'' မုန္းတယ္!!! ''
သူမ အခန္းထဲမွာ အက်ၤ ီေခါက္ေနရင္း ေအာက္ထပ္ကေန ၾကားလိုက္ရတဲ႔ အသံေၾကာင့္ သူမလက္ထဲက အက်ၤ ီပင္ ကုတင္ေပၚကို ျပဳတ္က်သြားခဲ႔သည္ ။
ျဖစ္ေနက် ျဖစ္စဥ္ဆိုေသာ္ျငား သူမစိတ္ပူမိပါသည္ ။
ေအာက္ထပ္ကို အေျပးအလႊားဆင္းရင္း .. ေလွကားထိပ္မွာ သူမကို လာေခၚပံုရေသာ အိမ္ေဖာ္မေလးကလည္း မ်က္စိမ်က္ႏွာ ပ်က္ယြင္းစြာနဲ႔ ။
'' ထမင္းစားခန္းထဲမွာ .. မမေလး ''
အိမ္ေဖာ္မိန္းကေလး စကားအတိုင္း သူမ ေအာက္ထပ္က ထမင္းစားခန္းထဲ ဝင္ခဲ႔ေတာ့ ျမင္လိုက္ရသည္က...
စားပြဲရဲ႕ တစ္ဖက္က ထိုင္ခံုေပၚက မ်က္ရည္ေတြ ေပပြေနတဲ့ မ်က္ႏွာရယ္က .. တစ္ဖက္မွာ ထိုင္ၿပီး မနက္စာ ေအးေအးေဆးေဆး စားေနတဲ႔သူကို နာနာက်ည္းက်ည္းပင္ ၾကည့္ေနခဲ႔တယ္ ။
ၿပီးေတာ့...
ေျပာင္လက္ေနတဲ႔ ေႂကြသားၾကမ္းခင္းေပၚမွာ အစိတ္စိတ္ အမႊာမႊာ ကြဲအက္ေနတဲ႔ တရုပ္နဂါးပံုပါတဲ့ ပန္းကန္လံုး တစ္လံုး ။
ေဘးပတ္ပတ္ လည္မွာက ...
အရည္တစ္ခ်ိဳ႕ရယ္ ၊ အသားစေတြရယ္ ။
'' ေမာင္ .. ဘာျဖစ္တာလဲ? ''
သူမ အေမးကို ျပန္ေျဖျခင္း မရွိေသာသူသည္ မနက္စာကို ပံုမွန္သာ ဆက္စားေနသည္ ။
ေဘးနားမွာ ေၾကာင္ေတာင္ေတာင္နဲ႔ ရပ္ေနတဲဲ့ အိမ္အကူမေလးက အခုမွ သတိဝင္လာဟန္နဲ႔ လက္ထဲက ေရဖန္ခြက္ကို မနက္စာ စားေနတဲ႔ ထ္ုိသူေရွ႕ ခ်ေပးလိုက္သည္ ။
'' သခင္ေလးက သူေဌး မႀကိဳက္တဲ႔ ၾကက္သြန္ၿမိတ္ကို ဟင္းရည္ထဲ ခပ္မိလိုက္တာ မမေလး ''
သူမေဘးနား တိုးတိုးတိတ္တိတ္ ေျပာသြားတဲ႔ မိန္းကေလးကေတာ့ ကုပ္ကုပ္,ကုပ္ကုပ္နဲ႔ ထြက္သြားေလၿပီ ။
Kimအိမ္ေတာ္ရဲ႕ အရွင္သခင္ စိတ္တိုရင္ ဘယ္ေလာက္ ေၾကာက္စရာ ေကာင္းလဲဆိုတာ တစ္အိမ္လံုးအသိ ။
'' ခင္ဗ်ားကိုေရာ ဘယ္သူက စားပါလို႕ ေခၚေနလို႕လဲ? ဘာလို႔ ဟင္းရည္ပန္းကန္ကို ခြဲလိုက္တာလဲ!!!! ''
'' ငါမႀကိဳက္တာကိုမွ .. မင္းကလုပ္တာကိုး ''
'' ခင္ဗ်ားကေရာ .. ဘယ္တုန္းက တစ္ဖက္သား ခံစားခ်က္ကို ၾကည့္ေပးဖူးလို႔လဲ!!! ''
'' Do Kyungsoo!!!! ''
စားပြဲကို ဒုန္းကနဲ ထုရိုက္သံက တိတ္ဆိတ္ေနတဲ့ အခန္းထဲမွာ အသံက်ယ္က်ယ္နဲ႔ ထြက္ေပၚလာတယ္ ။
'' Hak! Wae? အရိႈက္ထိေတာ့ နာတယ္ေပါ့ ''
'' မင္းေတာ္လိုက္ေတာ့ ''
'' မေတာ္ႏိုုင္ဘူး ဆိုရင္ေကာ? ''
'' Kyungေလး ''
အံႀကိတ္္ၿပီး လည္ပင္းေၾကာေတြ ေထာင္ေနသည္အထိ စိတ္တိုေနတဲ႕ သူမေယာက်ာ္းေၾကာင့္ ေမာင္ျဖစ္သူကို အလွ်င္ အျမန္ပင္ ထိန္းရေတာ့သည္ ။
'' လႊတ္!! noona .. လႊတ္ပါဆိုေန!!! ''
သူမ .. ေမာင္ျဖစ္သူရဲ႕ လက္ေမာင္းကို အတင္းဆြဲရင္း အေပၚထပ္က အခန္းကို ဦးတည္လိုက္သည္ ။
'' noona လႊတ္ေတာ့ဗ်ာ!! ''
စိတ္တိုေန၍ နီရဲေနတဲ႔ မ်က္ႏွာေၾကာင့္ သူမ ေမာင္ေလးရဲ႕ ဆံပင္ေလးေတြကို ငယ္ငယ္ကလို ဆြဲဖြေပးလိုက္သည္ ။
'' Kyungေလး .. ဘာျဖစ္တာလဲ? noonaကိုေျပာ ''
'' ......... ''
'' မေျပာခ်င္လည္း noonaအတင္း မေမးေတာ့ပါဘူး .. နားလိုက္ေတာ့ေနာ္ ''
ျပန္မစဥ္းစား ခ်င္ေတာ့ေလာက္ေအာင္ ခုနက အျဖစ္အပ်က္က Kyungsooအတြက္ အေတာ္ကို စိတ္တိုေစတာထက္ စိတ္နာေစသည္ ။
အထက္တန္း ေက်ာင္းသား ဘဝကလို ကိုကို႔မ်က္ႏွာ တစ္ခ်က္ညွိဳးရင္ မ်က္ရည္ဝဲေနတတ္တဲ႔ သည္းငယ္ မဟုတ္ေတာ့ဘူး ။
'' ေမာင္ .. ခုနတုန္းက မရဲ႕ေမာင္ေလးနဲ႕ ဘာျဖစ္တာလဲ? ''
'' Company သြားေတာ့မယ္ ''
သူမအတြက္ေတာ့ ေက်ာခိုင္း သြားျခင္းက ေနသားက်ေနပါၿပီ ။
•°•°•°•°•
'' ဒေါ်လေး ''
'' သခင္ေလး .. ဘာလိုခ်င္လို႔လဲ? ''
ညစာ ခ်က္ေနသည့္ အေဒၚႀကီးက Kyungsooအေမးေၾကာင့္ အလုပ္ လုပ္ေနရာက ခ်က္ခ်င္းရပ္လိုက္သည္ ။
'' ပန္းသီး ေဖ်ာ္ရည္ကို ၿခံထဲ လာပို႕ေပးပါ ''
'' ဟိုေလ .. သခင္ေလး ပန္းသီးက ကုန္ေနတယ္ ''
'' အဲ႕ဒါဆိုလည္း ထားလိုက္ပါေတာ့ ''
ဒီေန႕ေတာ့ ပန္းသီးေဖ်ာ္ရည္ မေသာက္ပဲ စာလုပ္ရေတာ့မယ္ ထင္ပါရဲ႕ ။
ၿခံထဲက ေက်ာက္သားနဲ႔ ထြင္းထားတဲ႔ စားပြဲက က်ေနာ္ စာလုပ္ေနက် ေနရာ ။
ဒီေနရာက ေလေကာင္း ေလသန္႔လည္း ရတယ္ ။ ေလတိုက္ရင္လည္း ၿခံရဲ႕ေတာင္ဘက္မွာ စိုက္ထားတဲ႔ ႏွင္းဆီပန္းေတြဆီက ခပ္သင္းသင္း အနံ႕လည္း ရတယ္ ။
စာလုပ္ရင္ စိတ္ၾကည္ေစေတာ့ က်ေနာ့အတြက္ သေဘာက်ရာ ကိုယ္ပိုင္ေနရာ ငယ္ေလးတစ္ခု ။
အခု ...
က်ေနာ့လက္ထဲ ကိုင္ထားတဲ႔ ႏွင္းဆီပြင့္ေလးက Deep Secret
ပန္းဆီေရာင္ ပြင့္လႊာေတြနဲ႔ ေတာ္ေတာ္ႀကီးကို လွပါသည္ ။
အပြင့္ႀကီးႀကီး ပြင့္လႊာေတြေအာက္မွာ 6လက္မေလာက္ အရွည္ရွိတဲ႔ ရိုးတံ ။
က်ေနာ္ ႏွင္းဆီရိုးတံကို ခ်ိဳးလိုက္ေတာ့ က်န္ေနေသးသည့္ ရိုးတံက 1လက္မသာသာပင္ ရွိေတာ့သည္ ။
သို႔ေသာ္ျငား...
Deep Secretဆိုသည့္ ႏွင္းဆီပြင့္က အက်ည္းတည္မႈကို ဖံုးကြယ္ၿပီး လွေနေသးသည္ ။
ထို .. ႏွင္းဆီပြင့္ကို အဘက္ဘက္က လွည့္ပတ္ၿပီး ၾကည့္ေနမိသည္ ။
က်ေနာ္ေတာ့ နာက်င္မႈေတြကို ဒီႏွင္းဆီပြင့္လို ဖံုးကြယ္မထားႏိုင္ ။
'' စာမလုပ္ပဲ .. ဘာေတြေငးေနတာလဲ? သည္းငယ္ ''
စားပြဲေပၚ ေရာက္လာတဲ႔ ပန္းသီေဖ်ာ္ရည္ ဘူးေလး...
တြန္႔ေကြးစြာ ၿပံဳးေနတဲ႔ က်ေနာ့ႏွခမ္းနဲ႔ ဆန္႔က်င္မႈက ရင္ဘတ္ထဲက ခံစားခ်က္ ။
'' ဘာအတြက္လဲ? က်ေနာ္ ခင္ဗ်ားကို မမွာလိုက္ဘူးေနာ္ ''
မ်က္စိေရွ႕က ဘူးေလးက ေနရာေရြ႕သြားျခင္း မရွိ ။
'' စာလုပ္ရင္း ပန္းသီးေဖ်ာ္ရည္ ေသာက္တတ္တာ ကိုယ့္သည္းငယ္ရဲ႕ အက်င့္ေလး တစ္ခုေလ ''
'' ေအာ္ .. က်ေနာ့္ အႀကိဳက္ေတြကို ခင္ဗ်ား သိေနေသးတာပဲ အဟင္း~ ေက်းဇူးေနာ္ ''
'' ကိုယ္တို႔ၾကားမွာ ေက်းဇူးဆိုတဲ႔ စကားက လိုလို႔လား? ''
'' လိုတာေပါ့ .. ခင္ဗ်ားနဲ႔ က်ေနာ္က အရင္လို ဆက္ဆံေရးမွ မဟုတ္ေတာ့တာ ''
အတင့္ရဲစြာနဲ႔ က်ေနာ့ေဘး လာထိုင္ေနတဲ့သူေၾကာင့္ ေဘးနားက ခံုကို ေျပာင္းထိုင္လိုက္သည္ ။
'' သိပ္ကို စိမ္းကားလြန္းတယ္ .. သည္းငယ္ ''
'' ကိုကို ေရြးခ်ယ္ခဲ႔တဲ႔ လမ္းပဲေလ ''
မ်က္ႏွာကို တစ္ခ်က္မၾကည့္ပဲ .. က်ေနာ့ အၾကည့္ေတြက မ်က္စိေရွ႕က စာအုပ္ကိုသာ ပို႔ထားလိုက္သည္ ။
တိတ္ဆိတ္သြားတဲ႔ ေလထုအတြင္းမွာ သူနဲ႔က်ေနာ္ရယ္ရဲ႕ အသက္ရွဴ သံကသာ ႀကီးစိုးေနေလသည္ ။
'' ေဖ်ာ္ရည္အတြက္ ေက်းဇူးပဲ ''
လွ်ာဖ်ားက ခံစားရသည့္ အရသာက...
က်ေနာ္ အထက္တန္း ေက်ာင္းသားဘဝက သူဝယ္တိုက္ခဲ႔တဲ႔ ပထမဦးဆံုးေသာ ဆိုင္က ။
'' ခ်စ္တယ္ .. သည္းငယ္ ''
'' ရင္မခုန္ေတာ့ဘူး ကိုကို ။ ကိုကို႔စကားက သိပ္လြယ္လြန္းတယ္ .. ခ်စ္တယ္ဆိုတဲ႔ စကားက လူတိုင္းရဲ႕ ပါးစပ္ဖ်ားက ေျပာႏိုင္တာပဲ ။ ႏွလံုးသားထဲက တကယ္ ခ်စ္ဖို႔ပဲ လိုအပ္ခဲ႕တာပါ ''
'' ကိုယ္ .. သည္းငယ္ကို တကယ္ ခ်စ္ခဲ့တာပါ ''
'' ဒါကေတာ့ ကိုကို႔အေျပာေလ ။ ကိုကိုသာ သည္းငယ္ကို အမွန္တကယ္ ခ်စ္ခဲ႔မယ္ဆိုရင္ noonaနဲ႔ လက္ထပ္စရာ အေၾကာင္း မရွိဘူး ''
ေျပာစရာစကား မရွိေတာ့ဘူးမလား ။ မရွင္းျပ ႏိုင္ေတာ့ဘူးမလား ။
သည္းငယ္သိတဲ႔ ကိုကိုက မျပတ္သားတဲ႔ သူတစ္ေယာက္ေလ ။
'' ေဖ်ာ္ရည္ကို တကူးတက အလုပ္ပ်က္ခံၿပီး ဝယ္လာေပးတဲ႔အတြက္ ဒီပန္းေလးကို ကိုကို႔အတြက္ လက္ေဆာင္ ေပးလိုက္မယ္ ''
က်ေနာ္ကိုယ္တိုင္ ရိုးတံခ်ိဳးထားတဲ႔ ႏွင္းဆီပန္းကို ကိုကို႔ အက်ၤ ီအိတ္ကပ္ထဲ ထိုးေပးလိုက္သည္ ။
ဒီတစ္ေလွ်ာက္ ကိုကို႔မ်က္ႏွာက္ုိေတာ့ တစ္ခ်က္ မၾကည့္ခဲဲ့ပါဘူး ။
'' သည္းငယ္ ေက်ာခိုင္းသြားနဲ႔ ဒီပန္းကို ကိုကို႔ သေဘာအတိုင္း လုပ္လိုက္ပါ ။ လႊင့္ပစ္တာပဲ ျဖစ္ျဖစ္ေပါ့ ။ အာ .. ဒီႏွင္းဆီ နာမည္က Deep Secretတဲ႔ .. မွတ္ထားေနာ္ ကိုကို ''
အရင္က ကိုကို သည္းငယ္ကို ခဏခဏ ေက်ာခိုင္းခဲ႔ ဖူးတယ္ေနာ္ ။ အခု .. သည္းငယ္က ကိုကို႔ကို အရင္ ေက်ာခိုင္းလိုက္ေတာ့ ဘယ္လိုခံစားရလဲဟင္?
နာက်င္ေနမွာလား? ခံရခက္ေနမွာလား?
ဒါမွမဟုတ္ .. ကိုကို႔ ခံစားခ်က္ေတြ ကင္းမဲ႔ေနမလား?
ဒါေပမယ့္ အခု Do Kyungsooက ကိုကိုအရင္က သိခဲ႔တဲ႔ သည္းငယ္ မဟုတ္ေတာ့ဘူး ။
|--- H I D D E N ---|
ဒီficေလးကို ဖတ္ရတာ အဆင္ေျပမယ္လို႕ ေမွ်ာ္လင့္ပါတယ္😊😇
Love you all❤❤❤
Thank for reading my fic🙋
Deep Secertဆိုတဲ႔ ႏွင္းဆီပန္းေလး👇👇
<unicode>
'' မုန်းတယ်!!! ''
သူမ အခန်းထဲမှာ အကျၤ ီခေါက်နေရင်း အောက်ထပ်ကနေ ကြားလိုက်ရတဲ့ အသံကြောင့် သူမလက်ထဲက အကျၤ ီပင် ကုတင်ပေါ်ကို ပြုတ်ကျသွားခဲ့သည် ။
ဖြစ်နေကျ ဖြစ်စဉ်ဆိုသော်ငြား သူမစိတ်ပူမိပါသည် ။
အောက်ထပ်ကို အပြေးအလွှားဆင်းရင်း .. လှေကားထိပ်မှာ သူမကို လာခေါ်ပုံရသော အိမ်ဖော်မလေးကလည်း မျက်စိမျက်နှာ ပျက်ယွင်းစွာနဲ့ ။
'' ထမင်းစားခန်းထဲမှာ .. မမလေး ''
အိမ်ဖော်မိန်းကလေး စကားအတိုင်း သူမ အောက်ထပ်က ထမင်းစားခန်းထဲ ဝင်ခဲ့တော့ မြင်လိုက်ရသည်က...
စားပွဲရဲ့ တစ်ဖက်က ထိုင်ခုံပေါ်က မျက်ရည်တွေ ပေပွနေတဲ့ မျက်နှာရယ်က .. တစ်ဖက်မှာ ထိုင်ပြီး မနက်စာ အေးအေးဆေးဆေး စားနေတဲ့သူကို နာနာကျည်းကျည်းပင် ကြည့်နေခဲ့တယ် ။
ပြီးတော့...
ပြောင်လက်နေတဲ့ ကြွေသားကြမ်းခင်းပေါ်မှာ အစိတ်စိတ် အမွှာမွှာ ကွဲအက်နေတဲ့ တရုပ်နဂါးပုံပါတဲ့ ပန်းကန်လုံး တစ်လုံး ။
ဘေးပတ်ပတ် လည်မှာက ...
အရည်တစ်ချို့ရယ် ၊ အသားစတွေရယ် ။
'' မောင် .. ဘာဖြစ်တာလဲ? ''
သူမ အမေးကို ပြန်ဖြေခြင်း မရှိသောသူသည် မနက်စာကို ပုံမှန်သာ ဆက်စားနေသည် ။
ဘေးနားမှာ ကြောင်တောင်တောင်နဲ့ ရပ်နေတဲ့ အိမ်အကူမလေးက အခုမှ သတိဝင်လာဟန်နဲ့ လက်ထဲက ရေဖန်ခွက်ကို မနက်စာ စားနေတဲ့ ထိုသူရှေ့ ချပေးလိုက်သည် ။
'' သခင်လေးက သူဌေး မကြိုက်တဲ့ ကြက်သွန်မြိတ်ကို ဟင်းရည်ထဲ ခပ်မိလိုက်တာ မမလေး ''
သူမဘေးနား တိုးတိုးတိတ်တိတ် ပြောသွားတဲ့ မိန်းကလေးကတော့ ကုပ်ကုပ်,ကုပ်ကုပ်နဲ့ ထွက်သွားလေပြီ ။
Kimအိမ်တော်ရဲ့ အရှင်သခင် စိတ်တိုရင် ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ တစ်အိမ်လုံးအသိ ။
'' ခင်ဗျားကိုရော ဘယ်သူက စားပါလို့ ခေါ်နေလို့လဲ? ဘာလို့ ဟင်းရည်ပန်းကန်ကို ခွဲလိုက်တာလဲ!!!! ''
'' ငါမကြိုက်တာကိုမှ .. မင်းကလုပ်တာကိုး ''
'' ခင်ဗျားကရော .. ဘယ်တုန်းက တစ်ဖက်သား ခံစားချက်ကို ကြည့်ပေးဖူးလို့လဲ!!! ''
'' Do Kyungsoo!!!! ''
စားပွဲကို ဒုန်းကနဲ ထုရိုက်သံက တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ အသံကျယ်ကျယ်နဲ့ ထွက်ပေါ်လာတယ် ။
'' Hak! Wae? အရှိုက်ထိတော့ နာတယ်ပေါ့ ''
'' မင်းတော်လိုက်တော့ ''
'' မတော်နိုုင်ဘူး ဆိုရင်ကော? ''
'' Kyungလေး ''
အံကြိတ်ပြီး လည်ပင်းကြောတွေ ထောင်နေသည်အထိ စိတ်တိုနေတဲ့ သူမယောကျာ်းကြောင့် မောင်ဖြစ်သူကို အလျှင် အမြန်ပင် ထိန်းရတော့သည် ။
'' လွှတ်!! noona .. လွှတ်ပါဆိုနေ!!! ''
သူမ .. မောင်ဖြစ်သူရဲ့ လက်မောင်းကို အတင်းဆွဲရင်း အပေါ်ထပ်က အခန်းကို ဦးတည်လိုက်သည် ။
'' noona လွှတ်တော့ဗျာ!! ''
စိတ်တိုနေ၍ နီရဲနေတဲ့ မျက်နှာကြောင့် သူမ မောင်လေးရဲ့ ဆံပင်လေးတွေကို ငယ်ငယ်ကလို ဆွဲဖွပေးလိုက်သည် ။
'' Kyungလေး .. ဘာဖြစ်တာလဲ? noonaကိုပြော ''
'' ......... ''
'' မပြောချင်လည်း noonaအတင်း မမေးတော့ပါဘူး .. နားလိုက်တော့နော် ''
ပြန်မစဉ်းစား ချင်တော့လောက်အောင် ခုနက အဖြစ်အပျက်က Kyungsooအတွက် အတော်ကို စိတ်တိုစေတာထက် စိတ်နာစေသည် ။
အထက်တန်း ကျောင်းသား ဘဝကလို ကိုကို့မျက်နှာ တစ်ချက်ညှိုးရင် မျက်ရည်ဝဲနေတတ်တဲ့ သည်းငယ် မဟုတ်တော့ဘူး ။
'' မောင် .. ခုနတုန်းက မရဲ့မောင်လေးနဲ့ ဘာဖြစ်တာလဲ? ''
'' Company သွားတော့မယ် ''
သူမအတွက်တော့ ကျောခိုင်း သွားခြင်းက နေသားကျနေပါပြီ ။
•°•°•°•°•
'' ဒေါ်လေး ''
'' သခင်လေး .. ဘာလိုချင်လို့လဲ? ''
ညစာ ချက်နေသည့် အဒေါ်ကြီးက Kyungsooအမေးကြောင့် အလုပ် လုပ်နေရာက ချက်ချင်းရပ်လိုက်သည် ။
'' ပန်းသီး ဖျော်ရည်ကို ခြံထဲ လာပို့ပေးပါ ''
'' ဟိုလေ .. သခင်လေး ပန်းသီးက ကုန်နေတယ် ''
'' အဲ့ဒါဆိုလည်း ထားလိုက်ပါတော့ ''
ဒီနေ့တော့ ပန်းသီးဖျော်ရည် မသောက်ပဲ စာလုပ်ရတော့မယ် ထင်ပါရဲ့ ။
ခြံထဲက ကျောက်သားနဲ့ ထွင်းထားတဲ့ စားပွဲက ကျနော် စာလုပ်နေကျ နေရာ ။
ဒီနေရာက လေကောင်း လေသန့်လည်း ရတယ် ။ လေတိုက်ရင်လည်း ခြံရဲ့တောင်ဘက်မှာ စိုက်ထားတဲ့ နှင်းဆီပန်းတွေဆီက ခပ်သင်းသင်း အနံ့လည်း ရတယ် ။
စာလုပ်ရင် စိတ်ကြည်စေတော့ ကျနော့အတွက် သဘောကျရာ ကိုယ်ပိုင်နေရာ ငယ်လေးတစ်ခု ။
အခု ...
ကျနော့လက်ထဲ ကိုင်ထားတဲ့ နှင်းဆီပွင့်လေးက Deep Secret
ပန်းဆီရောင် ပွင့်လွှာတွေနဲ့ တော်တော်ကြီးကို လှပါသည် ။
အပွင့်ကြီးကြီး ပွင့်လွှာတွေအောက်မှာ 6လက်မလောက် အရှည်ရှိတဲ့ ရိုးတံ ။
ကျနော် နှင်းဆီရိုးတံကို ချိုးလိုက်တော့ ကျန်နေသေးသည့် ရိုးတံက 1လက်မသာသာပင် ရှိတော့သည် ။
သို့သော်ငြား...
Deep Secretဆိုသည့် နှင်းဆီပွင့်က အကျည်းတည်မှုကို ဖုံးကွယ်ပြီး လှနေသေးသည် ။
ထို .. နှင်းဆီပွင့်ကို အဘက်ဘက်က လှည့်ပတ်ပြီး ကြည့်နေမိသည် ။
ကျနော်တော့ နာကျင်မှုတွေကို ဒီနှင်းဆီပွင့်လို ဖုံးကွယ်မထားနိုင် ။
'' စာမလုပ်ပဲ .. ဘာတွေငေးနေတာလဲ? သည်းငယ် ''
စားပွဲပေါ် ရောက်လာတဲ့ ပန်းသီဖျော်ရည် ဘူးလေး...
တွန့်ကွေးစွာ ပြုံးနေတဲ့ ကျနော့နှခမ်းနဲ့ ဆန့်ကျင်မှုက ရင်ဘတ်ထဲက ခံစားချက် ။
'' ဘာအတွက်လဲ? ကျနော် ခင်ဗျားကို မမှာလိုက်ဘူးနော် ''
မျက်စိရှေ့က ဘူးလေးက နေရာရွေ့သွားခြင်း မရှိ ။
'' စာလုပ်ရင်း ပန်းသီးဖျော်ရည် သောက်တတ်တာ ကိုယ့်သည်းငယ်ရဲ့ အကျင့်လေး တစ်ခုလေ ''
'' အော် .. ကျနော့် အကြိုက်တွေကို ခင်ဗျား သိနေသေးတာပဲ အဟင်း~ ကျေးဇူးနော် ''
'' ကိုယ်တို့ကြားမှာ ကျေးဇူးဆိုတဲ့ စကားက လိုလို့လား? ''
'' လိုတာပေါ့ .. ခင်ဗျားနဲ့ ကျနော်က အရင်လို ဆက်ဆံရေးမှ မဟုတ်တော့တာ ''
အတင့်ရဲစွာနဲ့ ကျနော့ဘေး လာထိုင်နေတဲ့သူကြောင့် ဘေးနားက ခုံကို ပြောင်းထိုင်လိုက်သည် ။
'' သိပ်ကို စိမ်းကားလွန်းတယ် .. သည်းငယ် ''
'' ကိုကို ရွေးချယ်ခဲ့တဲ့ လမ်းပဲလေ ''
မျက်နှာကို တစ်ချက်မကြည့်ပဲ .. ကျနော့ အကြည့်တွေက မျက်စိရှေ့က စာအုပ်ကိုသာ ပို့ထားလိုက်သည် ။
တိတ်ဆိတ်သွားတဲ့ လေထုအတွင်းမှာ သူနဲ့ကျနော်ရယ်ရဲ့ အသက်ရှူ သံကသာ ကြီးစိုးနေလေသည် ။
'' ဖျော်ရည်အတွက် ကျေးဇူးပဲ ''
လျှာဖျားက ခံစားရသည့် အရသာက...
ကျနော် အထက်တန်း ကျောင်းသားဘဝက သူဝယ်တိုက်ခဲ့တဲ့ ပထမဦးဆုံးသော ဆိုင်က ။
'' ချစ်တယ် .. သည်းငယ် ''
'' ရင်မခုန်တော့ဘူး ကိုကို ။ ကိုကို့စကားက သိပ်လွယ်လွန်းတယ် .. ချစ်တယ်ဆိုတဲ့ စကားက လူတိုင်းရဲ့ ပါးစပ်ဖျားက ပြောနိုင်တာပဲ ။ နှလုံးသားထဲက တကယ် ချစ်ဖို့ပဲ လိုအပ်ခဲ့တာပါ ''
'' ကိုယ် .. သည်းငယ်ကို တကယ် ချစ်ခဲ့တာပါ ''
'' ဒါကတော့ ကိုကို့အပြောလေ ။ ကိုကိုသာ သည်းငယ်ကို အမှန်တကယ် ချစ်ခဲ့မယ်ဆိုရင် noonaနဲ့ လက်ထပ်စရာ အကြောင်း မရှိဘူး ''
ပြောစရာစကား မရှိတော့ဘူးမလား ။ မရှင်းပြ နိုင်တော့ဘူးမလား ။
သည်းငယ်သိတဲ့ ကိုကိုက မပြတ်သားတဲ့ သူတစ်ယောက်လေ ။
'' ဖျော်ရည်ကို တကူးတက အလုပ်ပျက်ခံပြီး ဝယ်လာပေးတဲ့အတွက် ဒီပန်းလေးကို ကိုကို့အတွက် လက်ဆောင် ပေးလိုက်မယ် ''
ကျနော်ကိုယ်တိုင် ရိုးတံချိုးထားတဲ့ နှင်းဆီပန်းကို ကိုကို့ အကျၤ ီအိတ်ကပ်ထဲ ထိုးပေးလိုက်သည် ။
ဒီတစ်လျှောက် ကိုကို့မျက်နှာကိုတော့ တစ်ချက် မကြည့်ခဲ့ပါဘူး ။
'' သည်းငယ် ကျောခိုင်းသွားနဲ့ ဒီပန်းကို ကိုကို့ သဘောအတိုင်း လုပ်လိုက်ပါ ။ လွှင့်ပစ်တာပဲ ဖြစ်ဖြစ်ပေါ့ ။ အာ .. ဒီနှင်းဆီ နာမည်က Deep Secretတဲ့ .. မှတ်ထားနော် ကိုကို ''
အရင်က ကိုကို သည်းငယ်ကို ခဏခဏ ကျောခိုင်းခဲ့ ဖူးတယ်နော် ။ အခု .. သည်းငယ်က ကိုကို့ကို အရင် ကျောခိုင်းလိုက်တော့ ဘယ်လိုခံစားရလဲဟင်?
နာကျင်နေမှာလား? ခံရခက်နေမှာလား?
ဒါမှမဟုတ် .. ကိုကို့ ခံစားချက်တွေ ကင်းမဲ့နေမလား?
ဒါပေမယ့် အခု Do Kyungsooက ကိုကိုအရင်က သိခဲ့တဲ့ သည်းငယ် မဟုတ်တော့ဘူး ။
|--- H I D D E N ---|