Time Machine

454 72 6
                                    

[ Zawgyi Version ]

Chapter 5 - Time Machine

(Side Of YiXing)

" YiXing... ဒီမှာ Schdule "

Manager Ge လာချပေးတဲ့ Schdule စာရွက်ကို ကြည့်မိတော့ ဒီနေ့ Schdule မှာ ၁၉ ခုလောက်ရှိမည်..

ဒါတွေဟာ အထူးအဆန်းတော့မဟုတ် နေ့တိုင်း Schdule မှာ ၁၅ခုနှင့် အထက်ရှိသည်..

" YiXing.. Schdule တွေ စီစဉ်ခိုင်းတာ တအားများမနေဘူးလား .. အိပ်ချိန်က တစ်နေ့ကို ၃, ၄ နာရီပဲ ရှိတော့တယ်.. ကြာရင် ကျန်းမာရေးထိခိုက်မယ်နော် "

" ကျွန်တော် အခု ဒေါင်ဒေါင်မြည်ပဲ ရှိပါသေးတယ် "

Ge ကတော့ သူမနိုင်တော့ဘူး ဆိုတဲ့ ပုံစံအတိုင်း ခေါင်းတခါခါနဲ့ ထွက်သွားသည်...

ဘယ်သူသိနိုင်မှာလဲ ကျွန်တော် အချိန်ပြည့်အလုပ်, လုပ်ခြင်းရဲ့ နောက်ကွယ်က အကြောင်းတွေကို..

ကျွန်တော် သူ့ကို မလွမ်းမိအောင် သူ့အကြောင်းတွေ မတွေးမိအောင် ကျွန်တော့် အလုပ်တွေနဲ့ အစားထိုးထားရတာကို ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး..

" YiXing... Ge ပြန်ပြီနော် "

" ဟုတ်ကဲ့.. Cheng Ge.. Xie Xie "

ကျွန်တော် နေတဲ့ apartment အောက်က ကားပါကင်မှာ မန်နေဂျာကို နှုတ်ဆက်ကာ တိုက်ခန်းဆီကို တက်လာခဲ့လိုက်သည်..

မန်နေဂျာ အစ်ကိုနဲ့ အတူရှိနေတိုင်း သူ့ကို သတိရမိသည်... သတိမရမိအောင် ကြိုးစားပေမဲ့ မရပြန်.. ဘာပဲဖြစ်ဖြစ် ကိုယ်က သူ့အတွက် လူဆိုး တစ်ယောက် သာသာ ဖြစ်ခဲ့သည်မဟုတ်လား...

** တီ... တီ... တီ... တီ **

** ချလောက် **

တိုက်ခန်းတံခါးကို ဖွင့်လိုက်ချိန် အမှောင်ထုသာ ကြီးစိုးနေတဲ့ ကမ္ဘာငယ်.. မှောက်မိုက်နေပေမဲ့ ကျွန်တော် ဘယ်နေရာ ဘယ်မှာ ဘာရှိသည် ဆိုတာကို အလွတ်ကျက်ထားသလို မမေ့မပျောက် အကုန်မှတ်မိသည်... အမှောင်ထဲမှာ ကျင်လည်နေခဲ့သည်က ကြာခဲ့ပြီ ဆိုပါတော့ လွန်ခဲ့တဲ့ ၃နှစ်ကတည်းကပေါ့...

Perhaps Strange { My Little Mini Story} Where stories live. Discover now