အေပအေတတစ္ေယာက္ရဲ႕ ခို နား ရာ...

Da Youaremylittlestar

323K 26.6K 947

BL Altro

Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 (Final)
Part-22
Part-23
😝😝😝
~Extra-1~
~Extra-2~
~Extra-3~
~Extra-4~

Part-6

11.2K 1K 30
Da Youaremylittlestar

Zawgyi

စာေမးပြဲနီးလို႔စာမရွိတဲ့အခါတစ္ေနကုန္အတန္းတက္ထားရျခင္းကလူကိုလိုတာထက္ပင္ပန္းႏြမ္းနယ္ေစသည္...အတန္းၿပီးလို႔အေဆာင္ျပန္မယ္လုပ္ေတာ့3:15...အခုထက္ထိေရစက္ကုန္ခြင့္မရွိေသးတဲ့ကားေပၚေရာက္ေတာ့ျပန္႕က်ဲေနတဲ့ေဆးလိပ္တိုအပိုင္းအစေတြ...သိုင္းသာျမင္ရင္ဘယ္ေလာက္ဆူမလဲမသိ...အခုမွသတိထားမိတာကသိုင္းကိုကားေပၚေခၚမတင္ျဖစ္တဲ့အခ်ိန္ကာလ...ခါတိုင္းဆိုအိမ္မေရာက္ျဖစ္ရင္ေတာင္မႏၲေလးဆင္းျဖစ္တိုင္းသိုင္းနဲ႔အတူတစ္ေနရာရာသြားျဖစ္သည္...အဲဒီအခ်ိန္တိုင္းလည္းေဆးလိပ္တိုအပိုင္းအစေတြေၾကာင့္ရန္သတ္ရၿမဲ...သိုင္းဆိုတာပါးစပ္ကသာဆူပူေနေပမဲ့လက္ကေဆးလိပ္မွန္သမွ်ရွင္းထုတ္ေပးၿပီးသား...တစ္လတစ္ခါေတာင္မေဆးျဖစ္တဲ့ကားကသိုင္းနဲ႔ေတြ႕တိုင္းေရေဆးစင္တင္ရသည္...

"တီ...တီ..."

႐ုတ္တရက္ထျမည္လာတဲ့ဖုန္းသံေၾကာင့္ႏႈိးမယ္ရည္ရြယ္ထားတဲ့ကားစက္ကိုမႏိႈးျဖစ္ေသး...Caller Name ကိုၾကည္႕မိေတာ့Daddyတဲ့...ဟက္...ထူးထူးဆန္းဆန္းဖုန္းေတြဘာေတြေခၚလို႔ပါလား...မကိုင္ဘူးလို႔စိတ္တင္းေပမဲ့ဘယ္ေလာက္ပဲမေျပလည္ေစဦးေတာ့အေဖဟာအေဖပဲဆိုတဲ့စိတ္နဲ႔ကိုင္မိသည္...

"ဟဲလို..."

"..."

"ကြ်န္ေတာ္လာမွျဖစ္မွာလား..."

"..."

"သိပ္ေတာ့မေမွ်ာ္လင့္နဲ႔ေပါ့...အဆင္ေျပရင္ေတာ့လာခဲ့ပါ့မယ္..."

"..."

"ဒါပဲမို႔လား...ကြ်န္ေတာ္ကားေမာင္းေတာ့မွာမို႔..."

အမွန္ဆိုအဲဒီပြဲကိုမသြားခ်င္ပါ...ေဖေဖရဲ႕၄၅ႏွစ္ျပည္႕ေမြးေန႔ပြဲ...တခမ္းတနားမဟုတ္ေပမဲ့ကိုးကြယ္ေနက်ဘုန္းႀကီးေက်ာင္းမွာေက်ာင္းေရစက္ခ်ပြဲနဲ႔ေပါင္းၿပီးက်င္းပမည္...မိသားစုအလွဴပြဲမို႔စံုစံုညီညီရွိေစခ်င္သည္႕ေဖေဖ့ဆႏၵကိုနားလည္ေပမဲ့မျဖည္႕ဆည္းခ်င္...မိသားစုလို႔ေျပာရေအာင္မိေထြးဆိုတာကိုယ့္အေမအရင္းမွမဟုတ္တာ...ဇာတ္လမ္းေတြထဲကလိုကိုယ့္အေပၚေကာက္က်စ္ယုတ္မာေနတာမ်ိဳးမဟုတ္ေပမဲ့...အထူးတလည္ေဖာ္ေရြေနတာမ်ိဳးလည္းမဟုတ္...ေက်ာင္းတက္ရမွာမအားဘူးလို႔မုသားသံုးရေအာင္က်ေတာ့လည္းအကြက္ေစ့လြန္းတဲ့Daddyကေက်ာင္းပိတ္ရက္မွေရြးလုပ္တဲ့ပြဲ...သက္ျပင္းတစ္ခ်က္သာအသာခ်ရင္းအေဆာင္ကိုသာဦးတည္မိသည္...

"ေတႀကီး...မင္းအတြက္ပါဆယ္ေရာက္ေနတယ္..."

"..."

"ေဟ့ေရာင္...မင္းအိမ္ကလား..."

အေဆာင္ထဲဝင္ဝင္လာခ်င္းအတူေနသူငယ္ခ်င္းေတြရဲ႕တစ္ေယာက္တစ္ေပါက္ေအာ္သံ...ဒီလိုPrivate Studyရက္မ်ိဳးမွာပါဆယ္ေရာက္လာၿပီဆိုေတြးၾကည္႕စရာမလို...ပိုက္ဆီက...ကိုယ္ႀကိဳက္တတ္တဲ့အစားအစာေတြကိုေကာင္းေကာင္းမြန္မြန္ျပင္ဆင္ၿပီးဦးႏိုင္ကိုပို႔ခိုင္းမည္...တစ္ခါတစ္ေလမွာေဆးဝါးကအစပါတတ္ေသးတာ...

"မုန္႔ေတြေနမွာ...မင္းတို႔စားခ်င္ရင္ဖြင့္လိုက္ေလ..."

"ေဟ...ဟုတ္လား...ဗိုက္ဆာေနတာနဲ႔အေတာ္ပဲ..."

အဲဒီလိုပါပဲ...လက္ခံတယ္ရယ္လည္းမဟုတ္...လက္မခံဘူးရယ္လို႔လည္းမဟုတ္...စားစရာမရွိတဲ့အခါစားဖို႔အဆင္ေျပေနေသးရင္စားပစ္လိုက္ျခင္းဟာစီးစရာဖိနပ္မရွိေတာ့တဲ့အခါသိုင္းနဲ႔ဆင္တူဖိနပ္ကိုေကာက္စီးလိုက္သလိုမ်ိဳးပဲ...

"သား...စာေမးပြဲေျဖႏိုင္ရဲ႕လား..."

"..."

"ေအးေအး...သားက်န္းမာေရးလည္းဂ႐ုစိုက္ဦးေနာ္..."

"..."

"သားေဖေဖေမြးေန႔ပြဲက်ရင္ျပန္လာမယ္မဟုတ္လား..."

"..."

"ေအာ္...ဘာပဲျဖစ္ျဖစ္စိန္စိန္ကေတာ့ျပန္လာႏိုင္ေအာင္ေတာ့ႀကိဳးစားေစခ်င္တယ္သားရယ္..."

ေဒးေဒးစာေမးပြဲေျဖႏိုင္လားသိခ်င္လို႔ဖုန္းဆက္ေပးပါဆိုတဲ့သား,ပိုက္ေလးေၾကာင့္ဖုန္းဆက္မိသည္...ဟိုဘက္ကေျဖႏိုင္တယ္ဆိုတဲ့တုန္႔ျပန္သံမွာေျဖႏိုင္တယ္ဆိုတဲ့အမူအယာလုပ္ျပမိေတာ့ေက်နပ္ေယာင္သန္းေနတဲ့မ်က္ႏွာေလးကမၾကာခင္လုပ္မဲ့မိသားစုအလွဴပြဲကိုျပန္လာေစခ်င္တယ္ဆိုတဲ့တိုက္တြန္းသံေၾကာင့္ခ်က္ခ်င္းညိဳးက်သြားတာသိသိသာသာ...

"..."

"ဟုတ္ၿပီ...ဟုတ္ၿပီ...အဲဒါဆိုဒါပဲေနာ္သားငယ္..."

မူႀကိဳတက္ကတည္းကေဒးရယ္ပိုက္ရယ္ဆိုတာအတူတူ...ေဒးေဖေဖနဲ႔ပိုက္မိဘေတြကငယ္သူငယ္ခ်င္းေတြမို႔တရင္းတႏွီးဝင္ထြက္သြားလာေနခဲ့ရာက႐ုတ္တရက္ဦးေႏွာက္ေသြးေၾကာပ်က္ကာဆံုးပါးသြားသူပိုက္ေဖေဖေၾကာင့္က်န္ရစ္သူသူငယ္ခ်င္းမကိုကူညီ႐ိုင္းပင္းခဲ့ခ်ိန္ကစလို႔တစ္ဖက္သတ္အထင္လြဲခဲ့သူကေဒးေမေမ...သဝန္တိုမႈေတြနဲ႔ခဏခဏျပသနာတက္ရာကအေမလုပ္သူရဲ႕ငယ္ရြယ္သူေဒးေလးအေပၚ႐ိုက္သြင္းခဲ့တဲ့အမွားတရားေတြကကေလးငယ္ရဲ႕ျဖဴစင္မႈေတြကိုအေရာင္ေျပာင္းေစဖို႔လံုေလာက္ခဲ့သည္...ေဒါသတရားေတြေရွ႕တန္းတင္မိခဲ့တဲ့တစ္ညဆီကလင္မယားရန္ျဖစ္ၿပီးကားေမာင္းထြက္သြားရင္းအက္စီးဒင့္ျဖစ္ကာေဒးေမေမဆံုးပါးခဲ့ၿပီးေနာက္မွာအေမ႐ိုက္သြင္းခဲ့တဲ့အသိတရားေတြေၾကာင့္ပိုက္တို႔သားအမိေပၚေဒးအျမင္မၾကည္တာအခုထက္ထိ...ဒါကိုမွလင္ေယာက်္ားမရွိဘဲအရြယ္တင္ႏုပ်ိဳသူမုဆိုးမတစ္ေယာက္တည္းလုပ္ကိုင္စားေသာက္ေနျခင္းကိုမထိတထိလာရိပါးလာသူလူ႕ဘီလူးေတြေၾကာင့္ႏွစ္ဦးသေဘာတူတစ္ပင္လဲလို႔တစ္ပင္ထူျခင္းအိမ္ေထာင္မႈကေဒးအေပၚမီးေလာင္ရာေလပင့္သည္႕ႏွယ္...

"ေဒးေဒးကမလာဘူးတဲ့လားဟင္..."

"အဲလိုလည္းမဟုတ္ပါဘူးသားရယ္...လူေတြ႕စာေမးပြဲေတြရွိေသးတယ္ဆိုလား...အဲဒါေတြနဲ႔မတိုက္ရင္ေတာ့လာခဲ့ပါ့မယ္တဲ့..."

"ဟင္း..."

ကိုယ့္အေျဖအဆံုးမွာသက္ျပင္းတစ္ခ်က္ခ်ကာမ်က္ႏွာေလး႐ွံဳ႕မဲ့သြားသူသားပိုက္အားသနားမိသည္...ငယ္ငယ္ကတည္းကအလိုလိုက္လြန္းသူမိခင္ေၾကာင့္နည္းနည္းဆိုးခ်င္သူေဒးအားအႏြံတာခံလြန္းခဲ့သူ...မိဘေတြပေယာဂေၾကာင့္ကိုယ့္အေပၚအျမင္မၾကည္တာေတာင္ေဒးအားေမတၱာထားမပ်က္...ကိုယ္လည္းပဲသူမ်ားအိမ္ေထာင္ပ်က္ေစခဲ့တဲ့သူေတြလို႔ေစာစီးစြာအေတြးဝင္ခဲ့ေပမဲ့တစ္ကယ္တမ္းအတူေနတာၾကာလာတဲ့အခါနားလည္ေပးႏိုင္ခဲ့သည္...

"ကဲပါ...သားထမင္းစားေတာ့မလား...စိန္စိန္ျပင္လိုက္ေတာ့မယ္..."

"ဟင့္အင္း...သားမစားေတာ့ဘူး..."

"ေနမေကာင္းဘူးလား...သား,ပိုက္ေလး...အခုတစ္ေလာထမင္းသိပ္မစားသလိုပဲ..."

"စားပါတယ္...စိန္စိန္ရဲ႕...အခုကဗိုက္သိပ္မဆာလို႔ပါ..."

ဟုတ္ရဲ႕လားသားငယ္ရယ္...ဝတ္ေနက်အက်ၤီေတြကပဲေသးသြားတာလား...အစားမဝင္လြန္းတဲ့ခႏၶာကိုယ္ေလးကပဲပိန္လာတာလား...ဘာပဲျဖစ္ျဖစ္စိတ္ေတာ့ပူတယ္...ကေလးငယ္ရယ္...

~~~~~TBC~~~~~

Unicode

စာမေးပွဲနီးလို့စာမရှိတဲ့အခါတစ်နေကုန်အတန်းတက်ထားရခြင်းကလူကိုလိုတာထက်ပင်ပန်းနွမ်းနယ်စေသည်...အတန်းပြီးလို့အဆောင်ပြန်မယ်လုပ်တော့3:15...အခုထက်ထိရေစက်ကုန်ခွင့်မရှိသေးတဲ့ကားပေါ်ရောက်တော့ပြန့်ကျဲနေတဲ့ဆေးလိပ်တိုအပိုင်းအစတွေ...သိုင်းသာမြင်ရင်ဘယ်လောက်ဆူမလဲမသိ...အခုမှသတိထားမိတာကသိုင်းကိုကားပေါ်ခေါ်မတင်ဖြစ်တဲ့အချိန်ကာလ...ခါတိုင်းဆိုအိမ်မရောက်ဖြစ်ရင်တောင်မန္တလေးဆင်းဖြစ်တိုင်းသိုင်းနဲ့အတူတစ်နေရာရာသွားဖြစ်သည်...အဲဒီအချိန်တိုင်းလည်းဆေးလိပ်တိုအပိုင်းအစတွေကြောင့်ရန်သတ်ရမြဲ...သိုင်းဆိုတာပါးစပ်ကသာဆူပူနေပေမဲ့လက်ကဆေးလိပ်မှန်သမျှရှင်းထုတ်ပေးပြီးသား...တစ်လတစ်ခါတောင်မဆေးဖြစ်တဲ့ကားကသိုင်းနဲ့တွေ့တိုင်းရေဆေးစင်တင်ရသည်...

"တီ...တီ..."

ရုတ်တရက်ထမြည်လာတဲ့ဖုန်းသံကြောင့်နှိုးမယ်ရည်ရွယ်ထားတဲ့ကားစက်ကိုမနှိုးဖြစ်သေး...Caller Name ကိုကြည့်မိတော့Daddyတဲ့...ဟက်...ထူးထူးဆန်းဆန်းဖုန်းတွေဘာတွေခေါ်လို့ပါလား...မကိုင်ဘူးလို့စိတ်တင်းပေမဲ့ဘယ်လောက်ပဲမပြေလည်စေဦးတော့အဖေဟာအဖေပဲဆိုတဲ့စိတ်နဲ့ကိုင်မိသည်...

"ဟဲလို..."

"..."

"ကျွန်တော်လာမှဖြစ်မှာလား..."

"..."

"သိပ်တော့မမျှော်လင့်နဲ့ပေါ့...အဆင်ပြေရင်တော့လာခဲ့ပါ့မယ်..."

"..."

"ဒါပဲမို့လား...ကျွန်တော်ကားမောင်းတော့မှာမို့..."

အမှန်ဆိုအဲဒီပွဲကိုမသွားချင်ပါ...ဖေဖေရဲ့၄၅နှစ်ပြည့်မွေးနေ့ပွဲ...တခမ်းတနားမဟုတ်ပေမဲ့ကိုးကွယ်နေကျဘုန်းကြီးကျောင်းမှာကျောင်းရေစက်ချပွဲနဲ့ပေါင်းပြီးကျင်းပမည်...မိသားစုအလှူပွဲမို့စုံစုံညီညီရှိစေချင်သည့်ဖေဖေ့ဆန္ဒကိုနားလည်ပေမဲ့မဖြည့်ဆည်းချင်...မိသားစုလို့ပြောရအောင်မိထွေးဆိုတာကိုယ့်အမေအရင်းမှမဟုတ်တာ...ဇာတ်လမ်းတွေထဲကလိုကိုယ့်အပေါ်ကောက်ကျစ်ယုတ်မာနေတာမျိုးမဟုတ်ပေမဲ့...အထူးတလည်ဖော်ရွေနေတာမျိုးလည်းမဟုတ်...ကျောင်းတက်ရမှာမအားဘူးလို့မုသားသုံးရအောင်ကျတော့လည်းအကွက်စေ့လွန်းတဲ့Daddyကကျောင်းပိတ်ရက်မှရွေးလုပ်တဲ့ပွဲ...သက်ပြင်းတစ်ချက်သာအသာချရင်းအဆောင်ကိုသာဦးတည်မိသည်...

"တေကြီး...မင်းအတွက်ပါဆယ်ရောက်နေတယ်..."

"..."

"ဟေ့ရောင်...မင်းအိမ်ကလား..."

အဆောင်ထဲဝင်ဝင်လာချင်းအတူနေသူငယ်ချင်းတွေရဲ့တစ်ယောက်တစ်ပေါက်အော်သံ...ဒီလိုPrivate Studyရက်မျိုးမှာပါဆယ်ရောက်လာပြီဆိုတွေးကြည့်စရာမလို...ပိုက်ဆီက...ကိုယ်ကြိုက်တတ်တဲ့အစားအစာတွေကိုကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးဦးနိုင်ကိုပို့ခိုင်းမည်...တစ်ခါတစ်လေမှာဆေးဝါးကအစပါတတ်သေးတာ...

"မုန့်တွေနေမှာ...မင်းတို့စားချင်ရင်ဖွင့်လိုက်လေ..."

"ဟေ...ဟုတ်လား...ဗိုက်ဆာနေတာနဲ့အတော်ပဲ..."

အဲဒီလိုပါပဲ...လက်ခံတယ်ရယ်လည်းမဟုတ်...လက်မခံဘူးရယ်လို့လည်းမဟုတ်...စားစရာမရှိတဲ့အခါစားဖို့အဆင်ပြေနေသေးရင်စားပစ်လိုက်ခြင်းဟာစီးစရာဖိနပ်မရှိတော့တဲ့အခါသိုင်းနဲ့ဆင်တူဖိနပ်ကိုကောက်စီးလိုက်သလိုမျိုးပဲ...

"သား...စာမေးပွဲဖြေနိုင်ရဲ့လား..."

"..."

"အေးအေး...သားကျန်းမာရေးလည်းဂရုစိုက်ဦးနော်..."

"..."

"သားဖေဖေမွေးနေ့ပွဲကျရင်ပြန်လာမယ်မဟုတ်လား..."

"..."

"အော်...ဘာပဲဖြစ်ဖြစ်စိန်စိန်ကတော့ပြန်လာနိုင်အောင်တော့ကြိုးစားစေချင်တယ်သားရယ်..."

ဒေးဒေးစာမေးပွဲဖြေနိုင်လားသိချင်လို့ဖုန်းဆက်ပေးပါဆိုတဲ့သား,ပိုက်လေးကြောင့်ဖုန်းဆက်မိသည်...ဟိုဘက်ကဖြေနိုင်တယ်ဆိုတဲ့တုန့်ပြန်သံမှာဖြေနိုင်တယ်ဆိုတဲ့အမူအယာလုပ်ပြမိတော့ကျေနပ်ယောင်သန်းနေတဲ့မျက်နှာလေးကမကြာခင်လုပ်မဲ့မိသားစုအလှူပွဲကိုပြန်လာစေချင်တယ်ဆိုတဲ့တိုက်တွန်းသံကြောင့်ချက်ချင်းညိုးကျသွားတာသိသိသာသာ...

"..."

"ဟုတ်ပြီ...ဟုတ်ပြီ...အဲဒါဆိုဒါပဲနော်သားငယ်..."

မူကြိုတက်ကတည်းကဒေးရယ်ပိုက်ရယ်ဆိုတာအတူတူ...ဒေးဖေဖေနဲ့ပိုက်မိဘတွေကငယ်သူငယ်ချင်းတွေမို့တရင်းတနှီးဝင်ထွက်သွားလာနေခဲ့ရာကရုတ်တရက်ဦးနှောက်သွေးကြောပျက်ကာဆုံးပါးသွားသူပိုက်ဖေဖေကြောင့်ကျန်ရစ်သူသူငယ်ချင်းမကိုကူညီရိုင်းပင်းခဲ့ချိန်ကစလို့တစ်ဖက်သတ်အထင်လွဲခဲ့သူကဒေးမေမေ...သဝန်တိုမှုတွေနဲ့ခဏခဏပြသနာတက်ရာကအမေလုပ်သူရဲ့ငယ်ရွယ်သူဒေးလေးအပေါ်ရိုက်သွင်းခဲ့တဲ့အမှားတရားတွေကကလေးငယ်ရဲ့ဖြူစင်မှုတွေကိုအရောင်ပြောင်းစေဖို့လုံလောက်ခဲ့သည်...ဒေါသတရားတွေရှေ့တန်းတင်မိခဲ့တဲ့တစ်ညဆီကလင်မယားရန်ဖြစ်ပြီးကားမောင်းထွက်သွားရင်းအက်စီးဒင့်ဖြစ်ကာဒေးမေမေဆုံးပါးခဲ့ပြီးနောက်မှာအမေရိုက်သွင်းခဲ့တဲ့အသိတရားတွေကြောင့်ပိုက်တို့သားအမိပေါ်ဒေးအမြင်မကြည်တာအခုထက်ထိ...ဒါကိုမှလင်ယောကျ်ားမရှိဘဲအရွယ်တင်နုပျိုသူမုဆိုးမတစ်ယောက်တည်းလုပ်ကိုင်စားသောက်နေခြင်းကိုမထိတထိလာရိပါးလာသူလူ့ဘီလူးတွေကြောင့်နှစ်ဦးသဘောတူတစ်ပင်လဲလို့တစ်ပင်ထူခြင်းအိမ်ထောင်မှုကဒေးအပေါ်မီးလောင်ရာလေပင့်သည့်နှယ်...

"ဒေးဒေးကမလာဘူးတဲ့လားဟင်..."

"အဲလိုလည်းမဟုတ်ပါဘူးသားရယ်...လူတွေ့စာမေးပွဲတွေရှိသေးတယ်ဆိုလား...အဲဒါတွေနဲ့မတိုက်ရင်တော့လာခဲ့ပါ့မယ်တဲ့..."

"ဟင်း..."

ကိုယ့်အဖြေအဆုံးမှာသက်ပြင်းတစ်ချက်ချကာမျက်နှာလေးရှုံ့မဲ့သွားသူသားပိုက်အားသနားမိသည်...ငယ်ငယ်ကတည်းကအလိုလိုက်လွန်းသူမိခင်ကြောင့်နည်းနည်းဆိုးချင်သူဒေးအားအနွံတာခံလွန်းခဲ့သူ...မိဘတွေပယောဂကြောင့်ကိုယ့်အပေါ်အမြင်မကြည်တာတောင်ဒေးအားမေတ္တာထားမပျက်...ကိုယ်လည်းပဲသူများအိမ်ထောင်ပျက်စေခဲ့တဲ့သူတွေလို့စောစီးစွာအတွေးဝင်ခဲ့ပေမဲ့တစ်ကယ်တမ်းအတူနေတာကြာလာတဲ့အခါနားလည်ပေးနိုင်ခဲ့သည်...

"ကဲပါ...သားထမင်းစားတော့မလား...စိန်စိန်ပြင်လိုက်တော့မယ်..."

"ဟင့်အင်း...သားမစားတော့ဘူး..."

"နေမကောင်းဘူးလား...သား,ပိုက်လေး...အခုတစ်လောထမင်းသိပ်မစားသလိုပဲ..."

"စားပါတယ်...စိန်စိန်ရဲ့...အခုကဗိုက်သိပ်မဆာလို့ပါ..."

ဟုတ်ရဲ့လားသားငယ်ရယ်...ဝတ်နေကျအကျင်္ီတွေကပဲသေးသွားတာလား...အစားမဝင်လွန်းတဲ့ခန္ဓာကိုယ်လေးကပဲပိန်လာတာလား...ဘာပဲဖြစ်ဖြစ်စိတ်တော့ပူတယ်...ကလေးငယ်ရယ်...

~~~~~TBC~~~~~

Continua a leggere

Ti piacerà anche

811K 74.4K 54
Zawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️
1.2K 65 10
ချစ်တာကိုမေတ္တာတွေနဲ့ဖော်ပြရမှာပေါ့
1.1M 135K 81
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... အရမ္းလည္လြန္းတဲ့ သစ္သစ္နဲ႔ ပိန္းဥျဖဴဒယ္ဒီတို႔ရဲ႕အခ်စ္ဇာတ...
126K 12.1K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...