"HATEFUL LOVE"
"ဖယ်...ကျွန်တော် မရူးဘူး..
ကျွန်တော် အရူး မဟုတ်ဘူးလို့ ပြောနေတယ်လေ"
"လွှတ် ငါ့လက်ကို မကိုင်နဲ့.... မင်းတို့ ငါ့လက်ကို
ကိုင်စရာ အကြောင်းမရှိဘူး"
"Park Chanyeol ဘယ်မှာလဲ....
သူ့ကို ခုချက်ချင်းခေါ်ပေး"
"သူ့ကိုခေါ်ပေးကြပါ....ကျွန်တော်ဒီမှာတော့မနေပါရစေနဲ့...ထောင်ထဲပဲ ထည့်လိုက်ကြပါ..
Arnyi..အသေသတ်ပေးကြပါ"
ဆေးရုံအခန်းထဲမှာ အော်ဟစ်သောင်းကျန်းနေတဲ့ Baby ကို အခန်းပြင်က ကြည့်ပြီး ငိုနေမိတယ်...
ဆရာဝန်တွေ ဝိုင်းချုပ်သော်လဲ အတင်းတွန်းထုတ်နေတာကြောင့် သူနာပြုတစ်ယောက် ဆေးထိုးအပ်ကိုကိုင်ကာ လက်မောင်းအတွင်းသားကို ထိုးမလို့လုပ်နေတာကိုတွေ့မှ...
အခန်းထဲပြေးဝင်ကာ......
"dr.... ကျွန်တော်သူနဲ့ စကားပြောပါရစေ"
"ကောင်းပါပီ.... အကြာကြီးတော့မရဘူးနော်"
"အင်း"
အနီးနားမှာရှိတဲ့ ခုံကိုဆွဲယူပြီး ကုတင်ပေါ်မှာ ထိုင်နေတဲ့ Baby့ လက်ကို ဆွဲကိုင်လိုက်တော့ မသိမသာလေးရုန်းထွက်သွားတယ်...
မျက်နှာကိုလဲ တဖက်စောင်းထားကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြန်တယ်..
အဲဒီလက်သီးတွေနဲ့ ထိုးလိုက်စမ်းပါ Baby ရယ်...
"Baby ကိုယ်တောင်းပန်ပါတယ်..... မင်းကိုကယ်တင်ဖို့ ကိုယ်ကြံတာ ဒီတနည်းပဲ ရှိလို့ပါ....
Baby မကျေနပ်ရင် ကိုယ့်ကို ကြ်ုက်တာလုပ်ပါ...
ကဲ ထိုးမလား ထိုး"
သူ့လက်သီးဆုပ်လေးတွေကို ကျွန်တော့ပါးပေါ်တင်ပြီး ခပ်ဆတ်ဆတ်ထိုးခိုင်းလိုက်တော့....
အရောင်မဲ့ပြီး အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့..
ဟက် ဆိုတဲ့ရီသံလေးကြားလိုက်ရတယ်.....
"ကိုကို့ အသားနာအောင်မလုပ်ရက်ဘူးဆိုတာ ကိုကိုသိရက်နဲ့ ဒီစကားပြောတာလား....
ကိုကို့အသားနာရင် ကျွန်တော့အသားနာသလို ရင်ဘတ်တစ်ခုလုံးပါ နာတယ်ဆိုတာ ကိုကိုမသိတာလား"
သူ့စကားကြောင့် မျက်ရည်ကျရမိတာ ကျွန်တော်...
သူအဲဒီလောက်ထိ ချစ်ခဲ့မယ်မထင်ခဲ့မိ....
အသက်ငယ်တုန်း စိတ်ကစားတယ်ပဲ ထင်ခဲ့မိတာ..
"ကိုကို...မငိုနဲ့နော်...
ကိုကိုငိုရင် ကျွန်တော့ ဘယ်ဘတ်ရင်အုံက နာတယ် ကိုကိုရ"
ကျွန်တော့ပါးပေါ်က မျက်ရည်စီးကြောင်းကို လက်သေးသေးလေးနှင့် သုတ်ကာ ရင်ခွင်ထဲကို တိုးဝှေ့လာတယ်...
ရုတ်တရက် ချက်ချင်းကြီး ရင်ခွင်ထဲကထွက်ကာ..
ကုတင်ပေါ်ကဆင်းပြီး ကျွန်တော့ရှေ့ဒူးထောက်ထိုင်ချကာ လက်အုပ်ချီပီး လက်နှစ်ဖက်ကိုပွတ်လျက်
"ကိုကို ကျွန်တော် ဒီထဲမှာ မနေချင်ဘူး... သူတို့ကဆေးထိုးကြတယ် ... အရူးလို့်လဲခေါ်ကြတယ်..အင့်..
ကျွန်တော်ထောင်ထဲမှာပဲ နေပါရစေနော် ... အင့် ...အနှိပ်စက်ခံရလဲ ဖြစ်ပါတယ်....အင့်...ကျွန်တော်ဒီထဲမှာတော့ မနေပါရစေနဲ့..."
ငိုယိုတောင်းပန်ပြီး ရှိုက်သံပါထွက်ကာ စကားတွေပါ ထစ်ကုန်တဲ့ Baby့  ကိုပြေးဖက်ကာ ကျောလေးပွတ်ပေးပြီး....တောင်းပန်ပါတယ်လို့ပဲ တဖွဖွ ပြောနိုင်ခဲ့တယ်...
သူကျွန်တော့ကို အထင်လွဲမယ်... မုန်းမယ်ထင်ခဲ့မိတာ.... ဒီကလေးက သူ့ကိုယ်သူထက် ကျွန်တော့ကိုပိုချစ်ခဲ့သည်ပဲ....
ရင်ခွင်ထဲမှာ ငိုရှိုက်ရင်း ငြိမ်သက်သွားတဲ့ baby့  ကိကခွာကြည့်မိတော့ အိပ်ပျော်သွားသည်ထင်... ပွေ့ချီလိုက်တော့ ဗိုက်ပေါ်တင်နေတဲ့ လက်ကလေးက အောက်ကို ဆတ်ခနဲပြုတ်ကျသွားကြောင့် စိတ်ပူစွာ ကုတင်ပေါ်တင်ပြီး ပါးကို မနာအောင်ခပ်ဆတ်ဆတ် ရိုက်နှိုးကြည့်တော့နိုးမလား.......နှလုံးခုန်သံကို နားထောင်ကြည့်တော့လဲ ခုန်သည်ဟုမထင်ရ..
နံရံပေါ်မှာရှိတဲ့ အရေးပေါ်ဘဲလ်ကို နှိပ်ကာ ဆရာဝန်တွေကို ခေါ်လိုက်ရသည်....
"လူနာ အရေးပေါ်"
တွန်းလှည်းနဲ့ အရေးပေါ်အခန်းထဲ ပို့ကာ သူပါနောက်ကနေ ထပ်ကြပ်မခွာ လိုက်သွားမိသည် ...
Baby ဘာမှမဖြစ်ပါစေနဲ့.... က်ုယ့်ကြောင့်ပါ baby ဒီလိုဖြစ်ရတာ ကိုယ့်ကြောင့်
Oxygen Mask ကိုတပ်ထားရတဲ့ ဖြူလျောလျော့ပုံရိပ်ကလေးဟာ ရင်ကိုမီးစနဲ့ထိုးခွဲနေသလို.....
"လူနာက အိပ်ဆေးရဲ့ side effect တွေကြောင့် နှလုံးကိုထိသွားတာ..... ခုလဲ စိတ်ပင်ပန်းပြီး heart attack ဖြစ်သွားတာ... ရှေ့လျှောက်သတိထားမှ ရတော့မယ်.... ကျွန်တော့်ကတော့ နှလုံးအစားထိုးစေချင်တယ်....
လောလောဆယ် ဒီလိုမဖြစ်အောင်တော့ သူရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်အိပ်ဆေးတွေမထိုးစေချင်တော့ဘူး..... "
ဆရာဝန်ရဲ့စကားကြောင့်ကျွန်တော့ကိုကျွန်တော် အပြစ်တင်မိတယ်....
ကျွန်တော်က မကောင်းတဲ့သူပဲ...
ချစ်တယ်ဆိုပြ်ီး အမျိုးမျိုးနာကျင်စေခဲ့တယ်......
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ Baby့  မျက်နှာလေးကို လက်မလေးနဲ့ ပွတ်က... လက်တဖက်ကို နဖူးနဲ့တိုက်ရင်း တိတ်တဆိတ် မျက်ရည်ကျမိသည်.....
Baby့ ရောဂါတွေ....စိတ်ဆင်းရဲမှုတွေကို ကိုယ်စားယူပေးလို့ရမလား....
Baby့ တွက် နှလုံးအလှူရှင်ကို ကိုယ်ရအောင်ရှာပေးမယ်နော်.... အဲဒီအချိန်ထိ ကျန်းကျန်းမာမာနေပေးနော်......
~~~~~~HATEFUL LOVE~~~~~~~~
Kyung Soo ဆေးရုံမှာ လူနာတစ်ယောက်ကို ဆေးထည့်ပေးရင်း Park Gpအကြောင်းကြားခဲ့ရတဲ့သတင်းကြောင့်စိတ်ထဲတထင့်ထင့်....
Kai ကိုမေးရန်လည်း အချိန်က ဖုန်းသုံးရန်ပင်မအား...
လေ့လာရေးခရီးသွားတဲ့ ကျောင်းကားက လမ်းမှာ လမ်းချော်ပြီး accident ဖြစ်ခဲ့တာမို့ လူနာတွေက အများကြီးရောက်လာတာ....
အသေအပျောက်မရှိတာ ကံကောင်းသည်ဟု ဆိုရပေမည်....
ခေါင်းကွဲသွားတဲ့ လူနာကို ချုပ်ပေးရန် Reception ကိုဖြတ်အလျှောက်
ဆေး Receptions က ကောင်မလေးနှစ်ယောက်ပြောတဲ့ စကားကြောင့် ခြေလှမ်းတွေတုံ့ခနဲ
"Park GP က CEO က သူ့ကောင်လေးကို အရူးထောင်ထဲ ထည့်လိုက်တယ်ဆို"
"ငါလဲ အဲဒီလိုကြားတယ်.... သူ့ကောင်လေးက လူသတ်မှုကျူးလွန်လို့တဲ့"
"အကြမ်းဖက်ခံရတာမလား.... သူ့ကောင်လေးက သူ့ကိုယ်သူကာကွယ်တာလေ... အမှုကိုသေချာလိုက်ရင် အဲဒ်ီကောင်လေး ထောင်မကျပါဘူး. .
ငါ့စိတ်ထင် CEO က အဲဒီကောင်လေးကို ပထုတိချင်လို့လားမသိဘူး"
"မင်းတို့ပြောနေတာ Park Chanyeolကိုလား"
Counterပေါ်လက်နှစ်ဖက်တင်ကာ အလောတကြီးမေးကြည့်မိတော့..
"ဟုတ်တယ် Dr.kim
အဲဒီကောင်...."
ကောင်မလေး စကားမဆုံးခင် ဂျူတီကုတ်ကိုချွတ်ကာ စားပွဲပေါ်တင်ပြီးပြေးသွားတဲ့ သူ့ပုံရိပ်ကြောင့် ကောင်မလေးနှစ်ယောက် အူကြောင်ကြောင်နဲ့ ကျန်ခဲ့မှာ ကျိန်းသေပင်......
သူဒါတွေစိတ်မဝင်စား....
သူခုသိချင်တာက သူကြားခဲ့ရတဲ့သတင်းမှန်မမှန် chanyeol ဒါမဟုတ် Kai ကိုမေးဖို့ပင်....
ကားပါကင်အရောက် ကားတံခါးကိုအမြန်ဖွင့်ကာ
စက်နှိုးပြီး လီဗာကိုအဆုံးထိတင်ပြီး Kai ဆီအရင်ထွက်လာခဲ့တယ်....
ကီလို ၁၂၀ ကျော်ထိမောင်းလာလိုက်တာ...၁၅မိနစ်ခရီးက ၅မိနစ်နဲ့ရောက်လာတယ်....
Kai ရူံးခန်းထဲရောက်တော့ သူမရှိ.....
အစည်းအဝေးတက်နေ၍ထင်...
အဲတာကြောင့် ထိုင်ခုံမှာထိုင်ပြိး ရင်တပူပူနဲ့စောင့်နေရတယ်...
Kai ထိုင်ခုံရဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံက ရှေ့နေမလေးကိုကြည့်ပြီး မကြည်တဲ့စိတ်က ပိုနောက်လာသယောင်..
အပေါ်ထပ်ကုတ်အင်္ကျီလေးကို ပေါင်လောက်ပင်မရှိတဲ့ စကပ်နဲ့ဝတ်ထားသည်မှာ မြင်မကောင်း
လုပ်ဖော်ကိုင်ဖက် ရှေ့နေဂျို ရဲ့ ဝတ်ပုံစားပုံကိုလဲ ကြည့်ကာ မကြိုက်...
တခြား ရှေ့နေမလေးတွေလို style pant လေးဝတ်ရင်တောင် ရင်မပူရ...
အလုပ်ခန်းကို တခန်းကို တစ်ယောက်ယူပါပြောပြန်ရင်လဲ သူများအလုပ်ကိစ္စဝင်ပါတယ်ဖြစ်မှာစိုး၍မပြော ....
"ဆရာ အလုပ်ကိစ္စနဲ့ အစည်းအဝေးသွားတယ်ရှင့်... ဘယ်သူလဲမသိဘူးနော်...
အရေးကြီးရင် ဖုန်းဆက်ပြောပေးရမလား မသိဘူးရှင့်"
"သူ့ယောက်ျား Kim Kyung Soo ပါ..
ရတယ် ဖုန်းမဆက်နဲ့ ကျွန်တော်စောင့်နိုင်တယ်..
လက်ဖက်ရည်တခွက်ပဲချပေး...."
"ဟုတ်ကဲ့.."
မဆိုးပါဘူး... ဖော်ရွေသား....
နောက်၁၅မိနစ်ကြာတော့ Kai အခန်းထဲဝင်လာမှန်းသိတာနဲ့ သူ့ဆီပြေးကာ
"Kai!! Baekhyun ကိစ္စ ငါ့ကိုပြောစမ်းပါ
ကလေးက ဘယ်လိုဖြစ်လို့ အဲ့ထိအထဲရောက်ရတာလဲ"
"ရှေ့နေ့ဂျို....ခနလောက်အပြင်ထွက်ပေးနော်"
"Nae..."
ရှေ့နေဂျိုထွက်သွားမှ kai က ကျွန်တော့ကို ဖက်ကာ
"ကိုယ်ရှင်းပြမယ်နော်....ဒေါသလေးလျှော့.. "
"ငါ့ညီတစ်ယောက်လုံး အရူးလို့စွပ်စွဲခံနေရတာ ငါက အေးဆေးနေနေရမှာလား Kai!!!!"
ကျွန်တော် ဘယ်လောက် Baekhyun ကို ချစ်လဲဆိုတာ သူအသိ.......
Baekhyun.. chanyeol ဆီရောက်ကတည်းက ညီအရင်းလိုချစ်ခဲ့တာ.....
ခုလို ကလေးကို စိတ်ကျန်းမာရေးဆေးရုံပို့လိုက်တယ်ဆိုတော့ ကလေးဘယ်လောက်ထိ စိတ်ဆင်းရဲနေမလဲ...
နဂိုအထဲက နှလုံးရောဂါအခံရှိတဲ့ကလေး....
ဆေးရဲ့ side effect တွေကြောင့် ရောဂါခံနိုင်ရည်ရှိပါ့မလား တွေးပီး စိတ်ပူလာရတယ်..
Kai ဒီအကြောင်းတွေကို ရှင်းပြလို့အပြီးမှာတင် chanyeol ကို တော်တော်စိတ်နာသွားတယ်..
သူ... baekhyun ကို ဒီလောက်ထိမလုပ်သင့်ဘူးလေ...
ဘယ်လောက်ပဲ မုန်းတယ်ဆိုဦးတော့...
ခု သူတို့အရမ်းချစ်ကြတယ်မဟုတ်လား.....
Chanyeol ဟန်ဆောင်နေခဲ့တာလား... သံသဃဝင်မိတဲ့အထိ....
Kai ကတော့ပြောပါတယ်... chanyeol ကအရမ်းချစ်ပေမဲ့ baekhyun ကို ထောင်ထဲမဝင်စေချင်တဲ့အတ္တကြောင့်ကြံမိကြံရာတွေ ကြံခဲ့တာတဲ့....
ဟုတ်မှာပါလေ...သူ့စိတ် ကျွန်တော်မှ မသိနိုင်ပဲ...
တဆက်တည်းမှာပဲ Kai ကို မကြည်စိတ်က ပြန်ပေါ်လာတယ်...
ဘယ့်နှယ့် တွဲဖက်ရှေ့နေ့က မိန်းကလေးတဲ့...
အရင်က ရှေ့နေဂျို ရှေ့နေ့ဂျုဆိုလို့ ယောက်ျားလေးပဲထင်ခဲ့တာ ခုတော့ မိန်းကလေး ဖြစ်နေတာ..
သဝန်တိုလို့မဟုတ်ပါဘူး.. အမြင်မသင့်တော်လို့်ပါ.....
"Kai မင်း အလုပ်ပါတနာက လှတယ်နော်"
"ရှေ့နေဂျိုလား....အင်း...မဆိုးပါဘူး
သူ့ဟာနဲ့သူတော့လှသား"
"ပျော်နေမှာပဲ.... "
"ဘာလဲ သဝန်တိုနေတာလား "
"မဟုတ်ပါဘူး သဝန်တိုရအောင် ငါက မိန်းမလား.. တော်..တော်.. ပြန်ပီ..
Baekhyunne လေးအကြောင်းသိချင်လို့ အမြန်ပြေးလာတာ...
အာ ဘယ်လိုဖြစ်လို့အတင်းဆွဲနေတာလဲ"
ထပြန်တော့မယ် ကျွန်တော်ကို လက်ကနေအတင်းဆွဲကာ မျက်နှာကိုတရှုံ့ရှုံ့နဲ့လိုက်နမ်းနေတဲ့ Kim Kai ကြီး....
နောက်ဆုံး သူ့မျက်လုံးလားရာတွေက ကျွန်တော့ နှုတ်ခမ်းတွေဆီသာမက မျက်နှာကိုပါရှေ့တိုးလာတာမို့ နဖူးကို တစ်ချက်တောက်ပြီး
"ရုံးခန်းမှာ နှာဘူးလာမကျနဲ့ Kai... "
ပြော ပြီး ပြေးထွက်လာခဲ့တယ်......
~~~~~HATEFUL LOVE~~~~~~
အဆုံးမရှိပဲ လှပနေတဲ့ ပန်းခင်းကြီးတဲ့ပြေးနေတဲ့ကောင်လေးတစ်ယောက်...
သူအနှစ်သက်ဆုံးပန်းတွေကြား ပြေးလွှားဆော့ကစားရင်း ပန်းကို နားတွင်ပန်ကာ အလှပဆုံးပြုံးပြနေတဲ့ ကောင်လေးရဲ့ အပြုံးတွေက ဖြူစင်လိုက်တာ....
~သူ့ရှေ့ မလှမ်းမကမ်းမှာလဲ လူကြီးတစ်ယောက်..
စပ်စုလိုစိတ်နဲ့ ထိုလူကြီးနားပြေးကပ်ပြီး နာမည်ဘယ်သူလဲမေးတော့ ကျောခိုင်းရာကနေ လှည့်လာလေရဲ့...
~appa~
~သား baekhyunne ဒီနေရာက သားနဲ့မဆိုင်ဘူးလေ... ဘာလို့ရောက်လာတာလဲ သား~
~ဟင့်အင်း ကျွန်တော်မသိဘူး..
Appaကို ကျွန်တော်အရမ်းလွမ်းနေတာသိလား..
Appaနဲ့ပဲ ကျွန်တော်နေမယ်နော်.... ~
ငယ်စဉ်ကတည်းက ဝေးကွာခဲ့ရတဲ့ အဖေ့ကိုတွေ့ရတာမို့ appsရင်ထဲတိုးဝှေ့က ငိုနေမိသည်..
~သားရဲ့ နေရာကိုပြန်တော့နော်...
သားလာခဲ့တဲ့လမ်းကိုပြန်သွားတော့နော်.... လိမ်မာတယ်နော်~
~ဟင့်အင်း ကျွန်တော်မပြန်တတ်တော့ဘူး....
ဒီကိုဘယ်လိုရောက်လာမှန်းလဲ မသိတော့ဘူး appa~
တကယ်ပါ...ကျွန်တော် ဒီနေရာကို ဘယ်လိုရောက်လာခဲ့မှန်းမသိတာပါ....
~သားကို chanyeollie လေးစောင့်နေတယ်လေ
ပြန်တော့နော်...အဲဒီပန်းခင်းတည့်တည့်ကိုပဲသွား chanyeollie ဆီပြန်ရောက်သွားလိမ့်မယ်နော် သားလေး~
ကျွန်တော် appaခါးကို တင်းကျပ်စွာဖက်ထားကာ
~မပြန်ဘူး ကျွန်တော်မပြန်ဘူး ~
~မပြန်ရင် chanyeollie လေး ငိုနေမှာပေါ့...
သားက ဒီမှာနေဖို့ အချိန်မတန်သေးဘူးလေ...
အချိန်တန်ရင် appa ကိုယ်တိုင်လက်ဆွဲလာခေါ်မယ်နော်~
~ဟုတ်~
ကျွန်တော် appaပြောတဲ့အတိုင်း အဆုံးမရှိဘူးလို့ထင်ရတဲ့ပန်းခင်းကိုဆက်သွားကြည့်တော့ စူးရှတဲ့ အလင်းရောင်တစ်ခု...appa ပြောတဲ့နေရာမှန်းသိတာကြောင့် ကျွန်တော်ဝင်သွားလိုက်တယ်.....
~တီ တီ ~
"ဟင် baby သတိရလာပြီလား"
"ကို....ကို"
"ကျေးဇူးပါ baby ပြန်နိုးထလာပေးလို့"
ကျွန်တော် ဘယ်လောက်ကြာအောင်မေ့မြောနေခဲ့လို့ ကိုကိုက ဒီလောက်ငိုနေရတာလဲ...
မေးဖို့ရာ စကားလုံးတွေ အများကြီးရှိနေပေမဲ့..
စကားတခွန်းနဲ့တခွန်း အပြောမှာတင် အရမ်းမောတာကြောင့် ဘာမှ မမေးဖစ်...
နည်းနည်းသက်သာလာသလို ရှိကာမှ မေးမယ်ကြံသော်လဲ ကိုကိုက ကျွန်တော့်အတွေးကို သိသလို...
"Baby အိပ်ပျော်နေတာ ၂ပတ်တောင် baby..
ကိုကိုတောင်းပန်ပါတယ်နော် ကိုကို့ကြောင့်"
"ဟင့်.... အင်း..."
သတိရလာပြီး ၁နာရီလောက်ကြာတော့ oxygen mask ကိုဖြုတ်ကာ စကားအတော်အသင့်ပြန်ပြောနိုင်ခဲ့တယ်..
ကူတင်ပေါ်မှာတင် နှစ်ယောက်လှဲကာ ကိုကို့ရင်ခွင်ထဲတိုးဝင်ပြီး ခါးကိုတင်းကျပ်စွာဖက်ထားပြီး.
"ကိုကိုbaby appa ကို အိမ်မက်မက်တယ်သိလား"
Appa အသံကြားတာကြောင့် ကိုကို့မျက်နှာ ပျက်သွားတာကိုတွေ့တာကြောင့် စကားမှားမှန်းသိခဲ့ရသည်...
ကိုကိုဟာ ကျွန်တော့်ကိုချစ်ပေမဲ့
Appa ကိုမုန်းတုန်းဆိုတာ အကိုလေး Kai ပြောလို့သိခဲ့ရသည်..
"Aigoo ကိုကို့ baby လေးက အိမ်မက်တွေဘာတွေမက်လို့ပါလား...
ပြောပါဦး အိမ်မက်အကြောင်း"
ခေါင်းပေါ်က ဆံပင်ပျော့ပျော့အိအိလေးတွေကို လက်ဖဝါးကြီးကြီးနဲ့ဖွရင်း ရွှတ်၂နောက်၂ပြောတဲ့သူ့ကြောင့် စိတ်နည်းနည်းသက်သာသွားသလို...
"Baby က ပန်းခင်းကြီးထဲမှာကစားနေတာသိလား..appa ကလေ ဘေဘီ့ကို ကျောခိုင်းရပ်ထားတာ... အနားသွားတော့မှ appa မှန်းသိတာ
Baby က appa နဲ့နေမယ်ပြောတာကို appa က ကိုကိုစောင့်နေမယ်တဲ့ ပြန်တော့တဲ့... မပြန်ရင် ကိုကိုငိုနေမယ်တဲ့... အချိန်တန်ရင် သူလာခော်မယ်လို့ပြောတယ်ကိုကို"
"အဲဒီတော့ baby က ကိုကိုငိုမှာဆိုးလို့ ပြန်လာတယ်ပေါ့ "
"ဒါပေါ့ ဟီး"
ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ ရီနေတဲ့ ကိုကို့ကို ချစ်တယ်....
မျက်လုံးလေးတွေမှိတ်နေအောင်ရီနေတဲ့ သူက ကျွန်တော်ချစ်ရသူ...
ကိုကိုက ကျွန်တော့ရဲ့ နတ်သားလေးတစ်ပါး...
"Baby အိပ်တော့"
သူ့စကားအဆုံး ရင်ခွင်ထဲ ပိုတိုးဝင်ပြီ ခါးကို ပိုဖက်ထားလိုက်တယ်
သူရဲ့ ပြန်လည်ထွေးပွေ့ထားတဲ့လက်တွေက ကျောကုန်းကိုပွတ်ပေးပြီး ကလေးလေးတွေချော့သိပ်သလို သိပ်နေတော့ မကြာခင်မှာပဲ အိပ်စက်ခြင်းကို ထပ်ရောက်သွားတယ်....
~~~~~~
အဲဒီတော့မှ chanyeol လဲ baekhyun နဖူးလေးကို နမ်းကာ အိပ်ယာကနေထလိုက်ပြီး အိမ်ပြန်ဖို့ပြင်လ်ုက်တယ်...
ကုတ်အင်္ကျီကို ဆွဲကာ အပြင်ထွက်မလို့ပြင်တော့ kyung soo ဝင်လာတာမို့ ထိုင်ခုံမှာ ပြန်ထိုင်ကာ ဘာလဲဆိုတဲ့ပုံနှင့်မေးငေါ့ပြလိုက်သည်..
Kyung Soo ကတော့ baekhyun ဆံစလေးတွေကို သပ်တင်ကာ *သနားပါတယ် ငါ့ကလေးလေး*ဆိုပြီးပြောကာ မျက်ရည်တွေကျနေလေရဲ့...
ပြီးမှ ထိုင်ခုံမှာထိုင်ကာ...
"Chanyeol မင်းဘာလို့အဲဒီလောက်ထိလုပ်ရက်တာလဲ"
"ငါ့မှာ ဒီနည်းပဲလုပ်စရာရှိတာလေ"
"ဘာလို့ ကလေးကိုပဲ စိတ်ဒုက္ခပေးနေတာလဲကွာ..
တခြားနည်းတွေအများကြီးရှိပါတယ်ကွာ.. မင်းကိုဒီလောက်ထိရက်စက်မယ်မထင်ခဲ့ဘူး "
"မင်းဒါပဲထပ်ပြောမယ်ဆို ပြန်တော့... ငါလဲ ပြန်ရမှာ kyung Soo"
"မင်းကို ငါ တခုပဲမေးမယ်..
မင်း baekhyun ကိုချစ်လား "
"အဲဒီအတွက် ငါ့မှာ အဖြေမရှိဘူး "
"Hk...မင်းတနေ့ နောင်တကောင်းကောင်းကြီးရမယ် chanyeol "
နောင်တ.. နောင်တ..
ဟက်.... နောင်တက အမြဲရနေဖူးခဲ့တာမို့ ကိုယ့်အတွက်ကြောက်စရာသတ္တဝါမဟုတ်...
ပီးတော့ ဒီကလေးနဲ့ပက်သက်ပြီးလုပ်ခဲ့တာတွေ အကုန်လုံးက နောင်တရစရာ လုံးဝမရှိခဲ့...
baekhyun ၂ပတ်လောက် ဆေးရုံတက်နေရတာမို့ company ကို မသွားဖြစ်ခဲ့တာ ရက်အတော်ကြာ...
အလုပ်ကလဲ ဘာတခုမှ မပြေ....
ကြာတော့ စိတ်တွေပါ ရှုပ်လာသည်...
Hyeri အဖေ ကမ်းလှမ်းချက်ကို လက်ခံသင့်သည်အခြေအနေကို တဖြည်းဖြည်း ရောက်လာသလို..
မဖြစ်သင့်ဘူးဆိုတာ သိပေမဲ့လဲ.........
*မောင်ရင် uncle ကမ်းလှမ်းချက်ကို လက်ကိုးလက်ခံစေရမယ်*
အရင်နေ့က ပြောတဲ့ hyeri appa စကားကြောင့် တချက်ရီမိသည်...
သူဒီလိုတွေဖြစ်နေအောင် အဲဒီလူကြီးလုပ်နေသည်မဟုတ်လား...
အနည်းဆုံးတော့ ပညာပါးပါးလေး ပြန်ပေးသင့်သည် ထင်တယ်..
"မောင်"
အခန်းထဲကို တံခါးမခေါက်ပဲ ထပ်ဝင်လာတဲ့သူမကို ကြည့်ပြီး အတွေးတွေက လက်ခနဲ...
ဗိုက်မပေါ်အောင်ခပ်ပွပွဂါဝန်ကို ဝတ်ထားပြီး မျက်နှာကို ဘာမှသိပ်မလိမ်းခြယ်ထားပေမဲ့လဲ သူမက တကယ်ကိုကြည့်ကောင်းနေပါတယ်...
"လာလေ ဟန်နီ"
သူမကို ဟန်နီလို့ခေါ်လိုက်တာကြောင့် အံ့သြသွားသည်ထင် ..... ကြောင်တောင်လေးရပိနေပုံက ချစ်စရာလေးပင်..
ဒါပေမဲ့ တစုံတယောက်လောက်တော့ ဘယ်ချစ်ဖို့ကောင်းမလဲ.....
သူမကို ပုခုံးမှ ကိုင်ကာ ထိုင်ခုံမှာ ထိုင်ခိုင်းပြီး လက်ကို ဆုပ်ကိုင်ကာ
"ကိုယ်တို့ လက်ထပ်ရအောင် ဟန်နီ"
<TBC>
ဒီအပိုင်းက ပျင်းစရာကြီးဟုတ် ...
ပျော်စရာလေးတွေလာမယ်နော် နောကိတပိုင်းကို..
တကယ်တော့ဇာတ်သိမ်းလို့ရနေပီရယ်
နှမြောနေတာနဲ့ ဇာတ်ကိုဆွဲနေတာ T.T
ဇာတ်သိမ်းလိုက်ရတော့မလားဟင် plz answer
✌✌✌
ပီးတော့ (10)ရက်လောက်ပျောက်မယ်နော်
ခရီးထွက်မှာမို့ရယ်.. :-D
Plz vote &fb ✌