အမွှေစိန်တို့ရွာ[အပိုင်း-၁၆]

1.4K 167 8
                                    

🌴အမွှေစိန်တို့ရွာ🌴
🌴အပိုင်း[၁၆]🌴

ရီဖန့်ဆရာမအိမ်ရောက်လာကတည်းက
ဒင်းကို ကျူ.ပ်သိပ်ကြည့်မရလှ။

တစ်ယောက်တည်းကို ပြာယာခတ်နေတာ
ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိတာ။

အခုပဲကြည့် ရီလေးနဲ့မိရှု ထမင်းခူးခပ်နေတာ
တောင် ဒင်းကလောကွပ်ချော်ပြီး ဟိုခိုင်းသည်ခိုင်း။

မြင်ပျင်းတော်တော် ကတ်လာပြီမို့...။

"su~~တော် ကိုသူကြီး ငြိမ်ငြိမ်ထိုင်မနေနိုင်
ရလောက်အောင် တော့်ဖင်ပုရွတ်ဆိတ်ကိုက်
နေလို့လား?"

"chen~~မင်းကြီးတော်ကြီး ပုရွတ်ဆိတ်ကိုက်
ပါလား? ဆရာမလေးကို ထမင်းကျွေးမလို့
လိုအပ်တာတွေ စုံပြီးလားလို့ စစ်ဆေးနေတာ"

"su~~အဲ့ဒါတော့အလုပ်လား? ကိုယ့်နေရာ
ကိုယ်မနေဘူး ဟွန်း ! မျက်စိထဲတော့ ထောင့်
သိပ်မတည့်တော့ဘူး"

"chen~~မတည့်လဲနေကွာ ဟဲ့ ရီလေး နင့်အစ်မ
ရီဖန့်ရော"

"xing~~ရွှေ အဲ ဆရာမလေးနဲ့ အပြင်ထွက်
သွားတယ် သူကြီး"

"chen~~အာ ဒီကလေးမကတော့ ညနေစောင်း
နေပြီ ထမင်းကျွေးရမယ်ဆိုတာ နားမလည်ဘူးလား?
ခက်တယ် တကယ် ခက်တယ်"

"su~~ခက်နေတာက ရှင်! အပေါ်မော့ကြည့်
နေတောင်မစောင်းသေးဘူး လောကွပ်တွေ
ချော်နေတာ"

"chen~~ဟ အိမ်ရှင်ဆိုတာ အလိုက်သိရတယ်လေ!
ဧည့်သည်မပြောခင် ကျွေးရမှာပေါ့!"

"xiu~~ဦးရီးကလည်း သူတို့မြို့မှာက အဲ့လို
စောစောစီးစီးမစားဘူး"

"chen~~နင်ကမြို့ရောက်ဖူးလို့လား?"

"xiu~~ဟီး ဇာတ်ကားထဲမှာ ကြည့်ဖူးတာပြောတာ"

"xing~~သွားရှည်နေပြန်ပြီ ကိုယ့်အလုပ်
ကိုယ်မလုပ်ဘူး တော်ကြာ ဟိုကစိတ်မရှည်ရင်
နေရင်းထိုင်ရင်း ၆ပေါက်စာမိနေအုန်းမယ်"

"xiu~~သိပါတယိဟယ် နင်ကလည်း ရမလား
လို့ပြောကြည့်တာ"

"chen~~မဟုတ်သေးပါဘူး ပြန်လာသင့်ပြီ"

"su~~ကိုချမ်း တော့်ကိုကျူ.ပ် ထလုပ်မိတော့
မယ်နော်! အချိန်တန်ပြန်လာမှာ တော်သမီးက
ဒီရွာသူ သူဒီလောက်တော့ သွားတတ်တယ်"

အမွှေစိန်တို့ရွာWhere stories live. Discover now