final (part 1)

2.2K 218 25
                                    

ကျွန်တော့်ဘဝတွင် မမျှော်လင့်ဘဲရောက်ရှိလာ
တဲ့ ကံကြမ္မာရဲ့နောက်ပြောင်ကျီဆယ်မှုကြောင့်
ကျွန်တော့်ရဲ့ Wish list လေးတွေ့၊မမျှော်လင့်
ထားသော လူတယောက်ကြောင့်ပြီးပြည့်စုံ
အောင်လှပခဲ့သည်။
ယနေ့တွင်လည်း ကျွန်တော့်ရဲ့ဆန္ဒလေးတွေကို
အဝေးကနေဖြည့်စည်းပေးနေသော သူကြောင့်
အိမ်ရှေ့မှစာတိုက်ပုံးလေးကိုကြည့်ကာပြုံးနေမိ
ပြန်သည်။ ထို့နောက်စာတိုက်ပုံးလေးထဲမှ
သူ့ဆီက လာသော၂၃စောင်မြှောက်စာလေးကို
ဆွဲယူလိုက်သည်။ သူ့ဆီကမှန်းသိနေပေမဲ့
ယခုစာအိတ်လေးသည်တော့ ထူးခြားနေသည်။
ယခင်က ဝါကျင်ကျင်စာအိတ်ပေါ်တွင်နေရာယူ
ထားလေ့ရှိသော နိုင်ငံတော်တံဆိတ်ခေါင်းအစား
ခပ်ပြေပြေသန်းနေသော ပန်းနုရောင်အသည်း
ပုံလေးကနေရာယူထားသည်။ ထို့ကြောင့်
စာအိတ်ကိုတလှည့် မိမိလက်မှဆွဲထားသော
Mongmooလေးကို တလှည့်ကြည့်နေမိသည်။
ထို့နောက်အဆန်းတကျယ်စဉ်းစားမနေတော့
ဘဲ မောင့်မူး လေးကိုဆွဲကာ အိမ်လေးထဲသို့
လျှောက်လှမ်းလာခဲ့သည်။ နောက်ပြီးသူ့ဆီက
၂၃မြှောက်စာလေးကို ဖတ်ဖို့ ရင်ဘက်ကြီးက
အရမ်းခုန်နေပြီလေ ။

ဒီစာလေးတွေရောက်လာစေသောအကြောင်း
တရားသည်လည်း သူနဲ့ခွဲခွါရမဲ့နောက်ဆုံးနေ့
ရက်လေးတွင် ကျွန်တော်ကိုယ်တိုင် ထပ်မံဖြည့်
စွက်လိုက်သော ကျွန်တော့် wishlist လေးထဲ
မှ နောက်ဆုံးကျွန်တော့်ဆန္ဒလေးတခု့။
ကျွန်တော်နဲ့သူ နောက်ဆုံးခွဲခွါချိန်လေးမှာတင်
ဖွင့်ဟခဲ့သော ကျွန်တော်တို့နှစ်ယောက်ရဲ့
ချစ်ခြင်းတွေကို ကျွန်တော်အရမ်းသနားမိတယ်။  သူနဲ့ကျွန်တ်ာဆုံတွေ့ဖို့အကြောင်း
တရားနောက် ခွဲခွါရခြင်းအကြောင်းတရားပါ
ကပ်ပါလာတော့အလွမ်းတို့က တိုးဝှေ့
တံခါးခေါက်လာသည်။ နောက်ဆုံးကျန်ချိန်
လေးတွေမှာ ကျွန်တော့်နေ့ရက်တွေကို
နောက်ဘဝသာရှိခဲ့ရင်ဆိုသော မျှော်လင့်ချက်
တို့နှင့် ရှင်သန်ခဲ့ရသည်။ ဒါဟာသူပေးခဲ့သော
ဒြပ်မဲ့လက်ဆောင်လေ့း။ သူနဲ့မတွေ့ရတော့
တဲ့၃နှစ်ကျော်ဆိုသောအချိန်လေးတွင်း ကျွန်တော်သူ့ပေါ်ချစ်သောအချစ်တို့ခိုင်မာလာ
ခဲ့သည်။ သူကရော?အနေဝေးရင်သွေးအေးတယ် ဆိုတဲ့
ပြစ်ညက်ချက်ကြောင့် ကျွန်တော့်အပေါ်အချစ်
တို့အေးစက်သွားပိလာ့း။ ဒါပေမဲ့ တလတခါ
၂လတခါလောက်ရောက်ရောက်လာတက်သော
စာလေးတွေကြောင့် ကျွန်တော်အရမ်းပျော်ခဲ့ရတယ်။ နောက်ပြီး
သူ့ဆီက စာလေးတွေရောက်မလာတော့မှာ
ကျွန်တော်အရမ်းကြောက်တယ် ထို့ကြောင့်။

Wish list[completed]Where stories live. Discover now