Zawgyi
"ကြ်န္မတို႔ဘက္ကဒီေလာက္နဲ႔ေက်ေအးမေပးႏိုင္ဘူး..."
"ေတာင္းပန္ပါတယ္...အစ္မတို႔ရယ္...ေဆးကုသစရိတ္ကိုလည္းကြ်န္ေတာ္တို႔ဘက္က..."
"ကြ်န္မတို႔ကအခုပိုက္ဆံမက္လို႔အေလ်ာ္ေတာင္းတယ္ထင္ေနတာလား..."
အျပင္းအထန္ျဖစ္တဲ့ရန္ပြဲမွာလူသတ္တဲ့ထိမျဖစ္သြားတာကဆိုင္ရွိလူကုန္ဝိုင္းဆြဲလို႔ဟုျပန္သိရသည္...ကိုယ့္သားတစ္ေယာက္တည္းဆိုရင္ေတာ့ကိုယ့္ကိုအရြဲ႕တိုက္ဖို႔ႀကိဳးစားတဲ့ကိုယ့္tသားအလြန္လို႕သတ္မွတ္မိမွာေပမဲ့သိုင္းပါပါဝင္ေနတဲ့ရန္ပြဲဟာသားတို႔ဘက္ကအလြန္မျဖစ္ႏိုင္...တစ္ဖက္ကလည္းပိုက္ဆံရွိအသိုင္းအဝိုင္းကမို႔႔ေငြနဲ႔လြယ္လြယ္ကူကူေျဖရွင္းလို႔မရတာေၾကာင့္စကားအရာနဲ႔အျမဳပ္ထြက္မတတ္ေတာင္းပန္ေနတာကိုေက်ေအးမေပး...လက္ပါတာခ်င္းတူရင္ေတာင္လက္နက္အရင္ေကာက္ကိုင္တတ္တဲ့ကိုယ့္သားေတြကျပင္းျပင္းထန္ထန္ဒဏ္ရာမရဘဲတစ္ဖက္ကေတာ္ေတာ္ထိသြားတာမို႔...
"မထင္ပါဘူး...အစ္မရယ္...အခုကကြ်န္ေတာ့္သားေတြေၾကာင့္ဒဏ္ရာရသြားတယ္ဆိုလို႔လူမႈေရးအရေတာင္းပန္တာပါ..."
"ဒီေလာက္ထိေတာင္းပန္စရာမလိုဘူး...ဒယ္ဒီ...ခင္ဗ်ားတို႔ကဘာျဖစ္ခ်င္တာလဲေျပာ..."
ေရွ႕ကအေဖျဖစ္သူရဲ႕ေတာင္းပန္သံမဆံုးေသး...သူမွန္တယ္ထင္ရင္ဘယ္သူ႕ကိုမွမေတာင္းပန္တတ္တဲ့ေဒးကဝင္ေအာ္သည္...
"..."
"ဒဏ္ရာရတာကိုခင္ဗ်ားတို႔စကားထဲထည္႕မေျပာနဲ႔...ကြ်န္ေတာ္တို႔လည္းရတယ္...ေယာက်္ားအရင့္မာႀကီးေတြျဖစ္ၿပီးခံႏိုင္ရည္မရွိၾကလို႔သာေဆး႐ံုေရာက္တာ...ထမီဝတ္ေပးရမဲ့ေကာင္ေတြ..."
"မင္းစကားေျပာတာမ႐ိုင္းနဲ႔..."
သူတို႔မိခင္ေတြကိုေအာ္ေတာ့မခံႏိုင္လို႔ထင္သည္...သူရိန္ဆိုသူကေဒါသႀကီးစြာစကားဝင္ေထာက္သည္...
"႐ိုင္းေတာ့ဘာျဖစ္လဲ...ငါကစကားေျပာ႐ိုင္းရင္ေတာင္စာရိတၱမ႐ိုင္းဘူး...ေဟ့ေရာင္..."
"..."
"ေအး...တစ္ခါတည္းေျပာထားမယ္ေနာ္...မင္းငါ့ကိုမေက်နပ္ရင္ငါနဲ႔တိုက္႐ိုက္လာရွင္း...ပိုက္ကိုအသံုးမခ်နဲ႔...မင္းေၾကာင့္ပိုက္ေဆး႐ံုေရာက္တာဒါနဲ႔ဆိုႏွစ္ခါရွိၿပီ...ေနာက္တစ္ခါဆိုမင္းကိုငါ့လက္နဲ႔အေသသတ္မွာ..."
"ဒုန္း..."
စကားအဆံုးေရွ႕ကစားပြဲကိုေျခနဲ႔ခတ္ရင္းထျပန္ဖို႔ျပင္တဲ့ေဒးေၾကာင့္သိုင္းကပါထိုင္ရာကထသည္...
"ျပန္မယ္...ဒယ္ဒီ...ခင္ဗ်ားတို႔မေက်နပ္ရင္ႀကိဳက္တဲ့ဆီတိုင္လို႔ရတယ္...ေယာက်္ားခ်င္းၾကာခိုခ်င္တဲ့ခင္ဗ်ားတို႔သားေတြလည္းလူေကာင္းမဟုတ္ဘူးဆိုတာသိထားေပါ့..."
ဘာေၾကာင့္ရန္ျဖစ္တယ္ဆိုတာေသခ်ာမသိေပမဲ့သားျဖစ္သူရဲ႕စကားအသြားအလာအရသား,ပိုက္ကိုထိခိုက္ေစလို႔ဆိုတာတစ္စိတ္တစ္ပိုင္းသိခြင့္ရလိုက္သည္...သား,ပိုက္ေမေမနဲ႔အိမ္ေထာင္သစ္ထူၿပီးကတည္းကသူငယ္ခ်င္းျဖစ္သူကိုအျမင္မၾကည္သူကသား,ပိုက္ေၾကာင့္ရန္ျဖစ္တယ္ဆိုေတာ့ဝမ္းသာရမလို...ေအးေလ...ငယ္ငယ္ကတည္းကညီအစ္ကိုလိုေပါင္းသင္းခဲ့သူေတြမဟုတ္လား...
.
.
.
"အိ..."
"အစ္ကိုေရာက္လာၿပီလား...ေအာ္...သားတို႔ေရာပါလာတာပဲ..."
"အင္း...သားသတိရမလာေသးဘူးလား..."
"မရေသးဘူးအစ္ကို.."
ေဖ်ာ့ေတာ့စြာေသာတုံ႔ျပန္သံဟာကုတင္ေပၚမွာျဖဴေဖ်ာ့စြာလဲေလ်ာင္းေနတဲ့သားလက္အားဆုပ္ကိုင္ထားတဲ့အေမတစ္ေယာက္ရဲ႕စိတ္ပူပန္မႈကိုထင္ဟပ္လ်က္...
"ဆရာဝန္ေတြဘာေျပာလဲ...အန္တီ..."
ကိုယ္ထင္ေနတာေတြမမွန္ပါေစနဲ႔လို႔ဆုေတာင္းလ်က္အေမးစကားဆိုမိေပမဲ့ျပန္ၾကားရမဲ့ေျဖဆိုသံကိုသိုင္းတစ္ေယာက္ေၾကာက္ရြံ႕ေနမိသည္...
"ေက်ာက္ကပ္ကေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ေတာ့ဘူးတဲ့...ပ်က္စီးစျပဳေနၿပီေျပာတယ္..."
"..."
"အခုေတာ့ေဆးနဲ႔ထိန္းထားေပမဲ့ေနာက္က်ေက်ာက္ကပ္ေဆးဖို႔လိုလာလိမ့္မယ္တဲ့...အစားထိုးရင္ေတာ့လူေကာင္းတစ္ေယာက္လိုျပန္ေနႏိုင္မယ္ဆိုေပမဲ့သားငယ္ကလက္ခံမွာမဟုတ္ဘူး..."
ခန္႔မွန္းထားတဲ့အေျဖျဖစ္ေပမဲ့ခ်က္ခ်င္းလက္ခံဖို႔ခဲယဥ္းသည္...ေက်ာက္ကပ္တစ္ျခမ္းေပးႏိုင္မဲ့အလွဴရွင္ရွာၿပီးအစားထိုးဖို႔စီစဥ္တယ္ပဲထား...ပိုက္ကလက္ခံမည္မဟုတ္...သူေနမေကာင္းတဲ့အခါေဆး႐ံုတက္ရလို႔ညေစာင့္အိပ္ရရင္ေတာင္သူ႕ေၾကာင့္အိပ္ေရးပ်က္ရတယ္ဆိုၿပီးေသမလိုအားနာတတ္တာပိုက္အက်င့္...
"စိတ္မပူပါနဲ႔...အိရယ္..အစ္ကိုတို႔သားကိုေဖ်ာင္းဖ်လို႔ရမွာပါ..."
အန္တီ့ပုခံုးကိုခပ္ဖြဖြပုတ္ရင္းအားေပးစကားဆိုတဲ့ေဒးေဖေဖ...ကြ်န္ေတာ္လည္းပိုက္အလြယ္တကူလက္ခံဖို႔ေမွ်ာ္လင့္ပါတယ္...အန္ကယ္လ္...
"စိတ္မေကာင္းျဖစ္ေနတာလား..."
"အင္း...မင္းေကာ..?"
အခ်ိန္အေတာ္ၾကာတဲ့အထိေစာင့္ေပမဲ့ေဆးအရွိန္နဲ႔သတိရမလာေသးတဲ့ပိုက္ေၾကာင့္အိမ္ျပန္ေရမိုးခ်ိဳးရန္ျပန္လာတဲ့ကားေပၚေဒးရဲ႕အေမးစကားအားအေမးတစ္ခုနဲ႔ျပန္ေျဖျဖစ္သည္...
"အစားထိုးရင္လူေကာင္းလိုျပန္ျဖစ္မွာလား..."
"အင္း...ဆီးခ်ိဳရွိၿပီးအသက္ႀကီးတဲ့သူေတြဆိုရင္ေတာ့မေသခ်ာေပမဲ့ငယ္ေသးတဲ့သူေတြဆိုရင္ေတာ့လူေကာင္းျပန္ျဖစ္ပါတယ္..."
"..."
အေတာ္ၾကာတိတ္ဆိတ္သြားတဲ့ကားအတြင္းေလထုထဲကြ်န္ေတာ္တို႔ႏွစ္ေယာက္ရဲ႕အသက္႐ွဴသံေတြသာႀကီးစိုးလ်က္...
"တစ္ခုပဲ...ပိုက္လက္မခံမွာတစ္ခုပဲစိုးရိမ္တာ..."
"..."
"မင္း...မင္းေျပာရင္ပိုက္လက္ခံေလာက္တယ္ေဒး..."
ကြ်န္ေတာ့္ရဲ႕အားကိုးႀကီးစြာအကူအညီေတာင္းမႈအားေအးစက္စက္ေမးခြန္းတစ္ခုနဲ႔တားျမစ္သည္...
"ဘာကိုၾကည္႕ၿပီးေျပာတာလဲ..."
"ပိုက္...ပိုက္မင္းအေပၚမွာဘယ္ေလာက္ထိသံေယာဇဥ္ရွိလဲမင္းအသိဆံုးပဲေလ...ေဒး...မင္းေျပာရင္သူလက္ခံမွာေသခ်ာတယ္..."
"အဟက္...ေသခ်ာလို႔လား...ငါေျပာရင္ပိုက္လက္ခံမွာေသခ်ာလို႔လား..."
"ေသခ်ာေအာင္မင္းႀကိဳးစားၾကည္႕ေပးပါ..."
"ႀကိဳးစားလို႔ေအာင္ျမင္ရင္ငါဘာျပန္ရမွာလဲ..."
"ေဒး..."
အံ့အားသင့္မႈတစ္ခုနဲ႔အတူသူ႕နာမည္အားစိတ္ပ်က္စြာေရရြတ္မိသည္...အမွန္တစ္ကယ္ဆိုမိဘေတြကိစၥမွာပိုက္ပေယာကဘာတစ္ခုမွမပါမွန္းသူလည္းသိၿပီးသား...
"မင္းဘာလိုခ်င္တာလဲ..."
"ငါမင္းကိုခ်စ္တယ္...သိုင္း..."
~~~~~TBC~~~~~
Unicode
"ကျွန်မတို့ဘက်ကဒီလောက်နဲ့ကျေအေးမပေးနိုင်ဘူး..."
"တောင်းပန်ပါတယ်...အစ်မတို့ရယ်...ဆေးကုသစရိတ်ကိုလည်းကျွန်တော်တို့ဘက်က..."
"ကျွန်မတို့ကအခုပိုက်ဆံမက်လို့အလျော်တောင်းတယ်ထင်နေတာလား..."
အပြင်းအထန်ဖြစ်တဲ့ရန်ပွဲမှာလူသတ်တဲ့ထိမဖြစ်သွားတာကဆိုင်ရှိလူကုန်ဝိုင်းဆွဲလို့ဟုပြန်သိရသည်...ကိုယ့်သားတစ်ယောက်တည်းဆိုရင်တော့ကိုယ့်ကိုအရွဲ့တိုက်ဖို့ကြိုးစားတဲ့ကိုယ့်tသားအလွန်လို့သတ်မှတ်မိမှာပေမဲ့သိုင်းပါပါဝင်နေတဲ့ရန်ပွဲဟာသားတို့ဘက်ကအလွန်မဖြစ်နိုင်...တစ်ဖက်ကလည်းပိုက်ဆံရှိအသိုင်းအဝိုင်းကမို့့ငွေနဲ့လွယ်လွယ်ကူကူဖြေရှင်းလို့မရတာကြောင့်စကားအရာနဲ့အမြုပ်ထွက်မတတ်တောင်းပန်နေတာကိုကျေအေးမပေး...လက်ပါတာချင်းတူရင်တောင်လက်နက်အရင်ကောက်ကိုင်တတ်တဲ့ကိုယ့်သားတွေကပြင်းပြင်းထန်ထန်ဒဏ်ရာမရဘဲတစ်ဖက်ကတော်တော်ထိသွားတာမို့...
"မထင်ပါဘူး...အစ်မရယ်...အခုကကျွန်တော့်သားတွေကြောင့်ဒဏ်ရာရသွားတယ်ဆိုလို့လူမှုရေးအရတောင်းပန်တာပါ..."
"ဒီလောက်ထိတောင်းပန်စရာမလိုဘူး...ဒယ်ဒီ...ခင်ဗျားတို့ကဘာဖြစ်ချင်တာလဲပြော..."
ရှေ့ကအဖေဖြစ်သူရဲ့တောင်းပန်သံမဆုံးသေး...သူမှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမတောင်းပန်တတ်တဲ့ဒေးကဝင်အော်သည်...
"..."
"ဒဏ်ရာရတာကိုခင်ဗျားတို့စကားထဲထည့်မပြောနဲ့...ကျွန်တော်တို့လည်းရတယ်...ယောကျ်ားအရင့်မာကြီးတွေဖြစ်ပြီးခံနိုင်ရည်မရှိကြလို့သာဆေးရုံရောက်တာ...ထမီဝတ်ပေးရမဲ့ကောင်တွေ..."
"မင်းစကားပြောတာမရိုင်းနဲ့..."
သူတို့မိခင်တွေကိုအော်တော့မခံနိုင်လို့ထင်သည်...သူရိန်ဆိုသူကဒေါသကြီးစွာစကားဝင်ထောက်သည်...
"ရိုင်းတော့ဘာဖြစ်လဲ...ငါကစကားပြောရိုင်းရင်တောင်စာရိတ္တမရိုင်းဘူး...ဟေ့ရောင်..."
"..."
"အေး...တစ်ခါတည်းပြောထားမယ်နော်...မင်းငါ့ကိုမကျေနပ်ရင်ငါနဲ့တိုက်ရိုက်လာရှင်း...ပိုက်ကိုအသုံးမချနဲ့...မင်းကြောင့်ပိုက်ဆေးရုံရောက်တာဒါနဲ့ဆိုနှစ်ခါရှိပြီ...နောက်တစ်ခါဆိုမင်းကိုငါ့လက်နဲ့အသေသတ်မှာ..."
"ဒုန်း..."
စကားအဆုံးရှေ့ကစားပွဲကိုခြေနဲ့ခတ်ရင်းထပြန်ဖို့ပြင်တဲ့ဒေးကြောင့်သိုင်းကပါထိုင်ရာကထသည်...
"ပြန်မယ်...ဒယ်ဒီ...ခင်ဗျားတို့မကျေနပ်ရင်ကြိုက်တဲ့ဆီတိုင်လို့ရတယ်...ယောကျ်ားချင်းကြာခိုချင်တဲ့ခင်ဗျားတို့သားတွေလည်းလူကောင်းမဟုတ်ဘူးဆိုတာသိထားပေါ့..."
ဘာကြောင့်ရန်ဖြစ်တယ်ဆိုတာသေချာမသိပေမဲ့သားဖြစ်သူရဲ့စကားအသွားအလာအရသား,ပိုက်ကိုထိခိုက်စေလို့ဆိုတာတစ်စိတ်တစ်ပိုင်းသိခွင့်ရလိုက်သည်...သား,ပိုက်မေမေနဲ့အိမ်ထောင်သစ်ထူပြီးကတည်းကသူငယ်ချင်းဖြစ်သူကိုအမြင်မကြည်သူကသား,ပိုက်ကြောင့်ရန်ဖြစ်တယ်ဆိုတော့ဝမ်းသာရမလို...အေးလေ...ငယ်ငယ်ကတည်းကညီအစ်ကိုလိုပေါင်းသင်းခဲ့သူတွေမဟုတ်လား...
.
.
.
"အိ..."
"အစ်ကိုရောက်လာပြီလား...အော်...သားတို့ရောပါလာတာပဲ..."
"အင်း...သားသတိရမလာသေးဘူးလား..."
"မရသေးဘူးအစ်ကို.."
ဖျော့တော့စွာသောတုံ့ပြန်သံဟာကုတင်ပေါ်မှာဖြူဖျော့စွာလဲလျောင်းနေတဲ့သားလက်အားဆုပ်ကိုင်ထားတဲ့အမေတစ်ယောက်ရဲ့စိတ်ပူပန်မှုကိုထင်ဟပ်လျက်...
"ဆရာဝန်တွေဘာပြောလဲ...အန်တီ..."
ကိုယ်ထင်နေတာတွေမမှန်ပါစေနဲ့လို့ဆုတောင်းလျက်အမေးစကားဆိုမိပေမဲ့ပြန်ကြားရမဲ့ဖြေဆိုသံကိုသိုင်းတစ်ယောက်ကြောက်ရွံ့နေမိသည်...
"ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူးတဲ့...ပျက်စီးစပြုနေပြီပြောတယ်..."
"..."
"အခုတော့ဆေးနဲ့ထိန်းထားပေမဲ့နောက်ကျကျောက်ကပ်ဆေးဖို့လိုလာလိမ့်မယ်တဲ့...အစားထိုးရင်တော့လူကောင်းတစ်ယောက်လိုပြန်နေနိုင်မယ်ဆိုပေမဲ့သားငယ်ကလက်ခံမှာမဟုတ်ဘူး..."
ခန့်မှန်းထားတဲ့အဖြေဖြစ်ပေမဲ့ချက်ချင်းလက်ခံဖို့ခဲယဉ်းသည်...ကျောက်ကပ်တစ်ခြမ်းပေးနိုင်မဲ့အလှူရှင်ရှာပြီးအစားထိုးဖို့စီစဉ်တယ်ပဲထား...ပိုက်ကလက်ခံမည်မဟုတ်...သူနေမကောင်းတဲ့အခါဆေးရုံတက်ရလို့ညစောင့်အိပ်ရရင်တောင်သူ့ကြောင့်အိပ်ရေးပျက်ရတယ်ဆိုပြီးသေမလိုအားနာတတ်တာပိုက်အကျင့်...
"စိတ်မပူပါနဲ့...အိရယ်..အစ်ကိုတို့သားကိုဖျောင်းဖျလို့ရမှာပါ..."
အန်တီ့ပုခုံးကိုခပ်ဖွဖွပုတ်ရင်းအားပေးစကားဆိုတဲ့ဒေးဖေဖေ...ကျွန်တော်လည်းပိုက်အလွယ်တကူလက်ခံဖို့မျှော်လင့်ပါတယ်...အန်ကယ်လ်...
"စိတ်မကောင်းဖြစ်နေတာလား..."
"အင်း...မင်းကော..?"
အချိန်အတော်ကြာတဲ့အထိစောင့်ပေမဲ့ဆေးအရှိန်နဲ့သတိရမလာသေးတဲ့ပိုက်ကြောင့်အိမ်ပြန်ရေမိုးချိုးရန်ပြန်လာတဲ့ကားပေါ်ဒေးရဲ့အမေးစကားအားအမေးတစ်ခုနဲ့ပြန်ဖြေဖြစ်သည်...
"အစားထိုးရင်လူကောင်းလိုပြန်ဖြစ်မှာလား..."
"အင်း...ဆီးချိုရှိပြီးအသက်ကြီးတဲ့သူတွေဆိုရင်တော့မသေချာပေမဲ့ငယ်သေးတဲ့သူတွေဆိုရင်တော့လူကောင်းပြန်ဖြစ်ပါတယ်..."
"..."
အတော်ကြာတိတ်ဆိတ်သွားတဲ့ကားအတွင်းလေထုထဲကျွန်တော်တို့နှစ်ယောက်ရဲ့အသက်ရှူသံတွေသာကြီးစိုးလျက်...
"တစ်ခုပဲ...ပိုက်လက်မခံမှာတစ်ခုပဲစိုးရိမ်တာ..."
"..."
"မင်း...မင်းပြောရင်ပိုက်လက်ခံလောက်တယ်ဒေး..."
ကျွန်တော့်ရဲ့အားကိုးကြီးစွာအကူအညီတောင်းမှုအားအေးစက်စက်မေးခွန်းတစ်ခုနဲ့တားမြစ်သည်...
"ဘာကိုကြည့်ပြီးပြောတာလဲ..."
"ပိုက်...ပိုက်မင်းအပေါ်မှာဘယ်လောက်ထိသံယောဇဉ်ရှိလဲမင်းအသိဆုံးပဲလေ...ဒေး...မင်းပြောရင်သူလက်ခံမှာသေချာတယ်..."
"အဟက်...သေချာလို့လား...ငါပြောရင်ပိုက်လက်ခံမှာသေချာလို့လား..."
"သေချာအောင်မင်းကြိုးစားကြည့်ပေးပါ..."
"ကြိုးစားလို့အောင်မြင်ရင်ငါဘာပြန်ရမှာလဲ..."
"ဒေး..."
အံ့အားသင့်မှုတစ်ခုနဲ့အတူသူ့နာမည်အားစိတ်ပျက်စွာရေရွတ်မိသည်...အမှန်တစ်ကယ်ဆိုမိဘတွေကိစ္စမှာပိုက်ပယောကဘာတစ်ခုမှမပါမှန်းသူလည်းသိပြီးသား...
"မင်းဘာလိုချင်တာလဲ..."
"ငါမင်းကိုချစ်တယ်...သိုင်း..."
~~~~~TBC~~~~~