Poison EGO
By Ohminma_94
74.5K 5.8K 538
တစ်​ခါတစ်​ရံမှာ အတ္တ​တွေက အဆိပ်​ဖြစ်​သွားတတ်​ပြီး တစ်​ခါတစ်​ရံမှာ အတ္တ​တွေက ချိုမြိန်ခြင်း​​ဖြစ်​သွားတတ်​တယ်​ ... More
Intro
One
Two
Three
Four
Five
Six
Seven
Eight
Nine
Ten
Eleven
Twelve
Thirteen
Fourtheen
fifteen
Sixteen
Seventeen(Part_1)
Seventeen(Part_2)
Eighteen
Nineteen
Twenty
Twenty-One
Twenty_Two
...
Twenty_Three
Twenty_Four
Twenty_Five
Twenty_Six (Part_1)
Twenty_Six (Part_2)
Twenty_Eight (Part_1)
Twenty_Eight (Part_2)
Twenty_Nine
Thirty
Thirty_One
Thirty_Two
Twenty_Seven
1.3K 147 39
By Ohminma_94
Warm World🔮
'က​လေး​တွေက ချစ်​စရာ​လေး​တွေ​နော်​ arjeoshi´
'inn ဟုတ်​တယ်​​နော်​´
ညကတည်းက က​​လေး​လေး အတွက်​ဟုဆိုကာ က​လေး
Companyကို ဖုန်းလှမ်းဆက်​ လိုအပ်​တာ​တွေအကုန်​မှာ
ပြီး ပြင်​ဆင်​ရန်​အတွက်​ပါ တစ်​ခါတည်းမှာ​နေသူ...။
မနက်​ကို အ​စောကြီးနိုး​နေပြီး....လူကိုပါ မရမကအ​စောကြီး
ထခိုင်းတဲ့ ​က​လေး။
၆နာရီ​လောက်​ကတည်းက ​ရေချိုးခန်းဝင်​ မနက်​စာပြင်
အ၀တ်​​တွေ အ၀တ်​​လှောက်​စက်​ထဲထည့်​နဲ့ တစ်​​ယောက်​ထဲ
ကို အလုပ်​ရှုပ်​​နေခဲ့​သေးသည်​။ ​ဂေဟာအတွက်​ ပစ္စည်း​တွေ
ကို သူပဲကားထဲထည့်​ သူပဲပြင်​ဆင်​​နေတာ ကျွန်​​တော်​ပင်​သူ့
အစား​မော​နေခဲ့သည်​။
ထိုသို့မနားတန်းလုပ်​​နေရက်​နဲ့​တောင်​ မိဘမဲ့​ဂေဟာသွားရန်
ဆိုတဲ့ အသိ​လေးနဲ့တင်​ သူ​ပျော်​​နေတာတဲ့...။
အခုလည်း က​လေး​တွေကို ​ငေးကြည့်​ရင်း ပြုံး​နေပြန်​သည်​။
က​လေး​တွေကိုကြည့်​တဲ့အကြည့်​က ကြင်​နာမှု အပြည့်​...။
'လာ မာသာကြီးနဲ့ သွား​တွေ့ရ​အောင်​​လေ´
'အင်း´
လက်​​လေးကို အသာကိုင်​လိုက်​​တော့ အတန်​ငယ်​​အေးစက်
နေသည်​။ သူ့မျက်​နှာ​လေးက စိတ်​လှုပ်​ရှားသည့်​ဟန်​ လုံးဝ
မပြ...။ သူတကယ်​ပင်​ စိတ်​လှုပ်​ရှား​နေ​လောက်​သည်​။
ကျွန်​​တော်​လည်း ကျွန်​​တော်​တို့ဆီ ​ရောက်​လာ​တော့မယ့်
က​လေး​လေးအား ​အရမ်းပင်​​တွေ့ချင်​​နေပြီ...။
'မ​နေ့က ဖုန်းဆက်​ထားတဲ့ Ohsehun ဆိုတာလား?´
'ဟုတ်​ပါတယ်​ မာသာ´
'အင်း က​လေး​တွေကို သွားကြည့်​ရ​အောင်​​လေ´
'​ကောင်းပါပြီ´
မာသာကြီး​ခေါ်သွားရာ ​ဟောခန်းကြီးတစ်​ခုထဲ ​ရောက်​သွား
သည်​။ ထိုအခန်းမှာ က​လေး​တွေရဲ့ ထမင်းစားခန်း​လေး...
က​လေး​တွေ ထမင်းစားပြီးလို့ ပြန်​ထွက်​​တော့မယ့်​အချိန်
ချစ်​ဖို့​ကောင်းလိုက်​ကြတာ...သူတို့ဘ၀​လေး​တွေက သိပ်​ကို
သနားဖို့​ကောင်းတယ်​...။
'အ့!´
'အို...က​လေး!!´
'ဟင့်​´
'အို က​လေးကို ဘာလို့တွန်းလိုက်​တာလဲ သား မာသာကြီး
မကြိုက်​ဘူး​နော်​´
၆နှစ်​သားအရွယ်​က​လေးတစ်​​ယောက်​က လသားအရွယ်​က
လေး​လေးအား ​ပွေ့ချီထားသည်​။
'မာသာ ဟိုက​လေး​လေးက?´
'Wiwi ​ရေ သား ဒီကို ခဏလာပါအုန်း´
က​လေးကို ချီထား​သော ထိုက​လေး​လေးက မာသာကြီးနား
တစ်​လှမ်းချင်း​လျှောက်​လာသည်​။
'မာသာ ဘာကိစ္စ ရှိလို့လဲဟင်​?´
'မာသာ့ကို သားငယ်​​လေး​ပေးခဲ့´
'ဟုတ်​´
မာသာလက်​ထဲက ထိုက​လေးငယ်​ကား ၀,၀ကစ်​,ကစ်​က
လေးနဲ့ ချစ်​ဖို့​ကောင်းလှသည်​။ မျက်​လုံး​လေးများက ဖန်​​ဂေါ်
လီလုံး​လေးများနှယ်​...နှုတ်​ခမ်း​လေးက ဆူထွက်​​နေပြီး
အသည်းပုံသဖွယ် ​ပေါ်လွင်​နေသည်​။
ပါးဆုံကြီးများကတွဲကျ​နေပြီး
ရဲရဲက​လေးနှင့်​ ချစ်​ဖို့​ကောင်း​နေသည်​။ လက်​က​လေးများက
ကောက်​ညှင်းထုတ်​​လေးနှယ်​ ကျစ်​လစ်​​နေပြီး ​ခြေ​ထောက်​က
လေးများကလည်း ထိုသို့နှယ်​...။
'ဒီက​လေး​လေးက ဒီမှာ အသက်​အငယ်​ဆုံး​လေ...မိဘ​တွေ
က ကား​မှောက်​ပြီးဆုံးသွားကြတာ​လေ သနားစရာ​ကောင်းပါ
တယ်​ကွယ်​´
'က​လေးရယ်​´
'ကျွန်​​တော်​ ဒီက​လေး​လေးကို ​မွေးစားချင်​တယ်​ arjeoshi´
'က​လေးသ​ဘော​လေ´
'arjeoshi က​ကော သ​ဘောတူရဲ့လား က​လေးက
အရမ်းသနားဖို့​ကောင်းတယ်​´
'ကိုလည်းက​လေးကို သနားမိတယ်​...ကိုတို့ ​မွေးကြမယ်
လေ´
'တကယ်​​နော်​ arjeoshi!´
'inn​ပေါ့´
'မာသာနဲ့ ရုံးခန်းလိုက်​ခဲ့ကြ​နော်​´
က​လေးအား ကျွန်​​တော့်​လက်​ထဲ​ပြောင်းထည့်​​ပေးသည်​။
ကျွန်​​တော့်​လက်​ထဲလည်း​ရောက်​​ကော က​လေး​လေးက
ရီပြသည်​။ လက်​က​လေးနှစ်​ဖက်​အား လက်​သီးစုပ်​​လေးသ
ဖွယ်​​လုပ်​ထားရင်း ကျွန်​​တော့်​ပါး​လေးအား လာထိသည်​။
'ခစ်​...ခစ်​´
'ar...arjeoshi က​လေး​လေး...က​လေး​လေးက
ကျွန်​​တော့်​ကို ရီပြ​နေတယ်​...သူရီ​နေတယ်​!!´
ဝမ်းသာအားရနဲ့ထ​ပြောရင်း မျက်​ရည်​​တွေပါကျလာ​လေ
သည်​။
'
ဟင့်​...အင့်​!´
'Babe ရယ်​ ဘာလို့ငိုရတာတုန်း တိတ်​​လေ​နော်​´
'ကျွန်​​တော်​ ၀မ်းသာလို့ပါ´
'အင်းပါက​လေးရယ်​...တိတ်​...တိတ်​´
'ဒီစာချုပ်​​လေးမှာ လက်​မှတ်​ထိုး​ပေးပါ​နော်​´
'ဟုတ်​ကဲ့´
'အခုကစပြီး...က​လေး​လေးက မိဘ​တွေရှိသွားပါပြီ´
'​ကျေးဇူးတင်​ပါတယ်​ မာသာ´
'ကျွန်​မတို့က ပိုပြီး​ကျေးဇူးတင်​ရမှာပါ...အခုလို က​လေးတစ်
ယောက်​ကို ​စောင့်​​ရှောက်​တယ်​ဆိုတာ အရမ်းကို မွန်​မြတ်​တဲ့
ကိစ္စပါ ဘုရားသခင်​ ​ကောင်းချီး​ပေးကြပါ​စေ´
'ဟုတ်​ကဲ့ မာသာ...ဒါဆို ကျွန်​​တော်​တို့ကို သွားခွင့်​ပြုပါအုန်း
နော်​´
'လာ babe´
ကား​ပေါ်​ရောက်​တဲ့ထိတိုင်​​အောင်​ က​လေး​လေးအားပြုံး၍
အကြည့်​မပျက်​...က​လေးအား​ချော့မြူကာ သူပါ​ပျော်​ရွှင်​​နေ
သည်​။
'ဘူး!!!´
'ဟာ ကြည့်​စမ်းပါအုန်း arjeoshiရာ သားသားက
ဘူး မှုတ်​တတ်​တယ်​!´
'ဟဟ...ဒီ​ကောင်ေ​​လး´
'ဘူး!´
'ဘူး!!´
'ha...ha!´
က​လေးနဲ့အပြိုင်​ ဘူး ပြိုင်​မှုတ်​​နေတာ​ကြောင့်​...သူက
မျက်​နှာတွင်​ အပြုံးတို့က တွဲခို​နေဆဲပင်​။
တစ်​ခစ်​ခစ်​ဆို​သော သားရဲ့ရီသံ​လေး​တွေ...သူ့ရဲ့ရီသံ​လေး
တွေနဲ့...သူ​ပြောတဲ့ ​ပျော်​ရွှင်​တဲ့မိသားစုဘ၀​လေး ပိုင်​ဆိုင်​ဖို့
စတင်​​နေပြီထင်​တယ်​...💞
🚪🚪🚪
'arjeoma!!´
'သူ​ဌေး​လေး က​လေး companyက လာပြင်​ဆင်​​ပေး
သွားပါတယ်​´
'​ကောင်းပြီ...ကား​ပေါ်က ပစ္စည်း​လေး​တွေချပြီး သားအခန်း
ထဲလိုက်​ပို့​ပေးပါ​နော်​´
'ဟုတ်​ကဲ့ သူ​ဌေး​လေး´
အခန်းတံခါးအား arjeoshiကဖွင့်​​ပေးရင်း သားသားကို
အပြုံးတို့နဲ့စတင်​ကြိုဆိုသည်​။ သားသားအား လက်​​ပြောင်းချီ
ရင်း...ကုတင်​ထက်​ချလိုက်​သည်​။
လက်​သီးစုပ်​​လေး​တွေကို ကိုက်​ထားရင်း သားသားက ဟိုလှိမ့်
ဒီလှိမ့်​လုပ်​​နေသည်​။ စွပ်ကျယ်​​လေးနဲ့ သားသားက ဖြူဝင်း​နေ
သည်​။
သားသားက သိပ်​ကိုချစ်​စရာ​ကောင်းတဲ့က​လေး​လေး👶
🌟🌟🌟
'Babe´
'inn´
'သားသားကို ဘာနာမည်​​ပေးရင်​​ကောင်းမလဲ´
'ဟုတ်​သား​နော်​ သားသားက တစ်​နှစ်​​တောင်​​ကျော်​​နေပြီ
နာမည်​​ပေးရ​တော့မှာ​ပေါ့´
'အင်း​လေ မနက်​ဖြန်​ appaတို့ကို ​ခေါ်ပြီး နာမည်​​ပေးခိုင်း
ကြည့်​ရ​အောင်​´
'အင်း အဲ့တာ​ကောင်းတယ်​´
'ကဲ အိပ်​ကြစို့´
'သားသားအခန်းခဏသွားကြည့်​လိုက်​အုန်းမယ်​´
အဖြူ​ရောင်​ ည၀တ်​အင်္ကျီ​လေးနဲ့ ကုတင်​​ပေါ်က ဆင်း​ပြေး
သွား​တော့သည်​။ ထိုဖြူလွှလွှအရိပ်​က​လေးအား အခန်းတံ
ခါးပိတ်​သွား​တော့မှ ​နောက်​က​နေထလိုက်​သွားမိသည်​။
🚪🚪🚪
တံခါး​လေးအား အသာလှပ်​ကြည့်​လိုက်​​တော့ သားသားအား
တရှုံ့ရှုံ့နဲ့ ကုန်းနမ်း​နေ​သော က​လေးအ​ဖေ​လေး...သားသား
ကလည်း အိပ်​​နေလိုက်​တာ နိုး​တောင်​မနိုး...ဒီက​လေး အိပ်​ပုပ်​​လေးပဲ ဖြစ်​ရမယ်​!
'Babe´
'သားသားက သိပ်​ကိုချစ်​ဖို့​ကောင်းတာပဲ​နော်​!´
'အင်း​ပေါ့ သားသားက Babeနဲ့လည်းတူတယ်​...အိပ်​ပုတ်
လေး​လေ...hak hak!´
'ရှုး!´
'ha...ha..´
'လာ Babe ပြန်​ရ​အောင်​​လေ သားသားနိုးသွားလိမ့်​မယ်​´
'အင်း ခဏ သားသားကို နှုတ်​ဆက်​လိုက်​အုန်း​မယ်​´
သားသားအား ပါး​လေးကိုနမ်းလိုက်​ရင်း လက်​ကျစ်​ကျစ်​က
လေး​တွေကိုပါ နမ်းလိုက်​သည်​။ ​ခြေ​တောက်​တုတ်​တုတ်​က
လေး​တွေအား လက်​က​လေးနဲ့ဖွဖွ​လေးကိုင်​ကာ ​ခြေချာင်း
လေး​တွေအား တစ်​​ချောင်းချင်းလိုက်​နမ်း​နေသည်​။
သားသားအ​ပေါ်ထားတဲ့ Babeရဲ့ အချစ်​​တွေက တစ်​ရက်
တည်းနဲ့ပင်​ သိပ်​ကို​ပေါ်လွင်​​နေသည်​။ သားသားကိုကြည့်
သော အကြည့်တို့က ဂရုဏာအပြည့်​နှင့်​။ စ​တွေ့ကတည်းက
သားသားအ​ပေါ် အချစ်​​တွေပုံအပ်​လိုက်​သလို...
'လာ´
'အင်း´
...
...
...
'လာ ကို့လက်​​မောင်း​ပေါ်လာအိပ်​´
'ဟီး...ဟီး!´
လက်​​မောင်း​ပေါ်က​လေးတစ်​​ယောက်​လို လာချွဲ​နေပြန်​​တော့
လည်း ကျွန်​​တော့်​မျာ အချစ်​ပိုရပြန်​သည်​။
'arjeoshi´
'ဟင်​´
'သားသားကို​လေ ကျွန်​​တော်​တစ်​ခါစဉ်းစားမိတယ်​သိလား´
ကျွန်​​တော့်​ရင်​ဘတ်​အားလာ​ရောက်​ပွတ်​သက်​ကာ ကျီစယ်
နောက်​​ပြောင်​​နေပြန်​သည်​။ နူးညံ့စွာပွတ်​သတ်​​နေတဲ့ ထိုလက်
တို့​ကြောင့်​ အမျိုးအမည်​မသိ​သော ခံစားချက်​တစ်​ခု ​ပေါ်
ပေါက်​လာပြန်​သည်​။
အား!!! ဒီက​လေး လူကို သည်းခံနိုင်​စွမ်းကို လာစမ်း​နေတာ
လူက ရှိန်းတိန်းပိန်းတိန်း​တောင်​ ဖြစ်​ချင်​လာသည်​။
'arjeoshi~~~ လို့~~~´
'အ...အင်း...အင်း ​ပြော​လေ´
'ဒီနား ခဏတိုး´
သူ့မျက်​နှာ​လေးနား တိုးခိုင်း​တော့ ကျွန်​​တော်​လည်း ဘာလဲ
သ​ဘောနှင့်​ တိုးသွားလိုက်​သည်​။
'ရွှတ်​´
'Babeကွာ´
ကျွန်​​တော့်​ပါးအား ရွှတ်​ခနဲနမ်းကာ လက်​ကြားထဲမျက်​နှာအား
ကွယ်​ထားပြန်​သည်​။ သိပ်​ချစ်​ဖို့​ကောင်းလိုက်​တာ ထို​ကောင်
လေးက ကျွန်​တော့်​ရဲ့အသက်​ဖြစ်​ခဲ့တယ်​ဆိုတာ ကျွန်​​တော့်
အတွက်​ အခုချိန်​ထိ အိပ်​မက်​တစ်​ခုလို ဖြစ်​​နေတုန်းပင်​။
'က​လေး!´
'အင်း​~~~´
'​တော်​ပြီကွာ!´
စကားသာ​ပြော​နေသည်​။ လက်​ကနူးညံမှုတို့က ရင်​ဘက်​​ပေါ်
မှ ​ပျောက်​မသွား...။
'ဘာလဲ arjeoshiက ကျွန်​​တော့်​ကိုလိုချင်​​နေတာလား?´
'ဟာကွာ´
နုနုရွရွ စိုက်​ကြည့်​လာ​သော ထိုအကြည့်​...မဖွယ်​မရာ​သော
ထိုစကား...
ထိန်းထားတဲ့စိတ်​တို့က ထိုအကြည့်​ ထိုအ​ပြောတို့​ကြောင့်
လွတ်​ထွက်​သွားချင်​သည်​။ လွှတ်​ချပစ်​လိုက်​ချင်​​တော့သည်​။
'အီး...ဟီး!!!´
'ဟင်​ Babe သားသား ငို​နေတယ်​ထင်​တယ်​´
'ဟင်​ သားသားနိုးသွားတာလား?´
သားသားအသံလည်းကြား​ရော ပြုတ်​လက်​စ ကြယ်​သီး
တို့အား အလျင်​အမြန်​​ကောက်​တက်​ကာ ကုတင်​​ပေါ်က
ဆင်း​ပြေးသွားသည်​။
အခန်းထဲ​ရောက်​​တော့ သားသာအား စိုးရိမ်​ကြီးစွာနဲ့ ​ပွေ့ချီထားသည်​။ သားသားအား ​ချော့မြူ​နေ​သော က​လေး
ပုံစံက တကယ့်​ကို​နွေး​ထွေးလွန်းလှသည်​။
'သားသားက ဗိုက်​ဆာ​နေတယ်​ထင်​တယ်​ arjeoshi´
'ဟင်​ သားသား ဗိုက်​ဆာ​နေတာလား?´
'ဟုတ်​မယ်​ထင်​တယ်​´
'ဒီချိန်​ကြီး ကိုလည်း ဘာလုပ်​ရမလဲ ကို ဘာမှမလုပ်​တတ်
ဘူး ဟို arjeoma ဆီ ဖုန်းဆက်​လိုက်​ရမလား´
'အင်း...အင်း ဆက်​ကြည့်​လိုက်​´
ဧည့်​ခန်းထဲက ဖုန်းအား ​ကောက်​နှိပ်​ရင်း အလျင်​ဆက်​လိုက်
ရသည်​။ တစ်​​ခေါက်​​ခေါ်လိုက်​​သော်​လည်း လူကြီးမင်းနှင့်​သာ
တိုး​နေသည်​။
'hello?´
'arjeoma!´
'nae သူ​ဌေး!´
'ဟို​လေ...သားသားက ရုတရက်​ကြီးထငိုလာလို့ အဲ့တာ´
'သခင်​​လေးက ဗိုက်​ဆာလို့ထင်​တယ်​´
'ဗိုက်​ဆာ​နေတာလား?´
'ဟုတ်​မယ်​...ဟို​လေ ထမင်းစားခန်းထဲမှာ arjeoma
ဖျော်​​ပေးထားခဲ့တယ်​ ​ရေခဲ​သေတ္တာထဲမှာ´
'ဟုတ်​လား ​ကျေးဇူးပါ​နော်​ ကျွန်​​တော်​တို့​ကြောင့်​ အိပ်​​ရေး
ပျက်​သွားပြီထင်​တယ်​´
'မဟုတ်​တာ သူ​ဌေးရယ်​´
'gomawow´
'ရပါတယ်​ရှင်​´
'ဒါပဲ​နော်​´
ဖုန်းကိုအသံမြည်​​အောင်​ချလိုက်​ရင်း ထမင်းစားခန်းကို သုတ်
ချေတင်​​ပြေးရ​သေးသည်​။ ​ရေခဲ​သေတ္တာကို ဖွင့်​လိုက်​​တော့
တကယ်​ပင်​ နိုးဘူး​လေးရှိ​နေသည်​။
တော်​​သေးတာ​ပေါ့ သားသားအတွက်​ ကြိုလုပ်​​ပေးခဲ့လို့...
က​လေးတစ်​​ယောက်​ရလို့ အရမ်း​ပျော်​​နေ​ပေမယ့်​ က​လေးနဲ့
ပတ်​သက်​သမျှ ကျွန်​​တော်​တို့နှစ်​​ယောက်​စလုံး ဘာဆိုဘာမှ
မလုပ်​တတ်​ခဲ့။ မိန်းမသားမဟုတ်​​သော ​ယောက်ျားသားအား
ထိုကိစ္စတို့က အ​တော်​ပင်​စိမ်း​နေသည်​။
'Babe သားသားက နို့ဆာတာတဲ့ ဒီမှာ နို့´
'ဟင်​ အင်း ​ပေး​ပေး!´
ဟုတ်​သည်​။ သားသားက တကယ်​ပင်​ဗိုက်​ဆာ​နေခဲ့တာ...။
Babeလက်​ထဲမှ နိုးဗူး​လေးအား သားသားလက်​​လေးနဲ့
မကိုင်​တတ်​ကိုင်​တတ်​နှင့်​ လှမ်းကိုင်​ရင်း အတင်းကိုစို့​နေ
တော့သည်​။ အသံစုံပင်​ထွက်​ကာ ဗူးအပြည့်​က ခဏ​လေး
အတွင်းမှာပဲ တစ်​၀က်​ကျိုးသွား​လေသည်​။
သားသား​မော​နေ​တော့မယ်​။
ကျွန်​​တော်​ပြုံးလိုက်​သည်​။ ကြည်​နူးမိတယ်​...Babe
လက်​ထဲက သားသားနဲ့ သားအားချီထား​သော babe
ထိုနှစ်​​ယောက်​က ကျွန်​​တော့်​ဘ၀အတွက်​ မရှိမဖြစ်
ဆည်းလည်း​လေး​တွေပါ...❤
TBC>>>
အရှည်​ကြီး​ရေးထားပါတယ်​...😢 တကယ်​​တော့ အရမ်းကို
စိတ်​မ​ကောင်းဖြစ်​​နေတာပါ😢 ​ကို့အတွက်​ Xiao Lu​လေးက  အရမ်းကိုအ​ရေးကြီးသူတစ်​​ယောက်​ပါ...😣
တစ်​ခု​လောက်​​ပြောချင်​ပါတယ်​...😢 အကယ်​၍များ​ပေါ့
နော်​...အကယ်​၍ပါ😢 မ​နေ့ညက အ​ကြောင်းကို လူတိုင်း
သိကြမှာပါ Xiao Lu​လေးကို အပြစ်​မတင်​ကြပါနဲ့😢
ကျွန်​​တော့်​အတွက်​ HunHanဆိုတာ အချစ်​ရဆုံးလူသား
နှစ်​ဦးပါ။ အရမ်းချစ်​ပါတယ်​...သူတို့ရဲ့ mm​လေး​တွေက ကို့
အတွက်​​တော့ လုံးဝအဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်​​လေး
တွေပါ😢
ကိုဟာ HunHan ကို ဆက်​ပြီး ယုံကြည်​​နေအုန်းမှာ 😣
ဆက်​ပြီ​​တော့လည်း HCအဖြစ်​ရှိ​နေအုန်းမှာပါ😢
ဒါ​ကြော​င့်​ ဒီFic​လေးကို ဆက်​​ရေးမှာပါ😢လုံးဝမဖျက်​ဘူး
ဒါ​ကြောင့်​ readerတို့သ​ဘောပါ ဖက်​သည်​ဖြစ်​​စေမဖက်
သည်​ဖြစ်​​စေ ကျွန်​​တော်​ ဆက်​​ရေးသွားမှာပါ...ကျွန်​​တော်​​ရေး
လက်​စ Fic​တွေကိုလည်း​ဆက်​​ရေးမှာပါ😢
အဆုံးထိဖက်​​​ပေးလို့​ကျေးဇူးတင်​ပါတယ်​😘
Reader ​တွေကို ​ချေ့ယူ❤
Continue Reading
You'll Also Like
316K 21.1K 36
Pᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language
1.8M 82.3K 75
621K 59.2K 36
Taekook 💜 ( Own Creation )
39.2K 5.8K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...