Perhaps Strange { My Little M...

Bởi doubleS_Ysquare

9.9K 1.1K 270

Kim Jun Myeon 김준면 Zhang Yi Xing 张艺兴 [ Both Zawgyi & Unicode ] ဤ စာအုပ်လေးတွင် Perhaps Strange ဟူသော Story လေး... Xem Thêm

Juliet
Really Really
One Of These Night 7월7일
Time Machine
Mistake 내 잘못이죠?
That Man
Congratulations
Be Well
Go
Perhaps Strange
Side Of YiXing
My Little
My Little (I)
My Little (II)
My Little (III)
My Little (IV)
My Little (V)
My Little (VI)
My Little (VII)
My Little (VIII)
My Little

Friday 금요일에 만날

536 73 33
Bởi doubleS_Ysquare

[ Zawgyi Version ]

Chapter 3 - Friday 금요일에 만날

(Side Of JunMyeon)







" EXOTICS လေ ... EXOTICS "





ကျွန်တော်တို့ Idol .. EXOTIC Sရဲ့ သီချင်းကို DJ ဖြင့် ပြန်လုပ်ထားတာကြောင့် JongIn နဲ့ SeHun ကတော့ စင်ပေါ်တွင် ကနေသည်.. အားလုံးကလည် သီချင်းသံတွေကြောင့် အသွေးအသား လှုံဆော်ချက်အရ စိတ်ကိုလွှတ်ကာ ကနေကြသည်..

" ..........  "

" ဟမ်!!!  ဘာပြောတာလဲ YiXing "






" ဟမ် "


" ဘာလို့တုန်း "





" hahaha...  "



" အာ ..... "








:::: PERHAPS :::: STRANGE ::::


" ဟေ..  ဘာဖြစ်နေလို့လဲ. .. "




" အေးလေ "





:::: PERHAPS :::: STRANGE ::::






::::: MONDAY :::::

တနင်္လာ နေ့!!!!!



ပင်ပန်းနေတော့မှာပဲ..

::::: TUESDAY :::::

အင်္ဂါ!!!! 



::::: WEDNESDAY :::::

ဗုဒ္ဓဟူး နေ့!!! 



  ::::: THURSDAY :::::

ကြာသပတေးနေ!!! 

လုံးဝမကြိုက်ဘူး...



::::: FRIDAY :::::

သောကြာ!! 







( 00:00 A.M )





:::: PERHAPS :::: STRANGE ::::

" Morning "




" ဟုတ်လား "



" ဟာ..  မန်နေဂျာချုပ်ကြီး "


" အစ်ကို ကောဖီ ယူလာတယ် "


ဟာ..  ဒီကလေးတွေ ကတော့လေ..








:::: PERHAPS :::: STRANG ::::



" ဟုတ်..  ပြေပါတယ် အဖေ "






" ဟုတ်ပါပြီ "






" ဟုတ်ကဲ့ပါ"



* ဒေါက် * ... * ဒေါက် *

" ၀င်လာခဲ့ပါ "

" hyung "

" JongIn..  ဘာလာလုပ်တာလဲ "




" ဟုတ်ပါပြီ "

.
.
.

" hyung "


" ဘာဖြစ်လို့လဲ JongIn "



( April 16, 2018 )

#sakura_in_april

_______________

[ Unicode Version ]

Chapter 3 - Friday 금요일에 만날

(Side Of JunMyeon)

ဒီနေ့တော့ ကျွန်တော်တို့ Hotel ဖွင့်ပွဲ အခမ်းအနားတစ်ခုကို တက်ရောက်ချင်းပင် အရင်ဆုံး အဖွင့်ကို ကျွန်တော်တို့ idol လေးတွေနဲ့ဖွင့်ပွဲအခမ်းအနားနဲ့ သက်ဆိုင်ရာ လူကြီးတွေက မိန့်ခွန်းပြောရင်း ကျွန်တော်တို့ idol တွေနဲ့ အတူ ဖဲကြိုးဖျက်ပြီး အခမ်းအနားကို စတင်ခဲ့သည်.. အချိန်ကတော့ ညနေနှောင်းပိုင်း ၆နာရီ ဖြစ်ချေပြီ..

ဖဲကြိုးဖျက်ဖို့ စင်ပေါ်ကို EXOTICS member တွေ ရပ်နေစဉ် ကျွန်တော် အတိုင်းမသိကို ကြည်နူးမိသည်...  အစက ဒီအလုပ်ကို ကျွန်တော့် ဆုံးဖြတ်ချက်မပါပဲ လုပ်ခဲ့ရပေမဲ့ အချိန်ကြာလာတဲ့အခါ စိတ်ဝင်စားလာသည်.  ကိုယ်ပျိုးထောင်လိုက်တဲ့ ကြယ်ပွင့်လေးတွေက ကောင်းကင်ပေါ်မှာ တလက်လက် တောက်ပနေရင် ပီတိဖြစ်မိသည်..

ကျွန်တော်ဒီအလုပ် လုပ်ရတာ ကံကောင်းသည်ဟုထင်မိပါသည်.. နောက်ပြီး ကျွန်တော် အချစ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်..

" မင်းတို့တွေ အရမ်း Smart ကျတာပဲ သိလား "

" ကိုယ့်ကိုယ်ကိုယ် သိပါတယ် "

" ကျွန်တော်တို့က ဘယ်သူတွေမို့လို့လဲ "

" EXOTICS လေ ... EXOTICS "

တစ်ယောက်တစ်ပေါက် ထွက်လာသော စကားသံတွေကိုကြည့်ပြီး ကျွန်တော် သူတို့ကို ချီးကျူးလို့မရပါလားလို့ အတွေး ဝင်မိသည်.. 

Hotel က ကိုရီးယား ရိုးရာ စတိုင်လ် ဖြစ်တာကြောင့် ကိုရီးယား ရိုးရာပုံစံအတိုင်း ပြင်ဆင်ထားသည်.. ဒီ ဟိုတယ်ကို လာရင် ခေတ်ဟောင်း ကိုရီးယား အငွေ့သက်တွေ ခံစားရစေသည်..

ဧည့်ခံတဲ့ အစားအသောက်တွေက ဘူဖေး မို့လို့ ကိုယ်စားချင်တာတွေရွေး.. ဗြတ်စောင်းကို တီးပြီး ဖျော်ဖြေနေတော့ အသံငြိမ့်ငြိမ့်ညောင်းညောင်းလေး နဲ့ စားသောက်နေရတဲ့ ခံစားချက်က အလွန်ပြောင်မြောက်လှသည်..

အဓိက ခန်းမကြီးမှာ ပွဲအစီအစဉ်အပြီး ဟိုတယ် အပေါ်ဆုံးအထပ်က Bar မှာပါ ဧည့်ခံသေး၍ ကျွန်တော်တို့ ယခု ဟိုတယ် အပေါ်ဆုံးထပ်တွင်ရှိနေသည်..

ကျွန်တော်တု့ိ Idol .. EXOTICS ရဲ့ သီချင်းကို DJ ဖြင့် ပြန်လုပ်ထားတာကြောင့် JongIn နဲ့ SeHun ကတော့ စင်ပေါ်တွင် ကနေသည်.. အားလုံးကလည် သီချင်းသံတွေကြောင့် အသွေးအသား လှုံဆော်ချက်အရ စိတ်ကိုလွှတ်ကာ ကနေကြသည်..

" ..........  "

" ဟမ်!!!  ဘာပြောတာလဲ YiXing "

DJ အသံတွေကြောင့် YiXing ပြောတာကို ဘာမှ မကြားရ... ကိုယ်ကသူ့ကိုတောင် မနည်းအော်ပြီး ပြောနေရသေးသည်..  သူလည်း စိတ်မရှည်လို့ထင် လက်ကိုဆွဲလို့ လက်ထဲတွင် ကိုင်ထားတဲ့ Cocktail ကို နီးရာစားပွဲမှာ အလျင်စလို ချလိုက်ရသေး..

သူဆိုတာလဲကို လူကို လက်ဆွဲပြီး ခေါ်,ခေါ်နေတာ အကျင့်ဖြစ်နေပြီ ထင်ပါရဲ့..

ခေါင်းမိုးထပ်ကို ရောက်တော့ လေက ဝေါခနဲ ဝေါခနဲ...

" YiXing..  ခုနက ဘာပြောတာလဲ "

" မင်းနဲ့ဒီနေရာနဲ့ မလိုက်ဘူးလို့.. "

" ဟမ် "

" မင်းပုံစံက ဒီလိုနေရာနဲ့ မလိုက်ဘူး "

" ဘာလို့တုန်း "

" မင်းက ဒီနေရာမှာရှိနေရင် မသိရင် ကလေးတစ်ယောက် မဟုတ်တမ်းတရား နေရာတွေရောက်နေသလိုပဲ "

" အဲ့ဒါဆို ငါက ဘယ်နေရာနဲ့လိုက်တာလဲ "

" မင်းက ကလေးလေးနဲ့ တူတာဆိုတော့ ကစားကွင်းနဲ့ ပဲလိုက်တာ "

" ဘာပြောတယ်.. Ya!!! Zhang Yi Xing!!  "

" hahaha...  "

သူ့ကို မနိုင်မှန်းသိတာကြောင့် ကျွန်တော် မျက်စောင်းကြီးသာ လှိမ့်ထိုးနေသည်..

" မင်း အဲ့မှာနေရာ အဆင်မပြေတဲ့ပုံ ပေါက်လို့ ဒီကို ခေါ်လာတာ "

" အာ ..... "

မီးရောင်က အစုံအလင်မရှိပဲ ခပ်မှိန်းမှိန်း မီးရောင်အောက်က သူ..  Cocktail သောက်ထားတာကြောင့် အရင်ကထက် နှုတ်ခမ်းလေးက ဆိုသယောင်ယောင်..  ဘာလို့မှန်းမသိ အရင်ကထက် ဖူးပြီးနီတာရဲလေး ဖြစ်နေသလို...

YiXing နောက်ဆုံး အတွေးတွေ ဘာမှ မဝင်တော့ပဲ တစ်ခုထဲသော အတွေးတွေက တစ်ခုတည်းသော JunMyeon နှုတ်ခမ်းလေးဆီကိုသာ...

ရုတ်ချည်းဆိုသလို တိတ်သွားတဲ့ အခြေအနေကြောင့် သူ့ဆီငဲ့ကြည့်ရာမှ ကျွန်တော့်ဆီကို ငုံ့ဆင်းလာသည့် YiXing..

ကျွန်တော့်( ဂျွန်မြောင်) နှုတ်ခမ်းဆီကို ချဉ်းကပ်လာသော ထိုသူ့ (ရိရှင်း)  နှုတ်ခမ်းတို့အား တွေ့ဆုံရန် အဆင်သင့်.. ထိုသူ၏ နှုတ်ခမ်းလွှာရဲ့ အမိန့်ကို လိုက်နာရန်လည်း တာဝန်ယူထားလျက်.. အပေါ်တစ်လှည့် အောက်တစ်လှည့် ရွေ့လျားနေတဲ့ ထိုသူ့နှုတ်ခမ်းစုံတို့ဟာ ကျွန်တော်စားနေကျ Steak ထက်နူးညံ့နေတယ်.. ကျွန်တော် အကြိုက်ဆုံး စတော်ဘယ်ရီ ထက်တောင် မွှေးအီနေသည်..

သူတို့ အနမ်းခြွေနေတာကို ခိုအောင်းစ ပြုလာတဲ့  နေမင်းကြီးကတော့ ရှက်သွေးဖြာလို့ ပုန်းလျှိုးတော့ပေမဲ့ ထင်ပေါ်လာစ လမင်းကြီးကတော့ အားပေးနေသဖွယ် တရိပ်ရိပ်နဲ့ ကောင်းကင်ထက်တွင် နေရာယူနေသည်.. ဒါ့အပြင် တဖြူးဖြူးတိုက်ခက်နေတဲ့ လေပြည်တို့ကလည်း သူတို့ရဲ့ အနမ်းတွေကို ပိုပြီး စည်းချက်ကျအောင် ထောက်ပံ့ပေးနေသည်...

ကျွန်တော် ဘာလို့ မတွန်းထုတ်မိလဲဆိုတာ မသိသလို ဘာအကြောင်းကြောင့် ဒီလိုလုပ်ရတာလဲလို့ မမေးမိ..

ကျွန်တော် ရိရှင်းအနမ်းမှာ ပျော်ဝင်နေသည်ကို ဝန်ခံပါသည်.. ထိုသူ့အနမ်းကိုလည်း လိုလားနေမိသည်..

:::: PERHAPS :::: STRANGE ::::

" အခုတလော Junnie hyung ဘာဖြစ်နေလဲ မသိဘူး ထူးဆန်းနေတယ် "

" ဟေ..  ဘာဖြစ်နေလို့လဲ. .. "

JongIn ညည်းညူသံကို Tao က ဝင်ထိန်းလိုက်သည်..

" အိမ်မှာ ပဲ လာ, လာနေ, နေတယ် "

" အဲ့တာများ ထူးဆန်းတာ မှတ်လို့ "

" အေးလေ "

BaekHyun ရဲ့ အံ့ဩခြင်းမရှိတဲ့ ဖြေသံကို SeHun က ထောက်ခံပေးသည်...

" မသိလို့နော်.. တီဗီကြည့်ရင်း ဝူးဝူးဝါးဝါး ထပြောလိုက်... ညဘက်တွေလည်း တော်ရုံမအိပ် ငူငူငိုင်ငိုင်ကြီး ထိုင်နေပြန်ရော.. အခန်းထဲကလည်း မထွက် ကုတင်ပေါ်မှာ လူးလိမ့်နေတော့တာ "

JongIn ပြောစကားတွေကို နားထောင်ပြီး သဘောတကျပြုံးမိသည်.. အဲ့ဒီ့နေ့တည်းက သူ့ကိုရှောင်သည်ဆို မမှား.. သူ့ကို တွေ့တာနဲ့ ခေါင်းကြီး ငုံ့ထားတာ.. နားရွက်တွေဆိုတာလည်း ရဲလို့ ရယ် မျက်နှာလေးဆို ဘယ်လောက်တောင် ပိုရဲနေမလဲ..

အဟား..  သိပ်ချစ်ဖို့ကောင်းအောင် လုပ်တတ်တာပဲ JunMyeon....

:::: PERHAPS :::: STRANGE ::::

အဖေက ကုမ္ပဏီကို ဦးဆောင်ဖို့ စကားလှမ်းလာတာကြောင့် မန်နေဂျာ အလုပ်ကိုခဏပစ်ပြီး ကုမ္ပဏီနဲ့ဆိုင်တဲ့ အကြောင်းတွေကို လေ့လာရတာ ၂ပတ်လောက်တောင် ရှိရောပေါ့..

ကျွန်တော်မရှိတဲ့ အတောအတွင်း သူတို့အဆင်ပြေပါ့မလား မသိ..  အဲ..  အခု မန်နေဂျာက အရင် မန်နေဂျာ ပဲကို ဘာလို့ အဆင်မပြေစရာ အကြောင်းရှိပါ့မလဲလေနော်.. JunMyeon တို့ တွေးရင်လည်း ပေါက်တတ်ကရ.. အဲ့ဒါကြောင့် ဟိုကလည်း စတာ..  ဟွင့်...

Japan နဲ့ BuSan ကို သွားပြီး ဖျော်ဖြေရတာကြောင့် သူနဲ့ ၂ပတ်လောက် မတွေ့ဖြစ်... တွေ့ဖြစ်ရင်လည်း.. တနင်္လာကနေ သောကြာထိ က မတွေ့ရ..  ကျွန်တော်က စနေနဲ့ တနင်္ဂနွေ နေ့ပဲ သူတို့နောက် လိုက်ရတာကိုး...

စနေနေ့ကို ရောက်ဖို့ကိုလည်း လက်ချိုးရေ နေရသလို တနင်္ဂနွေ နေ့ ပြီးမှာဆိုးလို့လဲ အချိန်ကို ရပ်ပစ်လိုက်ချင်...

ဒီတခေါက် Japan က ကပြန်ရောက်တဲ့နေ့က တနင်္ဂနွေနေ့ ဖြစ်တာကြောင့် စိတ်တအားတိုမိသည်.. ဘာလို့များ တနင်္ဂနွေနေ့ ဖြစ်ရတာလည်း မသိဘူး..  သောကြာနေ့ဖြစ်လိုက်ရောပေါ့..

::::: MONDAY :::::

တနင်္လာ နေ့!!!!!

ဒီနေ့ သူ ဘာတွေများလုပ်နေမလဲ?

ရက်သတ္တပတ်ရဲ့ အစဖြစ်တာကြောင့် သေချာ သလောက် အလုပ်များနေတော့မှာ...

ပင်ပန်းနေတော့မှာပဲ..

::::: TUESDAY :::::

အင်္ဂါ!!!! 

ဒီနေ့လည်း တနင်္လာ နေ့လိုပဲ ထူးမခြားနား အလုပ်တွေ အလစ်အလပ်မရှိ များနေဦးမှာ ...

မျက်နှာလေး ချောင်ကျနေတော့မှာပဲ...

::::: WEDNESDAY :::::

ဗုဒ္ဓဟူး နေ့!!! 

ဒီလိုနေ့မျိုးဆို JunMyeon တို့ ထိန်းမရ သိမ်းမရအောင် ကိုးရိုးကားယား နိုင်လာပြီလို့ ခံစားနေရတယ်..

ပုရွက်ဆိတ်တတ်နေတဲ့ ခံစားချက်မျိုး.. 

  ::::: THURSDAY :::::

ကြာသပတေးနေ!!! 

လုံးဝမကြိုက်ဘူး...

ဗုဒ္ဓဟူး နေ့လို့မျိုးပဲ တူညီတဲ့ အကြောင်းပြချက်ကြောင့် လုံးဝမကြိုက်ဘူး..

နီးမလိုလိုနဲ့ မရောက်နိုင်တော့ဘူး..

::::: FRIDAY :::::

သောကြာ!! 

ဘယ်လိုပြောရမလဲ သောကြာနေ့ကို ရောက်လာတဲ့ ခံစားချက်..

ဒီလို အားလပ်ရက်ကို ရောက်ဖို့ စောင့်ရတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ..

သောကြာနေ့ ပေမဲ့လည်း စနေနေ့ကို ရောက်ဖို့ အချိန်တွေကို မြန်မြန်ကုန်သွားစေချင်တယ်.. နာရီတွေကို အမြန်ပြေးသွားစေချင်တဲ့ စိတ်ကို အတော် ထိန်းချုပ်ထားရတယ်..

စနေနေ့ကို ရောက်လာစေမဲ့ မိနစ်တစ်ခုတိုင်း စက္ကန့်တစ်ခုက အစ သိပ်ကို ချိုမြိန်လွန်းတယ်..

နေ့တိုင်း အချိန်တိုင်းမှာ ကျွန်တော့်ရဲ့ နှလုံးသားက နာရီလက်တံလိုပဲ တချက်ချက်နဲ့ မြည်ပြီး သူ နဲ့ ပိုပြီး နီးကပ်လာအောင် ရွေ့လျားသွားလာနေတယ်..

အမှန်ဆို ဒီလို စနေ ၊ တနင်္ဂနွေလို နေ့မျိုးတွေမှာ ကြည့်ချင်တဲ့ ရုပ်ရှင်တွေ မရှိဘဲ...  စားချင်တဲ့ အစားအသောက်တွေလည်း မရှိပါပဲနဲ့ စနေ၊ တနင်္ဂနွေ ကိုရောက်ဖို့ စောင့်ရတာ အတော်ခက်ခဲလှသည်...

( 00:00 A.M )

အရာအားလုံးက ကျွန်တော့်ဆီ ရောက်လာတယ်လို့ ခံစားရတဲ့ ခံစားချက်မျိုး...

သူဟာ ဘယ်လို ကောင်လေးမျိုးလဲမသိဘူး..

ကျွန်တော် အချစ်မှာ မကျဆုံးပဲ မနေနိုင်လောက်အောင်လေ...

တက်ကြွနေတဲ့ နှလုံးသားလေးကို မနက်ဖြန် သယ်သွားလို့ရအောင် အိပ်ရေး၀၀ အိပ်ပြီး လန်းဆန်းအောင် လုပ်ရမှာပေါ့...

:::: PERHAPS :::: STRANGE ::::

" Morning "

" Morning မန်နေဂျာချုပ် "

ကျွန်တော်က အခုဆို မန်နေဂျာချုပ် နေရာကို ဆက်ခံနေပြီရယ်..

" မန်နေဂျာချုပ် ဒီနေ့တက်ကြွနေသလိုပဲနော် "

" ဟုတ်လား "

တက်ကြွရတဲ့ အကြောင်းက ကိုယ့်အတွေးနဲ့ ကိုယ်မို့ ပြုံးသာပြုံးပြလိုက်သည်..

" ဟယ်လို...  အားလုံးပဲ မင်္ဂလာရှိတဲ့ နံနက်ခင်းလေးပါ "

" ဟာ..  မန်နေဂျာချုပ်ကြီး "

ဒီကလေးတွေတော့ ရွှတ်နောက်နောက်လုပ်ပြန်ပြီ ...

" အစ်ကို ကောဖီ ယူလာတယ် "

" မန်နေဂျာချုပ် ဝယ်လာတဲ့ ကော်ဖီ သောက်ရတော့မယ် "

ဟာ..  ဒီကလေးတွေ ကတော့လေ..

" ဒီနေ့ Schdule တွေ သိတယ်ဟုတ် "

" မန်နေဂျာချုပ် ပီသလှချေလား "

" JongIn..  အိမ်ကျရင်တွေ့မယ် "

Music Bank ကို သွားရတာမို့ လမ်းဆင်းလျှောက်တဲ့ နေရာမှာ အားပါးပါး များလိုက်တဲ့ fan တွေ..

တခြားသူတွေကတော့ အရှေ့ကနေလျှောက်ပြီး ကျွန်တော်နဲ့ YiXing ကတော့ အနောက်မှာ ကပ်ပါလှတယ်..

တခါတလေ..  အင်း..  တခါတလေတော့လည်း မဟုတ်ဘူးပေါ့ YiXing fansite တွေက သူ့ပုံရိုက်ရင်း ကျွန်တော့်ပုံ ပါ, ပါလာတော့ နောက်တော့ ကျွန်တော်တို့ ၂ယောက်ပုံ သာ ထွက်လာတော့သည်.. အမြဲ ကျွန်တော် နဲ့ပဲ အတူသွားလေ့ရှိသည် ... အရင်မန်နေဂျာနဲ့ ဆိုရင်တော့ သူ့ဘာသာ တစ်ယောက်တည်း သွားလေ့ရှိသည်...

YiXing ဘေးတွင် ကျွန်တော်အမြဲ ရှိနေသောကြောင့် fan တွေက သူတို့ကို လိုက်ပြီး စနောက်ကြသည်.. YiXing က သိလား မသိလား မသိ.. သူကတော့ အမြဲ. အေးစက်စက်ကြီး..  Fan တွေကြားထဲမှာ Ice Prince လို့ ကျော်ကြားလျက် ...

:::: PERHAPS :::: STRANG ::::

" JunMyeon..  အလုပ်မှာ အဆင်ပြေရဲ့လား "

ဒီနေ့ အဖေ က အိမ်မှာ ထမင်းလာစားပါ ဆိုလို့ လာစားနေခြင်း..  ဘာများထွေထွေထူးထူး ပြောစရာ ရှိလို့လဲ မသိဘူး..

" ဟုတ်..  ပြေပါတယ် အဖေ "

" JongIn ကရော အဆင်ပြေရဲ့လား "

" ဟုတ်.. သူကတော့ သူကြိုက်တဲ့အလုပ်ဆိုတော့ ပင်ပန်းတယ်ကို မရှိဘူးထင်ပါတယ် "

ပြောပြီးတော့မှ ကျွန်တော့်စကားမှားမှန်းသိတယ်.. အဖေ က သူ့ကျန်းမာရေးကြောင့် ကျွန်တော့်ကို ကုမ္ပဏီမှာ လုပ်ခိုင်းတာဆိုတော့..

" သိပ်ပြေတာပေါ့..  အဖေ ရဲ့ အဖေသား Kim JongIn ပဲဟာ.. "

အာရုံလွှဲပေးလိုက်တဲ့ JongIn..

" ဟုတ်ပါပြီ "

" ဒါနဲ့.   ကျွန်တော့်ကို ထမင်းစားဖို့ပဲ ခေါ်လိုက်တာ မဟုတ်ဘူးထင်တယ်.. ကျွန်တော့်ကို ဘာပြောစရာ ရှိလို့များလဲ အဖေ "

" MinSeok တရုတ်မှာပဲ အထိုင်ကျတော့မယ် "

ကျွန်တော် သဘောပေါက်လိုက်ပါပြီ..

" ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး အဖေ "

" အဖေ နားလည်ပါတယ်..  ဒါပေမဲ့ အချိန်မဆွဲချင်ဘူး.. အဖေ့ ကျန်းမာရေးက အကောင်းကြီးလဲ မဟုတ်တော့ဘူး..  ကုမ္ပဏီကို လွတ်လပ်ထားလို့မရဘူးလေ "

" ဟုတ်ကဲ့ပါ"

သူမှ ဖခင်ဖြစ်သူ၏ စကားကို မလွန်ဆန်နိုင်ပဲလေ...

ထမင်းစားအပြီး ကျွန်တော် အပေါ်သာတက်ခဲ့သည်.. မေမေ့ ရဲ့ ' ဒီမှာပဲ အိပ်သွားပါ သားရယ် ' ဆိုသော စကားကြောင့် ငြင်းဆိုခြင်း မရှိပဲ လက်ခံခဲ့သည်...

* ဒေါက် * ... * ဒေါက် *

" ဝင်လာခဲ့ပါ "

" hyung "

" JongIn..  ဘာလာလုပ်တာလဲ "

" ဂိမ်းလာဆော့တာ..  ဟိုဘက်မှာ လိုင်းမကောင်းဘူး "

" ညဥ့်နက်တဲ့ အထိမနေ့နဲ့နော် "

" မနက်ဖြန် schudle က ညနေမှ "

" ဟုတ်ပါပြီ "

.
.
.

" hyung "

ကုတင်ကိုမှီကာ စာအုပ်ထိုင်ဖတ်နေသော ကျွန်တော့်ကို ခေါ်လိုက် သည်..

" ဘာဖြစ်လို့လဲ JongIn "

" hyung နဲ့ YiXing hyung က ဘာတွေလဲ "

ကျွန်တော် JongIn မေးခွန်းကြောင့် ဆွံ့အသွားသည်.. ကျွန်တော် JongIn ကို အဖြေပြန်မပေးမိ..  ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း ကျွန်တော်တို့၂ယောက်က ဘယ်လိုဆက်ဆံရေးလဲ ဆိုတာ သေချာမသိလို့.. ၂ယောက်လုံး ၁ယောက်အပေါ် ၁ယောက် စိတ်ဝင်စားနေလို့တော့ ထင်မိသည်.   ဒါပေမဲ့ ၂ယောက်လုံး အတွက် အခုလို နေ, နေတာပဲ ပိုအဆင်ပြေပါသည်...

( April 16, 2018 )

#sakura_in_april
#happy_my_little_hunhan_day

Đọc tiếp

Bạn Cũng Sẽ Thích

1M 40.3K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
554K 25.9K 44
I was surprised when I bumped onto him, and saw his face. Lay. Zhang Yi Xing. I didn't know what to say so I ended up saying 'Hello', he did the same...
138K 15K 16
Suho×Lay , B×B Zawgyi , Unicode Cover by @LenCo Graphics
1.1M 36K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...