Prologue
"Jen လေး ကျောင်းမှာပျော်ပျော်ဆော့ခဲ့နော်ငိုမနေနဲ့ဦး မေမေက ငိုတာကို မကြိုက်ဘူးဆိုတာမေမေတို့ Jenလေး သိတယ်မလား မေမေသွားတော့မယ်နော် Jen လေး တာ့တာကောင်းကောင်းကျန်နေရစ်နော်"
မေမေတယောက်ပြောချင်ရာပြောပြီး ထွက်သွားတော့ ကျွန်မတယောက်တည်း ဒီစစ်မြေပြင်ထဲကို ဝင်ရတော့မယ် စစ်မြေပြင်ဆိုတာက တခြားတော့ မဟုတ်ပါဘူး ကျွန်မ တက်ရတော့မဲ့ကျောင်းပေါ့
တခြားစီနီယာကျောင်းသားတွေအတွက်ကတော့ဒီကိစ္စဟာ ထမင်းစားရေသောက်လိုမျိုး ကိစ္စတခုထက်မပိုလောက်ပေမဲ့ ကျွန်မလိုကြောက်တတ်လန့်တတ်တဲ့ကလေးတယောက်အတွက်တော့ Omma ကို လိုအပ်ပါတယ် ပြီးတော့ ဒီနေ့က ကျွန်မအနေနဲ့ကျောင်းပထမဆုံး တက်ရမဲ့နေ့လေ တခြားကလေးတွေက သူတို့ မိဘတွေဆီ ကပ်ပြီး ငိုယိုနေကြပေမဲ့ ကျွန်မရဲ့မေမေဖြစ်သူက အလုပ်ရှိလို့ ပြန်သွားပြီဆိုတော့ ငိုနေတဲ့ ကလေးတွေကြားထဲမှာ ကျွန်မတယောက်တည်း ငိုရမလို မငိုဘဲနေရမလိုနဲ့ အူကြောင်ကြောင်လေးရယ်ပေါ့
အုပ်ထိန်းသူပါမလာတာမြင်တော့ ဆရာမတယောက်က ကျွန်မလက်ကို ဆွဲပြီးတော့ အခန်းတခန်းကိုခေါ်သွားတယ် ပြီးတော့ မငိုလို့တဲ့ ချီးကျူးသွားသေးတယ်
ကျွန်မ ထိုင်နေတာတော်တော်ကြာနေပေမဲ့ အခန်းထဲကို ဆရာမရော တပည့်တွေရော တယောက်မှကို ဝင်မလာကြ ခဏကြာတော့ အသားခပ်ဖြူဖြူအရပ်ပုပုနဲ့ နည်းနည်းဝတဲ့ ကလေးမတယောက်ဝင်လာတယ် ကျွန်မလည်း မငိုတဲ့ အဖော်ရပြီဆိုပြီးပျော်နေတုန်း အဲ့ကလေးမက မျက်ရည်တွေ နှာရည်တွေ ထွက်တဲ့အထိ ငိုပါလေရော နည်းနည်းကြာတော့ ငိုလို့ဝသွားလို့လားမသိ ငိုသံတွေ သိပ်မကြားရတော့ ပြီးတော့ သူက ကျွန်မ ပခုံးကို ပုတ်ပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်
"ဟိတ်ငါက Lisa ပါ Annyeong Annyeong"
ကျွန်မနာမည်ကို ပြန်ပြောမိခဲ့သေးလားဆိုတာကိုတော့ ကျွန်မလည်း မမှတ်မိတော့ဘူး ဒီလောက်ပါပဲ ကျွန်မတို့တွေ့ဆုံခဲ့ကြပုံက ... ဒါပေမဲ့ ဘယ်ကနေ ဘယ်လိုမှန်းမသိ ကျွန်မတို့ အဲ့ဒီအရွယ်ကတည်းကနေ 8 နှစ်အရွယ်အထိ အရမ်း ရင်းနှီးခဲ့ကြတယ် ဒါပေမဲ့ အဖေရဲ့အလုပ်ကြောင့်ကျွန်မတို့ မိသားစု ဘူဆန်ကိုပြောင်းရဖို့ဖြစ်လာခဲ့တယ် ထုံးစံအတိုင်း သူကတော့ မျက်ရည်လည်ရွှဲနဲ့ပေါ့
STAI LEGGENDO
Dear My Crush
Fanfictionချစ်မိပြီဆိုရင် ဆုံစည်းရဖို့ ခဲယဉ်းတာက လောကရဲ့ နိယာမများလား ... ဒါဆို ကိုယ်ကတော့ ဒီနိယာမကို မုန်းမိပြီ