Wish list[completed]

By LaminlayLaminlay3

29.8K 2K 81

Chansoo(yaoi) မိမိရဲ့ဖြစ်တည်မှုကိုကြောက်ရွံ့အားငယ်မှု မရှိဘဲအထက်တန်းကျောင်းသားဘဝကို ရိုးသားကြိုးစားစွာဖြတ်သန်းေ... More

part1
part2
Wish List (part 3)
part4တွေ့ဆုံမှု
part5
part 6
final (part 1)
final p2

part7

2.1K 192 3
By LaminlayLaminlay3

Hotel ရဲ့ နားနေခန်းမှာ ခေါင်းငိုက်စိုက်ကျပြီး
ခပ်အုပ်အုပ်ဆံပင်တွေကြား
လက်ချောင်းများထိုးထည့်ကာ
လေပူများကိုမှုတ်နေသော chanyeol
လက်တဖက်မှ ကိုင်ထားသော
နိုင်ငံတော် တံဆိပ်ခေါင်းပါသည့်
အကြောင်းစာစာရွက် လေးသည်
သူ၏ ရင်ကိုလေးလံစေသည်။
ထိုစာရွက်လေးမှအကြောင်းစာသည်
တောင်ကိုရီးယားနိုင်ငံသားတိုင်း
တချိန်ချိန် ကြုံတွေ့ရမဲ့ နိုင်ငံတော်ရဲ့
စစ်မှုထမ်း အကြောင်းလွှာ ။
ပြင်ဆင် ချိန် က၂ပတ် ။
သူ့ရင်ထဲ ဘာကိုတွေးပူးနေလဲဆိုတာ
သိသာလှသည်။ Kyungsooရဲ့
နောက်ဆုံး wish list လေးကိုဖြည့်စည်း
ပေးဖို့မှာ အချိန်တိုင်းတာရအရမ်းစော
လွန်းသည် ။
အချစ်တို့ဖြစ်ပေါ်ရာတွင် အချိန်တခုသည်
မရေးမပါပေမဲ့ ထိုအချိန်တခုသည်
ယခုတော့ သူ့အတွက်အရမ်းပါလှသည်။
ထို့ကြောင့် သူ့ဆုံးဖြတ်တခုကို
ပြတ်သားစွာဆုံးဖြတ်ခဲ့သည်။
:
:
:
:----------------
   Hotel ရဲ့ နားနေခန်းထဲသို့ ကျေားပိုးအိပ်
လေးလွယ်ကာ မပြေးရုံတမယ် လျှောက်
လာသောခြေလှမ်းများ က လောကကြီး
မှ ထွက်ခွါသွားရမဲ့ ခြေလှမ်းတွေရဲ့အစ
လား ။ ထိုကောင်လေးရဲ့ နောက်ဆုံးကျန်
ချိန်တွေကို သူ့ အားလွမ်းစွတ်တမ်းတမှုတွေ
နဲ့ အဖေါ်မပြုစေချင် ။ ထိုသို့တွေးလိုက်မိ
တော့ ဆုံတွေ့ချိန် ခဏတာကို ကျေးဇူးတင်
မိသည် ။ အနည်းဆုံးတော့ Kyungsoo
ကို ရင့်သန်တဲ့ နှောင်ကြိုးတွေ ရဲ့ရစ်နွယ်
မှုကို လျော့စေတာပေါ့ ။
သူ၏အတွေးတို့ကို ရုတ်သိမ်းလိုက်စဉ်
ရင်ခုန်သံဖြစ်တည်ရာလေးသည် သူ့နား
ရောက်လာသည်။

''ခင်ဗျားကြီး ခုထိဘာမှ မပြင်ရသေးဘူးလား မြန်မြန်လုပ်ဗျ ကျွန်တော် အဲ့ဆီကို
မြန်မြန်ရောက်ချင်လှပိ ''

''အမလေး ဖြစ်နေလိုက်တာ ခုချက်ချင်းသွား
လို့ရပါပြီ door men ကို ဂိုထောင်က
ကားသွားထုတ်ခိုင်းထားပါတယ် ''

''ဟီး အဲ့လိုလား ဟိုရောက်ရင် ခင်ဗျားကြီး
ဘန်ဂျီခုန်(အမြင့်ခုန်) တာကြည့်ချင်တယ်
ခုန်မယ်မို့လား ''

''အားအားယားယား ငါကဘာလို့ခုန်ရမှာလဲ
အဲ့ဒါ မင်း Wish list ထဲပါတာလေ
အဲ့တော့ ခင်ဗျားလေးသာ စိတ်ကြိုက်ခုန်ချ''
Chanyeol စကားကြောင့် မျက်နှာဖောင်းဖောင်း
ပြည့်ပြည့်လေး တဖက်လှည့်သွားကာ
တီးတိုးစွာရေရွတ်လိုက်သည်က

''အလကား သူ့ဘာသာ သတ္တိမရှိတာကိုများ''

''ဘာပြောတာလဲ ဆိုတာ ငါကြားတယ်နော်
ဟွင်းဟွင်းးး ''

''အော ဟောမှာ ခင်ဗျားကြီး ကားရောက်
လာပြိ ဒီတခါကျွန်တော် မောင်းပေးမယ်
အိုကေ ''

လက်ညှိုးလေးနဲ့ လက်မလေးကိုဝိုင်းပြကာ
အပြေးတပိုင်းနှင့် ကားနားအရောက်
သွားတော့ Chanyeol အလန့်တကြား
ထ၍ ခြေတံရှည်ရှည်တို့ကိုအားကိုးကာ
အမိုးပွင့်ပြိုင်ကားလေးအား
တံခါပင်မဖွင့်နိုင်ဘဲ တခါးမှလွှားခနဲ
ကျော်ကာ မောင်းသူနေရာသို့ဝင်ထိုင်လိုက်
တော့ Chanyeol အပြုကြောင့် Kyungsoo
လည်းကြောင်နနနှင့် မျက်လုံးဝိုင်းဝိုင်းလေး
များပြုးကျယ်သွားသည်။ ထို့ပြင် ရှားပါး
အသည်းပုံနှုတ်ခမ်းလေးမှာ ခပ်ဟဟ
ပွင့်သွား၍အပြင်မှ အရမ်းချစ်ဖို့ကောင်းသော
ပင်ကွင်းလေးတွေနှင့်နင်လားငါလား

''ခင်ဗျားကြီးကလေ လုပ်လိုက်ရင် ဇွတ်ပဲ''

''မဇွတ်လို့ရမလား ငါမဇွတ်ရင် တခါတည်း
နှစ်ယောက်လုံးမသာပေါ်သွားမှာပေါ့ ပင်ကွင်းပေါက်ရဲ့''

''တော်ပိ တော်ပိ ခင်ဗျားနဲ့ ဆက်ပြောရင်
ဇွတ်တောထဲက ထွက်မှာမဟုတ်ဘူး
မောင်းတော့ ''

''ဟုတ်ကဲ့ အမိန်တော်တိုင်းပါ သခင်လေး
ခါးပတ်လည်းပတ်ထားဦး ''
:
:
:
:-----------------------------
      အရှေ့ရပ်ဝန်းဆီမှ ထွက်ပြူစပြုနေသော
နေမင်းကြီး ရှေ့ပြေးဖြစ်သော ပုဇွန်ဆီရောင်စဉ်
တန်းကြီးသည်ဂျယ်ဂျူ၏စိမ်းစိုသော
တောင်တန်းများနှင့် လွန်စွာပနာရသည်။

''owww အရမ်းလှတဲ့ရှု့ခင်းပဲ
အရင် ဒီလိုချိန်မှာ ဆောင်ထဲကွေးနေရတာ
အရမ်းနောင်တရတယ်ဗျာ ''

စိတ်မကောင်းဟန် ဖြင့်မျက်နှာလေးညှိုးကာ
ပြောနေသော Kyungsoo ကို Chanyeol
ဘယ်လိုနှစ်သိမ့်ရမလဲ မစဉ်းစားတက်တော့။
အကောင်းဆုံးကတော့ KYungsooသွား
ချင်သော ဝေဟင်ရှုမျှော်ခင်း center ဆီသို့
အမြန်ရောက်ဖို့ပင် ။
လူသွားလူလာရှင်းသော လမ်းလေးဖြစ်၍
Chanyeol ကားရဲ့အရှိန်ကို မြှင့်လိုက်သည်။
ကားထဲတွင်ဖွင့်ထားသော မြူကြွသော
သံဇဉ်များကြောင့်လည်း Kyungsoo
စိတ်တို့ လန်းစန်းလာပြန်သည်။

:
:
:

"ကဲ ရောက်ပိ သခင်လေး ဆင်းတော့ ''

Chanyeol ခပ်တည်တည်နှင့် ကားတံခါးကို
အပြေးဆင်းကာ door men တယောက်လို
ဝန်ဆောင်ပြုလေတော့ Kyungsoo မျက်နှာ
လေးဝံ့ချိကာ ဟန်ပါပါနှင့် ဆင်းကာChanyeol
ရှေ့မှ ဦးဆောင်သွားလေသည်။

ထို့နောက် အမြင့်ခုန်ရန် စတင်ရာ မျှော်စင်
လေး၏ အပေါ်ဆုံးထပ်သို့Chanyeolနှင့်
Kyungsoo တို့တက်သွားကြသည်။
Kyungsoo တို့ရှေ့တွင် ခုန်ရန်စောင့်နေ
သူ ၁၂ယောက်ခန့်ရှိသည်။
ထိုလူတွေရဲ့မျက်နှာမှာ စိုးရိမ်မှုတွေ
အထင်းသားတွေ့နေရသည်။ Kyungsoo
အမြင့်ခုန်ရန် နေရာသို့စက်စက်စုစုသွား
ကြည့်ပြီးပြန်လာချိန်တွင်တော့
ဘာမပြောညာ မပြောနှင့် Chanyeol
လက်ကိုဆွဲ ကာ အောက်ထပ်သို့ပြန်ဆင်း
လာခဲ့သည်။

''Kyungsoo ya ဘာဖြစ်တာလဲ
ဆောင့်ရဖို့ လူမှသိပ့်မကျန်တော့ကို ''

''တော်ပြိ အခြားဟာ ပြောင်းမယ်
ဒါကြီးက ကိုယ်တိုင်ကြုံရတော့ တော်တော်
ကြောက်ဖို့ကောင်းတယ် ''

Chanyeol သက်ပြင်းကြီးကြီးချကာ
ဆိုလိုက်သည်က
''တက်လည်းတက်နိုင်ပါ့ပေ့ ဒိုဂယောင်းဆူး
ရယ် ''

''ခင်ဗျားကလည်း ကျွန်တော် ဒီဟာခုန်ရင်
တယောက်တည်းခုန်ရမှာ ဟိုလေ
နှစ်ယောက် အဆင်ပြေပြေ စီးလို့ရမဲ့ဟာ
စီးကြမယ် ''

''အါ့ဆို ဟိုဘက်မှာ ဝေဟင်လေထီးရှိတယ်
သူကဖြေးဖြေးလေးဘဲ သွားတာ ''

'အိုကေ အိုကေ let's go''

''ဒီလို ဘယ်ရမလဲ မင်းငါ့ကို  Hyung
လို့ခေါ်မှ သွားမှာ ''

''အာ ခင်ဗျားကြီး ကဈေးကိုင်တယ်ဗျာ''

''အိုးဟိုး လာပြန်ပိလား ဒီခင်ဗျား ''

''Hyung Karja! ''

Kyungsoo ပါးစပ်မှ ထွက်လာသော
Hyung ဆိုတဲ့ အသံလေးကြောင့်
Chanyeol သွားတို့ အအေးပတ်ရလောက်
ပြုံးဖြီးသွားရသည်။

'' Hyung ကို ဘယ်သွားတိုက်ဆေး
ကုမ္မဏီ စပွန်စာ ပေးထားလို့ ထိလောက်
ဖြီးပြနေတာလဲ ''

Chanyeol ;Kyungsoo ရဲ့ပျစ်ပျစ်နှစ်နှစ်
အပြောကြောင့် Feel နေတာလည်း
ကြက်ပျောက်ဌက်ပျောက်ပျောက်သွားရသည်။
ငါအဲ့လောက်ကြီး သိသာသွားလို့လား
ဒေါင်းဇားလေ့း့

:
:
:
:    
               မြေပြင်အထက် မီတာ150မှ
လေဟုန်ညှင်းညှင်းအားပင့်တင်ထားသော
လေထီးအိမ်လေးထဲတွင် နွေးထွေးသည်ဟု
ခံစားရသော ရင်ခွင်ကျယ်ကြီးထဲမြုပ်နေ
သော kyungsoo ရဲ့ခန္ဓာကိုယ်သေးသေး
လေးသည် ထိုရင်ခွင်ကျယ်ကြီးကြောင့်ပို့၍
သေးငယ်သွားသယောင်။
သူထိုရင်ခွင်နွေးနွေးထဲခဏတာ ခုံလှုံမိစဉ်
လှပသော ရှုခင်းတွေကို ကြည့်ဖို့လည်း
သတိမရနိုင်တော့ ရင်ဘက်ထဲမှ
နှလုံးခုန်သံတို့သည် လွပ်လပ်နေသော
ဝေဟင်ထဲ ရွက်လွှင့်နေရ၍လား
ထို့ရင်ခွင်ကြီးထဲ ခုံလှုံနေရ၍လားမခွဲခြား
ထက်တော့ဒါပေမဲ့ခုန်သောနှသားလုံးသား
စည်းချက်တို့ကြောင့်အတော်ပင်နေရခက်သည်။
:
:
:
:
:
:------------
             လှပပါသည်။
ကျွန်တော့်အောက်တွင်မြင်နေရသော စိမ်းစိုစိုရှုခင်းများထက်လှပပါသည်။
ကျွန်တော့်ရင်ခွင်ထဲ နင့်မြှပ်နေသော
ထိုလူသားလေးသည် အရာအားလုံးထက်
လှပပါသည်။ နှုးညံ့သွယ်ပြောင်းသော
ခပ်ထူထူဆံပင်လေးများဖုံးအုပ်ထားသည့်
ဦးခေါင်းလုံးလုံးလေးအား ကျွန်တော်နမ်းရှိုက်
ချင်သည်။ အေးမြသောလေများကြောင့်
ပန်းနုရောင်ပြေးနေသောနားရွက်ဖျား
လေးများလည်း အာငွေ့နွေးနွေးပေးချင်သည်။
မှဲ့နက်လေးများသီတန်းနေသော
လည်ပင်သားဖြူဖြူလေးပေါ်တွင် လည်းကျွန်တော့်ကိုယ်ပိုင်တံဆိပ်များ ခက်နှိမ့်ချင်သည်။
သို့သော်ထိုဆန္ဒများအားချိုးနှိမ်၍
ခေါင်းလေးငဲ့ကာ အသည်းပုံနှုတ်ခမ်းသား
ဖူးဖူးတို့အား နွေးထွေးစွာ ကျွန်တော်နမ်း
ရှိုက်လိုက်မိသည်။
       အလွန်ချိုသည်။ အေးစိမ့်စိမ့်လောက
ကြီးကရုတ်တရက်နွေးထွေးသွားသလို
ထိုရမက်မပါသော အနမ်းလေးတခုမှပေး
စွမ်းသွားသည်။ ကျွန်တော်အနမ်းနွေးနွေး
အား တုံ့ပြန်ခြင်းမရှိ ပြူးကြောင်ကြောင်
မျက်ဝန်းဝိုင်းဝိုင်းလေးတွေနှင့်ခံယူနေသော
ကောင်လေးသည် ကျွန်တော့်အတွက်
မက်မောခြင်းတွေဖြစ်တည်စေသော
ဆေးဆိုးပန်းရိုက်မရှိသော်ငြား ဆွဲဆောင်မှု
အပြည့်ရှိသော မျက်နှာလေးတခု။
မက်မောမှုတို့မရင့်သန်ခင် ထိုနှုတ်ခမ်းလွှာလေး
ကို လွတ်လပ်ခွင့်ပေးလိုပ်တော့
ရှက်ရွံ့စွာလားရာပြောင်းသွားသော
ကိုယ်လုံးလေးကို ရုတ်တရက်ကျွန်တော်
တင်းကျပ်စွာဖတ်ထားလိုက်သည်။
ထိုခဏ တသိပ့်သိပ့်တုန်လာသော
ကျောပြင်လေးနှင့်အတူ ထို့နေက
ကျွန်တော်တို့နှစ်ယောက် စကားလုံးမဲ့စွာ
အချစ်တို့ထပ်တူကြခဲ့သည်။

:
:
:
T.B.C.

Next part is final eposide:
coming next wed:
ချစ်တယ်ချန်ဆူး

Continue Reading

You'll Also Like

269K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
514K 43.6K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...
150K 20.9K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
770K 62.6K 32
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။