နောက်တစ်နေ့နံနက်ကျောင်းသွားတော့...
သုတအောင်တို့ ကျောင်းကိုလမ်းလျှောက်လာခဲ့တယ်.....ကျောင်းရောက်တော့
သုတအောင်-ဟေ့ကောင်တွေ မင်းတို့ရေသွားဝယ်စမ်း ငါရေအရမ်းဆာနေတယ် ငါမောနေပြီ သွားဝယ်စမ်း......
သူငယ်ချင်းအချို့-ဟင် မင်းအဲ့လောက်လေးနဲ့မောနေသေးတယ်လား
သုတအောင်-မေးရင်မောတယ်ကွာ ဘာဖြစ်လဲ သွားသာဝယ်စမ်းပါ သွား.....
သူငယ်ချင်းအချို့-အေး အေး အေးပါ သွားပါပြီ
အဲ့အချိန်မှာ ရှိုင်းနေအောင်သူ့ရှေ့ကနေဖြတ်သွားတယ်
သုတအောင်-ဟျောင့်...
ရှိုင်းနေအောင်-ဘာလဲ
သုတအောင်-ငါ့ကိုမှတ်မိသေးလား...
ရှိုင်းနေအောင်-မှတ်မိတာပေါ့ ဟိုနေ့ကငါ့ကိုလာနှောက်ယှက်တဲ့အပေါကြီးလေ
သုတအောင်-ချီး....မင်းဘာပြောတာလဲ ငါ့ကိုများအပေါတဲ့ မင်းကရောဘာတွေကောင်းနေလို့လဲ
ရှိုင်းနေအောင်-မင်းဘာပြောချင်တာလည်း မြန်မြန်ပြော ပြောစရာမရှိရင် ငါသွားတော့မယ်
သုတအောင်-နေဦး.....မင်းကရှိုင်းနေအောင်မလား
ရှိုင်းနေအောင်-အင်းဟုတ်တယ်လေ ဘာလို့လဲ
သုတအောင်-အေးမင်းကကျောင်းမှာ အမြဲတမ်းတစ်ဆိုတော့ ငါ့ကိုတစ်ခုလောက်ကူညီပါ့လား
ရှိုင်းနေအောင်-ဘာကူညီရမှာလဲ
သုတအောင်-ငါ့ကိုစာပြပေး.....
ရှိုင်းနေအောင်-ဟင်.....ဘာပြောတယ် စာပြပေးရမယ်ဟုတ်လား
သုတအောင်-အင်းဟုတ်တယ်လေ ဘာလို့လည်း မပြပေးချင်ဘူးလား
ရှိုင်းနေအောင်-ဟုတ်တယ် မင်းလိုလူမျိုးကိုငါကမသိဘဲနဲ့ဘာလို့ စာပြရမှာလဲ
သုတအောင်-အခုသိပြီမလား မိတ်ဆွေဖွဲ့ရအောင် ဟိုနေ့ကကိစ္စကိုလည်းတောင်းပန်ပါတယ်နော်.....
ရှိုင်းနေအောင်-အေးပါ မင်းကကျောင်းမှာစာအဖျင်းဆုံးဆိုတော့ ငါကစေတနာနဲ့သင်ပေးရတာပေါ့ သနားလို့နော် နမို့ဆိုမသင်ပေးဘူး
သုတအောင်-ဟျောင့်ကျေးဇူးပဲနော် ဘယ်နေစသင်ရမှာလည်း
ရှိုင်းနေအောင်-ဒီနေ့စမယ် ဘယ်လိုလဲ
သုတအောင်-အင်းကောင်းပါတယ်
ရှိုင်းနေအောင်-နေ့လည်စာကြည့်တိုက်ကိုလာခဲ့ နောက်မကျစေနဲ့.....
သုတအောင်-အင်းပြီးရော...
ရှိုင်းနေအောင်-အဲ့ဒါဆိုငါသွားတော့မယ် လုပ်စရာကိစ္စတွေရှိသေးလို့.....
သုတအောင်-အင်း.....
ရှိုင်းနေအောင်ထွက်သွားတယ် နောက်သုတအောင်သူငယ်ချင်းတွေပြန်ရောက်လာတယ်...
သူငယ်ချင်းအချို့-ရော့ မင်းဝယ်ခိုင်းလိုက်တဲ့ရေ....
သုတအောင်-ဟင် တော်ပြီ ငါအမောပြေသွားပြီ
သူငယ်ချင်းအချို့-ဟင် မင်းကလဲဘာလဲဟ အခုပဲမောတယ်ပြောပြီး အခုပြေသွားပြီတဲ့ အခုလည်းပြုံးဖြီးနေတယ် ဘာလို့လဲဟ...
သုတအောင်-ဘာလို့မှမဟုတ်ပါဘူး ငါမင်းတို့နဲ့စကားမပြောတော့ဘူး ငါအတန်းထဲအစောကြီးဝင်တော့မယ် နော် သွားပြီ ရေး....ဟူး..... ဆိုပြီးခုန်ပေါက်ပြေးသွားတယ်...
စိတ်ထဲမှာလည်း ငါနေ့လည်ကိုရောက်ချင်လှပြီ ဆိုပြီးတွေးပျော်နေတယ်....
ကျောင်းတတ်သွားပြီ......စာတွေဆရာကစသင်နေတယ်........တဖြည်းဖြည်းနဲ့နေ့လည်နေတောင်မွန်းတည့်နေပြီ...ကလင်....ကလင်......
ကျောင်းဆင်းခေါင်းလောင်းသံကြားတာနဲ့တစ်ပြိုင်နက် သုတအောင်စာအုပ်တွေအမြန်သိမ်းပြီး စာကြည့်တိုက်ဆီကိုအပြေးလာခဲ့တယ်
သုတအောင်-ငါဒီနေ့စောရောက်တယ် စာအုပ်တွေပြင်ထားဦးမှ.....
ခဏအကြာ.....
ရှိုင်းနေအောင်ရောက်လာတယ်....
ရှိုင်းနေအောင်-မင်းအစောကြီးရောက်နေပါလား
သုတအောင်-မဟုတ်ပါဘူး အခုမှရောက်တာ မင်းပဲနောက်မကျစေနဲ့ဆို
ရှိုင်းနေအောင်-ငါစကားကိုတော်တော်နားထောင်နေပါလား ဘာဆေးတွေမှားသောက်နေတာလဲ ဘယ်သူ့စကားမှနားမထောင်တဲ့သူက ငါ့စကားမှနားထောင်တယ်ဆိုတော့........တယ်ဟုတ်ပါလား....
သုတအောင်-မဟုတ်ပါဘူးကွာ မင်းကငါ့ကိုစာသင်ပေးမှာဆိုတော့ ငါကမင်းစကားနားထောင်ရမှာပေါ့ကွ
ရှိုင်းနေအောင်-မင်းဘာကြောင့်အဲ့လောက်စာသင်ချင်နေရတာလဲ
သုတအောင်-ငါလာမယ့်စာမေးပွဲမှာအဆင့်ကောင်းရင် ငါ့ကိုငါကြိုက်တဲ့ဆိုင်ကယ်ဝယ်ပေးမယ့်ဆိုလို့ ငါ့မိဘတွေကပြောလို့ဟ
ရှိုင်းနေအောင်-အော် အဲ့လိုလား ထားပါတော့ စာစသင်မယ်.....
သုတအောင်-အင်း
ရှိုင်းနေအောင်-Chapter 1 ကိုလှန်လိုက် အဲ့မှာ..............အေးဒီနေ့တော့ ဒီလောက်ပဲ နောက်နေ့မှ ဆက်သင်ကြတာပေါ့
သုတအောင်-အင်း နောက်နေ့ရောဘယ်အချိန်လည်း
ရှိုင်းနေအောင်-နေ့လည် ဒီလိုအချိန်ပဲလေ
သုတအောင်-အော်အေးအေး
ရှိုင်းနေအောင်-ငါ့ကိုစာအုပ်လေးတွေကူသိမ်းပေးဦး
သုတအောင်-အေး....
သုတအောင်နဲ့ရှိုင်းနေအောင် စာအုပ်တွေသိမ်းနေကြတယ် မထင်မှတ်ပဲ စာအုပ်တစ်အုပ်ကို နှစ်ယောက်သားပြိုင်တူကိုင်လိုက်တယ် ရှိုင်းနေအောင်ရဲ့လက်ပေါ်မှာ သုတအောင်လက်ကအုပ်လျက်သားကိုင်ထားမိတယ် နှစ်ယောက်သားလန့်ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတယ် တစ်ယောက်နဲ့တစ်ယောက်အတန်ကြာတဲ့အထိအကြည့်ချင်းစုံနေကြတယ် ကလင်....ကလင်....
ကျောင်းတက်ခေါင်းလောင်းထိုးသွားပြီ သူတို့ရဲ့အကြည့်တွေတစ်ယောက်နဲ့တစ်ယောက်ပြန်ရုတ်သိမ်းသွားကြတယ်....ရှိုင်းနေအောင်ကရှက်ပြီး ငါသွားတော့မယ်ဆိုပြီးထွက်ပြေးသွားတယ် သုတအောင်တစ်ယောက်တည်း ငေးရင်းနဲ့ကျန်ရစ်ခဲ့တယ်.......သုတအောင်ကလက်ကလေးကို ပါးပြင်ကိုထိရင်း........ရင်တွေခုန်နေခဲ့တယ်........ ဒါဘာကြောင့်လဲ လို့ ပါးစပ်ကထွက်ရင်း...........
ကျေးဇူးတင်ပါတယ် အပိုင်း၅ ကိုလည်းဆက်အားပေးကြပါဦး.....ဇာတ်ကောင်အသစ်လေးတွေနဲ့လည်းမိတ်ဆက်ပေးဦးမယ်....