MyPetal {Season 1}

By chittchen

558K 64.2K 4.1K

Love Story From Defulo (Series-2) Complete More

စာအုပ်ထွက်ရှိခြင်း
စာအုပ်လေးရပါပြီ
သားရဲတစ်​​ကောင်​၏ နူးညံ့စွာ မြတ်​နိုးခြင်း ဋီကာ
Part-1
Part-2
part-3
Part-4
Part-5
Part-6
part-7
part-9
Part-10
part-11
part-12
part-13
part-14
part-15
Part-16
part-17
part-18
Part-19
Part 20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
part-27
part-28
Part-29
part-30
part-31
Part-32
part-33
Part-34
part-35
part-36
Part-37
part-38
part-39
part-40
FinaL Ending (extra part)

Part-8

13.2K 1.5K 115
By chittchen

Chanyeol Byun​လေး ​ရေ​လောင်း​ပေးလိုက်​တယ်

ရေ​နွေးကန်​ထဲက ချီလိုက်​​တော့ ချမ်းလို့ တုန်​​နေ​သော ​ပေါက်​စိ​လေး

Chanyeol ​ရေကန်​ထဲ ပြန်​ချလိုက်​တယ်

မှောင်​​မှောင်​ မိုင်းမိုင်း ​ရေခိုး​ငွေ့​တွေဟာ ​မြေ​အောက်​ထပ်​ တစ်​ခုလုံး ​ဝေဝါး​နေ​တယ်

မြေ​အောက်​ သစ်​ပင်​ကြီး​တွေ ကြားက ပန်းပွင့်​​တွေနဲ့ Park Chanyeol ၏ ​ရေချိုးကန်​ကြီး

Chanyeol Byun​လေးကို အဝတ်​ဖက်​နဲ့ တိုက်​​ပေးလိုက်​တယ်

Byun​လေး ​ကျောကုန်းမှာ အနီစက်​​လေး

Chanyeol ကြည့်​​လိုက်​မိတယ်

"အနီစက်​"

အနီစက်​က ဘာလို့လဲ----

Chanyeol ​ဆေးစက်​ ​ပေ ​နေတယ်​ထင်​လို့ ​သေချာတိုက်​​ပေးလိုက်​မိတယ်

သို့​သော်​ ထိုအနီစက်​​လေးက ​ပျောက်​မသွားဘူး

Chanyeol Byun​လေးကို သူ့ဘက်​လှည့်​ပြီး ကြည့်​လိုက်​မိတယ်

Chanyeol စိတ်​ထဲမှာ တစ်​မျိုးကြီး ဖြစ်​​နေမိတယ်

အနီစက်​က သက်​တမ်းကုန်​လို့ လူ့ပြည်​ ပြန်​ပို့ရမယ့်​ Petal ​တွေမှာပဲ ​ပေါ်လာတတ်​​သော အမှတ်​အသား​လေးပင်

အိမ်​ပြန်​ပို့မယ့်​ Petal​တွေကို ​သွေး​ဖောက်​ပြီး ​ပုလင်းထဲထည့်​ကာ ​ကောင်းကင်​ကို ပို့​ပြီး Monster ​မြေကို ပို​င်​ဆို​​င်​​သောနတ်​သမီး၏ ခွင့်​ပြုချက်​ကို ယူရတယ်

သက်​တမ်းကုန်​လို့ ခွင့်​ပြုချက်​ ကျလာရင်​ အမှတ်​အသားအ​နေနဲ့ ​ကျောကုန်းမှာ အနီစက်​​လေး အချိန်​အပိုင်းအခြားလိုက်​ တစ်​စက်​စီ ​ပေါ်လာတယ်

သုံးစက်​ပြည့်​တဲ့ အခါ အိမ်​မပြန်​ရင်​ ​ရေ​ငွေ့အဖြစ်​ ​သေဆုံးသွားတယ်

ဒါ​ပေမယ့်​ သူ့ Byun​လေးက ငယ်​ငယ်​​လေး ရှိ​သေးတာကို~~

အနီစက်​က ဘာလို့ ​ပေါ်လာတာလဲ~~~

Chanyeol ​​ရေထဲမှာ ငုတ်​တုတ်​​လေး ထို​င်​ကာ Byun​လေးကို ကြည့်​​နေမိတယ်

လူ​တွေမှာ ဖြစ်​တတ်​တဲ့ ကျန်းမာ​ရေး​ တစ်​ခုခု ​ကြောင့်​များလား---

Chanyeol ​တွေးလိုက်​မိတယ်

နောက်​​တော့ Byun​လေးက သူ့ကို ကြည့်​​နေ​သော Chanyeol ကို ​ခေါင်း​လေး​မော့ပြီး ရီပြတယ်

Chanyeol ပြန်​ပြုံးပြလိုက်​မိတယ်

သူ တစ်​ခုခုမှား​နေတာ ​နေမှာပါ-----

Chanyeol Byun​လေးကို ​ရေ ဆက်​ချိုး​ပေးလိုက်​ရင်း ချီပြီး အိမ်​​ပေါ်ပြန်​တတ်​လာတယ်

××××××

Chanyeol ကုတင်​​ပေါ်ထိုင်​ပြီး Suho ဝယ်​လာ​သော အ​မွှေးဆီဘူးကို ​ဖောက်​ပြီး လက်​မှာ ပွတ်​ကာ Byun​လေးကို လိမ်း​ပေးလိုက်​တယ်

နူးညံ့​ပျော့​ပြောင်း​သော အသားအရည်​​လေး​တွေနဲ့ ​မွှေးပျံ့​နေ​သော ချစ်​စရာ့ ကိုယ်​လုံး​လေး

Byun​လေးဟာ ဒီပုံစံ​လေးအတိုင်း သက်​တမ်းပြည့်​တဲ့ အထိ Monster တိုင်းပြည်​မှာ ​နေရမယ်​ဆိုတာ သိ​ပေမယ့်​ Byun​လေး ကြီးလာတဲ့ ပုံစံကို မြင်​ဖူးချင်​မိတယ်

ဒီပိစိ​လေးဟာ လူ့ပြည့်​မှာဆို သူ့အသက်​အတိုင်း ထပ်​တူကျစွာ အရွယ်​​ရောက်​ လူသားပုံစံ ဖြစ်​​နေမှာ​သေချာတယ်

အဲ့ဒါဆိုရင်​ Byun​လေးဟာ ဘယ်​အရွယ်​​လောက်​ ရှိ​နေမလဲ မသိဘူး

နတ်​သမီးငယ်​၏ ခွင့်​ပြုချက်​မရှိဘဲ Petal ​တွေရဲ့ သက်​တမ်းနဲ့ အရွယ်​အစားကို သိခွင့်​မရှိ​သော သူတို့ Monster ​တွေဟာ Petal ​တွေကို က​လေးအဖြစ်​ အဆုံးသတ်​သွားသည်​သာ မြင်​​တွေ့ရ

Chanyeol Byun​လေး ကိုယ်​လုံး​လေးကို ရင်​ခွင်​ထဲထည့်​ပြီး မျက်​လုံး​လေး မှိတ်​ကာ နမ်းလိုက်​မိတယ်

အရွယ်​​ရောက်​ လူသားနံ့​လေး~

အရွယ်​​ရောက်​ ခန္ဓာကိုယ်​~~

ဖုံးကွယ်​ထား​သော ငယ်​ရွယ်​သည့်​ အသားပြင်​​လေး​တွေ~~

Chanyeol သူ့နှာဖျား​လေး​နဲ့ ညင်​သာစွာ ပွတ်​တိုက်​​နေ​မိတယ်

ပျော့​ပြောင်းသည့်​ ခန္ဓာကိုယ်​​လေး​ပေါ်က အသားအ​ရေ​ အိအိ​လေး

Byun​လေး အသားက နူးညံလိုက်​တာ----

Chanyeol ​တွေးလိုက်​မိတယ်

Chanyeol Byun​လေးကို နမ်းရင်း လည်​ပင်းကို လျာဖျား​​လေးနဲ့ လျက်​လိုက်​မိတယ်

သူ့ လျာ​ပေါ်က ကြမ်းရှရှ ပွတ်​သပ်​မှုဟာ သူ့ကို​တော့ ချိုမြိန်​ခြင်း​တွေကို ​ပေးတယ်

ဒါ​ပေမယ့်​ Monster တစ်​​ကောင်​ရဲ့ လျာက ကြမ်း​နေတဲ့ အတွက်​ Byun​လေးကို​တော့ ချိုမြိန်​​စေမှာ မဟုတ်​ဘူး

ဒါ​ပေမယ့်​ Byun​လေးက အခုချိန်​ထိ​တော့ ငြိမ်​​နေ​ပါ​သေးတယ်

အခုချိန်​မှာသာ Byun​လေးကို သူစားလိုက်​ရမယ်​ဆိုရင်​ အချိုမြိန်​ဆုံး အသားဟင်းတစ်​ခွက်​ ဖြစ်​​နေမှာ အမှန်​ပင်

ကိုက်​ချင်​လိုက်​တာ~~~~

Chanyeol သူ့ အစွယ်​​လေးနဲ့ ခြစ်​​နေမိတယ်

Byun​လေးရဲ့ ကိုယ်​ဟာ အ​မွှေးဆီ​လေး လိမ်းထား​သော​ကြောင့်​ သူ့ကို ပိုဆွဲ​ဆောင်​​နေတယ်

အခုချိန်​ ကိုက်​လိုက်​ရမယ်​ဆို Byun​လေး အသားဟာ နူးအိ​နေမှာပဲ

Chanyeol Byun​လေး အကျီတစ်​ဖက်​ကို လက်​​လေးနဲ့ ဆွဲချလိုက်​မိတယ်

Park Chanyeol~~~
တို့ထိ တို့ထိနဲ့ က​လေးကို ပါးစပ်​အနားက မခွာ​တော့​ပေ

ချက်​ချင်းဆိုသလို သူ့နှာ​ခေါင်းထဲ ကူး​ပြောင်းလာ​သော

မွှေးပျံ့သည့်​ ဂုတ်​သား​လေး​တွေ~~~
လျာ​ပေါ်က အ​ရေပြား​လေး​တွေ~~~

Chanyeol Byun​လေး ကို ရင်​ခွင်​ထဲမှာ ဖက်​ပြီး ​ကျော​လေး​ပေါ် ​ခေါင်း​လေးတင်​ကာ ငြိမ်​​နေမိတယ်

နူးအိ​နေ​သော ခန္ဓာကိုယ်​ ​သေး​သေး​လေး

Byun​လေးက သူ့ရင်​ခွင်​ထဲမှာ ငြိမ်​​နေတယ်

Chanyeol သွားစွယ်​​နဲ့ Byun​လေး ကုတ်​ပိုး​ကို အာသာ​ပြေ ကိုက်​ပြီး ခြစ်​လိုက်​မိတယ်

"Chanyeol!!!!!!" ဆို​သော အသံနှင့်​အတူ ​အ​နောက်​က အရှိန်​ပြင်းပြင်း ဖြတ်​ရိုက်​လိုက်​​သော လက်

Chanyeol ​ခေါင်း​လေးလည်​သွားမိတယ်

"on!"

"က​လေးကို ဘာလုပ်​​နေတာလဲ

Suho Chanyeol ကို လက်​ထဲက ဒယ်အိုးနဲ့ ​ကောက်​ထုလိုက်​တယ်

"​ဒေါင်​!!!"

Chanyeol မျက်​လုံးတို့ ပြာ​ဝေကာ ​​ခေါင်း​လေး ပူထူသွားမိတယ်

"ar!!"

Chanyeol ပြန်​​ပြောလိုက်​တယ်

"လျာ​လေးနဲ့ပဲ လျက်​ကြည့်​တာ---!!"
"မကိုက်​ပါဘူး"

Suho က​လေးကို သူ့ရင်​ခွင်​ထဲ ​ကောက်​ချီလိုက်​တယ်

"မလျက်​နဲ့"
"မင်းလျာက ကြမ်းကြမ်းကြီး!!"

"ဖွဖွ​လေး လျက်​တာကို~~"

Suho Chanyeol ကို ​ပြန်​​အော်​လိုက်​တယ်

"က​လေးလည်​ပင်းကို မင်းအစွယ်​နဲ့ ထိုးမိပြီး"
"​ပေါက်​သွားရင်​ ဘယ်​လိုလုပ်​မလဲ"

Chanyeol ဘာမှမ​ပြော​တော့ဘဲ ပြန်​ငြိမ်​သွားတယ်

Byun​လေးက သူ့ကို မျက်​လုံး​လေး ဝိုင်းပြီး မတ်​တပ်​​လေး ရပ်​ ကြည့်​​နေတယ်

Chanyeol ပြန်​ကြည့်​​နေမိတယ်

ချစ်​လို့ လျှာနဲ့ပဲ လျက်​ကြည့်​တာကို!!---

သူ့တို့ ချစ်​ပုံက အဆန်းသား-----
တဖြည်းဖြည်းနဲ့ ပါးစပ်​ထဲ အ​ကောင်​လိုက်​ ဝင်​​တော့မယ်

နောက်​​တော့ Suho က Byun​လေးကို ညစာ​ကျွေးဖို့ ​ခေါ်သွားတယ်

Suho လှမ်း​အော်​လိုက်​တယ်

"အကျီလဲပြီးမှ အ​နောက်​က လိုက်​ခဲ့"
"က​လေးကို အရင်​​ကျွေးဦးမယ်​"

"nae"

အစား အစာ မတူလို့ စား​သောက်​ချိန်​​တောင်​ မတူညီ​သော သူ့တို့ရဲ့ အချိန်​​လေး​တွေ

××××××

Chanyeol အကျီစွတ်​လိုက်​တယ်

Suho ဝယ်​လာ​ပေးတဲ့ ပုလင်း​လေးကို ယူကြည့်​လိုက်​တယ်

အ​ရည်​ကြည်​တို့ ပြည့်​​နေ​သော ဖန်​ပုလင်း​လေး အ​နောက်​မှာလဲ ပူစီ​ပေါင်းလို အလုံးကြီးပါတယ်

Chanyeol အဖုံးဖွင့်​ပြီး ပူ​ပေါင်းထိပ်​ကို နှိပ်​ကြည့်​လိုက်​တယ်

"ရှုး" ဆို ထွက်​လာ​သော ပန်းရနံ့​လေး

"on!!"

Suho ဆီက ရတဲ့ အနံ့​လေး

Byun​လေးဟာ ထိုအနံ့ကို သ​ဘောကျတယ်​--

Chanyeol သူ့ကိုယ့်​ကို ရှုး ရှုး ရှုး နဲ့ ဖြန်းလိုက်​တယ်

မွှန်​ထူ​နေ​သော ​ရေ​ငွေ့များဟာ ​လေထဲမှာ ​ပျောက်​ကုန်​တယ်

Chanyeol အားမရလို့ အဖုံးဆွဲဖွင့်​ကာ ပုလင်းတစ်​ခုလုံး သူ့ကိုယ်​​ပေါ် ​လောင်းချလိုက်​တယ်

ရေ​မွှေးကို စည်​နဲ့ထည့်​မှ သူ့အတွက်​ ​လောက်​မယ့်​ပုံ

Chanyeol အပြင်​ထွက်​သွားတဲ့ အခါ သူ့ကိုယ်​​ပေါ်က ခပ်​စူးစူး အနံ့​တွေ​ကြောင့်​ Byun​လေးဟာ ထငိုတယ်

"Arrrrrrr"

Chanyeol Byun​လေး အနားမကပ်​ရ​တော့​ပေ

"​ရေ​မွှေးကို ပုလင်းလိုက်​ ​လောင်းချရမယ်​လို့ မင်းကို ဘယ်​သူ​ပြောတုန်း!!!"

×××××

တဖြည်းဖြည်းနဲ့ ည​နက်​ပိုင်း ​ရောက်​​လာတယ်

Suho မီးခွက်​​လေး ထွန်းလိုက်​ရင်း ​လှောင်​အိမ်​ထဲ ဝင်​သွားတယ်

Sehun နှင့်​အတူ Byun​လေးဟာ အိပ်​​ပျော်​​နေတယ်

Suho Byun​လေး ​ကျောကုန်းကို အကျီ လှန်​ကြည့်​လိုက်​မိတယ်

ကျောလယ်​မှာ အနီစက်​​လေး---

Suho ပြုံးလိုက်​မိတယ်

Byun​လေး သွားရ​တော့မယ်

Suho Chanyeol ကို ပြန်​လှည့်​ကြည့်​လိုက်​တယ်

Chanyeol ကို Petal တစ်​​ကောင်​ ထပ်​ဝယ်​​ခိုင်းရမယ်​​အဲ့ဒီအခါကျရင်​​တော့ သူ့အတွက်​ မခက်​ခဲ​လောက်​​တော့ပါဘူး

××××××

Suho မီးခွက်​မှုတ်​ရင်း Chanyeol ​ဘေးက မီးလင်းဖို အနားမှာ ဝင်​လှဲလိုက်​တယ်

က​လေးနှစ်​​ကောင်​နဲ့ သူတို့ ရဲ့ တိတ်​ဆိတ်​​သော ​ဆောင်းည

Chanyeol ဟာ မအိပ်​​သေးဘဲ မီး​တောက်​​လေးကို ကြည့်​​နေတယ်

"Hyung~~"

"on~"

"Sehun က အသက်​ဘယ်​​လောက်​ရှိပြီလဲ"

"Sehun က ​​နောက်​ လပြည့်​ညမှာ"
"သက်​တမ်း သုံးရာပြည့်​ပြီ"

သက်​တမ်း သုံးရာဟာ သူတို့အတွက်​ ​ပေါက်​စ​လေးပဲ ရှိ​နေ​သေးတယ်

"အရွယ်​​ရောက်​တာ ကြာလိုက်​တာ​နော်​ Hyung"

Chanyeol စကား​ကြောင့်​ Suho မျက်​လုံးတို့ကို ဖွင့်​လိုက်​မိတယ်

Suho Chanyeol ကို ကြည့်​ရင်း ပြန်​​ပြောလိုက်​တယ်

"ဒါပုံမှန်​ပဲ​လေ Chanyeol"
"မင်းတုန်းကလည်း ဒီအရွယ်​ပဲကို"

Chanyeol ​ပြောလိုက်​မိတယ်

"ဒါဆို Byun​လေးက မကြီး​တော့ဘူး​ပေါ့"

"Byun​လေးက Monster မှ မဟုတ်​တာ"
"Chanyeol"
"သူက လူ​လေ"

Suho ဆက်​​ပြောလိုက်​တယ်

"လူ့ပြည့်​​ရောက်​တဲ့အခါ သူ့အသက်​နဲ့ ထပ်​တူကျတဲ့"
"မှတ်​ဉာဏ်​နဲ့ ခန္ဓာကိုယ်​ကို ပြန်​ ​ပြောင်းသွားမှာပါ"

"Byun​လေးက ဘယ်​​တော့ သွားရမှာလဲ Hyung"

"သိပ်​မကြာခင်​​ပေါ့"

"သူ့ကို ဒီမှာ အမြဲ​နေလို့ရ​အောင်​ လုပ်​လို့ မရဘူးလား"

Suho မှိတ်​ထား​သော မျက်​လုံး​တွေကို ပြန်​ဖွင့်​လိုက်​မိတယ်

Chanyeol အသံဟာ တစ်​မျိုးကြီးပင်

Suho Chanyeol ကို သူ့ဘက်​ဆွဲလှည့်​လိုက်​တယ်

"Chanyeol~~~~"

"a---

"ငို​နေတာလား"

Chanyeol သူ့ရင်​ခွင်​ထဲကို ​ခေါင်း​လေး တိုးလာတယ်

Suho ဖက်​ထားလိုက်​မိတယ်

နား​ထောင်​​ပေးမည့်​သူ မရှိနိုင်​​သော Monster တစ်​​ကောင်​၏ ​အော်​ငိုသံ

"ကျွန်​​တော်​ Byun​လေးကို မခွဲနိုင်​ဘူး:::::"

Suho ဘာမှ မ​ပြောဘဲ Chanyeol ​ကျော​လေးကို ပုတ်​​ပေး​နေမိတယ်

"ဒါက မင်းမသိခဲ့ဖူးတဲ့ အရာမှ မဟုတ်​တာ"
"ပုံမှန်​ ဖြစ်​​နေကျ အရာ တစ်​ခုပဲ​လေ"

Suho ​နှစ်​သိမ့်​လိုက်​မိတယ်

××××××

မနက်​​ရောက်​​တော့ Suho ဟာ Byun​လေးကို ​ခေါ်သွားတယ်

Suho Byun​လေးကို မြင်း​ပေါ်တင်​​တော့ Byun​လေးဟာ Chanyeol ကို ဆွဲထားတယ်

"arrrrrrrrr"

သူ့ကို ​ခေါ်သွား​တော့မှာ သိ​နေပုံပင်

Byun​လေးဟာ သူ့အကျီကို ဆွဲပီး ​အော်​ငို​နေတယ်

Chanyeol က​လေး ပြန်​ချီကာ ငုတ်​တုတ်​​လေး ရင်​ခွင်​ထဲ ဖက်​ပြီး ငို​နေမိတယ်

Sehun ဟာ Byun​လေး ထွက်​သွား​တော့ မျက်​ရည်​​လေး ဝဲတည်း ဝဲတည်းနဲ့ ကြည့်​​နေရှာတယ်

"Hyung"
"Byun​လေးက ပြန်​လာမှာလား"

Suho ဘာမှ ပြန်​​ပြောမိ

Continue---

Continue Reading

You'll Also Like

52K 3.9K 6
"But, I hate you." is the most painful word while "I hate you, but..." is the most beautiful one.
183K 12.8K 26
Hey, little bad boy,. . . Will you be Mine?
573K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
12.1K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...