Hateful Love {Complete}

By ParkeunA_61

121K 8.1K 659

အမုန်းနဲ့စတင်ခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာလေးက မမျှော်လင့်ပဲ ရှင်သန်ပေါက်ဖွားလာခဲ့တယ် #Chan... More

part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9 (Sweet moment)
Part 10
Part 11
Part 12(Chan Pov )
Part 13
Part 14
Part 15
Part 16
Part 17
Final
S2

Part 8

5.6K 457 36
By ParkeunA_61

"HATEFUL LOVE"

ဒနေ့ ကျောင်းပိတ်ရက်ဖြစ်သည်မို့ အိမ်မှာလဲ မနေချင်...

ကိုကို့ဆီ လိုက်သွားရန်လဲ ကိုကိုက ကြိုက်မည်မဟုတ်...

စာကြည့်တိုက်ကို သွားရန် ဆုံးဖြတ်ကာ လွယ်အိတ်ကို ယူပြီး တံခါးအဖွင့်....

"Hey baekhyun...
မောင်ရှိတယ် ဟုတ်..."

ကိုယ်ကျပ်အင်္ကျီကို အတိုပေါင်လယ်ပင်မရှိဝတ်ထားကာ..
ဆံပင်နီ အနီရဲရဲကိုဆိုးထားသည်မှာ..
မြင်သူတကာ ယောင်္ကျားအပေါင်းကြွေကြနိုင်တဲ့ ရုပ်ရည်ရှိသော်လဲ..
ထိုမိန်းမကို ကျွန်တော် ကြည့်မရ...
ရှင်းရှင်းပြောရ $မြင်ကတ်သည်ဟု ဆိုနိုင်သည်....

"မရှိဘူး company သွားတယ်... "

စကားကိုတိုတိုတုတ်တုတိပြောကာ.. ထိုမိန်းမကို တွန်းတိုက်၍ထွက်လာလိုက်သည်...

နောက်မှာ သူမပြောသံတော့ကြားလိုက်ပါရဲ့...
Company မှာလဲ မရှိဘူးဆိုလား...

မကြားချင်ယောင်ဆောင်ကာ

အင်္ကျီအနောက်တွင်ပါသည့် ခေါင်းဆောင်းကို ခေါင်းတွင်စွပ်...
နားကြပ်ကို နားမှာတပ်ကာ အသံကို ချဲ့ကာ ခြေလှမ်းများက စာကြည့်တိုက်ဆီသို့.....

စာကြည့်တိုက်ရောက်တော့ ကိုယ်ဖတ်ချင်သည့်စာအုပ်ကို ရှာတော့တွေ့ပါရဲ့..
ဟိုး အမြင့်ကြီးမှာ..ခြေဖျားထောက်ယူလည်းမရ..
အကြံအိုက်နေတုန်း... လူက လေပေါ်မြောက်သွားသလို....

"အ... ဘယ်သူ..
ဟင်...Mike"

"ဟီး လန့်သွားလား ဂျပုလေး...
မင်းကလဲ အရပ်ပုတာ.. ဒါလေးတောင်မမှီဘူး.. "

ကျွန်တော်သူ့ကိုမျက်စောင်းထိုးရင် စာအုပ်ယူလိုက်တယ်..

"ချပေးတော့"

"ဟမ်.... အင်း အင်း.."

စာအုပ်ယူပီး.. နေရာကိုသွားကာ...
ကျကျနန ထိုင်ဖတ်နေလိုက်တယ်..

Mike ရှိနေတဲ့အတွက်မပျင်းရပေမဲ့
သူက ကျွန်တော့ကို တချိန်လုံးကြည့်နေတာ မျက်စိထောင့်ကနေ မြင်နေရသည်မို့ မနေတတ်..

"Baekhyun ah.."

"အင်းပြောလေ..."

"ငါ...ငါ..လေ..
မင်းကို..."

"ဘာပြောမှာမို့ ဒီလောက်ထစ်နေတာလဲ.. "

"ဘာမှမဟုတ်တော့ပါဘူး.... "

ကျွန်တော်သိတာပေါ့ သူဘာပြောမလဲဆိုတာ..
သူငယ်ချင်းအဆင့်ထက်မပိုတဲ့ငါ့ကို မင်းမချစ်ပါနဲ့ Mike....

မင်းပဲ ခံစားရလိမ့်မယ်...

သက်ပြင်းတချက်ချကာ..
ဖတ်လတ်စ စာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်...

စာအုပ်ထဲတွင် အာရုံရောက်သွားခဲ့တာ ဘာမှမသိတော့...
သတိရလို့ ကြည့်မိတော့ Mike က ဘေးမှာ သူ့လက်မောင်းသူခေါင်းအုံးပြီး စားပွဲပေါ်မှာ အိပ်နေသည်...

အချိန်ကြည့်မိတော့ ည ၇နာရီ...

Oh!!!! သွားပီ...
ကိုကိုဆူတော့မယ်.. ..

"Mike .....Mike
ပြန်ကြမယ်"

အိပ်ပျော်နေတဲ့ Mike ကိုတချက်လှုပ်နိုးပြီး အပြင်ထွက်လိုက်တယ်...

ဟာ.... မိုးကရွာနေတယ်...
မတတ်နိုင်ဘူး...  မိုးစဲတဲ့အထိ ဒီမှာပဲ မိုးခိုရမှာပဲ..

"Baekhyun...  မိုးတွေရွာနေတာ ဘယ်လိုလုပ်မှာလဲ.. "

"ခဏစောင့်ကြည့်ဦးမယ်...
တော်တော်နဲ့ မစဲဘူးဆို Taxi နဲ့ ပြန်မယ် "

"Imm imm"

မိုးက ရွာနေသည်မှာ သည်းကြီးမည်းကြီး..
လူကလဲ အနွေးထည်နှင့်ဆိုပေမဲ့ မိုးအေးတဲ့ဒဏ်ကို မကာကွယ်ပေးနိုင်...

အေးလို့ လက်မောင်းနှစ်ဖက်ကိုပွတ်နေမိသည်..

"Baekhyun..
ဒီဘက်လှည့်"

Mike ခေါ်လို့လှည့်ကြည့်တော့ ကျွန်တော့ကိုယ်ပေါ် သူ့အနွေးထည်ခြုံပေးလေရဲ့..

"အ...  ငါ့မျက်လူံးဘာဝင်သွားလဲမသိဘူး"

"Wae wae... ဆင်ပြေလား"

ကျွန်တော်လဲ ခြေဖျားထောက်ကာ သူ့မျက်လုံးကို မှုတ်ပေးလိုက်တယ်..

ကျွန်တော်တို့နှစ်ယောက်ပုံက တခြားထောင့်က အမြင်ဆို နမ်းနေကြသည့် ပုံမျိုး....

"ရဘီ ကျေးဇူး ဟီး "

~~~~~~~HATEFUL LOVE~~~~~

"ပြန်ရောက်ပါပီ"

အိမ်ရောက်တာနဲ့ ကိုကို့ကို မြင်တော့ လှမ်းနှုတ်ဆက်လိုက်တယ်..

"ဘယ်သွားနေတာလဲ Byun Baekhyun"

"စာကြည့်တိုက်ပါ ကိုကို.."

"ဟက်!!! စာကြည့်တိုက် ဟုတ်လား...
ပြောပာဦး ..ကားဂိတ်မှာ လူမမြင်သူမမြင် နမ်းနေတဲ့ အချစ်ငှက်နှစ်ကောင်က ဘယ်သူတွေလဲ "

ကိုကို မြင်သွားတာလား....
ကျွန်တော်နဲ့ Mike ကို..
နမ်းနေတာ မဟုတ်တဲ့အကြောင်း
ရှင်းပြချင်ပေမဲ့
ပါးစပ်က အာစေးကပ်နေသလို
နှုတ်ပိတ်နေမိသည်...

"မင်းက ငါ့ကိုမရလို့
တခြားကောင်တွေကိုပါ
အပိုင်ကြံနေတာလား "

"ကိုကို!!!!"

ကျွန်တော့် သိက္ခာတွေကို ထိပါးလာတဲ့အတွက်
ကိုကို့ကို အော်လိုက်မိသည်...

"မင်း ငါ့ကို အော်စရာမလိုဘူး Baekhyun"

"တောင်းပန်ပါတယ် ကိုကို..
ကျွန်တော်မေ့သွားတယ်..
ကျွန်တော်က ကိုကို့ရဲ့ အခိုင်းအစေ...
ကျွန်တစ်ယောက်ဆိုတာကို ...

အဲဒီအတွက် ကိုကို ကြိုက်တဲ့
အပြစ် ပေးလို့ရ.... အ..."

နားထင်ကို ရိုက်ချလိုက်တဲ့ ကိုကို လက်ကြောင့်
လူက ကြမ်းပြင်ပေါ် အလိုလို ပုံချသွားသည်...

ဘေးနားက ပန်းအိုးနဲ့လဲ တိုက်မိကာ ကျကွဲပီး လက်မောင်းကို ထိုးခွဲသွားသည် ဖန်ကွဲစ...

ဒဏ်ရာက သေးသော်လည်း နက်သွားသည်နှင့်တူ ...
သွေးတွေထွက်လာသည်မှာ တော်နှင့်မျှ မတိတ်

ထို့နောက် အေးစက်သည့် အထိအတွေ့တချို့...
ရေနဲ့ လာလောင်းသည့် ကိုကို...

ဟက်... ကိုကိုရယ် ကျွန်တော့ကိုအပြစ်ပေးတာပဲ ရေသယ်နေရသေးတယ်...

ကျွန်တော်ကိုယ်တိုင် ရေထဲဆင်းနေပေးမှာပေါ့...

ခုလို ရေသယ်လာတော့ ကိုကိုပင်ပန်းတာပေါ့...
မတ်တပ်ရပ်ကာ အိမ်အပြင်ထွက်မယ် အပြု...

"ဒါက ဘယ်လဲ Baekhyun
ခုချက်ချင်း အိမ်ပေါ်တက်
အဝတ်အစားလဲပြီး
အောက်ပြန်ဆင်းခဲ့ "

သေဆိုသေ
ရှင်ဆိုရှင်ရမယ့်ဘဝမှာ
သူ့နှုတ်ခမ်းပါးကထွက်တဲ့
စကားလုံးတိုင်းက
အမိန့်ပဲပေါ့....
.......

အိမ်ပေါ်ကနေပြန်ဆင်းလာတော့..
ဆိုဖာပေါ်မှာထိုင်နေတဲ့ကိုကို..

"လာ...ဒီကို.."

သူ့ဘေးနားထိုင်စေပြီးလက်မောင်းကို ဆွဲလှန်ကာ..

ဆေးတချို့ထည့်ပေးနေတဲ့ကိုကို

"အ...စပ်တယ် "

"ကလေးမလိမ်မာလို့လေ...
ကလေးရာ ကိုကို ဒေါသမထွက်ချင်ဘူး...
ကျေးဇူးပြုပြီး လိမ်မာပေးပါ...

ကိုကို့ကို ဒေါသထွက်အောင်လုပ်ရင်
ကလေးပဲ အနာတရဖြစ်တာ..
ခုလဲ ကြည့်ကွာ.. အရမ်းနာသွားလား ကလေး"

တကယ်~~~~ကိုကို့စိတ်ကို မလိုက်နိုင်တော့...

လွန်ခဲ့တဲ့ ၃လလောက်ကပင် အကြီးအကျယ်မုန်းပါတယ်ပြောဆိုပြီး..
ကိုယ်ဘာဖြစ်ဖြစ်ပစ်ထားခဲ့သည့်သူက..

ခုတော့.. အပြုအမူတွေက အရမ်းချစ်တတ်တဲ့ လူတစ်ယောက်ရဲ့ အပြုအမူတွေပင်...

"ကိုကို ~~~~ကျွန်တော့်ကို မမုန်းတော့ဘူးလား"

ဘာတခွန်းမှ မဖြေပဲ အနာကိုသာ အာရုံစိုက်ကာ ဆေးသေချာထည့်ပေးနေတဲ့ သူ...

"ကိုယ်မင်းကို မုန်းမမုန်းဆိုတာတော့ သေချာမသိဘူး...ကလေး..
ဒါပေမဲ့.. ကလေး ကိုယ်ဘေးနားမှာ မရှိလို့ မဖြစ်ဘူး... "

ရပီ.... အဲဒီလောက်ဆို ကိုကို့နှလုံးသားထဲ ကျွန်တော်ဆိုတဲ့ အရာလေး တစိတ်တပိုင်းလေး ရှိနေပီ...

မချစ်ဘူး ပြောရင်တောင် ကျေနပ်တယ်..
ဒီလို အခြေအနေလေးကို....

"ဆေးထည့်ပီးပီ....
ရော့ ကလေးကကော်ဖီသောက်မရဘူးလေ...
နွားနို့သောက်ပြီး အိပ်တော့နော်..
အအေးပတ်ပီး ဖျားမှာဆိုးလို့"

"ဟုတ် ကိုကို...."

သူပေးတဲ့ နွားနို့ကို တကျိုက်တည်းသောက်ပြီး
အပေါ်တက်ရန်လှည့်ထွက်စဉ်...

လူက ချာခနဲဆွဲလှည့်ခံရပီး ပူနွေးသွားသည့် နဖူးပြင်...

နူးနူးညံ့ညံ့နှင့်နမ်းသည့် ကိုကိုရဲ့ အကြင်နာကို ဒီတသက်မေ့မယ်မထင်...

"Goodnight ကလေး"

"အင်...အင်း.. Goodnight"

"အင်း.....ဒါနဲ့ မနက်ဖြန် ကလေးParty တခု တက်ရလိမ့်မယ်... ပြင်ဆင်ထား"

အာ ~~~~ ဒီလူကြီး ဘာလုပ်သွားတာလဲ...

ပူနွေးသွားသည့် ပါးပြင်တဖက်ကို ကိုင်ကာ အိပ်ယာထက် ဘုန်းခနဲ ပစ်လှဲလိုက်သည်....

"ဟိ ချစ်တယ် ကိုကို "

မေတ္တာတွေ ရောင်ပြန်ဟပ်လာပြီ ထင်ရဲ့.....
မုန်တိုင်းပြီးလေပြေလာတာ သဘာဝပဲလေ...

~~~~~~~HATEFUL LOVE~~~~~~

Party ပွဲရောက်သော်လဲ ပွဲက ကျွန်တော်နဲ့ အံဝင်ခွင်ကျမဖြစ်...

ကိုကိုက သူ့companyက လူကြီးတချို့နှင့် အလုပ်အကြောင်းပြောနေကြသည်...

"အကို့ အဲဒီ ရှန်ပိန်ခွက်ကလေးပေးပါ"

ပျင်းလာတာနဲ့အတူ....
ရှေ့မှဖြတ်လျှောက်သွားသည့် စားပွဲထိုးအကိုကြီးဆီမှ ရှန်ပိန်ကို ယူသောက်လိုက်သည်....

လည်ချောင်းတစ်လျှောက်ပူနွေးပီး ခါးသက်သည့်ဝေဒနာကို မကြိုက်သော်လဲ...
သောက်ပြီး ရီဝေဝေဖြစ်နေသည့် ခံစားချက်ကို နှစ်သက်မိသည်...

တခွက်ပြီး တခွက်သောက်နေခဲ့သည်မှာ..
ဘယ်နှခွက်သောက်ခဲ့မှန့်းမသိတော့....
ကျိန်းသေသည်က ကျွန်တော်မူးနေလေပီ....

"ဟေ့... ထ.. ထ.. "

ထိုင်ခုံမှာထိုင်ရင်းပင် ယိုင်ထိုးနေသည့် ကျွန်တော့ကို ပုခုံးမှ ကိုင်ကာ ခေါ်နေသည့် လူတစ်ယောက်...

"ကိုကိုလား?"......

"အင်း... လာ..
အိမ်ပြန်မယ် "

"အေ့...ကိုကို့အသံလဲ မဟုတ်ဘူး.."

ကိုကိုအသံသြသြရှရှလေးမဟုတ်ပဲ ချိုသာနေသည့်အသံကြောင့် မျက်စိကို အားယူဖွင့်ကြည့်မိသည်...

"ဟင်...မင်း.. ဟိုအကောင်မလား....
ဘာကိစ္စ ကိုကို.. အေ့... လို့... အေ့..
ပြောတာလဲ... "

"ကိုကိုရေ လာပါဥိး...
ကျွန်တော့်ကို ပြန်ပေးဆွဲမလို့ထင်တယ်..
ကျွန်တော်ကြောက်တယ် "

Party တခုလုံး သူ့အသံကြောင့် တိတ်ဆိတ်သွားပြီး ကိုကိုအပါအဝင် အကုန်လှည့်ကြည့်လာသည်..

Arshi...ရှက်တာ..

မြက်ခင်းစိမ်းနုနုပေါ် ခြေဆင်းချကာ ကလေးလေးတွေပူဆာသလိုငိုနေုပီးမှ ရှက်လို့ခေါင်းငုံလိုက်နဲ့ တခဏ အမြင်အာရုံထဲပေါ်လာသည့် ဖိနပ်ဦးတိုက်....

မော့ကြည့်တော့ ကိုကို...

"ကဲ ငမူးလေး ထ...
ဘာလို့အာ့လောက်သောက်ရတာလဲ...
အိမ်ပြန်မယ်"

မထနိုင်တော့သည့် ကျွန်တော်ကို သူ့ကျောပေါ်တက်စေကာ ချီပီး..

"ဒိက အကိုကို ကျေးဇူး ....."

*တောက်*

ကိုကိုရဲ့ တောက်ခေါက်သံကြားသော်လဲ ဘာကိုမှမတွေးမိ...

*ချစ်တယ် ကိုကို*

သိတေ ဒီficကိုစိတ်မဝင်စားကြဘူးဆိုတယသိတယ်
ရေးလက်စနဲ့တော့ ဆက်ရေးမယ်နော်
Fb မပေးကြလဲ ချစ်တေ အကုန်ချစ်တေ...




Continue Reading

You'll Also Like

439K 35K 37
မားဖီယားဂိုဏ်း၏တစ်ဦးတည်းသောသား၀မ်ရိပေါနှင့်ပျော်ပျော်နေတတ်သည့်ရှောင်ကျန့်တို့တွေ့ကျရာ JJရဲ့ပထမဆုံးသောfic ပါ မားဖီယားဂိုဏ်း၏တစ်ဉီးတည်းသောသားဝမ်ရိပေါန...
816K 16.5K 83
ကောင်မလေးကိုချစ်ပါသည်။
4.2K 225 14
Yizhan Fanfiction ပထမ ဆုံး ရေးတဲ့ Fanfic လေးပါ အတတ်နိုင်ဆုံးကြိုးစားပီး ထားပါတယ် ဖတ်ပီးတော့အရေးအသားတွေ စိတ်ကြိုက်ဝေဖန်ပေးကြပါဦးရှင့် 💕 Complete ဖြစ...
888K 79.2K 60
အမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..