"ကြ်န္ေတာ္လည္းစိတ္မေကာင္းျဖစ္ရတာပဲ...ဦးႏိုင္..."
သားႏိုင္ငံျခားတကၠသိုလ္မွာပညာသင္ခြင့္ကိုျငင္းဆန္တဲ့ကိစၥနဲ႔ပတ္သက္ၿပီးသားေရာသူ႕ကို စကားမေျပာသလိုလူခ်င္းပါမေတြ႕ျဖစ္တာဆယ္ရက္နီးပါး...အိမ္ေထာင္သက္တမ္းတစ္ေလ်ာက္မွာအၾကာျမင့္ဆံုးခြဲခြာမႈ...အနည္းဆံုးေတာ့သူ႕ဘက္ကစေျပလည္ဖို႔ႀကိဳးစားမလားေမွ်ာ္လင့္ခဲ့မိေပမဲ့ထင္သလိုျဖစ္မလာတဲ့အခါ ပိုခ်စ္ရတဲ့ကိုယ္ကပဲသူရွိရာအရပ္ေရာက္လာရသည္...
"ဒါေပမဲ့သားေပ်ာ္ရႊင္ဖို႔ကအဓိကက်တယ္လို႔စဥ္းစားလိုက္တဲ့အခါ...ကြ်န္ေတာ္လက္ခံေပးလို႔ရတယ္..."
ခပ္ေဝးေဝးကိုေငးရင္းအတည္ၿငိမ္ဆံုးေလသံနဲ႔ေျဖရွင္းခ်က္ေပးလာတဲ့သား,ပိုက္မ်က္ႏွာေလးဟာအနည္းငယ္ေခ်ာင္က်ေနသလို...ကိုယ့္ရင္ခြင္ထဲေရာက္ၿပီးကတည္းကအရိပ္တၾကည္႕ၾကည္႕နဲ႔ေစာင့္ေရွာက္ခဲ့ရတဲ့ကေလးမို႔ဒီထက္ပိုပစ္ထားလိုက္ရင္အိပ္ယာထဲလဲေတာ့မယ္ဆိုတဲ့အေတြးကေျပးၾကည္႕တာထက္မွန္ခဲ့သည္...ပိုခ်စ္ရတဲ့ကိုယ္ကသူ႕ဘက္ကိုေတြးေပးလိုက္တဲ့အခါအျပစ္တင္စကားဆိုရင္ေတာင္မွေဒါသအဟုန္မပါပဲစီးဆင္းသည္...
"ကိုယ္လည္းသားကိုေပ်ာ္ေစခ်င္တယ္ေလ...ဒါေပမဲ့...အနာဂတ္တစ္ခုလံုးနဲ႔အလဲအထပ္လုပ္လိုက္ရတဲ့ေပ်ာ္ရႊင္မႈမ်ိဳးေတာ့မျဖစ္ေစခ်င္ဘူး..."
"..."
ေဒါသသံမပါဘဲအတတ္ႏိုင္ဆံုးညင္သာစြာရွင္းျပတဲ့အခါမ်က္ဝန္းၾကည္ၾကည္ေလးေတြနဲ႔အၾကည္႕ခ်င္းဆံုေစရင္းဂ႐ုတစိုက္နားေထာင္သည္...
"ကိုယ္တို႔သားေတြဟာငယ္ေသးတယ္...သူေတာ္ေကာင္းေလး...အခ်စ္နဲ႔ပတ္သက္ရင္သူတို႔ကိုယ္သူတို႔ေကာင္မေလးေတြကိုခ်စ္တာလား...ဒါမွမဟုတ္ကိုယ္တို႔လိုပဲေယာက္်ားေလးအခ်င္းခ်င္းသေဘာက်တာလားေတာင္မေသခ်ာေသးဘူး..."
ဒီစကားရဲ႕အဓိပၸါယ္ဟာ 7 တန္းေလာက္ကတည္းကေကာင္မေလးေတြနဲ႔ေပၚတင္တြဲခဲ့တဲ့သားဇအားရည္ညႊန္းေၾကာင္းသူနားလည္လိမ့္မည္...
"သံေယာဇဥ္တစ္ခုတည္းနဲ႔အခုလိုမ်ိဳးဆံုးျဖတ္ခ်တာသိပ္ေတာ့သဘာဝမက်ဘူးေပါ့...ကိုယ္တို႔သားေတြကမိဘစကားကိုလံုးဝလက္သင့္မခံမဲ့ကေလးမ်ိဳးေတြမဟုတ္ဘူးေလ...အထူးသျဖင့္သူေတာ္ေကာင္းေလးေျပာရင္နားဝင္လက္ခံမဲ့သူေတြ..."
"..."
အားလံုးထက္သူ႕လက္ေပၚႀကီးျပင္းလာတဲ့ကေလးေတြမို႔တျခားသူေျပာတာထက္သူေျပာရင္နားပိုဝင္တတ္သည္...ဒါကိုသိေနပါလ်က္သားဆံုးျဖတ္ခ်က္ကိုတစ္ခြန္းတစ္ပါဒမွ်ဝင္မေျပာျခင္းကထင္တာမမွားဘူးဆိုရင္သူ႕တုန္းကလိုမ်ိဳးခ်စ္တဲ့လူကိုလက္လႊတ္ရျခင္းဆိုတဲ့ကိစၥအားသားကိုမခံစားေစလိုျခင္းျဖစ္လိမ့္မည္...
"သားတျခားမွာေက်ာင္းသြားတက္မွာမို႔သားဇေဆးခ်တယ္...အေၾကာင္းရင္းကသူသားကိုမခြဲခ်င္ဘူး...ဒါဆိုသားဇလည္းညံ႕ဖ်င္းေနတဲ့ကေလးမွမဟုတ္ဘဲ...တူညီတဲ့တကၠသိုလ္မွာတျခားသူစိတ္ဝင္စားရာေမဂ်ာေရြးခ်ယ္လို႔ရတယ္ေလ..."
"..."
"လူတစ္ေယာက္ကိုဆြဲထားႏိုင္ဖို႔ကိုယ့္ဘဝကိုဖ်က္စီးဖို႔လိုတယ္ဆိုတဲ့အေတြးမ်ိဳးကေလးေတြကိုမသင္ယူေစခ်င္ဘူး...အဲလိုပဲ...လူတစ္ေယာက္နားမွာအၿမဲေနႏိုင္ဖို႔ကိုယ့္အိပ္မက္ေတြစြန္႔လႊတ္ဖို႔လိုတယ္ဆိုတဲ့အယူအဆမ်ိဳးကေလးေတြကိုအမွတ္မမွားေစခ်င္ဘူး..."
"..."
"ၿပီးေတာ့...မစဥ္းစားတတ္ေသးတဲ့ကေလးေတြကိုျဖစ္ခ်င္တာျဖစ္ခြင့္ေပးလိုက္တာဟာအေကာင္းဆံုးအေျဖမဟုတ္ဘူးေလ...သူေတာ္ေကာင္းေလး...မိဘေနရာမွာရွိတဲ့ကိုယ္တို႔ေတြဟာသူတို႔ဘဝတစ္ေလ်ာက္လမ္းမွန္ေရာက္ဖို႔ေျဖာင့္မတ္ေအာင္ေဆာင္မေပးရမွာ..."
"..."
"ကိုယ္အခုသူေတာ္ေကာင္းေလးကိုအျပစ္တင္ေနတာမဟုတ္ဘူးေနာ္...ျဖစ္သင့္တာကိုေျပာျပတာ...သူတို႔ခ်င္းသံေယာဇဥ္ရွိတာမွန္ရင္ေဝးကြာခဲ့ဦးေတာ့နီးစပ္ဖို႔ႀကိဳးစားၾကမွာပဲဲ...ရည္ရြယ္ခ်က္ကိုယ္စီနဲ႔ေလ..."
ကိုယ့္စကားဆံုးေတာ့သူ႕ကိုယ္သူမွားသြားတယ္လို႔ယူဆပံုရသည္...အနားတိုးကပ္မိတဲ့ရင္ခြင္ထဲတိုးေဝွ႔ဝင္လာရင္းမ်က္ရည္က်သည္...
"ကြ်န္ေတာ္...ကြ်န္ေတာ္မွားသြားတာလား..."
"မမွားပါဘူးကြာ...ေစတနာအားႀကီးသြားေတာ့ဘာကိုမွမျမင္ႏိုင္ျဖစ္သြားတာ...မငိုနဲ႔ေတာ့...ကိုယ့္ေတာ္ေကာင္းေလးကိုယံုတယ္...ကိုယ္နဲ႔အတူသားတို႔ကိုျပန္ေျဖာင္းဖ်ၾကည္႕ၾကမလား...ေသြးေအးေလာက္ေနၿပီမို႔အဆင္ေျပမွာပါ..."
လက္တစ္ဖက္ကိုအသာဆုပ္ကိုင္ရင္းအားေပးသလိုေျပာေတာ့ဆက္တိုက္ဆိုသလိုေခါင္းညိတ္ျပရွာသည္...သားကိုသူ႕လိုခံစားရမွာေသမတတ္စိုးရိမ္ေနတဲ့ဖခင္ေပါက္စေလး...အမွန္ဆိုကိုယ့္ရင္ခြင္ထဲမွာသူလည္းေနသားက်ေနၿပီျဖစ္လ်က္...
.
.
.
3 ႏွစ္ၾကာၿပီးေနာက္...
.
.
.
"တီတီ...တီတီ..."
ႏွစ္ရက္က်န္ေသးတဲ့စာေမးပြဲေၾကာင့္စာအုပ္နဲ႔မ်က္ႏွာမခြာႏိုင္ျဖစ္ေနတဲ့အေျခအေနျမန္မာႏိုင္ငံကဝင္လာတဲ့ Group Call တစ္ခုေၾကာင့္ၿပံဳးမိသြားသည္...
"ဟဲလို..."
"ဟဲလို...သားထည္ေနေကာင္းလား..."
ကိုယ္တိုင္ကဆရာဝန္မို႔လားမသိ...ဖုန္းဆက္တာနဲ႔တန္းေမးတာကေနေကာင္းရဲ႕လား...ဒီမွာညေနေစာင္းေနၿပီျဖစ္ေပမဲ့ဟိုဘက္မွာေန႔ခင္းပဲရွိဦးမွာကိုဦးနဲ႔ကုတင္ေပၚမွာအတူလွဲရင္းဖုန္းေျပာေနသူဇေဖေဖ့ေၾကာင့္ေမးခြန္းထုတ္မိသည္...
"ဟုတ္...ေကာင္းတယ္...ေဖေဖဒီေန႔ေဆးခန္းမသြားဘူးလား..."
"အိမ္မွာအႀကီးစားလူနာႀကီးရွိေနလို႔သားထည္ေရ...ဒီေန႔ေဆးခန္းမသြားႏိုင္ဘူး..."
ဒီေလာက္ဆိုသေဘာေပါက္ၿပီ...ဦးတို႔နည္းနည္းေလာက္ေနမေကာင္းတာကိုအႀကီးအက်ယ္လုပ္ကာေဖေဖ့အားေဆးခန္းမသြားခိုင္းျခင္းျဖစ္ေပလိမ့္မည္...
"ဟပ္ခ်ိဳး..."
"ေဒး...ခဏ..."
ေျပာရင္းဆိုရင္းမ်က္ႏွာတစ္ဖက္လွည္႕ကာႏွာထေခ်တဲ့ဦးအားေဘးစားပြဲေပၚကတစ္႐ွဴးယူကာအသာအယာသုတ္ေပးေနသူေဖေဖ့ေၾကာင့္ၿပံဳးမိသည္...အသက္သာ40ေက်ာ္လာၾကတာသူတို႔ေတြကခ်စ္လို႔ေကာင္းတုန္း...
"ေဒးေဒးေတာ္ေတာ္ျဖစ္ေနတာလား...သိုင္း..."
ဘယ္အခ်ိန္ကGroup CallကိုလာJoinထားမွန္းမသိတဲ့ပါးပါးကScreenေပၚကတစ္ဆင့္ဦးကိုလွမ္းစိတ္ပူေနေသးသည္...
"ဘာမွမျဖစ္ဘူး...ပိုက္...စိတ္ပူမေနနဲ႔...မင္းေကာင္အလတ္ႀကီးရွိေသးတယ္..."
"..."
"ငါေဆးခန္းမသြားဖို႔မင္းေကာင္ဥာဏ္မ်ားခ်က္က9Plusေနာ္...ပိုက္...ႏွာေခ်တာေတာင္႐ိုးသားရဲ႕လားမသိဘူး...ႏွာေခ်မႈန္႔ေတြ႐ွဴခ်င္႐ွဴထားမွာဒီေကာင္..."
မ်က္ေစာင္းတစ္ခ်က္နဲ႔ဦးကိုမသကၤာသလိုၾကည္႕ကာေျပာေနတဲ့ေဖေဖ့မ်က္ႏွာမွာအခ်စ္ခိုးေတြေဝလို႔...ခ်စ္လို႔က်ီစားတယ္ဆိုတာဒါမ်ိဳးကိုေခၚတာျဖစ္မည္...
"ေအး...မင္းကေဆးခန္းေဆးခန္းဆိုၿပီးဆရာမေလးေတြနဲ႔သြားသြားႏွပ္ေနမွာကိုးကြ..."
"..."
"ေဒးေဒး...မင္းေကာင္မယံုရဘူးေနာ္..."
ပါးပါးအေျပာအဆံုးမွာဟုတ္လားဆိုတဲ့အၾကည္႕ေတြနဲ႔လွဲရာကထထိုင္လာသူဦးေၾကာင့္ေဖေဖတို႔အျပင္းအထန္ခုခံရွာသည္...
"ပိုက္...မင္းပုလင္းမခ်ိတ္စမ္းနဲ႔...အခုေတာင္နည္းနည္းေလးေနမေကာင္းတာကိုေညွာ္လြန္းလို႔...အဲဒီကိစၥေတြပါရစ္လာရင္ငါPOLထိမင္းကိုလာေခၚမွာေနာ္..."
"မင္းလာေခၚလည္းမလိုက္ႏိုင္ဘူး...ေဟ့ေရာင္...ငါမအားဘူး..."
"ျဖစ္ရတယ္...မင္းကဘာေတြမ်ားလုပ္ေနလို႔လဲ..."
ေဖေဖ့စကားအဆံုးမွာပါးပါးဘက္ကDaddyလို႔ထင္ရတဲ့တစ္စံုတစ္ေယာက္ကကင္မရာေနရာေရႊ႕ကာပါးပါးကိုသာမကေနာက္ကျမင္ကြင္းကိုပါျမင္သာေအာင္ျပလိုက္တဲ့အခါ...ေဆာက္ၿပီးကာစတစ္ထပ္တိုက္အျပာေလးတစ္လံုး...
"အဲဒါဘယ္ေရာက္ေနတာလဲ...ပိုက္..."
"ဘယ္မွမေရာက္ဘူး...ဦးႏိုင္Farmထဲမွာပဲ...ငါ့သားေတြျပန္လာရင္ေနရေအာင္လို႔ေဆာက္ေပးထားတာ...အတြင္းပိုင္းေတြရွင္းဖို႔လိုေသးလို႔မအားေသးဘူး..."
"ပိုက္...မင္းကေတာ့ကြာ..."
"ငါ့သားေတြကိုမနာလိုမျဖစ္ပါနဲ႔...ဟိုကျပန္လာရင္မႏၲေလးရာသီဥတုကိုကေလးေတြခံႏိုင္မွာမဟုတ္လို႔စီစဥ္ေပးထားတာ..."
"ေျပပိုက္မိုး...မင္းအဲလိုေတြက်ပ္က်ပ္အလိုလိုက္...အဲဒါေၾကာင့္မင္းသားေတြဆိုးေနတာ..."
အခ်စ္ေတြကိုစနစ္တက်ပံုေပးတတ္သည္႕ပါးပါးအားဦးရဲ႕အလိုမက်စြာတားျမစ္သံ...ဘယ္လိုပဲဆိုဆိုေနာက္ဆံုးေတာ့လည္းပါးပါးစကားကိုသာနားေထာင္တတ္တဲ့သားေတြနဲ႔ပါးပါးအလိုကိုသာလိုက္ရတဲ့Daddyရယ္သူ႕သူငယ္ခ်င္းေတြရယ္ပဲမို႔လား...
"အဲလိုေတြေၾကာင့္လဲငါ့သားေတြကမင္းစကားကိုနားမေထာင္တာပဲ...ေဒးေဒးရ...ဘယ့္ႏွယ္...ကေလးေတြကိုေမတၱာနဲ႔မဆက္ဆံပါပဲ..."
"..."
"ေတာ္ၿပီ...မင္းတို႔နဲ႔မေျပာဘူး...ငါ့သားေတြနဲ႔ပဲေျပာမယ္..."
ေနာက္ဆံုးေတာ့ကိုယ့္အလွည္႕ေရာက္လာၿပီျဖစ္တဲ့ဖုန္းေကာအားသေဘာတက်ၿပံဳးရင္းလက္ခံႏႈတ္ဆက္မိသည္...
"သားစာေမးပြဲကေျဖႏိုင္ရဲ႕လား..."
"ေျဖႏိုင္တယ္ပါးပါး..."
"သားဇေကာ..."
"သူကမေန႔ကၿပီးသြားၿပီေလ...အဲဒါမို႔အခုအိပ္ေနတာ..."
"အိပ္ေနတာဟုတ္ရဲ႕လား...သားထည္...ဦးတို႔သိတယ္ေနာ္...မေန႔ညက Beach Party ပံုေတြတက္လာတယ္..."
စာေမးပြဲၿပီးလို႔ညကဇတစ္ေယာက္Beach Partyမွာသြားေသာင္းက်န္းထားတဲ့အေၾကာင္းသူ႕ကိုTagထားတဲ့ပံုေတြကတစ္ဆင့္သိတာျဖစ္မည္...နားၾကပ္မတပ္ပဲေျပာေနတဲ့Video Callေၾကာင့္ဆူရင္မအိပ္တတ္တဲ့ဇကဘယ္အခ်ိန္ကတည္းကႏိုးေနလည္းမသိ...သူ႕Daddyစကားကိုဝင္ေထာက္သည္...
"ဒီညလည္းသြားဦးမွာDaddy...အျဖဴမေလးတစ္ေပြနဲ႔ခ်ိန္းထားလို႔..."
"ခန္႔ေတဇကို...မင္းကသာယာေနတယ္ေပါ့ေလ...ငါ့အေၾကြးေတြကိုဘယ္အခ်ိန္ဆပ္မွာလဲေျပာ..."
ပါးပါးတို႔ဆံုးမစကားကိုနားေထာင္ၿပီးေနာက္မွာRegisterလုပ္ဖို႔မမီေပမဲ့ေတာင္းပန္စာေၾကာင့္တက္ခြင့္ရခဲ့တဲ့တကၠသိုလ္...ကိုယ့္ေနာက္ကိုခ်က္ခ်င္းလိုက္ဖို႔ႀကိဳးစားတဲ့ဇအားBusiness Major တစ္ခုအတြက္ေက်ာင္းစရိတ္ဘယ္ေလာက္ေဈးႀကီးေၾကာင္းဦးကညစ္က်ယ္က်ယ္စေတာ့တစ္ခ်ိန္မွာျပန္ဆပ္မွာမို႔ခဏေခ်းတယ္လို႔သေဘာထားပါဟုဆိုကာမာနကိုေရွ႕တန္းတင္လာသူဇ...
"Daddyရယ္ေက်ာင္းၿပီးလို႔ဆပ္ရင္ၿပီးေရာမို႔လား..."
"ေအး...မဆပ္ႏိုင္လို႔ကေတာ့ငါ့အိမ္ရိပ္ကိုမနင္းနဲ႔ေနာ္..."
စတဲ့သူကလည္းစသလိုတင္းခံတဲ့သူကလည္းတင္းခံသည္...ေန႔တူနံတူသားအဖမို႔တည္႕တယ္ဆိုတာခပ္ရွားရွား...
"ဟားဟား...ပါးပါးေဆာက္ေပးထားတဲ့အိမ္မွာသြားေနမွာ..."
"ခန္႔ေတဇကို..."
"နားေထာင္ေနတယ္...Daddy..."
"ေဒး...ေတာ္ၿပီကြာ...ကေလးနဲ႔တုၿပီး..."
"..."
ေဖေဖရဲ႕တားျမစ္သံမွာၿငိမ္က်သြားတဲ့Daddy...စိတ္ထဲကပါတာလည္းမဟုတ္ဘဲလူကိုလာလာေအာ္တတ္တာအၿမဲပဲ...
"သားငယ္ေရာ...သားထည္ေရာ...က်န္းမာေရးဂ႐ုစိုက္...သားငယ္သားထည္မပါဘဲအျပင္သြားတာေတြဆင္ျခင္...ျပန္လာဖို႔ေလယာဥ္လက္မွတ္ေတြစီစဥ္ၿပီးၿပီလား...ေဖေဖတို႔ဘာလုပ္ေပးရဦးမလဲ..."
"ရတယ္...ေဖေဖ...အားလံုးစီစဥ္ၿပီးၿပီ...ေဖေဖ့သားၿပီးတာနဲ႔ျပန္လာ႐ံုပဲ..."
"OK ေမွ်ာ္ေနမယ္..."
"ဟုတ္..."
"သားဇ...ပါးပါးလက္ေဆာင္သေဘာက်လား..."
"ပါးပါး is the best ပဲ...အမ်ားႀကီးခ်စ္တယ္ပါးပါး..."
"ေကာင္းေကာင္းမြန္မြန္ျပန္လာေနာ္..."
"ဟုတ္...ေရာက္တာနဲ႔ပါးပါးရင္ခြင္ဆီတန္းေျပးလာမွာ..."
"ဟုတ္ပါၿပီကြာ...ပါးပါးအဲဒါဆိုဖုန္းခ်ေတာ့မယ္..."
"OK ပါးပါး...See You!"
"သူေတာ္ေကာင္းေလး...အဲ့ဘက္မသြားနဲ႔..."
"ဟုတ္..."
ဖုန္းခ်ခါနီးမွာပါးပါးအား႐ုတ္တရက္တားျမစ္လိုက္သူဦးႏိုင္ရဲ႕အသံ...ေဘးလူအေနနဲ႔နားေထာင္ရတာေတာင္စိုးရိမ္မႈေတြဘ
္ေလာက္ပါဝင္ေနမွန္းခန္႔မွန္းလို႔ရသည္...သူခ်စ္ကိုပိုင္ဆိုင္ထားရတဲ့ပါးပါးဘယ္ေလာက္ေတာင္ကံေကာင္းလိုက္ေလသလဲဆိုၿပီးေတာ့တာလူေတြကျမင္ၾကတာ...အဲဒီကံေကာင္းမႈရဲ႕ေနာက္ကြယ္ကပါးပါးသစၥာရွိမႈေတြအေၾကာင္းလူေတြစိတ္မဝင္စားၾကဘူး...ဘာပဲျဖစ္ျဖစ္ဦးႏိုင္ေရာပါးပါးေရာကေတာ့ဘဝကိုအလွပဆံုးပံုေဖာ္ႏိုင္ခဲ့ၾကတယ္...Daddy နဲ႔ ေဖေဖ တို႔ပံုေဖာ္ခဲ့သလိုမ်ိဳးေပါ့...ဒါဆိုကြ်န္ေတာ္တို႔ကေရာ...
"ေဖေဖတို႔လည္းဖုန္းခ်ေတာ့မယ္...သားတို႔..."
"ဟုတ္...Daddy ကို Take Care ေနာ္ေဖေဖ..."
"ေအးပါကြာ..."
ဖုန္းခ်အၿပီးကုတင္ေပၚျပန္တက္မယ္အလုပ္စာၾကည္႕စားပြဲကေနေရႊ႕ဖို႔မႀကိဳးစားသူအားေနာက္ကသိုင္းဖက္မိသည္...
"ဇ...ေတာ္ေတာ့...ေတာ္ေတာ့လို႔..."
"..."
"အင္း...ေတာ္ေတာ့ဆို...အ...ေခြးေလး..."
မေကာင္းတဲ့ေကာင္ေလးဇဟာေလေနာက္ကေနလည္ပင္းနားကိုကပ္ၿပီးနမ္းရရင္ေတာ္ၿပီေပါ့...အခုေတာ့မဟုတ္ဘူး...လည္ဇလုပ္ရွိရာေနရာကိုမွလာလာနမ္းၿပီးကိုက္တတ္တာဘာအက်င့္မွန္းမသိ...သူလာနမ္းၿပီဆို Feel ရတာနည္းနည္း...လည္ပင္းႀကီးလန္ၿပီးေမာ့ထားရလို႔ဇက္ေညာင္းရတာမ်ားမ်ား...
"ထည္...မင္းကိုအမ်ားႀကီးခ်စ္တယ္..."
"ငါကမင္းထက္အၿမဲပိုတယ္...ဇ..."
နားရြက္ဖ်ားနားကပ္ကာခပ္တိုးတိုးသူ႕စကားအဆံုးမွာႏႈတ္ခမ္းေပၚကပူေႏြးေႏြးအထိအေတြ႕တစ္ခု...ပထမဆံုးနဲ႔ေနာက္ဆံုးအေနနဲ႔ပိုင္ဆိုင္ခဲ့ရတဲ့လူသားေလးမို႔လို႔မင္းထက္အၿမဲပိုတယ္ဆိုတာကလြဲလို႔တျခားစကားလံုးတို႔မရွိခဲ့...
~~~~~THE END~~~~~
ဒီဇာတ္လမ္းေလးကိုဒီမွာတင္အဆံုးသတ္ပါၿပီလို႔...
လိုက္ပါစီးေမ်ာေပးတဲ့လူေတြအားလံုးကိုေက်းဇူးတင္ပါတယ္...
Comments ေတြမွာ Reply မျပန္ျဖစ္ေပမဲ့ဂ႐ုတစိုက္ဖတ္ပါတယ္ေနာ္...
😃😃😃
တစ္ခုေျပာခ်င္တာကကိုယ္ဟာအေပ်ာ္တမ္းစာေရးတာပါ...
စိတ္ကူးယဥ္ၿပီးျဖစ္ခ်င္တာေလးေတြကိုဖန္တီးထားတာမို႔တစ္ခါတစ္ေလလက္ေတြ႕မဆန္ခဲ့တာေတြရွိမွာပါ...
နားလည္ေပးမယ္လို႔ေမွ်ာ္လင့္ပါတယ္...
😃😃😃
ဗဟုသုတမပါတဲ့စာေလးေတြကိုအခ်ိန္ေပးၿပီးဖတ္ေပးတာနဲ႔တင္ေက်းဇူးတင္လွပါၿပီလို႔...
😃😃😃
Unicode
"ကျွန်တော်လည်းစိတ်မကောင်းဖြစ်ရတာပဲ...ဦးနိုင်..."
သားနိုင်ငံခြားတက္ကသိုလ်မှာပညာသင်ခွင့်ကိုငြင်းဆန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသားရောသူ့ကို စကားမပြောသလိုလူချင်းပါမတွေ့ဖြစ်တာဆယ်ရက်နီးပါး...အိမ်ထောင်သက်တမ်းတစ်လျောက်မှာအကြာမြင့်ဆုံးခွဲခွာမှု...အနည်းဆုံးတော့သူ့ဘက်ကစပြေလည်ဖို့ကြိုးစားမလားမျှော်လင့်ခဲ့မိပေမဲ့ထင်သလိုဖြစ်မလာတဲ့အခါ ပိုချစ်ရတဲ့ကိုယ်ကပဲသူရှိရာအရပ်ရောက်လာရသည်...
"ဒါပေမဲ့သားပျော်ရွှင်ဖို့ကအဓိကကျတယ်လို့စဉ်းစားလိုက်တဲ့အခါ...ကျွန်တော်လက်ခံပေးလို့ရတယ်..."
ခပ်ဝေးဝေးကိုငေးရင်းအတည်ငြိမ်ဆုံးလေသံနဲ့ဖြေရှင်းချက်ပေးလာတဲ့သား,ပိုက်မျက်နှာလေးဟာအနည်းငယ်ချောင်ကျနေသလို...ကိုယ့်ရင်ခွင်ထဲရောက်ပြီးကတည်းကအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့ရတဲ့ကလေးမို့ဒီထက်ပိုပစ်ထားလိုက်ရင်အိပ်ယာထဲလဲတော့မယ်ဆိုတဲ့အတွေးကပြေးကြည့်တာထက်မှန်ခဲ့သည်...ပိုချစ်ရတဲ့ကိုယ်ကသူ့ဘက်ကိုတွေးပေးလိုက်တဲ့အခါအပြစ်တင်စကားဆိုရင်တောင်မှဒေါသအဟုန်မပါပဲစီးဆင်းသည်...
"ကိုယ်လည်းသားကိုပျော်စေချင်တယ်လေ...ဒါပေမဲ့...အနာဂတ်တစ်ခုလုံးနဲ့အလဲအထပ်လုပ်လိုက်ရတဲ့ပျော်ရွှင်မှုမျိုးတော့မဖြစ်စေချင်ဘူး..."
"..."
ဒေါသသံမပါဘဲအတတ်နိုင်ဆုံးညင်သာစွာရှင်းပြတဲ့အခါမျက်ဝန်းကြည်ကြည်လေးတွေနဲ့အကြည့်ချင်းဆုံစေရင်းဂရုတစိုက်နားထောင်သည်...
"ကိုယ်တို့သားတွေဟာငယ်သေးတယ်...သူတော်ကောင်းလေး...အချစ်နဲ့ပတ်သက်ရင်သူတို့ကိုယ်သူတို့ကောင်မလေးတွေကိုချစ်တာလား...ဒါမှမဟုတ်ကိုယ်တို့လိုပဲယောက်ျားလေးအချင်းချင်းသဘောကျတာလားတောင်မသေချာသေးဘူး..."
ဒီစကားရဲ့အဓိပ္ပါယ်ဟာ 7 တန်းလောက်ကတည်းကကောင်မလေးတွေနဲ့ပေါ်တင်တွဲခဲ့တဲ့သားဇအားရည်ညွှန်းကြောင်းသူနားလည်လိမ့်မည်...
"သံယောဇဉ်တစ်ခုတည်းနဲ့အခုလိုမျိုးဆုံးဖြတ်ချတာသိပ်တော့သဘာဝမကျဘူးပေါ့...ကိုယ်တို့သားတွေကမိဘစကားကိုလုံးဝလက်သင့်မခံမဲ့ကလေးမျိုးတွေမဟုတ်ဘူးလေ...အထူးသဖြင့်သူတော်ကောင်းလေးပြောရင်နားဝင်လက်ခံမဲ့သူတွေ..."
"..."
အားလုံးထက်သူ့လက်ပေါ်ကြီးပြင်းလာတဲ့ကလေးတွေမို့တခြားသူပြောတာထက်သူပြောရင်နားပိုဝင်တတ်သည်...ဒါကိုသိနေပါလျက်သားဆုံးဖြတ်ချက်ကိုတစ်ခွန်းတစ်ပါဒမျှဝင်မပြောခြင်းကထင်တာမမှားဘူးဆိုရင်သူ့တုန်းကလိုမျိုးချစ်တဲ့လူကိုလက်လွှတ်ရခြင်းဆိုတဲ့ကိစ္စအားသားကိုမခံစားစေလိုခြင်းဖြစ်လိမ့်မည်...
"သားတခြားမှာကျောင်းသွားတက်မှာမို့သားဇဆေးချတယ်...အကြောင်းရင်းကသူသားကိုမခွဲချင်ဘူး...ဒါဆိုသားဇလည်းညံ့ဖျင်းနေတဲ့ကလေးမှမဟုတ်ဘဲ...တူညီတဲ့တက္ကသိုလ်မှာတခြားသူစိတ်ဝင်စားရာမေဂျာရွေးချယ်လို့ရတယ်လေ..."
"..."
"လူတစ်ယောက်ကိုဆွဲထားနိုင်ဖို့ကိုယ့်ဘဝကိုဖျက်စီးဖို့လိုတယ်ဆိုတဲ့အတွေးမျိုးကလေးတွေကိုမသင်ယူစေချင်ဘူး...အဲလိုပဲ...လူတစ်ယောက်နားမှာအမြဲနေနိုင်ဖို့ကိုယ့်အိပ်မက်တွေစွန့်လွှတ်ဖို့လိုတယ်ဆိုတဲ့အယူအဆမျိုးကလေးတွေကိုအမှတ်မမှားစေချင်ဘူး..."
"..."
"ပြီးတော့...မစဉ်းစားတတ်သေးတဲ့ကလေးတွေကိုဖြစ်ချင်တာဖြစ်ခွင့်ပေးလိုက်တာဟာအကောင်းဆုံးအဖြေမဟုတ်ဘူးလေ...သူတော်ကောင်းလေး...မိဘနေရာမှာရှိတဲ့ကိုယ်တို့တွေဟာသူတို့ဘဝတစ်လျောက်လမ်းမှန်ရောက်ဖို့ဖြောင့်မတ်အောင်ဆောင်မပေးရမှာ..."
"..."
"ကိုယ်အခုသူတော်ကောင်းလေးကိုအပြစ်တင်နေတာမဟုတ်ဘူးနော်...ဖြစ်သင့်တာကိုပြောပြတာ...သူတို့ချင်းသံယောဇဉ်ရှိတာမှန်ရင်ဝေးကွာခဲ့ဦးတော့နီးစပ်ဖို့ကြိုးစားကြမှာပဲဲ...ရည်ရွယ်ချက်ကိုယ်စီနဲ့လေ..."
ကိုယ့်စကားဆုံးတော့သူ့ကိုယ်သူမှားသွားတယ်လို့ယူဆပုံရသည်...အနားတိုးကပ်မိတဲ့ရင်ခွင်ထဲတိုးဝှေ့ဝင်လာရင်းမျက်ရည်ကျသည်...
"ကျွန်တော်...ကျွန်တော်မှားသွားတာလား..."
"မမှားပါဘူးကွာ...စေတနာအားကြီးသွားတော့ဘာကိုမှမမြင်နိုင်ဖြစ်သွားတာ...မငိုနဲ့တော့...ကိုယ့်တော်ကောင်းလေးကိုယုံတယ်...ကိုယ်နဲ့အတူသားတို့ကိုပြန်ဖြောင်းဖျကြည့်ကြမလား...သွေးအေးလောက်နေပြီမို့အဆင်ပြေမှာပါ..."
လက်တစ်ဖက်ကိုအသာဆုပ်ကိုင်ရင်းအားပေးသလိုပြောတော့ဆက်တိုက်ဆိုသလိုခေါင်းညိတ်ပြရှာသည်...သားကိုသူ့လိုခံစားရမှာသေမတတ်စိုးရိမ်နေတဲ့ဖခင်ပေါက်စလေး...အမှန်ဆိုကိုယ့်ရင်ခွင်ထဲမှာသူလည်းနေသားကျနေပြီဖြစ်လျက်...
.
.
.
3 နှစ်ကြာပြီးနောက်...
.
.
.
"တီတီ...တီတီ..."
နှစ်ရက်ကျန်သေးတဲ့စာမေးပွဲကြောင့်စာအုပ်နဲ့မျက်နှာမခွာနိုင်ဖြစ်နေတဲ့အခြေအနေမြန်မာနိုင်ငံကဝင်လာတဲ့ Group Call တစ်ခုကြောင့်ပြုံးမိသွားသည်...
"ဟဲလို..."
"ဟဲလို...သားထည်နေကောင်းလား..."
ကိုယ်တိုင်ကဆရာဝန်မို့လားမသိ...ဖုန်းဆက်တာနဲ့တန်းမေးတာကနေကောင်းရဲ့လား...ဒီမှာညနေစောင်းနေပြီဖြစ်ပေမဲ့ဟိုဘက်မှာနေ့ခင်းပဲရှိဦးမှာကိုဦးနဲ့ကုတင်ပေါ်မှာအတူလှဲရင်းဖုန်းပြောနေသူဇဖေဖေ့ကြောင့်မေးခွန်းထုတ်မိသည်...
"ဟုတ်...ကောင်းတယ်...ဖေဖေဒီနေ့ဆေးခန်းမသွားဘူးလား..."
"အိမ်မှာအကြီးစားလူနာကြီးရှိနေလို့သားထည်ရေ...ဒီနေ့ဆေးခန်းမသွားနိုင်ဘူး..."
ဒီလောက်ဆိုသဘောပေါက်ပြီ...ဦးတို့နည်းနည်းလောက်နေမကောင်းတာကိုအကြီးအကျယ်လုပ်ကာဖေဖေ့အားဆေးခန်းမသွားခိုင်းခြင်းဖြစ်ပေလိမ့်မည်...
"ဟပ်ချိုး..."
"ဒေး...ခဏ..."
ပြောရင်းဆိုရင်းမျက်နှာတစ်ဖက်လှည့်ကာနှာထချေတဲ့ဦးအားဘေးစားပွဲပေါ်ကတစ်ရှူးယူကာအသာအယာသုတ်ပေးနေသူဖေဖေ့ကြောင့်ပြုံးမိသည်...အသက်သာ40ကျော်လာကြတာသူတို့တွေကချစ်လို့ကောင်းတုန်း...
"ဒေးဒေးတော်တော်ဖြစ်နေတာလား...သိုင်း..."
ဘယ်အချိန်ကGroup CallကိုလာJoinထားမှန်းမသိတဲ့ပါးပါးကScreenပေါ်ကတစ်ဆင့်ဦးကိုလှမ်းစိတ်ပူနေသေးသည်...
"ဘာမှမဖြစ်ဘူး...ပိုက်...စိတ်ပူမနေနဲ့...မင်းကောင်အလတ်ကြီးရှိသေးတယ်..."
"..."
"ငါဆေးခန်းမသွားဖို့မင်းကောင်ဉာဏ်များချက်က9Plusနော်...ပိုက်...နှာချေတာတောင်ရိုးသားရဲ့လားမသိဘူး...နှာချေမှုန့်တွေရှူချင်ရှူထားမှာဒီကောင်..."
မျက်စောင်းတစ်ချက်နဲ့ဦးကိုမသင်္ကာသလိုကြည့်ကာပြောနေတဲ့ဖေဖေ့မျက်နှာမှာအချစ်ခိုးတွေဝေလို့...ချစ်လို့ကျီစားတယ်ဆိုတာဒါမျိုးကိုခေါ်တာဖြစ်မည်...
"အေး...မင်းကဆေးခန်းဆေးခန်းဆိုပြီးဆရာမလေးတွေနဲ့သွားသွားနှပ်နေမှာကိုးကွ..."
"..."
"ဒေးဒေး...မင်းကောင်မယုံရဘူးနော်..."
ပါးပါးအပြောအဆုံးမှာဟုတ်လားဆိုတဲ့အကြည့်တွေနဲ့လှဲရာကထထိုင်လာသူဦးကြောင့်ဖေဖေတို့အပြင်းအထန်ခုခံရှာသည်...
"ပိုက်...မင်းပုလင်းမချိတ်စမ်းနဲ့...အခုတောင်နည်းနည်းလေးနေမကောင်းတာကိုညှော်လွန်းလို့...အဲဒီကိစ္စတွေပါရစ်လာရင်ငါPOLထိမင်းကိုလာခေါ်မှာနော်..."
"မင်းလာခေါ်လည်းမလိုက်နိုင်ဘူး...ဟေ့ရောင်...ငါမအားဘူး..."
"ဖြစ်ရတယ်...မင်းကဘာတွေများလုပ်နေလို့လဲ..."
ဖေဖေ့စကားအဆုံးမှာပါးပါးဘက်ကDaddyလို့ထင်ရတဲ့တစ်စုံတစ်ယောက်ကကင်မရာနေရာရွှေ့ကာပါးပါးကိုသာမကနောက်ကမြင်ကွင်းကိုပါမြင်သာအောင်ပြလိုက်တဲ့အခါ...ဆောက်ပြီးကာစတစ်ထပ်တိုက်အပြာလေးတစ်လုံး...
"အဲဒါဘယ်ရောက်နေတာလဲ...ပိုက်..."
"ဘယ်မှမရောက်ဘူး...ဦးနိုင်Farmထဲမှာပဲ...ငါ့သားတွေပြန်လာရင်နေရအောင်လို့ဆောက်ပေးထားတာ...အတွင်းပိုင်းတွေရှင်းဖို့လိုသေးလို့မအားသေးဘူး..."
"ပိုက်...မင်းကတော့ကွာ..."
"ငါ့သားတွေကိုမနာလိုမဖြစ်ပါနဲ့...ဟိုကပြန်လာရင်မန္တလေးရာသီဥတုကိုကလေးတွေခံနိုင်မှာမဟုတ်လို့စီစဉ်ပေးထားတာ..."
"ပြေပိုက်မိုး...မင်းအဲလိုတွေကျပ်ကျပ်အလိုလိုက်...အဲဒါကြောင့်မင်းသားတွေဆိုးနေတာ..."
အချစ်တွေကိုစနစ်တကျပုံပေးတတ်သည့်ပါးပါးအားဦးရဲ့အလိုမကျစွာတားမြစ်သံ...ဘယ်လိုပဲဆိုဆိုနောက်ဆုံးတော့လည်းပါးပါးစကားကိုသာနားထောင်တတ်တဲ့သားတွေနဲ့ပါးပါးအလိုကိုသာလိုက်ရတဲ့Daddyရယ်သူ့သူငယ်ချင်းတွေရယ်ပဲမို့လား...
"အဲလိုတွေကြောင့်လဲငါ့သားတွေကမင်းစကားကိုနားမထောင်တာပဲ...ဒေးဒေးရ...ဘယ့်နှယ်...ကလေးတွေကိုမေတ္တာနဲ့မဆက်ဆံပါပဲ..."
"..."
"တော်ပြီ...မင်းတို့နဲ့မပြောဘူး...ငါ့သားတွေနဲ့ပဲပြောမယ်..."
နောက်ဆုံးတော့ကိုယ့်အလှည့်ရောက်လာပြီဖြစ်တဲ့ဖုန်းကောအားသဘောတကျပြုံးရင်းလက်ခံနှုတ်ဆက်မိသည်...
"သားစာမေးပွဲကဖြေနိုင်ရဲ့လား..."
"ဖြေနိုင်တယ်ပါးပါး..."
"သားဇကော..."
"သူကမနေ့ကပြီးသွားပြီလေ...အဲဒါမို့အခုအိပ်နေတာ..."
"အိပ်နေတာဟုတ်ရဲ့လား...သားထည်...ဦးတို့သိတယ်နော်...မနေ့ညက Beach Party ပုံတွေတက်လာတယ်..."
စာမေးပွဲပြီးလို့ညကဇတစ်ယောက်Beach Partyမှာသွားသောင်းကျန်းထားတဲ့အကြောင်းသူ့ကိုTagထားတဲ့ပုံတွေကတစ်ဆင့်သိတာဖြစ်မည်...နားကြပ်မတပ်ပဲပြောနေတဲ့Video Callကြောင့်ဆူရင်မအိပ်တတ်တဲ့ဇကဘယ်အချိန်ကတည်းကနိုးနေလည်းမသိ...သူ့Daddyစကားကိုဝင်ထောက်သည်...
"ဒီညလည်းသွားဦးမှာDaddy...အဖြူမလေးတစ်ပွေနဲ့ချိန်းထားလို့..."
"ခန့်တေဇကို...မင်းကသာယာနေတယ်ပေါ့လေ...ငါ့အကြွေးတွေကိုဘယ်အချိန်ဆပ်မှာလဲပြော..."
ပါးပါးတို့ဆုံးမစကားကိုနားထောင်ပြီးနောက်မှာRegisterလုပ်ဖို့မမီပေမဲ့တောင်းပန်စာကြောင့်တက်ခွင့်ရခဲ့တဲ့တက္ကသိုလ်...ကိုယ့်နောက်ကိုချက်ချင်းလိုက်ဖို့ကြိုးစားတဲ့ဇအားBusiness Major တစ်ခုအတွက်ကျောင်းစရိတ်ဘယ်လောက်ဈေးကြီးကြောင်းဦးကညစ်ကျယ်ကျယ်စတော့တစ်ချိန်မှာပြန်ဆပ်မှာမို့ခဏချေးတယ်လို့သဘောထားပါဟုဆိုကာမာနကိုရှေ့တန်းတင်လာသူဇ...
"Daddyရယ်ကျောင်းပြီးလို့ဆပ်ရင်ပြီးရောမို့လား..."
"အေး...မဆပ်နိုင်လို့ကတော့ငါ့အိမ်ရိပ်ကိုမနင်းနဲ့နော်..."
စတဲ့သူကလည်းစသလိုတင်းခံတဲ့သူကလည်းတင်းခံသည်...နေ့တူနံတူသားအဖမို့တည့်တယ်ဆိုတာခပ်ရှားရှား...
"ဟားဟား...ပါးပါးဆောက်ပေးထားတဲ့အိမ်မှာသွားနေမှာ..."
"ခန့်တေဇကို..."
"နားထောင်နေတယ်...Daddy..."
"ဒေး...တော်ပြီကွာ...ကလေးနဲ့တုပြီး..."
"..."
ဖေဖေရဲ့တားမြစ်သံမှာငြိမ်ကျသွားတဲ့Daddy...စိတ်ထဲကပါတာလည်းမဟုတ်ဘဲလူကိုလာလာအော်တတ်တာအမြဲပဲ...
"သားငယ်ရော...သားထည်ရော...ကျန်းမာရေးဂရုစိုက်...သားငယ်သားထည်မပါဘဲအပြင်သွားတာတွေဆင်ခြင်...ပြန်လာဖို့လေယာဉ်လက်မှတ်တွေစီစဉ်ပြီးပြီလား...ဖေဖေတို့ဘာလုပ်ပေးရဦးမလဲ..."
"ရတယ်...ဖေဖေ...အားလုံးစီစဉ်ပြီးပြီ...ဖေဖေ့သားပြီးတာနဲ့ပြန်လာရုံပဲ..."
"OK မျှော်နေမယ်..."
"ဟုတ်..."
"သားဇ...ပါးပါးလက်ဆောင်သဘောကျလား..."
"ပါးပါး is the best ပဲ...အများကြီးချစ်တယ်ပါးပါး..."
"ကောင်းကောင်းမွန်မွန်ပြန်လာနော်..."
"ဟုတ်...ရောက်တာနဲ့ပါးပါးရင်ခွင်ဆီတန်းပြေးလာမှာ..."
"ဟုတ်ပါပြီကွာ...ပါးပါးအဲဒါဆိုဖုန်းချတော့မယ်..."
"OK ပါးပါး...See You!"
"သူတော်ကောင်းလေး...အဲ့ဘက်မသွားနဲ့..."
"ဟုတ်..."
ဖုန်းချခါနီးမှာပါးပါးအားရုတ်တရက်တားမြစ်လိုက်သူဦးနိုင်ရဲ့အသံ...ဘေးလူအနေနဲ့နားထောင်ရတာတောင်စိုးရိမ်မှုတွေဘ
်လောက်ပါဝင်နေမှန်းခန့်မှန်းလို့ရသည်...သူချစ်ကိုပိုင်ဆိုင်ထားရတဲ့ပါးပါးဘယ်လောက်တောင်ကံကောင်းလိုက်လေသလဲဆိုပြီးတော့တာလူတွေကမြင်ကြတာ...အဲဒီကံကောင်းမှုရဲ့နောက်ကွယ်ကပါးပါးသစ္စာရှိမှုတွေအကြောင်းလူတွေစိတ်မဝင်စားကြဘူး...ဘာပဲဖြစ်ဖြစ်ဦးနိုင်ရောပါးပါးရောကတော့ဘဝကိုအလှပဆုံးပုံဖော်နိုင်ခဲ့ကြတယ်...Daddy နဲ့ ဖေဖေ တို့ပုံဖော်ခဲ့သလိုမျိုးပေါ့...ဒါဆိုကျွန်တော်တို့ကရော...
"ဖေဖေတို့လည်းဖုန်းချတော့မယ်...သားတို့..."
"ဟုတ်...Daddy ကို Take Care နော်ဖေဖေ..."
"အေးပါကွာ..."
ဖုန်းချအပြီးကုတင်ပေါ်ပြန်တက်မယ်အလုပ်စာကြည့်စားပွဲကနေရွှေ့ဖို့မကြိုးစားသူအားနောက်ကသိုင်းဖက်မိသည်...
"ဇ...တော်တော့...တော်တော့လို့..."
"..."
"အင်း...တော်တော့ဆို...အ...ခွေးလေး..."
မကောင်းတဲ့ကောင်လေးဇဟာလေနောက်ကနေလည်ပင်းနားကိုကပ်ပြီးနမ်းရရင်တော်ပြီပေါ့...အခုတော့မဟုတ်ဘူး...လည်ဇလုပ်ရှိရာနေရာကိုမှလာလာနမ်းပြီးကိုက်တတ်တာဘာအကျင့်မှန်းမသိ...သူလာနမ်းပြီဆို Feel ရတာနည်းနည်း...လည်ပင်းကြီးလန်ပြီးမော့ထားရလို့ဇက်ညောင်းရတာများများ...
"ထည်...မင်းကိုအများကြီးချစ်တယ်..."
"ငါကမင်းထက်အမြဲပိုတယ်...ဇ..."
နားရွက်ဖျားနားကပ်ကာခပ်တိုးတိုးသူ့စကားအဆုံးမှာနှုတ်ခမ်းပေါ်ကပူနွေးနွေးအထိအတွေ့တစ်ခု...ပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ပိုင်ဆိုင်ခဲ့ရတဲ့လူသားလေးမို့လို့မင်းထက်အမြဲပိုတယ်ဆိုတာကလွဲလို့တခြားစကားလုံးတို့မရှိခဲ့...
~~~~~THE END~~~~~
ဒီဇာတ်လမ်းလေးကိုဒီမှာတင်အဆုံးသတ်ပါပြီလို့...
လိုက်ပါစီးမျောပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်...
Comments တွေမှာ Reply မပြန်ဖြစ်ပေမဲ့ဂရုတစိုက်ဖတ်ပါတယ်နော်...
😃😃😃
တစ်ခုပြောချင်တာကကိုယ်ဟာအပျော်တမ်းစာရေးတာပါ...
စိတ်ကူးယဉ်ပြီးဖြစ်ချင်တာလေးတွေကိုဖန်တီးထားတာမို့တစ်ခါတစ်လေလက်တွေ့မဆန်ခဲ့တာတွေရှိမှာပါ...
နားလည်ပေးမယ်လို့မျှော်လင့်ပါတယ်...
😃😃😃
ဗဟုသုတမပါတဲ့စာလေးတွေကိုအချိန်ပေးပြီးဖတ်ပေးတာနဲ့တင်ကျေးဇူးတင်လှပါပြီလို့...
😃😃😃