ခ​လေးချစ်​​သောလူကြီး

By user27078499

108K 7.4K 999

#Bl boy x boy အချစ်​က ဟန်​​ဆောင်​ခြင်းကင်းတယ်​ မာယာကင်းတယ်​ ထိုက​လေးနှစ်​​ယောက်​ကို ချစ်​​သော အချစ်​က ဖြူ... More

Hallo
EP.1
Ep.2
Ep.3
Ep.4
Ep.5
Ep.6
Ep.7
Ep.9
Please for waiting Thanks 😍💚💚
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
EP.17
Special Ep(over )

Ep.8

4.5K 379 43
By user27078499

မိုး​တွေညို့​နေတာ ည​နေထဲကဖြစ်​သည်​။
အပြင်​သွားတိုင်း ထီးယူရမှာပျင်းတဲ့ကျ​နော်​ ဒီ​နေ့လဲ ထီးမပါတာမို့ မိုးမရွာပါ​စေနဲ့သာ ဆု​တောင်း​နေရသည်​။
ကျောင်းတစ်​ဖက်​သင်​တန်းတစ်​ဖက်​နဲ့ ကျ​နော့်​ကို ​မေကပင်​ပန်းမှာ စိုးရိမ်​​ပေမယ့်​ ကျ​နော့်​အတွက်​က​တော့ ပိုလို့ပင်​အဆင်​​ပြေ​သေးသည်​။
ဘာလို့ဆို အားအားရှိ​ခေါင်းထဲ​ရောက်​​ရောက်​လာတဲ့ ဟိုလူကြီးအ​ကြောင်းကို ဝါသနာပါတာ​လေး​တွေလုပ်​ရင်း ​ခန​လောက်​မေ့​ဖျောက်​ထားလို့ရသည်​​လေ။
အရင်​က ပိတ်​ရက်​​တွေ​လောက်​ပဲ သင်​တန်းကိုသွားဖြစ်​​ပေမယ့်​ ခု​တော့ အတန်းလွတ်​ချိန်​တိုင်း​ရောက်​ဖြစ်​​နေတဲ့ ကျ​နော့်​ကို P'kimကအလုပ်​သင်​အဖြစ်​လုပ်​ဖို့ပင်​ ​ပြောလာသည်​။ P'kimက ဆရာဆိုလဲဟုတ်​ သူ​ဌေးဆိုလဲဟုတ်​ သူကိုယ်​ပိုင်​စား​သောက်​ဆိုင်​ကြီးဖွင့်​ထားကာ ဝါသနာပါတဲ့သူအနည်းငယ်​ကို သငိတန်း​ပေးတာပင်​ ။ခုရက်​ထဲ ကျ​နော်​ ဟိုလူကြီးကို ​ရှောင်​​နေမိတယ်​ ။
သားအမိ နှစ်​​ယောက်​မှ CR-Vတစ်​စီးသာ ရှိတာမို့ မနက်​ဆို အ​စောကြီးထ ​မေနဲ့ဆိုင်​လိုက်​သွား ခန​လောက်​ကူညီပီးရင်​ ဆိုင်​ကတစ်​ဆင့်​ bus စီးပီး​ကျောင်းသွားတယ်​ ​အတန်းချိန်​ပီးတာနဲ့ သင်​တန်းကို တန်းသွား စာ​မေးပွဲနီးလာလို့ အတန်းချိန်​​တွေပိလာတဲ့ ဟိုလူကြီးနဲ့လဲ ​ရှောင်​ပီးသားဖြစ်​ ကျ​နော်​​တော်​​တော်​ ​တော်​လာတာပဲ ..။
ဒါ​ပေမယ့်​ သူ့နဲ့မ​တွေ့ဖြစ်​တာ တစ်​ပတ်​​လောက်​ရှိ​နေပြီ ..။
ကျ​နော်​သူ့ကိုမလွမ်းဘူးလားဆို​တော့
ဘယ်​လို​ပြောရမလဲ
ကျ​နော်​ ညာ​ပြောသင့်​လား....။
ဒါ​ပေမယ့်​ ကျ​နော်​မညာချင်​ဘူး ဘာလို့ဆို
ကျ​နော်​....သူ့ကို .....အရမ်းလွမ်း​နေလို့.....။

Bus​ကား​ပေါ်က ဆင်းတာနဲ့ အငြိုးကြီးတဲ့မိုးက တ​ဖြော​ဖြောနဲ့ ပြိုဆင်းလာတာ အသည်းအမဲ .....၊
မှတ်​တိုင်​က အမိုး​အောက်​ ​ပြေးဝင်းရင်း ​တွေးမိတယ်​ ထီးယူဖို့ပျင်း​တာ ခု​တော့ ခံရပြီ။

"မိုးရာသီထဲ အပြင်​သွားပြီး ထီးမယူပဲနဲ့ ဘယ်​လိုလုပ်​မလဲ "

"ဟင်​ P' ...ခင်​ဗျားဒီမှာဘာလုပ်​​နေတာလဲ "

"........"

"ကျ​နော့်​ကိုလာကြိုတာလား "

"အင်း....မိုး​တွေညို့​နေတာ သင်​တန်းကိုလာကြိုမလို့ပဲ မမှီ​တော့လို့ ဒီကပဲလာ​စောင့်​​နေတာ "

"ဘာလို့ ကျ​နော့်​ကို လာကြိုတာလဲ "

"မင်းထီးမပါမှန်းသိလို့​လေ "

တစ်​ခါတစ်​ခါ သူ့ရဲ့ဂရုစိုက်​မှု​တွေက ကျ​နော်​ဘယ်​လိုပဲ ကြိုးစား​ဖြတ်ေ​တာက်​ပါ​စေ ထပ်​တိုးတိုးပီး ရစ်​ချည်​​နေတဲ့ ကြိုးတစ်​​ချောင်းလိုပဲ တစ်​ခါတစ်​​လေ ​လျော့ရဲသွားလိုက်​ တစ်​ခါတစ်​​လေ တင်းမာလာလိုက်​နဲ့ ။

"မင်းကို ​တွေ့ရဖို့ကလဲ မလွယ်​လိုက်​တာ "

တကယ်​ဆို ကျ​နော်​တမင်​​ရှောင်​​နေခဲ့တာပါ ၊ သူ့ကိုမြင်​​နေရင်​ ကျ​နော့်​ခံစားချက်​​တွေ ပိုအမြစ်​တွယ်​မိလာမှာ ​ကြောက်​လို့ ။
ဒါကို သူက ကျ​နော်​နဲ့​တွေ့ဖို့ ကြိုး​စား​နေခဲ့သည်​တဲ့လား။

"လာ​လေ ပြန်​မလိုက်​ဘူးလား "

အ​တွေးထဲမှာ နစ်​မွန်း​နေဆဲမို့ သူထွက်​သွားတာကြည့်​​နေပြီးမှ ​ပြေးလိုက်​ရသည်​။ကျ​နော့်​စိတ်​ထဲ ​​စောန မှတ်​တိုင်​က ခုံမှာထိုင်​​​စောင့်​​နေတဲ့ သူ့ပုံစံက စွဲထင်​​နေသည်​ ၊ အလုပ်​ပြန်​လာသည့်​ ချစ်​သူကို ထီးတစ်​​ချောင်းနဲ့ လာကြို​နေသူလို ဟီး အ​တွေးနဲ့တင်​ ​ကျောထဲယားကျိကျိနဲ့ ...။

"ချာတိတ်​ အချစ်​ဆိုတာ ဘာလဲ "

"Umm"

ယှဉ်​​လျောက်​​နေရင်း နှုတ်​ဆိတ်​​နေပြီးမှ ထ​မေးတာက အဲ့​မေးခွန်း တကယ်​ဆို ချစ်​သူရှိ​နေတဲ့သူက ကျ​နော့်​လို sgတစ်​​ယောက်​ကို ​မေးစရာလား။

"ကျ​နော်​ကို ဘာလို့လာ​မေး​နေတာလဲ ကျ​နော်​မှ ရည်းစားမထားဘူးတာအနမ်းဆို​တာ​တောင်​ဘာမှန်းမသိဘူး အဲ့ဒါ P'ပဲသိမှာ​ပေါ့ "

"ဘာလို့လဲ "

"P'မှာ ချစ်​သူရှိ​တယ်​​လေ "

ဒီစကားအ​ရောက်​မှာ ကျ​နော်​အသံ​တွေမတုန်​​အောင်​ ထိန်းထားမိတယ်​ ။ သူပြန်​​ဖြေလာမဲ့ အ​ဖြေကိုလည်း မကြားရဲဘူး ကျ​နော့်​ ဘဝက ဘယ်​လိုရှင်​သန်​မှုမျိုးကြီးလဲဗျာ ...
ချစ်​ရသူ နှုတ်​ဖျားက ​ပြောလာမယ့်
သူ့ချစ်​သူအ​ကြောင်း ဘားမှမဖြစ်​သလို
နား​ထောင်​​ပေးရမယ့်​ နှလုံးသားတစ်​စုံကို
ဘာ​ကြောင့်​များ ကျ​နော့်​ကို ပိုင်​ဆိုင်​ခွင့်​​ပေးရတာပါလိမ့်​။

"စိုကုန်လိမ့်မယ် ဒီဘက်​ တိုး​နေ "

စိုးတစ်​ထိတ်​ထိတ်​နဲ့ နားစွင့်​​နေ​ပေမယ့်​ သူ​ပြောလာသည့်​ စကားထဲမှာ အဲ့အ​ကြောင်းရာမပါ ..။
တစ်​ခါတစ်​​လေ ခင်​ဗျားဟာအရမ်းနားလည်​ရခက်​လွန်းတယ်​။
ကျ​နော့်​ ပခုံး​ပေါ် ​ရေတစ်​​ပေါက်​နှစ်​​ပေါက်​ကျမှာ စိုး​နေ​ပေမယ့်​ သူပခုံးတစ်​ဖက်​က စိုရွှဲလို့ပင်​​နေပြီ။

"ကျ​နော့်ကို ​ပြော​နေ ကိုယ့်​ကိုယ်​ကို လည်းပြန်​ကြည့်​အုံး "

"မိုးမိလို့ ဖျားတဲ့သူ​လောက်​​တော့ ကိုယ်​ခံအားမနည်း​သေးဘူး ရတယ်​ "

ကျ​နော်​ ငယ်​ငယ်​​လေးထဲက ခုချိန်​ထိ မိုးမိလို့မရ နည်းနည်းမိတာနဲ့ ဖျားတတ်​တာ အကျင့်​ဖြစ်​​နေပီ ။
ဒါကို သူသိ​နေတာလား ငယ်​ငယ်​တုန်းက အတိတ်​ကို ပြန်​မှတ်​မိသွားတာလား.....ဒါမှမဟုတ်​ မားမား​ပြောထားတာလား
သူ့ကို​မော့ကြည့်​ရင်း အသည်းအသန်​ အ​ဖြေရှာ​နေတဲ့ကျ​နော့်​ကို သူကလဲ ငုံကြည့်​​နေခဲ့တယ်​။

"ချာတိတ်​ "

"......."

"အနမ်းရဲ့ အရသာကို သိချင်​လား "

တ​ဖြေး​ဖြေး ငုံကာ နီးကပ်​လာတဲ့ သူ့မျက်​နှာ ...
သူ့နှုတ်​ဖျားက ​လေ​ငွေ့တစ်​ချို့နဲ့အတူ လွင့်​ပါးလာတဲ့ စကားသံတစ်​ချို့က ကျ​နော့်​အသက်​ရှု​​မေ့ဖို့ လုံ​လောက်​ခဲ့သည်​။
မျက်​နှာနှစ်​ခု ထိစပ်​ဖို့ 2.cm အကွာအ​ဝေး​လောက်​ပဲ ရှိ​တော့သည့်​ အ​နေအထားမှာ ကျ​နော်​ စက္ကန့်​​တွေ လည်​​နေတာကို ​မေ့​လျော့​နေမိတယ်​ ။

"Ahum ...ပါး​တွေနီလာပြန်​ပီ ဝက်​​ပေါက်​​လေး ..ဘာ​လေးနဲ့ တူမှန်းကိုမသိတာ "

လူကြီးရှက်​​တော့ ရယ်​တယ်​ ဆိုရင်​ ကျ​နော်​ လူကြီးတစ်​ဝက်​ဖြစ်​​နေပြီ ထင်​တယ်​ ....။
ဆံပင်​​တွေထဲ ထိုးဖွလာသည့်​ သူ့လက်​တစ်​ဖက်​ကို မရုန်းဖယ်​မိပဲ ရှက်​ပြုံးတစ်​ခုသာ ပြန်​​ပေးမိ​တော့ အတန်​ကြာ​ငေး​မော​နေခဲ့​သော သူ့အကြည့်​တချို့ကို ပြန်​ရသည်​။

"​နောက်​ကို တခြားသူ​တွေ​နဲ့ နီးနီးကပ်​ကပ်​ မကြည့်​နဲ့ ပြီး​တော့ ခုလိုလဲ မပြုံးနဲ့ "

"Um ဘာလို့လဲ "

"ရုပ်​ဆိုးလို့ "

"​​အောင်​မာ ကျ​နော်​က ခင်​ဗျားထက်​​တောင်​ ​ချောတယ်​ သိလား "

"Haha ငါ့မျက်​လုံးထဲမှာ​တော့ ရုပ်​ဆိုး​နေတာပဲ "

ကျ​နော့်​ကိုစကာ အ​ပျော်​ကြီး​ပျော်​​နေ​သောသူ ဟိုတစ်​​နေ့က ကျ​နော့်​ကို တစ်​​ယောက်​ထဲ ထားခဲ့တာ ​အ​ပေါ် စိတ်​ခု​နေတာ​တွေ ကြက်​​ပြောက်​ငှက်​​ပြောက်​ ဖြစ်​ရ​အောင်​ ပြုစားလွန်း​သော သူ့အပြုံး ....
ကျ​နော်​ ဒီ​နေ့ ​ပျော်​ပါသည်​ ....။


"P' ငြိမ်​ငြိမ်​​နေလို့မရဘူးလား ကျ​နော်​ စာလုပ်​​နေတာ​လေ "

"ကိုယ်​ဘာလုပ်​လို့လဲ ငြိမ်​ငြိမ်​​နေတာပဲကို "

ဒါလား ငြိမ်​တာ .....​အေး​အေး​ဆေး​ဆေး စာလုပ်​ချင်​လို့ ခြံထဲက ထိုင်​ခုံ​ဒန်း​လေးမှာ လာ​နေပါတယ်​ဆိုမှ အနားလာထိုင်​ပြီး ​ခေါင်းကဆံပင်​​တွေဖွလိုက်​ သိုစာအုပ်​လှန်​လိုက်​ဒီစာအုပ်​လှန်​လိုက်​နဲ့ ပီးရင်​လက်​က ကျ​နော့်​ဆံပင်​​တွေပဲ ပြန်​ရန်​ရှာတာ ...စာက​အေး​ဆေးလုပ်​မရ​တော့ ဒီလူကြီးအား​နေတယ်​ထင်​တယ်​ ။

"P' စာကျက်​စရာ မရှိဘူးလား "

"ဟင့်​အင်း "

"ဒါဆိုလဲ ကျ​နော့်ကိုမ​နှောက်​ယှက်​နဲ့ဗျာ ဒီမှာ စာကျက်​လို့မရ​တော့ဘူး "

"Ok ကိုယ်​မစ​တော့ဘူး ဒီတိုင်းထိုင်​​နေမယ်​ ဖြစ်​တယ်​မှလား "

မ​ပြောချင်​​တော့ လက်​မြှောက်​ထားလိုက်​ရ​တော့သည်​။
ငြိမ်​ငြိမ်​​လေးထိုင်​​နေရင်​​တော့ ကျ​နော်​စာကျက်​လို့ရနိုင်​​ကောင်းပါရဲ့...။

📞📞📞......

အ​နှောက်​အယှက်​ဆိုသည်​မှာ မရိုး​အောင်​ပဲ ဖုန်းလာ​နေတာကို တစ်​ချက်​လှမ်းကြည့်​ပီး မကိုင်​ပဲ လက်​​တွေက ကျ​နော့်​ဆံပင်​​တွေစီ ရွယ်​လာပြန်​သည်​။

"ဖုန်းလာ​နေတယ်​​လေ မကိုင်​ဘူးလား "

ခေါင်းငဲ့​ရှောင်​ရင်း​မေးတဲ့ကျ​နော့်​ကို ​ခေါင်းခါပြသည်​ ။ name ကိုလှမ်းမြင်​လိုက်​တာမို့ ဘယ်​သူ့ဆီကဆိုတာ သိလိုက်​သည်​ ...။ ဘာဖြစ်​​နေတာလဲ စိတ်​ဆိုး​နေကြတာလား ။

"ဘာလို့လဲ "

"မကိုင်​ချင်​လို့ "

"ရန်​ဖြစ်​ထားတာလား "

"မဖြစ်​ပါဘူး ဒီတိုင်း စိတ်​သ​ဘောထား မတိုက်​ဆိုင်​တာ ခုသူ Usကို ပြန်​ဖို့​လေဆိပ်​က​ခေါ်​နေတာ "

"ဟင်​ အဲ့ဒါကို P'က ဘာလို့ဒီမှာရှိ​နေတာလဲ သူ့ကိုလိုက်​ပို့သင့်​တာမဟုတ်​ဘူးလား "

စိတ်​ရှုပ်​​ထွေးဟန်​နဲ့ သက်​ပြင်းချတဲ့သူ့ပုံကို မြင်​ဖူးတာ ကျ​နော့်​အတွက်​ ပထမဆုံးအကြိမ်​ပါ။
အဆက်​မပြက်​​ခေါ်​နေတဲ့ phကိုလှမ်းကြည့်​​နေ​ရင်း တစ်​စုံတစ်​ခုကို ​ပြောဖို့ ချီတုံချတုံ ဖြစ်​​နေသလို။

"ငါ ခုချိန်​သူနဲ့မ​တွေ့ချင်​ဘူး ခနခန သ​ဘောထားကွဲလွဲလာတဲ့အခါ ငါ​ရွေးချယ်​ခဲ့တာ မှားပြီလားလို့ တစ်​ခါတစ်​​လေ ​နောင်​တရလာတယ်​ ငါ့လိုလူမျိုးတစ်​​ယောက်​အတွက်​နဲ့ သူ့​အောင်​မြင်​မှုကိုလဲမှာမဟုတ်​မှန်း ငါကြိုသိခဲ့သင့်​တာ "

"P' ​ပြော​နေတာ​တွေ ကျ​နော်​ သိပ်​နားမရှင်း​ပေမယ့်​ အဲ့အ​တွေး​တွေက P' ဖက်​က တစ်​ဖက်​သက်​များဖြစ်​​နေမလား "

"Ahum .."

ရယ်​လိုက်​တာ​ပေမယ့်​ ​ဖြတ်​​ပြေးသွားတဲ့ မျက်​နှာ​ပြင်​​ပေါ်က ​ဆွေးရိပ်​​ကြောင့်​ ခင်​ဗျားနာကျင်​ခံစား​နေရတာလား P'..

"သူကိုယ်​တိုင်​​ပြောခဲ့တာ .....ငါနဲ့အတူရှိ​နေရမှာထက်​ ခုချိန်​သူ့​အောင်​မြင်​မှုက ပိုအ​ရေးကြီးတယ်​တဲ့ ​ယောက်ျားတစ်​​ယောက်​ရဲ့ မာနကို သူလှလှ​လေး တီး​ခေါက်​ခဲ့တာ "

"........."

ချာတိတ်​ "

"....."

"အချစ်​ဆိုတာ မင်းထင်​သ​လောက်​ မရိုးစင်​ဘူးကွ တစ်​ခါတစ်​​လေ အချစ်​လို့ ထင်​​နေတဲ့အရာ​တွေက မှားယွင်းစွာဆုပ်​ကိုင်​ထားမိတဲ့ အဆိပ်​သင့်​လက်​နက်​​တွေ ဖြစ်​​နေတတ်​တယ်​ ....

သူ​ပြောသလိုဆို ကျ​နော်​သူ့အ​ပေါ်ထားမိတဲ့ အချစ်​​တွေ က​ရော ?....။
ဟင့်​အင်း ကျ​နော်​မသိချင်​ဘူး ။
တကယ်​လို့ အချစ်​​က အဆိပ်​သင့်​လက်​နက်​​ဖြစ်​ခဲ့ရင်​​တောင်​ ကျ​နော်​ရူးမိုက်​စွာ ဖက်​တွယ်​​နေမိအုံးမယ်​ထင်​တယ်​။

"P' ခင်​ဗျားဘာလုပ်​​နေတာလဲ "

ရုတ်​တစ်​ရတ်​ ကျ​နော့်​​ပေါင်​​ပေါ် လှဲချလိုက်​တာမို့ ကျ​နော်​လန့့်​သွားမိတယ်​။ သူ့ကိုယ်​ကြီးကို တွန်းဖယ်​​ပေမယ့်​ ဖယ်​မသွားပဲ မျက်​လုံး​တွေကိုအတင်းမှိတ်​ထားတယ်​ ။

"ခနပဲ ကိုယ်​အိပ်​ချင်​လို့ "

"ခင်​ဗျား ရူး​နေလား အိပ်​ချင်​အိမ်​ထဲသွားအိပ်​​လေ ကျ​နော်​စာကျက်​​နေတာကို "

"အဲ့တိုင်းကျက်​​လေ ခန​လေးပဲအိပ်​မှာပါ ​နော်​ ခနပဲ "

ကျ​နော်​သူ့ကို မတွန်းဖယ်​ချင်​​တော့ မျက်​လုံး​တွေအတင်းစုံမှိတ်​ထားတာ​ကြောင့်​ သူ့မျက်​ဝန်း​တွေထဲက ပ​ဟေဋ္ဌိတစ်​ချို့ကို ကျ​နော်​မြင်​ခွင့်​မရ​ပေ။
ခုချိန်​ကျ​နော်​ သိချင်​​နေတာ တစ်​ခုထဲရယ်​ သူနာကျင်​ခံစား​နေရသလား ဆိုတာ ။

"ခင်​ဗျား.........ခံစား​နေရတာလား "

"Ahum...ကိုယ့်​ပုံက အဲ့လိုဖြစ်​​နေလား "

"မဟုတ်​ပါဘူး ဒီတိုင်းသိချင်​လို့ "

မျက်​လုံး​တွေဖွင့်​လာသည်​....ငုံကြည့်​​နေတဲ့ ကျ​နော့်​ ​မျက်​ဝန်း​တွေထဲ စိုက်​ကြည့်​ကာ ​ပြောလာသည့်​ စကားသံတို့ ဟိုးအ​ဝေးမှ လာသလို တိုးသဲ့​နေ​ပေမယ့်​ တစ်​လုံးခြင်းစီ ပီသလွန်းကာ ကျ​နော့်​ နှလုံးသားကို ​နွေး​ထွေး​စေသည်​။

"ကိုယ်​အခုချိန်​ ​ပျော်​​နေတယ်​ နာကျင်​​နေရမှာ မှန်​​ပေမယ့်​ ဘာ့​ကြောင့်​မှန်းမသိဘူး မင်းအနားမှာ ရှိချိန်​တိုင်း အရာအားလုံးကို ​မေ့​နေတတ်​တယ်​ ဒါဘာ​ကြောင့်​မှန်းမသိသလို သိလဲမသိချင်​ဘူး ဘာလို့ဆို ကိုယ်​.............
်​ခုလို​လေးကို သ​ဘောကျလို့ "

အချိန်​​တော်​ကြာ အကြည့်​ချင်းဆုံ​နေပြီးမှ စာအုပ်​ထဲ အကြည့်​ပြန်​ပို့ရတယ်​ ​တော်​ကြာ သူ့စကား​တွေ​ကြောင့်​ လူကဒီ​နေရာမှာတင်​ အသက်​​ပြောက်​​တော့မည်​...။

ခနအကြာ ​ခေါင်းမှ အ​တွေ့အထိ​ကြောင့်​ ငဲ့ကြည့်​မိ​တော့ ဆံပင်​​တွေပွ​နေလို့တဲ့ သူပဲဖွသူပဲပြန်​ပြင်​​ပေးလိုက်​ လုပ်​​နေတာမို့ ခပ်​ချဉ်​ချဉ်​ကြည့်​မိ​တော့ ​​နောက်​မလုပ်​​တော့ဘူးဆိုကာ မျက်​လုံး​တွေပြန်​မှိတ်​သွားသည်​။
တိုစိပ်​စိပ်​ မျက်​​တောင်​ရှည်​​တွေနဲ့ ပြုံး​ယောင်​သန်း​နေတဲ့
နီမြန်းမြန်း နှုတ်​ခမ်းပါးတစ်​စုံကို ခိုးကြည့်​​နေမိရင်း​သေချာတာ​တော့
ကျ​နော်​ အဲ့​နေ့ ကစာတစ်​လုံးမှမရခဲ့တာပါ ။






..............................................................

Up ​ပေးလိုက်​p​နော်​ ....ro တာက မုန်​တိုင်းမလာခင်​ ​လေ​ပြေ ​သွေးထားတာ 😁​နောက်​အပိုင်း​တွေကြ ​ပြောလို့မရဘူး ငိုရင်​ငိုရမယ်​ထင်​တယ်​ 😔.....

Today 9.part up ​စေချင်​ကြလား?😄
ပြောခဲ့​လေ မဲများရင်​ 9.Part up ​ပေးမယ်​😉😉😂😘

Thankyou somuch all 💚

Continue Reading

You'll Also Like

44.6K 1.5K 5
Hearts become ashes, but souls burn forever. The Walking Dead, Season 4 to 6 Ocs / Ocs Ocs / Multiple TWD characters COVER BY @SKAINABLIDA
9.7K 156 15
REQUESTS ARE AVAILABLE
227K 13.9K 37
ကိုကြီးရဲ့ကောင်လေး 11/04/2020 "ငါ့ဘဝမှာငါ့ညီမကအရေးကြီးဆုံးဘဲ" "ကိုယ်မင်းကိုချစ်တယ်ကောင်လေး" "ဘာအခက်အခဲဘဲရှီရှီမင်းကိုကိုယ်မစွန့်လွှက်နိုင်ဘူးကလေး" ...
286K 8.1K 137
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."