Virus of Love [Completed]

By FormemeBunnyIxOnly1

227K 17.4K 1.3K

Jeon Jung Kook Kim Tae Hyung Paring - Taekook Vkook This one may include rated scences[Warning] More

သူ=Virus
အနမ္း Virus
အခ်စ္Virus
ညVirus
မာနVirus
ေနာင္တVirus
အက်ဥ္းစံVirus
သတိတရ Virus
ရင္ခြင္ Virus
အေခ်Virus
အဆိုးခံVirus
မ်က္ႏွာဖံုး Virus
ကုစား Virus
စစ္ခင္း Virus
မ်က္ရည္ Virus
ပေဠဟိ Virus
ကံျကမၼာ Virus
ေစသူVirus
ခ်ည္ Virus
ဆုလာဒ္ Virus
နတ္ဆိုး​ Virus
သက္​ဆံုးတိုင္​ Virus

ရင္ခဲြVirus

6.1K 621 64
By FormemeBunnyIxOnly1

(Unicode)

ကျွန်တော့်နေ့စွဲတွေက ရွှေရေးချယ်သော
အနုလက်ရာတစ်ခုပမာ ၊ တိတိပပဖြင့်
ရုပ်လုံးကြွကာ အဖိုးထိုက်တန်လှသည် ။

နေဝင်လို့မိုးသောက်သည့်တိုင် သူ့နှင့် အတူ
ရှိပါသော်ငြား ၊ မျက်တောင်တစ်ခတ်စာမျှ
ဝေးရလျှင်တောင် လွမ်းသည်ဟု ကျွန်တော်
ဆိုပါက Jeon Jung Kook တို့
အူအမြူးလွန်ပြီး သေသွားနိုင်လောက်သည် ။

ယခုလည်း လေလေးတချွန်ချွန်နဲ့ ၊
မီးဖိုချောင်ထဲ အစွမ်းပြနေလေရဲ့ ။

သူ မတတ်တာရော ရှိသေးရဲ့လားမသိ ။

mart ကို ကိုယ်တိုင်သွားပြီး ၊ ဈေးဝယ်
ထွက်ထားတာမို့ ၊ သူ ကျွန်တော့်ကို
ဘယ်လောက်အလေးထားကြောင်းလည်း
ခံစားမိခဲ့ပါသည် ။ ကျွန်တော် တွေ့ဖူးသမျှ
အချစ်တွေက သူဖို့၊ငါဖို့နဲ့ တာဝန်တွေလွှဲချကာ
ကားလိပ်သိမ်းသော တစ်ခန်းရပ်တွေများသည်မို့ ၊

ကျွန်တော့်အမြင်မှာတော့ ဤပုရိသက
ဘုရားပေးသော ဆုထက်ပင် ဝမ်းမြောက်ဖွယ်
ကောင်းပါ၏။

တန်း၌ ချိတ်ထားသော သူ့အင်္ကျီများကို
ကျွန်တော် မခေါက်တတ်၊ခေါက်တတ်ဖြင့်
ခေါက်ပေးလိုက်သည် ။ လည်ဂုတ်နေရာ၌
အနည်းငယ်ပြဲချင်နေသော အင်္ကျီများကို
ကျွန်တော် တွေ့လိုက်ရလေသည် ။
အင်္ကျီတစ်ထည်လုံးကို လက်နဲ့သိမ်းယူကာ
မျက်နှာပေါ် ဖိကပ်ရင်း ကျွန်တော်နမ်းမိတော့
သူ့ကိုယ်သင်းနံ့ ခပ်ရှရှကိုရသည် ။

သြော် ...တစ်စုံတစ်ယောက်ကို ချစ်တယ်
ဆိုတာ ဒီလိုမျိုးတဲ့လား ...။

အရင်ကဘယ်လောက်စိတ်မာခဲ့မာခဲ့၊ သူနဲ့မှ ဘာမဟုတ်တာလေးကိုတောင်  ထိခိုက်
လွယ်သွားတာမျိုး ။

သူ့ပုံလေးကို အာရုံထဲဖော်ရင်း အတိတ်တွေ
ပစ္စုန်​ပ္ပန်​တွေကိုတောင် မေ့လျော့သွားမိတာမျိုး ။

သူနဲ့သာဆိုရင် ဟု အတွေးကွန့်မြူးလိုက်သည်
နှင့် တစ်လောကလုံးကို အပိုင်စားရသွားသလိုမျိုး။

" b a b eee "

သူ၏ လှမ်းခေါ်သံကြောင့် ကျွန်တော့်
အတွေးတွေလွင့်ပြယ်သွားရသည်။

မီးဖိုချောင်ထဲသို့ ခပ်သောသောလျှောက်
သွားလိုက်တော့ ...ဘာအမျိုးအမည်မှန်း
မသိပေမယ့် စားကောင်းမည်ဟုထင်ရသော
ဟင်းတစ်ပွဲအား ကျွန်တော်မြင်လိုက်ရသည် ။

" မြည်းကြည့် "

ခက်ရင်းနှင့်ဖွဖွထိုးကာ ကျွန်တော့်
နှုတ်ခမ်းနားဆီကပ်၍ ကျွေးလာသည်။
ချိုမြမြနှင့်မွှေးသည်။

" အင်း စားကောင်းတယ် ။
ဟင်းနာမည်က ဘာလဲ "

" မသိဘူး ။ ဝယ်လာသမျှ အကုန်
ထည့်ချက်ပစ်တာပဲ "

" ဘာ ...!!! မတည့်တာတွေဘာတွေနဲ့ဆို
ငါ သေရင် ဘယ်လိုလုပ်မလဲ "

" မသေလောက်ဘူးတော့ ထင်တာပဲ ။
ဒီလောက် အော်နိုင်ပုံထောက်ရင် "

" မင်း... သေချင်နေတာကိုးးး "

သူ့ရင်ဘတ်ကို လက်သီးနဲ့ ဖိထိုးပစ်တော့
မပြုံးမရယ်ပဲ စိုက်ကာ ကြည့်သည် ။
ချက်ချင်းဆိုသလိုပင် သူ့ရင်၌ ကပ်နေသော
ကျွန်တော့်လက်သီးဆုပ်ကို အုပ်မိုးရင်း ...;

" ကိုယ်နဲ့အတူတူနေပါလား babe "

" နေနေတာပဲကို "

" ကိုယ်ပြောတာက တစ်သက်လုံး "

သူ့မျက်လုံးတို့ကို ကျွန်တော် စိုက်မကြည့်
ရဲတော့ ။ အက်ကွဲစွာ ထွက်ပေါ်လာတဲ့ သူ့ရယ်သံတိုးတိုးက ကျွန်တော့် ခံနိုင်အားတွေကို
တတိတိ တွန်းဖြိုနေသလို ။ ကျွန်တော် သူနှင့်
မခွဲနိုင်တာ သေချာပေမယ့် အရာအားလုံးကို
စွန့်လွှတ်ဖို့ဆိုတဲ့ အတွေးက ကျွန်တော့်အား
သတ္တိကြောင်စေပြန်သည် ။

ဖက်တွယ်စရာ ဘာတစ်ခုမှမရှိပေမယ့်
ကပ်ကျန်နေသော တွယ်တာခြင်းအား
ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ပါချေ။

သူက အေပရွန်ကို ခေါင်းငုံ့ဖြုတ်သည်။
ကပိုကရိုဝဲကျနေတဲ့ လှိုင်းတွန့်တွန့်ဆံပင်ကောက်
တွေက ကြမ်းတမ်းသင့်သလောက် ကြမ်းတမ်း
နေလောက်ပြီ ။ ဝမ်းနည်းပစ်လောက်စရာ
မရှိပေမယ့် အခါလွန်မိုးတွေစွေကုန်မှာ
ကျွန်တော်စိုးသည် ။ ကျွန်တော် ဘာကြောင့်
ချက်ချင်းခေါင်းမငြိမ့်ခဲ့ရသလဲ ?
ကျွန်တော် ဘာတွေကို လောဘကပ်နေရဦးမလဲ?
ဒီJeon Jungkook ဆိုတဲ့
လူရှိနေရဲ့သားနဲ့လေ  ?

အပူလှိုင်းပြင်းပြင်းကြောင့် ကျွန်တော် တံတွေးအကြိမ်ကြိမ် မြိုချလိုက်မိသည်။

" ဘယ်သွားမလို့လဲ ? "

ကျွန်တော် သူ့ရှေ့မှ လက်တားရင်း
ပိတ်ရပ်တော့ ...၊

" အပြင်ခဏသွားမလို့ babe "

သူ့မျက်နှာ နွမ်းနွမ်းကြောင့် ကိုယ့်ကိုယ်ကိုယ်
ကျွန်တော် ကျိန်ဆဲပစ်မိသည် ။

" ငါလည်း လိုက်မယ် "

" babe လိုက်လို့ မရဘူး ။
ပြန်လာမှာပါ ။ မကြာဘူးဟုတ်ပြီလား "

သူ့နှုတ်ခမ်းတွေက ကျွန်တော့်ပါးပြင်ထံ
အနမ်းခြွေသည် ။ သူ့ ခြေလှမ်းတွေက
ကျွန်တော့်ရပ်ဝန်းအား ခဏချန်သည် ။

ပြတင်းပေါက်နား ကျွန်တော် ဒူးတုပ်ကာ
ထိုင်ချလိုက်သည် ။ ညလေက တငွေ့ငွေ့နှင့်
အေး၍စိမ့်နေသယောင် ။

ဟင်းး သွားကြတာပေါ့ ။ ကျွန်တော်တို့ကို
ခွဲမယ့်သူ တစ်ဦးမှမရှိတဲ့ နေရာတစ်ခုခုကို။

\\\\\\ Virus of L♡ve  ///////

ညဉ့်နက်လို့ပင် မိုးလင်းလုပြီ ။
အရှေ့ကောင်းကင်ဆီမှ ဖြာကျလာသော
အာရုဏ်ဦးကို ကျွန်တော် မမှိတ်မသုန်
ငေးနေမိဆဲ ။ မအိပ်ခဲ့ရသောကြောင့် ကျွန်တော့်
မျက်လုံးတွေက စပ်ဖျင်းဖျင်းနှင့် ။

သူ ပြန်မလာသေး ။

ကျွန်တော် ဒီအတိုင်းထိုင်စောင့်နေ၍ မဖြစ်တော့။
ဖုန်းကောက်ကာဆက်တော့ အခန်းထောင့်
စွန်းဆီမှ မြည်သံအား ကြားလိုက်ရသည် ။

ကျစ် .... ။

သို့သော် ကျွန်တော့်ဆီသို့ အဝင် callတစ်ခု။

Feng ပဲ ...!!!

" Taehyung ... "

" အင်း Feng ...ပြော "

Feng ၏ လေသံတွေ အလောတကြီး
ဖြစ်နေကြောင်း ကျွန်တော် သတိထားမိလိုက်သည်။

" မင်း...ကောင် .... "

" ငါ့ ကောင် ? Jungkook ?
Jungkook ...!!! ဘာဖြစ်လို့လဲ ? "

ကျွန်တော် မတ်တပ်ရပ်မိလျက်သား ။

" မင်းအဖေရဲ့ လူတွေနဲ့ ....
မြန်မြန်လာ ... မင်းကောင် လဲနေပြီ။
ငါတို့လည်း အနားကပ်လို့တောင်မရဘူး "

"......."

" အကုန်အထိနာထားကြတယ် ...
Taehyung ...!!! Taehyung "

#ဒုန်း ...တောက် !!!!
ကျွန်တော် ဖုန်းကို နံရံဆီပစ်ပေါက်လိုက်မိသည်။

ဘယ်တုန်းက သူဌေးကြီးသိသွားခဲ့တာလဲ ?

သူ့ကို ဘာလို့ ထိရတာလဲ!?
ကျွန်တော့် Jungkook ကို !!!

ဒီလို လက်လွတ်စပယ် ။

ပြောင်လက်နေတဲ့ အနက်ရောင်ကားတစ်စီး ။
ဤနေရာ ။ ကားပေါက်ကွဲမှု့ဖြစ်ခဲ့သော မြို့ပြင်။
မိန်းကလေးတစ်ဦး၏ဝိညာဉ်ချုပ်ငြိမ်းရာ။
ကျွန်တော်၏အတိတ်ဆိုး ။

ယခု တစ်ဖန် ။ မဖြစ်ရဘူးလေ ။

ကားမှန်ရှေ့တည့်တည့်ကို ကျွန်တော်
ဒေါသတကြီးစိုက်ကာကြည့်တော့
သူဌေးကြီးက အိ​နြေ္ဒရရပြုံးပြလာတယ်။

ကားအနောက်ခန်းတံခါး ဝုန်းဆို ပွင့်သွားတော့၊

အရုပ်ကြိုးပျက် ထွက်ကျလာသော
လူတစ်ယောက် ။

ဆောက်တည်ရာမရခြင်းတွေနဲ့
ကျွန်တော် အပြေးပွေ့လိုက်မိသည် ။

" Jungkook ... ငါ့ကို
ကြည့်ပါဦး ။ Jeon Jungkook !!!!
ငါခေါ်နေတယ်လေ ....!!!!!
ဒီကိုကြည့်ဦးလို့ ..."

သူ့ပါးကို ခပ်ဆတ်ဆတ်ပုတ်ကာ
ကျွန်တော် တုန်ယင်စွာ နှိုးနေမိသည်။

ကျေးဇူးပြုပြီး..မင်းမျက်လုံးတွေအကြာကြီး
မှိတ်မနေစမ်းနဲ့။

" ပြန်လာမယ်လို့ ပြောခဲ့တယ်လေ ။
ပြန်လာမယ်ဆို "

လက်မှာ ကပ်ပါလာသော စီးကပ်ကပ်
သွေးများက ကျွန်တော့်ကို အရူးမီးဝိုင်း
စေမတတ် ။ ကျွန်တော့်ပါးပြင်တွေစွတ်စို
ကုန်သည်။ သူ့ကိုကျစ်ကျစ်ပါအောင်
ဖက်ထားရင်း တတွင်တွင်ခေါ်ပါသော်လည်း
Babe ဆိုသော အသံလေးပင် ပြန်မရခဲ့ ။

" ကယ်ပေးရမလား ? "

အသံပိုင်ရှင်သူဌေးကြီးသည် ကားပေါ်မှ
အေးဆေးစွာ ဆင်းလာရင်း ပြောသည်။

ကျွန်တော်၏ဒူးက အလိုလိုတုပ်မိလျက်သား။

" ဖေဖေ "

" ဟား ဟား ဟား "

ကျွန်တော် အော်ငိုပစ်ချင်ပေမယ့်
နှုတ်ခမ်းတွေက ပိတ်ဆို့ကာ မျက်ရည်တွေသာ
စီးကျလာခဲ့သည် ။

ဒါ ကျွန်တော့်မာနတွေအကုန်ပါ။

အဆုံးစွန်ဆုံး ကျွန်တော် သေရမယ်ဆိုရင်တောင်
သူကတော့ အသက်ရှင်မှဖြစ်မှာမို့ ။

"သူ့ကို ကယ်ပေးပါ "

သူဌေးကြီးက ခေါင်းတဆတ်ဆတ်ငြိမ့်သည်။

သူ့ပါးနှစ်ဖက်ကို ဖွဖွလေးထိ၍ ၊
သူ့မျက်နှာကို ဝမ်းနည်းပူပင်စွာကြည့်ကာ ၊
ကျွန်တော့် ဘဝ၏ပထမဆုံးသော အသနား
ခံလွှာကို တင်ပြမိရဲ့။

သူ့မျက်လုံးတွေ ရုတ်တရက် ပွင့်လာသည့်အခါ
ကျွန်တော် အရူးအနှမ်းလို ပြုံးသွားရသည်။

စကားပြောရန် သူကြိုးစားတော့ ခံတွင်းအပြည့်
ဖြစ်နေသောသွေးတွေက တာကျိုးသောဆည်လို။
ကျွန်တော့်ရင်တွေတလှိုက်လှိုက်နင့်ကာ မပီမသ
ငိုသံထွေးထွေးတွေက ထိန်း၍မနိုင်တော့ ။

" ကိုယ့် ကို မ ကယ် ပါ နဲ့ "

" ဖေဖေ သူ့ကို ကယ်ပေးပါ !!!!!! "

ကျွန်တော့် ဖီဆန်ခြင်းတွေ တစ်လောကလုံး
ကြားပါစေ ။

"ချစ် နေ မယ် ဆို ရ ပြီ . .."

သူ့အပြုံးတွေက မပီပြင် ။
ကျွန်တော် နာကျင်ပေမယ့်
ဒါက အရေးမဟုတ်။
သူ့အသက်ရှုသံတွေ ပီပြင်ဖို့ ပိုအရေးကြီးသည်။

ခွဲခန်းတံခါးကို သူတို့ ပိတ်လိုက်ကြသည် ။

လူများ ဥဒဟိုသွားလာနေကြသော ဆေးရုံ၏
ဖြူဖွေးဖွေးကြမ်းပြင်ပေါ် ကျွန်တော်
အားအင်မဲ့စွာ ပြိုကျသွားခဲ့သည် ။

သူ့ရင်ခွင်နား ပါးအပ်ရင်း ၊ သူ့အကြင်နာ
တချို့ ခံယူခွင့်အား ကျွန်တော် လောဘ
သတ်သင့်ပြီထင်ပါရဲ့လေ။

" မင်း ကောင်းကောင်းလုပ်ခဲ့တယ်သား "

ကျွန်တော့်ပုခုံးကို ပုတ်ရင်း ကျေနပ်စွာ
ပြောလာတဲ့သူဌေးကြီး။ ဖျော့ရီနေသော
မျက်လုံးသေများဖြင့် ကျွန်တော်အသက်မဲ့စွာ
ရယ်ပြမိသည် ။ အထူးအဆန်းအနေနဲ့
သနားဟန်လေးတောင် သူဌေးကြီးက
မစွန့်ကျဲခဲ့ပါဘူးလေ ။

"အဖေ့ကိုယုံပါ ။ မင်းကိုအမြင့်ကြီးပို့ပေးမယ်"

အမြင့်ကြီးတဲ့လား ။

အဝေးက ချစ်ခြင်းတရားတစ်ခုကို
စိတ်ရင်းနဲ့မှန်းဆပြီး အဲ့ဒီအမြင့်ကြီးမှာ
ကျွန်တော် ပျော်ရမယ်ပေါ့။

ရင်အကွဲခံပြီးပျော်ချင်ဟန်ဆောင်ရုံအပြင်
ဘာများတတ်နိုင်ဦးမှာလဲ?

Jeon Jungkook ... မင်းကတော့
ငါမရှိလည်း တကယ်ပျော်နေမှဖြစ်မယ်။

အဲ့ဒီ့အရယ်အပြုံးတွေကို အဝေးက
ကြည့်ရင်း ချစ်နေခွင့်တော့ ပိုင်ဆိုင်ပါရစေ။

___________TBC

Thx u ♡


____________________________________

(Zawgyi)

ကြၽန္ေတာ့္ေန႕စဲြေတြက ေရႊေရးခ်ယ္ေသာ
အႏုလက္ရာတစ္ခုပမာ ၊ တိတိပပျဖင့္
႐ုပ္လံုးႂကြကာ အဖိုးထိုက္တန္လႇသည္ ။

ေနဝင္လို႔မိုးေသာက္သည့္တိုင္ သူ႕ႏွင့္ အတူ
႐ွိပါေသာ္ျငား ၊ မ်က္ေတာင္တစ္ခတ္စာမွ်
ေဝးရလွ်င္ေတာင္ လြမ္းသည္ဟု ကြၽန္ေတာ္
ဆိုပါက Jeon Jung Kook တို႔
အူအျမဴးလြန္ၿပီး ေသသြားႏိုင္ေလာက္သည္ ။

ယခုလည္း ေလေလးတခြၽန္ခြၽန္နဲ႕ ၊
မီးဖိုေခ်ာင္ထဲ အစြမ္းျပေနေလရဲ႕ ။

သူ မတတ္တာေရာ ႐ွိေသးရဲ႕လားမသိ ။

mart ကို ကိုယ္တိုင္သြားၿပီး ၊ ေစ်းဝယ္
ထြက္ထားတာမို႕ ၊ သူ ကြၽန္ေတာ့္ကို
ဘယ္ေလာက္အေလးထားေၾကာင္းလည္း
ခံစားမိခဲ့ပါသည္ ။ ကြၽန္ေတာ္ ေတြ႕ဖူးသမွ်
အခ်စ္ေတြက သူဖို႔၊ငါဖို႔နဲ႕ တာဝန္ေတြလဲႊခ်ကာ
ကားလိပ္သိမ္းေသာ တစ္ခန္းရပ္ေတြမ်ားသည္မို႔ ၊

ကြၽန္ေတာ့္အျမင္မွာေတာ့ ဤပုရိသက
ဘုရားေပးေသာ ဆုထက္ပင္ ဝမ္းေျမာက္ဖြယ္
ေကာင္းပါ၏။

တန္း၌ ခ်ိတ္ထားေသာ သူ႕အက်ႌမ်ားကို
ကြၽန္ေတာ္ မေခါက္တတ္၊ေခါက္တတ္ျဖင့္
ေခါက္ေပးလိုက္သည္ ။ လည္ဂုတ္ေနရာ၌
အနည္းငယ္ျပဲခ်င္ေနေသာ အက်ႌမ်ားကို
ကြၽန္ေတာ္ ေတြ႕လိုက္ရေလသည္ ။
အက်ႌတစ္ထည္လံုးကို လက္နဲ႕သိမ္းယူကာ
မ်က္ႏွာေပၚ ဖိကပ္ရင္း ကြၽန္ေတာ္နမ္းမိေတာ့
သူ႕ကိုယ္သင္းနံ႕ ခပ္႐ွ႐ွကိုရသည္ ။

ေျသာ္ ...တစ္စံုတစ္ေယာက္ကို ခ်စ္တယ္
ဆိုတာ ဒီလိုမ်ိဳးတဲ့လား ...။

အရင္ကဘယ္ေလာက္စိတ္မာခဲ့မာခဲ့၊ သူနဲ႔မွ ဘာမဟုတ္တာေလးကိုေတာင္  ထိခိုက္
လြယ္သြားတာမ်ိဳး ။

သူ႕ပံုေလးကို အာရံုထဲေဖာ္ရင္း အတိတ္ေတြ
ပစၥဳန္​ပၸန္​ေတြကိုေတာင္ ေမ့ေလ်ာ့သြားမိတာမ်ိဳး ။

သူနဲ႔သာဆိုရင္ ဟု အေတြးကြန္႕ျမဴးလိုက္သည္
ႏွင့္ တစ္ေလာကလံုးကို အပိုင္စားရသြားသလိုမ်ိဳး။

" b a b eee "

သူ၏ လွမ္းေခၚသံေၾကာင့္ ကြၽန္ေတာ့္
အေတြးေတြလြင့္ျပယ္သြားရသည္။

မီးဖိုေခ်ာင္ထဲသို႔ ခပ္ေသာေသာေလွ်ာက္
သြားလိုက္ေတာ့ ...ဘာအမ်ိဳးအမည္မွန္း
မသိေပမယ့္ စားေကာင္းမည္ဟုထင္ရေသာ
ဟင္းတစ္ပဲြအား ကြၽန္ေတာ္ျမင္လိုက္ရသည္ ။

" ျမည္းၾကည့္ "

ခက္ရင္းႏွင့္ဖြဖြထိုးကာ ကြၽန္ေတာ့္
ႏႈတ္ခမ္းနားဆီကပ္၍ ေကြၽးလာသည္။
ခ်ိဳျမျမႏွင့္ေမႊးသည္။

" အင္း စားေကာင္းတယ္ ။
ဟင္းနာမည္က ဘာလဲ "

" မသိဘူး ။ ဝယ္လာသမွ် အကုန္
ထည့္ခ်က္ပစ္တာပဲ "

" ဘာ ...!!! မတည့္တာေတြဘာေတြနဲ႔ဆို
ငါ ေသရင္ ဘယ္လိုလုပ္မလဲ "

" မေသေလာက္ဘူးေတာ့ ထင္တာပဲ ။
ဒီေလာက္ ေအာ္ႏိုင္ပံုေထာက္ရင္ "

" မင္း... ေသခ်င္ေနတာကိုးးး "

သူ႔ရင္ဘတ္ကို လက္သီးနဲ႔ ဖိထိုးပစ္ေတာ့
မျပံဳးမရယ္ပဲ စိုက္ကာ ၾကည့္သည္ ။
ခ်က္ခ်င္းဆိုသလိုပင္ သူ႔ရင္၌ ကပ္ေနေသာ
ကြၽန္ေတာ့္လက္သီးဆုပ္ကို အုပ္မိုးရင္း ...;

" ကိုယ္နဲ႔အတူတူေနပါလား babe "

" ေနေနတာပဲကို "

" ကိုယ္ေျပာတာက တစ္သက္လံုး "

သူ႕မ်က္လံုးတို႔ကို ကြၽန္ေတာ္ စိုက္မၾကည့္
ရဲေတာ့ ။ အက္ကဲြစြာ ထြက္ေပၚလာတဲ့ သူ႔ရယ္သံတိုးတိုးက ကြၽန္ေတာ့္ ခံႏိုင္အားေတြကို
တတိတိ တြန္းၿဖိဳေနသလို ။ ကြၽန္ေတာ္ သူႏွင့္
မခဲြႏိုင္တာ ေသခ်ာေပမယ့္ အရာအားလံုးကို
စြန္႔လႊတ္ဖို႔ဆိုတဲ့ အေတြးက ကြၽန္ေတာ့္အား
သတိၱေၾကာင္ေစျပန္သည္ ။

ဖက္တြယ္စရာ ဘာတစ္ခုမွမ႐ွိေပမယ့္
ကပ္က်န္ေနေသာ တြယ္တာျခင္းအား
ကြၽန္ေတာ္ကိုယ္တိုင္လည္း နားမလည္ပါေခ်။

သူက ေအပရြန္ကို ေခါင္းငံု႕ျဖဳတ္သည္။
ကပိုက႐ိုဝဲက်ေနတဲ့ လိႈင္းတြန္႔တြန္႕ဆံပင္ေကာက္
ေတြက ၾကမ္းတမ္းသင့္သေလာက္ ၾကမ္းတမ္း
ေနေလာက္ၿပီ ။ ဝမ္းနည္းပစ္ေလာက္စရာ
မ႐ွိေပမယ့္ အခါလြန္မိုးေတြေစြကုန္မွာ
ကြၽန္ေတာ္စိုးသည္ ။ ကြၽန္ေတာ္ ဘာေၾကာင့္
ခ်က္ခ်င္းေခါင္းမၿငိမ့္ခဲ့ရသလဲ ?
ကြၽန္ေတာ္ ဘာေတြကို ေလာဘကပ္ေနရဦးမလဲ?
ဒီJeon Jungkook ဆိုတဲ့
လူ႐ွိေနရဲ႕သားနဲ႔ေလ  ?

အပူလိႈင္းျပင္းျပင္းေၾကာင့္ ကြၽန္ေတာ္ တံေတြးအႀကိမ္ႀကိမ္ ၿမိဳခ်လိုက္မိသည္။

" ဘယ္သြားမလို႔လဲ ? "

ကြၽန္ေတာ္ သူ႕ေ႐ွ႕မွ လက္တားရင္း
ပိတ္ရပ္ေတာ့ ...၊

" အျပင္ခဏသြားမလို႔ babe "

သူ႕မ်က္ႏွာ ႏြမ္းႏြမ္းေျကာင့္ ကိုယ့္ကိုယ္ကိုယ္
ကြၽန္ေတာ္ က်ိန္ဆဲပစ္မိသည္ ။

" ငါလည္း လိုက္မယ္ "

" babe လိုက္လို႔ မရဘူး ။
ျပန္လာမွာပါ ။ မၾကာဘူးဟုတ္ၿပီလား "

သူ႔ႏႈတ္ခမ္းေတြက ကြၽန္ေတာ့္ပါးျပင္ထံ
အနမ္းေႁခြသည္ ။ သူ႔ ေျခလွမ္းေတြက
ကြၽန္ေတာ့္ရပ္ဝန္းအား ခဏခ်န္သည္ ။

ျပတင္းေပါက္နား ကြၽန္ေတာ္ ဒူးတုပ္ကာ
ထိုင္ခ်လိုက္သည္ ။ ညေလက တေငြ႕ေငြ႕ႏွင့္
ေအး၍စိမ့္ေနသေယာင္ ။

ဟင္းး သြားၾကတာေပါ့ ။ ကြၽန္ေတာ္တို႔ကို
ခဲြမယ့္သူ တစ္ဦးမွမ႐ွိတဲ့ ေနရာတစ္ခုခုကို။

\\\\\\ Virus of L♡ve  ///////

ညဥ့္နက္လို႔ပင္ မိုးလင္းလုၿပီ ။
အေ႐ွ႕ေကာင္းကင္ဆီမွ ျဖာက်လာေသာ
အာ႐ုဏ္ဦးကို ကြၽန္ေတာ္ မမွိတ္မသုန္
ေငးေနမိဆဲ ။ မအိပ္ခဲ့ရေသာေၾကာင့္ ကြၽန္ေတာ့္
မ်က္လံုးေတြက စပ္ဖ်င္းဖ်င္းႏွင့္ ။

သူ ျပန္မလာေသး ။

ကြၽန္ေတာ္ ဒီအတိုင္းထိုင္ေစာင့္ေန၍ မျဖစ္ေတာ့။
ဖုန္းေကာက္ကာဆက္ေတာ့ အခန္းေထာင့္
စြန္းဆီမွ ျမည္သံအား ၾကားလိုက္ရသည္ ။

က်စ္ .... ။

သို႔ေသာ္ ကြၽန္ေတာ့္ဆီသို႔ အဝင္ callတစ္ခု။

Feng ပဲ ...!!!

" Taehyung ... "

" အင္း Feng ...ေျပာ "

Feng ၏ ေလသံေတြ အေလာတႀကီး
ျဖစ္ေနေၾကာင္း ကြၽန္ေတာ္ သတိထားမိလိုက္သည္။

" မင္း...ေကာင္ .... "

" ငါ့ ေကာင္ ? Jungkook ?
Jungkook ...!!! ဘာျဖစ္လို႔လဲ ? "

ကြၽန္ေတာ္ မတ္တပ္ရပ္မိလ်က္သား ။

" မင္းအေဖရဲ႕ လူေတြနဲ႕ ....
ျမန္ျမန္လာ ... မင္းေကာင္ လဲေနၿပီ။
ငါတို႔လည္း အနားကပ္လို႔ေတာင္မရဘူး "

"......."

" အကုန္အထိနာထားၾကတယ္ ...
Taehyung ...!!! Taehyung "

#ဒုန္း ...ေတာက္ !!!!
ကြၽန္ေတာ္ ဖုန္းကို နံရံဆီပစ္ေပါက္လိုက္မိသည္။

ဘယ္တုန္းက သူေဌးႀကီးသိသြားခဲ့တာလဲ ?

သူ႔ကို ဘာလို႔ ထိရတာလဲ!?
ကြၽန္ေတာ့္ Jungkook ကို !!!

ဒီလို လက္လြတ္စပယ္ ။

ေျပာင္လက္ေနတဲ့ အနက္ေရာင္ကားတစ္စီး ။
ဤေနရာ ။ ကားေပါက္ကဲြမႈ႔ျဖစ္ခဲ့ေသာ ၿမိဳ႕ျပင္။
မိန္းကေလးတစ္ဦး၏ဝိညာဥ္ခ်ဳပ္ၿငိမ္းရာ။
ကြၽန္ေတာ္၏အတိတ္ဆိုး ။

ယခု တစ္ဖန္ ။ မျဖစ္ရဘူးေလ ။

ကားမွန္ေရွ႕တည့္တည့္ကို ကြၽန္ေတာ္
ေဒါသတႀကီးစိုက္ကာၾကည့္ေတာ့
သူေဌးႀကီးက အိ​ေျႏၵရရျပံဳးျပလာတယ္။

ကားအေနာက္ခန္းတံခါး ဝုန္းဆို ပြင့္သြားေတာ့၊

အ႐ုပ္ႀကိဳးပ်က္ ထြက္က်လာေသာ
လူတစ္ေယာက္ ။

ေဆာက္တည္ရာမရျခင္းေတြနဲ႕
ကြၽန္ေတာ္ အေျပးေပြ႕လိုက္မိသည္ ။

" Jungkook ... ငါ့ကို
ၾကည့္ပါဦး ။ Jeon Jungkook !!!!
ငါေခၚေနတယ္ေလ ....!!!!!
ဒီကိုၾကည့္ဦးလို႔ ..."

သူ႔ပါးကို ခပ္ဆတ္ဆတ္ပုတ္ကာ
ကြၽန္ေတာ္ တုန္ယင္စြာ ႏိႈးေနမိသည္။

ေက်းဇူးျပဳၿပီး..မင္းမ်က္လံုးေတြအၾကာႀကီး
မိွတ္မေနစမ္းနဲ႕။

" ျပန္လာမယ္လို႔ ေျပာခဲ့တယ္ေလ ။
ျပန္လာမယ္ဆို "

လက္မွာ ကပ္ပါလာေသာ စီးကပ္ကပ္
ေသြးမ်ားက ကြၽန္ေတာ့္ကို အ႐ူးမီးဝိုင္း
ေစမတတ္ ။ ကြၽန္ေတာ့္ပါးျပင္ေတြစြတ္စို
ကုန္သည္။ သူ႔ကိုက်စ္က်စ္ပါေအာင္
ဖက္ထားရင္း တတြင္တြင္ေခၚပါေသာ္လည္း
Babe ဆိုေသာ အသံေလးပင္ ျပန္မရခဲ့ ။

" ကယ္ေပးရမလား ? "

အသံပိုင္႐ွင္သူေဌးႀကီးသည္ ကားေပၚမွ
ေအးေဆးစြာ ဆင္းလာရင္း ေျပာသည္။

ကြၽန္ေတာ္၏ဒူးက အလိုလိုတုပ္မိလ်က္သား။

" ေဖေဖ "

" ဟား ဟား ဟား "

ကြၽန္ေတာ္ ေအာ္ငိုပစ္ခ်င္ေပမယ့္
ႏႈတ္ခမ္းေတြက ပိတ္ဆို႔ကာ မ်က္ရည္ေတြသာ
စီးက်လာခဲ့သည္ ။

ဒါ ကြၽန္ေတာ့္မာနေတြအကုန္ပါ။

အဆံုးစြန္ဆံုး ကြၽန္ေတာ္ ေသရမယ္ဆို႐င္ေတာင္
သူကေတာ့ အသက္႐ွင္မွျဖစ္မွာမို႔ ။

"သူ႔ကို ကယ္ေပးပါ "

သူေဌးႀကီးက ေခါင္းတဆတ္ဆတ္ၿငိမ့္သည္။

သူ႔ပါးႏွစ္ဖက္ကို ဖြဖြေလးထိ၍ ၊
သူ႕မ်က္ႏွာကို ဝမ္းနည္းပူပင္စြာၾကည့္ကာ ၊
ကြၽန္ေတာ့္ ဘဝ၏ပထမဆံုးေသာ အသနား
ခံလႊာကို တင္ျပမိရဲ႕။

သူ႔မ်က္လံုးေတြ ႐ုတ္တရက္ ပြင့္လာသည့္အခါ
ကြၽန္ေတာ္ အ႐ူးအႏွမ္းလို ျပံဳးသြားရသည္။

စကားေျပာရန္ သူႀကိဳးစားေတာ့ ခံတြင္းအျပည့္
ျဖစ္ေနေသာေသြးေတြက တာက်ိဳးေသာဆည္လို။
ကြၽန္ေတာ့္ရင္ေတြတလိႈက္လိႈက္နင့္ကာ မပီမသ
ငိုသံေထြးေထြးေတြက ထိန္း၍မႏိုင္ေတာ့ ။

" ကိုယ့္ ကို မ ကယ္ ပါ နဲ႔ "

" ေဖေဖ သူ႔ကို ကယ္ေပးပါ !!!!!! "

ကြၽန္ေတာ့္ ဖီဆန္ျခင္းေတြ တစ္ေလာကလံုး
ၾကားပါေစ ။

"ခ်စ္ ေန မယ္ ဆို ရ ၿပီ . .."

သူ႕အျပံဳးေတြက မပီျပင္ ။
ကြၽန္ေတာ္ နာက်င္ေပမယ့္
ဒါက အေရးမဟုတ္။
သူ႕အသက္႐ႈသံေတြ ပီျပင္ဖို႔ ပိုအေရးႀကီးသည္။

ခဲြခန္းတံခါးကို သူတို႔ ပိတ္လိုက္ၾကသည္ ။

လူမ်ား ဥဒဟိုသြားလာေနၾကေသာ ေဆးရံု၏
ျဖဴေဖြးေဖြးၾကမ္းျပင္ေပၚ ကြၽန္ေတာ္
အားအင္မဲ့စြာ ၿပိဳက်သြားခဲ့သည္ ။

သူ႔ရင္ခြင္နား ပါးအပ္ရင္း ၊ သူ႔အၾကင္နာ
တခ်ိဳ႕ ခံယူခြင့္အား ကြၽန္ေတာ္ ေလာဘ
သတ္သင့္ၿပီထင္ပါရဲ႕ေလ။

" မင္း ေကာင္းေကာင္းလုပ္ခဲ့တယ္သား "

ကြၽန္ေတာ့္ပုခံုးကို ပုတ္ရင္း ေက်နပ္စြာ
ေျပာလာတဲ့သူေဌးႀကီး။ ေဖ်ာ့ရီေနေသာ
မ်က္လံုးေသမ်ားျဖင့္ ကြၽန္ေတာ္အသက္မဲ့စြာ
ရယ္ျပမိသည္ ။ အထူးအဆန္းအေနနဲ႔
သနားဟန္ေလးေတာင္ သူေဌးႀကီးက
မစြန္႕က်ဲခဲ့ပါဘူးေလ ။

"အေဖ့ကိုယံုပါ ။ မင္းကိုအျမင့္ႀကီးပို႔ေပးမယ္"

အျမင့္ႀကီးတဲ့လား ။

အေဝးက ခ်စ္ျခင္းတရားတစ္ခုကို
စိတ္ရင္းနဲ႔မွန္းဆၿပီး အဲ့ဒီအျမင့္ႀကီးမွာ
ကြၽန္ေတာ္ ေပ်ာ္ရမယ္ေပါ့။

ရင္အကဲြခံၿပီးေပ်ာ္ခ်င္ဟန္ေဆာင္ရံုအျပင္
ဘာမ်ားတတ္ႏိုင္ဦးမွာလဲ?

Jeon Jungkook ... မင္းကေတာ့
ငါမ႐ွိလည္း တကယ္ေပ်ာ္ေနမွျဖစ္မယ္။

အဲ့ဒီ့အရယ္အျပံဳးေတြကို အေဝးက
ၾကည့္ရင္း ခ်စ္ေနခြင့္ေတာ့ ပိုင္ဆိုင္ပါရေစ။

___________TBC

Thx u ♡

Continue Reading

You'll Also Like

45.9K 3.2K 72
ဖတ်ကြည့်နော်😉😉
351K 28.7K 18
Jeon Jung Kook Kim Tae Hyung Vkook Taekook
91.4K 8.1K 27
"လူေတြအားလံုးကတူတူပါပဲ ငါ႐ုပ္ေလးေခ်ာေနလို႔အတင္းလိုက္ေတာင္းဆိုေနၾကတာ မင္းလဲအဲ့လိုပဲလို႔ငါထင္တယ္ Jung Kook ရာ ငါ့ဘဝထဲမဝင္လာပါနဲ႔ ငါကမေကာင္းတာလုပ္စားေနတ...