(Unicode)
နေသာသာ မနက်ခင်းတစ်ရက်ဖြစ်သည်။
ခပ်ကြည်ကြည်စိတ်ကလေးအရင်းပြု၍
အပြင်သွားမယ်ကြံကာမှ ၊
" မင်း...လာဦး "
Hyung နှင့်စကားပြောလက်စကို ဖြတ်၍
ကျွန်တော့်အား လှမ်းကြည့်ပြီး ခေါ်လာသော
သူဌေးကြီး ။
" ခဏပဲအချိန်ရမှာ ၊ အပြင်သွားရဦးမယ်"
" မင်းရဲ့အရေးမပါတဲ့ အလုပ်တွေ
မနားနိုင်သေးဘူးလား ? "
သေသေချာချာကို ခေါင်းခါပြလိုက်တော့
Hyung ဆီကပါ အံ့သြဟန် အနည်းငယ်လေး
ကျွန်တော် တွေ့လိုက်ရတယ် ။
သူလည်း ဘယ်ထင်ပါ့မလဲ ။ မျက်မှန်အဝိုင်း
ကြီး တကားကားနဲ့ကျောင်းတုန်းက
ကောင်လေးတစ်ယောက် ဒီလောက်အထိ
ပြောင်းလဲသွားလိမ့်မယ်လို့ ။
ပြောင်းလဲပစ်ဖို့ အရင်းခံက
ကျွန်တော် ချစ်တဲ့သူတွေကို ကာကွယ်နိုင်ဖို့။
ဖြစ်ဖြစ်မြောက်မြောက် မဟုတ်ပေမယ့်
ကျွန်တော် ဖောက်တဲ့လမ်းဟာ မမှားဘူးလို့
ယုံတယ်။
" မြို့တော်ဝန်သမီးနဲ့ ဘယ်လိုဖြစ်ရတာလဲ?"
Hyung ရှေ့မှာမို့ သာသာကဲကဲ အားနာ
ပြတတ်တဲ့ သူဌေးကြီးစရိုက်က အရင်လိုပင်
မပြောင်းလဲ ။
" ဘယ်သိမလဲ ? သူ့ဘာသာ မကြိုက်တာတော့
ကျွန်တော်လည်းမတတ်နိုင်ဘူး "
" ဖေဖေ ..... "
Hyung လေသံအက်အက်အဆုံးမှာ
ကျွန်တော်တို့ သုံးယောက်အကြား ရေခဲမြစ်
ဖြတ်စီးသွားသလို ။
"ဖေဖေ... ကျွန်တော် ဂျပန်ကို ပြောင်းမယ် "
" မဟုတ်သေးဘူး....သား..
မင်း ထပ်စဉ်းစားဖို့ အချိန်ရပါသေးတယ်။
လောပြီး ဆုံးဖြတ်လိုက်လို့ ခပ်ကောင်းကောင်း
ထွက်လာတဲ့ အကျိုးဆက် မရှိဘူး "
" ကျွန်တော်ကတော့ သဘောတူတယ်"
Hyung က ကျွန်တော့်ကို ဖြတ်ခနဲဆိုသလို
ကြည့်လာပေမယ့် သူဌေးကြီးကတော့
Hyungကို ဖြောင်းဖျရန် ပိုအားသန်နေပုံရတယ်။
" ဟိုမှာ စိတ်ပြေလက်ပျောက်နေရမှရမယ်။
သား အချိန်ယူဖို့လိုတယ်ဖေဖေ ။ ကျွန်တော်
အရိုးသားဆုံးဝန်ခံရရင် ဖေဖေ့ရှေ့မှာ
ဒီ့ထက်ပို မနေနိုင်တော့ဘူး "
သူဌေးကြီး ခေါင်းငုံ့သွားခဲ့သည် ။ သက်ပြင်း
သာသာချ ပြီးနောက် Hyung စိတ်ကို
နားလည်သလို မျက်လုံးများဖြင့်... ။
" နောက်မှ ထပ်ပြောရအောင်....သား။
ဖေဖေလည်း အချိန်လိုတယ် "
ကျွန်တော့် ရင်တစ်ခုလုံး ဟာလာဟင်းလင်း ။
Hyung အပေါ်ဆက်ဆံပုံနဲ့ ၊ ကျွန်တော့်အပေါ်
ဆက်ဆံပုံ နည်းနည်းလေးမှ မတူ ။ ငယ်ငယ်
တည်းက ဒီလိုဆိုပေမယ့် ရိုးသွားတဲ့ဒဏ်ရာ
ဆိုတာ ရှိပါ့မလား ။ ကျွန်တော်လည်း
နာတတ်တယ် ။
Hyung က မေမေနဲ့ မျက်နှာပေါက်ချင်း
ပိုဆင်ပြီး ၊ ကျွန်တော်ကိုတော့ သူဌေးကြီး
ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းဟု
မေမေက ဆိုလေ့ရှိသည် ။ ဓာတ်ပုံများအရ
လည်း ထိုအဆိုမှာ မှန်ကန်သည် ။
ထိုသို့ဆိုစေကာမူ..... ....
တစ်သွေးသားတည်း ဖြစ်သော်လည်း
နှလုံးသားချင်း ကျွန်တော်တို့ ဝေးကြသည် ။
သွေးခြားပင် ဖြစ်သော်လည်း
နှလုံးသားချင်း ကျွန်တော်တို့ နီးကြသည် ။
သို့ဖြစ်၍ ...အဝေးကြီးက ရေစက်ဆိုသည်ကို
ကျွန်တော် ယုံပါသည် ။
\\\\\\\ Virus of L♡ ve /////////
#ပလုံ
Jeon Jung Kook ဆိုသည်မှာ ကျွန်တော့်အား
လက်မဆော့ရလျှင် သူ့ဘေးရှိသက်မဲ့ပစ္စည်း
မှန်သမျှ အငြိမ်မထား ။ ကျွန်တော့် ပေါင်ကို
ခေါင်းအုံးလုပ်ထားပေမယ့် ကျောက်စရစ်ခဲ
များကို အရှေ့ရှိ ရေကန်ထဲ ပစ်ချနေသေးသည်။
ဆည်းဆာရောင် ကောင်းကင်ကို ကျွန်တော်
မော့ကြည့်ပြီး အသက်ပြင်းပြင်းရှုသွင်းမိ၏။
အရာရာက လှပလွန်းနေသည် ။ တကယ်ဆို
ဘာမှ မထူးခြားသည့် သဘာဝ ။ ကျွန်တော်
မြင်ဖူးနေကျဖြစ်ပေမယ့် ၊
သူနှင့်မို့ ... အင်း ...သူကြောင့်မို့ ....။
#ပလုံ
ကြာတော့ ကျွန်တော် နားတကယ့်ကို
ညဉ်းလာပြီဖြစ်သည် ။
" ငြိမ်ငြိမ်နေစမ်းကွာ "
" မနေချင်ပါဘူး babe ရယ် ... ။
ကိုယ့်မှာ babe ကို ထိခွင့်မှမရှိဘဲ ...
ရှိတာလေး ထိရတာကို ။ ခွဲစိတ်ခံရမယ့်
လူကို ကြမ်းလို့ဘယ်ရမလဲ မဟုတ်ဘူးလား? "
ဆယ်ဖြာမကသော မာယာတွေမှာ
ကျွန်တော် ဆွံ့အရပါသည်။
စိတ်ပေါက်ပေါက်နဲ့ သူ့နှုတ်ခမ်းအား
ပိတ်ရိုက်ရန် ပြင်ပေမယ့် ၊
" -ီးပဲ "
မျက်ခုံးပင့်ပြီးသာ ပစ်ပစ်နှစ်နှစ်ဆဲရေးပစ်မိသည်။
" ချစ်တော့လည်း မထိရက်မကိုင်ရက်တွေ
ဖြစ်ပြီး ဆဲတော့တာ ။ ဘဝင်တောင်
မြင့်ချင်လာပြီ "
လက်နှစ်ဖက်ကို ယှက်ကာ နှဖူးပေါ်သို့
သူ တင်သည် ။ ပြောချင်တာပြောရလို့ အားရကျေနပ်သွားသော အပြုံးမျိုးနဲ့
မိန့်မိန့်ကြီးကို ။
" Jeon Jung Kook ... မင်း ငါနဲ့ တွေ့ရင်
ပေါ့ပျက်ပျက်အချိုးတွေ လာမသုံးစမ်းနဲ့ ။
အမြင်ကတ်ဖို့ ကောင်းအောင်လို့ "
ကျွန်တော့် ပုခုံးကို ဆုပ်ကိုင်ပြီး ကျွန်တော့်
ပေါင်ပေါ်မှ သူ ထလာသည် ။
ကျွန်တော့်အား စိုက်ကြည့်လာသော
ထိုမျက်ဝန်းတွေသည် ယခင်နှင့်မတူ
စူးစူးနင့်နင့် ။
" ကိုယ် တကယ် ချစ်တာပါ "
ဆွေးရိပ်ထင်စွာ ညို့မှိုင်းလာခဲ့သော
ဤအဆို၌ သူ၏ သိမ်ငယ်ခြင်း အနည်းငယ်ကို
ကျွန်တော် မြင်လိုက်ရသည် ။
ဘုရားရေ ....!!!! ကျွန်တော့် သဘောက
ဒီလိုမဟုတ် ။ ကျွန်တော် ပြောချင်တာက...!!!!
" ကိုယ်ကပဲ babe ကို ပိုချစ်ပေးချင်တာ ။
ကိုယ့်ကပဲ babe ကို စောင့်ရှောက်ပေးချင်တာ။
ကိုယ်ကပဲ babe ပင်ပန်းရင် နားခိုနိုင်မယ့်
သစ်ပင်ကြီး ဖြစ်ချင်တာ "
" Jung Kook ... Jung Kook "
" ဘာလို့လဲ သိလား ? ကိုယ့်မှာ အချစ်ကလွဲပြီး
babe ကို ပေးစရာဘာမှ မရှိဘူးမို့ ။ ကိုယ့်ဆီမှာ
babe မက်မောရလောက်တဲ့ ဘာတစ်ခုမှ
မရှိဘူးမို့ "
" Jeon Jung Kook ....!!!! ငါ ပြောတာ
နားထောင်ဦး "
" ဟင့်အင်း babe ... ကိုယ် အခု babe စိတ်ဆိုးနေတာမဟုတ်ဘူး ။
ကိုယ့်ကိုယ်ကိုယ် နားလည်အောင်ပြန်ရှင်းပြ
နေတာ ။ babe ဘာလုပ်လုပ် မျက်နှာလွှဲထား
တယ်ဆိုတာ babe အတွက် အနှောင့်အယှက်
ဖြစ်သွားမှာစိုးလို့ ။ babe စကားတိုင်းကို
ကိုယ် ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ကျော်
လွှားပစ်နေတာ ...၊ babe ပါ ကိုယ့်အတွက်
ကြောင့် နေရခက်မှာစိုးလို့ ။ babe ဘာဖြစ်
စေချင်တာလဲ ? ကိုယ့်ကို ပုံသွင်းပါ ။
အဲ့ဒီ့အတိုင်းနေပေးမယ် "
" မင်းက မင်းပဲဖြစ်ပေးပါ "
" ....."
" မင်း ဒေါသထွက်ချင်ရင် ထွက်လိုက် ။
မင်း ဝမ်းနည်းနေရင် ငိုလိုက် ။
မင်း အဆင်မပြေရင် ရင်ဖွင့်လိုက် ။
ဘာမှမဖြစ်သလို ...ဘာခံစားချက်မှ မရှိတဲ့
လူလို နေမနေနဲ့ စောက်ရူးလေးရဲ့ "
" ဟုတ်တယ် ။ Jeon Jung Kook ဆိုတဲ့
ကောင်က Kim Taehyung နဲ့ ပတ်သတ်ရင်
စောက်ရမ်းရူးတယ် ။ အဲ့ဒီ့ ဒဏ်တွေကို babe
ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ။ သိလို့ ထိန်းတယ်။
ဒါပေမယ့် ကိုယ်မှားတယ်ပေါ့...။
ဟုတ်လား B a b e ....? "
" အင်း..... မှားတယ်..."
နားမလည်သလို ကြုံ့ဝင်သွားတဲ့ သူ၏
မျက်ခုံးနက်နက်တွေ ။ ကျွန်တော့်စကားကို
ငံ့လင့်နေသော သူ၏ အမူအရာ ။ ဇောတစ်မျိုး
နဲ့ငြိမ်သက်သွားသည့် သူ၏ မျက်တောင်စင်းများ။
သူ၏ သွယ်ချွန်သော မေးရိုးအထက်
ကျွန်တော့် လက်ဖဝါးတစ်ဖက်အား
အပ်ထားမိသည် ။
ကျွန်တော်၏ ဂျစ်ပစီနတ်ဘုရားက
အရိုင်းဆန်ဆန် ခန့်ညားစွာ ကြည့်လာသည်။
" ငါကပဲ မင်းကို ချစ်ချင်တာ ။ ငါကပဲ
မင်းတစ်ယောက်တည်းကို ပိုင်ချင်တာ ။
ငါကပဲ မင်းကိုနားလည်ပေးချင်တာ ။
အဆုံးစွန်ဆုံး ငါ့ရင်ကိုခွဲမယ့်ဓားဆိုလည်း
မင်းလက်နဲ့ပဲ ..."
" babe ....... !!!!!! "
" ရင်နာတယ်မလား ? မင်းဘာမှမဖြစ်သလို
ရယ်မောနေတဲ့အခါများဆို ... မသိဘူးမလား။
ငါရော ဘယ်လောက်အထိ ရင်တွေနာရလဲဆိုတာ"
" ကိုယ် ပျော်သင့်လား babe ။ ဒါပေမယ့်
အဲ့လောက်ထိ မထိုက်တန်ဘူးနော် ကိုယ်က"
" ငါ့စကားကို နားထောင်မယ်ဆို "
" အင်း ...."
ယှက်သိုင်းကာ ဖက်ပစ်မိသော သူ့ရင်ခွင်သည်
ကျွန်တော့်အဖို့ ထာဝရ နွေးလို့နေသည် ။
အစဉ်သဖြင့် အားအင်ပေးတတ်သော ထို
နှလုံးအိမ်တွင် ကျွန်တော့်ကမ္ဘာရှိသည် ။
သူသာရှိလျှင် ကျွန်တော် ဘာကိုမှမမှု့ ။
ပစ်ပစ်ခါခါ လက်ခါပစ်မိသော ချစ်ခြင်း
မေတ္တာများထဲတွင် Jeon Jung Kook
သည်က ခြွင်းချက်တစ်ပါး ။ ကျွန်တော့်
နှလုံးသားမှာ မျက်နှာအလွန်လိုက်ဟန်
ရှိလေသည် ။
______________TBC
THX U ♡
____________________________________
(Zawgyi)
ေနသာသာ မနက္ခင္းတစ္ရက္ျဖစ္သည္။
ခပ္ၾကည္ၾကည္စိတ္ကေလးအရင္းျပဳ၍
အျပင္သြားမယ္ၾကံကာမွ ၊
" မင္း...လာဦး "
Hyung ႏွင့္စကားေျပာလက္စကို ျဖတ္၍
ကြၽန္ေတာ့္အား လွမ္းၾကည့္ၿပီး ေခၚလာေသာ
သူေဌးႀကီး ။
" ခဏပဲအခ်ိန္ရမွာ ၊ အျပင္သြားရဦးမယ္"
" မင္းရဲ႕အေရးမပါတဲ့ အလုပ္ေတြ
မနားႏိုင္ေသးဘူးလား ? "
ေသေသခ်ာခ်ာကို ေခါင္းခါျပလိုက္ေတာ့
Hyung ဆီကပါ အံ့ျသဟန္ အနည္းငယ္ေလး
ကြၽန္ေတာ္ ေတြ႕လိုက္ရတယ္ ။
သူလည္း ဘယ္ထင္ပါ့မလဲ ။ မ်က္မွန္အဝိုင္း
ႀကီး တကားကားနဲ႔ေက်ာင္းတုန္းက
ေကာင္ေလးတစ္ေယာက္ ဒီေလာက္အထိ
ေျပာင္းလဲသြားလိမ့္မယ္လို႔ ။
ေျပာင္းလဲပစ္ဖို႔ အရင္းခံက
ကြၽန္ေတာ္ ခ်စ္တဲ့သူေတြကို ကာကြယ္ႏိုင္ဖို႔။
ျဖစ္ျဖစ္ေျမာက္ေျမာက္ မဟုတ္ေပမယ့္
ကြၽန္ေတာ္ ေဖာက္တဲ့လမ္းဟာ မမွားဘူးလို႔
ယံုတယ္။
" ၿမိဳ႕ေတာ္ဝန္သမီးနဲ႔ ဘယ္လိုျဖစ္ရတာလဲ?"
Hyung ေ႐ွ႕မွာမို႔ သာသာကဲကဲ အားနာ
ျပတတ္တဲ့ သူေဌးႀကီးစ႐ိုက္က အရင္လိုပင္
မေျပာင္းလဲ ။
" ဘယ္သိမလဲ ? သူ႔ဘာသာ မႀကိဳက္တာေတာ့
ကြၽန္ေတာ္လည္းမတတ္ႏိုင္ဘူး "
" ေဖေဖ ..... "
Hyung ေလသံအက္အက္အဆံုးမွာ
ကြၽန္ေတာ္တို႔ သံုးေယာက္အၾကား ေရခဲျမစ္
ျဖတ္စီးသြားသလို ။
"ေဖေဖ... ကြၽန္ေတာ္ ဂ်ပန္ကို ေျပာင္းမယ္ "
" မဟုတ္ေသးဘူး....သား..
မင္း ထပ္စဥ္းစားဖို႔ အခ်ိန္ရပါေသးတယ္။
ေလာၿပီး ဆံုးျဖတ္လိုက္လို႔ ခပ္ေကာင္းေကာင္း
ထြက္လာတဲ့ အက်ိဳးဆက္ မ႐ွိဘူး "
" ကြၽန္ေတာ္ကေတာ့ သေဘာတူတယ္"
Hyung က ကြၽန္ေတာ့္ကို ျဖတ္ခနဲဆိုသလို
ၾကည့္လာေပမယ့္ သူေဌးႀကီးကေတာ့
Hyungကို ေျဖာင္းဖ်ရန္ ပိုအားသန္ေနပံုရတယ္။
" ဟိုမွာ စိတ္ေျပလက္ေပ်ာက္ေနရမွရမယ္။
သား အခ်ိန္ယူဖို႔လိုတယ္ေဖေဖ ။ ကြၽန္ေတာ္
အ႐ိုးသားဆံုးဝန္ခံရရင္ ေဖေဖ့ေ႐ွ႕မွာ
ဒီ့ထက္ပို မေနႏိုင္ေတာ့ဘူး "
သူေဌးႀကီး ေခါင္းငံု႔သြားခဲ့သည္ ။ သက္ျပင္း
သာသာခ် ၿပီးေနာက္ Hyung စိတ္ကို
နားလည္သလို မ်က္လံုးမ်ားျဖင့္... ။
" ေနာက္မွ ထပ္ေျပာရေအာင္....သား။
ေဖေဖလည္း အခ်ိန္လိုတယ္ "
ကြၽန္ေတာ့္ ရင္တစ္ခုလံုး ဟာလာဟင္းလင္း ။
Hyung အေပၚဆက္ဆံပံုနဲ႔ ၊ ကြၽန္ေတာ့္အေပၚ
ဆက္ဆံပံု နည္းနည္းေလးမွ မတူ ။ ငယ္ငယ္
တည္းက ဒီလိုဆိုေပမယ့္ ႐ိုးသြားတဲ့ဒဏ္ရာ
ဆိုတာ ႐ွိပါ့မလား ။ ကြၽန္ေတာ္လည္း
နာတတ္တယ္ ။
Hyung က ေမေမနဲ႔ မ်က္ႏွာေပါက္ခ်င္း
ပိုဆင္ၿပီး ၊ ကြၽန္ေတာ္ကိုေတာ့ သူေဌးႀကီး
ငယ္ငယ္တုန္းကနဲ႔ တစ္ပံုစံတည္းဟု
ေမေမက ဆိုေလ့႐ွိသည္ ။ ဓာတ္ပံုမ်ားအရ
လည္း ထိုအဆိုမွာ မွန္ကန္သည္ ။
ထိုသို႔ဆိုေစကာမူ..... ....
တစ္ေသြးသားတည္း ျဖစ္ေသာ္လည္း
ႏွလံုးသားခ်င္း ကြၽန္ေတာ္တို႔ ေဝးၾကသည္ ။
ေသြးျခားပင္ ျဖစ္ေသာ္လည္း
ႏွလံုးသားခ်င္း ကြၽန္ေတာ္တို႔ နီးၾကသည္ ။
သို႔ျဖစ္၍ ...အေဝးႀကီးက ေရစက္ဆိုသည္ကို
ကြၽန္ေတာ္ ယံုပါသည္ ။
\\\\\\\ Virus of L♡ ve /////////
#ပလံု
Jeon Jung Kook ဆိုသည္မွာ ကြၽန္ေတာ့္အား
လက္မေဆာ့ရလွ်င္ သူ႔ေဘး႐ွိသက္မဲ့ပစၥည္း
မွန္သမွ် အၿငိမ္မထား ။ ကြၽန္ေတာ့္ ေပါင္ကို
ေခါင္းအံုးလုပ္ထားေပမယ့္ ေက်ာက္စရစ္ခဲ
မ်ားကို အေ႐ွ႕႐ွိ ေရကန္ထဲ ပစ္ခ်ေနေသးသည္။
ဆည္းဆာေရာင္ ေကာင္းကင္ကို ကြၽန္ေတာ္
ေမာ့ၾကည့္ၿပီး အသက္ျပင္းျပင္း႐ႈသြင္းမိ၏။
အရာရာက လွပလြန္းေနသည္ ။ တကယ္ဆို
ဘာမွ မထူးျခားသည့္ သဘာဝ ။ ကြၽန္ေတာ္
ျမင္ဖူးေနက်ျဖစ္ေပမယ့္ ၊
သူႏွင့္မို႔ ... အင္း ...သူေၾကာင့္မို႔ ....။
#ပလံု
ၾကာေတာ့ ကြၽန္ေတာ္ နားတကယ့္ကို
ညဥ္းလာၿပီျဖစ္သည္ ။
" ၿငိမ္ၿငိမ္ေနစမ္းကြာ "
" မေနခ်င္ပါဘူး babe ရယ္ ... ။
ကိုယ့္မွာ babe ကို ထိခြင့္မွမ႐ွိဘဲ ...
႐ွိတာေလး ထိရတာကို ။ ခဲြစိတ္ခံရမယ့္
လူကို ၾကမ္းလို႔ဘယ္ရမလဲ မဟုတ္ဘူးလား? "
ဆယ္ျဖာမကေသာ မာယာေတြမွာ
ကြၽန္ေတာ္ ဆံြ႕အရပါသည္။
စိတ္ေပါက္ေပါက္နဲ႔ သူ႔ႏႈတ္ခမ္းအား
ပိတ္႐ိုက္ရန္ ျပင္ေပမယ့္ ၊
" -ီးပဲ "
မ်က္ခံုးပင့္ၿပီးသာ ပစ္ပစ္ႏွစ္ႏွစ္ဆဲေရးပစ္မိသည္။
" ခ်စ္ေတာ့လည္း မထိရက္မကိုင္ရက္ေတြ
ျဖစ္ၿပီး ဆဲေတာ့တာ ။ ဘဝင္ေတာင္
ျမင့္ခ်င္လာၿပီ "
လက္ႏွစ္ဖက္ကို ယွက္ကာ ႏွဖူးေပၚသို႔
သူ တင္သည္ ။ ေျပာခ်င္တာေျပာရလို႔ အားရေက်နပ္သြားေသာ အျပံဳးမ်ိဳးနဲ႔
မိန္႔မိန္႔ႀကီးကို ။
" Jeon Jung Kook ... မင္း ငါနဲ႔ ေတြ႕ရင္
ေပါ့ပ်က္ပ်က္အခ်ိဳးေတြ လာမသံုးစမ္းနဲ႕ ။
အျမင္ကတ္ဖို႔ ေကာင္းေအာင္လို႔ "
ကြၽန္ေတာ့္ ပုခံုးကို ဆုပ္ကိုင္ၿပီး ကြၽန္ေတာ့္
ေပါင္ေပၚမွ သူ ထလာသည္ ။
ကြၽန္ေတာ့္အား စိုက္ၾကည့္လာေသာ
ထိုမ်က္ဝန္းေတြသည္ ယခင္ႏွင့္မတူ
စူးစူးနင့္နင့္ ။
" ကိုယ္ တကယ္ ခ်စ္တာပါ "
ေဆြးရိပ္ထင္စြာ ညိဳ႕မိႈင္းလာခဲ့ေသာ
ဤအဆို၌ သူ၏ သိမ္ငယ္ျခင္း အနည္းငယ္ကို
ကြၽန္ေတာ္ ျမင္လိုက္ရသည္ ။
ဘုရားေရ ....!!!! ကြၽန္ေတာ့္ သေဘာက
ဒီလိုမဟုတ္ ။ ကြၽန္ေတာ္ ေျပာခ်င္တာက...!!!!
" ကိုယ္ကပဲ babe ကို ပိုခ်စ္ေပးခ်င္တာ ။
ကိုယ့္ကပဲ babe ကို ေစာင့္ေ႐ွာက္ေပးခ်င္တာ။
ကိုယ္ကပဲ babe ပင္ပန္းရင္ နားခိုႏိုင္မယ့္
သစ္ပင္ႀကီး ျဖစ္ခ်င္တာ "
" Jung Kook ... Jung Kook "
" ဘာလို႔လဲ သိလား ? ကိုယ့္မွာ အခ်စ္ကလဲြၿပီး
babe ကို ေပးစရာဘာမွ မ႐ွိဘူးမို႔ ။ ကိုယ့္ဆီမွာ
babe မက္ေမာရေလာက္တဲ့ ဘာတစ္ခုမွ
မ႐ွိဘူးမို႔ "
" Jeon Jung Kook ....!!!! ငါ ေျပာတာ
နားေထာင္ဦး "
" ဟင့္အင္း babe ... ကိုယ္ အခု babe စိတ္ဆိုးေနတာမဟုတ္ဘူး ။
ကိုယ့္ကိုယ္ကိုယ္ နားလည္ေအာင္ျပန္႐ွင္းျပ
ေနတာ ။ babe ဘာလုပ္လုပ္ မ်က္ႏွာလဲႊထား
တယ္ဆိုတာ babe အတြက္ အေႏွာင့္အယွက္
ျဖစ္သြားမွာစိုးလို႔ ။ babe စကားတိုင္းကို
ကိုယ္ ဘာမွမျဖစ္သလို ေပါ့ေပါ့ပါးပါး ေက်ာ္
လႊားပစ္ေနတာ ...၊ babe ပါ ကိုယ့္အတြက္
ေၾကာင့္ ေနရခက္မွာစိုးလို႔ ။ babe ဘာျဖစ္
ေစခ်င္တာလဲ ? ကိုယ့္ကို ပံုသြင္းပါ ။
အဲ့ဒီ့အတိုင္းေနေပးမယ္ "
" မင္းက မင္းပဲျဖစ္ေပးပါ "
" ....."
" မင္း ေဒါသထြက္ခ်င္ရင္ ထြက္လိုက္ ။
မင္း ဝမ္းနည္းေနရင္ ငိုလိုက္ ။
မင္း အဆင္မေျပရင္ ႐င္ဖြင့္လိုက္ ။
ဘာမွမျဖစ္သလို ...ဘာခံစားခ်က္မွ မ႐ွိတဲ့
လူလို ေနမေနနဲ႔ ေစာက္႐ူးေလးရဲ႕ "
" ဟုတ္တယ္ ။ Jeon Jung Kook ဆိုတဲ့
ေကာင္က Kim Taehyung နဲ႔ ပတ္သတ္ရင္
ေစာက္ရမ္း႐ူးတယ္ ။ အဲ့ဒီ့ ဒဏ္ေတြကို babe
ခံႏိုင္ရည္႐ွိမွာ မဟုတ္ဘူး ။ သိလို႔ ထိန္းတယ္။
ဒါေပမယ့္ ကိုယ္မွားတယ္ေပါ့...။
ဟုတ္လား B a b e ....? "
" အင္း..... မွားတယ္..."
နားမလည္သလို ၾကံဳ႕ဝင္သြားတဲ့ သူ၏
မ်က္ခံုးနက္နက္ေတြ ။ ကြၽန္ေတာ့္စကားကို
ငံ့လင့္ေနေသာ သူ၏ အမူအရာ ။ ေဇာတစ္မ်ိဳး
နဲ႔ၿငိမ္သက္သြားသည့္ သူ၏ မ်က္ေတာင္စင္းမ်ား။
သူ၏ သြယ္ခြၽန္ေသာ ေမး႐ိုးအထက္
ကြၽန္ေတာ့္ လက္ဖဝါးတစ္ဖက္အား
အပ္ထားမိသည္ ။
ကြၽန္ေတာ္၏ ဂ်စ္ပစီနတ္ဘုရားက
အ႐ိုင္းဆန္ဆန္ ခန္႔ညားစြာ ၾကည့္လာသည္။
" ငါကပဲ မင္းကို ခ်စ္ခ်င္တာ ။ ငါကပဲ
မင္းတစ္ေယာက္တည္းကို ပိုင္ခ်င္တာ ။
ငါကပဲ မင္းကိုနားလည္ေပးခ်င္တာ ။
အဆံုးစြန္ဆံုး ငါ့ရင္ကိုခဲြမယ့္ဓားဆိုလည္း
မင္းလက္နဲ႔ပဲ ..."
" babe ....... !!!!!! "
" ရင္နာတယ္မလား ? မင္းဘာမွမျဖစ္သလို
ရယ္ေမာေနတဲ့အခါမ်ားဆို ... မသိဘူးမလား။
ငါေရာ ဘယ္ေလာက္အထိ ရင္ေတြနာရလဲဆိုတာ"
" ကိုယ္ ေပ်ာ္သင့္လား babe ။ ဒါေပမယ့္
အဲ့ေလာက္ထိ မထိုက္တန္ဘူးေနာ္ ကိုယ္က"
" ငါ့စကားကို နားေထာင္မယ္ဆို "
" အင္း ...."
ယွက္သိုင္းကာ ဖက္ပစ္မိေသာ သူ႔ရင္ခြင္သည္
ကြၽန္ေတာ့္အဖို႔ ထာဝရ ေႏြးလို႔ေနသည္ ။
အစဥ္သျဖင့္ အားအင္ေပးတတ္ေသာ ထို
ႏွလံုးအိမ္တြင္ ကြၽန္ေတာ့္ကမာၻ႐ွိသည္ ။
သူသာ႐ွိလွ်င္ ကြၽန္ေတာ္ ဘာကိုမွမမႈ႕ ။
ပစ္ပစ္ခါခါ လက္ခါပစ္မိေသာ ခ်စ္ျခင္း
ေမတၱာမ်ားထဲတြင္ Jeon Jung Kook
သည္က ႁခြင္းခ်က္တစ္ပါး ။ ကြၽန္ေတာ့္
ႏွလံုးသားမွာ မ်က္ႏွာအလြန္လိုက္ဟန္
႐ွိေလသည္ ။
______________TBC
THX U ♡