MASK ( Editing )

By IzzybellaAmara

295K 20.4K 1.4K

Behind every mask there is a face, and behind that a story !!! လူသားတိုင္းရဲ႕ မ်က္ႏွာဖံုးေနာက္ကြယ္မွာ ေဖာ္မျပ... More

MASK
Mask - 1
MASK - 2
MASK - 3
MASK - 4
MASK - 5
MASK - 6
MASK - 7
MASK - 8
MASK - 10
MASK - 11
MASK - 12
MASK - 13
MASK - 14
MASK - 15
MASK - 16
MASK - 17
MASK - 18
MASK - 19
MASK - 20
MASK - 21
MASK _ 22
MASK - 23
MASK _ 24
MASK - 25
MASK - 26
MASK - 27
MASK - 28
MASK - 29
MASK - 30
MASK - 31
MASK - 32
MASK - 33
MASK 34
Part 35 (Z & U)
Part 36 ( Z + U)
Part-37 ( Z + U)
Part 38 (Z+ U)
PART 39 ( Z + U)
MASK - 40
MASK _ 41 🔞
MASK 42
MASK 43
MASK 44
ENDING ( Original Version)
Ending Version 2

MASK - 9

5.7K 508 25
By IzzybellaAmara



UNICODE

" ဘာလဲ ခင်ဗျား မမနဲ့အဆင်မပြေလို့ ရူးသွားပြီလား ခင်ဗျားဘာတွေလာပြောနေတာလဲ "

" ကို တကယ်ပြောနေတာ ကို မင်းကိုချစ်တယ် "

" ကျွန်တော်နားလည်တယ် အကိုကျွန်တော့်ကို ဘယ်လောက်ချစ်ခင်လဲ ကျွန်တော်သိတယ် ကျွန်တော့်ဖြစ်တည်မှုကို ပထမဆုံး နားလည်ပေးတဲ့သူဆိုတာလဲ သိတယ်။ ကျေးဇူးတင်ပြီး အကို့ကိုလဲ ကျွန်တော်တကယ်ခင်တယ်။ အဲ့ဒါကြောင့် မမကို နာကျင်အောင်မလုပ်ဖို့ ကျွန်တော့တောင်းပန်ပါရစေ"

" မဟုတ်ဘူး ကိုပြောချင်တာက မင်းကို ကိုချစ်တယ်ဆိုတာက ချစ်သူတစ်ယောက်လို ကို မင်းရဲ့ဖြစ်တည်မှုကို နားလည်ပေးတယ်ဆိုတာ ကို လဲမင်းလိုဖြစ်တည်မှုမျိုးပဲဆိုတာ မင်းနဲ့တွေ့ပြီး သိလာလို့ပဲ။ ကိုအမြဲစဉ်းစားနေမိတာ မင်းအကြောင်းတွေပဲ။ မင်းတစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေတယ်ဆိုတာတောင် ကို လုံးဝစိတ်မဖြတ်နိုင်ဘူး "

နှစ်ဦးနှစ်ဖက်စလုံးမှ တုန့်ပြန်သံများအားလုံး ခေတ္တငြိမ်သက်သွားကြသည်။

" နေဦး အကို.. ခင်ဗျားဦးနှောက်ပျက်သွားတာလား။ ခင်ဗျားအခုပြောနေတာ ခင်ဗျားယူထားတဲ့ မိန်မရဲ့မောင်လေး ခင်ဗျားမှာ အိမ်ထောင်ရှိတယ် သေချာစဉ်းစားဆင်ချင်ပါ "

" ကို သေချာတွေ စဉ်းစားဆင်ခြင်ခဲ့လို့ အခုလိုတွေ မင်းနဲ့ဝေးခဲ့ရပြီးပြီ ကို နောက်ထပ်မလွဲချင်တော့ဘူး အဲ့ဒါကြောင့်မင်းကို ကိုဖွင့်ပြောတာ။ မင်း အခုချိန်မစဉ်းစားနဲ့ဦး ရတယ်။ ကိုက ချစ်နေရရင်ကိုဖြစ်တာမို့ မင်းကသိထားပေးရင် အဆင်ပြေတယ်။ ဒါပေမဲ့ မင်းကို့ကို စဉ်းစားပေးပါ စောင့်နေမယ် "

" စဉ်းစားပြီးပြီ ကျွန်တော် ကိုအာကာ့ကိုပဲချစ်တယ်။ ပြောင်းလဲမှာမဟုတ်ဘူး။ စောင့်မနေပါနဲ့တော့ "

" ဟင့်အင်း မင်းငါ့ကိုချစ်လာမှာပါ "

" ကျွန်တော် အကို့ကို အဲ့လိုစိတ်မမှန်တဲ့သူမှန်း မသိခဲ့ဘူး "

" အဲ့ဒါ မင်းကြောင့်ပဲ "

" ကျွန်တော်က ခင်ဗျားထင်သလောက် အရှက်မဲ့တဲ့ကောင်မဟုတ်ဘူးဆိုတာ ခင်ဗျားသိထားစေချင်တယ်။ စည်းစောင့်မှပေါ့ "

" အဲ့ဒီ စည်းတွေဘောင်တွေကြောင့် ငါ့အချစ်တွေ ရေစုန်မြောခဲ့ရတာ အခုကစပြီး ကို ဘာကိုမှဂရုစိုက်တော့မှာမဟုတ်ဘူး ကို မင်းကို ချစ်နေရဖို့ပဲတွေးမယ် ချစ်နေမယ်။ မင်းက ကို့အပိုင်ဖြစ်လာရမယ် "

" လုံးဝပဲ။ ခင်ဗျား အပိုင်ဖြစ်ရအောင် ကျွန်တော်က သက်မဲ့ပစ္စည်းမဟုတ်ဘူး "

အဓိပ္ပာယ်မရှိတဲ့ စကားတွေပြည့်နှက်နေတဲ့ ဒီစားပွဲဝိုင်ကနေ ထထွက်ဖို့ပြင်လိုက်သော်လည်း ဖမ်းဆွဲလာတဲ့ လက်အစုံကြောင့် ရုန်းမထွက်နိုင်ခဲ့ပေ။

" မင်းချစ်တဲ့ အာကာက က်ုကြိုက်တဲ့ ဘယ်အရာကိုမဆို အလျော့ပေးနေကျသူ ဆိုတာ မင်းသိရဲ့လား။ မင်းကို ကို သဘောကျတယ်ဆိုတာ သူသိရင် သူ မင်းနဲ့နီးဖို့ လုံးဝကြိုးစားမှာမဟုတ်ဘူး "

" ဟွန့်... ဟား ဟား သူက ကျွန်တော်နဲ့နီးဖို့မကြိုးစားရင်တောင် ကျွန်တော်က သူနဲ့နီးအောင် ကြိုးစားလို့ရတာပဲ ကျွန်တော်သူ့ဆီရောက်အောင်သွားမှာပါ။ ကျွန်တော် ဖြည်းဖြည်းချင်းဆီ သူ့ဘဝထဲတိုးဝင်သွားမှာ "

"မင်း စိတ်ကူးတွေ သိပ်ယဉ်တာပဲကွာ။ ဟား ဟား "

ဆွဲကိုင်ထားသော လက်အစုံကို ဖယ်ချပြီး ထွက်လာစဉ်..

" ဒိုင်ယာစီပင်ဆေးတွေ တိတ်တိတ်လေးသုံးနေတတ်တဲ့ ဆရာဝန်ကိုတော့ ဘယ်သူမှ သဘောကျမှာ မဟုတ်ဘူးထင်တယ်နော်။ "

" ဘာ.... ခင်ဗျား... ? "

ဆွဲကိုင်ထားသော လက်ကလေး အနည်းငယ်တုန်ယင်သွားသည်ကို ခံစားမိလိုက်သည်။

" ဘာလို့အဲ့လောက်လန့်သွားလဲ ကလေး။ အဲ့ဆေးတွေ ဘယ်လိုရလဲ ဘယ်သူ့အရှိန်အဝါနဲ့ရနေလဲပါ ကို ပြောပြရဦးမလား? "

" ခင်ဗျား... ခင်ဗျား... ဟာ.. မဟုတ်ဘူး. အဲ့ဒါကျွန်တော့်ရောဂါအတွက်သုံးတာ... ဟုတ်တယ်... အဲ့.. အဲ့ဒါရောဂါအတွက်သုံးတာ "

" ရောဂါအတွက်ဆိုရင်တောင် ဆရာဝန်တစ်ယောက်မှ ၅လုံးထက်ပိုမဆောင်ရတဲ့ဆေး။ ဝေဒနာရှင်တွေကိုတောင် အကန့်အသတ်နဲ့ရောင်းရတဲ့ဆေးပါ။ ကလေး... မင်းက ဆေးကို တလွဲအသုံးချနေတာ သိသာနေတာပဲလေ ဘယ်လိုလဲ "

" မဟုတ်ဘူး...မဟုတ်ဘူး "

" ဒီဆေးတွေ မင်းအိမ်မှာအများကြီးရှိနေတယ်ဆိတြာ လူတွေသိသွားကြရင်... အဲ့ဒါတွေထက် အာကာက အဲ့လိုလူမျိုးကို သဘောကျမယ်တော့ ကိုမထင်မိဘူးကွ ? "

" မဟုတ်ဘူး..... နေပါဦး ကျွန်တော် အဲ့ဆေးတွေသုံးတာနဲ့ အခုအခြေအနေလုံးဝ မသက်ဆိုင်ဘူးထင်တယ် "

" ကိုကတော့ တိုက်ရိုက်အချိုးကျနေတယ်လို့တောင် ထင်တယ်။ မင်းကို အမြဲနားလည်ပေးတတ်တဲ့ ကို့ကိုရွေးချယ်ဖို့ အဓိကအချက်ပဲ ကို လက်ခံပေးလို့ရတယ်။ မင်း ကို့ဆီကထွက်သွားရင် မင်းဘဝပြီးသွားလိမ့်မယ် "

" ခင်ဗျား အတ္တကြီးလွန်းတယ် "

" အဲ့ဒါ ဟိုးအရင်ကတည်းကပါ "

" ဟား..... "

" မင်း ကိုယ့်အနားမှာမရှိရင် မင်းရဲ့အမနဲ့အဆင်ပြေမယ် ထင်လို့လား "

" ...... "

" ကို ချစ်ရတဲ့သူက မင်းပဲမို့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကိုတို့အဆင်ပြေဖို့လဲ ခက်ခဲလိမ့်မယ်။
ဒါပေမဲ့ အားလုံးအဆင်ပြေမဲ့နည်းရှိတယ်။ မင်းကို့ဘေးမှာပဲနေပေးပါ ကို မင်းရဲ့အမပေါ် ကောင်းကောင်းဆက်ဆံပေးမယ် "

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

" အဲ့ဒီ ရူးကြောင်ကြောင်စကားတွေ ခဏရပ်ပြီး ကျွန်တော့်ကို စဉ်းစားခွင့်လေးပေးဦး "

" စဉ်းစားပါ ကိုစောင့်မယ် "

" အခုတော့ ပြန်ကြရအောင် အိမ်ရောက်ရင် ခင်ဗျားဒီစကားတွေ ကျွန်တော့်ကို မပြောခဲ့တဲ့ပုံစံအတိုင်း နေပေးပါ "

တိတ်ဆိတ်ငြိမ်သက်ခြင်းများစွာဖြင့် အိမ်ပြန်ရောက်လာခဲ့တယ်။ ကျွန်တော့်ရဲ့မမကတော့ အကြီးအကျယ် ငိုပွဲဆင်နွဲထားတာတောင် ဘာမှမဖြစ်သလိုပုံနဲ့ သူ့ခင်ပွန်းကို ထွက်ကြိုနိုင်သေးသည်။ မမ သူ့အားဘယ်လောက်ထိချစ်သည်က သိသာလွန်းသည်။
ကျွန်တော်တွဲခေါ်လာသော ဒယိမ်းဒယိုင် နဲ့ ထိုလူသားအား မမလက်ထဲပြောင်းထည့်ပေးရင်း..

" မမ သူ့ ကို အိပ်ခိုင်းလိုက်တော့ "

" အင်း ကျေးဇူးပဲ ဒီပါလေး "

" ကျွန်တော်လဲ အိပ်တော့မယ် "

........

ဒေါက်~ ဒေါက်~

တိတ်ဆိတ်လွန်းသော ညနက်ထဲ ကျယ်လောင်စွာ ထွက်ပေါ်လာသော တံခါးခေါက်သံ။ မကျယ်အောင် သတိထားခေါက်သော်ညား ကျယ်လောင်နေလေသည်။

" ဘယ်သူလဲ "

အိပ်ချင်နေသေးတဲ့ စိတ်အချို့ကို ဘယ်လိုမှမဖယ်ရှားနိုင်သေး။

" ဟာ...မေးနေတယ်လေ ဘယ်သူလဲ "

ပြန်ဖြေသံတစ်စုံတစ်ရာ မရသည့်အဆုံး တံခါးထဖွင့်ရန် ပြင်လိုက်သည်။ ထို့နောက် ပွင့်ဟသွားသော တံခါးနှင့်အတူ အိပ်ခန်းထဲဝင်လာတဲ့ သူ...

" ဒီပါ..."

" ခင်ဗျားဘာလာလုပ်တာလဲ "

" ကို မင်းကိုသတိရလို့ "

" ခင်ဗျားရူးနေပြီလား ဒါအိမ်မှာနော်... မမလဲရှိတယ် ခင်ဗျားတကယ် ဘယ်လိုဖြစ်နေတာလဲ ရူးချင်လာပြီနော် ပြန်တော့ "

" ကို မင်းအနားနေချင်လို့ ခဏလေးပဲ "

ကျွန်တော့်ကို ပွေ့ဖက်လိုက်တဲ့ လက်အစုံ။ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားပြီး ဘာလုပ်ရမှန်းမသိတော့လောက်အောင်ပဲ။

" ဖယ် ခင်ဗျာဖယ်နော်... ဘယ်လိုဖြစ်နေတာလဲ "

" ခဏလေးပဲ ဒီလို ခဏလေးပဲနေပေးပါ ကို မင်းကိုပွေ့ဖက်ထားချင်လို့ပါ ခဏပဲ "

" အိမ်ကလူတွေမြင်ကုန်လိမ့်မယ် "

" မင်းသာ အသံမထွက်ရင် ဘယ်သူမှမသိဘူးလို့ ကို ထင်တယ် "

ကျွန်တော် အခြေအနေတွေ ဒီထက်ပိုမဆိုးသွားအောင် တိတ်တိတ်လေးငြိမ်နေပေးလိုက်တယ်။

" သက်ပြင်းမချပါနဲ့ ကလေး.. ကို မင်းကို စိတ်မရှုပ်စေချင်ပါဘူး ကလေး ပင်ပန်းနေမယ်ဆိုတာ သိပေမဲ့ ကိုလေ ကို မင်းကိုချစ်တဲ့စိတ်တွေက ထိန်မရဘူးဖြစ်နေတယ် "

" ဘာပဲဖြစ်ဖြစ် ခင်ဗျား ကြိုးစားထိန်းချုပ်သင့်တယ်လေ ကျွန်တော်တို့က ဖြစ်မှမဖြစ်နိုင်တာ "

" မင်း စိတ်ညစ်တာကို ကို မမြင်ချင်ပါဘူး "

" အဲ့ဒါဆို ပြန်တော့ ရပြီမို့လား အဲ့လောက်ဆိုရင် ပြန်တော့နော် "

" အင်း... ကောင်းကောင်းအိပ်တော့နော် "

ကျွန်တော့် နှဖူးထက်က အနမ်းဦးကို သူလုယူသွားခဲ့ပြန်သည်။

သူထွက်သွားတော့ တံခါးသေချာပြန်ပိတ်ရင်း

" ခင်ဗျား အဲ့လို မနေသင့်ဘူးလေ ကိုဘုန်း ခင်ဗျားက ဒီလိုစတိုင်နဲ့မလိုက်ဖက်ဘူး။ ကျွန်တော်က အမြဲ Smartဖြစ်ပြီး ယုံကြည်ချက်အပြည့်နဲ့ ပျော်ရွှင်နေတဲ့ ကိုဘုန်းကို လေးစားတာ အခုက အရူးလိုပဲ "

" အား.... တောင်းပန်ပါတယ် ကိုအာကာရေ ကျွန်တော် အကို့အတွက် နဖူးပေါ်က အနမ်းဦးလေး မသိမ်းထားနိုင်ခဲ့ဘူး။ အကိုရော ဒီအချိန် ဘာလုပ်နေမလဲဟင်။ အေးအေးချမ်းချမ်းအိပ်ပျော်နေရဲ့လား။ ကျွန်တော်ကတော့ မအေးချမ်းဘူး အကို "

ကျွန်တော့်ရဲ့ကျန်ရှိနေတဲ့ အိပ်ချိန်တွေအတွက် ဆေးတစ်လုံးရဲ့ အကူအညီကိုယူလိုက်ရပြန်တယ်။

ဖေဖေမရှိဘဲ တိတ်ဆိတ်နေတဲ့ ထမင်းစားပွဲမှာ ကျွန်တော်ရယ် မမရယ် ကိုဓနရယ်ပေါ့။ ကျွန်တော်ကတော့ ဒီစားပွဲမှာအလကားသက်သက် မျက်နှာပူနေရပြန်တယ်။

" ပေရေနေအောင် စားနေတာ ညီက ကလေးလေးလား "

နှုတ်ခမ်းထက်ရောက်လာတဲ့ သူ့လက်တစ်စုံ။ ကျွန်တော် အလန့်တကြား မော့ကြည့်တော့ သူ့ဘက်က ပြန်ပြုံးပြလာသည်။ မမကတော့ ထမင်းစားခြင်းအပေါ်သာ အာရုံစိုက်ထားပုံရသည်။

" သေချာစား "

" ဟင်.?...အင်း.... "

" ရတီ ထည့်စားလေ "

" အော်...  အင်းပါ "

ကျွန်တော့်ကို တစ်ပြန်မော့ကြည့်လိုက်သော မမရဲ့ မျက်လုံးတွေထဲ ပြန်ပြောမပြတတ်တဲ့ အရာတစ်ချို့ပါဝင်လို့နေပြန်တယ်။ ကျွန်တော်ပဲ စိတ်ထင်တာလားတော့ မပြောတတ်။

ပျော်ဝင်ပြီးသား ကော်ဖီတွေကို ထပ်ခါထပ်ခါမွှေနေမိပြန်သည်။ အတွေးတွေယောက်ယပ်ခပ်လို့ပေါ့။ ထိုအချိန် ခါးကနေ သိုင်းဖက်လာသော လက်အစုံ

" ဟာ....  ကိုဓန ခင်ဗျားဒါဘာလုပ်တာလဲ ဖယ် "

" ဖက်တာလေ ချစ်လို့် "

" ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ နေ့ခင်းဘက်ကြီးနော် လူတွေရှိတယ် မမလဲအိမ်မှာရှိနေတယ်နော် ဖယ်ပါဗျ ခင်ဗျားအတင့်မရဲနဲ့ "

" ဒါဆို ညဘက်ရော?  "

" ဘာ....  အရူး ဖယ် "

" ကို့ကိုလဲ ဖျော်ပေးပါလား မင်းဖျော်ပေးတာလေး သောက်ချင်တယ် "

" ဟုတ်ပြီ အဲ့လက်တွေ အရင်လွှတ်ပေး "

" OK "

ထိုလက်တွေ ဖယ်ကွာကျသွားမှ သက်ပျင်းချနိုင်တော့သည်။ မမသိထားသော ကိုဘုန်းဓနချစ်ရသူဟာ ကျွန်တော် ဆိုတာကိုတော့ မမ မသိစေချင်။ ကျင့်သားရနေသော လက်တွေကတော့ သူ့အတွက် ကော်ဖီတစ်ခွက်ကိုသာ ဖန်တီးလျှက်ရှိသည်။

" အတူတူသောက်ရအောင် "

" မသောက်ချင်ဘူး "

" ခဏလေး စကားပြောချင်တယ် ခဏပဲ "

" ............ "

" ကို့ အတွက် စဉ်းစားပေးပါ။ ကို ဟိုနေ့က ပြောခဲ့တာတွေအားလုံး စိတ်ရင်းအမှန်တွေပါ မူးလို့ပြောတာမဟုတ်ဘူး။ စိတ်ရင်းနဲ့ မင်းကိုအရမ်းချစ်တယ် "

" တိုးတိုးပြော တောင်းပန်ပါတယ် "

" ကို့ အချစ်အတွက် မင်း တောင်းပန်စရာမလိုပါဘူး "

" အခု မင်းကို ဖွင့်ပြောပြပြီးပြီဆိုတော့ မင်းကို ပွင့်ပွင့်လင်းလင်း ချစ်ပြလို့ရပြီ။ ကို နောင်တမရဘူး။ အရမ်းပျော်တယ် နောက်ဆို မင်းနဲ့ကို အတိအလင်း လူသိရှင်ကြားတွဲနိုင်အောင် ကိုကြိုးစားမယ်။ ကိုပြောထားတဲ့ ချစ်တယ် ဆိုတော့စကားတစ်ခွန်းတော့ မင်းရင်ထဲမှာ သိမ်းထားပေးပါ။ ဒီတစ်ခုပဲ တောင်းဆိုချင်တယ် "

" ကျွန်တော်ကလဲ တောင်းဆိုချင်တယ် ခင်ဗျားနဲ့ကျွန်တော်က လုံးဝမဖြစ်နိုင်သလို ကျွန်တော်ကလဲခင်ဗျားကို မချစ်ဘူး ဆက်မကြိုးစားပါနဲ့ အားလုံးအနေရခက်တယ် "

" ဟင့်အင်း ကို့မှာ ကြိုးစားကြည့်ဖို့ အခွင့်အရေးတွေလအများကြီးရှိသေးတယ်။ ကို ကြိုးစားနေရင် ညီ့ဘက်က တုန့်ပြန်မှု သေးသေးလေးပဲဖြစ်ဖြစ် ပြန်ရလာမယ်လို့ ယုံကြည်တယ် "

ကျွန်တော် သူ့ကို တစ်ချက် စေ့စေ့ကြည့်ပြီး ထိုနေရာမှထွက်လာလိုက်သည်။ ကိုအာကာနဲ့ ညီအကို ဆိုပေမဲ့ ဘာလို့ ဒီလောက် ပုံစံချင်းကွာခြားလဲတွေးမရ။ ကိုအာကာသာ ထိုမျှလောက်ပင် သွက်ဦးတော့ ဒီအချိန်သူနဲ့ကျွန်တော် ပျော်စရာဘဝတစ်ခု ဖန်တီးနေလောက်ပြီ။ အခက်အခဲတွေ ရင်ဆိုင်နိုင်လောက်ပြီ၊ ကျွန်တော့်ရဲ့ ရေခဲတုံးကြီးကို ခင်ဗျားရဲ့သွက်လက်မှုလေးတွေ နည်းနည်းလောက်ဖြစ်ဖြစ် မျှဝေပေးပါလား ကိုဘုန်းဓနရယ်။


.
ကဲ....👏 ကဲ .......ကဲ👏.........👏
မျှော်နေကြသူတွေရှိလားဗျို့။ Izzyတကယ်မအားဖြစ်နေလို့ အရမ်းကြာနေတာ တောင်းပန်ပါတယ်။ MASK လေးကို အားပေးကြပါဦးနော်။ Roleplayချောလေးတွေလဲ Fbမှာရှိနေကြပြီမို့ သူတို့ကို supporting လုပ်ပေးကြပါဦးလို့ 😘
ချစ်တဲ့
                           Izzy( Amara Ruby)

***************************** MASK ***************************

ZAWGYI

" ဘာလဲ ခင္ဗ်ား မမနဲ႔အဆင္မေျပလို႔ ႐ူးသြားၿပီလား ခင္ဗ်ားဘာေတြလာေျပာေနတာလဲ "

" ကို တကယ္ေျပာေနတာ ကို မင္းကိုခ်စ္တယ္ "

" ကြၽန္ေတာ္နားလည္တယ္ အကိုကြၽန္ေတာ့္ကို ဘယ္ေလာက္ခ်စ္ခင္လဲ ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ့္ျဖစ္တည္မႈကို ပထမဆုံး နားလည္ေပးတဲ့သူဆိုတာလဲ သိတယ္။ ေက်းဇူးတင္ၿပီး အကို႔ကိုလဲ ကြၽန္ေတာ္တကယ္ခင္တယ္။ အဲ့ဒါေၾကာင့္ မမကို နာက်င္ေအာင္မလုပ္ဖို႔ ကြၽန္ေတာ့ေတာင္းပန္ပါရေစ"

" မဟုတ္ဘူး ကိုေျပာခ်င္တာက မင္းကို ကိုခ်စ္တယ္ဆိုတာက ခ်စ္သူတစ္ေယာက္လို ကို မင္းရဲ႕ျဖစ္တည္မႈကို နားလည္ေပးတယ္ဆိုတာ ကို လဲမင္းလိုျဖစ္တည္မႈမ်ိဳးပဲဆိုတာ မင္းနဲ႔ေတြ႕ၿပီး သိလာလို႔ပဲ။ ကိုအၿမဲစဥ္းစားေနမိတာ မင္းအေၾကာင္းေတြပဲ။ မင္းတစ္ျခားတစ္ေယာက္ကို စိတ္ဝင္စားေနတယ္ဆိုတာေတာင္ ကို လုံးဝစိတ္မျဖတ္ႏိုင္ဘူး "

ႏွစ္ဦးႏွစ္ဖက္စလုံးမွ တုန႔္ျပန္သံမ်ားအားလုံး ေခတၱၿငိမ္သက္သြားၾကသည္။

" ေနဦး အကို.. ခင္ဗ်ားဦးေႏွာက္ပ်က္သြားတာလား။ ခင္ဗ်ားအခုေျပာေနတာ ခင္ဗ်ားယူထားတဲ့ မိန္မရဲ႕ေမာင္ေလး ခင္ဗ်ားမွာ အိမ္ေထာင္ရွိတယ္ ေသခ်ာစဥ္းစားဆင္ခ်င္ပါ "

" ကို ေသခ်ာေတြ စဥ္းစားဆင္ျခင္ခဲ့လို႔ အခုလိုေတြ မင္းနဲ႔ေဝးခဲ့ရၿပီးၿပီ ကို ေနာက္ထပ္မလြဲခ်င္ေတာ့ဘူး အဲ့ဒါေၾကာင့္မင္းကို ကိုဖြင့္ေျပာတာ။ မင္း အခုခ်ိန္မစဥ္းစားနဲ႔ဦး ရတယ္။ ကိုက ခ်စ္ေနရရင္ကိုျဖစ္တာမို႔ မင္းကသိထားေပးရင္ အဆင္ေျပတယ္။ ဒါေပမဲ့ မင္းကို႔ကို စဥ္းစားေပးပါ ေစာင့္ေနမယ္ "

" စဥ္းစားၿပီးၿပီ ကြၽန္ေတာ္ ကိုအာကာ့ကိုပဲခ်စ္တယ္။ ေျပာင္းလဲမွာမဟုတ္ဘူး။ ေစာင့္မေနပါနဲ႔ေတာ့ "

" ဟင့္အင္း မင္းငါ့ကိုခ်စ္လာမွာပါ "

" ကြၽန္ေတာ္ အကို႔ကို အဲ့လိုစိတ္မမွန္တဲ့သူမွန္း မသိခဲ့ဘူး "

" အဲ့ဒါ မင္းေၾကာင့္ပဲ "

" ကြၽန္ေတာ္က ခင္ဗ်ားထင္သေလာက္ အရွက္မဲ့တဲ့ေကာင္မဟုတ္ဘူးဆိုတာ ခင္ဗ်ားသိထားေစခ်င္တယ္။ စည္းေစာင့္မွေပါ့ "

" အဲ့ဒီ စည္းေတြေဘာင္ေတြေၾကာင့္ ငါ့အခ်စ္ေတြ ေရစုန္ေျမာခဲ့ရတာ အခုကစၿပီး ကို ဘာကိုမွဂ႐ုစိုက္ေတာ့မွာမဟုတ္ဘူး ကို မင္းကို ခ်စ္ေနရဖို႔ပဲေတြးမယ္ ခ်စ္ေနမယ္။ မင္းက ကို႔အပိုင္ျဖစ္လာရမယ္ "

" လုံးဝပဲ။ ခင္ဗ်ား အပိုင္ျဖစ္ရေအာင္ ကြၽန္ေတာ္က သက္မဲ့ပစၥည္းမဟုတ္ဘူး "

အဓိပၸာယ္မရွိတဲ့ စကားေတြျပည့္ႏွက္ေနတဲ့ ဒီစားပြဲဝိုင္ကေန ထထြက္ဖို႔ျပင္လိုက္ေသာ္လည္း ဖမ္းဆြဲလာတဲ့ လက္အစုံေၾကာင့္ ႐ုန္းမထြက္ႏိုင္ခဲ့ေပ။

" မင္းခ်စ္တဲ့ အာကာက က္ုႀကိဳက္တဲ့ ဘယ္အရာကိုမဆို အေလ်ာ့ေပးေနက်သူ ဆိုတာ မင္းသိရဲ႕လား။ မင္းကို ကို သေဘာက်တယ္ဆိုတာ သူသိရင္ သူ မင္းနဲ႔နီးဖို႔ လုံးဝႀကိဳးစားမွာမဟုတ္ဘူး "

" ဟြန႔္... ဟား ဟား သူက ကြၽန္ေတာ္နဲ႔နီးဖို႔မႀကိဳးစားရင္ေတာင္ ကြၽန္ေတာ္က သူနဲ႔နီးေအာင္ ႀကိဳးစားလို႔ရတာပဲ ကြၽန္ေတာ္သူ႔ဆီေရာက္ေအာင္သြားမွာပါ။ ကြၽန္ေတာ္ ျဖည္းျဖည္းခ်င္းဆီ သူ႔ဘဝထဲတိုးဝင္သြားမွာ "

"မင္း စိတ္ကူးေတြ သိပ္ယဥ္တာပဲကြာ။ ဟား ဟား "

ဆြဲကိုင္ထားေသာ လက္အစုံကို ဖယ္ခ်ၿပီး ထြက္လာစဥ္..

" ဒိုင္ယာစီပင္ေဆးေတြ တိတ္တိတ္ေလးသုံးေနတတ္တဲ့ ဆရာဝန္ကိုေတာ့ ဘယ္သူမွ သေဘာက်မွာ မဟုတ္ဘူးထင္တယ္ေနာ္။ "

" ဘာ.... ခင္ဗ်ား... ? "

ဆြဲကိုင္ထားေသာ လက္ကေလး အနည္းငယ္တုန္ယင္သြားသည္ကို ခံစားမိလိုက္သည္။

" ဘာလို႔အဲ့ေလာက္လန႔္သြားလဲ ကေလး။ အဲ့ေဆးေတြ ဘယ္လိုရလဲ ဘယ္သူ႔အရွိန္အဝါနဲ႔ရေနလဲပါ ကို ေျပာျပရဦးမလား? "

" ခင္ဗ်ား... ခင္ဗ်ား... ဟာ.. မဟုတ္ဘူး. အဲ့ဒါကြၽန္ေတာ့္ေရာဂါအတြက္သုံးတာ... ဟုတ္တယ္... အဲ့.. အဲ့ဒါေရာဂါအတြက္သုံးတာ "

" ေရာဂါအတြက္ဆိုရင္ေတာင္ ဆရာဝန္တစ္ေယာက္မွ ၅လုံးထက္ပိုမေဆာင္ရတဲ့ေဆး။ ေဝဒနာရွင္ေတြကိုေတာင္ အကန႔္အသတ္နဲ႔ေရာင္းရတဲ့ေဆးပါ။ ကေလး... မင္းက ေဆးကို တလြဲအသုံးခ်ေနတာ သိသာေနတာပဲေလ ဘယ္လိုလဲ "

" မဟုတ္ဘူး...မဟုတ္ဘူး "

" ဒီေဆးေတြ မင္းအိမ္မွာအမ်ားႀကီးရွိေနတယ္ဆိၾတာ လူေတြသိသြားၾကရင္... အဲ့ဒါေတြထက္ အာကာက အဲ့လိုလူမ်ိဳးကို သေဘာက်မယ္ေတာ့ ကိုမထင္မိဘူးကြ ? "

" မဟုတ္ဘူး..... ေနပါဦး ကြၽန္ေတာ္ အဲ့ေဆးေတြသုံးတာနဲ႔ အခုအေျခအေနလုံးဝ မသက္ဆိုင္ဘူးထင္တယ္ "

" ကိုကေတာ့ တိုက္႐ိုက္အခ်ိဳးက်ေနတယ္လို႔ေတာင္ ထင္တယ္။ မင္းကို အၿမဲနားလည္ေပးတတ္တဲ့ ကို႔ကိုေ႐ြးခ်ယ္ဖို႔ အဓိကအခ်က္ပဲ ကို လက္ခံေပးလို႔ရတယ္။ မင္း ကို႔ဆီကထြက္သြားရင္ မင္းဘဝၿပီးသြားလိမ့္မယ္ "

" ခင္ဗ်ား အတၱႀကီးလြန္းတယ္ "

" အဲ့ဒါ ဟိုးအရင္ကတည္းကပါ "

" ဟား..... "

" မင္း ကိုယ့္အနားမွာမရွိရင္ မင္းရဲ႕အမနဲ႔အဆင္ေျပမယ္ ထင္လို႔လား "

" ...... "

" ကို ခ်စ္ရတဲ့သူက မင္းပဲမို႔ ေျပာင္းလဲသြားမွာ မဟုတ္ဘူး။ ကိုတို႔အဆင္ေျပဖို႔လဲ ခက္ခဲလိမ့္မယ္။
ဒါေပမဲ့ အားလုံးအဆင္ေျပမဲ့နည္းရွိတယ္။ မင္းကို႔ေဘးမွာပဲေနေပးပါ ကို မင္းရဲ႕အမေပၚ ေကာင္းေကာင္းဆက္ဆံေပးမယ္ "

ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ေနသည္။

" အဲ့ဒီ ႐ူးေၾကာင္ေၾကာင္စကားေတြ ခဏရပ္ၿပီး ကြၽန္ေတာ့္ကို စဥ္းစားခြင့္ေလးေပးဦး "

" စဥ္းစားပါ ကိုေစာင့္မယ္ "

" အခုေတာ့ ျပန္ၾကရေအာင္ အိမ္ေရာက္ရင္ ခင္ဗ်ားဒီစကားေတြ ကြၽန္ေတာ့္ကို မေျပာခဲ့တဲ့ပုံစံအတိုင္း ေနေပးပါ "

တိတ္ဆိတ္ၿငိမ္သက္ျခင္းမ်ားစြာျဖင့္ အိမ္ျပန္ေရာက္လာခဲ့တယ္။ ကြၽန္ေတာ့္ရဲ႕မမကေတာ့ အႀကီးအက်ယ္ ငိုပြဲဆင္ႏြဲထားတာေတာင္ ဘာမွမျဖစ္သလိုပုံနဲ႔ သူ႔ခင္ပြန္းကို ထြက္ႀကိဳႏိုင္ေသးသည္။ မမ သူ႔အားဘယ္ေလာက္ထိခ်စ္သည္က သိသာလြန္းသည္။
ကြၽန္ေတာ္တြဲေခၚလာေသာ ဒယိမ္းဒယိုင္ နဲ႔ ထိုလူသားအား မမလက္ထဲေျပာင္းထည့္ေပးရင္း..

" မမ သူ႔ ကို အိပ္ခိုင္းလိုက္ေတာ့ "

" အင္း ေက်းဇူးပဲ ဒီပါေလး "

" ကြၽန္ေတာ္လဲ အိပ္ေတာ့မယ္ "

........

ေဒါက္~ ေဒါက္~

တိတ္ဆိတ္လြန္းေသာ ညနက္ထဲ က်ယ္ေလာင္စြာ ထြက္ေပၚလာေသာ တံခါးေခါက္သံ။ မက်ယ္ေအာင္ သတိထားေခါက္ေသာ္ညား က်ယ္ေလာင္ေနေလသည္။

" ဘယ္သူလဲ "

အိပ္ခ်င္ေနေသးတဲ့ စိတ္အခ်ိဳ႕ကို ဘယ္လိုမွမဖယ္ရွားႏိုင္ေသး။

" ဟာ...ေမးေနတယ္ေလ ဘယ္သူလဲ "

ျပန္ေျဖသံတစ္စုံတစ္ရာ မရသည့္အဆုံး တံခါးထဖြင့္ရန္ ျပင္လိုက္သည္။ ထို႔ေနာက္ ပြင့္ဟသြားေသာ တံခါးႏွင့္အတူ အိပ္ခန္းထဲဝင္လာတဲ့ သူ...

" ဒီပါ..."

" ခင္ဗ်ားဘာလာလုပ္တာလဲ "

" ကို မင္းကိုသတိရလို႔ "

" ခင္ဗ်ား႐ူးေနၿပီလား ဒါအိမ္မွာေနာ္... မမလဲရွိတယ္ ခင္ဗ်ားတကယ္ ဘယ္လိုျဖစ္ေနတာလဲ ႐ူးခ်င္လာၿပီေနာ္ ျပန္ေတာ့ "

" ကို မင္းအနားေနခ်င္လို႔ ခဏေလးပဲ "

ကြၽန္ေတာ့္ကို ေပြ႕ဖက္လိုက္တဲ့ လက္အစုံ။ ကြၽန္ေတာ့္မ်က္လုံးေတြ ျပာေဝသြားၿပီး ဘာလုပ္ရမွန္းမသိေတာ့ေလာက္ေအာင္ပဲ။

" ဖယ္ ခင္ဗ်ာဖယ္ေနာ္... ဘယ္လိုျဖစ္ေနတာလဲ "

" ခဏေလးပဲ ဒီလို ခဏေလးပဲေနေပးပါ ကို မင္းကိုေပြ႕ဖက္ထားခ်င္လို႔ပါ ခဏပဲ "

" အိမ္ကလူေတြျမင္ကုန္လိမ့္မယ္ "

" မင္းသာ အသံမထြက္ရင္ ဘယ္သူမွမသိဘူးလို႔ ကို ထင္တယ္ "

ကြၽန္ေတာ္ အေျခအေနေတြ ဒီထက္ပိုမဆိုးသြားေအာင္ တိတ္တိတ္ေလးၿငိမ္ေနေပးလိုက္တယ္။

" သက္ျပင္းမခ်ပါနဲ႔ ကေလး.. ကို မင္းကို စိတ္မရႈပ္ေစခ်င္ပါဘူး ကေလး ပင္ပန္းေနမယ္ဆိုတာ သိေပမဲ့ ကိုေလ ကို မင္းကိုခ်စ္တဲ့စိတ္ေတြက ထိန္မရဘူးျဖစ္ေနတယ္ "

" ဘာပဲျဖစ္ျဖစ္ ခင္ဗ်ား ႀကိဳးစားထိန္းခ်ဳပ္သင့္တယ္ေလ ကြၽန္ေတာ္တို႔က ျဖစ္မွမျဖစ္ႏိုင္တာ "

" မင္း စိတ္ညစ္တာကို ကို မျမင္ခ်င္ပါဘူး "

" အဲ့ဒါဆို ျပန္ေတာ့ ရၿပီမို႔လား အဲ့ေလာက္ဆိုရင္ ျပန္ေတာ့ေနာ္ "

" အင္း... ေကာင္းေကာင္းအိပ္ေတာ့ေနာ္ "

ကြၽန္ေတာ့္ ႏွဖူးထက္က အနမ္းဦးကို သူလုယူသြားခဲ့ျပန္သည္။

သူထြက္သြားေတာ့ တံခါးေသခ်ာျပန္ပိတ္ရင္း

" ခင္ဗ်ား အဲ့လို မေနသင့္ဘူးေလ ကိုဘုန္း ခင္ဗ်ားက ဒီလိုစတိုင္နဲ႔မလိုက္ဖက္ဘူး။ ကြၽန္ေတာ္က အၿမဲ Smartျဖစ္ၿပီး ယုံၾကည္ခ်က္အျပည့္နဲ႔ ေပ်ာ္႐ႊင္ေနတဲ့ ကိုဘုန္းကို ေလးစားတာ အခုက အ႐ူးလိုပဲ "

" အား.... ေတာင္းပန္ပါတယ္ ကိုအာကာေရ ကြၽန္ေတာ္ အကို႔အတြက္ နဖူးေပၚက အနမ္းဦးေလး မသိမ္းထားႏိုင္ခဲ့ဘူး။ အကိုေရာ ဒီအခ်ိန္ ဘာလုပ္ေနမလဲဟင္။ ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ေနရဲ႕လား။ ကြၽန္ေတာ္ကေတာ့ မေအးခ်မ္းဘူး အကို "

ကြၽန္ေတာ့္ရဲ႕က်န္ရွိေနတဲ့ အိပ္ခ်ိန္ေတြအတြက္ ေဆးတစ္လုံးရဲ႕ အကူအညီကိုယူလိုက္ရျပန္တယ္။

ေဖေဖမရွိဘဲ တိတ္ဆိတ္ေနတဲ့ ထမင္းစားပြဲမွာ ကြၽန္ေတာ္ရယ္ မမရယ္ ကိုဓနရယ္ေပါ့။ ကြၽန္ေတာ္ကေတာ့ ဒီစားပြဲမွာအလကားသက္သက္ မ်က္ႏွာပူေနရျပန္တယ္။

" ေပေရေနေအာင္ စားေနတာ ညီက ကေလးေလးလား "

ႏႈတ္ခမ္းထက္ေရာက္လာတဲ့ သူ႔လက္တစ္စုံ။ ကြၽန္ေတာ္ အလန႔္တၾကား ေမာ့ၾကည့္ေတာ့ သူ႔ဘက္က ျပန္ၿပဳံးျပလာသည္။ မမကေတာ့ ထမင္းစားျခင္းအေပၚသာ အာ႐ုံစိုက္ထားပုံရသည္။

" ေသခ်ာစား "

" ဟင္.?...အင္း.... "

" ရတီ ထည့္စားေလ "

" ေအာ္...  အင္းပါ "

ကြၽန္ေတာ့္ကို တစ္ျပန္ေမာ့ၾကည့္လိုက္ေသာ မမရဲ႕ မ်က္လုံးေတြထဲ ျပန္ေျပာမျပတတ္တဲ့ အရာတစ္ခ်ိဳ႕ပါဝင္လို႔ေနျပန္တယ္။ ကြၽန္ေတာ္ပဲ စိတ္ထင္တာလားေတာ့ မေျပာတတ္။

ေပ်ာ္ဝင္ၿပီးသား ေကာ္ဖီေတြကို ထပ္ခါထပ္ခါေမႊေနမိျပန္သည္။ အေတြးေတြေယာက္ယပ္ခပ္လို႔ေပါ့။ ထိုအခ်ိန္ ခါးကေန သိုင္းဖက္လာေသာ လက္အစုံ

" ဟာ....  ကိုဓန ခင္ဗ်ားဒါဘာလုပ္တာလဲ ဖယ္ "

" ဖက္တာေလ ခ်စ္လို႔္ "

" ခင္ဗ်ား ဘယ္လိုျဖစ္ေနတာလဲ ေန႔ခင္းဘက္ႀကီးေနာ္ လူေတြရွိတယ္ မမလဲအိမ္မွာရွိေနတယ္ေနာ္ ဖယ္ပါဗ် ခင္ဗ်ားအတင့္မရဲနဲ႔ "

" ဒါဆို ညဘက္ေရာ?  "

" ဘာ....  အ႐ူး ဖယ္ "

" ကို႔ကိုလဲ ေဖ်ာ္ေပးပါလား မင္းေဖ်ာ္ေပးတာေလး ေသာက္ခ်င္တယ္ "

" ဟုတ္ၿပီ အဲ့လက္ေတြ အရင္လႊတ္ေပး "

" OK "

ထိုလက္ေတြ ဖယ္ကြာက်သြားမွ သက္ပ်င္းခ်ႏိုင္ေတာ့သည္။ မမသိထားေသာ ကိုဘုန္းဓနခ်စ္ရသူဟာ ကြၽန္ေတာ္ ဆိုတာကိုေတာ့ မမ မသိေစခ်င္။ က်င့္သားရေနေသာ လက္ေတြကေတာ့ သူ႔အတြက္ ေကာ္ဖီတစ္ခြက္ကိုသာ ဖန္တီးလွ်က္ရွိသည္။

" အတူတူေသာက္ရေအာင္ "

" မေသာက္ခ်င္ဘူး "

" ခဏေလး စကားေျပာခ်င္တယ္ ခဏပဲ "

" ............ "

" ကို႔ အတြက္ စဥ္းစားေပးပါ။ ကို ဟိုေန႔က ေျပာခဲ့တာေတြအားလုံး စိတ္ရင္းအမွန္ေတြပါ မူးလို႔ေျပာတာမဟုတ္ဘူး။ စိတ္ရင္းနဲ႔ မင္းကိုအရမ္းခ်စ္တယ္ "

" တိုးတိုးေျပာ ေတာင္းပန္ပါတယ္ "

" ကို႔ အခ်စ္အတြက္ မင္း ေတာင္းပန္စရာမလိုပါဘူး "

" အခု မင္းကို ဖြင့္ေျပာျပၿပီးၿပီဆိုေတာ့ မင္းကို ပြင့္ပြင့္လင္းလင္း ခ်စ္ျပလို႔ရၿပီ။ ကို ေနာင္တမရဘူး။ အရမ္းေပ်ာ္တယ္ ေနာက္ဆို မင္းနဲ႔ကို အတိအလင္း လူသိရွင္ၾကားတြဲႏိုင္ေအာင္ ကိုႀကိဳးစားမယ္။ ကိုေျပာထားတဲ့ ခ်စ္တယ္ ဆိုေတာ့စကားတစ္ခြန္းေတာ့ မင္းရင္ထဲမွာ သိမ္းထားေပးပါ။ ဒီတစ္ခုပဲ ေတာင္းဆိုခ်င္တယ္ "

" ကြၽန္ေတာ္ကလဲ ေတာင္းဆိုခ်င္တယ္ ခင္ဗ်ားနဲ႔ကြၽန္ေတာ္က လုံးဝမျဖစ္ႏိုင္သလို ကြၽန္ေတာ္ကလဲခင္ဗ်ားကို မခ်စ္ဘူး ဆက္မႀကိဳးစားပါနဲ႔ အားလုံးအေနရခက္တယ္ "

" ဟင့္အင္း ကို႔မွာ ႀကိဳးစားၾကည့္ဖို႔ အခြင့္အေရးေတြလအမ်ားႀကီးရွိေသးတယ္။ ကို ႀကိဳးစားေနရင္ ညီ့ဘက္က တုန႔္ျပန္မႈ ေသးေသးေလးပဲျဖစ္ျဖစ္ ျပန္ရလာမယ္လို႔ ယုံၾကည္တယ္ "

ကြၽန္ေတာ္ သူ႔ကို တစ္ခ်က္ ေစ့ေစ့ၾကည့္ၿပီး ထိုေနရာမွထြက္လာလိုက္သည္။ ကိုအာကာနဲ႔ ညီအကို ဆိုေပမဲ့ ဘာလို႔ ဒီေလာက္ ပုံစံခ်င္းကြာျခားလဲေတြးမရ။ ကိုအာကာသာ ထိုမွ်ေလာက္ပင္ သြက္ဦးေတာ့ ဒီအခ်ိန္သူနဲ႔ကြၽန္ေတာ္ ေပ်ာ္စရာဘဝတစ္ခု ဖန္တီးေနေလာက္ၿပီ။ အခက္အခဲေတြ ရင္ဆိုင္ႏိုင္ေလာက္ၿပီ၊ ကြၽန္ေတာ့္ရဲ႕ ေရခဲတုံးႀကီးကို ခင္ဗ်ားရဲ႕သြက္လက္မႈေလးေတြ နည္းနည္းေလာက္ျဖစ္ျဖစ္ မွ်ေဝေပးပါလား ကိုဘုန္းဓနရယ္။


.
ကဲ....👏 ကဲ .......ကဲ👏.........👏
ေမွ်ာ္ေနၾကသူေတြရွိလားဗ်ိဳ႕။ Izzyတကယ္မအားျဖစ္ေနလို႔ အရမ္းၾကာေနတာ ေတာင္းပန္ပါတယ္။ MASK ေလးကို အားေပးၾကပါဦးေနာ္။ Roleplayေခ်ာေလးေတြလဲ Fbမွာရွိေနၾကၿပီမို႔ သူတို႔ကို supporting လုပ္ေပးၾကပါဦးလို႔ 😘
ခ်စ္တဲ့
                           Izzy( Amara Ruby)

Continue Reading

You'll Also Like

9.1K 175 12
Y/N Quill is the son of Peter Quill and Gamora, and due to inheriting the green skin from his mother, he was constantly abused in an academy he used...
1.2M 15K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
18.2K 1.2K 22
Silent night, unholy night All is chaos, nothing is all right Don't say a word Don't make a noise Or he'll hear you And make you his toy Sleep in hea...
59.3K 1.9K 14
Dear Ranpo, I know you'll never read these letters, making them extremely pointless, but I cant hold my feelings in anymore...