ကျောင်းကပွဲမှ ပြန်လာပြီးကတည်းက...အခန်းတံခါးပိတ်...အိပ်ရာထဲ လှဲနေသော...ကျွန်တော့်ကို JunMyeon Hyungက ဆယ့်ငါးမိနစ်တစ်ခါ မေးခွန်းတစ်ခု လာလာမေးသည်
"ထမင်းစားတော့မလား...Sehun?"
"ဟင့်အင်း...မစားချင်ဘူး"
"မစားသေးဘူးတဲ့...Omma...ကျွန်တော်
သူနဲ့မှ တူတူစားတော့မယ်"
"Hyung ဖာသာ Hyung နေပါဗျာ...ကျွန်တော်😞 အေးဆေးနေချင်လို့..."
ဖက်လုံးကိုဖက် တစ်ဖက်သို့ လှည့်ကာလှဲနေ
ရင်းမှ နောက်လှည့်မကြည့်ဘဲ ပြောမိသည်!.
ကျွန်တော် တစ်ယောက်တည်း နေချင်သည်...
"ငါ ပြောပြမယ်...Sehun ah...တစ်ခါတစ်လေ
တော့လည်း မျှော်လင့်ထားသလို ဖြစ်မလာတာ
တွေ ရှိတာပေါ့...ဒီလိုပဲ😪...စိတ်ထဲ သိပ်မထားနဲ့"
မွေ့ရာမှာ...အိခနဲနိမ့်ဆင်းသွားမှုကြောင့်...
လှည့်ကြည့်မိတော့ သူက ခေါင်းအုံး
တစ်လုံးကိုပိုက်ကာ...ကျွန်တော့်ဘေးဝင်ထိုင်
သည်...
"အေး...ဒါပေမယ့် ခေါင်းထဲတော့ ထည့်ထားရ
မယ်...ဒီလူ...ငါ့ကို ဒါမျိုးလုပ်ခဲ့ဖူးတယ် ဆိုပြီး"
သူ့မျက်ဝန်းများက...မှုန်သုန်သုန်...
အေးစက်စက်...
နဂိုကမှ သူနှင့် ပက်သက်ပြီး
ဘဝင်မကျ ချင်သော Hyungမှာ...အခုတော့
ပိစိညောက်တောက် အမြင်ကြည်စရာလေးပင် ရှာတွေ့စရာကျန်ပါဦးမလား😑
"ဒါမှ...နောက် ဆုံးဖြတ်ချက်ချစရာတွေ
ကြုံလာတဲ့အခါ...ထည့်ပြီးစဉ်းစားလို့ရမှာ...😕"
"သူ တစ်ခုခု အရေးကြီးတာ ပော်လာလို့ နေမှာ
ပါ"
"သူ့မှာ မင်းထက် အရေးကြီးတာတွေ
များလွန်းနေတယ်...အဲဒါကို ငါ မကြိုက်တာ"
နေပေါ့...ကျွန်တော် ကြိုက်ရင် ပြီးတာပဲဟာ😞
တွေ့လား...😭 ပိုစိတ်ညစ်လာပြီ...
အဲဒါကြောင့်...ကျွန်တော် တစ်ယောက်တည်း
နေချင်တာ...
"သွားတော့...Hyungရာ...စိတ်ညစ်ရတဲ့ အထဲ😞"
"မသွားနိုင်ပါဘူး...ငါပြောဦးမှာ...😟"
ကျွန်တော်...ခေါင်းအုံးကို ခေါက်ချိုးချိုးပြီး နား
နှစ်ဖက်ကို ဖိပိတ်ကာ အိပ်ဖို့ကြိုးစားလိုက်သည်
"မင်းကလေ နှာဘူးထတာတစ်ခုကလွဲရင်...
အကုန် ကလေးစိတ်...အဲဒါကြောင့် Ommaက စိတ်မချတာ...😪"
"............"
"အမှန်တော့ အချစ်ဆိုတာ စိတ်ကူးယဉ်ရတာပဲ
အရသာရှိတာပါကွာ😪"
"............"
ကျွန်တော် နှုတ်ဆိတ်နေတော့...သူလည်း တိတ်ဆိတ်သွားသည်...
JunMyeon Hyungသည် ကျွန်တော့်အား
တတ်အားသရွေ့...နှစ်သိမ့်ဖို့ကြိုးစားနေမှန်း...
ကျွန်တော် သဘောပေါက်သော်လည်း သူ
ကျွန်တော့်ခံစားချက်ကို...နားလည်သည်ဟု
တော့ မထင်ပါ...😷
"ထ...Sehun...ငါတို့
ရုပ်ရှင်သွားကြည့်ရအောင်...စိတ်ပြေလက်ပျောက်"
"ဘာဖြစ်ပြန်ပြီလဲ...Hyungရာ...စိတ်ညစ်ပါ
တယ်ဆိုမှ😫"
ကျွန်တော်...ခေါင်းကို တဗျင်းဗျင်းမြည်အောင် ကုတ်မိပါသည်...ငိုပင်ငိုချင်လာသည်...
"ရုပ်ရှင်ကြည့်မယ်...😪"
ဘာအရူးထပြန်ပြီလဲ...😣
"မကြည့်ချင်ပါဘူး...အိမ်မှာပဲ နေချင်
တယ်😣"
"မကြည့်ချင်လို့မရဘူး...ကြည့်ရမယ်~😌"
ဟင်း...
လောကကြီးတွင် အလိုက်မသိသော သူများအား...ထောင်သွင်းအကျဉ်းချထားလို့ရလျှင် JunMyeon Hyungသည် Ommaပြောသော ထောင်သားတွေထဲမှ သမ္ဘာရင့်ဝါရင့်...တန်းစီးဆိုတာမျိုး ဖြစ်နေလောက်သည်...
"တကယ်ပြောတာ...ကျွန်တော်...ရင်ထဲမှာ...
ဘယ်လိုကြီးလဲ မသိဘူး ဖြစ်နေတယ်😞"
"အဲဒါ ရင်ခံနေတာလေ😒...ရုပ်ရှင်ကြည့်လိုက်ရင်
ကောင်းသွားလိမ့်မယ်...မင်း အခုလို အခန်းပိတ်
ပြီးနေတော့ရော...ဘာထူးသွားမှာလဲ😂...ပိုပြီး
စိတ်ညစ် ရတာပဲ ရှိမယ်...ရုပ်ရှင်ကြည့်လိုက်တော့ အာရုံပြောင်းသွားတာပေါ့"
ကျွန်တော် ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲ
ပြန်တွေးမနေချင်ပါ...😞
ဖြစ်နိုင်လျှင်...ခေါင်းထဲမှ ဇွက်ခနဲနှိုက်ပြီး ဝှီးခနဲ
ပင် ပစ်ထုတ်ပစ်လိုက်ချင်သေးသည်...😞
သို့်သော်...သူ ပြောသလို...
လူများသော နေရာများသို့လည်းမသွားချင်...
စကားမပြောချင်...ရှက်သလိုလို
ရင်ဘတ်ထဲက အောင့်သလိုလို...နာသလိုလို
မျက်နှာကိုပဲ ဓားနှင့်လှီးပစ်ချင်သလိုလို
ကြီး ဖြစ်နေသည်
"ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး..."
"ငါ စိုက်မှာပေါ့ဟ"
"အသိတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ"
"ဘယ်လိုလုပ်ရမလဲ...ရုပ်ရှင်ကြည်တယ်ပေါ့...
ဘယ်သူ့ကိုမှ အဖတ်မလုပ်ချင်လည်းရတယ်...
ငါပဲ လုပ်လိုက်မယ်...အိုကေ?"
"အင်း...ဘယ်နှစ်နာရီရှိပြီလဲ...ခုချိန်သွားရင်
မီပါ့မလား"
ကျွန်တော် စားပွဲပေါ်ရှိ နာရီကို ကြည့်မိပါသည်...
"မီတာပေါ့...ခုမှ ခုနစ်နာရီရှိသေးတာ...ခုနစ်ခွဲ
မှစမှာ...လာ...သွားမယ်...အဝတ်အစားလဲ"
"Ommaက...လွှတ်ပါ့မလား...ပြန်လာရင်
ညနက်မှာပေါ့"
"သြော်...Oh JunMyeonပါကွာ...မင်းထက်
နှစ်နှစ်ကြီးတယ်ဆိုတာလေး သတိရပေး...😏
ငါ ပိုင်ပါတယ်..."
"သားရေ...Sehun...အောက်မှာ ဧည့်သည်
ရောက်နေတယ်"
အောက်ထပ်ဆီမှ Omma လှမ်းအော်သံကို
ကြားရသည်...ဘယ်သူလဲ...
ကျွန်တော် ဘယ်သူ့ကိုမှ မတွေ့ချင်ပါ...😣
"Kim Kaiထင်တယ်...သူ့ကိုပါ ခေါ်လိုက်မယ်"
JunMyeon Hyungက...သူ့ဖာသာသူ ရေရွတ်သလို...ပြောရင်း အခန်းပြင်သို့ထွက်သွား
သည်...သို့သော်...အောက်ဆင်းမသွားဘဲ...
လှေကားထိပ်မှနေ၍ပင်...အထဲပြန်ဝင်လာသည်...
"Luhan ရောက်နေတယ်😪"
"ဟမ်...😱"
သူ...သူ လာတယ်?တကယ်😱😱😱😱?
"တကယ်လား? Hyung😱😱"
"သားရေ...ဒီမှာ သားသူငယ်ချင်း~သြော်...
ဒီကောင်လေးဟာ...ခေါ်မကြား...အော်မကြား"
"ကျွန်...တော်...ကျွန်တော် အိပ်နေတယ်လို့
ပြောလိုက်...Hyung😞"
JunMyeon Hyungက ပထမ မျက်ခုံးပင့်လျက်...အံ့သြသွားပုံပော်သည်...
ထို့နောက်မှ...ဒါမျိုးဖြစ်နေရမယ်...ဟူသော...
မျက်နှာပေးမျိုးနှင့် ကျွန်တော့်ကို ကျေနပ်စွာ...
ကြည့်လာသည်
"Sehun အိပ်နေတယ်...Omma😅"
"သား...JunMyeon...ဆင်းလာလေကွယ်...
မင်းကလည်း...အိမ်ထဲမှာ အော်ဟစ်နေတယ်😟"
"သား...မအားလို့...😒"
သူကလည်း ကလေးဆန်လိုက်တာ...😒
ကျွန်တော် စိတ်ဆိုးတာက ကိုယ့်ချစ်သူကိုယ်မို့ ထားပါတော့...😒
သူကပါ မဆီမဆိုင် ပန်းလေးကို အသားလွတ်...
"ဟို...ရပါတယ်...အန်တီ...သူ့ကို...ကျွန်တော် လာသွားတယ်လို့ ပြောပေးပါ...နော်"
"သား နာမည်က?"
"Luhanလို့ ခေါ်ပါတယ်"
"အေးအေး...အန်တီပြောပေးမယ်"
ဟင်...😰😰😰
တကယ် ပြန်သွားတော့မယ် ထင်တယ်...😧
"Hyu...😞Hyung...အပေါ်ခေါ်လိုက်ပါလား...
အိပ်နေတယ်ဆိုပေမယ့် လာကြည့်ချင် ကြည့်လို့ရအောင်😔"
"လာကြည့်ရအောင် မင်းက မျောက်လား...
ငါရှက်တယ်ကွ😫...မနေနိုင်ရင်လည်း အစောတည်းက မပြောနဲ့လေ...😣"
"Hyungကလည်း😁...ဒါမျိုးတွေ Hyung နားမလည်ပါဘူး...ပြောစရာရှိတာ ပြောစမ်းပါ...
ဟိုမှာ ပြန်သွားတော့မယ်~😥
ကျွန်တော် အိပ်နေတာနော်...ဒါပေမယ့် ကြည့်ချင်ကြည့်လို့ ရတယ်လို့ပြော😔"
"😫😫😫"
"ပြော...မြန်မြန်...ဟိုမှာ ပြန်တော့မယ်😞"
"ခဏ...ခဏ...Luhanရေ...ဒီမှာ...Sehunက...သူအိပ်နေတယ်ဆိုပေမယ့်
လာကြည့်ချင်ကြည့်ပါတဲ့ဟေ့😧"
ဟာ...သွားပါပြီ...😲
နှစ်နှစ်ကြီးသော အစ်ကိုသာ မဟုတ်ခဲ့လျှင်...
ကျွန်တော် နံဘေးရှိ...နာရီဖြင့် ကောက်ပေါက်လိုက်ပါသည်...😣
အရေးအကြောင်းဆို အရှက်ခွဲဖို့ပဲ...
ဘာမှ အားမကိုးရဘူး...
*ဒုန်း*
အမယ်...အခန်းတံခါးကို သူကပဲ မကျေမနပ်...ဆောင့်ပိတ်သွားရသေးသည်...သူ ဘာနားလည်တာကျလို့😦
ဒါ ချစ်သူရည်းစားကိစ္စ...ချစ်သူရည်းစားကိစ္စ
ဆိုတာ ဒီလိုပဲ...မူရ...ချွဲရ...ပိုရ...ကလေးဆန်ရသည်...😌
ခြေရင်းဆီမှ ဂွမ်းစောင်ပါးကို ဆွဲယူခြုံလျက်...
ကျွန်တော် သူလာမည့်ဘက် ကျောပေးကာ လှဲ
နေလိုက်သည်...😔😔
ရှုပ်ပွနေနိုင်သော ဆံပင်များကို
လည်း သဘာဝကျကျလေး သပ်ရပ်သွားအောင် ပြင်လိုက်သည်~
ထို့နောက် မျက်လုံးကို မှိတ်ပြီး နားကိုစွင့်ထားသည်...ဘယ်သူဘာပြောပြောကျွန်တော် အိပ်နေသည်...😔😌
အခန်းတံခါးလေးသည် ချောက်ခနဲ ဖြည်းညင်းစွာ ပွင့်လာသံကြားရသည်...ညင်သာသော
ခြေသံတစ်စုံ...ကျွန်တော်...အသက်ပင် မရှုမိ...
အခုနထိ နာကျင်နေခဲ့သော...ကျွန်တော့် ဝဲဘက် ရင်အုံသည် အခုတော့ အချော့ခံရမည့်အရေး...
တွေးပြီး တရှိန်ရှိန်ခုန်နေသည်...😊
ချစ်ခြင်းတရားဆိုသည်က...အမှတ်အတေး
မထားတတ်သော သူများအတွက် ပိုပြီး...
အဓိပ္ပာယ်ရှိသည်မို့်လား...
အချစ်ရေ...ကျွန်တော့်ကို ချော့ပါတော့...😍
မျက်စိမှိတ်ထား၍...စိတ်ထဲမှ...ဂဏန်းများကို
ရေတွက်နေရာ...ငါးဆယ်နားပင် ကပ်တော့မည်...
သူ့ဆီမှ အသံတစ်စုံတစ်ရာ...ထွက်မလာသေး
ကျောပေးထားသော နောက်ဘက်ဆီမှ လှုပ်ရှား
မှုတစ်စုံတစ်ရာ ဖြစ်မလာသေး...
ကျွန်တော် တကယ်အိပ်ပျော်နေတယ်လို့ သူ...
ထင်လို့များလား...😑
"ဘာလို့ မလာတာလဲ"
နောက်ဆုံးတော့လည်း...ကျွန်တော့်မာန
တစ်ထစ်ချကာ...နောက်ကျောပေးထားလျက်မှမေးမိသည်...
သိချင်သူက မေးရမည်မို့...
မမေးလျှင် မပြောမည့်သူမို့...
ကိုယ် မစလျှင် သူက နှုတ်ဆိတ်နေမည့်သူမို့...
"ကိစ္စတစ်ခုပေါ်လာလို့..."
သူ့စကားသံက ပြတ်တောင်းတောင်း...
တိုးဖျော့ဖျော့...
"အရမ်းအရေးကြီးလို့လား..."
"အင်း..."
ကျွန်တော် ခြုံထားသောစောင်ကို ဆွဲဖယ်၍
ထထိုင်မိပါသည်...
"ကျွန်တော်ကရော?"
သူ...ကျွန်တော့်ကို ကြည့်မနေပါ.
ကုတင်နံဘေးတွင် မတ်တပ်ရပ်လျက်
ကြမ်းပြင်ကို ခပ်တွေတွေစိုက်ကြည့်နေသည်...
"ငါ တောင်းပန်ပါတယ်..."
မျက်လုံးချင်းဆုံရုံမျှ မော့ကြည့်လာပြီး...
တခဏချင်း လွှဲဖယ်သွားသော...သူ့ကိုမြင်ရ
တော့ ကျွန်တော့်ရင်သည် လှိုက်ဖိုပြီး..ဝမ်းနည်း ပူလောင်လာသည်...
"ခင်ဗျားက...တောင်းပန်ပါတယ်...နဲ့...ပြီးသွားတယ်...ဒီမှာ...ဒီကောင်က...အရူးကြီးလား😭"
"ဟာ...ဘာလို့ငိုတာလဲ...မငိုနဲ့လေ...ကလေး
လေးကျနေတာပဲ..."
မလှမ်းမကမ်းတွင် ရပ်နေသောသူက...ပျာပျာသလဲ ရှေ့တိုးလာပြီး...လက်ချောင်းဖြူဖြူလေးများက...ကျွန်တော့် ပါးပြင်သို့ လာရောက်ပွတ်သပ်သည်...
"မငိုနဲ့...တိတ်...တိတ်..."
"ငိုချင်လို့ငိုတာမှ မဟုတ်တာ...
သူ့ဖာသာသူ မျက်ရည်ကကျလာတာ😭"
"တောင်းပန်ပါတယ်နော်...တကယ်"
မျက်ရည်ကလည်း သုတ်ပေးပါသည်ဆိုမှ ပို၍ ကျချင်သည်...ဝမ်းမနည်းအောင် ချော့ပါသည်ဆိုမှ ရင်ထဲမှ လှိုက်လှိုက်တက်ပြီး ဝမ်းနည်း
သည်...
"မင်းက ငိုတာတောင် ချစ်ဖို့ကောင်းလိုက်တာ
ကလေးလေးလိုပဲ"
အင့်ခနဲရှိုက်နေသော လူကို ပါးဆွဲဖျစ်ပြီး
ပြောလိုက်သော...သူ့စကား...
ဒါ ချော့တာလား...😒😒
တောင်းပန်ပါတယ်ပဲ ပြောတတ်တယ်ထင်တာ
"ကြည့်လုပ်ဦး...သူများတွေက...ခင်ဗျား
ကျွန်တော့်ကို မချစ်ဘူးလို့ ထင်ကုန်ကြပြီ😞"
"............"
"အဲဒါ အရမ်းဝမ်းနည်းစရာကောင်းတယ်😞"
"ငါ တောင်းပန်ပါတယ်...Hun ah"
😟အမှန်ဆို ငါ မင်းကို ချစ်ပါတယ်လို့ ပြောဖို့
ကောင်းတာပေါ့...
သူ တိတ်ဆိတ်သွားသည်...ကျွန်တော့်ကိုလည်း
မကြည့်တော့...ကြမ်းပြင်ကို တွေငေးငေး စိုက်ကြည့်နေပြန်သည်...သူ စိတ်မကောင်းဖြစ်သွားပြီ ထင်သည်
အပြစ်တင်ချင်သည်ဆိုပေမယ့်လည်း
အပြစ်ရှိသလိုတော့ဖြင့် သူ့အား မခံစားစေချင်ပါ...
"အဲလောက်လည်း စိတ်မကောင်း ဖြစ်မနေပါနဲ့
အခု ဘာမှမဖြစ်တော့ဘူး...ကျွန်တော် စိတ်ပြေ
သွားပြီ"
"............"
"သိလားလို့...😔"
"အင်းပါ"
"ဒါနဲ့...ဘာကိစ္စဖြစ်လို့လဲ...ကျွန်တော့်ကို ပြောပြ
လို့ရလား"
"ဟင့်အင်း..."
သူက ခပ်ယဲ့ယဲ့ပြုံးရင်း ခေါင်းရမ်းသည်~
"အဆင်ပြေသွားပြီလား...ခု"
"အင်း...အဆင်ပြေအောင် လုပ်လိုက်တယ်"
"ပြီးတာပဲ..."
ကျွန်တော် အိပ်ရာပေါ်မှ ဆင်းပြီး စားပွဲပေါ်ရှိ...
ရောင်စုံကြယ်များ ထည့်ထားသော...ဖန်ပုလင်း ်လေးကို ယူလိုက်သည်...
"ဒီမှာကြည့်စမ်း...ကြယ်လေးတွေ...ခင်ဗျားကို သတိရတိုင်း ကျွန်တော် ခေါက်ထားတာ😘"
"အများကြီးပဲ...😍"
အခုမှပဲ...သူ့မျက်ဝန်းတို့... အရောင်ပြန်လက်လာသည်ဟု ထင်မိသည်...
"ငါ ကိုင်ကြည့်လို့ရလား..."
ဘယ်လိုမေးလိုက်တာပါလိမ့်...😒😟
ကျွန်တော်...ပုလင်းအဆို့လေးကို ဖြုတ်၍...
အနည်းငယ်စောင်းကာ...သူ့လက်ဖဝါးပြင်ထဲသို့
ကြယ်တစ်ချို့ကို...ဆင်းသက်ကြွေကျစေလိုက်သည်...
"ရတာပေါ့...ခင်ဗျားကြောင့် သူတို့ ဖြစ်လာတာ
ပဲ...😕"
သူ့ ခွင့်တောင်းခံမှုကြီးကို...ဘဝင်မကျနိုင်စွာနှင့် ပြောမိတော့... ကျွန်တော့်ကို သူက ပြုံးတုံ့တုံ့
ငေးကြည့်ရင်း...လက်ထဲရှိကြယ်လေးများကို...လေထဲပစ်မြှောက်...ထို့နောက်...
ပြန်လည် ဖမ်းဆုပ်လိုက်သည်...
"ချစ်ဖို့ကောင်းတယ်...😚"
"ဘယ်သူ့ကိုပြောတာလဲ..."
"သြော်...ဒီလိုပဲ😌...အားလုံးပဲပေါ့"
"အမှန်အတိုင်း ပြောကွာ😏..."
ကျွန်တော် သူ့ကိုယ်လေးကို နောက်မှနေ၍
တအားဖက်ပွေ့ပစ်လိုက်သည်...
"ဟာ...Oh Sehun...ဘာလုပ်တာလဲ...
လွှတ်စမ်း😰...လွှတ်...လွှတ်..."
သူက နောက်မှ သိုင်းထားသော ကျွန်တော့်
လက်ဖျံကို ခြင်ရိုက်သလို...တဖတ်ဖတ်ရိုက်ရင်း လွှတ်ခိုင်းနေသည်
တကယ် လွှတ်စေချင်တာလည်း မဟုတ်ဘဲနဲ့...😁
"လွှတ်ဘူး...ချစ်တယ်ပြောမှ လွှတ်မယ်😌"
ကျွန်တော်...သူ့ခါးလေးကို တအားညှစ်ထားရင်း
ဆံပင်ညိုညိုများ...ဝဲကျနေသော...သူ့
လည်ကုတ်ဖွေးဖွေးလေးထဲ...နှာခေါင်းနှစ်ထားမိ
သည်...ရေငတ်တုန်း ရေတွင်းထဲကျ ဆိုတာ ဒါမျိုးထင်ပါရဲ့...
"Oh Sehun...😅အ...ယားတယ်...
မင်း နှာခေါင်းကြီးက..."
"............."
"ဘယ်လိုဖြစ်နေတာလဲကွာ...😒
ငါ ဆောင့်ကန်မှာနော်😒"
ဒီလို ချိန်းခြောက်စကားကို သူများတွေကတော့ရိုမဆန်လိုက်တာလို့ တွေးကောင်းတွေးနေမှာ
ပေါ့လေ...😔
ဒါပေမယ့် ခင်ဗျားတို့ချစ်သူက ခေါင်းကိုမော့...
ရင်ကိုကော့...ရယ်ရင်း ပြောနေမယ်ဆိုရင်ရော?
ကျွန်တော်တော့ ရူးသွားတော့မလိုပါပဲ~😌
"ဒုက္ခပဲ...လူကြီးတွေဝင်လာရင်😑"
"ဘာဖြစ်လဲ...ကျွန်တော်တို့ ဆော့နေကြတာ
ပေါ့😁"
"အဲဒါ ဆော့တာဆို ငါလည်းပါချင်တယ်😏"
"ဟာ...Hyung...😲"
တံခါးဝတွင် လက်ပိုက်၍...ရုပ်ရှင်မင်းသားများလို ဒူးတစ်ဖက်ကို ကွေးညွတ်ကာ...မျက်ခုံးပင့်
လျက် စိုက်ကြည့်နေသော...ပုံပျက်ပန်းပျက် ဆိုဒ်ဂိုက်နှင့် စိတ်ညစ်စရာ...သူ့ပုံစံကြောင့်
ကျွန်တော် ကယောင်ခြောက်ခြား လက်လွှတ်လိုက်မိသည်
"မင်းတို့က ကြာကြာတူတူ ထားလို့မရဘူး😕"
မင်သေသေနှင့် ပြောလာသော JunMyeon Hyung၏ပုံစံက...ကျွန်တော့်အား...ဆရာSiWonကို သတိရစေသည်...
သူ့ကိုယ်သူများ ဘာထင်နေလဲမသိ...😂
ဒါ ကျွန်တော့အခန်း...
ကျွန်တော့်ချစ်သူ...
ကျွန်တော့်လွတ်လပ်ခွင့်...😒
ပေါပေါသောသော မလိုလားအပ်သော
ဤသို့ဤနှယ် အဖျက်အနှောင့်လေစိမ်းများကို
ကျွန်တော်မမှုသော်လည်း...အရှက်သည်းသောပန်းလေး၏ မျက်နှာသည် ပန်းတစ်ပွင့်လို ရဲရဲနီသည်...
"ငါ...ငါ ပြန်တော့မယ်😖"
"ဟာ...မဟုတ်တာ..."
ကျွန်တော် သူ့လက်ကို ပျာပျာသလဲ ဆွဲထားမိ
သည်...ဖြစ်နိုင်လျှင် တစ်သက်လုံးအတွက် ပြန်
မလွှတ်ချင်တော့...
သူ Hyungကို အားနာနေသလို Hyung
ကြောင့် အနေရခက်နေပုံလည်း ပေါ်သည်...
JunMyeon Hyungကလည်း အိပ်ရာလိပ်ကြီး
ထောင်ထားသလို တောင့်တောင့်ကြီး လာရပ်ပြီး
ကြောင်တောင်တောင်ကြီး လာလာချောင်းသည်
ကိုး
"Hyung...ဒီနေ့ Hyungကြိုက်တဲ့ အစီအစဉ်
လာမှာလေ...သွားကြည့်ပါလား😁"
"ဒီနေ့လာမယ့် Guestကို ငါစိတ်မဝင်စားဘူး😒"
စိတ်ဆင်းရဲပါ့😓..သူ စိတ်ဝင်စားတဲ့ guestပဲ လာအောင် သွားညှိထားရမလို...ဖြစ်နေပြီ...
"မင်း...ထမင်းမစားသေးဘူးလား😕"
"အမ်...ဘာတွေ လာပြောနေတာလဲ...
စားပြီးပြီလေ😐"
"မစားရသေးပါဘူး😟"
ဘာလဲကွာ...ဘာလို့ ဒီကိစ္စကို ငြင်းနေရမှာလဲ...ကျွန်တော် စားပြီးတယ်ဆို ပြီးပြီပေါ့😖...
တစ်သက်လုံးစားရမယ့်ထမင်းကို ဒီနေ့လေး
မစားတော့ ဘာဖြစ်သွားမှာမို့လဲ~😩
"သား...JunMyeon...ခဏ...ခဏ...
အမေခိုင်းစရာ ရှိလို့"
အမလေး...ဝမ်းသာလိုက်တာ~😁😁😁
ထိုခဏတွင် ကျွန်တော်ပျော်သော အပျော်
သည်...ဘာနှင့်မှမတူ...
မဖြစ်သေးသော တတိယကမ္ဘာစစ်ကြီး ပြီးသွားလျှင်တောင် ဒီလောက်ပျော်ပါ့မလား..မပြောတတ်
ကျေးဇူးကြီးလှပါတယ်...မာတာမိခင်ကြီးရယ်
"ငါပြန်လာခဲ့မယ်...😑ပေါက်ကရ မလုပ်နဲ့နော်"
ဟွန်း...အဖတ်ကိုမလုပ်တာ...ရှင်းလား😒
"ညနက်တော့မယ်...ငါပြန်တော့မယ်"
"နေပါဦး...ကျွန်တော် စာနည်းနည်းမေးချင်လို့"
"စာ?"
"အင်း...နည်းနည်းပဲလေ...😔😞"
ကျွန်တော့်မှာ မျက်နှာလေးကို သနားစဖွယ် အားငယ်နေသည့် ယုန်ကလေးပုံပေါက်အောင် ဖမ်းထားရသည်...တကယ်တမ်းတော့ စာမရလျှင်
အားငယ်တတ်သည့်လူများကို ကျွန်တော်က ပို၍ပင် သနားသေး၏...
"JunMyeon Hyungရှင်းပြလို့ရ..."
"ဟာ...မဟုတ်ဘူး...မဟုတ်ဘူး...နားမလည်ဘူး...သူပြောပြတာ"
".............."
"နော်...လုပ်ပါလို့...နော်...နော်"
"အများကြီးတော့ မဟုတ်ဘူးမလား"
"အင်းပါ..."နည်းနည်းလေး😁😉"
❤ လူသားတစ်ယောက်ကို ချစ်မိခြင်း❤
"ဒါကလေ...ဘယ်လိုတွက်ရမှာလဲ"
ဖတ်စာအုပ်ထဲ ကြုံသလို လှန်လိုက်ရာမှ...ထွက်လာသော...ပုစ္ဆာရှည်ရှည်တစ်ပုဒ်ကို လက်ထောက်ပြပြီး မေးမိပါသည်...ကြာကြာတွက်ရတော့...
ကောင်းတာပေါ့...😁
"အဲဒါက...ခဏ ငါ ပုံဆွဲပြမယ်..."
ပေးထားသော အကြမ်းစာရွက်ကို
ဆွဲယူလိုက်တော့ ကျွန်တော် သူ့နား နီးသထက်နီးအောင် တိုးကပ်လိုက်မိသည်...
ဘုရားစူး...မိုးကြိုးပစ်...မမြင်ရမှာစိုးလို့ လုံးဝ လုံးဝ မဟုတ်ရပါဘူး...
သူများ ဒီဖက်လှည့်လာရင် နှာဖျားလုံးလုံးလေး ကျွန်တော့်ပါးထဲ မြုပ်သွားမလား မျှော်လင့်ချက်
လေးနဲ့ပါ...😔
"ဒီလို ဖြည့်စွက်မျဉ်းတစ်ကြောင်းဆွဲ..."
ဟား...ဘာနံ့လေးလဲကွာ...သူ့ပါးလေးဆီက...
ဂလု...ကိုက်စားပစ်ချင်တယ်~ဟင့်...ဟင့်...
ချစ်တယ်...ရင်ခုန်တယ်...ရူးချင်တယ်😭
"ဟောဒီထောင့်နဲ့...ဒီထောင့်က မျဉ်းဖြောင့်တွဲ
ဆိုတာ သိတယ်နော်?"
"အွန်း😔"
ဗလောင်ဆူနေသော ရင်တွင်းဆန္ဒများကို...
မရမက ထိုးသိပ်သိမ်းပြီး သူ့နံဘေးတွင်
အိန္ဒြေဆယ်၍...မင်သေသေနှင့်...ထိုင်နေရမည့်
အစား...ကျားဖင်သာ ပြေးနှိုက်လိုက်ချင်သော
စိတ်များ ကျွန်တော့်ထံတွင် ဖြစ်ပေါ်လာသည်😬
"Oh Sehun...ဘယ်လိုဖြစ်လို့ စွတ်ကပ်နေလဲ မင်းတစ်ကိုယ်လုံး ငါ့ကိုယ်ထဲ ဝင်တော့မယ်
ဒီမှာတွက်ပြတာကို ကြည့်လေ"
"အင်းပါ😔...ကြည့်နေပါတယ်"
ဒိုင်းခနဲ ပစ်ထိုးလာသော...သူ့မျက်စောင်းလေးက...ရင်ကိုငြိ၍...ချစ်စဖွယ် စွဲမက်ဖွယ်ဖြစ်သော်လည်း...မျက်ထောင့်နီအဖြစ် အသွံင်ပြောင်းသွားမည်ကို ကျွန်တော် အင်မတန်စိုးရိမ်လှပါသည်...
"ဒါနဲ့...လူတစ်ယောက်ရဲ့ကိုယ်ထဲ အခြားတစ်
ယောက်ဝင်လို့ရတယ် ဆိုတာ အချစ် ယုံလား😔"
"စာရှင်းနေတယ်လေ😒"
"😞😞😞....."
"😐အင်း...စိတ်အားဖြင့်ပဲ ရမှာပေါ့...
ဝိညာဉ်ပူးတာတို့...လိပ်ပြာလွှင့်တာတို့"
"နိုး...နိုး...နိုး...မှားတယ်...တကယ့်လူူတွေကို
ပြောတာ😪"
"ဘယ်လိုဖြစ်နိုင်မှာလဲ😐"
"ဘာလို့မဖြစ်နိုင်ရမှာလဲ...အထူးသဖြင့် ချစ်သူ
ရည်းစားတွေမှာ ပိုလို့ဖြစ်နိုင်တယ်...😁"
"ဘယ်လိုမျိုးလဲ😦"
အချစ်က...ပါးစပ်ကလေးပင် ဟသည်အထိ...
တမေ့တမော...လိုက်လံစဉ်းစားကြည့်နေသည်
သြော်...အချစ်ရယ်...
အဲဒီကိစ္စက အခု အချစ်တွက်ပြနေတဲ့ ပုစ္ဆာ
လောက်တောင် မခက်ခဲပါဘူး...ကျွမ်းကျင်
အဆင့်မဟုတ်တောင်...ကျွန်တော် သေချာ လေ့လာထားပါတယ်~😏
"အဟမ်း...ဒီလိုလေ...တစ်ယောက်ရဲ့အစိတ်အပိုင်းက နောက်တစ်ယောက်ရဲ့အခြားအစိတ်အပိုင်းတစ်ခုထဲ ဝင်သွားတာမျိုး😁"
😧😧😧
"စောက်နှာဘူးကလည်း😬...ငါ ထိုးမိတော့မယ်😬😬👊👊"
"ဟီး...ဟီး...မရှက်ပါနဲ့😁...ခင်ဗျားကလည်း...
ကျွန်တော် မလုပ်ပါဘူး...😖"
".......😑😑😑...."
"လောလောဆယ်ပေါ့လေ😪...နောက်ပိုင်းတော့ အာမမခံဘူး😁"
"ပြန်တော့မယ်...နောက်ကျနေပြီ"
"ဟင်...စိတ်ဆိုးသွားတာလား"
"မဟုတ်ပါဘူး...နာရီကိုလည်း ကြည့်ဦးလေ
ကိုးနာရီခွဲနေပြီ"
"အချိန်တွေကလည်း မြန်လိုက်တာ"
"နောက်နေ့မှပဲ...ဆက်မေးတော့...ငါ ပြန်တော့မယ်"
"မပြန်ပါနဲ့တော့လား...အချစ်ရယ်
"ညနက်နေပြီ~ဒီမှာပဲ အိပ်ပါလား😔"
"ပေါက်ကရ😦...ငါ့အိမ်က နီးနီးလေးဟာ"
"ခဏစောင့်...ဒါဆို Ommaကို သွားပြောမယ်
လိုက်ပို့ဖို့ပဲ ဖြစ်ဖြစ်"
"ရပါတယ်"
"ခဏနေစမ်းပါဆို"
"အင်း...ပြီးရော "
❤လူသားတစ်ယောက်ကို ချစ်မိခြင်း❤
ဒီလို ရှားတောင့်ရှားခဲ အခွင့်အရေးလေးကို
ကျွန်တော်...Oh Sehun သည်မျှနှင့် ယောင်နနအဆုံးသတ်ခံမည်ဟု သင်ထင်ပါသလား😏
အဲဒီနေ့က ကျွန်တော့်အိမ်တွင် ZiTaoအား...
တစ်သက်ကြွား၍ ကုန်နိုင်စရာမရှိသော miracleကြီး တစ်ခုကို ကျွန်တော်ကိုယ်တိုင်
ဖန်တီးယူခဲ့ပါသည်~😌