BROKEN-SEASON|1|(COMPLETED)
By Philip_K
53.2K 4.6K 582
ကြေမွပျက်စီးနေသော.... More
Intro-zawgyi
Part(1)-zawgyi
Part(2)-zawgyi
Part(3)-zawgyi
Part(4)-zawgyi
Part(5)-zawgyi
Part(6)-zawgyi
Part(7)-zawgyi
Part(8)-zawgyi
Part(9)-zawgyi
Part(11)-zawgyi
Part(12)-zawgyi
Part(13)-zawgyi
Part(14)-zawgyi
Part(15) zawgyi
Final Part(zawgyi)
Season 2
Intro(unicode)
Part-1(unicode)
Part-2(unicode)
Part-3(unicode)
Part-4(unicode)
Part-5(unicode)
Part-6(unicode)
Part-7(unicode)
Part-8(unicode)
Part-9(unicode)
Part-10(unicode)
Part-11(unicode)
Part-12(unicode)
Part-13(unicode)
Part-14(unicode)
Part-15(unicode)
Final (unicode)
Part(10)-zawgyi
2.1K 221 14
By Philip_K
ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။
....:..................................:......................
လေပြေဖျော့ဖျော့လေးအဝှေ့မှာ
လွင့်ဟသွားသောလိုက်ကာမှ
ထိုးဖောက်ဝင်ရောက်လာသော
နေရောင်ခြည်သည်
မျက်လုံးအစုံအားလာရောက်စူးရှသည့်အလျောက်
သူ သိလိုက်သည်။
အကျည်းတန်သောမနက်ခင်းတစ်ချို့ကို
ပြန်လည်ရောက်ရှိလာပြီဟူ၍။
ငါးနှစ် ဟူသောအချိန်ကာလအရ
ထိုလူသားအား မေ့လျော့နေသင့်ပြီ
ဖြစ်သော်ငြား ခဏတာစိတ်လှုပ်ရှားခဲ့ခြင်းမျိုး
မဟုတ်သဖြင့် မနက်တိုင်း၊ ညတိုင်း
ထိုလူ့အား သူလွမ်းနေမြဲ။
တွေ့ချင်နေမြဲ။ သတိရစမြဲ။
(ထိုလူသားကတော့သူ့အား
မေ့လျော့နေပေမယ့်)
တစ်ခါတစ်လေ ရူးကြောင်ကြောင်နိုင်တဲ့
စိတ်ကူးတွေထဲ ထိုလူသားက
မိန်းကလေးတစ်ယောက်နဲ့
ပျော်ရွှင်နေတတ်သည့်အခါ
သူ့နှလုံးတို့ကြေမွရပါ၏။
စွဲလမ်းမှုရဲ့ အိပ်မက်တွေထဲ
ထိုလူသားကသူ့ကိုထားခဲ့သည်ဟု
အိပ်မက် မက်သည့်ညမျိုးတွင်တော့
မျက်ရည်တွေနှင့်အဖော်ပြုကာ
တစ်ညတာအားဖြတ်သန်းရသည်။
စက္ကန့်၊ နာရီ ၊ ရက် ၊ လ ၊ နှစ် ပေါင်းများစွာ
တို့ကိုကျော်လွန်သည့်အခါ သူရဲ့
သတိရခြင်းဟာ
တမ်းတခြင်းဘက်ကူးပြောင်းလို့
လွမ်းဆွတ်ခြင်းတစ်ချို့ကတော့
ရူးသွပ်ခြင်းအဖြစ်
အသွင်ပြောင်းသွားကြတယ်။
နာကျင်တာထက်ပိုတဲ့
စူးနင့်ခြင်းအချို့သူ့နှလုံးအိမ်ထဲဝင်ရောက်လာတဲ့အခါ ထိုလူသားအားမေ့ပျောက်ဖြစ်ဖို့
အကြိမ်ကြိမ်(မရေတွက်နိုင်လောက်စွာ)
မေ့ပျောက်ဖြစ်ဖို့ကြိုးစားပေမယ့်
အဆင်မပြေ။
ဆယ်ကျော်သက်အရွယ်ရူးကြောင်ကြောင်
စိတ်ကစားခြင်းမျိုးမဟုတ်ခဲ့သည့်အလျောက်၊
မျိုးတူလူသားတစ်ဦးအားစိတ်မကုန်သွားခဲ့သည့်
အလျောက် သတိရခြင်းတို့ တိုးလာပြီး
ထိုလူသားအားပို၍ပင်ချစ်လာခဲ့မိပြီဆိုပါလျှင်
ဤကမ္ဘာ ပေါ်၌ သူ့လောက် အချစ်ရူးသည့်သူ မရှိနိုင်လောက်တော့။
ထိုလူသားမရှိသည့် နာကျင်ဖွယ် ရက်ပေါင်းများ
စွာကိုဖြတ်သန်းရင်း သူ့အတွက်
အကျည်းအတန်ဆုံး
နေ့တစ်နေ့သို့ ရောက်ရှိခဲ့သည်ဟုပဲ
ဆိုကြပါစို့။
>>>>>>>>>>>>♥
"သားငယ်ရေ အပေါ်မှာဖုန်းလာနေတယ်"
"ဟုတ် ommaလာပြီ"
ထိုလူသား ပြန်သွားတာတစ်ပတ်ခန့်သာကြာသေး
သောအချိန်တစ်ခုအရ ဖုန်းလာသည်ဆိုသည်နှင့်
ထိုလူ့ဖုန်းဟု ထင်နေမိသည်က သူ၏စိတ္တဇဆန်မှု။
(သို့မဟုတ် ထိုလူသားက သူ့အားအရေးတယူနှင့် ဖုန်းဆက်ကောင်းဆက်နိုင်သည်ဟုထင်နေခြင်းလည်းဖြစ်နိုင်သည်)
"Hello wings high schoolကျောင်းရဲ့
King park chanyeolနဲ့ပြောချင်လို့ပါ"
ဘယ်လောက်ပဲ အသံပြောင်းထားပါစေ
နှလုံးသားထဲအထိမှတ်မိနေသော ထိုလူသား၏အသံ။
"ကိုကို ကျွန်တော့်ဆီ ဖုန်းဆက်တယ်တဲ့လား"
အပျော်လွန်လျှင်ငိုတတ်ကြသည်ဆိုသော
ခပ်ပေါပေါ သီအိုရီတစ်ခုအား
သူအရင်ကဆန့်ကျင်ပေမယ့်
ယခုသူ့အသံများပင်တုန်ရီနေနှင့်ပြီးဖြစ်သည်။
"ဘာလည်း...တရုတ်ပြန်လို့ ဖုန်းတောင်မပြောချင်တော့ဘူးတဲ့လား"
"မဟုတ်ပါဘူး....ဒီအတိုင်း...အံ့သြသွားလို့"
စိတ်ကူးယဉ်ခဲ့ရသည့်အချိန်တစ်ခုကို
ရောက်ရှိသွားရသည့်ခံစားချက်ဟာ
ဘာနဲ့မှဖော်ပြ၍မရ။
"နေကောင်းတယ်မလား"
"ဟုတ်ကောင်းပါတယ်"
(ဤသည်မှာ မနေ့ကမှဆေးရုံက
းဆင်းခဲ့ရသည်အားလျစ်လျူပြုခြင်း)
"အင်း...ကျန်းမာရေးဂရုစိုက်နော်..."
"ဟုတ်"
"ဒါနဲ့..ကိုယ်ဖုန်းဆက်တာပြောစရာရှိလို့"
"ပြောလေ... ကိုကို"
"မနက်က babyကိုယ်ကို့ အဖြေပေးတယ်သိလား"
"ပျော်လားကိုကို?"
"ပျော်တာပေါ့ chanyeolရ
အဲ့ feeling ကဘယ်လိုပြောရမလဲကွာ"
"ဒါဆိုကိုကို ဖုန်းချလိုက်မယ်နော်
နေကောင်းအောင်နေ..."
ပျော်တယ်တဲ့လား ကိုကို
ကိုကို့ရဲ့ပျော်ရွှင်မှုဟာ
ကျွန်တော့်နာကျင်မှုနဲ့
တိုက်ရိုက်အချိုးကျနေမယ်ဆိုရင်တောင်
ပျော်အောင်သာနေ နေလိုက်ပါ
သည်လူကိုလျစ်လျူပြုပြီးတော့ပဲဖြစ်ဖြစ်။
---------------------------------------------------------
ထိုနေ့မှစ၍ သူ့အလွမ်းတို့ဟာ
ပို..ပို၍ ရင့်လာခဲ့သည်။
တစ်ခါတစ်ရံထိုလူနဲ့ အနှီသက်ရှိအမျိုးသမီး
ပျော်နေမည်ကိုတွေးရင်း
အားရပါးရအော်ဟစ် ရယ်ပစ်တတ်သည်။
(မျက်ရည်များထွက်သည်အထိ)
အိမ်မှမိဘများမသိအောင်
အခန်းတံခါးပိတ်၍ကြိတ်ငိုခြင်း၊
တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည့်
Baekhyunထံတွင်ရင်ဖွင်ခြင်းများသည်
ထိုလူသား၏ နောက်ဆုံးသော
ဖုန်းခေါ်ဆိုမှုကြောင့်
ဖြစ်ပေါ်လာသော ရလဒ်များဖြစ်သည်။
သူ အငိုရပ်လို့ စိတ်ပြေသည့်အခါ
Baekhyunက ဂရုဏာဒေါသဖြင့်
သူ့အားဆူပူတတ်သည်။
baekhyunပြောတတ်သည်များမှာ
သူ့အပေါ်သည်လောက်ဥပေက္ခာပြုထားနိုင်သည့်ထိုလူသားအား ဘာကြောင့်မမေ့ပစ်ရသလဲဟူသည့် နိဒါန်း ဖြင့်အစချီ၍ သူ့အားသနားသည်ဟုပြောဆိုခြင်းဖြင့်သာ အဆုံးသတ်တတ်သည်။
သို့သော် baekhyunမသိ လူတစ်ယောက်အား
လွယ်လွယ်ချစ်၍ လယ်လွယ်မေ့ပစ်၍မရကြောင်း။
လသာသည့်ညတစ်ညတွင်တော့
သူ့မျှော်လင့်ချက်များပြန်လည်ရှင်သန်လာခဲ့ပါ၏။
"သား...နိုင်ငံခြားက ရုံးခွဲတစ်ခုခုကို သွားပေးနိုင်မလား,သည်အချိန်လောက်ဆို ရုံးခွဲတစ်ခုကိုတော့
သားသေချာ ကိုင်တွယ်နိုင်လောက်ပါပြီ"
သူ အထက်တန်းကျောင်းပြီးသည့်အချိန်မှစ၍
Appaကုမ္ပဏီတွင်အောက်ခြေအဆင့်မှ
ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ လေးနှစ်ဆိုသော
အချိန်အတွင်း အလုပ်သဘောတရားများကို
ကောင်းစွာနားလည်လာပြီးဖြစ်သည်။
"ရုံးခွဲမှာ ပြဿနာရှိနေလို့လား"
"ပြဿနာရယ်လို့မဟုတ်ပေမယ့်
အုပ်ချုပ်သူရှိမှကောင်းမယ်ထင်လို့ပါ"
"ဘယ်ရုံးခွဲလည်း appa"
"China, bejingကရုံးခွဲ"
_______________________________________
ကိုယ်မရှိတဲ့ မင်းရဲ့နေ့ရက်တွေဟာ
ဘယ်လိုမျိုးလဲအချစ်?
မင်းသူမကိုချစ်နေတုန်းပဲလား?
ကိုယ့်ကိုရော လျစ်လျူရှုထားဆဲလားအချစ်?
....................Broken..............................
To be continued.... ,
By Philip_K
Continue Reading
You'll Also Like
36.4K 3.6K 20
773K 62.8K 32
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။
151K 17.2K 16
လေရူးတိုက်​တဲ့​နွေဦး... သစ်​ရွက်​မ​ကြွေ​သော​လမ်း​ပေါ်မှာ မင်းကိုစ​တွေ့ခဲ့ တာ​ ကောင်​​လေး...~ March/15 Cv By - Bernal_XianB လရေူးတိုကျတဲ့နှဦေး... သ...