Hateful Love {Complete}

By ParkeunA_61

121K 8.1K 660

အမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chan... More

part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (Sweet moment)
Part 10
Part 11
Part 12(Chan Pov )
Part 13
Part 14
Part 15
Part 17
Final
S2

Part 16

4.2K 321 34
By ParkeunA_61


"HATEFUL LOVE"

Wedding Dress ဆိုင်မှာ dress တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်နေတဲ့ Hyeri ကို ကော်ဖီသောက်ရင်း စောင့်နေမိသည်.....

မျက်စိရှေ့က
အဖြူရောင်သတို့သမီးဝတ်စုံနဲ့ သူမက ပုရိသတွေအတွက် နတ်သမီးလေးတပါးလို လှပနေပေမဲ့ ကျွန်တော့်အတွက်က နတ်ဆိုးတစ်ပါးပင်..

"မောင်...လှလား "

ဂါဝန်ကို အနည်းငယ်ကားကာ တစ်ပတ်လှည့်ပြတဲ့ သူမက သူများအမြင်မှာ ချစ်ဖို့ကောင်းနေပါလိမ့်မည်....

"မောင်.... "

"အင်း..."

လက်မောင်းကိုအတင်းလာချိတ်ကာ ပါးအပ်ထားပြီးမှ ကျွန်တော့ရဲ့ 'အင်း'ဆိုတဲ့အသံကြောင့် မော့ကြည့်ကာ ...

"ဘာ အင်းတုန်း...."

မော့ကြည့်နေတဲ့သူမမေးစေ့ကို ပင့်တင်ကာ

"မောင့်အချစ်က ဘာဝတ်ဝတ်လှပါတယ်ကွာ"

နှုတ်ခမ်းကိုဖြတ်ခနဲနမ်းလိုက်တော့ ကျေနပိသလို ပြုံးသွားတဲ့ သူမနှုတ်ခမ်းတွေ..
မျက်လုံးထဲ မြင်ယောင်လာတာက baby့ ရဲ့ နှုတ်ခမ်းသေးသေးလေးတွေ...

"မောင် ဝတ်စုံဝတ်ကြည့်လိုက်ဦးမယ်နော်"

လက်မှာတွယ်ချိတ်ထားတဲ့ သူမလက်ကို ဖြုတ်ချကာ နဖူးကိုအသာနမ်းပြီး အခန်းထဲဝင်သွားလိုက်သည်...

ဒီအပြုအမူတွေက ချစ်တတ်တဲ့ယောက်ျားတစ်ယောက်ရဲ့ အပြုအမူတွေဖြစ်နေသော်လဲ...
စိတ်ထဲက ချစ်၍မဟုတ် ဟန်ဆောင်က ချစ်ပြရခြင်းသာ....

ကိုယ်မြတ်နိုးတာ သူတစ်ယောက်တည်း........

~~~~~~~~~

ဝတ်စုံကြည့်ပြီးတာနဲ့ ကျွန်တော်နဲ့သူမ ဆိုင်တဆိုင်ကိုဝင်ဖို့ထွက်လာလိုက်သည်.......

"ဟင်"

ကားမောင်းနေရင်းပင် ဘေးဘီဝဲယာကိုကြည့်မိတော့ ဖြူဖြူလုံးလုံးနဲ့ ကောင်လေးတစ်ယောက်..
အတိအကျပြောရရင် Baby့ကိုတွေ့လိုက်ရတော့...

"Baby "

ကားကိုလမ်းဘေးထိုးရပ်ပြီး ပြေးကာ ဆွဲလှည့်ပြီးခေါ်ကြည့်တော့ Baby မဟုတ်......

ကျစ်~~အာရုံတွေက အစိုးမရပဲ Baby့  ဆီရောက်ရောက်နေရတာလဲ.....

"မောင် ကျွန်မနဲ့အတူတူရှိနေတဲ့အချိန်မှာ သူ့ကိုပဲ တမ်းတ မနေပါနဲ့လား....

တချိန်မှာမောင်က ကျွန်မရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့်သူ...
မောင့်ရဲ့စိတ်တွေက ကျွန်မဆီမှာပဲ ရှိသင့်သလို..
ကျွန်မရဲ့စိတ်တွေကလဲ မောင့်ဆီမှာပဲလေ

ကိုယ်ချစ်တဲ့သူက ကိုယ်မဟုတ်တဲ့ တခြားသူကို တမ်းတနေတာတွေ့ရင် ဘယ်လိုခံစားရမလဲဆိုတာ မောင့်ကို သိစေချင်တယ်မောင် "

ဟက်! သူမ စကားကြောင့် ကျွန်တော်ရယ်ချင်မိသွားတယ်......

"သမီးတို့ မင်္ဂလာပွဲ ဘယ်ရက်စမလဲ"

"နောက်လ ၁၄ရက်နေ့ပါ Daddy"

"အင်း.... လိုအပ်တာ ရှိရင်လဲပြောပေါ့"

"မရှိသေးပါဘူး Daddy....မောင်က လိုလေသိမ်းမရှိ အကုန်ပြင်ဆင်ထားပါတယ်"

Hyeri မိဘနဲ့ ကျွန်တော်နဲ့တွေ့ဆုံပွဲဟုဆိုသော်လဲ ကျွန်တော်က ဘေးလူသာသာ သာဖြစ်နေသလို.....

ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းက တချက် တုန်သွားတာကြောင့် ထုတ်ကြည့်မိတော့ Kim Kai Message ပို့ထားတာပင်...

✉Chanyeol!Baekhyun သတိရလာပီ ✉

ဟိုတနေ့က ဒဏ်ရာကြောင့် baby သတိမေ့နေသည်မှာ နှစ်ရက်တိုင်တိုင်...

ဒဏ်ရာက မနက်သော်လဲ စိတ်ဒဏ်ရာကြောင့်
အိပ်ပျော်နေခဲ့ ခြင်းပင်လား....

ဒီလို မိုက်ရူးရဲဆန်တဲ့အလုပ်ကို Baby ပြုမူကတည်းက baby့ အနားမှာ အစောင့်တစ်ယောက်ထားရပေမည်.....

"ကျွန်တော် အရေးကြီး ကိစ္စရှိလို့ ပြန်လိုက်ပါဦးမယ် "

တခြားသူတွေ ဘာစကားမှ မဟခင် ကျွန်တော်ထွက်လာခဲ့သည်.....

Baby နိုးထလာချိန်မှာ ကျွန်တော့်ကို ရှာနေမယ်ဆိုတာ ကျွန်တော်သိသည်....
ကျွန်တော် သူ့ကို စိတ်မပျက်ဘူးဆိုတာ ရှင်းပြသင့်သည် ထင်သည်.....

~~~~~~Hateful love~~~~~~~~

Chanyeol အခန်းထဲဝင်ဝင်ချင်း...
Kyung Soo နဲ့ Kai က sofa ပေါ်မှာ ထိုင်ကာ တစုံတခုကို ဆွေးနွေးနေဟန်....baby ကတော့ အိပ်ယာထက်မှာ လှဲလျောင်းနေဆဲပင်....

Kyung Soo နဲ့ Kai ကတော့ သူ့ကိုတွေ့တွေ့လျင်ချင်းပဲ စိတိပျက်သောအမူအရာနှင့်ကြည့်နေကြသည်.......

Baby့ နားကပ်ကာ နဖူးထက် ဆံသားတို့ကို သပ်တင်ပေးတော့ လူးလူးလွန့်လွန့်ဖြစ်လာတဲ့ ခန္ဓာကိုယ်လေးကို တင်းကျပ်စွာ ဖက်ကာချော့မြူသိပ်မိသည်.......

ပြန်လည်အိပ်ပျော်သွားတဲ့ Baby့ ကို လွှတ်လိုက်ပြီး သူ့ရဲ့အကြည့်တ်ု့က ပိတ်သားဖြူနဲ့ ဖုံးလွှမ်းထားတဲ့ လည်ပင်းတနေရာ.......

ရင်ထဲ ဆစ်ခနဲ.....

သူ့ကြောင့် baby နာကျင်မှုတွေ ခံစားနေရသည်...

"Chanyeol! ငါမင်းကို နောက်ဆုံးတစ်ခေါက်မေးပြရစေ "

မတ်တပ်ရပ်နေတဲ့ သူ့အနားကို Kyung Soo က ရောက်လာပြီး ပုခုံးကို ပုတ်ကာ မေးလာတာကြောင့် ခေါင်းကို အသာညိမ့်ပြလိုက်သည်......

"မင်း Baekhyun ကို ချစ်လား...."

ကျွန်တော် ဘယ်လိုဖြေရမလဲ...........

" ငါ...ငါ.. "

ကျွန်တော့နှုတ်က ဘာလို့ ဆွံအနေသလိုဖြစ်နေရတာလဲ...
ကျွန်တော့ရင်ထဲ Baby ရှိတယ်လေ...
ဘာလို့ ဒီစကား ပြောမထွက်ရတာလဲ...

"ရပီ chanyeol.... မင်းပြောစရာမလိုတော့ဘူး..
Baekhyun ကိုသာ ဂရုစိုက်ပေး ....သူ့အတွက်မင်းက အခုချိန်မှာ အလိုအပ်ဆုံးလူဖြစ်နေမှာ "

ထွက်ခွာသွားတဲ့ Kai နဲ့ Kyung Soo ရဲ့ကျောပြင်ကိုကြည့်ပြိး အမြင်တွေဝေဝါးလာသည်....
တဆက်တည်း kyung Soo စကားကြောင့်နားမလည်ဖြစ်ကာ baby့ က်ု အတင်းလှုပ်နှိုးမိသည်...

"Baby ထစမ်း!!!!..."

အတင်းလှုပ်နှိုးတော့
လန့်ဖြန့်ပြီး နိုးလားတဲ့ baby...

ကျွန်တော့ကိုတွေ့တော့ မျက်နှာကိုတဖက်လွှဲသွားတာကြောင့် ဒေါသထွက်ကာ ပါးနှစ်ဖက်ကို ဆတ်ခနဲ ဆွဲလှည့်ပြီးခေါ်ကြည့်တော့ မျက်ဝန်းတွေမှာ ပုလဲဥတွေ ရစ်သီးလို့......

"Baby!ကိုယ့်ကို ချစ်လား "

မဖြေသည့်အပြင် ကျွန်တော့်ကို စိမ်းစိမ်းကြီး ကြည့်ကာ ဟက် ခနဲ တချက်ရီပြီး မျက်နှာ ပြန်လှည့်သွားတာကြောင့်.....

ပုခူံးနှစ်ဖက်ကို ကိုင်ပြီး အတင်းဆွဲလှုပ်ကာ....

"ငါ့ကိုချစ်လားလို့ မေးနေတယ်လေ!!!!!! "

"....''

"မဖြေချင်တဲ့ မင်းကို ငါ အတင်းမမေးတော့ပါဘူး.... ပင်ပန်းနေတယ်မလား...ပြန်အိပ်တော့နော် "

ကုတင်ပေါ် တင်ပါးလွှဲထိုင်ထားသည်ကို ထပြီး
အပြင်ထွက်ဖို့ပြင်တော့ လက်ကို လှမ်းဆွဲပီး လက်ထဲ စာအုပ်တအုပ်လာထည့်တဲ့ Baby့ ကိုကြည့်တော့ ပြုံးပြနေလေရဲ့....

*ချစ်တယ်....  ကျွန်တော် ကိုကို့ကို သိပ်ချစ်တယ်"

လက်ထဲက စာအုပ်ကို ဆွဲယူပြီး တဖန် ရေးနေပြန်တဲ့ baby့ ဝါ ရှိုက်သံလေးတွေပါထွက်တဲ့ အထိ ကိုနေလေရဲ့.....

*ချစ်တယ်ဆိုတဲ့ စကားကို နှုတ်က မပြောနိုင်တော့လို့ တောင်းပန်ပါတယ်....

ကျွန်တော် စကားမပြောနိုင်တော့ဘူး ကိုကို...

တကယ်ကို တောင်းပန်ပါတယ်*

"Baby ဒါ နောက်စရာမဟုတ်ဘူးနော်"

အပြုံးဟု မဆိုသာသည့် အပြုံးလေးတခုနှင့် ခေါင်းကိုဖြည်းညှင်းစွာ ခါကာ လှဲပြီး ကျောပေးအိပ်သွားတဲ့ baby ရယ်....အသံတိတ်ငိုနေသည်ကြောင့် ကျောပြင်တခုလူံးက တုန်ရီလို့............

^baby က စကားမပြောနိုင်တော့ဘူး ^

"Baby နောက်စရာ မဟုတ်ဘူးလေကွာ...
တောင်းပန်ပါတယ် ကိုကို တကယ်တောင်းပန်ပါတယ်...

ဟာကွာ....

ဒုန်း

ဒုန်း "

နံရံကို လက်သီးနှင့် ၃ ၄ ချက်ဆင့်ထိုးလိုက်မိတော့ စီးဆင်းလာတဲ့သွေးတွေကို လျစ်လျူရှုကာ သူ့ကို ပြေးဖက်တဲ့ Baby့ ကို တင်းကျပ်စွာ ပွေ့ဖက်ကာ ^တောင်းပန်ပါတယ်^ ဟု နှုတ်က တဖွဖွ ရွတ်နေမိသည်.....

"Baby အခုလို ဖြစ်တာ ကိုကို့ကြောင့်ပါ...
Baby အခုလိုဖြစ်နေတာ ကိုယ့်ကြောင့်..... "

ကျွန်တော့ ပါးနှစ်ဖက်ကို လက်ကလေးနှင့်ပင့်တင့်ကာ မျက်ရည်များနှင့် ခေါင်းခါကာ ပြုံးပြနေသည့် Baby့ ကြောင့် ရင်ပိုနာရသည်...

Baby ရယ် မင်းကို အခုလိုဖြစ်စေတဲ့ တရားခံကို
အပြစ်ပေးလေကွာ...

ဘာမဆို ခွင့်လွှတ်တဲ့ ပုံမျိုးမလုပ်ပါနဲ့ကွာ...
ကိုယ်ရင်တွေ နာလို့ပါ......

~~~~~~~~~~~

"Kai... Baekhyun အဆင်ပြေမှာပါနော်"

မီးပူတိုက်ရမဲ့ အဝတ်တွေကို ခေါက်ရင်း kai ကိုမေးတာကြောင့် သတင်းစာဖတ်နေရင်း ခေါင်းညိမ့်ပြလိုက်သည်....

"အဆင်ပြေမှာပါ....baekhyun ကကြံ့ခိုင်တဲ့ကလေးပဲ ဖြတ်ကျော်နိုင်မှာပါ"

"ဒါပေမဲ့ ငါ စိတ်မချဘူး....သူ့အနားနေပေးရင်ကောင်းမလား..... ဘယ်သူ့မှ သူ့အနားမရှိတာထက်စာရင် တစ်ယောက်ယောက်ရှိနေပေးတာ သူအဆင်ပြေမယ်ထင်တယ်....  သူစကားပြောဖော်လဲ ရတာပေါ့"

"မင်းသဘောလေ....  အလုပ်နားချိန်တွေ သွားပေးပေါ့ "

"အင်းပါ... အိပ်တော့လေ ညဥ့်နက်နေပြီ
ငါ ဒါလေးတွေ ခေါက်ပြီးမှ အိပ်မယ်"

ခေါက်ပြီးသား အဝတ်တချို့ကို ခြင်းတောင်းထဲ သပ်သပ်ရပ်ရပ်စီထည့်ကာ ကျန်တဲ့ အဝတ်တွေကိုပါ ခေါက်ရင်းပြောလိုက်သည်...

Kai က သတင်းစာကို ပိတ်ကာ Kyung Soo ရဲ့အနားတိုးပြီး ...

"အင်း kyung!  ကိုယ်အိပ်တော့မယ်နော်...
ပြွတ်စ်"

ပါးကို ပြွတ်စ်ခနဲ မြည်အောင်နမ်းကာ Kyung Soo ရဲ့ လက်သီးပျံတွေမလာခင် အိမ်ခန်းထဲ ပြေးဝင်လိုက်သည်....

"Yar....  Kim Kai ပြန်လာခဲ့ "

"မလာတာ..... "

~~~~~~~~~~~~~~~~~~~

စေ့စပ်ပွဲနေ

ဖေဖော်ဝါရီ (12) ရက်.........

စိတ်မပါတဲ့ အိမ်ထောင်တခုကို ခြေတလှမ်းအစပျိုးသည့်နေ့...

အာရုံမှာ အစိုးရနေသည်က သူ့ကို လိုအပ်နေသည် Baby...

တောင်းပန်ပါတယ်...ကိုယ့်တာဝန်တွေ ပီးသွားရင် baby့ အနားကို ပြန်လာမှာပါ....

ဒီအချိန် ခဏလေးတော့ ကိုယ့်ကို နားလည်ပေးပါ Baby...

~~~~~
TBC

တိုသွားတယ်နော်...
ရေးပြီးသားတွေ အကုန်ပျက်သွားလို့် ပြန်ရေး
တာ ဒီလောက်ပဲရှိ 😁😁

Plz vote &Fb

Continue Reading

You'll Also Like

692K 37.5K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
237K 16.7K 29
ကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
225K 30.4K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
1.4K 145 5
" Do You Think I Have Forgotten About You? "