အမွှေစိန်တို့ရွာ

By KrishunExol4

39.6K 3.9K 138

ကျေးလက်မြန်မာ့ဓလေ့ကိုရေးမယ့်ficလေးပါ!! အားပေးကြပါအုန်းနော်90°Bow!! More

အမွှေစိန်တို့ရွာ[အပိုင်း၁]
အမွှေစိန်တို့ရွာ[အပိုင်း၂]
အမွှေစိန်တို့ရွာ[အပိုင်း-၃]
အမွှေစိန်တို့ရွာ[အပိုင်း-၄]
အမွှေစိန်တို့ရွာ[အပိုင်း-၅]
အမွှေစိန်တို့ရွာ[အပိုင်း-၆]
အမွှေစိန်တို့ရွာ[အပိုင်း-၇]
အမွှေစိန်တို့ရွာ[အပိုင်း-၈]
အမွှေစိန်တို့ရွာ[အပိုင်း-၉]
အမွှေစိန်တို့ရွာ[အပိုင်း-၁၀]
အမွှေစိန်တို့ရွာ[အပိုင်း-၁၁]
အမွှေစိန်တို့ရွာ[အပိုင်း-၁၂]
အမွှေစိန်တို့ရွာ[အပိုင်း-၁၃]
အမွှေစိန်တို့ရွာ[အပိုင်း-၁၄]
အမွှေစိန်တို့ရွာ[အပိုင်း-၁၅]
အမွှေစိန်တို့ရွာ[အပိုင်း-၁၆]
အမွှေစိန်တို့ရွာ...[အပိုင်း=၁၇]
အမွှေစိန်တို့ရွာ[အပိုင်း-၁၉]
အမွှေစိန်တို့ရွာ[ဇာတ်သိမ်းပိုင်း]

အမွှေစိန်တို့ရွာ...[အပိုင်း-၁၈]

852 107 10
By KrishunExol4

chen:;ဆရာမ နိုးပြီလား လာ အကြမ်းရေသောက်အုန်း

စလာပြီ။ မိုးကလင်းမယ်မကြံသေးဘူး နှာခေါင်းကမီးတောက်ပြီ။

တကယ့်အာဂသူကြီး။

yeol:;သူကြီး ဟိုလေ ကျွန်မ ဟို

chen::အော် ဆရာမရယ် ကျူပ်ကိုဘာအားနာနေတာတုန်း!
ပြောစရာရှိတာ ပြောစမ်းပါဗျ

yeol:;ဟို ရွာလယ်က နုဟန်တို့ အကြော်ဆိုင်သွားမလို့

chen:;အကြော် သွားမစားနဲ့ အဲ့ဆိုင်က ဆီသန့်တာမဟုတ်ဘူး

အမလေး တသတ်လုံး နုဟန်အကြော်စားလာပြီး ကြီးကြီးကျယ်ကျယ်။

ငါနော် သူကြီးမို့လို့ ဖနောင့်နဲ့ထပေါက်လိုက်ရဟွင်း။

yeol::ရတယ် ကျွန်မကအဲ့ဆိုင်ကအကြော်ကြိုက်တယ် ပြီးတော့ ဟို ဟို

baek:;ရွှေရိုးရေ

ရွှေရိုးရေဆိုပြီး ခုနှစ်သံချီဟစ်လာတဲ့ ငဘတ်အား ငခိုင်နောက်မှ နောက်စေ့ကို ခပ်ပြင်းပြင်းရိုက်လိုက်တော့ ငဘတ်ပေစောင်းစောင်းပြန်ကြည့်သည်။

baek:;ဘာလို့ငါ့ကိုရိုက်တာလဲဟ!

kai:;သေမလို့ ရွှေရိုးလို့အော်နေတာလား?
ဟိုကမင်းအဖေသူကြီးကြားလို့ လိုက်လုပ်မှ ပြေးပေါက်မှားနေမယ်

baek:;အေး ဟုတ်သား ဆရာမရေ ဆရာမ

yeol:;ဟယ် ငဘတ် လာ လာ

ငဘတ်သံကြားကတည်းက စပ်စလူးခါနေတဲ့ ရွှေရိုးအား သူကြီးကသိပ်မကြည်ချင်။

သို့လော သို့လော မျက်လုံးများဖြင့် အကဲခတ်ရင်း..

ငဘတ်ကိုပါ ဘုကြည့်ကြည့်နေတဲ့ သူကြီး…

မျက်နှာပိုးမသေတဲ့ငဘတ်ကလည်း ရောက်လာကတည်းက ရွှေရိုးနားပဲကပ်နေတာမို့…

kai:;ငဘတ် နဲနဲတော့ခွာမယ် အဟမ်း အဟမ်း

ငခိုင်ဘယ်လိုပင် ချောင်းဟန့်သော်ငြား မွေးကတည်းက နို့လုဖက် ရွှေရိုးနဲ့ငဘတ်ကတော့ ခွဲမရခွာမရ။

သူတို့ခွာမရတာက ပြဿ     နာမဟုတ်ဘူး။

သူကြီးမျက်စောင်းထက်ဆိုတဲ့ သူကြီးနှစ်လုံးပြူးက အကြောင်းသုံးပါးမရွေး တောင်မြောက်ရမ်းပစ်တတ်တာမို့ ငခိုင်နေရတာမဖြောင့်။

baek:;ဟေ့ကောင် ငခိုင် ဖင်တကြွကြွနဲ့ မင်းဖင်ကြမ်းပိုးထိုးလို့လား?

အမလေး သူကပဲဟောက်ရတယ်ရှိသေး။

သူကြီးအခွက်ကျတော့ မကြည့်ဘူး။

ဟိုမှာပြိုတော့မယ့်မိုးဖြစ်နေပြီ။

kai:;ငါ ငါအလေးသွားချင်လို့

baek:;လုပ်ပြီ အရေးရယ် အကြောင်းရယ်ဆို သွားကွာ သွား ဆရာမ ကျူ ပ်နဲ့လိုက်မယ်မဟုတ်လားဟင်

chen:;နေစမ်းပါဦးငဘတ်! မင်းကဘာကောင်လဲ

baek:;ဟ သူကြီး သူကြီးမျက်လုံးကန်းနေလား

chen:;ဘာကွ!

baek:;ဟုတ်တယ်လေ ကျူ ပ်ကိုဘာကောင်လဲလို့ မေးရအောင် သူကြီးမျက်လုံးထဲမှာ ကျူ ပ်အမြီးပေါက်ပြီး ဂျို.ထွက်နေတာမြင်လို့လား

chen:;အမြီးပေါက်ပြီး ဂျို.ထွက်တာထက် ပိုဆိုးတယ် မင်းငါကြည့်နေတာ ရောက်ကတည်းက ဆရာမလေးနားကပ်နေတာ ဆရာမများ မင်းမယားမှတ်နေလား

baek:;အင်း

chen:;ဘာအင်းလဲ ငါနှစ်လုံးကိုမင်းမြည်းချင်ပြီထင်တယ် ဟွင်းဟွင်း

baek:;ထွီ! သူကြီးဟာကြီးက အော့အော့တွေ

chen:;မင်းဘာပြောတာတုန်း

baek:;သူကြီးပဲ နှစ်လုံးဆို

chen:;နှစ်လုံးပြူ.းကိုပြောတာကွ မင်းဆရာမလေးရှေ့မှာ ပေါက်ကရတွေလာမပြောနဲ့ ငါသူကြီးသိက္ခာပျက်တယ်

baek:;သိက္ခာဆိုတဲ့စကားလုံးနဲ့ သူကြီးမျက်နှာ လားလားမှမအပ်စပ်ပေါင်ဗျာ

chen:;ငဘတ်!!

သူကြီးဒေါသက ငယ်ထိပ်ရောက်နေပြီမို့
ကျူ ပ်မလှုပ်ရှား၍မရတော့…။

တောင်တောင်မြောက်မြောက် လျှောက်ပြောနေတဲ့ ငဘတ်ပေါင်တွင်းကျောအား လိမ်ဆွဲလိုက်ပြီး…

yeol:;ငဘတ် သွားမယ်

baek:;အေး အေး

yeol:;မအေးနဲ့ အခုထ သွားမယ်

ဘယ်ညာပစ်နေတဲ့ ဖွံ့ဖွံ့ထွားထွား တင်အစုံနဲ့ လှလိုက်ပါဘိ!

chen:;အိမ်ကဟာကြီးနဲ့များကွာပါ့ အဟိ

baek:;သူကြီး ဘာကြည့်

chen:;ငါ့ဘာသာ ဘာကြည့်ကြည့်ပေါ့

baek:;ငမ်းမနေနဲ့နော် သွားပြီ သိလား သူကြီး

chen:;ခွေးသား ဝက်မြေး မြင်းယောက်ဖ ငဘတ် မင်းတော့လား ငါ့ကိုကော်စား အဲလေ စော်ကားသွားတယ် ရေဆေးပြီး ကြော်စားပြိုက်မယ် ငါ့ဟဲ့သူကြီး ဘာမှတ်နေလဲ?

သူကြီးကသာ ခုနှစ်သံချည်ကြိမ်းနေပေမဲ့ ပြောင်စပ်စပ်ငဘတ်ကတော့ လေကလေးတချွန်ချွန်။

yeol:;မင်းသိပ်အူမြူးနေတယ် ဟုတ်လား

baek:;မမြူးပါဘူးချစ်ချစ်ရာ

yeol:;မင်းကြီးတော်ကြီးချစ်ချစ်လား ငါ့ဆောင့်ကန်လိုက်မယ်

baek:;မင်းကလည်းကွ ချစ်လို့စထှာကို ဘာလဲ အနေဝေးလို့ သွေးအေးတာလား

yeol:;ငါ့ကောင်ကြီးတောင် စာတတ်နေပြီပဲဟဲဟဲ

baek:;ပြောင်စပ်စပ်လုပ်မနေနဲ့ရွှေရိုး မင်းရီဖန့်ကို မြန်မြန်ခိုးရင်လည်းခိုး မင်းမရှိပဲနဲ့ ငါနေရတာ ပျင်းတယ်ကွ

yeol:;မင်းမှလား ငဘတ်ရာ ငါညနေတိုင်း ဂွပ်နေကျ မဂွပ်ရတော့ မင်းကိုသတိရသား

တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ ဖောင်ဖွဲ့လာတဲ့ ကျူ.ပ်နဲ့ငဘတ်ကို ရွာထဲက ကွက်ကြည့်ကွက်ကြည့်။

မနက်ခင်းမို့ နုဟန်အကြော်ဆိုင်က လူအပြည့်။

အတွင်းဘက် ခုံတစ်ခုံအားဆွဲကာ ထမင်းကိုမပြီး ဝင်ထိုင်လိုက်တော့ မိဆူးကမျက်စောင်းထိုးသည်။

အချစ်အတွက် စားပွဲထိုးလေး ငဆယ်ကတော့ ဒီအချိန်ဆို လက်မလည်။

yeol:;ဟျောင့် ငဆယ် အကြော်တစ်ပွဲချကွာ

hun:;အကြမ်းရည်ပါယူမလား

yeol:;အကြမ်းရည်ချချင်တာမဟုတ်ဘူးဟေ့ ငခိုင့်အရည်ချချင်တာ

kai:;ငါသေးမပေါက်ချင်ပါဘူး

baek:;ဖွီ! ခွားသေးလေး အစားစားနေရင် ရွံစရာတွေ မပြောစမ်းနဲ့ မိဆူးနင့်လင်နင်ထိန်းထား

soo:;အောင်မာ ငဘတ် နင်ညစာငတ်ချင်ပလား

baek:;ဆူးကလည်း ချစ်လို့စတာကို နင်ကလည်း ကိုယ့်ချင်းကိုယ့်ချင်းတွေလေနော့်

kai:;ညစာ မိဆူး နင်ငဘတ်ကို ငါမသိအောင် ညစာခိုးခိုးကျွေးနေတယ်ပေါ့

soo:;အင်း သနားလို့

kai:;ဘာ ပြောစမ်း နင်တို့နှစ်ယောက် ဘယ် ဘယ်အတိုင်းအတာ

soo:;ငခိုင် အရူးကောင် ငါပြောတဲ့ညစာက ထမင်းနဲ့ဟင်းဟဲ့

kai:;အောါ ဟုတ်လား ဟီး ငါကအဟွာထင်လို့

lu:;နင်ကဘာထင်တာလဲ

kai:;ထမင်းနဲ့ဟင်းပါပဲ

baek:;အဖြစ်သည်းမနေနဲ့နော် ငခိုင် မင်းနှစ်ပေ့တစ်လက်မကိုလေ ငါကစိတ်မဝင်စားဘူး

soo:;အောင်မာ နင်ကဘယ်လောက်ရှည်လို့လဲဟဲ့

baek:;ငါဘယ်လောက်ရှည်လဲ နင်သိချင်တယ်ပေါ့ ဟေ့ကောင် ငခိုင် ငါပြလိုက်ရမလား

kai:;မိဆူး မကြည့်နဲ့ မှားမယ် လာပါ အချစ်ဆူံးရယ် စိတ်လျှော့ တော်ကြာ မရှည်တဲ့အရပ်ကလေး ထပ်ပုသွားအုန်းမယ်

soo:;ငခိုင်!!!!!

all:;ဟားဟား

ဘယ်နေရာမှာ ကျူ ပ်ဘယ်လောက် စိတ်ညစ်ညစ် ကျူ.ပ်အပေါင်းအပါ တစ်သိုက်နဲ့တွေ့ရင် ပျော်ရတာချည်းပင်။

တစ်ယောက်တစ်ပေါက်နဲ့ ဘာမှန်းမသိတဲ့ဟာသတွေပြောလိုက် ရယ်လိုက် အတော်လေးကိုအဆင်ပြေလှသည်။

yeol:;ငဘတ်

baek:;ဘာလဲ

yeol:;ညနေငါတို့တစ်ဝိုင်းဆွဲကြမလား

hun:;ဖြစ်ပါ့မလားရွှေရိုး မင်းအနေအထားက မဟန်ဘူးနော်

yeol:;မဟန်ရင်လည်း မင်းတို့နဲ့အိပ်မယ်ကွာ တစ်ခါတစ်လေလောက် ငါလွတ်လွတ်လပ်လပ် နေပါရစေ ငါဒီပုံစံကြီးနဲ့မနေချင်တော့ဘူး

kai:;ဘာလဲရွှေရိုး မင်းက ဘဝပြောင်းတော့မလို့လား

soo:;အော် တော်ကလည်း ဘုမသိဘမသိနဲ့ ဝင်ပြောပြန်ပြီ
ရွှေရိုးပြောတာ နားထောင်စမ်းပါ

yeol:;ဒီတစ်ခါတော့ ငါ့အပုတော်သွားပြီ ဒီလိုကွာ ငါဒီည ရီဖန့်ကိုခိုးမယ်ကွာ

baek:;ချသာချ

lu:;နင်မြှောက်ပေးမနေနဲ့ ငဘတ်! ရီဖန့်အဖေက သူကြီး
သူကြီးဆိုတော့ ဟိုဟာကြီးတယ်

hun:;ဟေ နုဟန် နင်ဘယ်တုန်းက သူကြီးကို သွားကြည့်လိုက်တာတုန်း

lu:;ငါကဘာကြည့်ရမှာလဲ ငါပြောတာ သူကြီးဆိုတော့ အာဏာကြီးတယ်လို့ပြောတာ

hun:;အဲ့ဒါတော့ ဟုတ်တယ်ရွှေရိုး သူကြီးနှစ်လုံးလည်း မင်းသိသားနဲ့

yeol:;သိသိကွာ ငါကတော့ ရီဖန့်ကိုရအောင် ခိုးမှာ

baek:;ဒီပုံစံနဲ့ခိုးမှာလား

yeol:;ဟ ငဘတ် ရွှေရိုးကခိုးမှာ ရွှေရိုးပုံစံပေါ့ဟ

kai:;ရွှေရိုး မင်းဆုံးဖြတ်ပြီးပြီမလား ချသာချ နောက်မဆုတ်နဲ့ငါ့ကောင် မင်းနောက်မှာ ငါတို့ရှိတယ်

soo:;တော်ကလည်း မင်းရှေ့မှာ ငါရှိတယ် မဟုတ်ဘူးလား

kai:;ရွှေရိုးရှေ့ ငါရှိမှတော့ သူကြီးနှစ်လုံး ငါ့အရင်လာမှန်မှာပေါ့ဟ ဘာလဲ နင်ကငါ့သေစေချင်နေပြီလား

soo:;အို ချစ်လို့တောင်မဝသေးပဲကို တော်ကလည်း

baek:;ငါ့နှယ့် မျက်စိခံတွင်းချဉ် နားလေချဉ်တတ်တယ်
မင်းတို့ချစ်ချင် အိမ်ပြန်ချစ်ကြ

kai:;အေး မဆိုးဘူးဟ မိဆူး လာသွားရအောင်

soo:;အို မလိုက်ပါဘူး

yeol:;မင်းတို့နှစ်ယောက်ဇာတ်လမ်း ဒီတစ်သတ်ပြီးအုန်းမှာလာ ငါပြောချင်တာရော ပြောရအုန်းမှာလား

lu:;ပြောစရာရှိတာ မြန်မြန်ပြော ပြီးရင် အကြော်ဆိုင်ဝိုင်းသိမ်းဖို့ပြင်ထား

hun:;အစောကြီးရှိသေးတယ်လေ ဟန်လေးကလည်း
အကြော်တွေလည်း မကုန်သေးပဲနဲ့

lu:;နင်နားမလည်ဘူးလား ငါတို့သူငယ်ချင်းကြီး အစွံထုတ်မယ့်ကိစ္စ ငါတို့ဝိုင်းကူညီရအုန်းမယ်လေ

yeol:;ဒီနေ့ငါသူငယ်ချင်းမလေးနှစ်ယောက် တအားချစ်ဖို့ကောင်းနေကြတယ် နုဟန်ပြောတာ မှန်တယ် ငခိုင်နဲ့ငဆယ် မင်းတို့က ငါနေဖို့နေစရာရှာပေး သူကြီးမမြင်နိုင်မယ့်နေရာနော် ငဘတ်က ငါနဲ့လိုက်ခဲ့

lusoo:;ငါတို့ကရော

yeol:;နင်တို့ကလည်း သူကြီးဆီသွား

lusoo:;ဘာသွားလုပ်ရမှာတုန်း

yeol:;သူကြီးနှုတ်ခမ်းမွှေး သန်းသွားရှာပေးလိုက်

lusoo:;ဘာ ရွှေရိုးးးးးး

#Thanks_for_reading!

Continue Reading

You'll Also Like

231K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
353K 27.7K 29
Mini Story Uni Life Style Sweet Romance
282K 17.5K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
3.6K 695 9
එක් වැසිබර දවසක BTSලාගේ ජීවිතේ සදහටම වෙනස් උනා.. අවුරුදු 5කට පස්සේ ජීසෝ ජන්ග්කුක් මුණ ගැහෙනවා අහම්බෙන්.. ඒත් ඒක අහම්බයක් නෙමෙයි ඒක දෛවය.. මේ දෙන්නට...