Zawgyi
"ေဒါက္...ေဒါက္..."
လူမႈေရးအရသာတံခါးေခါက္လိုက္ေပမဲ့ေလာ့ခ္ခ်မထားတာမို႔ပူပန္ေနတဲ့စိတ္နဲ႔တန္းဝင္မိသည္...Foreigner ေတြအလာမ်ားတဲ့ဆိုင္မို႔ Staff ေတြကအစျမန္မာဝတ္စံုဆင္ျမန္းေစၿပီးကိုယ္တိုင္လည္းပုဆိုးနဲ႔စတစ္သာအဝတ္မ်ားတဲ့သူကဒီေန႔မွဆြယ္တာအျဖဴတစ္ထည္ကိုအနက္ေရာင္Pantတစ္ထည္နဲ႔တြဲဖက္ဆင္ျမန္းထားသည္...အပူႀကီးတတ္သူမို႔ေတာ္႐ံုဆိုShoeမစီးတတ္သည္႕သူကေျခအိတ္စြပ္ကာShoeစီးထားသည္ကထူးဆန္းေနသည္...
"ပိုက္..."
"ဟင္..."
႐ုတ္တရက္ေခၚသံေၾကာင့္Laptopကိုအာ႐ံုစူးစိုက္စြာၾကည္႕ေနသူကအံ့အားသင့္တဲ့အၿပံဳးနဲ႔ႀကိဳဆိုသည္...
"ေနမေကာင္းဘူးလား...အန္တယ္ဆို..."
"မဟုတ္ပါဘူး..."
ထိုင္ေနရာစားပြဲနားတိုးကပ္သြားၿပီးနဖူးေပၚလက္တင္ေတာ့မ်က္လံုးၾကည္ၾကည္ေလးေတြနဲ႔ေမာ့ၾကည္႕သည္...ႏြမ္းဖတ္ေနတဲ့မ်က္ႏွာေလးကအားရစရာမရွိ...
"ေနေကာင္းပါတယ္..."
"အင္း...အန္တယ္ဆို...ရင္ဘတ္ထဲေနလို႔မေကာင္းတာလား..."
စမ္းသပ္တဲ့ကိုယ္ကဘာမွမေျပာရေသး...သူေနေကာင္းေၾကာင္းအရင္ဦးေအာင္ေျပာၿပီးအိမ္ျပန္ခိုင္းမည္႕အေရးကိုအျပင္းအထန္ကာကြယ္သည္...
"ေကာင္းပါတယ္..."
ေဝဒနာကိုခံစားေနရတဲ့အတိုင္းဘယ္ေတာ့မွမေျပာတတ္တဲ့သူ...ေဆးေသာက္ရမွာထက္သူ႕ေၾကာင့္သူမ်ားစိတ္ဆင္းရဲရမွာေသမလိုစိတ္ပူတတ္တာငယ္ငယ္ကတည္းက...မင္းနဲ႔ေတာ့ခက္တယ္...ပိုက္ရာ...
"ၾကက္ေပါင္းလုပ္လာတယ္...နည္းနည္းျဖစ္ျဖစ္စားရေအာင္...ပိုက္..."
ေကာင္မေလးတစ္ေယာက္ဝင္လာပို႔တဲ့ပန္းကန္ကိုဘာမွမသိသလိုေငးေမာၾကည္႕ေနတာမို႔အစာစားရေအာင္ေျပာေတာ့ႏြမ္းေနတဲ့မ်က္ႏွာေလးကခ်က္ခ်င္း႐ွံဳ႕မဲ့သြားသည္...
"ငါမစားခ်င္ဘူး...သိုင္း..."
"မရဘူး...နည္းနည္းျဖစ္ျဖစ္စားရေအာင္..."
"..."
"ကိုယ့္ဘာကိုစားမွာလား...အတင္းအက်ပ္ခြံ႕ရမွာလား...ပိုက္..."
မ်က္ႏွာငယ္ေလးနဲ႔မစားခ်င္ေၾကာင္းျငင္းဆိုေနေပမဲ့အလိုလိုက္လို႔မျဖစ္...အခုခ်ိန္မွာသနားလိုက္လို႔ေနာက္ဒီထက္ေဝဒနာဆိုးလာရင္ဘယ္လိုလုပ္မလဲလို႔ေတြးရင္းၾကက္ေပါင္းပန္းကန္အားသူ႕ေရွ႕ခ်ေပးမိသည္...
"နည္းနည္းျဖစ္ျဖစ္ဝင္ေအာင္စားလိုက္..."
"..."
"အဖက္ေကာစားေလ..."
ေလသံမာမာနဲ႔အမိန္႔ဆန္ဆန္ေျပာေတာ့စကားနားေထာင္ရွာသည္...မစားခ်င္စားခ်င္နဲ႔အရည္ေတြပဲေသာက္ကာအဖက္ကိုမထိေလေတာ့အားရွိေအာင္စားဖို႔ေျပာရသည္...နည္းနည္းေလာက္ကုန္သြားလို႔ဝမ္းသာမလို႔ရွိေသး...စားလက္စဇြန္းကိုခ်ကာတန္းေျပးတာကသန္႔စင္ခန္းရွိရာဆီ...
"ေဝါ့...ေဝါ့..."
"ပိုက္..."
အစာကိုအဝင္မခံတာေကာင္းတဲ့လကၡဏာမဟုတ္...ေက်ာကိုအသာႏွိပ္ေပးရင္းေနသာေအာင္ျပဳလုပ္ေပးမိသည္...
"ပိုက္...ေဆးခန္းသြားရေအာင္..."
ေခါင္းသာရမ္းျပရင္းသူ႕ရင္ဘတ္ေလးသူဖိကာအျပင္ထြက္ဖို႔ႀကိဳးစားေနတာမို႔...မ်က္ရည္ေတြေဝ့ကာရဲေနတဲ့မ်က္ႏွာေလးေၾကာင့္ဘာမွထပ္မေျပာဘဲတြဲေခၚလာကာဆိုဖာေပၚထိုင္ခိုင္းရသည္...
"ဘာလုပ္မလို႔လဲ..."
Symptom ေတြကိုမသကၤာတာနဲ႔ေျခေထာက္ေတြ ၾကည္႕ခ်င္တာေၾကာင့္သူ႕ဖိနပ္ကိုခြ်တ္ဖို႔ႀကိဳးစားေတာ့ေလသံတိုးတိုးေလးနဲ႔ေမးရွာသည္...
"ခဏေလး..."
ထင္တဲ့အတိုင္းေရာင္ေနတဲ့ေျခဖမိုးေတြေၾကာင့္လက္နဲ႔အသာထိုးရင္းစမ္းသပ္မိသည္...ေသခ်ာတယ္...ဒါေက်ာက္ကပ္ေၾကာင့္ျဖစ္တဲ့ျပသနာ...ပိုက္ကငယ္ငယ္ေလးကတည္းကေက်ာက္ကပ္အားနည္းတဲ့သူမဟုတ္လား...
"ပိုက္...ေဆးခန္းသြားမယ္..."
"..."
"ၾကားလား...ေဆးခန္းသြားမယ္လို႔..."
"ည...ညေနမွသြားမယ္...အခုကခ်ိန္းထားတာရွိလို႔..."
မသြားခ်င္သလိုအမူအယာနဲ႔ဘာမွမတံု႔ျပန္တာေၾကာင့္ခပ္မာမာေအာ္မိေတာ့ခပ္တိုးတိုးေလသံေလးနဲ႔ေျဖရွင္းခ်က္ေပးသည္...ဆက္ေနရင္ေဒါသေတြခ်ည္းဆက္ထြက္ရမွာမို႔ဘာမွမေျပာဘဲသာထြက္လာလိုက္မိသည္...စိတ္တိုလာတဲ့အရွိန္နဲ႔လွမ္းလာတဲ့ေျခလွမ္းေတြကမညင္သာ...ရိပ္မိတဲ့ဦးႏိုင္ကတစ္ခုခုျဖစ္လာတာလားေမးတဲ့အခါအက်ိဳးအေၾကာင္းေျပာၿပီးထြက္လာမိတာကေဆးသြားဝယ္ဖို႔...
.
.
.
"ကိုကို...ဘာမွာမလဲ..."
"သဲအဆင္ေျပတာမွာလိုက္ေလ..."
"ေကာ္ဖီမွာလိုက္မယ္...ဒီဆိုင္ကေကာ္ဖီကေသာက္လို႔ေကာင္းတယ္..."
"အင္း..."
အခ်ဳပ္ခန္းကထြက္ၿပီးၿပီးခ်င္းေက်ာင္းျပန္ဖို႔ပ်င္းေနခ်ိန္...ဖုန္းဆက္လာသူလက္ရွိေကာင္မေလးေၾကာင့္တစ္ေနရာရာမွာတစ္ခုခုစားဖို႔ျဖစ္လာသည္...
"တျခားဘာမွာဦးမလဲကိုကို...ဒီဆိုင္ကျမန္မာမုန္႔ေတြစားလို႔ေကာင္းတယ္..."
"ဘိန္းမုန္႔...ဘိန္းမုန္႔စားမယ္..."
ကိုယ့္လက္ထဲMenuထိုးထည္႕လာတာမို႔ေကာ္ဖီနဲ႔လိုက္မယ္ထင္ရတဲ့မုန္႔ကိုၿပီးစလြယ္မွာလိုက္မိသည္...အမွန္ဆိုကိုယ္လိုေကာင္မ်ိဳးကဒီလိုဆိုင္ေတြနဲ႔သိပ္ကြ်မ္းဝင္တာမဟုတ္...
"သဲလည္းဘိန္းမုန္႔ပဲစားမယ္..."
ဟုဆိုကာဝန္ထမ္းေကာင္ေလးကိုမုန္႔မွာေနတဲ့သဲကိုၾကည္႕ရင္းမ်က္ႏွာခ်င္းဆိုင္ဝိုင္းဆီမေတာ္တဆအၾကည္႕ေရာက္မိေတာ့ညကကားၿပိဳင္ေမာင္းတာကိုယ့္ကို႐ွံဳးလို႔မစားရတဲ့အမဲသဲနဲ႔ပက္ရဲကိုအေၾကာင္းၾကားၿပီးဒုကၡေပးသြားတဲ့ေကာင္ေတြ...ၿပီတီတီ႐ုပ္ေတြနဲ႔တစ္ေနရာရာကိုစူးစိုက္ၾကည္႕ေနၾကပံုကတစ္ခုခုကိုယုတ္မာေတာ့မဲ့ပံုစံေတြနဲ႔မို႔သူတို႔အၾကည္႕ရွိရာအရပ္လိုက္ၾကည္႕မိသည္...မနက္ကအခ်ဳပ္ခန္းမွာအာမခံလာထုတ္ေပးသြားေသာဦးႏိုင္ဆိုသူႏွင့္ဆြယ္တာအျဖဴေလးနဲ႔ေကာင္ေလးတစ္ေယာက္...Foreignerဟုထင္ရသူလူႏွစ္ဦးႏွင့္စကားေျပာေနသည္...ပိုက္မ်ားလားဟုအေတြးဝင္သြားခိုက္...ဒီဖက္လွည္႕ကာလမ္းေလ်ာက္ရင္းစကားေျပာလာတဲ့မ်က္ႏွာေၾကာင့္ေသခ်ာသြားသည္...ဒါဆိုဒီဆိုင္ကပိုက္ဆိုင္လား...ျမန္မာမုန္႔ေတြေရာင္းတဲ့ဆိုင္ဖြင့္ထားတယ္ဆိုတာသိထားေပမဲ့တစ္ခါမွမေရာက္ဖူးသလိုဒီေလာက္ခမ္းနားမယ္လည္းမထင္ထားခဲ့...
"ကိုကိုစားေတာ့ေလ...ေကာ္ဖီေတြေအးကုန္ေတာ့မယ္..."
"အင္း..."
ေကာ္ဖီခြက္သာေကာက္ကိုင္လိုက္မိေပမဲ့အေတြးစတို႔ပ်က္မသြားခဲ့...ထိုအခ်ိန္တစ္ဖက္ဝိုင္းမွကိုယ့္ကိုၾကည္႕ရင္းသူတို႔အခ်င္းခ်င္းတီးတိုးကပ္ေျပာေနပံုေတြေၾကာင့္ညကေဒါသကအေမာက္ေထာက္လာကာခပ္႐ိုင္း႐ိုင္းျပန္ၾကည္႕မိသည္...ကိုယ့္ေရွ႕တင္ပိုက္ရွိရာအရပ္လွည္႕ကာ Fly Kiss ေပးေနပံုလုပ္ျပတာေၾကာင့္ထိန္းမရတဲ့ေဒါသကသူတို႔ဝိုင္းရွိရာအရပ္ေရာက္ေစသည္...
"မင္းေယာက်္ားမဟုတ္ဘူးလား...သူရိန္..."
"ဟာ...ဘလိုင္းႀကီးပါလားမင္းက..."
"ဘလိုင္းလား...မဘလိုင္းလားမင္းကိုယ္မင္းအသိဆံုးျဖစ္မွာေပါ့...ကိုယ့္အရည္အခ်င္းမရွိလို႔႐ွံဳးတာကိုရဲလက္တို႔ထားခဲ့တာတို႔...ေအာက္လံုးေတြသံုးၿပီးသူမ်ားသမီးရည္းစားကြဲေအာင္လိုက္ဂုန္းတိုက္တာတို႔...ဟက္..."
"မင္း...မင္းေလ်ာက္မေျပာနဲ႔ေတႀကီး..."
"ေလ်ာက္ေျပာတယ္တဲ့လား...အဟက္...ကမ႓ာေပၚမွာအရယ္ရဆံုးဟာသပဲ..."
အ႐ွိဳက္ကိုထိသြားေစသည္႕စကားမို႔ထင္သည္...စကားခ်ည္းအေခ်အတင္ျဖစ္ေနတဲ့ပြဲကလက္ပါလာကာေဒးရင္ဘတ္အက်ၤ ီစကိုဆြဲေဆာင့္လိုက္တာမို႔...
"မင္းအရင္လက္ပါတာေနာ္...သူရိန္..."
ေဒးကေျပာလဲေျပာတြန္းလည္းတြန္းထုတ္လိုက္တာမို႔အရွိန္ပါကာပစ္လဲသည္...မမီ့တမီနဲ႔စားပြဲခံုကိုလွမ္းဆြဲလိုက္တဲ့အခါေကာ္ဖီခြက္ေတြနဲ႔စားစရာပန္းကန္ေတြကအလဲလဲအၿပိဳၿပိဳ...႐ုတ္႐ုတ္သဲသဲအေျခအေနေၾကာင့္တျခားဝိုင္းကလူေတြလွမ္းၾကည္႕တဲ့အခါသူရိန္ဆိုကရွက္ရွက္နဲ႔ျပန္ထၿပီးေဒးႏွင့္ရင္ေဘာင္တန္းသည္...သူတစ္ျပန္ကိုယ္တစ္ျပန္ထိုးခါနီးမို႔ေဘးကလူေတြကရပ္ၾကည္႕႐ံုသာ...
"ေဒးေဒး...မလုပ္နဲ႔..."
"..."
"ရန္မျဖစ္ပါနဲ႔...ေဒးေဒးရယ္...ေတာ္ပါေတာ့..."
"ဖယ္...မင္းဖယ္စမ္းပိုက္..."
ဟိုဘက္ဒီဘက္အားၿပိဳင္ရင္းတြန္းထုတ္ေနခ်ိန္ဝင္ဆြဲလာသူပိုက္...အရပ္အနည္းငယ္ပိုရွည္တဲ့ေဒးကအားသာသလိုျဖစ္ေနခ်ိန္မ်က္ႏွာခ်င္းဆိုင္ကဝင္တားတာမို႔႔ေဒါသတႀကီးတြန္းထုတ္လိုက္မိသည္...
"သား,ပိုက္..."
စိုးရိမ္ႀကီးစြာေအာ္သံတစ္ခုနဲ႔အတူေပြ႕ထူလာတဲ့ဦးႏိုင္ရဲ႕လက္တစ္စံု...ျပန္လည္ထူမတ္ဖို႔အားအေတာ္ယူရေပမဲ့ကိုယ့္ကိုေစာင္းငဲ့ၾကည္႕ခ်ိန္ဟိုဘက္ကပစ္သြင္းလာတဲ့လက္သီးတစ္ခ်က္ေၾကာင့္ဟန္ခ်က္ပ်က္သြားသူေဒးေဒး...အသားနာရင္ေဒါသပိုထြက္တတ္တဲ့ေဒးေဒးအက်င့္ေၾကာင့္သူတစ္ခ်က္ကိုယ္တစ္ခ်က္အေနအထား...ဒါေပမဲ့သံုးေယာက္တစ္ေယာက္ဆိုတဲ့အေျခအေနမွာေဒးေဒးခံရရင္ဆိုတဲ့စိတ္ကေနာက္တစ္ႀကိမ္ဝင္ဆြဲမိေစျပန္သည္...
"ေတာ္ေတာ့...မင္းတို႔ေတာ္ေတာ့လို႔..."
ေဒးေဒးေရွ႕ရပ္ကာအားကုန္ေအာ္ရင္းဝင္တားေပမဲ့အရာမေရာက္...မတ္မတ္မရပ္ႏိုင္ေအာင္မူးေနာက္ေနတဲ့အေနအထားမွာတြန္းထုတ္လိုက္တဲ့အရွိန္တစ္ခု...မ်က္လံုးထဲမွာျပန္ျမင္လာတဲ့အတိတ္ကအရိပ္ေတြ...ေၾကာက္တယ္...ေက်ာင္းအိမ္သာထဲမွာလူငါးေယာက္ေလာက္ၾကားအသက္မ႐ွဴရဲေလာက္ေအာင္ေၾကာက္ခဲ့ရတဲ့အခိုက္အတန္႔တုန္းကမ်က္ႏွာေတြ...
"ပိုက္...ပိုက္ေလး...သတိထားစမ္း..."
ညင္သာစြာေပြ႕ဖက္လာတဲ့လက္တစ္စံု...အဲဒီတုန္းကလိုအေခၚအေဝၚမ်ိဳးနဲ႔...ေဒးေဒး...ငါ...ငါေၾကာက္တယ္...
"ေတာင္း...ေတာင္းပန္ပါတယ္...ေၾကာက္...ေၾကာက္လို႔ပါ..."
ပိုက္အတြက္သင့္ေတာ္ရာေဆးကဒ္ေတြဝယ္လာရင္းဆိုင္ထဲဝင္လာတဲ့အခ်ိန္...ၾကမ္းျပင္ေပၚမွာေခြလဲက်ေနသူပိုက္ကေဒးေဒးရင္ခြင္ထဲကေနလက္အုပ္ခ်ီကာေတာင္းပန္ေနတဲ့ပံုရိပ္...ဒီလိုပံုစံမ်ိဳးအတိတ္မွာလည္းႀကံဳခဲ့ဖူးသည္...
"ေခြးသားေတြ...မင္းတို႔ကိုငါကိုယ္တိုင္သတ္မွာ..."
ေပြ႕ထားတဲ့ပိုက္ကိုဦးႏိုင္ဆီလက္လႊဲေပးရင္းနီရဲေနတဲ့မ်က္လံုးေတြနဲ႔ႀကိမ္းေမာင္းေနတဲ့ေဒးကေဒါသဘယ္ေလာက္ထြက္ေၾကာင္းသိသာေနေစသည္...အေျခအေနမွန္ကိုခ်က္ခ်င္းမရိပ္မိေသးေသာ္လည္းေဒးဦးတည္ရာအရပ္ကလူေတြကိုျမင္တဲ့အခါ...ဒီေကာင္ေတြ...ဒီေကာင္ေတြပဲလား...ပိုက္အတြက္အတိတ္႐ိုင္းေတြဖန္တီးခဲ့တဲ့ေကာင္ေတြ...
"ေတာင္းပန္ပါတယ္...မ...မလုပ္ပါနဲ႔...ေၾကာက္လို႔ပါ..."
ငိုသံေတြၾကားက႐ွိဳက္သံစြက္ေနတဲ့ပိုက္ရဲ႕ေတာင္းပန္သံေတြ...အနီးနားကအလွပန္းအိုးကိုစြဲကာဝင္႐ိုက္မိသည္...ဘယ္သူေျပာလဲ...ဆရာဝန္ေလာင္းေတြလူမသတ္တတ္ဘူးလို႔...
~~~~~TBC~~~~~
Unicode
"ဒေါက်...ဒေါက်..."
လူမှုရေးအရသာတံခါးခေါက်လိုက်ပေမဲ့လော့ခ်ချမထားတာမို့ပူပန်နေတဲ့စိတ်နဲ့တန်းဝင်မိသည်...Foreigner တွေအလာများတဲ့ဆိုင်မို့ Staff တွေကအစမြန်မာဝတ်စုံဆင်မြန်းစေပြီးကိုယ်တိုင်လည်းပုဆိုးနဲ့စတစ်သာအဝတ်များတဲ့သူကဒီနေ့မှဆွယ်တာအဖြူတစ်ထည်ကိုအနက်ရောင်Pantတစ်ထည်နဲ့တွဲဖက်ဆင်မြန်းထားသည်...အပူကြီးတတ်သူမို့တော်ရုံဆိုShoeမစီးတတ်သည့်သူကခြေအိတ်စွပ်ကာShoeစီးထားသည်ကထူးဆန်းနေသည်...
"ပိုက်..."
"ဟင်..."
ရုတ်တရက်ခေါ်သံကြောင့်Laptopကိုအာရုံစူးစိုက်စွာကြည့်နေသူကအံ့အားသင့်တဲ့အပြုံးနဲ့ကြိုဆိုသည်...
"နေမကောင်းဘူးလား...အန်တယ်ဆို..."
"မဟုတ်ပါဘူး..."
ထိုင်နေရာစားပွဲနားတိုးကပ်သွားပြီးနဖူးပေါ်လက်တင်တော့မျက်လုံးကြည်ကြည်လေးတွေနဲ့မော့ကြည့်သည်...နွမ်းဖတ်နေတဲ့မျက်နှာလေးကအားရစရာမရှိ...
"နေကောင်းပါတယ်..."
"အင်း...အန်တယ်ဆို...ရင်ဘတ်ထဲနေလို့မကောင်းတာလား..."
စမ်းသပ်တဲ့ကိုယ်ကဘာမှမပြောရသေး...သူနေကောင်းကြောင်းအရင်ဦးအောင်ပြောပြီးအိမ်ပြန်ခိုင်းမည့်အရေးကိုအပြင်းအထန်ကာကွယ်သည်...
"ကောင်းပါတယ်..."
ဝေဒနာကိုခံစားနေရတဲ့အတိုင်းဘယ်တော့မှမပြောတတ်တဲ့သူ...ဆေးသောက်ရမှာထက်သူ့ကြောင့်သူများစိတ်ဆင်းရဲရမှာသေမလိုစိတ်ပူတတ်တာငယ်ငယ်ကတည်းက...မင်းနဲ့တော့ခက်တယ်...ပိုက်ရာ...
"ကြက်ပေါင်းလုပ်လာတယ်...နည်းနည်းဖြစ်ဖြစ်စားရအောင်...ပိုက်..."
ကောင်မလေးတစ်ယောက်ဝင်လာပို့တဲ့ပန်းကန်ကိုဘာမှမသိသလိုငေးမောကြည့်နေတာမို့အစာစားရအောင်ပြောတော့နွမ်းနေတဲ့မျက်နှာလေးကချက်ချင်းရှုံ့မဲ့သွားသည်...
"ငါမစားချင်ဘူး...သိုင်း..."
"မရဘူး...နည်းနည်းဖြစ်ဖြစ်စားရအောင်..."
"..."
"ကိုယ့်ဘာကိုစားမှာလား...အတင်းအကျပ်ခွံ့ရမှာလား...ပိုက်..."
မျက်နှာငယ်လေးနဲ့မစားချင်ကြောင်းငြင်းဆိုနေပေမဲ့အလိုလိုက်လို့မဖြစ်...အခုချိန်မှာသနားလိုက်လို့နောက်ဒီထက်ဝေဒနာဆိုးလာရင်ဘယ်လိုလုပ်မလဲလို့တွေးရင်းကြက်ပေါင်းပန်းကန်အားသူ့ရှေ့ချပေးမိသည်...
"နည်းနည်းဖြစ်ဖြစ်ဝင်အောင်စားလိုက်..."
"..."
"အဖက်ကောစားလေ..."
လေသံမာမာနဲ့အမိန့်ဆန်ဆန်ပြောတော့စကားနားထောင်ရှာသည်...မစားချင်စားချင်နဲ့အရည်တွေပဲသောက်ကာအဖက်ကိုမထိလေတော့အားရှိအောင်စားဖို့ပြောရသည်...နည်းနည်းလောက်ကုန်သွားလို့ဝမ်းသာမလို့ရှိသေး...စားလက်စဇွန်းကိုချကာတန်းပြေးတာကသန့်စင်ခန်းရှိရာဆီ...
"ဝေါ့...ဝေါ့..."
"ပိုက်..."
အစာကိုအဝင်မခံတာကောင်းတဲ့လက္ခဏာမဟုတ်...ကျောကိုအသာနှိပ်ပေးရင်းနေသာအောင်ပြုလုပ်ပေးမိသည်...
"ပိုက်...ဆေးခန်းသွားရအောင်..."
ခေါင်းသာရမ်းပြရင်းသူ့ရင်ဘတ်လေးသူဖိကာအပြင်ထွက်ဖို့ကြိုးစားနေတာမို့...မျက်ရည်တွေဝေ့ကာရဲနေတဲ့မျက်နှာလေးကြောင့်ဘာမှထပ်မပြောဘဲတွဲခေါ်လာကာဆိုဖာပေါ်ထိုင်ခိုင်းရသည်...
"ဘာလုပ်မလို့လဲ..."
Symptom တွေကိုမသင်္ကာတာနဲ့ခြေထောက်တွေ ကြည့်ချင်တာကြောင့်သူ့ဖိနပ်ကိုချွတ်ဖို့ကြိုးစားတော့လေသံတိုးတိုးလေးနဲ့မေးရှာသည်...
"ခဏလေး..."
ထင်တဲ့အတိုင်းရောင်နေတဲ့ခြေဖမိုးတွေကြောင့်လက်နဲ့အသာထိုးရင်းစမ်းသပ်မိသည်...သေချာတယ်...ဒါကျောက်ကပ်ကြောင့်ဖြစ်တဲ့ပြသနာ...ပိုက်ကငယ်ငယ်လေးကတည်းကကျောက်ကပ်အားနည်းတဲ့သူမဟုတ်လား...
"ပိုက်...ဆေးခန်းသွားမယ်..."
"..."
"ကြားလား...ဆေးခန်းသွားမယ်လို့..."
"ည...ညနေမှသွားမယ်...အခုကချိန်းထားတာရှိလို့..."
မသွားချင်သလိုအမူအယာနဲ့ဘာမှမတုံ့ပြန်တာကြောင့်ခပ်မာမာအော်မိတော့ခပ်တိုးတိုးလေသံလေးနဲ့ဖြေရှင်းချက်ပေးသည်...ဆက်နေရင်ဒေါသတွေချည်းဆက်ထွက်ရမှာမို့ဘာမှမပြောဘဲသာထွက်လာလိုက်မိသည်...စိတ်တိုလာတဲ့အရှိန်နဲ့လှမ်းလာတဲ့ခြေလှမ်းတွေကမညင်သာ...ရိပ်မိတဲ့ဦးနိုင်ကတစ်ခုခုဖြစ်လာတာလားမေးတဲ့အခါအကျိုးအကြောင်းပြောပြီးထွက်လာမိတာကဆေးသွားဝယ်ဖို့...
.
.
.
"ကိုကို...ဘာမှာမလဲ..."
"သဲအဆင်ပြေတာမှာလိုက်လေ..."
"ကော်ဖီမှာလိုက်မယ်...ဒီဆိုင်ကကော်ဖီကသောက်လို့ကောင်းတယ်..."
"အင်း..."
အချုပ်ခန်းကထွက်ပြီးပြီးချင်းကျောင်းပြန်ဖို့ပျင်းနေချိန်...ဖုန်းဆက်လာသူလက်ရှိကောင်မလေးကြောင့်တစ်နေရာရာမှာတစ်ခုခုစားဖို့ဖြစ်လာသည်...
"တခြားဘာမှာဦးမလဲကိုကို...ဒီဆိုင်ကမြန်မာမုန့်တွေစားလို့ကောင်းတယ်..."
"ဘိန်းမုန့်...ဘိန်းမုန့်စားမယ်..."
ကိုယ့်လက်ထဲMenuထိုးထည့်လာတာမို့ကော်ဖီနဲ့လိုက်မယ်ထင်ရတဲ့မုန့်ကိုပြီးစလွယ်မှာလိုက်မိသည်...အမှန်ဆိုကိုယ်လိုကောင်မျိုးကဒီလိုဆိုင်တွေနဲ့သိပ်ကျွမ်းဝင်တာမဟုတ်...
"သဲလည်းဘိန်းမုန့်ပဲစားမယ်..."
ဟုဆိုကာဝန်ထမ်းကောင်လေးကိုမုန့်မှာနေတဲ့သဲကိုကြည့်ရင်းမျက်နှာချင်းဆိုင်ဝိုင်းဆီမတော်တဆအကြည့်ရောက်မိတော့ညကကားပြိုင်မောင်းတာကိုယ့်ကိုရှုံးလို့မစားရတဲ့အမဲသဲနဲ့ပက်ရဲကိုအကြောင်းကြားပြီးဒုက္ခပေးသွားတဲ့ကောင်တွေ...ပြီတီတီရုပ်တွေနဲ့တစ်နေရာရာကိုစူးစိုက်ကြည့်နေကြပုံကတစ်ခုခုကိုယုတ်မာတော့မဲ့ပုံစံတွေနဲ့မို့သူတို့အကြည့်ရှိရာအရပ်လိုက်ကြည့်မိသည်...မနက်ကအချုပ်ခန်းမှာအာမခံလာထုတ်ပေးသွားသောဦးနိုင်ဆိုသူနှင့်ဆွယ်တာအဖြူလေးနဲ့ကောင်လေးတစ်ယောက်...Foreignerဟုထင်ရသူလူနှစ်ဦးနှင့်စကားပြောနေသည်...ပိုက်များလားဟုအတွေးဝင်သွားခိုက်...ဒီဖက်လှည့်ကာလမ်းလျောက်ရင်းစကားပြောလာတဲ့မျက်နှာကြောင့်သေချာသွားသည်...ဒါဆိုဒီဆိုင်ကပိုက်ဆိုင်လား...မြန်မာမုန့်တွေရောင်းတဲ့ဆိုင်ဖွင့်ထားတယ်ဆိုတာသိထားပေမဲ့တစ်ခါမှမရောက်ဖူးသလိုဒီလောက်ခမ်းနားမယ်လည်းမထင်ထားခဲ့...
"ကိုကိုစားတော့လေ...ကော်ဖီတွေအေးကုန်တော့မယ်..."
"အင်း..."
ကော်ဖီခွက်သာကောက်ကိုင်လိုက်မိပေမဲ့အတွေးစတို့ပျက်မသွားခဲ့...ထိုအချိန်တစ်ဖက်ဝိုင်းမှကိုယ့်ကိုကြည့်ရင်းသူတို့အချင်းချင်းတီးတိုးကပ်ပြောနေပုံတွေကြောင့်ညကဒေါသကအမောက်ထောက်လာကာခပ်ရိုင်းရိုင်းပြန်ကြည့်မိသည်...ကိုယ့်ရှေ့တင်ပိုက်ရှိရာအရပ်လှည့်ကာ Fly Kiss ပေးနေပုံလုပ်ပြတာကြောင့်ထိန်းမရတဲ့ဒေါသကသူတို့ဝိုင်းရှိရာအရပ်ရောက်စေသည်...
"မင်းယောကျ်ားမဟုတ်ဘူးလား...သူရိန်..."
"ဟာ...ဘလိုင်းကြီးပါလားမင်းက..."
"ဘလိုင်းလား...မဘလိုင်းလားမင်းကိုယ်မင်းအသိဆုံးဖြစ်မှာပေါ့...ကိုယ့်အရည်အချင်းမရှိလို့ရှုံးတာကိုရဲလက်တို့ထားခဲ့တာတို့...အောက်လုံးတွေသုံးပြီးသူများသမီးရည်းစားကွဲအောင်လိုက်ဂုန်းတိုက်တာတို့...ဟက်..."
"မင်း...မင်းလျောက်မပြောနဲ့တေကြီး..."
"လျောက်ပြောတယ်တဲ့လား...အဟက်...ကမ႓ာပေါ်မှာအရယ်ရဆုံးဟာသပဲ..."
အရှိုက်ကိုထိသွားစေသည့်စကားမို့ထင်သည်...စကားချည်းအချေအတင်ဖြစ်နေတဲ့ပွဲကလက်ပါလာကာဒေးရင်ဘတ်အကျင်္ ီစကိုဆွဲဆောင့်လိုက်တာမို့...
"မင်းအရင်လက်ပါတာနော်...သူရိန်..."
ဒေးကပြောလဲပြောတွန်းလည်းတွန်းထုတ်လိုက်တာမို့အရှိန်ပါကာပစ်လဲသည်...မမီ့တမီနဲ့စားပွဲခုံကိုလှမ်းဆွဲလိုက်တဲ့အခါကော်ဖီခွက်တွေနဲ့စားစရာပန်းကန်တွေကအလဲလဲအပြိုပြို...ရုတ်ရုတ်သဲသဲအခြေအနေကြောင့်တခြားဝိုင်းကလူတွေလှမ်းကြည့်တဲ့အခါသူရိန်ဆိုကရှက်ရှက်နဲ့ပြန်ထပြီးဒေးနှင့်ရင်ဘောင်တန်းသည်...သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးခါနီးမို့ဘေးကလူတွေကရပ်ကြည့်ရုံသာ...
"ဒေးဒေး...မလုပ်နဲ့..."
"..."
"ရန်မဖြစ်ပါနဲ့...ဒေးဒေးရယ်...တော်ပါတော့..."
"ဖယ်...မင်းဖယ်စမ်းပိုက်..."
ဟိုဘက်ဒီဘက်အားပြိုင်ရင်းတွန်းထုတ်နေချိန်ဝင်ဆွဲလာသူပိုက်...အရပ်အနည်းငယ်ပိုရှည်တဲ့ဒေးကအားသာသလိုဖြစ်နေချိန်မျက်နှာချင်းဆိုင်ကဝင်တားတာမို့့ဒေါသတကြီးတွန်းထုတ်လိုက်မိသည်...
"သား,ပိုက်..."
စိုးရိမ်ကြီးစွာအော်သံတစ်ခုနဲ့အတူပွေ့ထူလာတဲ့ဦးနိုင်ရဲ့လက်တစ်စုံ...ပြန်လည်ထူမတ်ဖို့အားအတော်ယူရပေမဲ့ကိုယ့်ကိုစောင်းငဲ့ကြည့်ချိန်ဟိုဘက်ကပစ်သွင်းလာတဲ့လက်သီးတစ်ချက်ကြောင့်ဟန်ချက်ပျက်သွားသူဒေးဒေး...အသားနာရင်ဒေါသပိုထွက်တတ်တဲ့ဒေးဒေးအကျင့်ကြောင့်သူတစ်ချက်ကိုယ်တစ်ချက်အနေအထား...ဒါပေမဲ့သုံးယောက်တစ်ယောက်ဆိုတဲ့အခြေအနေမှာဒေးဒေးခံရရင်ဆိုတဲ့စိတ်ကနောက်တစ်ကြိမ်ဝင်ဆွဲမိစေပြန်သည်...
"တော်တော့...မင်းတို့တော်တော့လို့..."
ဒေးဒေးရှေ့ရပ်ကာအားကုန်အော်ရင်းဝင်တားပေမဲ့အရာမရောက်...မတ်မတ်မရပ်နိုင်အောင်မူးနောက်နေတဲ့အနေအထားမှာတွန်းထုတ်လိုက်တဲ့အရှိန်တစ်ခု...မျက်လုံးထဲမှာပြန်မြင်လာတဲ့အတိတ်ကအရိပ်တွေ...ကြောက်တယ်...ကျောင်းအိမ်သာထဲမှာလူငါးယောက်လောက်ကြားအသက်မရှူရဲလောက်အောင်ကြောက်ခဲ့ရတဲ့အခိုက်အတန့်တုန်းကမျက်နှာတွေ...
"ပိုက်...ပိုက်လေး...သတိထားစမ်း..."
ညင်သာစွာပွေ့ဖက်လာတဲ့လက်တစ်စုံ...အဲဒီတုန်းကလိုအခေါ်အဝေါ်မျိုးနဲ့...ဒေးဒေး...ငါ...ငါကြောက်တယ်...
"တောင်း...တောင်းပန်ပါတယ်...ကြောက်...ကြောက်လို့ပါ..."
ပိုက်အတွက်သင့်တော်ရာဆေးကဒ်တွေဝယ်လာရင်းဆိုင်ထဲဝင်လာတဲ့အချိန်...ကြမ်းပြင်ပေါ်မှာခွေလဲကျနေသူပိုက်ကဒေးဒေးရင်ခွင်ထဲကနေလက်အုပ်ချီကာတောင်းပန်နေတဲ့ပုံရိပ်...ဒီလိုပုံစံမျိုးအတိတ်မှာလည်းကြုံခဲ့ဖူးသည်...
"ခွေးသားတွေ...မင်းတို့ကိုငါကိုယ်တိုင်သတ်မှာ..."
ပွေ့ထားတဲ့ပိုက်ကိုဦးနိုင်ဆီလက်လွှဲပေးရင်းနီရဲနေတဲ့မျက်လုံးတွေနဲ့ကြိမ်းမောင်းနေတဲ့ဒေးကဒေါသဘယ်လောက်ထွက်ကြောင်းသိသာနေစေသည်...အခြေအနေမှန်ကိုချက်ချင်းမရိပ်မိသေးသော်လည်းဒေးဦးတည်ရာအရပ်ကလူတွေကိုမြင်တဲ့အခါ...ဒီကောင်တွေ...ဒီကောင်တွေပဲလား...ပိုက်အတွက်အတိတ်ရိုင်းတွေဖန်တီးခဲ့တဲ့ကောင်တွေ...
"တောင်းပန်ပါတယ်...မ...မလုပ်ပါနဲ့...ကြောက်လို့ပါ..."
ငိုသံတွေကြားကရှိုက်သံစွက်နေတဲ့ပိုက်ရဲ့တောင်းပန်သံတွေ...အနီးနားကအလှပန်းအိုးကိုစွဲကာဝင်ရိုက်မိသည်...ဘယ်သူပြောလဲ...ဆရာဝန်လောင်းတွေလူမသတ်တတ်ဘူးလို့...
~~~~~TBC~~~~~