ်​ရှုပ်
နေကြလို့ စိတ်​ချပါ နင်​မထိခိုက်​​စေရပါဘူး
နင်​ပြန်​​တော့

Yul-ငါ့သူငယ်​ချင်းဖြစ်​ဖူးလို့သတိ​ပေးလိုက်​မယ်
ဒီလိုမိုးရွာကြီးထဲ​​ ခနခနလာထိုင်​​နေရင်​ နင်
သေလိမ့်​မယ်

စိတ်​ပူတယ်​လို့​ပြောလိုက်​​တော့​ကျားကိုက်​မှာမို့လား။

Yoona-​အေးပါ နင့်​ရဲ့တစ်​ဦးတည်း​သောသူငယ်
ချင်းဖြစ်​ခဲ့ဖူးတဲ့ငါ့ကို သတိ​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်

သူ့မျက်​ဝန်း​တွေတမျိုး​ပြောင်းသွားတယ်​။နာ
ကျည်း​နေသလို၊​ပြောရက်​​လေခြင်းဟုမချင့်​မရဲ
ဖြစ်​​နေသလို၊ဘာပါလိမ့်​။

Yul-ငါ့..မိဘ​တွေက.....ပြန်​လာမှာ

ဟာ မဟုတ်​ဘူး။သူ့အားနည်းချက်​ကိုထိုးနှက်​တာ မဟုတ်​ရပါဘူး။ကျွန်​မ​ဖြေရှင်းဖို့စကားရှာ
နေဆဲမှာပင်​ သူလှည့်​ထွက်​သွားသည်​။
သူဘယ်​​လောက်​ဝမ်းနည်းသွားလိမ့်​မလဲ
သူဘယ်​​လောက်​အားငယ်​သွားလိမ့်​မလဲ
ကျွန်​မ​ပြောသည့်​တစ်​ဦးတည်း​သောသူငယ်​ချင်း
ဆိုသည်​မှာ သူ့မှာသူငယ်​ချင်းမရှိခြင်းကိုချိုးနှိမ်​တာမဟုတ်​။ကျွန်​မဘက်​ကအ​ရောင်​ပါ​သော
မေတ္တာကိုသူမသိ​လေခြင်းဟုမချင့်​မရဲညည်းညူ
မိလိုက်​တာပါ။

အိမ်​ပြန်​လမ်းတစ်​​လျှောက်​မှာ အားနာမှု၊
ဝမ်းနည်းမှု၊နာကျင်​မှု၊စိုးရိမ်​မှု​တွေဖြင့်​ အသက်
ရှုရခက်​ပါသည်​။မွေးပြီးကတည်းက အဘွားနဲ့ထားခဲ့ပြီး ​ပျောက်​ခြင်းမလှ​ပျောက်​သွားခဲ့​သော သူ့မိဘ​နှစ်​ပါးကို ယ​နေ့တိုင်​​မျှော်​လင့်​​နေ​ခဲ့သည်​လား။ဆွေမျိုးသားခြင်းမရှိ၊​မောင်​နှမ မရှိ​သောသူသည်​သူငယ်​ချင်းလဲမရှိခဲ့ပါ။အ​ကြောင်းမှာ
သူ့စိတ်​ဒဏ်​ရာ​ကြောင့်​ပင်​။အထီးကျန်​​နေသည့်
စိတ်​ဖြင့်​ ရွယ်​တူအတန်း​ဖော်​​တွေ​ပျော်​ရွှင်​​နေသည်​မှာ မိမိနှင့်​မသက်​ဆိုင်​သလို ခံစား​နေရတတ်​ပြီး တစ်​​ယောက်​တည်းဖြစ်​လာသည်​တဲ့။
သူ့ဘဝတွင်​အခင်​တွယ်​ရဆုံးဟူ၍ သူ့အဘွားပြီး
လျှင်​ကျွန်​မသာရှိသည်​တဲ့။လေးတန်းနှစ်​မှာ
ကျောင်း​ပြောင်းလာ​သောကျွန်​မမှာ အိမ်​နီးချင်း​တွေကိုစပ်​စုကြည့်​ရင်း သူနှင့်​​တွေ့ရှိရခြင်းဖြစ်​သည်​။ကျွန်​မတို့အိမ်​၏ ဘယ်​ဘက်​တွင်​သူတို့
အိမ်​ရှိသည်​။သူတို့အိမ်ပြီးလျှင်​ ​တောအုပ်​ပဲကျန်
တော့သည်​။ထိုစဉ်​ကသရက်​ပင်​၏​အောက်​မှာ
ငူငူကြီးထိုင်​ပြီး မျက်​​မှောင်​ကုပ်​ကာ ​မြေပြင်​ကို
စိုက်​ကြည့်​​နေ​သောသူ့ကိုကြည့်​ပြီးရယ်​ချင်​မိ
သည်​။ခြံတံခါးဝမှာဖွင့်​ထား​သော​ကြောင့်​ ခွင့်
မ​တောင်းဘဲဝင်​​ရောက်​ကာ သူ့အနားသွားမိ
သည်​။ထိုအခါမှ ပုရွက်​ဆိတ်​တန်းကိုကြည့်​​နေ
သည်​ဆိုတာသတိထားမိ​တော့သည်။
"ဟိတ်​ က​လေး"
ကျွန်​မ​ခေါ်လိုက်​​တော့သူ​မော့ကြည့်​လာသည်​။
မျက်​လုံးနက်​နက်​​လေး​တွေက တစုံတရာကို
အလိုမကျ သလို၊ပါး​ဖောင်း​ဖောင်း​လေး​တွေက
ဆွဲဖြစ်​ချင်​စရာ၊နှုတ်​ခမ်းထူထူ​လေး​တွေကိုဆူ
ထားလိုက်​သည်​မှာ တ​တောင်​​လောက်​ရှိသည်​။

"ဘာတုန်း"
အမ​လေး။ဘယ်​လို​တောင်​နန်းဆန်​တာလား။
"ပုရွက်​ဆိတ်​ ကဘာများထူးခြား​နေလို့လဲ"
"သူတို့ရန်​ဖြစ်​​နေကြတယ်​"
"​ဟေ"
သေချာကြည့်​မိ​တော့ဟုတ်​တယ်​ဟ။
အစုတစုကပွတ်​ကျွတ်​ပွတ်​ကျွတ်​နဲ့။ထားပါ​တော့
ကျွန်​မစိတ်​ဝင်​စားတာပုရွက်​ဆိတ်​မဟုတ်​၊ပါး
ဖောင်း​ဖောင်းနဲ့က​လေး​လေး။
"နာမယ်​ဘယ်​လို​ခေါ်လဲ"
"Yuri"
"ဘယ်​နတန်းလဲ"
"သုံးတန်း"
အိုက်​စ်​။တနှစ်​ကြီးများ​တောင်​ငယ်​တယ်​၊တစ်​ဦး
တည်း​သောသမီးဖြစ်​သူကျွန်​မမှာ ဆရာလုပ်​ဖို့
စီမံကိန်းအ​ကောင်​အထည်​​ဖော်​​တော့မည်​။
Yoona-"အဟမ်း unnieနာမယ်​က Yoona
လို့​ခေါ်တယ်​"
Yuri-အင်း
Yoona-naeလို့​ပြောရမယ်​​လေ
Yuri-nae
Yoona-ဟုတ်​ပြီ ခုကစပြီးYoona unnieလို့
ခေါ်ရမယ်​​နော်
Yuri-မ​ခေါ်နိုင်​ဘူး
Yoona-ဘာရယ်
Yuri-Yoong လို့ပဲ​ခေါ်မယ်
Yoona-unnieက က​လေးထက်​ကြီးတယ်​​လေ
Yuri-မ​ခေါ်တတ်​ဘူး အဆင်​မ​ပြေရင်​စကားလာမ​ပြောနဲ့
ဟိုက်​၊ဘုဂန့်​ကြီး။
Yoona-​အေး ​အေးပါ သ​ဘော
က​လေးပြုံးပြသည်​။ချစ်​ဖို့​ကောင်းလိုက်​တာ။

Continue Reading

You'll Also Like

65.9K 3K 21
သဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘာကြီးရပ်တန့်သွားသလားလို့တောင် ထင်မှတ်မိသ...
2.1K 150 16
မကြိုးစားကြည့်ပဲမဖြစ်နိုင်တာမရှိဘူး မဖြစ်ချင်တာပဲရှိတယ် #နာမည်တူပါသွားရင်ခွင့်လွှတ်ပေးကြပါနော် ဒုတိယမြောက်ဖန်တီးထားတဲ့ficလေးပါ
274K 13.4K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
3.3K 161 28
"ပျော်ရွှင်ခြင်းဆိုတာ မြတ်နဲ့မှ ‌ဖြစ်ပေါ်" လာတဲ့ စိတ္တဇနာမ် တစ်ခုပါ ..." "မိန်းကလေးဆို မင်းကလွဲရင် ဘယ်သူ့ ကိုမှ ချစ်လို့မရဘူး.."