အပေအတေတစ်ယောက်ရဲ့ ခို နား ရာ...

By Youaremylittlestar

323K 26.6K 947

BL More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 (Final)
Part-22
Part-23
😝😝😝
~Extra-1~
~Extra-2~
~Extra-3~
~Extra-4~

Part-7

10.2K 1K 36
By Youaremylittlestar

Zawgyi

စတစ်အင်္ကျီအဖြူကိုလက်ခေါက်တင်ကာဝတ်ထားပြီး ယောပုဆိုးအနက်လေးဆင်မြန်ထားတဲ့ပိုက်ဟာဘုန်းဘုန်းကြီးတွေဆွမ်းစားပြီးတည်းမဲ့အချိုပွဲအတွက်ကိုယ်တိုင်ပြင်ဆင်နေပုံရသည်...မန်းမြေသားဖြစ်ပေမဲ့အသားညိုတဲ့ထဲမပါဘဲအဝါရောင်ဘက်သန်းနေသောပိုက်အသားအရေဟာအမြဲကြည်စင်လျက်...ရှမ်းစပ်တဲ့စော်ဘွားမျိုးနွယ်အမေ့သွေးအပြည့်ပါသူမို့ပိုက်ရုပ်ရည်ဟာချောမောတာထက်အရှိန်အဝါတစ်ခုနဲ့တည်ကြည်တာမျိုး...ရေစက်ချလှူဒါန်းမဲ့ကျောင်းပေါ်ရောက်တာတောင်မဝင်ဖြစ်သေးဘဲပိုက်အားငေးကြည့်နေခိုက်ဦးနိုင်ရဲ့နှုတ်ဆက်သံကြောင့်စိတ်နဲ့ကိုယ်ပြေးကပ်ရသည်...

"သိုင်း...ရောက်လာပြီလား..."




"ရောက်လာပြီလား..."



"အော်..."


"အင်း...နေမကောင်းဘူးလား..."



"ဒေးဒေး..."




"ပုဆိုးနဲ့အင်္ကျီ...လဲခိုင်းလိုက်နော်..."


"အင်း..."


"ဒေး..."

"..."


"အဲတော့ဘာဖြစ်လဲ..."







"..."


"သေချာလား..."

"အင်း..."



"..."


"ဟာ...တော်ပြီကွာ..."




"သွားတော့...လူဆိုးကောင်..."



~~~~~TBC~~~~~

Unicode

စတစ်အကျင်္ ီအဖြူကိုလက်ခေါက်တင်ကာဝတ်ထားပြီး ယောပုဆိုးအနက်လေးဆင်မြန်ထားတဲ့ပိုက်ဟာဘုန်းဘုန်းကြီးတွေဆွမ်းစားပြီးတည်းမဲ့အချိုပွဲအတွက်ကိုယ်တိုင်ပြင်ဆင်နေပုံရသည်...မန်းမြေသားဖြစ်ပေမဲ့အသားညိုတဲ့ထဲမပါဘဲအဝါရောင်ဘက်သန်းနေသောပိုက်အသားအရေဟာအမြဲကြည်စင်လျက်...ရှမ်းစပ်တဲ့စော်ဘွားမျိုးနွယ်အမေ့သွေးအပြည့်ပါသူမို့ပိုက်ရုပ်ရည်ဟာချောမောတာထက်အရှိန်အဝါတစ်ခုနဲ့တည်ကြည်တာမျိုး...ရေစက်ချလှူဒါန်းမဲ့ကျောင်းပေါ်ရောက်တာတောင်မဝင်ဖြစ်သေးဘဲပိုက်အားငေးကြည့်နေခိုက်ဦးနိုင်ရဲ့နှုတ်ဆက်သံကြောင့်စိတ်နဲ့ကိုယ်ပြေးကပ်ရသည်...

"သိုင်း...ရောက်လာပြီလား..."

"ဟုတ်ကဲ့...ဦးနိုင်...အခုပဲရောက်တာ...ကျွန်တော်ဘာကူပေးရဦးမလဲ..."

"ရပါတယ်ကွာ...အားလုံးအဆင်သင့်ဖြစ်နေပြီ...သား,ပိုက်ရေ...သိုင်းရောက်ပြီ..."

ဦးနိုင်ရဲ့သတင်းပေးသံအဆုံးမှာလှမ်းကြည့်လာတဲ့မျက်ဝန်းတွေ...ပြုံးလိုက်ရင်လန်သွားတတ်တဲ့နှုတ်ခမ်းလေးကသူများတွေနဲ့မတူရခြင်းတစ်ချက်...

"ရောက်လာပြီလား..."

"အင်း...အချိုပွဲပြင်နေတာလား..."

"ဟုတ်တယ်...ပြီးသွားပြီ...ခဏနေနေ့ဆွမ်းကပ်တော့မှာမို့လေ..."

"အော်..."

"ထိုင်...ဟပ်ချိုး...ထိုင်ရအောင်လေ...သိုင်း..."

"အင်း...နေမကောင်းဘူးလား..."

"ကောင်းပါတယ်...မနက်ကရေချိုးတာနည်းနည်းကြာသွားလို့...ဟီးးး"

နှာချေသံတစ်ချက်နဲ့နှာရည်ယိုလို့နှာခေါင်းရှုံ့သံလေးကြောင့်နေမကောင်းတားလားဟုစိတ်ပူမိသည်...နည်းနည်းရှည်လာပြီဖြစ်တဲ့ခပ်အုပ်အုပ်ဆံပင်တွေကနားရွက်နောက်ညှပ်ခံထားရတာမို့ခေါင်းလျော်ပြီးလွယ်လွယ်မခြောက်ရင်ဆိုတဲ့စိုးရိမ်စိတ်နဲ့ညှပ်ခိုင်းမလို့စကားပြင်ကာမှ...

"ဒေးဒေး..."

နှုတ်ခမ်းလှုပ်ရုံရေရွတ်ကာအပျော်တွေဖြတ်သန်းသွားတဲ့မျက်ဝန်းကြည်ကြည်တွေဦးတည်ရာအရပ်လိုက်ကြည့်မိတော့ဒေး...မလာလောက်ဘူးထင်ထားခဲ့ပေမဲ့ရုတ်တရက်ရောက်လာသူဒေးပုံရိပ်ကဂျစ်ပစီဆန်လွန်းနေသည်...နားတစ်ဖက်တည်းတင်ဖောက်ထားတဲ့နားပေါက်သုံးခုအနက်...ဆင်မြန်းထားသောအဆင်တန်ဆာတစ်ခုကတခြားဟာတွေထက်ပို၍အရိုင်းဆန်စွာ...ဒါတင်မကNose Piercing Ringပါတပ်ဆင်ထားပြီးပေါက်ပြဲနေတဲ့ဂျင်းဘောင်းဘီနဲ့တီရှပ်အမည်းရောင်နဲ့...ဟာကွာ...ဘုန်းကြီးကျောင်းမှာလုပ်တဲ့အလှူပွဲကိုဒီလိုလာစရာလား...မသိတာမဟုတ်သိရက်နဲ့မိသားစုစုံချင်တယ်ဆိုတဲ့အဖေ့ဆန္ဒကိုမိတ်ဆွေအသိုင်းအဝိုင်းတွေရှေ့ပရမ်းပတာဖြည့်ဆည်းပေးတာ...ဧည့်သည်တွေမရောက်ခင်မသင့်တော်တဲ့အပြင်အဆင်နဲ့ဒေးကိုတစ်ခုခုလုပ်ပေးမှဖြစ်မည်ဟုတွေးကာထအရပ်...လက်တစ်စုံရဲ့ဆုပ်ကိုင်တားမြစ်ဟန်...

"ဒေးဒေးအတွက်ငါယူလာခဲ့တာ...မင်းပဲချော့ပြီးလဲခိုင်းလိုက်...ဖေဖေမြင်ရင်ဒေါသထွက်နေမှာမို့..."

လက်ထဲအတင်းထိုးထည့်ပေးလာသောပါဆယ်တစ်အိတ်...မသိမသာအကဲခတ်ကြည့်မိတော့သင့်တော်မဲ့ဝတ်စုံတစ်စုံဖြစ်မည်ထင်သည်...

"ပုဆိုးနဲ့အကျင်္ ီ...လဲခိုင်းလိုက်နော်..."

ကိုယ့်အကြည့်တွေကိုနားလည်သလိုပြောလာတဲ့ပိုက်...အေးလေ...ဒေးပြသနာရှာတာတစ်ခါနှစ်ခါမှမကတော့တာ...ဒီလိုပွဲမျိုးလုပ်တိုင်းသပ်သပ်ရပ်ရပ်ဝတ်တတ်တဲ့ပိုက်နဲ့ဆန့်ကျင်စွာအရိုင်းဆန်စွာဆင်မြန်းတတ်သောဒေး...အန်ကယ်လ်နဲ့ထိပ်တိုက်တွေ့ရင်မတူညီတဲ့သားနှစ်ယောက်ကိုအပေါင်းအသင်းတွေကြားချပြနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါဆိုပြီးစကားနာထိုးတတ်သေးတာ...အတွေ့အကြုံများနေတဲ့ပိုက်အနေနဲ့ကြိုတင်ပြင်ဆင်လာတာမမှား...

"အင်း..."

ပိုက်ပေးလိုက်တဲ့ပါဆယ်အိတ်ကိုဆွဲရင်းဒေးဆီဦးတည်မိတော့ပထမဆုံးလက်ခံရရှိလိုက်တာကမကြည်ကြည့်တွေ...မတတ်နိုင်ဘူး...ကြိုးစားကြည့်ရမှာပဲ...

"ဒေး..."

"..."

"ဒေး...ဒါဘုန်းကြီးကျောင်းနော်..."

"အဲတော့ဘာဖြစ်လဲ..."

"မင်းရဲ့အခုပုံစံနဲ့မအပ်စပ်ဘူးလေ...အဝတ်အစားပိုပါတယ်...သွားလဲလိုက်..."

ကိုင်လာတဲ့အိတ်ကိုလှမ်းပေးတော့ခြေတစ်လှမ်းနောက်ဆုတ်ကာမယူဘဲလက်ရှောင်လျက်ငြင်းဆန်သည်...

"မလိုပါဘူး...ငါ့စိတ်ထဲမှာဘုရားရှိရင်ရပြီမဟုတ်လား..."

"မဟုတ်ဘူးလေ...လူတွေရဲ့အမြင်မှာ..."

"လိုလို့လား...အဲလိုတွေတွေးဖို့လိုလို့လား..."

"ဟာ...ဒေးရာ...မင်းကလိမ်မာပါတယ်...မင်းဘာလုပ်ချင်လဲပြော...ငါလုပ်ပေးမယ်...အခုတော့ဒီအဝတ်အစားလေးလဲလိုက်...နော်..."

"..."

"မင်းငါတို့ကျောင်းက First Year Queen လေးကိုကြွေနေတာမဟုတ်လား...ငါအောင်သွယ်ပေးမယ်ကွာ...နော်..."

"သေချာလား..."

"အင်း..."

"ဟေ့ရောင်...မင်းတစ်ကယ်နော်..."

"အေးပါကွာ...ရော့...သွားလဲတော့..."

"..."

"နေဦး...နားကဟာတွေအရင်ဖြုတ်..."

"ဟာ...တော်ပြီကွာ..."

"တော်လို့မရဘူး...ဒီတစ်ခုတော့ဖြုတ်..."

မဖြုတ်စေချင်လို့အတင်းရုန်းကန်နေသူအားနားကိုဆွဲကာအကျည်းတန်ဆုံးအဆင်တန်ဆာကိုအရင်ဖြုတ်ယူရသည်...နောက်ထပ်ကျန်တာတွေဖြုတ်ဖို့ကြိုးစားပေမဲ့ရှည်လွန်းတဲ့အရပ်ကြီးကြောင့်ကုန်းကုန်းကွကွဖြစ်နေကာမအောင်မြင်...ဘုန်းကြီးကျောင်းမှာဆိုတဲ့အသိနဲ့ဆူဆူညံညံတွေမဖြစ်ချင်တာကြောင့်ဒီတိုင်းလက်လျော့ပေးလိုက်ရသည်...

"အဲဒီတစ်ခုပဲနော်...နှာခေါင်းကဟာတော့လုံးဝမဖြုတ်ဘူး..."

"သွားတော့...လူဆိုးကောင်..."

"အဲဒီလူဆိုးကိုပဲမင်းကြွေနေတာမဟုတ်လား..."

ကောင်လေးတစ်ယောက်ကနောက်တစ်ယောက်နားကိုကိုင်ရင်းနားကပ်ချွတ်ပေးနေတဲ့ပုံရိပ်...တစ်ယောက်ကဘာပြောလိုက်လို့လဲမသိ...ရှက်သွားဟန်နဲ့ထိုးဖို့ပြင်တဲ့အခါကျန်တစ်ယောက်ကလျာထုတ်ပြရင်းပြေးထွက်သွားတဲ့မြင်ကွင်း...ထိုမြင်ကွင်းကိုကြည့်ပြီးအားကျသလိုပြုံးနေတဲ့ကောင်လေးတစ်ယောက်တော့ရှိခဲ့သည်...

~~~~~TBC~~~~~

Continue Reading

You'll Also Like

303K 24K 43
part 19 (Uni+Zaw) လွတ်လပ်ရေးမရခင်ဂျပန်-အင်္ဂလိပ်ခေတ် ကိုပြန်ရောက်သွားတဲ့ကောင်လေး...... နေကြာပန်းတေကြွေတဲ့အခါ ခင်များဘယ်မှာရှိနေမှာလဲ I'LL B-E T-H-E-R-E...
17.7K 1.3K 8
One Shot collations 💛 စိတ်ကူးတည့်ရာ အဝါရောင် ပျော်ရွှင်ခြင်းများ။ (Unicode & Zawgyi)
501K 41.4K 22
Taekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️
29.9K 2K 9
Chansoo(yaoi) မိမိရဲ့ဖြစ်တည်မှုကိုကြောက်ရွံ့အားငယ်မှု မရှိဘဲအထက်တန်းကျောင်းသားဘဝကို ရိုးသားကြိုးစားစွာဖြတ်သန်းနေတဲ့ကောင် လေးDo Kyung Soo တနေ့မှာမမျှော်...