Ep.11

4.7K 394 63
                                    





လေဟာနယ်​ထဲ လွင့်​​နေသလို ကျ​နော့်​ရင်​​တွေ တလှပ်​လှပ်​ နဲ့
ဘီယာ​သောက်​တာ နည်းနည်းများသွားတယ်​ ထင်​တယ်​ ။
ထိန်​ထိန်​လင်း​နေတဲ့ လမ်းမီးတိုင်​​အောက်​မှာ ရပ်​​နေ​ပေမယ့်
ကျ​နော့်​ အသိအာရုံထဲမှာ ​မှောင်​မိုက်​​နေတယ်​ kit တားတာကို နား​ထောင်​ခဲ့သင့်​တာ ခုကျ​နော်​ ​တော်​​တော်​မူး​နေပီ စိတ်​ကူးယဉ်​အိမ်​မက်​​တွေ​တောင်​ မက်​လို့ .။
အိမ်​မက်​ထဲမှာ လူကြီးက ကျ​နော့်​နှုတ်​ခမ်း​တွေကို နမ်း​နေတာတဲ့ hk ....။

ဒါ​ပေမယ့်​ ဒါကို လက်​​တွေ့ကြီးလို ဘာလို့ ခံစားမိ​နေတာလဲ ။
ကျ​နော့်​ နှုတ်​ခမ်း​တွေ ​နွေး​နေတယ်​ တစ်​စုံတစ်​ခုက ​ငုံ​ထွေးစုပ်​ယူ​နေသလို ..ပီး​တော့ နူးညံ့အိ​ထွေးပြီး ချိုမြိန်​လွန်းတယ်​ ....ဖယ်​ခွာသွားမှာ​တောင်​ စိုးရွံ​နေမိတယ်​ ။

အောက်​စီဂျင်​ လိုအပ်​​နေပြီ ဖြစ်​တဲ့ အဆုပ်​​ကြောင့်​ ကျ​နော့်​ အသက်​ရှုရ ခက်​လာတယ်​ .။
လေ ရလို့ ရငြား နှုတ်​ခမ်း​တွေကို ဖွင့်​ဟမိ​တော့ တိုးဝင်​လာတဲ့ စိုစွတ်​​နွေး​ထွေးလွန်းတဲ့ လျှာဖျား​ကြောင့်​ ခန္နာကိုယ်ထဲ​က ရှိသမျှ ဆဲလ်​ ​တွေအကုန်​ ရုန်းကြွကုန်​တယ်​ ...။

စက္ကန့်​​တွေ မီးနစ်​​တွေ ဘယ်​​လောက်​ထိ ​ပြောင်းလဲသွားပြီလဲ မသိ... ကျ​နော့်​ အာရုံမှာ အသိတို့ ပြန်​ခိုနားချိန်မှာ​တော့
ဘုရား​ရေ ကျ​နော်​ သူ့အနမ်း​တွေကို တုံပြန်​​နေမိတာလား ..။

Shit '" ကိုယ့်​ကိုကိုယ်​ ကျိန်​ဆဲခြင်းနဲ့အတူ သူ့ရင်​ခွင်​ထဲက ရုန်းထွက်​မိတယ်​..ဒါဖြစ်​သင့်​ရဲ့လား သူက​ရော ဘာ​ကြောင့်​။

"ဟို ...sorry "

sorry တဲ့လား ဒါကျ​နော့်​ရဲ့ ပထမဦးဆုံး အနမ်း​လေ ။
ချစ်​ရသူ စီက ရတဲ့အနမ်းအတွက်​ ကျ​နော်​ ရင်​ခုန်​ရမယ့်​အစား
sorry ဆိုတဲ့စကား တစ်​ခွန်း​ကြောင့်​ ခံစားချက်​​တွေကို ဘယ်​လိုအဆုံးသက်​ရမလဲ P'...။

"ကျ​နော်​ ​တော်​​တော်​ မူးသွားတာပဲ အဲ့​လောက်​မ​သောက်​ခဲ့သင့်​ဘူး "

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now