အေပအေတတစ္ေယာက္ရဲ႕ ခို နား ရာ...

By Youaremylittlestar

323K 26.6K 947

BL More

Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 (Final)
Part-22
Part-23
😝😝😝
~Extra-1~
~Extra-2~
~Extra-3~
~Extra-4~

Part-1

38.4K 1.9K 27
By Youaremylittlestar

Zawgyi

"ေဒး..."

"ဘာလဲ...ငါ့ကိုျမင္လို႔လန္႔သြားတာလား..."

အမွန္အတိုင္းဝန္ခံရရင္ေတာ့လန္႔လည္းလန္႔သလို ေၾကာက္လဲေၾကာက္ပါသည္...ဟိုတစ္ေလာကပဲအတင္းကာေရာေမာင္းဝင္လာတဲ့သူ႕ကားေၾကာင့္ ဆရာမတစ္ေယာက္အားဝင္တိုက္မိမလိုျဖစ္ထားရာမွ႐ံုးခန္းထိေရာက္ခဲ့ရသူကကိုယ္မဟုတ္ပါလား...သူကဒီေက်ာင္းကေက်ာင္းသားမဟုတ္ေပမဲ့သူ႕ေက်ာင္းလို႕ထင္ရေလာက္ေအာင္ခဏခဏလာတာကကိုယ့္ဆီ...အေမတစ္ခုသားတစ္ခုဘဝမို႔ကိုယ့္ေၾကာင့္ေမြးမိခင္စိတ္မဆင္းရဲေစလိုတဲ့ဆႏၵနဲ႔ကိုယ္ဟာထူးခြ်န္ေက်ာင္းသားျဖစ္ေနသူမို႔ပါခ်ဳပ္ႀကီးကေနာက္တစ္ခါမျဖစ္ေစနဲ႔ဆိုတာတဲ့ေက်ေအးေပးလိုက္တာ...သူ႕ေၾကာင့္နဲ႔ေက်ာင္းသားေက်ာင္းသူေတြရယ္တာဝန္ရွိသူေတြရယ္ယာဥ္ကလြဲလို႕တျခားယာဥ္ေတြမဝင္ရဆိုတဲ့စည္းမ်ဥ္းေတြထပ္တိုးလာျခင္းမဟုတ္လား...

"စိတ္ပူမေနနဲ႔...မင္းဆီလာတာမဟုတ္ဘူး...ဒီႏွစ္ Queen ေလးလွတယ္ဆိုလို႔လာၾကည္႕တာ..."

အေရးမစိုက္သလိုေဘာင္းဘီထဲကေဆးလိပ္ထုတ္ကာမီးညွိရင္းေျပာေနေလတဲ့သူ...ဒီတစ္လိပ္ကိုဆြဲယူဖ်က္ဆီးလိုက္႐ုံနဲ႔ကိစၥကၿပီးသြားမွာမဟုတ္ဘူး...ေဆးလိပ္နဲ႔ကင္းကြာမေနတတ္တဲ့သူ႕အနားမွာလက္လွမ္းမီသမွ်ရွိေနမွာ...ကိုယ့္ကိုတင္မေခၚတာၾကာၿပီျဖစ္တဲ့သူ႕ကားထဲဘယ္ေလာက္ေတာင္ဝယ္ထည္႕ထားၿပီလဲမသိ...

"ေနပါဦးဒီေက်ာင္းက Qeen ကိုျမင္ဖို႔ျပင္ဦးလြင္ကေနမႏၲေလးကိုဆင္းလာတယ္ေပါ့..."

ေခါင္းကိုအသာညိတ္ျပရင္းေဆးလိပ္ေငြ႕ေတြကို႐ွိဳက္ထုတ္ေနတဲ့သူ...ေက်ာင္းတိုင္းမွာေဆးလိပ္မေသာက္ရဘူးဆိုေပမဲ့ဒီေက်ာင္းကပိုလို႕မေသာက္သင့္တဲ့ေက်ာင္း...

"မင္း Debar ထပ္ထိရင္ဘယ္လိုလုပ္မလဲ ေဒး..."

"ထိေတာ့လည္းမေျဖဘူးေပါ့ကြာ..."

ျပန္ေျပာစရာစကားတို႔မရွိေတာ့ေလာက္ေအာင္အႏွီလူသားဆံုးျဖတ္ခ်က္ကျပင္းထန္သည္...

"မင္းအတန္းတက္ရမွာမို႔လား..."

"..."

"ဟာ... s**t ပဲမင္းဘာလုပ္တာလဲသိုင္းရာ..."

႐ုတ္တရက္သူ႕လက္ၾကားထဲကေဆးလိပ္ကိုဆြဲယူကာနင္းေခ်မိေတာ့ေဒါသႀကီးစြာထေအာ္သည္...

"အဲဒီေဆးလိပ္ေတြမေသာက္နဲ႔ဆိုတာနားမေထာင္လို႕လႊင့္ပစ္တာ...ေအး...ဟုတ္တယ္...ငါကအတန္းတက္ရမွာ...ဒါနဲ႔မင္းကေရာေက်ာင္းသားမဟုတ္ဘူးလား...ေဒး...အခုခ်ိန္မွာမင္းလည္းစာသင္ခန္းထဲရွိေနရမွာမဟုတ္ဘူးလား..."

"ဟား...အရစ္ေတြရွည္တယ္ကြာ...စာသင္ခန္းဆိုတာအၿမဲထိုင္ေနစရာမွမလိုတာ...မင္းတို႔လိုဆရာဝန္ေလာင္းေတြအတြက္ဆိုရင္ေတာ့မေျပာတတ္ဘူးေပါ့..."

ေဒါသရိပ္ေတြဆင္ျမန္းထားတဲ့မ်က္ႏွာဟာအလိုမက်ျခင္းေတြအျပည္႕နဲ႔...ေဘာင္းဘီအိတ္ကိုေရွ႕စမ္းေနာက္စမ္းလုပ္ေနပံုေထာက္ရင္ေဆးလိပ္ထပ္ရွာေနတာ...ေမာတယ္ ေဒးေတဇ ရယ္...တစ္ေန႔တစ္ေန႔မင္းကိုေဒါသထြက္ရဆူပူရႀကိမ္းရေမာင္းရတာငါတစ္ကယ္ေမာတယ္...

"ဘယ္ေက်ာင္းသားေနေနစာသင္ခ်ိန္မွာစာသင္ခန္းထဲရွိသင့္တာပဲ...မင္းေက်ာင္းေခၚႀကိမ္မျပည္႕လို႔ေနာက္ထပ္ Debar ထပ္ထိရင္..."

"ေတႀကီး..."

ကိုယ့္စကားမဆံုးခင္သူ႕နာမည္ေခၚကာေရာက္လာေသာလူတစ္စု...YCC မွသူ႕အေပါင္းအပါေတြ...မိန္းကေလးတစ္ေယာက္ရဲ႕အလွအပကိုခံစားဖို႔လာတာမ်ားအဖြဲ႕နဲ႕အစည္းနဲ႔...

"မင္းတို႕လာတာအေတာ္ပဲ ဒီေကာင္ငါ့ကိုက်ပ္ေနတာနားေတြပူလွၿပီ..."

"မင္းကလဲကြာ...မေတြ႕တာၾကာလို႔စကားေျပာတာေနမွာပါ...ဟုတ္တယ္မို႔လား...သိုင္း..."

မိတ္ဆက္ေပးထားေသာသူ႕သူငယ္ခ်င္းေတြမို႔အေတာ္အတန္ရင္းႏွီးေနၿပီးသားျဖစ္သလို...ကိုယ့္အေၾကာင္းေတာ္ေတာ္မ်ားမ်ားကိုလည္းသူတို႔သိသည္...ေဆးလိပ္ကိုခါးသီးစြာဆန္႕က်င္ေသာကိုယ့္ေရွ႕မွာသူတို႔ေရွာင္ၾကဥ္ၾကေပမဲ့မေရွာင္ၾကဥ္ဆံုးလူသားက ေဒး...

"ပထမဆံုးအႀကိမ္တားတာကေစတနာနဲ႔မင္းက်န္းမာေရးကိုမထိခိုက္ေစခ်င္လို႔... အဲဒါကိုမွထပ္ေသာက္တယ္ဆိုေတာ့လည္း...မင္းသေဘာပဲ...ဒါေပမဲ့ဒီေက်ာင္းကေဆးလိပ္ေၾကာင့္ျဖစ္လာမဲ့ေရာဂါေတြကိုကုသေပးမဲ့သူေတြရွိတဲ့ေနရာ...ေရာဂါျဖစ္ေစတဲ့သူေတြရွိသင့္တဲ့ေနရာမဟုတ္ဘူး..."

သူ႕သူငယ္ခ်င္းေတြေရာက္လာတဲ့အခ်ိန္ေနာက္ထပ္ေဆးလိပ္တစ္လိပ္သူ႕ႏႈတ္ခမ္းမွာေနရာယူသြားတဲ့အခိုက္အတန္႔စိတ္တိုစြာေနာက္တစ္ႀကိမ္တားျမစ္စကားဆိုရင္းလွည္႕ထြက္မိသည္...အက်ိဳးဆက္ကလက္ေကာက္ဝတ္ကိုနာက်င္စြာအဆြဲခံရၿပီး...မ်က္ႏွာကိုေဆးလိပ္ေငြ႕နဲ႔အမႈတ္ထုတ္ခံရျခင္း...နီရဲေနေသာသူ႕မ်က္ဝန္းေတြကသူ႕ေဒါသေတြရဲ႕အထိမ္းအမွတ္တစ္ခု...

"ျပန္ေျပာ...ခုနကစကားကိုမင္းျပန္ေျပာစမ္း..."

ရင္ဘတ္ကအကၤ် ီစကိုပါဆြဲဆုပ္ကိုင္ရင္းေဒါသတႀကီးေအာ္ဟစ္ေနတဲ့သူ...ကိုယ့္ေနရာမွာတျခားသူတစ္ေယာက္ဆိုရန္ပြဲတစ္ခုဆီဦးတည္သြားႏိုင္တဲ့အေနအထား...ျဖတ္သြားျဖတ္လာေတြရဲ႕မ်က္ဝန္းေတြကလည္းကိုယ္တို႕ဆီမွာ...အၿမဲ...အၿမဲတမ္းပဲ...ေဒး...မင္းနဲ႔ပတ္သက္ရင္လူတကာဆီကအၾကည္႕ေတြကအစငါ့အတြက္အ႐ိုင္းဆန္တယ္...

"ေတာ္ပါေတာ့...ေတႀကီးရာ...ဘာမဟုတ္တာေလးအတြက္နဲ႔႐ုံုးခန္းေရာက္ေနျပန္ဦးမယ္...ငါတို႔ျပန္ရေအာင္..."

"..."

"ဟုတ္သားပဲ...ေတႀကီးရာ...ျပန္ၾကရေအာင္ပါ..."

ျပင္းထန္လာတဲ့အေျခအေနတစ္ခုအားဝင္ျဖန္ေျဖရင္းသူတို႔သူငယ္ခ်င္းကိုအပါေခၚသြားၾကတာမို႔ေက်းဇူးတင္မိသည္...မဟုတ္ရင္ကိုယ္ကေက်နပ္ေတာင္တစ္ေက်ာင္းလံုးကသူ႕ကိုၾကည္တာမဟုတ္...အနည္းနဲ႔အမ်ားေတာ့ျပသနာျဖစ္သြားႏိုင္သည္...

"ငါတို႕ျပန္ေတာ့မယ္...သိုင္း...ဒီေကာင့္အေၾကာင္းမင္းပိုသိတာပဲကြာ...တစ္ခါမရလို႔ေနာက္တစ္ခါမင္းထပ္ေျပာရင္ဘယ္တုန္းကလက္မခံဖူးလို႔လဲ...မင္းဂ႐ုစိုက္တာကိုခံခ်င္တာသိရက္နဲ႔..."

~~~~~TBC~~~~~

Unicode

"ဒေး..."

"ဘာလဲ...ငါ့ကိုမြင်လို့လန့်သွားတာလား..."

အမှန်အတိုင်းဝန်ခံရရင်တော့လန့်လည်းလန့်သလို ကြောက်လဲကြောက်ပါသည်...ဟိုတစ်လောကပဲအတင်းကာရောမောင်းဝင်လာတဲ့သူ့ကားကြောင့် ဆရာမတစ်ယောက်အားဝင်တိုက်မိမလိုဖြစ်ထားရာမှရုံးခန်းထိရောက်ခဲ့ရသူကကိုယ်မဟုတ်ပါလား...သူကဒီကျောင်းကကျောင်းသားမဟုတ်ပေမဲ့သူ့ကျောင်းလို့ထင်ရလောက်အောင်ခဏခဏလာတာကကိုယ့်ဆီ...အမေတစ်ခုသားတစ်ခုဘဝမို့ကိုယ့်ကြောင့်မွေးမိခင်စိတ်မဆင်းရဲစေလိုတဲ့ဆန္ဒနဲ့ကိုယ်ဟာထူးချွန်ကျောင်းသားဖြစ်နေသူမို့ပါချုပ်ကြီးကနောက်တစ်ခါမဖြစ်စေနဲ့ဆိုတာတဲ့ကျေအေးပေးလိုက်တာ...သူ့ကြောင့်နဲ့ကျောင်းသားကျောင်းသူတွေရယ်တာဝန်ရှိသူတွေရယ်ယာဉ်ကလွဲလို့တခြားယာဉ်တွေမဝင်ရဆိုတဲ့စည်းမျဉ်းတွေထပ်တိုးလာခြင်းမဟုတ်လား...

"စိတ်ပူမနေနဲ့...မင်းဆီလာတာမဟုတ်ဘူး...ဒီနှစ် Queen လေးလှတယ်ဆိုလို့လာကြည့်တာ..."

အရေးမစိုက်သလိုဘောင်းဘီထဲကဆေးလိပ်ထုတ်ကာမီးညှိရင်းပြောနေလေတဲ့သူ...ဒီတစ်လိပ်ကိုဆွဲယူဖျက်ဆီးလိုက်ရုံနဲ့ကိစ္စကပြီးသွားမှာမဟုတ်ဘူး...ဆေးလိပ်နဲ့ကင်းကွာမနေတတ်တဲ့သူ့အနားမှာလက်လှမ်းမီသမျှရှိနေမှာ...ကိုယ့်ကိုတင်မခေါ်တာကြာပြီဖြစ်တဲ့သူ့ကားထဲဘယ်လောက်တောင်ဝယ်ထည့်ထားပြီလဲမသိ...

"နေပါဦးဒီကျောင်းက Qeen ကိုမြင်ဖို့ပြင်ဦးလွင်ကနေမန္တလေးကိုဆင်းလာတယ်ပေါ့..."

ခေါင်းကိုအသာညိတ်ပြရင်းဆေးလိပ်ငွေ့တွေကိုရှိုက်ထုတ်နေတဲ့သူ...ကျောင်းတိုင်းမှာဆေးလိပ်မသောက်ရဘူးဆိုပေမဲ့ဒီကျောင်းကပိုလို့မသောက်သင့်တဲ့ကျောင်း...

"မင်း Debar ထပ်ထိရင်ဘယ်လိုလုပ်မလဲ ဒေး..."

"ထိတော့လည်းမဖြေဘူးပေါ့ကွာ..."

ပြန်ပြောစရာစကားတို့မရှိတော့လောက်အောင်အနှီလူသားဆုံးဖြတ်ချက်ကပြင်းထန်သည်...

"မင်းအတန်းတက်ရမှာမို့လား..."

"..."

"ဟာ... s**t ပဲမင်းဘာလုပ်တာလဲသိုင်းရာ..."

ရုတ်တရက်သူ့လက်ကြားထဲကဆေးလိပ်ကိုဆွဲယူကာနင်းချေမိတော့ဒေါသကြီးစွာထအော်သည်...

"အဲဒီဆေးလိပ်တွေမသောက်နဲ့ဆိုတာနားမထောင်လို့လွှင့်ပစ်တာ...အေး...ဟုတ်တယ်...ငါကအတန်းတက်ရမှာ...ဒါနဲ့မင်းကရောကျောင်းသားမဟုတ်ဘူးလား...ဒေး...အခုချိန်မှာမင်းလည်းစာသင်ခန်းထဲရှိနေရမှာမဟုတ်ဘူးလား..."

"ဟား...အရစ်တွေရှည်တယ်ကွာ...စာသင်ခန်းဆိုတာအမြဲထိုင်နေစရာမှမလိုတာ...မင်းတို့လိုဆရာဝန်လောင်းတွေအတွက်ဆိုရင်တော့မပြောတတ်ဘူးပေါ့..."

ဒေါသရိပ်တွေဆင်မြန်းထားတဲ့မျက်နှာဟာအလိုမကျခြင်းတွေအပြည့်နဲ့...ဘောင်းဘီအိတ်ကိုရှေ့စမ်းနောက်စမ်းလုပ်နေပုံထောက်ရင်ဆေးလိပ်ထပ်ရှာနေတာ...မောတယ် ဒေးတေဇ ရယ်...တစ်နေ့တစ်နေ့မင်းကိုဒေါသထွက်ရဆူပူရကြိမ်းရမောင်းရတာငါတစ်ကယ်မောတယ်...

"ဘယ်ကျောင်းသားနေနေစာသင်ချိန်မှာစာသင်ခန်းထဲရှိသင့်တာပဲ...မင်းကျောင်းခေါ်ကြိမ်မပြည့်လို့နောက်ထပ် Debar ထပ်ထိရင်..."

"တေကြီး..."

ကိုယ့်စကားမဆုံးခင်သူ့နာမည်ခေါ်ကာရောက်လာသောလူတစ်စု...YCC မှသူ့အပေါင်းအပါတွေ...မိန်းကလေးတစ်ယောက်ရဲ့အလှအပကိုခံစားဖို့လာတာများအဖွဲ့နဲ့အစည်းနဲ့...

"မင်းတို့လာတာအတော်ပဲ ဒီကောင်ငါ့ကိုကျပ်နေတာနားတွေပူလှပြီ..."

"မင်းကလဲကွာ...မတွေ့တာကြာလို့စကားပြောတာနေမှာပါ...ဟုတ်တယ်မို့လား...သိုင်း..."

မိတ်ဆက်ပေးထားသောသူ့သူငယ်ချင်းတွေမို့အတော်အတန်ရင်းနှီးနေပြီးသားဖြစ်သလို...ကိုယ့်အကြောင်းတော်တော်များများကိုလည်းသူတို့သိသည်...ဆေးလိပ်ကိုခါးသီးစွာဆန့်ကျင်သောကိုယ့်ရှေ့မှာသူတို့ရှောင်ကြဉ်ကြပေမဲ့မရှောင်ကြဉ်ဆုံးလူသားက ဒေး...

"ပထမဆုံးအကြိမ်တားတာကစေတနာနဲ့မင်းကျန်းမာရေးကိုမထိခိုက်စေချင်လို့... အဲဒါကိုမှထပ်သောက်တယ်ဆိုတော့လည်း...မင်းသဘောပဲ...ဒါပေမဲ့ဒီကျောင်းကဆေးလိပ်ကြောင့်ဖြစ်လာမဲ့ရောဂါတွေကိုကုသပေးမဲ့သူတွေရှိတဲ့နေရာ...ရောဂါဖြစ်စေတဲ့သူတွေရှိသင့်တဲ့နေရာမဟုတ်ဘူး..."

သူ့သူငယ်ချင်းတွေရောက်လာတဲ့အချိန်နောက်ထပ်ဆေးလိပ်တစ်လိပ်သူ့နှုတ်ခမ်းမှာနေရာယူသွားတဲ့အခိုက်အတန့်စိတ်တိုစွာနောက်တစ်ကြိမ်တားမြစ်စကားဆိုရင်းလှည့်ထွက်မိသည်...အကျိုးဆက်ကလက်ကောက်ဝတ်ကိုနာကျင်စွာအဆွဲခံရပြီး...မျက်နှာကိုဆေးလိပ်ငွေ့နဲ့အမှုတ်ထုတ်ခံရခြင်း...နီရဲနေသောသူ့မျက်ဝန်းတွေကသူ့ဒေါသတွေရဲ့အထိမ်းအမှတ်တစ်ခု...

"ပြန်ပြော...ခုနကစကားကိုမင်းပြန်ပြောစမ်း..."

ရင်ဘတ်ကအင်္ကျ ီစကိုပါဆွဲဆုပ်ကိုင်ရင်းဒေါသတကြီးအော်ဟစ်နေတဲ့သူ...ကိုယ့်နေရာမှာတခြားသူတစ်ယောက်ဆိုရန်ပွဲတစ်ခုဆီဦးတည်သွားနိုင်တဲ့အနေအထား...ဖြတ်သွားဖြတ်လာတွေရဲ့မျက်ဝန်းတွေကလည်းကိုယ်တို့ဆီမှာ...အမြဲ...အမြဲတမ်းပဲ...ဒေး...မင်းနဲ့ပတ်သက်ရင်လူတကာဆီကအကြည့်တွေကအစငါ့အတွက်အရိုင်းဆန်တယ်...

"တော်ပါတော့...တေကြီးရာ...ဘာမဟုတ်တာလေးအတွက်နဲ့ရုုံးခန်းရောက်နေပြန်ဦးမယ်...ငါတို့ပြန်ရအောင်..."

"..."

"ဟုတ်သားပဲ...တေကြီးရာ...ပြန်ကြရအောင်ပါ..."

ပြင်းထန်လာတဲ့အခြေအနေတစ်ခုအားဝင်ဖြန်ဖြေရင်းသူတို့သူငယ်ချင်းကိုအပါခေါ်သွားကြတာမို့ကျေးဇူးတင်မိသည်...မဟုတ်ရင်ကိုယ်ကကျေနပ်တောင်တစ်ကျောင်းလုံးကသူ့ကိုကြည်တာမဟုတ်...အနည်းနဲ့အများတော့ပြသနာဖြစ်သွားနိုင်သည်...

"ငါတို့ပြန်တော့မယ်...သိုင်း...ဒီကောင့်အကြောင်းမင်းပိုသိတာပဲကွာ...တစ်ခါမရလို့နောက်တစ်ခါမင်းထပ်ပြောရင်ဘယ်တုန်းကလက်မခံဖူးလို့လဲ...မင်းဂရုစိုက်တာကိုခံချင်တာသိရက်နဲ့..."

~~~~~TBC~~~~~

Continue Reading

You'll Also Like

1.1M 91K 58
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်....
56K 2.8K 35
Unicode အချစ်တစ်ခုမှာ အသက်အရွယ်တွေမလိုဘူး ဘယ်အချစ်စစ်ရဲ့လမ်းက ဖြောင့်ဖြူးလို့လဲ အခက်အခဲတော့ရှိမှာပေါ့ဗျ...... Zawgyi အခ်စ္တစ္ခုမွာ အသက္အ႐ြယ္ေတြမလိုဘူ...
356K 30.8K 25
သူ ကျွန်​တော့ကို မူးယစ်​ဆေး​တွေ မသုံးဖို့ မှာတယ်။ ခက်တာက ကျွန်​တော်က ဖြတ်မရတဲ့ မူးယစ်​ဆေး စွဲနေပြီ။ ဒါနဲ့....... " ကျွန်​တော့်ရဲ့ မူးယစ်ဆေးနာမည်က "ဦ...
56.6K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...