တော်မဝင်ပါ...သို့သော်...[Comp...

By LaminlayLaminlay3

980K 66.3K 1.6K

''အမရာ၊ကိန္နရီ၊မဒ္ဒီ၊သမ္ဗူ လက်တွဲဖော်ကောင်း၊ သတ်မှတ်ဂုဏ်အင်အပြည့်တည်သည့် တော်ဝင်နန်းထိုက်ပန်းကောင်းလေးမြတ် ။'... More

အခန်း၁
အခန်း2
အခန်း၃
အခန်း4
အခန်း5
အခန်6း
အခန်း7
အခန်း8
အခန်း9
အခန်း၁၀
အခန်း 11
အခန်း12
အခန်း13
အခန်း14
အခန်း15
အခန်း16
အခန်း17
အခန်း18
အခန်း19
အခန်း20
အခန်း21
အခန်း22
အခန်း23
အခန်း24
အခန်း25
အခန်း26
အခန်း27
အခန်း28
အခန်း29
အခန်3း0
အခန်3း1
အခန်3း2
အခန်3း3
အခန်3း4
အခန်3း5
အခန်3း6
အခန်3း7
အခန်3း9
အခန်း40
🌈🌈🌈
🌈🌈🌈
အခန်​41
အခန်း42
အခန်း43
အခန်း44
အခန်း45
အခန်း46
အခန်း47
ဇာတ်​သိမ်းပိုင်းZawgi
အခန်း1(unicode)
အခန်း2(unicode)
အခန်း၃(unicode)
အခန်း4(unicode)
အခန်း5(unicode)
အခန်း6(unicode)
အခန်း7(unicode)
အခန်း8(unicode)
အခန်း9(unicode)
အခန်း10(unicode)
အခန်း11(unicode)
အခန်း12(unicode)
အခန်း13(unicode)
အခန်း14(unicode)
အခန်း15(unicode)
အခန်း16(unicode)
အခန်း17(unicode)
အခန်း18(unicode)
အခန်း19(unicode)
အခန်း20(unicode)
အခန်း21(unicode)
အခန်း22(unicode)
အခန်း23(unicode)
အခန်း24(unicode)
အခန်း25(unicode)
အခန်း26(unicode)
အခန်း27(unicode)
အခန်း28(unicode)
အခန်း29(unicode)
အခန်း30(unicode )
အခန်း31(unicode)
အခန်း32(unicode)
အခန်း33(unicode)
အခန်း34(unicode)
အခန်း35(unicode)
အခန်း36(unicode)
အခန်း37(unicode)
အခန်း38(unicode)
အခန်း39(unicode)
အခန်း40(unicode)
🌈🌈🌈
🌈🌈🌈
အခန်း41(unicode)
အခန်း42(unicode)
အခန်း43(unicode)
အခန်း၄၄(unicode)
အခန်း၄၅(unicode)
အခန်း၄၆(unicode)
အခန်း၄၇(unicode)
final(unicode)
New Story
Book Announcement📒
book announcement2👏👏
အသိပေးကြေညာခြင်း

အခန်3း8

8.4K 692 24
By LaminlayLaminlay3

ညနေစောင်း နေဝင်ရီရောအချိန်လေးတွင်
အိပ်တန်းတက်ရန်ပြင်ဆင်နေကြသော ကျေးငှက်တို့ကိုအဖော်ပြု၍အလုပ်ခွင်ရှိရာမှ ခွန်လေးရဲ့ အိပ်ပြန်လမ်းလေးသည် အလွန်သာယာလှသည်။
စားမေးပွဲပြီးကတည်းက အစ်ကိုဖြစ်သူအလုပ်လုပ်
နေသော Mr:prince bar ရဲ့ တစ်ပြကျော်မှာ
ရှိသော Zippo bakery ဆိုင်လေးတွင် အလုပ်ဝင်ခဲ့သည်။ လစာကတော့၁သိန်း၂သောင်းဆိုတော့ မများပေမဲ့အိမ်ရဲ့အသုံးစရိတ်ကတော့ချောင်ချိလာသည်ဆိုရမှာပေါ့။ ဒီအလုပ်လေးကိုလည်း နှစ်သစ်ကိုယ်တိုင်ရှာပေးထားခြင်းဖြစ်သည်။
လက်မှဆွဲလာသော ထမင်းချိုင့်လေးမှာလည်း ချစ်စရာဒိုရေမွန်လက်ကိုင်ပဝါလေးကိုပတ်ထားသည်။
နောက်လက်တစ်ဖက်မှာတော့မာလာဟင်းထုတ်လေးကိုဆွဲလာသည်။ ကိုနှစ်နေမကောင်းဖြစ်နေရင် သီးနှံစုံပါတဲ့မာလာဟင်းပူပူစပ်စပ်ကို သောက်လိုက်ရင် ချွေးတွေစို့လာပြီးနေလို့ထိုင်လို့ကောင်းသွားသည်ကို သူ့မှတ်ဉာဏ်ထဲစွဲထင်နေ၍ နေမကောင်းဖြစ်နေသည့်ကိုနှစ်တွက်ဝယ်လာခြင်းဖြစ်သည်။
ဝယ်လာသည်မှာ ပွဲသေးမဟုတ် ပွဲကြီး ။ရည်ရွယ်ချက်ကတော့ ကိုနှစ်စားလို့မကုန်လို့ကျန်ရင် သူများများစားရအောင် ပွဲကြီးဝယ်လာခြင်းဖြစ်သည်။နှစ်ပွဲကျလည်းမဝယ်ချင် ၊ပိုက်ဆံကိုတက်နိုင်သမျှစုနိုင်ရမည်။ ကိုနှစ်ကတော့ သူ့လုပ်အားခ
၁သိန်း၂သောင်းကို အစနစ်တကျစီမံပေးသည်။သူ့တွက်သီးသန့်လုပ်ပေးထားတဲ့ဘဏ်စာအုပ်ထဲ
ကို လစဉ်၁သိန်းထည့်စေသည်။ ပိုတဲ့နှစ်သောင်းကို
တော့ မုန့်ဝယ်စားဖို့ ပေးသည်။ ဒါပေမဲ့ သူ့တွက်အသုံးဆောင်နဲ့ပတ်သက်လာရင် ပူစာစရာမလိုအောင် အားလုံးဖြည့်စည်းပေးသည်။ ကိုနှစ် ကိုင်တဲ့ ဖုန်းလေးမှာHawai 730လေးဖြစ်ပေမဲ့ သူခုကိုင်နေ
သည့်ဖုန်းအမျိုးစားမှာ 4သိန်းကျော်တန်SansungJ
Sereis ထဲမှဖြစ်သည်။ 730ဖုန်းလေးက မျက်နှာပြင်ကျယ်လို့သူ့အတွက်အဆင်ပြေသည်ဆိုတဲ့အကြောင်းပြချက်နဲ့ သူနဲ့ ဖုန်းလဲမကိုင်။ Hawai730ဖုန်းလေးကအသံထွက်အားနည်းသည့်တွက် သူ့ဖုန်းကို ယူပါဆိုတော့ ဘယ်ချိန်ကဝယ်ထားမှန်းမသိတဲ့ အသံအောင်ငြားလှသောခလုပ်ဖုန်းလေးကိုထုတ်ပြသည်။ ဒီလိုမျိုး ကိုနှစ်ရဲ့ အရာရာဦးစားပေးခံနေရတဲ့ သူသည် ကိုနှစ်မရှိတော့ရင် ကိုယ့်ဘဝကို ဘယ်လိုရပ်တည်ရမလဲ မစဉ်းစားတက်တော့။ ဒါပေမယ့် ကိုနှစ်မိခင်နှင့်တွေ့ပြီးကတည်းက စဉ်းစားထားမိတာတော့ရှိသည်။
ကိုနှစ်သာ အန်တီသုမာလာနောက်လိုက်သွားရင်
သူကတော့ ဂေဟာဆီပြန်မည်၊ ဂေဟာရဲ့လိုအပ်တဲ့
နေရာမှာ တတက်တအား ကူညီလုပ်ဆောင်ပေးမည်။ကိုနှစ်ရဲ့ ပြည့်စုံနေတဲ့ဘဝတစ်ခုကို အဝေးကနေပိတီဖြစ်ပေးမည်။ ကိုနှစ်ရဲ့ အနုပညာတိုင်းကိုခံစားပေးမည်။တစ်ခါတစ်ခါ အရမ်းသတိရရင်သွားတွေ့မည်။နောင်တချိန် ကိုနှစ် မိသားစုဘဝလေးတစ်ခုပိုင်ဆိုင်သွားရင်တော့ သူသွားတွေ့တော့မည်မဟုတ်။သူ့နှလုံးသားက အဲ့လောက်ထိခံနိုင်ရည်မရှိပါဘူး၊သူပျော်နေမှာဘဲ ဆိုတဲ့အသိနဲ့တော့ ဖြေသိမ့်နိုင်ကောင်းပါရဲ့။ကိုယ့်ကိုဖြူစင်ပြီးညီတစ်ယောက်လို သဘောထားတဲ့အစ်ကိုပေါ်မှာ သူ့ကိုယ်ထဲဝင်နေသည့်မရိုးသားတဲ့အချစ်နတ်ဆိုးက တစ်ချိန်လုံးချယ်လှယ်နေ၍  ဒီစိတ်ကြီးကြောင့် အပြစ်ရှိသလို နေနေရပေမဲ့ ထိုအပြစ်ကိုမတ်မောစွာ တွယ်တာမိပြန်တယ်။ ကိုတည့်ပေါ်မှာသာ သူ့အချစ်တွေစွန်းထင်းမိခဲ့ရင် သိပ်ကောင်းမှာဘဲ လို့ စဉ်းစားမိပေမဲ့ တယူသန်လှသော နတ်ဆိုးကြီးက သူမှသူဖြစ်နေခဲ့သည်။
သဘာဝမကျတဲ့ အချစ်ကိုတိတ်တခိုးချစ်မိတဲ့ သူ့
ပေါ် ရက်စက်စွာဘဲ ညီအစ်ကိုဆိုတဲ့ စည်းကြီးက
တားထားပြန်သည်။

❦ ❦ ❦ ❦ ❦

သားချမ်းပြည့်စုံ ဖျားနေသည်ဟုကြားသိရ၍ အလုပ်တာဝန်များကိုပစ်ကာ Ocean ထဲသို့
ကတိုက်ကရိုက် အပြေးဝင်၍ သားချမ်းပြည့်စုံတွက်
အဟာရဖြစ်မည့်အစားစာများချက်ပြုတ်ကျွေးမွေးချင်သည့်အတွက် အကောင်းဆုံးတွေကိုသာ ဒေါ်သုမာလာစီစစ်ဝယ်ယူခဲ့သည်။ မမောနိုင်အပန်းနိုင်
မတ်စောင့်သောလေးလွှာတိုက်ခန်း၏အပေါ်ဆုံးထပ်ကိုသတိထားတက်နေရပေမဲ့ရောက်ချင်ဇောကြီး၍ ခြေလှမ်းတို့မှာမညီညာ။ ထို့ကြောင့် ချော်ကျမလိုဖြစ်တာလည်းအခါခါ၊ သူမရောက်လာခြင်းအပေါ် ခါးခါးသီးသီးမဖြစ်ပေမဲ့ ဝမ်းပမ်းတသာဖြင့်လည်း မကြိုဆိုသော သားဖြစ်သူကို သူမ အပြစ်မမြင်ရက် ။ သူမရောက်ရောက်ချင်း ဝယ်လာသောပစ္စည်းပစ္စယများကိုကျဉ်းမြှောင်းသော အခန်းလေးထဲအလျဉ်းသင့်သလိုချပြီး သူမလက်ကိုင်အိတ်ထဲမှ အဖျားတိုင်းကရိယာလေးထုတ်၍သားဖြစ်သူရဲ့နားသပ်စနားမှဆံပင်လေးများကို သပ်ဖယ်ကာ နားထဲထည့်၍ အဖျားတိုင်းလိုက်သည်။ ထိုခဏ နှစ်သစ် ခန္ဓာကိုယ်လေးတချက်တွန့်သွားသည်။ သူ့ဘဝတွင်လည်းတစ်ခါမှမခံစားဘူးသောနွေးထွေးတစ်ခုကို ခံစားလိုက်ရသည်။ ဒီနွေးထွေးမှုကခွန်လေး သူ့နားမှာရှိနေသောကြောင့်ခံစားရသောနွေးထွေးမှုမျိုးနှင့်လည်းမတူ။ အေးမြတယ်၊နွေးထွေးတယ်၊ ဒါတွေကိုသူခံစားရပေမဲ့သူသာ မိဘရင်ခွင်ထဲ စုံလုံးပစ်ဝင်သွားခဲ့လျှင် အားငယ်မှုများနဲ့ကျန်နေမဲ့ ခွန်လေးတွက် မိခင်ဖြစ်သူနဲ့သူ့ကြားအေးစိမ့်မှုတို့ကြားကန်ထားရသည်။ ခွန်လေးကို အပူပင်မရှိလိုတရဘဝမျိုးဖန်တီးပေးချင်တာ တစ်ခုတည်းတွက် ခွန်လေးကို ဒေါ်သုမာလာဘဝထဲဆွဲမသွင်းရက်။ ထပ်ပြီးလည်း ကြားထဲခြားထားသောညီကိုဆိုတဲ့ နှောင်ကြိုးတွေအောက်မှာထပ်ပြီးမမြဲမြံစေချင်တော့ ။

မီးဖိုးခန်းထဲ တလှုပ်လှုပ်နှင့်အလုပ်ရှုပ်နေသော
မပိန်မ၀ အမျိုးသမီးကြီးသည် ကျက်သရေရှိလှပါ
သည်။ အငွေ့တထောင်းထောင်းထနေသော
ဒယ်အိုးလေးထဲမှ ဟင်းရည်အချို့ကို ဇွန်းဖျားလေးနဲ့
ခပ်မြည်းကာ သူ့ရှိရာသို့ခေါင်းလေးငဲ့၍ ပြုံးပြလာ
သော အေးချမ်းသောအပြုံးလေးကြောင့်
ဘဝမှာ တခါမှမခေါ်ခဲ့ရသော 'မေမေ'ဟူသောနာမ်
စားကို အားပါးတရအော်ခေါ်လိုက်ချင်သည်။
သို့သော် ဆန္ဒတို့နှင့် ခန္ဓာကိုယ်စေစားရာတို့သည်
ထပ်တူမကျခဲ့ပါ။ သူ့ပါးစပ်မှ ထွက်လုနီးပါးမေမေ ဟူသောဝေါဟာရကိုမြိုသိပ်ကာ တစ်ဖက်သို့ လှည့်ပစ်လိုက်မိသည်။စိတ်ထဲမှာတီးတိုစွာ ရွတ်ဆိုလိုက်မိသည်က'ကျွန်တော့်ကို ခွင့်လွှတ်ပါမေမေ ၊အေးမြတဲ့ မေမေရဲ့ မေတ္တာရိပ်ကိုလျစ်လျူ ရှုနိုင်မှ သားအတွက်ပူလောင်တဲ့ ၁၅၀၀ချစ်ခြင်းသစ္စာကို ကြိုးစားခွင့်လေးရမှာမို့ပါ ။ သားကို ခွင့်လွှတ်ပါ'

"သားချမ်း နေ့လည်က ဆိတ်သားစွပ်ပြုတ်လေး
မေမေပြန်နွှေးထားတယ် ၊သောက်လိုက်ဦးနော်
မနက်က သားနှစ်ပန်းကန်တောင်ကုန်တယ်
မညှီဘူးမို့လား "

"အန်တီကို ကျွန်တော်ပြောထားတယ်လေ ဘာလို့ခဏခဏလာနေတာလဲ ၊ဒီလိုပြောတာအန်တီ
ကိုမုန်းလို့မဟုတ်ဘူး အသားကျနေတဲ့ကျွန်တော်တို့
ဘဝလေးကို ဂယက်မထစေချင်လို့ပါ"

"အို! သားရယ် မေမေ့ကို အဲ့လိုတော့မစိမ်းကားပါနဲ့
ကွယ် ၊ ခုလည်းသားနေမကောင်းဖြစ်နေတယ်ဆိုတာခွန်လေး မနက်ကဖုန်းဆက်လို့ မေမေ့မှာအပြေး
လာချင်ပေမဲ့ မနက်ကမွေးလူနာတွေအရမ်းများနေလို့ဂျူတီချိန်တောင်သူများနဲ့လဲပြီး သားဆီလာခဲ့တာပါ။"

"ခွန်လေးကတော့ကွာ !"

"သူ့အလုပ်က ဒီနေ့ပျက်လို့မဖြစ်လို့တဲ့ ။သားတစ်ယောက်ထဲ ဖြစ်နေမှာဆိုးလို့ မေမေ့ကို ဖုန်းဆက်ခေါ်လိုက်တာပါ။ ခွန်လေးက သားကို သူ့အစ်ကိုရင်းမဟုတ်မှန်းသိပေမဲ့ သားကိုတော်တော်ချစ်ရှာပါတယ်"

"သူက ကျွန်တော့်ဘဝမှာ သံယောဇဉ်အဖြစ်ရဆုံးနဲ့
တွယ်တာရဆုံးလူပါ "

"သိတာပေါ့သားရယ် ဒါ့ကြောင့် မေမေ သားတို့နှစ်
ယောက်လုံးကို မေမေ့သားတွေဖြစ် အမွေစားအမွေခံ စောင့်ရှောက်ခွင့်တောင်းတာပေါ့ ။
ချမ်းရိပ်စံကို လိုက်ခဲ့ကြပါလားကွယ် "

"တော်ပါတော့ဗျာ! ဒီထက်ပိုပြီး သားတို့နှစ်ယောက်
ကြားကို ဖြိုဖျက်လို့မရနိုင်တော့တဲ့ တံတိုင်းတွေတည်ဆောက် ပေးနေတာတွေတော်ပါတော့ ၊ကျွန်တော်မေမေ့ဆီကနေ ‌ဥစ္စာဓနတွေကို မမတ်ပါဘူး၊သားလိုဘဲ ခွန်လေးလည်းမမတ်မောဘူး၊
ဒါကိုသားသိတယ်၊ သူသားကို မေမေ့နဲ့ရင်းနှီးမှုရအောင်ဖန်တီးပေးနေပေမဲ့ တချိန်ချိန် သား သူ့ကိုထားခဲ့မှာသွေးပျက်အောင်ကြောက်နေသူပါ။
ခွန်လေးက ဘယ်တော့မှ ဆင်ဖြူ တော်မှီပြီးကြံစုတ်မဲ့လူမျိုးမဟုတ်ဘူး"
သားချမ်း! သားချမ်းက သူမကို မေမေလို့သုံးလိုက်တာလား ဒါဆို သားချမ်းမိမိကိုမမုန်းဘူးဆိုတာ
သေချာတာပေါ့ ။ဒါနဲ့များသားရယ် ဘာကြောင့်
ဒီအမေကို စိမ်းကားပြနေတာလဲ။ခွန်လေးကြောင့်လား? ။
"တကယ်တမ်းက သားကိုယ်တိုင်က သတ္တိမရှိဖြစ်နေတာ မေမေသိတယ် "

"ဘာကိုဆိုလိုတာလဲ "

"အရင်ဆုံးပြောချင်တာက သားကိုအမေကျေးဇူးအ
ရမ်းတင်တယ် အမေလို့ခေါ်ပေးလို့ ၊နောက်ပြီးသားတို့ကို မေမေ့အပြည့်ဝနားလည်ပေးနိုင်တယ် အဲ့တော့ ခုချိန်မှာ သားတို့သတ္တိရှိဖို့ဘဲလိုတော့တာ "

"ဗျာ ?"

သူမစကားအကြား အံ့သြသွားတဲ့ သားဖြစ်သူပုခုံး
လေးကို ညင်သာစွာပုတ်ပေးနေသည်။ မျက်နှာတွင်
လည်း နားလည်မှုအပြည့်ဝပေးနိုင်ပါတယ် ဆိုတဲ့
အပြုံးမျိုး။ သူမအပြုံးကြောင့် နှစ်သစ်ရင်ထဲအားအင်တွေရှိလာသလိုခံစားရသည်။ သို့သော်တစ်ဖက်တွင်လည်း ညီငယ် စိတ်ကို မိမိမခန့်မှန်းနိုင်။ထိုင်နေအကောင်းသား ထသွားမှကျိုး ဆိုသလို
ဖြစ်မှာလည်းစိုးရိမ်ရသေးသည်။

" ဒါပေမဲ့ ခွန်လေးကကျွန်တော့်ကို အစ်ကိုတစ်ယောက်လိုသာ ချစ်တာဆိုရင်၊မဖြစ်ပါဘူး အမေရယ် ၊နောက်ပြီး "

"ဘာလဲသား "

"တည်တံ့က ခွန်လေးကို ဖွင့်ပြောထားတယ် "

"တည်တံ့လည်း ခွန်လေးပေါ်မှာမရိုးသားဘူးဆို
အမေသိတယ် ။ဒါပေမဲ့ သူမှာက ပတ်ဝန်းကျင်ကိုရင်ဆိုင်ဖို့ ရဲရင့်မှုတွေပျောက်ဆုံးနေသလိုဘဲ ။ဒါကြောင့် အမေပြောတာ အချစ်မှာ ရဲရင့်မှုရှိမှဖြစ်မှာပါလို့ ။အဲ့တော့ သားအချစ်တွေကို ခွန်လေးကို
မြန်မြန်သာဖွင့်ပြောလိုက်တော့"

ဒုန်း ဂလွမ်း!

"ဟင် အပြင်ကဘယ်သူလဲမသိဘူး"

ဒါကဘယ်လိုတောင် တိုက်ဆိုင်မှုလဲ၊ ကိုနှစ်ကရော
သူ့အပေါ်မှာ ချစ်နေတယ်တဲ့၊ချစ်သူတစ်ယောက်
လိုမျိုး၊ လက်တွဲဖော်တစ်ယောက်လိုမျိုး၊ ကိုနှစ်ရာ
ဘာလို့ ဒီလောက်ထိထိန်းချုပ်နိုင်ခဲ့ရတာလဲ၊
ဘာလို့သူ့တစ်ယောက်ထဲ အပြစ်ရှိသလိုခံစား
ရအောင်လုပ်ခဲ့တာလဲ ၊ကိုနှစ်မတရားဘူဗျာ!

"ခွန် ခွန်လေး ကိုနှစ်တို့ပြောတာတွေကြားသွားတာလား၊ကို ကိုနှစ်တောင်းပန်ပါတယ် "
လွှတ်ကျသွားသော စတီးချိုင့်ငယ်လေးနဲ့အတူ
လဲလဲပြိုပြိုဖြစ်နေသော သူ့ကိုပွေ့ဖက်၍မျက်ရည်များနှင့်တောင်းပန်နေသောကိုနှစ်ကို သူထုရိုက်ပစ်ချင်သည်။ကျန်တဲ့နေရာအကုန်တော်ပြီး လူကဲခက်ညံ့လှသောကိုနှစ် ကို စိတ်တအားတိုရပါသည်။

"ကဲ သားတို့ အိမ်ထဲဝင်ကြ လာလာ "

❦ ❦ ❦ ❦ ❦

"အဲ့တော့ အန်တီပြောတာ ကိုနှစ်ကိုနားလည်ပေးနိုင်တယ်ပေါ့ "

"အန်တီက homoစုံတွဲတိုင်းကို လက်ခံပေးတဲ့သူ
တော့မဟုတ်ဘူး ဒါပေမဲ့ သားချမ်း ခွန်လေးအပေါ်မှာထားတဲ့ အချစ်တွေက ဘေးလူတစ်ယောက်အနေတောင်စစ်မှန်တယ်လို့ ခံစားရလို့။ နောက်ပြီး ခွန်လေး "

"ဗျာ "

"ခွန်လေးရော သားချမ်းပေါ် ခံစားချက်တွေရှိနေလား"

အန်တီသု အမေးရဲ့ အဖြေက သူ့မှာတစ်ခါတည်းရှိနေပေမဲ့ ဘာရယ်ကြောင့်မသိ၊သူ့ဆီကအဖြေကို ငန်းကြီးအစာနင်သလို လည်ကြီးဆန့်ကာ တမျှော်မျှော်ဖြစ်နေသော ကိုနှစ် ကိုစချင်လာတယ်။နောက်ပြီး ကိုယ့်ချစ်သူကိုအဖြေပြန်ပေးရမှာ ယောက္ခမလောင်းကြီးရှေ့မှာဆိုတော့နည်းနည်းတော့ မဟုတ်သေး ။

"ကျွန်တော် ကိုနှစ်နဲ့ စကားပြောလိုက်ဦးမယ်"

"အိုကေ အိုကေ အန်တီသဘောပေါက်ပြီ။
ကဲ ခွန်လေး အန်တီ ဟိုစားပွဲပေါ်မှာ သားချမ်း
သောက်ရမဲ့ဆေးတွေ ထားခဲ့တယ်၊ဒီက စွပ်ပြုတ်လေးကိုတော့ ခွန်လေးဘဲ သားချမ်းကိုချော့တိုက်လိုက်တော့ အန်တီသွားပြီ၊နေနေ သားချမ်း ဒီလှေကားထစ်တွေကိုအမေ ကျွမ်းနေပြီ "

"အမေ ဂရုစိုက်သွားနော် "

သူမ သားဆီမှ အမေလို့ခေါ်သံလေးက နားထဲ
တစ်မျိုးလေးဖြစ်နေသည်။သားဆီက အမေလို့ခေါ်သံကြားလိုက်ရတိုင်းရင်ထဲ သိပ့်ခနဲနေအောင် ကြည်နူးရသည်။ သံယောဇဉ်ကနေဖြစ်တည်လာတဲ့
သားလေးတို့အချစ်ရေးလဲ ပျော်ရွှင်သာယာကြစေကွယ်။ စိတ်ထဲက ဆုမွန်ကောင်းတသီကြီးပေးပြီး
သူမသား‌တို့ကို အေးချမ်းသော အပြုံးလေးနဲ့နှုတ်ဆက်ခဲ့သည်။

Continue Reading

You'll Also Like

10.3K 417 6
တအုံ့နွေးနွေးရှိလှပါသော ရင်ခုန်သံတို့နှင့် ဦးရဲ၏ ရင်ခွင်သည် သူ့အတွက်သာလျှင် ထာဝရ...။ သူသာလျှင် ဦးရဲရင်ခွင်ထက်ဝယ် ခိုနားရသည့်သူ...။
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
231K 12.6K 34
ခင်မင်မှုထက်ပိုသော ချစ်ခြင်းတို့အကြောင်း
71K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...