(Unicode)
ချောက်နက်နက်ထဲ ထိုးကျသွားသလိုမျိုး ။
ကျွန်တော့်လက်ဖျားများက ရုတ်ခြည်းအေးစက်ကာ၊
" Jungkook !!!!!!"
ပြန်လည်ပြတ်တောင်းသွားပါသော လေလှိုင်းများ။
တုန်ယင်နေသောလက်အစုံဖြင့် ကျွန်တော်
ပြန်ခေါ်မိသော်လည်း ၊ စက်ပိတ်သွားသည်ဟုသာ။
ကျွန်တော် ကြိမ်ဖန်တလဲလဲကြိုးစားနေပေမယ့်
မရခဲ့။ ရင်တွေသာ မောဟိုက်လာခဲ့သည်။
ကျွန်တော့် ပါးပြင်နားကပ်ပြီး ခပ်ရှရှ လေယူလေသိမ်းဖြင့်
"Babe" ဟု ခေါ်ခဲ့ဖူးသော ယောကျာ်းမှာ
Jeon Jungkook တစ်ဦးတည်းသာရှိသည်မို့၊
လေလှိုင်းပင်ဖြစ်လင့်ကစားဦး။ကျွန်တော် နှလုံးသားက မေ့သွားနိုင်လောက်အောင် ပေါ့ပျက်ပျက် အမျိုးအစားထဲ
မပါပါချေ။
ကုတင်ပေါ်မှ ကျွန်တော် ကရောကပါး
ခုန်ဆင်းလိုက်ပြီး ၊ ပြတင်းပေါက်နားသို့
အပြေးသွားမိသည်။ မပိတ်ထားပေမယ့်
ခပ်စေ့စေ့ဖြစ်နေသော ပြတင်းပေါက်အား
ဆောင့်တွန်းကာ ဖွင့်မိလိုက်တော့ ၊
ညက အေးစက်လွန်းပါသည် ။ ခပ်ပြင်းပြင်းလေ
များသည် ကျွန်တော့်မျက်နှာအား မမြင်ဟန်
ဆောင်ကာ တိုးဝှေ့သွားကြသည်။
အငြိမ်မနေနိုင်သော မျက်လုံးများဖြင့်
ကျွန်တော် သူ့အား ယောင်ယမ်းကာ
ရှာဖွေနေမိသည်။
အမိုက်မဲလေးရယ် ....ဆိုပြီး ကရုဏာဒေါသော
ဖြင့် ရေရွတ်နေသယောင်ရှိသော ကြယ်ကလေးတွေ။
မလှောင်ကြပါနဲ့။ အဲ့ဒီကောင်ကို သည်လောက်အထိ
ချစ်တာမို့ .... ကျေးဇူးပြုပြီး...မလှောင်ကြပါနဲ့ဗျာ။
ဒူးခေါင်းနှစ်ဖက်ကြားတွင် ခေါင်းကိုမြှုပ်ကာ
ကျွန်တော် ကြိတ်ငိုမိပြန်၏။ ချော့မြူပေးမယ့်
လက်တစ်စုံမရှိတော့မှန်း သတိရသည့်အခါ ၊
ကျွန်တော် ပြုံးနိုင်အောင် ကြိုးစားရပြန်သည် ။
သူ ဘာလို့ ဆက်သွယ်ရတာလဲ ။
ဒီအတိုင်းလေးပဲ သေရင်းနဲ့အသက်ရှုဖို့
ရုန်းကန်နေရတဲ့ ကျွန်တော့်ကိုလေ ။
သူ ကျွန်တော့်ကို ချစ်နေသေးသည်လား ။
မဖြစ်ရဘူး။ စိတ်ရူးပေါက်ပေါက်နဲ့ ဆုတောင်း
မိသမျှက ကျွန်တော့်ကိုယ်ကျွန်တော်
နှစ်သိမ့်ဖို့အတွက်ပဲ ။ မင်းက ငါယုံကြည်ထားတဲ့အတိုင်း
ဖြစ်နေရအောင် ၊ ချစ်နေရအောင်၊ စောက်ရူးလား
Jeon Jungkook ရယ်။
နံရံကို တဖြန်းဖြန်းရိုက်ရင်း ဒေါသနှင့်
စိုးရိမ်မှု့များကြား ကျွန်တော် ဗျာများနေရသည်။
" Kim Taehyung ၊ မင်းအခုထိ
အရေးမပါတာတွေ လုပ်နေတုန်းပဲလား?"
ကျွန်တော့်ပုံသည် ရှုပ်ရှက်ခတ်ပြီး သရုပ်ပျက်
နေမှာသေချာပါသည်။
ဤတစ်ချက်ကြောင့် ကျွန်တော် ခေါင်းမီးတောက်
သွားရသည်။Jungkookဆက်သွယ်လာကြောင်း
သူဌေးကြီးသိသွားတာတော့ မဟုတ်လောက်ပါ
ဘူးနော်။
" ကိုယ့်ကိုယ်ကိုယ်ထိန်းမှပေါ့ကွ ။ အချစ်က
မင်းကို ထမင်းကျွေးလား? ရူးတယ်ဆိုလည်း..."
" ဘယ်သူကရူးနေတာလဲ?!!!!!!"
ကျွန်တော့် အော်သံဟိန်းဟိန်းသည် စိန်ခေါ်ဟန်
ရောသွားပုံရသည်။သူဌေးကြီး၏
အကြည့်များမှာ အေးစက်သွားကြသည်။
မေမေ့၏လက်တွေက သူဌေးကြီးလက်မောင်းများ
အား ဆွဲကာ၊မျက်ရည်ဝဲလျက် ။
တစ်ခုခုပြောပေးပါဦးလား မေမေရယ် ။
" ဒါဖြင့် မင်း မရူးဘူးပေါ့။ ပျော့ညံ့နေတဲ့
ဒီလိုပုံစံနဲ့ အတိတ်တွေထဲက ရုန်းမထွက်
ခဲ့သေးတာက မင်းမရူးတာလား Kim Taehyung။
မေ့လိုက်ပါ ။ ဖေဖေ နောက်ဆုံးအနေနဲ့ပြောမယ် ။
မင်းဒီလိုသာ ဆက်နေနေမယ်ဆိုရင် အဲ့ဒီ့ကောင်ကို
မြေလှန်ရှာပြီး အစဖျောက်ခိုင်းလိုက်တော့မယ် ။
နမူနာတွေ အများကြီးကွာ။ ကြောက်စမ်းပါ။
ဒီအဖေအကြောင်း မသိတာလည်းမဟုတ်ဘဲနဲ့"
" သိပါတယ် ။ သိပ်ကိုသိပါတယ် ။ ကြောက်လည်း
ကြောက်ပါတယ်။ ကြောက်လွန်းလို့လေ...
သေ တောင် သေ ချင် နေ ပြီ ။"
ဂဏှာမငြိမ်စွာဖြင့် ကျွန်တော် ညှင်းညှင်းလေး
ရယ်မိတော့ ၊ မေမေက ကျွန်တော့်ခါးကို
ပြေးဖက်ကာ ၊ ခေါင်းပြုတ်မတတ်ရမ်းတယ်။
" မေမေ မှားတာ။ အားလုံးမေမေ့အမှားတွေ။
သေသင့်တဲ့သူက မေမေပါ။မေမေပါသားရယ်။"
" မတောင်းပန်နဲ့ !!!!!! "
ကျွန်တော် နားနှစ်ဖက်ကို ပိတ်ကာ ၊ အသံကုန်
အော်လိုက်မိသည် ။
" မတောင်းပန်ပါနဲ့ဗျာ "
လက်နှစ်ဖက်ကို အုပ်ချီကာ ၊ ကျွန်တော်
ခေါင်းညွှတ်လိုက်ရင်း၊ မျက်ရည်များသာ
စီးပြိုလာခဲ့သည် ။
"မေမေတို့မှန်ဖို့၊ ကျွန်တော်ကပဲ မှားပေးမှာပါ။
သူ့ကိုတော့ ဒီအတိုင်းလေးပဲ ထားပေးကြပါဗျာ။
ကျွန်တော်တောင်းပန်ပါတယ်။"
အမှောင်ထဲမှာ ကျွန်တော် ခွေခွေလေး လှဲနေမိ၏။
သူ့ကိုချစ်နေခွင့်လေးတောင် ကျွန်တော့်အတွက်
မကျန်တော့ဘူးလား။ ဖြစ်နိုင်မယ်ဆို မနက်ဖြန်
တွေအားလုံးကို သိမ်းထုတ်ပြီး ၊ ခန္ဓာမရှိတဲ့
ကမ္ဘာမှာ ကျွန်တော် နေပါရစေတော့လေ။
\\\\\\\\\\\Virus of L♡ ve//////////////
LGBT ဆန့်ကျင်ရေးအား အာပေါင်အာရင်း
သန်သန်ဖြင့် ဟောပြောနေသော သူဌေးကြီး။
မျက်စိကျိန်းမတတ်၊ကင်မရာအလင်းများအလယ်မှာမှ
ပွဲလယ်တင့်တယ်လို့ ထင်မှတ်နေပုံရသည်။
ကျွန်တော် ဘာပြောနိုင်မည်နည်း ။ ဒီပွဲကို
လိုက်ခဲ့ဆို၍ လိုက်လာခဲ့ရခြင်း ဖြစ်သည်။
ဆီပူအိုးပမာ ပွက်ပွက်ဆူနေသော လက်ခုပ်သံ
ပိုင်ရှင်များအား ကျွန်တော် သနားမိသည်။
ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော်။
သူတို့က ချစ်ခြင်းဗေဒကို နားမလည်ကြဘူး ။
သိသမျှ အစဉ်အလာတွေကို စာတမ်းပြုစုလို့၊
ဒီလိုချစ်တာကမှ အမှန်ဆိုပြီး လက်မ
ထောင်ချင်နေကြတယ် ။ မိရိုးဖလာ
တွေချည်းပဲ ဥပမာရှိခဲ့တဲ့အခါ ၊ တကယ်က
ဘာဆိုတာကို မျက်ကွယ်ပြုထားကြပါရော။
ခံစားခဲ့ရသမျှကို ခံစားဖူးသူမှ ထပ်တူသိနိုင်
ပေလိမ့်မည်။ သို့သော် ပါလာသောနှလုံးသားသည်
အလကားထားဖို့မဟုတ်။ အနည်းဆုံးတော့
နားလည်ပေးလို့ရပါလျက်နဲ့။
ကျစ် ..... ကျွန်တော် ပြန်ပြေးချင်စိတ်
ပေါက်သွားရသည်။
မိုက်ခရိုဖုန်းသည်...ကျွန်တော့် နှုတ်ခမ်းရှေ့တည့်တည့်၌။
ကင်မရာများ၏ဆုံချက်သည်... ကျွန်တော့်
မျက်နှာအထက်၌။
သူဌေးကြီးသည် စင်ပေါ်မှ ပြုံးကြည့်နေသည်။
အစီအစဉ်တကျအကွက်ချခဲ့သူလိုမျိုး။
" အဖေက LGBT ဆန့်ကျင်ရေး အဖွဲ့ဝင်ဆိုတော့
သားအနေနဲ့ ရှေ့လျှောက် ဘယ်လိုတွေပူးပေါင်း
ပါဝင်သွားမလဲ သိချင်ပါတယ် "
သူဌေးကြီးသည် သူ့နည်းတူဖြစ်လာစေရန်
ကျွန်တော့်အား အကြပ်ကိုင်နေသလို။
ကျွန်တော် နှုတ်ခမ်းကိုက်ထားရုံမှအပါး။
" ဒီပွဲလေးရဲ့အမြင်ကို ပြောပေးပါဦး "
" တစ်ခုခုပြောပေးပါဦး "
မရမက မေးမြန်းနေကြသူများကို ကျွန်တော်
ဆွဲထိုးပစ်ချင်နေပြီ။ အရင်စိတ်အတိုင်းသာဆို၊
အကွဲအပြဲဖြစ်ဖို့၊ ရာနှုန်းပြည့် ။
မဖြေမချင်းမေးနေကြမည့်ပုံမို့၊ ကျွန်တော်
လက်ထောင်ကာ မတ်တပ်ရပ်လိုက်သည်။
ဆူညံသံတွေ တိခနဲပြတ်တောင်းသွားပါမှ၊
" ဘာပွဲမှန်းတောင် ကျွန်တော် မသိပါဘူး။
အဖေခေါ်လို့ လိုက်လာတာ။ "
သူဌေးကြီး၏မျက်နှာသည် မဲခနဲ ။
ကျွန်တော် ပွဲထဲမှ ခပ်အေးအေးထွက်ခဲ့သည်။
ကျွန်တော့်အဖြေကိုမျှော်လင့်ထားပုံမရသော
မီဒီယာတို့သည်၊ကျောက်ရုပ်များအလား။
အဖြေတွေ မပြည့်စုံခဲ့ပေမယ့် ကျွန်တော်
မညာခဲ့ပါဘူးလေ။ အနည်းဆုံးတော့ မျှဝေဖူးသော
ချစ်ခြင်းမေတ္တာတို့အပေါ် ကျွန်တော် ရိုးသားခဲ့ပါသည်။
\\\\\\\\\\\Virus of L♡ ve/////////////
ချယ်ရီမြေသည် ပန်းရနံ့တို့်အား ကျွန်တော့်
နှာခေါင်းတစ်ဝိုက်တွင် ပဏ္ဍာဆက်သနေသလို။
ဖိနပ်ပေါ်၌ပြန့်ကျဲလျက်ရှိသော ပန်းသွေးချယ်
ပွင့်ဖတ်တို့မှာ တစ်လမ်းလုံးဝေရန် အနင်းခံဖို့
အသင့်ဟု ဂုဏ်ဝင့်နေသည့်နှယ် ။
ရက်စက်ခြင်းကို သတ္တိဟု တချို့ကအနက်ဖွင့်ကြ၏။
သဘောတရားမကိုက်သော်ငြား ၊ ရေလိုက်ငါးလိုက်
ပြောရလျှင်ဖြင့် ပေးဆပ်ခြင်းသည် သရဖူ
ဆောင်းထားသော ဒဏ်ရာများနှင့်တူသည်။
လက်ခုပ်သံများကြားတွင် သွေးသံရဲရဲဖြင့်
အပြုံးပန်းဆင်နေရသော လက်ဝှေ့သမားနှင့်လည်း
တူသည်။ ကိုယ့်နာကျင်မှု့တွေအား ကိုယ်သာလျှင်
သိရသည်။ ကိုယ့်ဒဏ်ရာတွေအား ကိုယ်သာလျှင်
ကုစားရ၏။ နာသလားမေးတဲ့အခါ ၊ မချိပြုံး
ပြုံးပြရုံပဲပေါ့ ။ အဆင်ပြေနေသည်ဟု
ဟန်ဆောင်တတ်ရုံဖြင့် ရင့်ကျက်ခြင်းမည်ပါလျှင်၊
ကျွန်တော်သည် ရင့်ကျက်ချင်ယောင်ဆောင်သော
မြှီးကောင်ပေါက်သာသာပါပေ။
Taxi driver ကြီးထံ မေးမြန်းပြီးHyung ရှိရာ
အိမ်သို့ကျွန်တော် ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်ခဲ့ပါသည်။ ဂျပန်သို့အလုပ်ကိစ္စဖြင့်
ခရီးသွားမည်ဖြစ်ကြောင်း၊ သူဌေးကြီးအား
ပြောထားခဲ့သော်လည်း ၊ တစ်ခြားတစ်ဦးကိုသာ
ကျွန်တော် လွှတ်ခဲ့သည်။ သိခါမှသိပါစေ။
ခြံတံခါးလေးပွင့်လာတော့ ကျွန်တော်
မင်သက်သွားရသည်။ လေး၊ငါးနှစ်လောက်
ရှိမည်ဟုခန့်မှန်းရသော ယောကျာ်းလေးတစ်ယောက်။
မှေးကျဉ်းကျဉ်းမျက်လုံးလေးများဖြင့် ၊
ကျွန်တော့်ကိုပြူးကြည့်နေရှာသည်။
ဒါ သေချာပေါက်ကိုHyung ရဲ့သားလေးပဲ။
ကျွန်တော် ပွေ့ချီမယ်လုပ်တော့ ၊ အာခေါင်ခြစ်ကာ
ငိုတော့သည်။
" အားး ဖေဂျီးရေ!!!! "
" ဟိတ် ... တိတ်တိတ် ။ ဦးက သားအဖေရဲ့ညီ။
အမျိုးတော်တယ်ကွ။ "
" အားးအီးးဟီးးး လွှတ်ချို ။တိုင်ကြောမှာနော်"
ကျွန်တော် ကလေးတစ်ဖက်နှင့်အကြပ်ရိုက်နေစဉ်
အိမ်ထဲမှ လူတစ်ယောက်ထွက်လာသည်။
"HYUNGGGGG!!!"
ဝမ်းသာဝမ်းနည်း စိတ်ကလေးကြောင့်
ကျွန်တော့်အမြင်တွေ ခပ်ဝါးဝါးဖြစ်ကုန်သည်။
တစ်မိုးအောက် Min Yoongi ကြီးကတော့၊
ပြုံးသည်ဆိုရုံသာ။ ခံစားချက်တွေကို
သိပ်ဖော်ပြလေ့မရှိသော်ငြား Hyungအကြောင်း
ကို ကျွန်တော် ကောင်းကောင်းသိပါသည်။
သူ သိပ်ပျော်သွားပုံရသည်။ ထို့နောက်
ပီတိအပြုံးဖြင့် ကျွန်တော့်ပုခုံးကို ခပ်နာနာပုတ်လေသည်။
" သားး ...အဲ့တာ မင်းဦးဦးလေ ။ မဆိုးရဘူးနော်။
လာပါဦးဖေဖေ့ဆီကို။ "
Hyungက ကလေးကို ကျွန်တော့်လက်ထဲမှ
ယူသွားပြီးသည့်နောက်၊ ကိုယ်တော်လေးမှာ
တိခနဲ အငိုပြတ်သွားသည်။ အကြောကိုက
ခပ်တင်းတင်းရုပ်နဲ့၊ သူ့အဖေလည်ပင်းကို
သိုင်းဖက်ကာ ၊ ကျွန်တော့်အား ဘုရှိုးရှိုးနေ၏။
အခုခေတ်ကလေးတွေများ အားကြီး သောက်မြင်
ကတ်ဖို့ကောင်း ။
" အာ့ဆို ဟိုဦးဦးကရော? "
ဟိုဦးဦး? ၊ ကျွန်တော် မျက်ခုံးတွန့်ကာ
Hyung အားကြည့်မိတော့၊ hyung က
နားလည်ရခက်သော အပြုံးကိုပေးသည်။
" သား ထမင်းစားတဲ့အခါ ၊ ဘယ်နှပန်းကန်
စားလဲသိလား? "
ကလေးက စကားမပြောဘဲ၊ပြုံးစိစိနဲ့
လက်၂နှစ်ချောင်းထောင်ပြသည်။
အစားကြီးချက်ကတော့။ ပိစိပေါက်စနလေး
မို့လို့သာ တော်ရော့သည်။
" နောက်ထပ် ထပ်ယူတဲ့ပန်းကန်ကို
ဘယ်လိုခေါ် "
" လိုက်ပွဲ ရို့ခေါ်တယ်ရေ "
" ဒီဦးဦးကလည်း အဲ့လိုမျိုးပဲပေါ့သားရ "
" ဦးဦးလိုက်ပွဲ ခစ်ခစ်ခစ် "
ဘယ်ဂြိုလ်က ဆင်းသက်လာမှန်းမသိသော
စကားများကြောင့် ကျွန်တော့်မှာ လိုက်ပဲရယ်ရမလို၊
ခပ်တည်တည်ပဲနေရမလို။
အိမ်ထဲတွင် အထုပ်အပိုးများကို Hyungက နေရာချပေးသည်။ ခေတ္တတည်းခိုခြင်းဖြစ်
သော်လည်း ကလေးနှင့်မို့ ရပ်ကွက်ထဲမှ
ဤလုံးချင်းအိမ်လေးကို ငှါးရမ်းထားခြင်းဖြစ်ရမည်။
တစ်လမ်းလုံး အိပ်လာသောကြောင့်
ခရီးပန်းပေမယ့် ၊ ကျွန်တော်အိပ်မပျော်နိုင်တော့ပါ။
မယ်မယ်ရရလည်း စားမထားသောကြောင့်
ဗိုက်ကဆာလာပြန်သည်။
Hyung က ရေခဲသေတ္တာထဲတွင် မုန့်များ
ရှိသေးကြောင်းပြောသည်။ Hyung သားလေး
က စူပုတ်ပုတ်နှင့် ။သူ့အဖေဘေးနားတွင်
ဆောင့်ကြောင့်လေးထိုင်ရင်း ကျွန်တော့်ကို
မျက်ပေထောင့်ဖြင့်ကြည့်နေသည်။
" တားစားဖို့လည်းချန်ဦးနော်"
သြော် ဒါကြောင့်ကိုး။ ဒင်းမျက်နှာတော်
လငပုတ်ဖမ်းနေတာ။ ကျွန်တော်ပြောင်ပြရင်း
မီးဖိုခန်းဘက်သို့သာ ထွက်ခဲ့သည်။
အင်္ကျီလက်ကို ခေါက်တင်ရင်း ၊ ကျောပေးထား
သောလူတစ်ယောက်အား ကျွန်တော်တွေ့လိုက်
ရသည်။ကလေးခေါ်တဲ့ ဦးဦးဆိုတာ ?
ထိုလူသည် ကျွန်တော့်ဘက်သို့မျက်နှာချင်းဆိုင်
ဖြည်းဖြည်း လှည့်လိုက်လေသည်။
" B a b e........"
__________________TBC
THX U♡
Wattpad က ဘာerrorတွေတက်နေမှန်းမသိဘူး။
စာမပေါ်ဘူးဆိုလို့၊ပြန်လုပ်ပေးထားပါတယ်။
ရပြီလားဟင်။ပြီးတော့ commentတွေကို
Replyလုပ်တာလည်းအပေါ်ပိုင်းလောက်ပဲရတာ
မို့၊replyမပြန်နိုင်ခဲ့သည်ရှိသော်၊ကြိုတောင်း
ပန်ပါတယ်။ပြန်လို့ရတဲ့အခါပြန်ပါ့မယ်နော်။
___________________________________
(Zawgyi)
ေခ်ာက္နက္နက္ထဲ ထိုးက်သြားသလိုမ်ိဳး ။
ကြၽန္ေတာ့္လက္ဖ်ားမ်ားက ႐ုတ္ျခည္းေအးစက္ကာ၊
" Jungkook !!!!!!"
ျပန္လည္ျပတ္ေတာင္းသြားပါေသာ ေလလိႈင္းမ်ား။
တုန္ယင္ေနေသာလက္အစံုျဖင့္ ကြၽန္ေတာ္
ျပန္ေခၚမိေသာ္လည္း ၊ စက္ပိတ္သြားသည္ဟုသာ။
ကြၽန္ေတာ္ ႀကိမ္ဖန္တလဲလဲႀကိဳးစားေနေပမယ့္
မရခဲ့။ ရင္ေတြသာ ေမာဟိုက္လာခဲ့သည္။
ကြၽန္ေတာ့္ ပါးျပင္နားကပ္ၿပီး ခပ္႐ွ႐ွ ေလယူေလသိမ္းျဖင့္
"Babe" ဟု ေခၚခဲ့ဖူးေသာ ေယာက်ာ္းမွာ
Jeon Jungkook တစ္ဦးတည္းသာ႐ွိသည္မို႕၊
ေလလႈိင္းပင္ျဖစ္လင့္ကစားဦး။ကြၽန္ေတာ္ ႏွလံုးသားက ေမ့သြားႏိုင္ေလာက္ေအာင္ ေပါ့ပ်က္ပ်က္ အမ်ိဳးအစားထဲ
မပါပါေခ်။
ကုတင္ေပၚမွ ကြၽန္ေတာ္ ကေရာကပါး
ခုန္ဆင္းလိုက္ၿပီး ၊ ျပတင္းေပါက္နားသို႔
အေျပးသြားမိသည္။ မပိတ္ထားေပမယ့္
ခပ္ေစ့ေစ့ျဖစ္ေနေသာ ျပတင္းေပါက္အား
ေဆာင့္တြန္းကာ ဖြင့္မိလိုက္ေတာ့ ၊
ညက ေအးစက္လြန္းပါသည္ ။ ခပ္ျပင္းျပင္းေလ
မ်ားသည္ ကြၽန္ေတာ့္မ်က္ႏွာအား မျမင္ဟန္
ေဆာင္ကာ တိုးေဝွ႕သြားၾကသည္။
အၿငိမ္မေနႏိုင္ေသာ မ်က္လံုးမ်ားျဖင့္
ကြၽန္ေတာ္ သူ႕အား ေယာင္ယမ္းကာ
႐ွာေဖြေနမိသည္။
အမိုက္မဲေလးရယ္ ....ဆိုၿပီး က႐ုဏာေဒါေသာ
ျဖင့္ ေရရြတ္ေနသေယာင္႐ွိေသာ ၾကယ္ကေလးေတြ။
မေလွာင္ၾကပါနဲ႔။ အဲ့ဒီေကာင္ကို သည္ေလာက္အထိ
ခ်စ္တာမို႕ .... ေက်းဇူးျပဳၿပီး...မေလွာင္ၾကပါနဲ႔ဗ်ာ။
ဒူးေခါင္းႏွစ္ဖက္ၾကားတြင္ ေခါင္းကိုျမႇဳပ္ကာ
ကြၽန္ေတာ္ ႀကိတ္ငိုမိျပန္၏။ ေခ်ာ့ျမဴေပးမယ့္
လက္တစ္စံုမ႐ွိေတာ႔မွန္း သတိရသည့္အခါ ၊
ကြၽန္ေတာ္ ျပံဳးႏိုင္ေအာင္ ႀကိဳးစားရျပန္သည္ ။
သူ ဘာလို႕ ဆက္သြယ္ရတာလဲ ။
ဒီအတိုင္းေလးပဲ ေသရင္းနဲ႔အသက္႐ႈဖို႕
႐ုန္းကန္ေနရတဲ့ ကြၽန္ေတာ့္ကိုေလ ။
သူ ကြၽန္ေတာ့္ကို ခ်စ္ေနေသးသည္လား ။
မျဖစ္ရဘူး။ စိတ္႐ူးေပါက္ေပါက္နဲ႔ ဆုေတာင္း
မိသမွ်က ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္
ႏွစ္သိမ့္ဖို႔အတြက္ပဲ ။ မင္းက ငါယံုၾကည္ထားတဲ့အတိုင္း
ျဖစ္ေနရေအာင္ ၊ ခ်စ္ေနရေအာင္၊ ေစာက္႐ူးလား
Jeon Jungkook ရယ္။
နံရံကို တျဖန္းျဖန္း႐ိုက္ရင္း ေဒါသႏွင့္
စိုးရိမ္မႈ႕မ်ားၾကား ကြၽန္ေတာ္ ဗ်ာမ်ားေနရသည္။
" Kim Taehyung ၊ မင္းအခုထိ
အေရးမပါတာေတြ လုပ္ေနတုန္းပဲလား?"
ကြၽန္ေတာ့္ပံုသည္ ႐ႈပ္႐ွက္ခတ္ၿပီး သ႐ုပ္ပ်က္
ေနမွာေသခ်ာပါသည္။
ဤတစ္ခ်က္ေၾကာင့္ ကြၽန္ေတာ္ ေခါင္းမီးေတာက္
သြားရသည္။Jungkookဆက္သြယ္လာေၾကာင္း
သူေဌးႀကီးသိသြားတာေတာ့ မဟုတ္ေလာက္ပါ
ဘူးေနာ္။
" ကိုယ့္ကိုယ္ကိုယ္ထိန္းမွေပါ့ကြ ။ အခ်စ္က
မင္းကို ထမင္းေကြၽးလား? ႐ူးတယ္ဆိုလည္း..."
" ဘယ္သူက႐ူးေနတာလဲ?!!!!!!"
ကြၽန္ေတာ့္ ေအာ္သံဟိန္းဟိန္းသည္ စိန္ေခၚဟန္
ေရာသြားပံုရသည္။သူေဌးႀကီး၏
အၾကည့္မ်ားမွာ ေအးစက္သြားျကသည္။
ေမေမ့၏လက္ေတြက သူေဌးႀကီးလက္ေမာင္းမ်ား
အား ဆဲြကာ၊မ်က္ရည္ဝဲလ်က္ ။
တစ္ခုခုေျပာေပးပါဦးလား ေမေမရယ္ ။
" ဒါျဖင့္ မင္း မ႐ူးဘူးေပါ့။ ေပ်ာ့ညံ့ေနတဲ့
ဒီလိုပံုစံနဲ႕ အတိတ္ေတြထဲက ႐ုန္းမထြက္
ခဲ့ေသးတာက မင္းမ႐ူးတာလား Kim Taehyung။
ေမ့လိုက္ပါ ။ ေဖေဖ ေနာက္ဆံုးအေနနဲ႔ေျပာမယ္ ။
မင္းဒီလိုသာ ဆက္ေနေနမယ္ဆိုရင္ အဲ့ဒီ့ေကာင္ကို
ေျမလွန္႐ွာၿပီး အစေဖ်ာက္ခိုင္းလိုက္ေတာ့မယ္ ။
နမူနာေတြ အမ်ားႀကီးကြာ။ ေၾကာက္စမ္းပါ။
ဒီအေဖအေၾကာင္း မသိတာလည္းမဟုတ္ဘဲနဲ႕"
" သိပါတယ္ ။ သိပ္ကိုသိပါတယ္ ။ ေၾကာက္လည္း
ေၾကာက္ပါတယ္။ ေၾကာက္လြန္းလို႕ေလ...
ေသ ေတာင္ ေသ ခ်င္ ေန ၿပီ ။"
ဂဏွာမၿငိမ္စြာျဖင့္ ကြၽန္ေတာ္ ညႇင္းညႇင္းေလး
ရယ္မိေတာ့ ၊ ေမေမက ကြၽန္ေတာ့္ခါးကို
ေျပးဖက္ကာ ၊ ေခါင္းျပဳတ္မတတ္ရမ္းတယ္။
" ေမေမ မွားတာ။ အားလံုးေမေမ့အမွားေတြ။
ေသသင့္တဲ့သူက ေမေမပါ။ေမေမပါသားရယ္။"
" မေတာင္းပန္နဲ႔ !!!!!! "
ကြၽန္ေတာ္ နားႏွစ္ဖက္ကို ပိတ္ကာ ၊ အသံကုန္
ေအာ္လိုက္မိသည္ ။
" မေတာင္းပန္ပါနဲ႔ဗ်ာ "
လက္ႏွစ္ဖက္ကို အုပ္ခ်ီကာ ၊ ကြၽန္ေတာ္
ေခါင္းၫႊတ္လိုက္ရင္း၊ မ်က္ရည္မ်ားသာ
စီးၿပိဳလာခဲ့သည္ ။
"ေမေမတို႕မွန္ဖို႕၊ ကြၽန္ေတာ္ကပဲ မွားေပးမွာပါ။
သူ႕ကိုေတာ့ ဒီအတိုင္းေလးပဲ ထားေပးၾကပါဗ်ာ။
ကြၽန္ေတာ္ေတာင္းပန္ပါတယ္။"
အေမွာင္ထဲမွာ ကြၽန္ေတာ္ ေခြေခြေလး လွဲေနမိ၏။
သူ႕ကိုခ်စ္ေနခြင့္ေလးေတာင္ ကြၽန္ေတာ့္အတြက္
မက်န္ေတာ့ဘူးလား။ ျဖစ္ႏိုင္မယ္ဆို မနက္ျဖန္
ေတြအားလံုးကို သိမ္းထုတ္ၿပီး ၊ ခႏၶာမ႐ွိတဲ့
ကမာၻမွာ ကြၽန္ေတာ္ ေနပါရေစေတာ့ေလ။
\\\\\\\\\\\Virus of L♡ ve//////////////
LGBT ဆန္႕က်င္ေရးအား အာေပါင္အာရင္း
သန္သန္ျဖင့္ ေဟာေျပာေနေသာ သူေဌးႀကီး။
မ်က္စိက်ိန္းမတတ္၊ကင္မရာအလင္းမ်ားအလယ္မွာမွ
ပဲြလယ္တင့္တယ္လို႕ ထင္မွတ္ေနပံုရသည္။
ကြၽန္ေတာ္ ဘာေျပာႏိုင္မည္နည္း ။ ဒီပဲြကို
လိုက္ခဲ့ဆို၍ လိုက္လာခဲ့႐ျခင္း ျဖစ္သည္။
ဆီပူအိုးပမာ ပြက္ပြက္ဆူေနေသာ လက္ခုပ္သံ
ပိုင္႐ွင္မ်ားအား ကြၽန္ေတာ္ သနားမိသည္။
ၿပီးေတာ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္။
သူတို႔က ခ်စ္ျခင္းေဗဒကို နားမလည္ျကဘူး ။
သိသမွ် အစဥ္အလာေတြကို စာတမ္းျပဳစုလို႕၊
ဒီလိုခ်စ္တာကမွ အမွန္ဆိုၿပီး လက္မ
ေထာင္ခ်င္ေနၾကတယ္ ။ မိ႐ိုးဖလာ
ေတြခ်ည္းပဲ ဥပမာ႐ွိခဲ့တဲ့အခါ ၊ တကယ္က
ဘာဆိုတာကို မ်က္ကြယ္ျပဳထားၾကပါေရာ။
ခံစားခဲ့ရသမွ်ကို ခံစားဖူးသူမွ ထပ္တူသိႏိုင္
ေပလိမ့္မည္။ သို႕ေသာ္ ပါလာေသာႏွလံုးသားသည္
အလကားထားဖို႕မဟုတ္။ အနည္းဆံုးေတာ့
နားလည္ေပးလို႕ရပါလ်က္နဲ႕။
က်စ္ ..... ကြၽန္ေတာ္ ျပန္ေျပးခ်င္စိတ္
ေပါက္သြားရသည္။
မိုက္ခ႐ိုဖုန္းသည္...ကြၽန္ေတာ့္ ႏႈတ္ခမ္းေ႐ွ႕တည့္တည့္၌။
ကင္မရာမ်ား၏ဆံုခ်က္သည္... ကြၽန္ေတာ့္
မ်က္ႏွာအထက္၌။
သူေဌးႀကီးသည္ စင္ေပၚမွ ျပံဳးၾကည့္ေနသည္။
အစီအစဥ္တက်အကြက္ခ်ခဲ့သူလိုမ်ိဳး။
" အေဖက LGBT ဆန္႔က်င္ေရး အဖဲြ႕ဝင္ဆိုေတာ့
သားအေနနဲ႕ ေ႐ွ႕ေလွ်ာက္ ဘယ္လိုေတြပူးေပါင္း
ပါဝင္သြားမလဲ သိခ်င္ပါတယ္ "
သူေဌးႀကီးသည္ သူ႕နည္းတူျဖစ္လာေစရန္
ကြၽန္ေတာ့္အား အၾကပ္ကိုင္ေနသလို။
ကြၽန္ေတာ္ ႏႈတ္ခမ္းကိုက္ထားရံုမွအပါး။
" ဒီပဲြေလးရဲ႕အျမင္ကို ေျပာေပးပါဦး "
" တစ္ခုခုေျပာေပးပါဦး "
မရမက ေမးျမန္းေနၾကသူမ်ားကို ကြၽန္ေတာ္
ဆဲြထိုးပစ္ခ်င္ေနၿပီ။ အရင္စိတ္အတိုင္းသာဆို၊
အကဲြအျပဲျဖစ္ဖို႕၊ ရာႏႈန္းျပည့္ ။
မေျဖမခ်င္းေမးေနၾကမည့္ပံုမို႕၊ ကြၽန္ေတာ္
လက္ေထာင္ကာ မတ္တပ္ရပ္လိုက္သည္။
ဆူညံသံေတြ တိခနဲျပတ္ေတာင္းသြားပါမွ၊
" ဘာပဲြမွန္းေတာင္ ကြၽန္ေတာ္ မသိပါဘူး။
အေဖေခၚလို႕ လိုက္လာတာ။ "
သူေဌးႀကီး၏မ်က္ႏွာသည္ မဲခနဲ ။
ကြၽန္ေတာ္ ပဲြထဲမွ ခပ္ေအးေအးထြက္ခဲ့သည္။
ကြၽန္ေတာ့္အေျဖကိုေမွ်ာ္လင့္ထားပံုမရေသာ
မီဒီယာတို႔သည္၊ေက်ာက္႐ုပ္မ်ားအလား။
အေျဖေတြ မျပည့္စံုခဲ့ေပမယ့္ ကြၽန္ေတာ္
မညာခဲ့ပါဘူးေလ။ အနည္းဆံုးေတာ့ မွ်ေဝဖူးေသာ
ခ်စ္ျခင္းေမတၱာတို႕အေပၚ ကြၽန္ေတာ္ ႐ိုးသားခဲ့ပါသည္။
\\\\\\\\\\\Virus of L♡ ve/////////////
ခ်ယ္ရီေျမသည္ ပန္းရနံ႕တို္႕အား ကြၽန္ေတာ့္
ႏွာေခါင္းတစ္ဝိုက္တြင္ ပ႑ာဆက္သေနသလို။
ဖိနပ္ေပၚ၌ျပန္႕က်ဲလ်က္႐ွိေသာ ပန္းေသြးခ်ယ္
ပြင့္ဖတ္တို႕မွာ တစ္လမ္းလံုးေဝရန္ အနင္းခံဖို႔
အသင့္ဟု ဂုဏ္ဝင့္ေနသည့္ႏွယ္ ။
ရက္စက္ျခင္းကို သတၱိဟု တခ်ိဳ႕ကအနက္ဖြင့္ၾက၏။
သေဘာတရားမကိုက္ေသာ္ျငား ၊ ေရလိုက္ငါးလိုက္
ေျပာရလွ်င္ျဖင့္ ေပးဆပ္ျခင္းသည္ သရဖူ
ေဆာင္းထားေသာ ဒဏ္ရာမ်ားႏွင့္တူသည္။
လက္ခုပ္သံမ်ားၾကားတြင္ ေသြးသံရဲရဲျဖင့္
အျပံဳးပန္းဆင္ေနရေသာ လက္ေဝွ႕သမားႏွင့္လည္း
တူသည္။ ကိုယ့္နာက်င္မႈ႕ေတြအား ကိုယ္သာလွ်င္
သိရသည္။ ကိုယ့္ဒဏ္ရာေတြအား ကိုယ္သာလွ်င္
ကုစားရ၏။ နာသလားေမးတဲ့အခါ ၊ မခ်ိျပံဳး
ျပံဳးျပရံုပဲေပါ့ ။ အဆင္ေျပေနသည္ဟု
ဟန္ေဆာင္တတ္ရံုျဖင့္ ရင့္က်က္ျခင္းမည္ပါလွ်င္၊
ကြၽန္ေတာ္သည္ ရင့္က်က္ခ်င္ေယာင္ေဆာင္ေသာ
ျမႇီးေကာင္ေပါက္သာသာပါေပ။
Taxi driver ႀကီးထံ ေမးျမန္းၿပီးHyung ႐ွိရာ
အိမ္သို႕ကြၽန္ေတာ္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္
ေရာက္ခဲ့ပါသည္။ ဂ်ပန္သို႕အလုပ္ကိစၥျဖင့္
ခရီးသြားမည္ျဖစ္ေၾကာင္း၊ သူေဌးႀကီးအား
ေျပာထားခဲ့ေသာ္လည္း ၊ တစ္ျခားတစ္ဦးကိုသာ
ကြၽန္ေတာ္ လႊတ္ခဲ့သည္။ သိခါမွသိပါေစ။
ျခံတံခါးေလးပြင့္လာေတာ့ ကြၽန္ေတာ္
မင္သက္သြားရသည္။ ေလး၊ငါးႏွစ္ေလာက္
႐ွိမည္ဟုခန္႕မွန္းရေသာ ေယာက်ာ္းေလးတစ္ေယာက္။
ေမွးက်ဥ္းက်ဥ္းမ်က္လံုးေလးမ်ားျဖင့္ ၊
ကြၽန္ေတာ့္ကိုျပဴးၾကည့္ေန႐ွာသည္။
ဒါ ေသခ်ာေပါက္ကိုHyung ရဲ႕သားေလးပဲ။
ကြၽန္ေတာ္ ေပြ႕ခ်ီမယ္လုပ္ေတာ့ ၊ အာေခါင္ျခစ္ကာ
ငိုေတာ့သည္။
" အားး ေဖဂ်ီးေရ!!!! "
" ဟိတ္ ... တိတ္တိတ္ ။ ဦးက သားအေဖရဲ႕ညီ။
အမ်ိဳးေတာ္တယ္ကြ။ "
" အားးအီးးဟီးးး လႊတ္ခ်ိဳ ။တိုင္ေၾကာမွာေနာ္"
ကြၽန္ေတာ္ ကေလးတစ္ဖက္ႏွင့္အၾကပ္႐ိုက္ေနစဥ္
အိမ္ထဲမွ လူတစ္ေယာက္ထြက္လာသည္။
"HYUNGGGGG!!!"
ဝမ္းသာဝမ္းနည္း စိတ္ကေလးေၾကာင့္
ကြၽန္ေတာ့္အျမင္ေတြ ခပ္ဝါးဝါးျဖစ္ကုန္သည္။
တစ္မိုးေအာက္ Min Yoongi ႀကီးကေတာ့၊
ျပံဳးသည္ဆိုရံုသာ။ ခံစားခ်က္ေတြကို
သိပ္ေဖာ္ျပေလ့မ႐ွိေသာ္ျငား Hyungအေၾကာင္း
ကို ကြၽန္ေတာ္ ေကာင္းေကာင္းသိပါသည္။
သူ သိပ္ေပ်ာ္သြားပံုရသည္။ ထို႔ေနာက္
ပီတိအျပံဳးျဖင့္ ကြၽန္ေတာ့္ပုခံုးကုိ ခပ္နာနာပုတ္ေလသည္။
" သားး ...အဲ့တာ မင္းဦးဦးေလ ။ မဆိုးရဘူးေနာ္။
လာပါဦးေဖေဖ့ဆီကို။ "
Hyungက ကေလးကို ကြၽန္ေတာ့္လက္ထဲမွ
ယူသြားျပီးသည့္ေနာက္၊ ကိုယ္ေတာ္ေလးမွာ
တိခနဲ အငိုျပတ္သြားသည္။ အေၾကာကိုက
ခပ္တင္းတင္း႐ုပ္နဲ႕၊ သူ႕အေဖလည္ပင္းကို
သိုင္းဖက္ကာ ၊ ကြၽန္ေတာ့္အား ဘု႐ိႈး႐ိႈးေန၏။
အခုေခတ္ကေလးေတြမ်ား အားႀကီး ေသာက္ျမင္
ကတ္ဖို႕ေကာင္း ။
" အာ့ဆို ဟိုဦးဦးကေရာ? "
ဟိုဦးဦး? ၊ ကြၽန္ေတာ္ မ်က္ခံုးတြန္႕ကာ
Hyung အားၾကည့္မိေတာ့၊ hyung က
နားလည္ရခက္ေသာ အျပံဳးကိုေပးသည္။
" သား ထမင္းစားတဲ့အခါ ၊ ဘယ္ႏွပန္းကန္
စားလဲသိလား? "
ကေလးက စကားမေျပာဘဲ၊ျပံဳးစိစိနဲ႔
လက္၂ႏွစ္ေခ်ာင္းေထာင္ျပသည္။
အစားႀကီးခ်က္ကေတာ့။ ပိစိေပါက္စနေလး
မို႔လို႕သာ ေတာ္ေရာ့သည္။
" ေနာက္ထပ္ ထပ္ယူတဲ့ပန္းကန္ကို
ဘယ္လိုေခၚ "
" လိုက္ပဲြ ႐ို႕ေခၚတယ္ေရ "
" ဒီဦးဦးကလည္း အဲ့လိုမ်ိဳးပဲေပါ့သားရ "
" ဦးဦးလိုက္ပဲြ ခစ္ခစ္ခစ္ "
ဘယ္ၿဂိဳလ္က ဆင္းသက္လာမွန္းမသိေသာ
စကားမ်ားေၾကာင့္ ကြၽန္ေတာ့္မွာ လိုက္ပဲရယ္ရမလို၊
ခပ္တည္တည္ပဲေနရမလို။
အိမ္ထဲတြင္ အထုပ္အပိုးမ်ားကို Hyungက ေနရာခ်ေပးသည္။ ေခတၱတည္းခိုျခင္းျဖစ္
ေသာ္လည္း ကေလးႏွင့္မို႕ ရပ္ကြက္ထဲမွ
ဤလံုးခ်င္းအိမ္ေလးကို ငွါးရမ္းထားျခင္းျဖစ္ရမည္။
တစ္လမ္းလံုး အိပ္လာေသာေၾကာင့္
ခရီးပန္းေပမယ့္ ၊ ကြၽန္ေတာ္အိပ္မေပ်ာ္ႏိုင္ေတာ့ပါ။
မယ္မယ္ရရလည္း စားမထားေသာေၾကာင့္
ဗိုက္ကဆာလာျပန္သည္။
Hyung က ေရခဲေသတၱာထဲတြင္ မုန္႕မ်ား
႐ွိေသးေၾကာင္းေျပာသည္။ Hyung သားေလး
က စူပုတ္ပုတ္ႏွင့္ ။သူ႕အေဖေဘးနားတြင္
ေဆာင့္ေၾကာင့္ေလးထိုင္ရင္း ကြၽန္ေတာ့္ကို
မ်က္ေပေထာင့္ျဖင့္ၾကည့္ေနသည္။
" တားစားဖို႔လည္းခ်န္ဦးေနာ္"
ေျသာ္ ဒါေၾကာင့္ကိုး။ ဒင္းမ်က္ႏွာေတာ္
လငပုတ္ဖမ္းေနတာ။ ကြၽန္ေတာ္ေျပာင္ျပရင္း
မီးဖိုခန္းဘက္သို႔သာ ထြက္ခဲ့သည္။
အက်ႌလက္ကို ေခါက္တင္ရင္း ၊ ေက်ာေပးထား
ေသာလူတစ္ေယာက္အား ကြၽန္ေတာ္ေတြ႕လိုက္
ရသည္။ကေလးေခၚတဲ့ ဦးဦးဆိုတာ ?
ထိုလူသည္ ကြၽန္ေတာ့္ဘက္သို႕မ်က္ႏွာခ်င္းဆိုင္
ျဖည္းျဖည္း လွည့္လိုက္ေလသည္။
" B a b e........"
__________________TBC
THX U♡
Wattpad က ဘာerrorေတြတက္ေနမွန္းမသိဘူး။
စာမေပၚဘူးဆိုလို႕၊ျပန္လုပ္ေပးထားပါတယ္။
ရၿပီလားဟင္။ၿပီးေတာ့ commentေတြကို
Replyလုပ္တာလည္းအေပၚပိုင္းေလာက္ပဲရတာ
မို႕၊replyမျပန္ႏိုင္ခဲ့သည္႐ွိေသာ္၊ႀကိဳေတာင္း
ပန္ပါတယ္။ျပန္လို႔ရတဲ့အခါျပန္ပါ့မယ္ေနာ္။