Part 4

75 10 2
                                        

နောက်​တစ်​​နေ့နံနက်​​ကျောင်းသွား​တော့...
သုတ​အောင်​တို့ ​ကျောင်းကိုလမ်း​လျှောက်​လာခဲ့တယ်​.....​ကျောင်း​ရောက်​​တော့
သုတ​အောင်​-​ဟေ့​ကောင်​​တွေ မင်းတို့​ရေသွားဝယ်​စမ်း ငါ​ရေအရမ်းဆာနေတယ်​ ငါ​မော​နေပြီ သွားဝယ်​စမ်း......
သူငယ်​ချင်းအချို့-ဟင်​ မင်းအဲ့​လောက်​​လေးနဲ့​မော​နေ​သေးတယ်​လား
သုတ​အောင်​-​မေးရင်​​မောတယ်​ကွာ ဘာဖြစ်​လဲ သွားသာဝယ်​စမ်းပါ သွား.....
သူငယ်​ချင်းအချို့-​အေး ​အေး ​အေးပါ သွားပါပြီ
အဲ့အချိန်​မှာ ရှိုင်း​နေ​အောင်​သူ့​ရှေ့က​နေဖြတ်​သွားတယ်
သုတ​အောင်​-​ဟျောင့်​...
ရှိုင်း​နေ​အောင်​-ဘာလဲ
သုတ​အောင်​-ငါ့ကိုမှတ်​မိ​သေးလား...
ရှိုင်း​နေ​အောင်​-မှတ်​မိတာ​ပေါ့ ဟို​နေ့ကငါ့ကိုလာ​နှောက်​ယှက်​တဲ့အ​ပေါကြီး​လေ
သုတ​အောင်​-ချီး....မင်းဘာ​​ပြောတာလဲ ငါ့ကိုများအ​ပေါတဲ့ မင်းက​ရောဘာ​တွေ​ကောင်း​နေလို့လဲ
ရှိုင်း​နေ​အောင်​-မင်းဘာ​ပြောချင်​တာလည်း မြန်​မြန်​​ပြော ​ပြောစရာမရှိရင်​ ငါသွား​တော့မယ်
သုတ​အောင်​-​နေဦး.....မင်းကရှိုင်း​နေ​အောင်​မလား
ရှိုင်း​နေ​အောင်​-အင်းဟုတ်​တယ်​​လေ ဘာလို့လဲ
သု​တ​အောင်​-​အေးမင်းက​ကျောင်းမှာ အမြဲတမ်းတစ်​ဆို​တော့ ငါ့ကိုတစ်​ခုလောက်​ကူညီပါ့လား
ရှိုင်း​နေ​အောင်​-ဘာကူညီရမှာလဲ
သုတ​အောင်​-ငါ့ကိုစာပြ​ပေး.....
ရှိုင်း​နေ​အောင်​-ဟင်​.....ဘာ​ပြောတယ်​ စာပြ​ပေးရမယ်​ဟုတ်​လား
သုတ​အောင်​-အင်းဟုတ်​တယ်​​လေ ဘာလို့လည်း မပြ​ပေးချင်​ဘူးလား
ရှိုင်း​နေ​အောင်​-ဟုတ်​တယ်​ မင်းလိုလူမျိုးကိုငါကမသိဘဲနဲ့ဘာလို့ စာပြရမှာလဲ
သုတ​အောင်​-အခုသိပြီမလား မိတ်​​ဆွေဖွဲ့ရ​အောင်​ ဟို​နေ့ကကိစ္စကိုလည်း​တောင်းပန်​ပါတယ်​​နော်​.....
ရှိုင်း​နေ​အောင်​-​အေးပါ မင်းက​ကျောင်းမှာစာအဖျင်းဆုံးဆို​တော့ ငါက​စေတနာနဲ့သင်​​ပေးရတာ​ပေါ့ သနားလို့​နော်​ နမို့ဆိုမသင်​​ပေးဘူး
သုတ​အောင်​-​ဟျောင့်​​ကျေးဇူးပဲ​နော်​ ဘယ်​​နေစသင်​ရမှာလည်း
ရှိုင်း​နေ​အောင်​-ဒီ​နေ့စမယ်​ ဘယ်​လိုလဲ
သုတ​အောင်​-အင်း​ကောင်းပါတယ်
ရှိုင်း​နေ​အောင်​-​နေ့လည်​စာကြည့်​တိုက်​ကိုလာခဲ့ ​နောက်​မကျ​စေနဲ့.....
သုတ​အောင်​-အင်းပြီး​ရော...
ရှိုင်း​နေ​အောင်​-အဲ့ဒါဆိုငါသွား​တော့မယ်​ လုပ်​စရာကိစ္စ​တွေရှိ​သေးလို့.....
သုတ​အောင်​-အင်း.....
ရှိုင်း​နေ​အောင်​ထွက်​သွားတယ်​ ​နောက်​သုတ​အောင်​သူငယ်​ချင်း​တွေပြန်​​ရောက်​လာတယ်​...
သူငယ်​ချင်းအချို့-​ရော့ မင်းဝယ်​ခိုင်းလိုက်​တဲ့​ရေ....
သုတ​အောင်​-ဟင်​ ​တော်​ပြီ ငါအ​မော​ပြေသွားပြီ
သူငယ်​ချင်းအချို့-ဟင်​ မင်းကလဲဘာလဲဟ အခုပဲ​မောတယ်​​ပြောပြီး အခု​ပြေသွားပြီတဲ့ အခုလည်းပြုံးဖြီး​နေတယ်​ ဘာလို့လဲဟ...
သုတ​အောင်​-ဘာလို့မှမဟုတ်​ပါဘူး ငါမင်းတို့နဲ့စကားမ​ပြော​တော့ဘူး ငါအတန်းထဲအ​စောကြီးဝင်​​တော့မယ်​ ​နော်​ သွားပြီ ​ရေး....ဟူး..... ဆိုပြီးခုန်​​ပေါက်​​ပြေးသွားတယ်​...
စိတ်​ထဲမှာလည်း ငါ​နေ့လည်​ကို​ရောက်​ချင်​လှပြီ ဆိုပြီး​တွေး​ပျော်​​နေတယ်​....
ကျောင်းတတ်​သွားပြီ......စာ​တွေဆရာကစသင်​​နေတယ်​........တဖြည်းဖြည်းနဲ့​နေ့လည်​​နေ​တောင်​မွန်းတည့်​​နေပြီ...ကလင်​....ကလင်​......
ကျောင်းဆင်း​ခေါင်း​လောင်းသံကြားတာနဲ့တစ်​ပြိုင်​နက်​ သုတ​အောင်​စာအုပ်​​တွေအမြန်​သိမ်းပြီး စာကြည့်​တိုက်​ဆီကိုအ​ပြေးလာခဲ့တယ်
သုတ​အောင်​-ငါဒီ​နေ့​စော​ရောက်​တယ်​ စာအုပ်​​တွေပြင်​ထားဦးမှ.....
ခဏအကြာ.....
ရှိုင်း​နေ​အောင်​​ရောက်​လာတယ်​....
ရှိုင်း​နေ​အောင်​-မင်းအ​စောကြီး​ရောက်​​နေပါလား
သုတ​အောင်​-မဟုတ်​ပါဘူး အခုမှ​ရောက်​တာ မင်းပဲ​နောက်​မကျ​စေနဲ့​ဆို
ရှိုင်း​နေ​အောင်​-ငါစကားကို​တော်​​တော်​နား​ထောင်​​နေပါလား ဘာ​ဆေး​တွေမှား​သောက်​​နေတာလဲ ဘယ်​သူ့စကားမှနားမ​ထောင်​တဲ့သူက ငါ့စကားမှနား​ထောင်​တယ်​ဆို​တော့........တယ်​ဟုတ်​ပါလား....
သုတ​အောင်​-မဟုတ်​ပါဘူးကွာ မင်းကငါ့ကိုစာသင်​​ပေးမှာဆို​တော့ ငါကမင်းစကားနား​ထောင်​ရမှာ​ပေါ့ကွ
ရှိုင်း​နေ​အောင်​-မင်းဘာ​ကြောင့်​အဲ့​လောက်​စာသင်​ချင်​​နေရတာလဲ
သုတ​အောင်​-ငါလာမယ့်​စာ​မေးပွဲမှာအဆင့်​​ကောင်းရင်​ ငါ့ကိုငါကြိုက်​တဲ့ဆိုင်​ကယ်​ဝယ်​​ပေးမယ့်​ဆိုလို့ ငါ့မိဘ​တွေက​ပြောလို့ဟ
ရှိုင်း​နေ​အောင်​-​အော်​ အဲ့လိုလား ထားပါ​တော့ စာစသင်​မယ်​.....
သုတ​အောင်​-အင်း
ရှိုင်း​နေ​အောင်​-Chapter 1 ကိုလှန်​လိုက်​ အဲ့မှာ..............​အေးဒီ​နေ့​တော့ ဒီ​လောက်​ပဲ ​နောက်​​နေ့မှ ဆက်​သင်​ကြတာ​ပေါ့
သုတ​အောင်​-အင်း ​နောက်​​နေ့​ရောဘယ်​အချိန်​လည်း
ရှိုင်း​နေ​အောင်​-​နေ့လည်​ ဒီလိုအချိန်​ပဲ​လေ
သုတ​အောင်​-​အော်​​အေး​အေး
ရှိုင်း​နေ​အောင်​-ငါ့ကိုစာအုပ်​​လေး​တွေကူသိမ်း​ပေးဦး
သုတ​အောင်​-​အေး....
သုတ​အောင်​နဲ့ရှိုင်း​နေ​အောင်​ စာအုပ်​​တွေ​သိမ်း​နေကြတယ်​ မထင်​မှတ်​ပဲ စာအုပ်​တစ်​အုပ်​ကို နှစ်​​ယောက်​သားပြိုင်​တူကိုင်​လိုက်​တယ်​ ရှိုင်း​နေ​အောင်​ရဲ့လက်​​ပေါ်မှာ သုတ​အောင်​လက်​ကအုပ်​လျက်​သားကိုင်​ထားမိတယ်​ နှစ်​​ယောက်​သားလန့်​ပြီး​တော့ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​​နေကြတယ်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​အတန်​ကြာတဲ့အထိအကြည့်​ချင်းစုံ​နေကြတယ်​ ကလင်​....ကလင်​....
ကျောင်းတက်​​ခေါင်း​လောင်းထိုးသွားပြီ သူတို့ရဲ့အကြည့်​​တွေတစ်​​ယောက်​နဲ့တစ်​​ယောက်​ပြန်​ရုတ်​သိမ်းသွားကြတယ်​....ရှိုင်း​နေ​အောင်​ကရှက်​ပြီး ငါသွား​တော့မယ်​ဆိုပြီးထွက်​​ပြေးသွားတယ်​ သုတ​အောင်​တစ်​​ယောက်​တည်း ​ငေးရင်းနဲ့ကျန်​ရစ်​ခဲ့တယ်​.......သုတ​အောင်​ကလက်​က​လေးကို ပါးပြင်​ကိုထိရင်း........ရင်​​တွေခုန်​​နေခဲ့တယ်​........ ဒါဘာ​ကြောင့်​လဲ လို့ ပါးစပ်​ကထွက်​ရင်း...........

ကျေးဇူးတင်​ပါတယ်​ အပိုင်း၅ ကို​လည်းဆက်​အား​ပေးကြပါဦး.....ဇာတ်​​ကောင်​အသစ်​​လေး​တွေနဲ့လည်းမိတ်​ဆက်​​ပေးဦးမယ်​....

ချစ်​မိ​တာအမှားလားWhere stories live. Discover now