အေပအေတတစ္ေယာက္ရဲ႕ ခို နား ရာ...

By Youaremylittlestar

324K 26.6K 947

BL More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 (Final)
Part-22
Part-23
😝😝😝
~Extra-1~
~Extra-2~
~Extra-3~
~Extra-4~

Part-14

9.1K 875 9
By Youaremylittlestar

"သားရယ္...သူတို႔လည္းထိုက္သင့္တဲ့အခေၾကးေငြယူမွာပဲေလ..."

"ေတာ္ပါၿပီ...သားအဲလိုႀကီးအသက္မရွင္ခ်င္ဘူး..."

ေဆး႐ံုေပၚတုန္းကစိတ္မေကာင္းျဖစ္မွာစိုး၍ေျပာမျပျဖစ္ခဲ့တဲ့သား,ပိုက္ေလးရဲ႕က်န္းမာေရးအေျခအေနအားေတာ္ေတာ္ေလးထူထူေထာင္ေထာင္ျဖစ္မွဖြင့္ေျပာျဖစ္သည္...အစားထိုးလိုက္ရင္လူေကာင္းတစ္ေယာက္လိုျပန္ျဖစ္ႏိုင္မဲ့အေျခအေနမို႔အစားထိုးဖို႔နားခ်ေတာ့ဘယ္လိုမွလက္မခံ...

"ဒါလဲသူတို႔မိသားစုကိုကူညီရာေရာက္တာပဲေလ...သားရယ္..."

သားဘက္ကလက္မခံေပမဲ့မိခင္တစ္ေယာက္ရဲ႕အတၱနဲ႔ေက်ာက္ကပ္လွဴမဲ့အလွဴရွင္ကိုတစ္ဖက္သတ္ရွာေဖြမိတဲ့အခါပရဟိတအသင္းတစ္ခုကတစ္ဆင့္ရွာေဖြေတြ႕ရွိမိသည္...မိခင္တစ္ေယာက္အေနနဲ႔ေပးဖို႔ႀကိဳးစားခဲ့ေပမဲ့အသက္အရြယ္ႀကီးေနသူမို႔ဆရာဝန္ေတြကအားမေပး...တျခားအလွဴရွင္ရွာဖို႔ကိုသာနားခ်ခဲ့သည္...အလွဴရွင္ေတြ႕လို႔စကားေျပာၾကည္႕ေတာ့မိသားစုစားဝတ္ေနေရးေၾကာင့္လွဴရသည္မို႔ထိုက္တန္တဲ့အခေၾကးေငြေပးရမည္...သားအတြက္ဆိုတဲ့စိတ္နဲ႔ေပးေခ်ရမဲ့ေငြေၾကးပမာဏကိုမမႈေပမဲ့ကာယကံရွင္သားငယ္ကဘယ္လိုမွလက္မခံ...

"ကူညီခ်င္ရင္ေမေမတတ္ႏိုင္သေလာက္ေထာက္ပံ့လို႔ရတယ္ေလ...သူမ်ားအဂၤါအစိတ္အပိုင္းကိုဝယ္ၿပီးကူညီတာမ်ိဳးေတာ့မလုပ္ပါနဲ႔ေမေမရယ္..."

"..."

"ဒီကိစၥနဲ႔ပတ္သက္ၿပီးသားကိုနားမခ်ပါနဲ႔ေတာ့...အခုလည္းသားအိပ္ရာထဲလဲေနတာမဟုတ္ဘူးေလ...ကံရွိသေလာက္ပဲ...ကံရွိသေလာက္ပဲသားအသက္ရွင္ပါရေစ..."

"သားရယ္..."

မ်က္ႏွာငယ္ေလးနဲ႔ေတာင္းဆိုသလိုေျပာေနတဲ့သားအားရင္ခြင္ထဲဆြဲသြင္းမိသည္...ဒီကေလးေလးစိတ္ထားႏူးညံ႕တယ္ဆိုတာဆံုးမသြန္သင္ခဲ့လြန္းလို႔မဟုတ္...သူ႕ပင္ကိုဗီဇအရျဖစ္သည္...သူ႕အသက္သတ္ရင္ငရဲႀကီးတတ္တယ္ဆိုတာသိၿပီးကတည္းကအေကာင္ငယ္တိရစၧာန္ငယ္ေလးေတြကိုမသတ္...လိမ္ညာေျပာရင္ဘုရားမႀကိဳက္ဘူးဆိုတာသိၿပီးေတာ့သက္တူရြယ္တူခ်င္းေတာင္မုသားစကားမဆို...ဒီလိုကေလးမ်ိဳးကိုမွကံၾကမၼာကမ်က္ႏွာသာမေပးတဲ့အခါ...ဝဋ္ေၾကြးလို႔ပဲယူဆရမည္ထင္သည္...
.
.
.
"ပိုက္...ဘယ္ေတြေခၚလာတာလဲကြာ..."

ေဒးအတြက္ေမြးေန႔လက္ေဆာင္ေပးစရာရွိသည္ဟုဆိုကာေခၚလာသူပိုက္ကေဒးရဲ႕ညည္းညည္းျငဴျငဴအသံမွာခပ္ဟဟရယ္သည္...

"လမ္းေတြကလည္းဆိုးခ်က္ပဲ...သိုင္း...မင္းေကာင္ငါတို႔ကိုဘယ္ေခၚလာတာလဲေမးဦး..."

"ေရာက္ၿပီ...ေရာက္ၿပီ...ေရွ႕ကလမ္းခ်ိဳးေလးထဲခ်ိဳးၿပီးနည္းနည္းေမာင္းလိုက္ရင္ေရာက္ၿပီ..."

ပိုက္လမ္းညႊန္ရာအတိုင္းကားရပ္မိေတာ့ခပ္က်ယ္က်ယ္ၿခံတစ္ခုထဲေရာက္ႏွင့္ေနခဲ့ၿပီ...အနည္းငယ္အိုေဟာင္းေနေသာအေဆာက္အဦးတစ္ခုထဲဝင္မိေတာ့ၾကားလိုက္ရတဲ့သံၿပိဳင္ဆုေတာင္းသံ...

"ဦးဦးေဒးေတဇ...က်န္းမာပါေစ...ခ်မ္းသာပါေစ..."

"ဦးဦးေဒးေတဇ...က်န္းမာပါေစ...ခ်မ္းသာပါေစ..."

ထမင္းပန္ကန္ကိုယ္စီေရွ႕မွာခ်ကာလက္အုပ္ခ်ီေတာင္းဆုေျခြေနတဲ့ကေလးေတြကိုၾကည္႕ၿပီးမိဘမဲ့ေက်ာင္းဆိုတာသိလိုက္ရသည္...မနီးမေဝးကေက်ာက္သင္ပုန္းဆီအၾကည္႕ေရာက္မိေတာ့ကိုယ့္နာမည္နဲ႔အသက္ႏွစ္ဆယ္ျပည္႕ေမြးေန႔အလွဴတဲ့...ပိုက္ကိုၾကည္႕မိေတာ့ခပ္ေဝးေဝးမွာအဘိုးတစ္ေယာက္နဲ႔စကားေျပာေနသည္...သိုင္းကိုအကဲခတ္မိေတာ့သူလည္းအံ့အားသင့္ေနဟန္အျပည္႕ႏွင့္...

"ေဒးေဒး...ခဏ...သိုင္းေကာ..."

ထမင္းစားေနတဲ့ကေလးေတြကိုေငးေနခိုက္ပိုက္ရဲ႕ေခၚသံေၾကာင့္လွမ္းၾကည္႕မိေတာ့ခဏလာဖို႔ေခၚေနတာေၾကာင့္အေရာက္သြားမိသည္...

"ဘိုးဘိုး...ဒါသားေျပာေျပာေနတဲ့ေဒးေဒးနဲ႔သိုင္းဆိုတာေလ..."

"ေအာ္...ဒီတစ္ခါေတာ့သူတို႔ပါပါလာတာလား..."

"ဟုတ္..."

"ေအးကြယ္...ေျမးတို႔ကေတာ့ဒီလိုသူငယ္ခ်င္းမ်ိဳးရထားတာကံေကာင္းတာပဲ..."

"..."

"ဟာ...ကိုပိုက္ေရာက္ေနၿပီလား..."

"ညီ..."

မိဘမဲ့ေက်ာင္းကိုဦးစီးတည္ေထာင္သူဟုထင္ရတဲ့အဘိုးနဲ႔စကားေျပာေနခိုက္ ကိုပိုက္ ဟူေသာနာမ္စားကိုေခၚကာဝမ္းသာအဲလဲႏႈတ္ဆက္လာသူေကာင္ေလးတစ္ေယာက္...ပိုက္ရဲ႕ျပန္လည္ႏႈတ္ဆက္သံမွာလည္းဝမ္းသာမႈေတြအျပည္႕ႏွင့္...ခပ္ေဝးေဝးမွာရပ္ေနတဲ့ထိုေကာင္ေလးရွိရာဆီခ်က္ခ်င္းထသြားသည္ကနည္းတဲ့ခင္မင္မႈေတာ့မျဖစ္ႏိုင္...

"ေမာင္ေဒးေတဇဆိုတာေျမးလား..."

"ဟုတ္ကဲ့ခင္ဗ်..."

အဘိုးအိုရဲ႕ခပ္ေလးေလးေမးသံေၾကာင့္အေတြးစတို႔ျပတ္ေတာက္သြားကာပစၥဳပၸန္ဆီျပန္လည္ေရာက္ရွိသည္...ေခါင္းတညိတ္ညိတ္နဲ႔သေဘာတက်ျဖစ္ေနပံုရတဲ့အဘိုးကစကားဆက္သည္...

"ေအာ္...ဒီေန႕အလွဴကေျမးနာမည္နဲ႔ေမာင္ေျပပိုက္မိုးစိုက္ထူထားတဲ့ေငြပေဒသပင္ကရတဲ့ေငြနဲ႔လုပ္တဲ့အလွဴေလ...ဒီလိုေန႔မ်ိဳးဆို...တစ္ေနကုန္စာ...သံုးနပ္စာေပါ့...ကေလးေတြေကာင္းေကာင္းစားရတယ္...ပိုတဲ့ပိုက္ဆံေတြကိုေတာ့တျခားေနရာမွာသံုးတာေပါ့ေလ..."

"ဗ်ာ...ဟို...ဟို...ေငြပေဒသပင္ဆိုတာဘာကိုေျပာတာလဲအဘိုး..."

အဘိုးေျပာတဲ့စကားကိုနားမလည္တာေၾကာင့္သိုင္းကိုၾကည္႕မိေတာ့သူလည္းနားလည္ပံုမရတာမို႔အဘိုးအားတိုက္႐ိုက္ပဲေမးၾကည္႕မိသည္...

"ေငြပေဒသပင္ဆိုတာ...ဘယ္လိုေျပာရမလဲ...ေျမးတို႔ရယ္...ပိုက္ဆံပမာဏမ်ားမ်ားကိုဘဏ္မွာအပ္ထားၿပီးႏွစ္စဥ္သို႔မဟုတ္လစဥ္ရတဲ့အတိုးနဲ႔ရာသက္ပန္အလွဴလုပ္တဲ့သေဘာေပါ့..."

"..."

"လူေသရင္ေတာင္ပေဒသပင္ကမေသဘူးေလ...အလွဴခံပုဂၢိဳလ္ကတစ္ခုခုလုပ္မပစ္ရင္ေပါ့...ဒီေန႔အလွဴဆိုေမာင္ေဒးေတဇနာမည္နဲ႔ပေဒသပင္ကရတဲ့ႏွစ္စဥ္အတိုးနဲ႔လုပ္တဲ့အလွဴ...ေမာင္ေျပပိုက္မိုးစိုက္ထူထားတဲ့ေနာက္ထပ္ပေဒသပင္တစ္ခုရွိေသးတယ္..."

"ေအာ္..."

"ဒီဘက္ကေျမးနာမည္နဲ႔ျဖစ္မယ္ထင္တယ္...ေမာင္သိုင္းခန္႔ကိုဆိုတာ...အဲဒီပေဒသပင္ကရတဲ့လစဥ္အတိုးကိုေတာ့...ဟိုးမွာျမင္လား...ေျမးတို႔သူငယ္ခ်င္းနဲ႔စကားေျပာေနတဲ့ကေလး...အဲဒီကေလးရဲ႕ေက်ာင္းစရိတ္အတြက္သံုးတယ္..."

စကားေျပာေနရင္းအဘိုးလက္ညိဳးညြန္ရာၾကည္႕မိေတာ့ခုနကပိုက္ကိုႏႈတ္ဆက္သြားတဲ့ေကာင္ေလး...ပိုက္နဲ႔စကားလက္ဆံုက်ေနတာရယ္ေမာေပ်ာ္ရႊင္လို႔...

"အဘိုးတို႔မိဘမဲ့ေဂဟာမွာသူ႕လိုအရြယ္သံုးေယာက္ပဲရွိတယ္...ႏွစ္ေယာက္ကGTC...သူကေတာ့ေဆးတကၠသိုလ္...တျခားကေတာ့ေျမးတို႔ခုနကျမင္တဲ့မူလတန္းအရြယ္ေလးေတြပဲ...မ်ားေသာအားျဖင့္စစ္ပြဲေတြျဖစ္တဲ့ေဒသကျမန္မာတိုင္းရင္းသားေလးေတြေပါ့..."

"ေအာ္...အားလံုးေပါင္းကေလးအေရအတြက္ဘယ္ေလာက္ေလာက္ရွိလဲ...အဘိုး..."

"အားလံုးေပါင္း 127 ေယာက္...ေျမး..."

အဘိုးအိုရဲ႕စကားအဆံုးမွာစိတ္ဝင္တစားေမးခြန္းေတြထုတ္ေနတဲ့ေဒး...ပိုက္ကိုၾကည္႕မိေတာ့ေန႔လည္စာစားေနတဲ့ကေလးေတြၾကားမွာခ်ိဳင့္တစ္ခ်ိဳင့္ဆြဲလို႔ဟင္းလိုက္ေပးေနပံုရသည္...မင္းရဲ႕ျဖစ္တည္မႈေလးကတန္ဖိုးရွိလိုက္တာ...ပိုက္ရာ...ငယ္ငယ္ရြယ္ရြယ္နဲ႔ေပးကမ္းစြန္႕ႀကဲတတ္တဲ့သဒၵါတရားမွာေဒးအတြက္တင္မကကိုယ့္အတြက္ပါရည္စူးတယ္ဆိုတဲ့အသိကဘယ္ေလာက္ပီတိျဖစ္ေစလိုက္သလဲ...စစ္မွန္တဲ့ေစတနာမို႔အက်ိဳးေပးတယ္ေျပာရမလား...ေက်ာက္ကပ္ပ်က္စီးတယ္လို႔ဆရာဝန္ေတြသတ္မွတ္လိုက္တဲ့အခ်ိန္ကစတစ္ႏွစ္နီးပါးကာလမွာပိုက္ကေဆးေသာက္႐ံုနဲ႔ထိန္းထားႏိုင္ခဲ့တာ...ေဆးဖို႔ေတာင္မလိုတဲ့ထိ...အခုဆိုေက်ာင္းၿပီးလို႔ဘြဲ႕ယူဖို႔ေတာင္နီးၿပီ...ႀကိဳတင္မခန္႔မွန္းတဲ့ကံၾကမၼာအလွည္႕အေျပာင္းေတြၾကားမွာငါတို႔ေတြေကာင္းေကာင္းေပ်ာ္ခဲ့ဖူးတဲ့အမွတ္တရေတြရွိတယ္.....

~~~~~TBC~~~~~


Unicode


"သားရယ်...သူတို့လည်းထိုက်သင့်တဲ့အခကြေးငွေယူမှာပဲလေ..."

"တော်ပါပြီ...သားအဲလိုကြီးအသက်မရှင်ချင်ဘူး..."

ဆေးရုံပေါ်တုန်းကစိတ်မကောင်းဖြစ်မှာစိုး၍ပြောမပြဖြစ်ခဲ့တဲ့သား,ပိုက်လေးရဲ့ကျန်းမာရေးအခြေအနေအားတော်တော်လေးထူထူထောင်ထောင်ဖြစ်မှဖွင့်ပြောဖြစ်သည်...အစားထိုးလိုက်ရင်လူကောင်းတစ်ယောက်လိုပြန်ဖြစ်နိုင်မဲ့အခြေအနေမို့အစားထိုးဖို့နားချတော့ဘယ်လိုမှလက်မခံ...

"ဒါလဲသူတို့မိသားစုကိုကူညီရာရောက်တာပဲလေ...သားရယ်..."

သားဘက်ကလက်မခံပေမဲ့မိခင်တစ်ယောက်ရဲ့အတ္တနဲ့ကျောက်ကပ်လှူမဲ့အလှူရှင်ကိုတစ်ဖက်သတ်ရှာဖွေမိတဲ့အခါပရဟိတအသင်းတစ်ခုကတစ်ဆင့်ရှာဖွေတွေ့ရှိမိသည်...မိခင်တစ်ယောက်အနေနဲ့ပေးဖို့ကြိုးစားခဲ့ပေမဲ့အသက်အရွယ်ကြီးနေသူမို့ဆရာဝန်တွေကအားမပေး...တခြားအလှူရှင်ရှာဖို့ကိုသာနားချခဲ့သည်...အလှူရှင်တွေ့လို့စကားပြောကြည့်တော့မိသားစုစားဝတ်နေရေးကြောင့်လှူရသည်မို့ထိုက်တန်တဲ့အခကြေးငွေပေးရမည်...သားအတွက်ဆိုတဲ့စိတ်နဲ့ပေးချေရမဲ့ငွေကြေးပမာဏကိုမမှုပေမဲ့ကာယကံရှင်သားငယ်ကဘယ်လိုမှလက်မခံ...

"ကူညီချင်ရင်မေမေတတ်နိုင်သလောက်ထောက်ပံ့လို့ရတယ်လေ...သူများအင်္ဂါအစိတ်အပိုင်းကိုဝယ်ပြီးကူညီတာမျိုးတော့မလုပ်ပါနဲ့မေမေရယ်..."

"..."

"ဒီကိစ္စနဲ့ပတ်သက်ပြီးသားကိုနားမချပါနဲ့တော့...အခုလည်းသားအိပ်ရာထဲလဲနေတာမဟုတ်ဘူးလေ...ကံရှိသလောက်ပဲ...ကံရှိသလောက်ပဲသားအသက်ရှင်ပါရစေ..."

"သားရယ်..."

မျက်နှာငယ်လေးနဲ့တောင်းဆိုသလိုပြောနေတဲ့သားအားရင်ခွင်ထဲဆွဲသွင်းမိသည်...ဒီကလေးလေးစိတ်ထားနူးညံ့တယ်ဆိုတာဆုံးမသွန်သင်ခဲ့လွန်းလို့မဟုတ်...သူ့ပင်ကိုဗီဇအရဖြစ်သည်...သူ့အသက်သတ်ရင်ငရဲကြီးတတ်တယ်ဆိုတာသိပြီးကတည်းကအကောင်ငယ်တိရစ္ဆာန်ငယ်လေးတွေကိုမသတ်...လိမ်ညာပြောရင်ဘုရားမကြိုက်ဘူးဆိုတာသိပြီးတော့သက်တူရွယ်တူချင်းတောင်မုသားစကားမဆို...ဒီလိုကလေးမျိုးကိုမှကံကြမ္မာကမျက်နှာသာမပေးတဲ့အခါ...ဝဋ်ကြွေးလို့ပဲယူဆရမည်ထင်သည်...
.
.
.
"ပိုက်...ဘယ်တွေခေါ်လာတာလဲကွာ..."

ဒေးအတွက်မွေးနေ့လက်ဆောင်ပေးစရာရှိသည်ဟုဆိုကာခေါ်လာသူပိုက်ကဒေးရဲ့ညည်းညည်းငြူငြူအသံမှာခပ်ဟဟရယ်သည်...

"လမ်းတွေကလည်းဆိုးချက်ပဲ...သိုင်း...မင်းကောင်ငါတို့ကိုဘယ်ခေါ်လာတာလဲမေးဦး..."

"ရောက်ပြီ...ရောက်ပြီ...ရှေ့ကလမ်းချိုးလေးထဲချိုးပြီးနည်းနည်းမောင်းလိုက်ရင်ရောက်ပြီ..."

ပိုက်လမ်းညွှန်ရာအတိုင်းကားရပ်မိတော့ခပ်ကျယ်ကျယ်ခြံတစ်ခုထဲရောက်နှင့်နေခဲ့ပြီ...အနည်းငယ်အိုဟောင်းနေသောအဆောက်အဦးတစ်ခုထဲဝင်မိတော့ကြားလိုက်ရတဲ့သံပြိုင်ဆုတောင်းသံ...

"ဦးဦးဒေးတေဇ...ကျန်းမာပါစေ...ချမ်းသာပါစေ..."

"ဦးဦးဒေးတေဇ...ကျန်းမာပါစေ...ချမ်းသာပါစေ..."

ထမင်းပန်ကန်ကိုယ်စီရှေ့မှာချကာလက်အုပ်ချီတောင်းဆုခြွေနေတဲ့ကလေးတွေကိုကြည့်ပြီးမိဘမဲ့ကျောင်းဆိုတာသိလိုက်ရသည်...မနီးမဝေးကကျောက်သင်ပုန်းဆီအကြည့်ရောက်မိတော့ကိုယ့်နာမည်နဲ့အသက်နှစ်ဆယ်ပြည့်မွေးနေ့အလှူတဲ့...ပိုက်ကိုကြည့်မိတော့ခပ်ဝေးဝေးမှာအဘိုးတစ်ယောက်နဲ့စကားပြောနေသည်...သိုင်းကိုအကဲခတ်မိတော့သူလည်းအံ့အားသင့်နေဟန်အပြည့်နှင့်...

"ဒေးဒေး...ခဏ...သိုင်းကော..."

ထမင်းစားနေတဲ့ကလေးတွေကိုငေးနေခိုက်ပိုက်ရဲ့ခေါ်သံကြောင့်လှမ်းကြည့်မိတော့ခဏလာဖို့ခေါ်နေတာကြောင့်အရောက်သွားမိသည်...

"ဘိုးဘိုး...ဒါသားပြောပြောနေတဲ့ဒေးဒေးနဲ့သိုင်းဆိုတာလေ..."

"အော်...ဒီတစ်ခါတော့သူတို့ပါပါလာတာလား..."

"ဟုတ်..."

"အေးကွယ်...မြေးတို့ကတော့ဒီလိုသူငယ်ချင်းမျိုးရထားတာကံကောင်းတာပဲ..."

"..."

"ဟာ...ကိုပိုက်ရောက်နေပြီလား..."

"ညီ..."

မိဘမဲ့ကျောင်းကိုဦးစီးတည်ထောင်သူဟုထင်ရတဲ့အဘိုးနဲ့စကားပြောနေခိုက် ကိုပိုက် ဟူသောနာမ်စားကိုခေါ်ကာဝမ်းသာအဲလဲနှုတ်ဆက်လာသူကောင်လေးတစ်ယောက်...ပိုက်ရဲ့ပြန်လည်နှုတ်ဆက်သံမှာလည်းဝမ်းသာမှုတွေအပြည့်နှင့်...ခပ်ဝေးဝေးမှာရပ်နေတဲ့ထိုကောင်လေးရှိရာဆီချက်ချင်းထသွားသည်ကနည်းတဲ့ခင်မင်မှုတော့မဖြစ်နိုင်...

"မောင်ဒေးတေဇဆိုတာမြေးလား..."

"ဟုတ်ကဲ့ခင်ဗျ..."

အဘိုးအိုရဲ့ခပ်လေးလေးမေးသံကြောင့်အတွေးစတို့ပြတ်တောက်သွားကာပစ္စုပ္ပန်ဆီပြန်လည်ရောက်ရှိသည်...ခေါင်းတညိတ်ညိတ်နဲ့သဘောတကျဖြစ်နေပုံရတဲ့အဘိုးကစကားဆက်သည်...

"အော်...ဒီနေ့အလှူကမြေးနာမည်နဲ့မောင်ပြေပိုက်မိုးစိုက်ထူထားတဲ့ငွေပဒေသပင်ကရတဲ့ငွေနဲ့လုပ်တဲ့အလှူလေ...ဒီလိုနေ့မျိုးဆို...တစ်နေကုန်စာ...သုံးနပ်စာပေါ့...ကလေးတွေကောင်းကောင်းစားရတယ်...ပိုတဲ့ပိုက်ဆံတွေကိုတော့တခြားနေရာမှာသုံးတာပေါ့လေ..."

"ဗျာ...ဟို...ဟို...ငွေပဒေသပင်ဆိုတာဘာကိုပြောတာလဲအဘိုး..."

အဘိုးပြောတဲ့စကားကိုနားမလည်တာကြောင့်သိုင်းကိုကြည့်မိတော့သူလည်းနားလည်ပုံမရတာမို့အဘိုးအားတိုက်ရိုက်ပဲမေးကြည့်မိသည်...

"ငွေပဒေသပင်ဆိုတာ...ဘယ်လိုပြောရမလဲ...မြေးတို့ရယ်...ပိုက်ဆံပမာဏများများကိုဘဏ်မှာအပ်ထားပြီးနှစ်စဉ်သို့မဟုတ်လစဉ်ရတဲ့အတိုးနဲ့ရာသက်ပန်အလှူလုပ်တဲ့သဘောပေါ့..."

"..."

"လူသေရင်တောင်ပဒေသပင်ကမသေဘူးလေ...အလှူခံပုဂ္ဂိုလ်ကတစ်ခုခုလုပ်မပစ်ရင်ပေါ့...ဒီနေ့အလှူဆိုမောင်ဒေးတေဇနာမည်နဲ့ပဒေသပင်ကရတဲ့နှစ်စဉ်အတိုးနဲ့လုပ်တဲ့အလှူ...မောင်ပြေပိုက်မိုးစိုက်ထူထားတဲ့နောက်ထပ်ပဒေသပင်တစ်ခုရှိသေးတယ်..."

"အော်..."

"ဒီဘက်ကမြေးနာမည်နဲ့ဖြစ်မယ်ထင်တယ်...မောင်သိုင်းခန့်ကိုဆိုတာ...အဲဒီပဒေသပင်ကရတဲ့လစဉ်အတိုးကိုတော့...ဟိုးမှာမြင်လား...မြေးတို့သူငယ်ချင်းနဲ့စကားပြောနေတဲ့ကလေး...အဲဒီကလေးရဲ့ကျောင်းစရိတ်အတွက်သုံးတယ်..."

စကားပြောနေရင်းအဘိုးလက်ညိုးညွန်ရာကြည့်မိတော့ခုနကပိုက်ကိုနှုတ်ဆက်သွားတဲ့ကောင်လေး...ပိုက်နဲ့စကားလက်ဆုံကျနေတာရယ်မောပျော်ရွှင်လို့...

"အဘိုးတို့မိဘမဲ့ဂေဟာမှာသူ့လိုအရွယ်သုံးယောက်ပဲရှိတယ်...နှစ်ယောက်ကGTC...သူကတော့ဆေးတက္ကသိုလ်...တခြားကတော့မြေးတို့ခုနကမြင်တဲ့မူလတန်းအရွယ်လေးတွေပဲ...များသောအားဖြင့်စစ်ပွဲတွေဖြစ်တဲ့ဒေသကမြန်မာတိုင်းရင်းသားလေးတွေပေါ့..."

"အော်...အားလုံးပေါင်းကလေးအရေအတွက်ဘယ်လောက်လောက်ရှိလဲ...အဘိုး..."

"အားလုံးပေါင်း 127 ယောက်...မြေး..."

အဘိုးအိုရဲ့စကားအဆုံးမှာစိတ်ဝင်တစားမေးခွန်းတွေထုတ်နေတဲ့ဒေး...ပိုက်ကိုကြည့်မိတော့နေ့လည်စာစားနေတဲ့ကလေးတွေကြားမှာချိုင့်တစ်ချိုင့်ဆွဲလို့ဟင်းလိုက်ပေးနေပုံရသည်...မင်းရဲ့ဖြစ်တည်မှုလေးကတန်ဖိုးရှိလိုက်တာ...ပိုက်ရာ...ငယ်ငယ်ရွယ်ရွယ်နဲ့ပေးကမ်းစွန့်ကြဲတတ်တဲ့သဒ္ဒါတရားမှာဒေးအတွက်တင်မကကိုယ့်အတွက်ပါရည်စူးတယ်ဆိုတဲ့အသိကဘယ်လောက်ပီတိဖြစ်စေလိုက်သလဲ...စစ်မှန်တဲ့စေတနာမို့အကျိုးပေးတယ်ပြောရမလား...ကျောက်ကပ်ပျက်စီးတယ်လို့ဆရာဝန်တွေသတ်မှတ်လိုက်တဲ့အချိန်ကစတစ်နှစ်နီးပါးကာလမှာပိုက်ကဆေးသောက်ရုံနဲ့ထိန်းထားနိုင်ခဲ့တာ...ဆေးဖို့တောင်မလိုတဲ့ထိ...အခုဆိုကျောင်းပြီးလို့ဘွဲ့ယူဖို့တောင်နီးပြီ...ကြိုတင်မခန့်မှန်းတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြားမှာငါတို့တွေကောင်းကောင်းပျော်ခဲ့ဖူးတဲ့အမှတ်တရတွေရှိတယ်.....

~~~~~TBC~~~~~

Continue Reading

You'll Also Like

620K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
267K 19.2K 24
ChanBaek ( yaoi ) Chan × Baek ♡♡♡
812K 74.5K 54
Zawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️
11.7K 1.1K 8
1940 ခုနှစ် Own Creation Cv by Pinterest