Prologue
"Jen လေး ကျောင်းမှာပျော်ပျော်ဆော့ခဲ့နော်ငိုမနေနဲ့ဦး မေမေက ငိုတာကို မကြိုက်ဘူးဆိုတာမေမေတို့ Jenလေး သိတယ်မလား မေမေသွားတော့မယ်နော် Jen လေး တာ့တာကောင်းကောင်းကျန်နေရစ်နော်"
မေမေတယောက်ပြောချင်ရာပြောပြီး ထွက်သွားတော့ ကျွန်မတယောက်တည်း ဒီစစ်မြေပြင်ထဲကို ဝင်ရတော့မယ် စစ်မြေပြင်ဆိုတာက တခြားတော့ မဟုတ်ပါဘူး ကျွန်မ တက်ရတော့မဲ့ကျောင်းပေါ့
တခြားစီနီယာကျောင်းသားတွေအတွက်ကတော့ဒီကိစ္စဟာ ထမင်းစားရေသောက်လိုမျိုး ကိစ္စတခုထက်မပိုလောက်ပေမဲ့ ကျွန်မလိုကြောက်တတ်လန့်တတ်တဲ့ကလေးတယောက်အတွက်တော့ Omma ကို လိုအပ်ပါတယ် ပြီးတော့ ဒီနေ့က ကျွန်မအနေနဲ့ကျောင်းပထမဆုံး တက်ရမဲ့နေ့လေ တခြားကလေးတွေက သူတို့ မိဘတွေဆီ ကပ်ပြီး ငိုယိုနေကြပေမဲ့ ကျွန်မရဲ့မေမေဖြစ်သူက အလုပ်ရှိလို့ ပြန်သွားပြီဆိုတော့ ငိုနေတဲ့ ကလေးတွေကြားထဲမှာ ကျွန်မတယောက်တည်း ငိုရမလို မငိုဘဲနေရမလိုနဲ့ အူကြောင်ကြောင်လေးရယ်ပေါ့
အုပ်ထိန်းသူပါမလာတာမြင်တော့ ဆရာမတယောက်က ကျွန်မလက်ကို ဆွဲပြီးတော့ အခန်းတခန်းကိုခေါ်သွားတယ် ပြီးတော့ မငိုလို့တဲ့ ချီးကျူးသွားသေးတယ်
ကျွန်မ ထိုင်နေတာတော်တော်ကြာနေပေမဲ့ အခန်းထဲကို ဆရာမရော တပည့်တွေရော တယောက်မှကို ဝင်မလာကြ ခဏကြာတော့ အသားခပ်ဖြူဖြူအရပ်ပုပုနဲ့ နည်းနည်းဝတဲ့ ကလေးမတယောက်ဝင်လာတယ် ကျွန်မလည်း မငိုတဲ့ အဖော်ရပြီဆိုပြီးပျော်နေတုန်း အဲ့ကလေးမက မျက်ရည်တွေ နှာရည်တွေ ထွက်တဲ့အထိ ငိုပါလေရော နည်းနည်းကြာတော့ ငိုလို့ဝသွားလို့လားမသိ ငိုသံတွေ သိပ်မကြားရတော့ ပြီးတော့ သူက ကျွန်မ ပခုံးကို ပုတ်ပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်
"ဟိတ်ငါက Lisa ပါ Annyeong Annyeong"
ကျွန်မနာမည်ကို ပြန်ပြောမိခဲ့သေးလားဆိုတာကိုတော့ ကျွန်မလည်း မမှတ်မိတော့ဘူး ဒီလောက်ပါပဲ ကျွန်မတို့တွေ့ဆုံခဲ့ကြပုံက ... ဒါပေမဲ့ ဘယ်ကနေ ဘယ်လိုမှန်းမသိ ကျွန်မတို့ အဲ့ဒီအရွယ်ကတည်းကနေ 8 နှစ်အရွယ်အထိ အရမ်း ရင်းနှီးခဲ့ကြတယ် ဒါပေမဲ့ အဖေရဲ့အလုပ်ကြောင့်ကျွန်မတို့ မိသားစု ဘူဆန်ကိုပြောင်းရဖို့ဖြစ်လာခဲ့တယ် ထုံးစံအတိုင်း သူကတော့ မျက်ရည်လည်ရွှဲနဲ့ပေါ့
၃ နှစ်ကြာတော့ ကျွန်မ Seoul ကို ပြန်ရောက်လာခဲ့တယ် ကျွန်မမိဘတွေ မပါဘဲ ကျွန်မတယောက်တည်းပေါ့ ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Chaeyoung နဲ့ တကျောင်းတည်း တက်ရမယ်လို့မေမေပြောတာ ကြားထားတော့ သူ့အတွက် လက်ဆောင်တွေလည်း ဝယ်လာခဲ့တယ်တကယ်တော့ Seoul မှာနေခဲ့တုန်းက အရင်းနှီးဆုံး သူငယ်ချင်းက Lisaပေမဲ့ ဘာကြောင့်မှန်းမသိ ကျွန်မဦးနှောက်က သူနဲ့ အတူရှိခဲ့ဖူးတဲ့ အချိန်တွေအားလုံးကို မေ့ဖျောက်သွားခဲ့သလိုပဲ သူ့ကိုတောင်မမှတ်မိတောဘူး
Seoul ကို မပြန်ခင်တရက်အလိုမှာမေမေနဲ့အတူဈေးဝယ်ထွက်ကြတော့ Lisa အတွက်ဘာမှ မဝယ်တော့ဘူးလားလို့မေမေကမေးတယ်ဒါပေမဲ့ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ သူက ရှိမနေတော့
"ဟင့်အင်း Chaeng အတွက်ပဲ အသည်းပုံချောကလက်လေး ဝယ်သွားရင်ဖြစ်တယ်"
ဆိုပြီး ပြန်ဖြေခဲ့တယ်ထားလိုက်ပါတော့
Chaeng နဲ့ ပြန်တွေ့တော့ Chaeng က ကျွန်မထက်တောင်အရပ်တွေ ရှည်နေပြီ သူကိုတွေ့တွေ့ချင်း နှုတ်ဆက်လိုက်တော့ သူက ကျွန်မကို မမှတ်မိလို့လားများလားပဲ မသိချင်ယောင်ဆောင်သွားတယ် ဒါနဲ့ပဲ အစက သူနဲ့ အတူတူ ထိုင်ဖို့ လုပ်ထားပေမဲ့ကျောင်းရဲ့ မင်းသားလေး Hanbin ဘေးမှာပဲ ထိုင်လိုက်ရတော့တယ်Chaeng ကိုပေးမယ်လို့တွေးထားတဲ့Chocolateတွေကိုပါ Hanbin ကိုပေးလိုက်တယ် အဲ့မှာ ကျွန်မ ကံဆိုးတာပါပဲ အဲ့နေ့ကစပြီးတော့ Chaeng ကျွန်မကို စကားလုံးဝမပြောတော့ဘူး ဘာလို့လဲဆိုတော့ Hanbin က ကျွန်မတို့ တတန်းလုံး ကြိုက်ကြတဲ့ကောင်လေးဖြစ်နေတယ်တတန်းလုံးဆိုမှတော့ Chaeng လည်းပါပြီပေါ့ အဲ့ဒါကို ကျွန်မက မသိဘဲ သူ့ကိုမှ Chocolate သွားပေးမိတယ် တတန်းလုံးက မိန်းကလေးတွေအကုန်ကျွန်မရှောင်ကြတော့ Mino တို့ Jinu တို့နဲ့ပဲပေါင်းရတော့တာပေါ့ Hanbin ကိုကျတော့ ကျွန်မလည်း သူ့ကို သိပ်မသိတော့ သူ့ကို စကားစမပြောပေမဲ့ သူကတော့ အခုထိ ကျွန်မတွေ့ရင်စတုန်းပဲ
အဲ့လိုနဲ့ မိန်းကလေးသူငယ်ချင်းမရှိဘဲ သုံးနှစ်ဆိုတဲ့ အချိန်ကာလတခုကို ဖြတ်ကျော်လိုက်ရပြန်တယ် Mino တို့နဲ့ကလည်း တနှစ်လောက်ပဲခင်လိုက်ရတယ် နောက်နှစ်ကြတော့ သူတို့လည်း ကျောင်းပြောင်းသွားကြရော ကံကောင်းထောက်မလို့ တခြားကျောင်းက မိန်းကလေးတွေကျောင်းပြောင်းလာလို့ပေါ့ အဲ့လိုကျောင်းပြောင်းလာတဲ့ မိန်းကလေးတွေထဲမှာ နိုင်ငံခြားသူနဲ့ တူတဲ့ မိန်းကလေး တယောက်ပါလာတယ်အသားဖြူဖြူနဲ့ အရပ်ကလည်း အရှည်ကြီးဆိုတော့ ကျွန်မလည်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတော့တာပေါ့ ကျွန်မ ကြည့်နေတာကို သူရိပ်မိသွားလို့လားမသိ သူ့လည်း ကျွန်မ ပြန်ကြည့်တယ် အဲ့လို စိုက်ကြည့်ရေး လုပ်နေတုန်းမှာပဲ ဆရာမဝင်လာတယ်
"ကျောင်းသားသစ်တွေရောက်နေပြီကိုး ကဲ ကဲ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြ "
"Annyeong ငါက Lisa Monoban ငါ့နာမည်ကိုကြားတော့ ကိုးရီးယားနာမည်မဟုတ်ဘူးလို့ ထင်ကြတယ်မလား တကယ်လည်း ငါက ကိုးရီးယားလူမျိုးမဟုတ်ဘူး ငါက ထိုင်းက လာတာကူညီပေးကြပါဦးလို့တောင်းဆိုမနေတော့ဘူး ဒါပေမဲ့ ကူညီကြမယ်လို့ ထင်တယ်ဒီလောက်ပါပဲ"
ခပ်စွာစွာပုံစံနဲ့ မိတ်ဆက်ပြီးတော့ သူ့မျက်လုံးတွေက အခန်းထဲကိုဝေ့ကြည့်တယ်ကံဆိုးချင်တော့ ကျွန်မနဲ့ အတူထိုင်တဲ့သူက ဒီနေ့ကျောင်းပျက်တာပဲ ဒီတော့ Lisa ဆိုတဲ့ တယောက်ကကျွန်မဘေးမှာ ဝင်ထိုင်တော့တာပေါ့ ဝင်ထိုင်ထိုင်ချင်းပဲ ကျွန်မ မျက်နှာနားကို တိုးကပ်ကြည့်ရင်းနဲ့
"နင်က Jennie Kim မလား "
ဆိုပြီးဆက်တိုက်မေးတယ်အင်းလို့ဖြေလိုက်တာနဲ့ သူ့ဆီကရေရွတ်သံတခုထွက်လာတယ်"ဟုတ်ပြီကွ" တဲ့ အဲ့ဒီအချိန်တုန်းကတော့ သူ့ကို မျက်စိရှုပ်စရာ တခုအနေနဲ့ ကျွန်မမြင်ခဲ့မိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ ..... ။
•••
"ဒေါ်လေး အိမ်မှာ Jen ရှိလား သမီး သူ့ကိုကျောင်းသွားဖို့ လာခေါ်တာ "
"အင်း ရှိတယ်သမီး ခဏနော် အဒေါ် သွားခေါ်လာခဲ့မယ်"
တရက်ကနေ အစပြုပြီးတော့နေ့စဉ်ရက်ဆက်နှစ်နှစ်လုံးလုံး သူမနဲ့ ကျွန်မကျောင်းအတူသွားဖြစ်ခဲ့ကြတယ်ကျောင်းပြေးတော့လည်း အတူတူပေါ့ သူ့အဖေ စက်ဘီးမယူသွားတဲ့နေ့ကြတော့ သူနင်းတဲ့ စက်ဘီးနောက်မှာ ကျွန်မထိုင်လိုက်တယ် စက်ဘီးမပါတဲ့နေ့တွေကြတော့ ကျွန်မ ပခုံးပေါ်မှာ သူ့လက်တင်လို့လမ်းလျှောက်ရင်းနဲ့ သွားကြတယ် သူနဲ့ ကျွန်မရဲ့တွေ့ဆုံချိန်ဟာ ကျွန်မကို အတွေ့ကြုံသစ်တွေ ဖန်ဆင်းပေးတဲ့ အချိန်ပေါ့ ဘာကြောင့်မှန်းမသိ သူနဲ့ ရှိနေတဲ့ အချိန်တွေကျရင် ကျွန်မ အရမ်းပျော်နေခဲ့မိတယ်
သူမနဲ့ ပထမဆုံး အတွေ့ကြုံတွေအားလုံးဟာ ကျွန်မအတွက်အရမ်းတန်ဖိုးထားစရာကောင်းတဲ့ အခိုက်တန့်တွေ ဖြစ်ခဲ့တယ် ငယ်ငယ်တုန်းက ခင်ခဲ့ကြမှန်း ပြန်မှတ်မိသွားကြတော့ ကျွန်မနှစ်ယောက်က ပိုရင်းနှီးသွားသလို ကျွန်မကို ပထမဆုံး ဖက်ခဲ့တဲ့ သူဟာလည်း သူပဲဖြစ်ခဲ့တယ်ကျွန်မ တနာရီ နှစ်နာရီထက်မနည်း သူ့မျက်နှာကို ထိုင်ကြည့်နေခဲ့ဖူးတယ်ကျွန်မပေါက်ပေါက်ဖောက်သမျှ သည်းညည်းအခံနိုင်ဆုံးသူကလည်း သူပဲဖြစ်ခဲ့တယ်ကျွန်မရဲ့ ပထမဆုံး အနမ်းပိုင်ရှင်ကလည်း သူပဲဖြစ်ခဲ့တယ်
ဒီလိုနဲ့ တရက်မှာတော့ သူက ကျွန်မကိုမေးလာခဲ့တယ်
"နင်ငါ့ကို သဘောကျနေတာလား" တဲ့
ကျွန်မလည်း ပျာယာတွေခတ်ပြီး
"မဟုတ်ဘူး"
လို့ပြန်ဖြေလိုက်မိတယ်သူလည်း ဘာမှ ပြန်မပြောတော့ဘဲ အိမ်ပြန်သွားခဲ့တယ်နောက်နေ့ကျောင်းတက်ချိန်ကျတော့ ကျွန်မအိမ်ကို သူမရောက်လာခဲ့ဘူး အတန်းထဲရောက်တော့ ကျွန်မကြားလိုက်ရတဲ့ သတင်းက သူ Thai ကိုပြန်သွားပြီတဲ့
K Dramaတွေထဲကလိုမျိုး သူရှိမဲ့နေရာနောက်ကိုပြေးလိုက်တာတွေ မလုပ်ခဲ့ပေမဲ့ သူနဲ့ အတူရှိခဲ့ဖူးတဲ့နေရာတွေဆီရောက်တိုင်း နှလုံးသားက တဆစ်ဆစ်နဲ့ နာကျင်နေသလိုပဲ ထွက်ပြေးချင်မိပေမဲ့ နှလုံးသားကထွက်ပြေးခွင့်မပေးခဲ့သလို သူနဲ့အတူ ရှိခဲ့ဖူးတဲ့ ဒီနေရာကနေလည်း ထွက်မသွားချင်ခဲ့ဘူး သူကရော အခုဆို ဘာများ လုပ်နေလိမ့်မလဲ ....
~~~~~~~~~~~~