မျက်နှာဖုံး Virus

6.2K 621 41
                                    

(Unicode)

နေသာသာ မနက်ခင်းတစ်ရက်ဖြစ်သည်။

ခပ်ကြည်ကြည်စိတ်ကလေးအရင်းပြု၍
အပြင်သွားမယ်ကြံကာမှ ၊

" မင်း...လာဦး "

Hyung နှင့်စကားပြောလက်စကို ဖြတ်၍
ကျွန်တော့်အား လှမ်းကြည့်ပြီး ခေါ်လာသော
သူဌေးကြီး ။ 

" ခဏပဲအချိန်ရမှာ ၊ အပြင်သွားရဦးမယ်"

" မင်းရဲ့အရေးမပါတဲ့ အလုပ်တွေ
မနားနိုင်သေးဘူးလား ? "

သေသေချာချာကို ခေါင်းခါပြလိုက်တော့
Hyung ဆီကပါ အံ့သြဟန် အနည်းငယ်လေး
ကျွန်တော် တွေ့လိုက်ရတယ် ။

သူလည်း ဘယ်ထင်ပါ့မလဲ ။ မျက်မှန်အဝိုင်း
ကြီး တကားကားနဲ့ကျောင်းတုန်းက
ကောင်လေးတစ်ယောက် ဒီလောက်အထိ
ပြောင်းလဲသွားလိမ့်မယ်လို့  ။

ပြောင်းလဲပစ်ဖို့ အရင်းခံက
ကျွန်တော် ချစ်တဲ့သူတွေကို ကာကွယ်နိုင်ဖို့။
ဖြစ်ဖြစ်မြောက်မြောက် မဟုတ်ပေမယ့်
ကျွန်တော် ဖောက်တဲ့လမ်းဟာ မမှားဘူးလို့
ယုံတယ်။

" မြို့တော်ဝန်သမီးနဲ့ ဘယ်လိုဖြစ်ရတာလဲ?"

Hyung ရှေ့မှာမို့ သာသာကဲကဲ အားနာ
ပြတတ်တဲ့ သူဌေးကြီးစရိုက်က အရင်လိုပင်
မပြောင်းလဲ ။

" ဘယ်သိမလဲ ? သူ့ဘာသာ မကြိုက်တာတော့
ကျွန်တော်လည်းမတတ်နိုင်ဘူး "

" ဖေဖေ ..... "

Hyung လေသံအက်အက်အဆုံးမှာ
ကျွန်တော်တို့ သုံးယောက်အကြား ရေခဲမြစ်
ဖြတ်စီးသွားသလို ။

"ဖေဖေ... ကျွန်တော် ဂျပန်ကို ပြောင်းမယ် "

" မဟုတ်သေးဘူး....သား..
မင်း ထပ်စဉ်းစားဖို့ အချိန်ရပါသေးတယ်။
လောပြီး ဆုံးဖြတ်လိုက်လို့ ခပ်ကောင်းကောင်း
ထွက်လာတဲ့ အကျိုးဆက် မရှိဘူး "

" ကျွန်တော်ကတော့ သဘောတူတယ်"

Hyung က ကျွန်တော့်ကို ဖြတ်ခနဲဆိုသလို
ကြည့်လာပေမယ့် သူဌေးကြီးကတော့
Hyungကို ဖြောင်းဖျရန် ပိုအားသန်နေပုံရတယ်။

" ဟိုမှာ စိတ်ပြေလက်ပျောက်နေရမှရမယ်။
သား အချိန်ယူဖို့လိုတယ်ဖေဖေ ။ ကျွန်တော်
အရိုးသားဆုံးဝန်ခံရရင် ဖေဖေ့ရှေ့မှာ
ဒီ့ထက်ပို မနေနိုင်တော့ဘူး "

Virus of Love [Completed]Donde viven las historias. Descúbrelo ahora