Hateful Love {Complete}

By ParkeunA_61

121K 8.1K 660

အမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chan... More

part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12(Chan Pov )
Part 13
Part 14
Part 15
Part 16
Part 17
Final
S2

Part 9 (Sweet moment)

6.1K 533 46
By ParkeunA_61

"HATEFUL LOVE"

Party ပွဲက ပြန်ရောက်ကတည်းက..
သူနဲ့ကျွန်တော် ဆက်ဆံရေး
အဆင်ပြေလာခဲ့သည်.....

ချစ်တယ်လို့ မပြောပင်မဲ့...
အရင်ကထက် ပိုဂရုစိုက်လာခဲ့သည်...

တခါတရံ သဝန်တိုတတ်သည်...

"Baby morning"

တစ်ခါတစ်ရံ ကလေးလို့ခေါ်ရာမှ
စိတ်ရရင် ရသလို
" baby,ချီးထုတ်လေ:,အသဲလေး,
ပူတူးတူးလေး,puppy," လေးလို့
လဲခေါ်တတ်တယ်..

အခုလဲ သူ့အတွက် မနက်စာ
ုပြင်နေရင်းပင်
ခါးကိုလာဖက်ကာ Morning Kiss
တောင်းပြန်သည်...

ဟင်းချက်ရင်းပင် ခေါင်းကိုနောက်ပြန်
လှည့်ကာ

"ကိုကို.... သွား မျက်နှာသွားသစ်"

"ဘာလဲ baby က ညစ်ပတ်တယ်ဆ်ုပြီး
မနမ်းချင်တာလား"

"အာ... မဟုတ်ပါပု
Mwach mwach
ရပီဟုတ်"

"မရပါဘူး..."
ဟုဆိုကာ ခါးကိုဖက်ထားသည့်.
လက်ကိုခေါင်းသို့ပြောင်းကိုင်ကာ..
နှုတ်ခမ်းချင်းထိကပ်ပီး မွတ်သိပ်စွာ
နမ်းနေတဲ့ သူ...

"အွန်း.. လွှတ်တော့ "

အသက်ရှူကြပ်လာတော့ ရင်ဘတ်ကို
ထုရိုက်တော့မှ နှုတ်ခမ်းတွေကို လွှတ်ပေးတယ်..

အဲဒါတင်မက.. ပါးကို ပြွတ်စ်ခနဲ့နမ်းကာ
အိမ်ပေါ်ပြေးတက်သွားပြန်သညိ...

နာရီဝက်ကြာမှ အခန်းထဲက ထွက်လာတဲ့ chanyeol

"ဟင်းတွေအများကြီးပါပဲလား ဘေဘီ!!
စားကောင်းမှာပဲ...... "

ဟင်းဖတ်ကို တူနှင့်ညှပ်ကာ ပါးစပ်ထဲ ကောက်ထည့်ပြီးဝါးကာမှ မျက်နှာပျက်သွားတဲ့ chanyeol ကြောင့် baekhyun မျက်နှာငယ်လေးနဲ့..

"Wae ကိုကို စားလို့မကောင်းဘူးလားဟင်"

"အင်း!! နည်းနည်း"

"အာ့လိုဖြစ်စရာအကြောင်းမရှိပါဘူး
ဘေဘီသေချာချက်ထားတာပါ"

အရင်က ကျွန်တော်လို့သုံးနှုန်းရာမှ.
အခု ဘေဘီလို့ ကိုယ့်ကိုယ်ကို နာမ်စားခေါ်ဝေါ်ခဲ့ပြီ....

"ရော်!
ဘေဘီက ကိုယ့်ကိုမယုံတာလား.

လာ ဒီနားလာ လာစားကြည့်"

မတ်တပ်ရပ်နေတဲ့ ကျွန်တော့ကို
သူ့အနားဆွဲခေါ်ကာ...
ဟင်းကို ပါးစပ်နားတေ့ပီးတော့
ပါးစပ်ဟရုံရှိသေး......

သူ့ပါးစပ်ထဲ ပြန်ထည့်ပြီး
ကျွန်တော့်နှုတိခမ်းကို ဆွဲငုံလိုက်တဲ့ကိုကို...

"အင်း... စောက ငန်နေတာလေးက..
ခုတော့ချိုသွားပြီ...

နောက်တခါ ဟင်းစားမကောင်းရင်..
ဘေဘီကို အမြဲနမ်းရမယ်...

ဟုတ်တယ်ဟုတ်!!"

^ဘေဘီ့ကို အမြဲနမ်းရမယ်^

ထိုစကားက ဘေဘီနဲ့ အမြဲနေမယ်လို့ပြောချင်တာမလား...

အဲဒီလို ခံယူလို့ရတယ်မလား...

"ဟား... ဘေဘီမျက်နှာ စတော်ဘယ်ရီသီးဖြစ်နေပြီ"

"ဟာ~~~~ကိုကိုနော် "

ထမင်းစားသောက်ပြီးပနိးကန်ဆေးပြန်တော့လဲ..
အငြိမ်မနေပဲ... ဟိုတို့လိုက် ဒီတို့လိုက်နဲ့ ကလိနေတဲ့ ကိုကို...

ခုလဲကြည့် ပန်းကန်ဆေးနေရင်းနဲ့ ခါးကိုလာဖက်ပြီး လည်ပင်းကို အနမ်းလာပေးနေတဲ့သူ့ကြောင့်...လက်တွေက မခိုင်ချင်...

"အင်းး! ....တော်တော့.. ကိုကို.."

"Baekhyun ဒီဘက်လှည့်"

ကိုယ်ကို သူ့ဘက်လှည့်လိုက်တော့ သူ့ရဲ့ ကျယ်ပြန့်တဲ့ ရင်အုပ်နဲ့ ကျွန်တော့်ရဲ့ သေးသေးကွေးကွေး ရပ်အုပ်က တထပ်တည်း..

တဒိတ်ဒိတ်ခုန်မြန်နေတဲ့ ရင်ခုန်သံနှစ်ခုကလဲ ထပ်တူညီလို့..

တဖြည်းဖြည်းငုံ့ကျလာတဲ့ ကိုကို့မျက်နှာကြောင့် မျက်လုံးကိုစုံမှိတ်ပီး..
လက်ကို နောက်ပြန်ထားကာ basin ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်...

နူးညံ့တဲ့နှုတ်ခမ်းလွှာနှစ်ခု ထိစပ်မှုကြောင့်
အခုန်မြန်နေတဲ့ ရင်ခုန်သံတွေက ဒီထက် ပိုမြန်
နေသယောင်...

လည်တိုင်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ..
ပြင်းရှတဲ့အနမ်းတွေကြား မျောပါနေတဲ့ ကျွန်တော်...

သူကျွန်တော့်ကို ချစ်၍နမ်းသည်လား....
မချစ်ပဲ လိုအပ်ချက်ကြောင့်နမ်းသည်လား
ဆိုတာကို မတွေးချင်...

သူမချစ်လဲ ကျွန်တော့ဘက်က အမြဲချစ်နေမှာမို့..

ကျွန်တော်ခံယူထားသည့် အချစ်က
ပိုင်ဆိုင်လိုခြင်းမှမဟုတ်တာ...
သို့ဖြစ်၍ ပေးဆပ်လိုခြင်းလဲမဟုတ်...

ဘာပဲဖြစ်ဖြစ် သူပျော်ရွှင်နေရင် ကျေနပ်သည်ဆိုတာက ကျွန်တော့်အချစ်...

"အင့်!"

အင်္ကျီထဲ လက်လျှိုဝင်လာတဲ့ကိုကို့လက်ကြောင့် အတွေးတို့ပျက်ကာ လက်ရှိအတွေးသို့ပြန်ရောက်လာသည်...

မဖြစ်ဘူး....ကိုကိုလိုချင်တနေ့ပေးမှာပါ...

ခုတော့ မဖြစ်ဘူး.....

"ဟင်း.... ကိုကို...
တော်ပီနော်"

"အင်းပါ...
ကိုကို TV ကြည့်ရင်းစောင့်နေမယ်နော်"

"ဟုတ်...ကိုကို
စိတ်မဆိုးပါနဲ့နော်"

"ဟက်... ကလေးဆိုးလေး..
မင်းကို ကိုကိုက စိတ်ဆိုးစရာလား"

~~~~~~HATEFUL LOVE~~~~~~

Party နေ့က chanyeol တောက်ခေါက်သံကို ကြားလို့ baekhyun မေးချင်သော်လဲ...

Chanyeol မျက်နှာက မကြည်မလင်ဖြစ်နေတဲ့အတွက် မမေးရဲ...

မျက်နှာအရိပ်အကဲ ကြည့်မိတော့ စောကထက် ကြည်ကြည်လင်လင်လေးရှိတာကြောင့်..မေးရန်ဆုံးဖြတ်လိုက်သည်..

"ကို..ကို.. ဘေဘီ မေးစရာရှိလို့ "

ဘာတခွန်းမှ ပြန်မပြောပဲ သူ့ပေါင်ပေါ်လှဲအိပ်နေတဲ့ ကျွန်တော့်ကို ငုံကြည့်နေတော့...
အခြေအနေကောင်းတယ်အထင်နဲု့ဆက်မေးလိုက်တယ်....

"Party ပွဲမှာ ကိုကိုတောက်ခေါက်ခဲ့တာ ဘယ်သူလဲဟင်"

"ဟင်းးး"

သူ့သက်ပြင်းချသံကြားတော့ မပြောချင်မှန်းသိ၍ ဆက်မမေး...

"ကိုကို မပြောချင်လဲ ရတယ်..
ဘေဘီက ဒီတိုင်းသိချင်လို့မေးတာ"

"သူက ကိုကို့ အဖေတူ အမေကွဲညီ...
William တဲ့....
သူနဲ့ကိုယ်နဲ့က ၅နှစ်ကွာတယ်...
အမေနဲ့ အဖေနဲ့က ချစ်လို့ယူကြတာမဟုတ်ပဲ
မိဘတွေပေးစားလို့ယူခဲ့ကြတာ..
ကိုယ်၁၀နှစ်သားအရွယ်မှာ williamကို
ဖေဖေကအိမ်ပေါ်ခေါ်လာတာ..
သူ့မားကတော့ ဆုံးသွားပီလို့ပြောတာပဲ...
သူရောက်လာပြီးကတည်းက...
ဖေဖေက ကိုယ့်ကို လုံးဝဂရုမစိုက်တော့ဘူး..
ပီးတော့ william က ကိုယ်ပိုင်ဆိုင်တဲ့အရာမှန်သမျှကို မရရတဲ့နည်းနဲ့လုယူတတ်တယ်..
အမြဲ ကိုယ်နဲု့လိုက်ပြိုင်တယ်..
အဲဒီနေ့ကသူ့ကိုတွေ့လိုက်ရတော့
ကိုယ့်ရဲ့ပိုင်ဆိုင်သမျှတွေကို ပြန်လုယူမှ
အရမ်းကြောက်ခဲ့တာ..
ပီးတော့ baby ကိုဆုံးရှုံးရမှာလဲကြောက်မိတယ်"

Chanyeol စကားအဆုံး ပေါ်ပေါ်မှာလှဲအိပ်နေတဲ့ baekhyun ထကာ
Chanyeol ပေါင်ပေါ်စွေ့ကနဲတက်ထိုင်ပြီး
ရင်ခွင်ထဲခေါင်းတိုးဝင်ကာ

"ကိုကို့ကို ဘေဘီအရမ်းချစ်တာ သိတယ်မလား"

"အင်း... "

"စိတ်ချနော် ကိုကိုဘေဘီ့ကို ဘယ်တော့မှ မဆုံးရှုံးစေရဘူးနော်"

သူ့ပေါင်ပေါ်က ဆင်းကာ..
ဘေးကို တင်ပါးလွှဲထိုင်လိုက်တော့..
လေးလံသွားသည့် ကျွန်တော့ပေါင်တစ်ဖက်...
အလန့်တကား ငုံ့ ကြည့်မိတော့....
ပေါင်ပေါ်ခေါင်းလာအုံးအိပ်တဲ့ ကိုကိုရယ်လေ.....

မျက်လုံးများကို မှိတ်ကာ..အနားယူနေသည်မို့
ကိုကို့ အနက်ရောင်ဆံပင်လေးတွေကို
ထိုးဖွနေမိသည်....

အချိန်အနည်းငယ်ကြာတော့ တရှူးရှူးအိပ်ပျော်သံနှင့်အတူ ကျွန်တော့် မျက်လုံးများလဲ အနည်းငယ်စင်းလာသည်...

~~~~~~~~~~~~~~~~

"Baby ကိုယ်တို့ Dateရအောင်"

အံ့သြလွန်း၍ ပြူးကျယ်သွားတဲ့ မျက်ဝန်းနှင့်
အနည်းငယ်ဟသွားတဲ့ နှုတ်ခမ်းကို နမ်းကာ သူပြုံးလာလေရဲ့..

"ဘာလဲ Baby ကမယုံဘူးလား"

မေးစေ့စွန်းလေးကို အနည်းငယ်မြှင့်တင်ပြီး
ကိုယ်ကိုအနည်းငယ်ကိုင်းကာ
မေးလာတဲ့သူကြောင့် အလန့်တကြား ခေါင်းကို ငုံ့ပစ်မိတယ်..

"မဟုတ်ပါဘူး..."

နွေရာသီဘက်ကို ကူးပြောင်းနေတဲ့ ရာသီဥတုကပူသဖြင့်...
ရှပ်အင်္ကျီပါးပါးလေးကို ဂျင်းဘောင်းဘီအရှည်နှင့်ဝတ်ထားတဲ့ ကိုကိုက လူငယ်ဆန်ဆန်နှင့်ကြည့်ကောင်းနေသယောင် ...

Ferrari အမိုးပွင့်ကားကို တံခါးမဖွင့်ပဲ ခုန်တက်သွားတဲ့ ...ကိုကိုက ဂျစ်ကန်ကန်လူငယ်တစ်ယောက်အသွင်...

"လာလေ baby "

"ဟုတ်"

ကားစထွက်ကတည်းက ဖွင့်ထားတဲ့သချင်းက Tender Love....

"ကိုကို ခုဘယ်သွားမှာလဲ"

"ကမ္ဘာအဆုံးကို"

သူ့စကားကြောင့် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်...

ပေါင်ပေါ်တင်ထားတဲ့ ကျွန်တော့်လက်ကို သူ့လက်တဖက်လာတင်ကာ...
ရင်ခွင်ထဲဆွဲသွင်းပီး သူ့ပုခုံးပေါ်ခေါင်းလေးမှီခိုင်းပြန်တဲ့....

သူ့ရင်ခုန်သံကို အတိုင်းသားကြားနေရတဲ့အပြင်..
ကျွန်တော့ရင်ဘတ်ထဲက ကောင်ငယ်ကလဲ..
အပြင်ကိုခုန်ထွက်မတက် ခုန်ပေါက်နေပြန်ပီ....

ရင်ခွင်ထဲကနေ နည်းနည်းခေါင်းကိုမြှင့်လိုက်ပြီး သူ့ကိုမော့ကြည့်တော့ နှုတ်ခမ်းကို ၁စက္ကန့်လောက်လာထိတဲ့ကိုကို....

"ရှေ့ကြည့် ကားတိုက်မယ်"

"ဟား....... "

သူ့ရီသံအဆုံး........
ငုံ့ကျလာတဲ့ ကိုကိုမျက်နှာ



ကားစတီယာတိုင်ကို လက်တဖက်တည်းနှင့်ကျွမ်းကျင်စွာမောင်းကာ..
အနမ်းချင်းဖလှယ်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ မြင်ကွင်းက သချင်းသံလေးနှင့် လိုက်ဖက်စွာ.....

🎼Hey Tender Love 🎼
🎼Hey Tender Love baby 🎼

Vote 100မရဖူးဘူး 😖
Vote 100ပြည့်မှ မုန်တိုင်းနဲ့အတူ ပြန်လာမေ 😝😝
အတတ်နိုင်ဆုံးဆွိထားပေးတေ 😚😚
Love my readers 🙆🙆🙆












Continue Reading

You'll Also Like

3.2K 347 5
ရက်စက်မှု​တွေဖြင့်​ ခြုံလွှမ်းထား​သော သ​င်္ဘော ကပ္ပတိန်​ တစ်​​ယောက်​နဲ့ ​ရေသူထီး​လေးတစ်​​ယောက်​ရဲ့ အချစ်ဇာတ်​လမ်း တစ်​ပုဒ်​ ဒီက သာသာ ဖန်​တီးပါသည်​ H...
14.5K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
243K 14.7K 40
My priority /property/privacy
39.5K 3.7K 46
Drarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမ...