The Killer-ChanHun||Zaw+Uni||
By Steven_Cheng
51.1K 3.8K 645
ကိုယ့်အတွက် ... "အချစ်" နဲ့  "သတ်ဖြတ်မှု" ဆိုတာ... ပြဒါးတစ်လမ်း၊သံတစ်လမ်းပဲ။ ကိုယ့် သတ်ဖြတ... More
Prologue
The Killer-Chapter[1]
The Killer-Chapter[2]
The Killer-Chapter[3]
The Killer-Chapter[5]
The Killer-Chapter[6]
The Killer-Chapter[7]
The Killer-Chapter[4]
3.8K 476 114
By Steven_Cheng
"Oh Se~?!"
"သြော်…hyung "
ပဲထင်တယ်…"
လေ …။
Noona …။ Noona…။
"Oh Se~ခဏစောင့်ဦး။ ကိုယ် ကားသွားထုတ်
လိုက်ဦးမယ်။"
"Oh Se …တက်တော့။"
"Oh Se~"
"အင်း hyung "
"Oh Se?"
"ဘာလို့ သိချင်တာလဲ?"
"ကိုယ်……"
လို့ ပြောရမှာပေါ့ ။"
ဆွေမျိုး ?
အစ်မဝမ်းကွဲ ?
"ဘာကထူးဆန်းတာလဲ?"
"ကိုယ်ပျော်မိသလိုပဲ။"
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
လှုပ်စိစိ ဖြစ်နေသည် ။
တာ ။ "
"……… "
"…………"
".……"
စိုးမိုးခဲ့လေသည်။
••• ••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
ဖြစ်သည်။
"Oh Se~"
"Oh Se~"
ကိုယ် ငြိမ်နေမိသည်။
မှာပါ။"
"အတန်းပြန်သွားရအောင်။"
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
"Oh Se~"
ခေါ်ဆိုမိလေသော~။
"သဘောကျတယ် ~"
ထို့ နောက် …။
နှ မြော သည်။
"ဘယ်ကိုလဲ?"
Lee Gun Bok ဆိုလား…။
"လိုက်ခဲ့ပါ hyung ရာ…"
"မိမှာသေချာလား?"
ကြည့်နေပြန်သည်။
"သြော်…"
ခြေထောက်တိုဆွဆွဟာ ရိုက်ခ်ျိုးပစ်ချင်စရာ။
"ဒါဆိုသွားမယ်လေhyung"
Ji Min Euk…
သိပ်လိမ္မာလွန်းတယ် ။
••• ••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
Tbc…
15/9/2017
Steven_Cheng
••• ••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
Unicode :
"Oh Se~?!"
ကိုယ့်ထံက အယောင်ဆောင်မေးသံကို စာအုပ်ဆိုင်ဧ။် အတွင်းကျကျထိုင်ခုံ၌ ထိုင်နေသည့် Oh Seဟာ မော့ကြည့်လာသည်။
အံ့သြသွားသည့်အကြည့်မဟုတ်သော ထူးဆန်းနေပုံရ သည့် Oh Seဟာ အတွေးထဲမှာ ကိုယ့် အား ညံ့ဖျင်းသော နှစ်အထပ်ထပ်ကျ ကျောင်းသားအဖြစ် သာ မြင်နေပုံပင်။
"သြော်…hyung "
ကိုယ်အသာပြုံးပြသော်လည်း ဆိုင်ဝင်ပေါက်သို့
လှမ်းကြည့်လိုက်သည့် ကလေးနှယ် ။
တစ်ခါတစ်လေတော့ကိုယ်စကားပြောနေရင် အာရုံစိုက်တတ်အောင်သင်ပေးချင်မိသား။
"တစ်ယောက်ယောက်ကိုစောင့်နေတာလား?"
ကိုယ့်မေးခွန်းဟာ Oh Se သတိထားမိရအောင်
မကျေနပ်သံအပြည့်လွှမ်းသော်လည်း ဂရုမစိုက်တတ် သည့် ကလေးငယ်ဟာ လက်ပတ်နာရီအနက်ကို
ငုံ့ကြည့်နေပြန်သေးသည်။
"7:00နာရီတောင်ခွဲပြီပဲ။မိုးကလည်းရွာနေတုန်း
ပဲထင်တယ်…"
Oh Se ရဲ ့လက်ကနာရီကို ကိုယ်သဘောမကျဘူး။ ကလေးလက်မှာ ပိုင်စိုးပိုင်နင်း ရစ်ပတ်နေသည်
လေ …။
"ကိုယ်ဝယ်ရမယ့်စာအုပ်မရှိလို့ ကိုယ်ပြန်တော့မှာ။ တစ်ခါထဲလိုက်ခဲ့မလား။ "
"Hyung ကျွန်တော့်အိမ်ကိုသိလား။"
တစ်နေ့တစ်ကြိမ်ထက်မနည်း ကိုယ်ရောက်ခဲ့သည့်
အရပ်ဒေသဖြစ်ကြောင်းတော့ နောက်မှပြောပြဦးမည်။
" ကျောင်းဝင်စာရင်းမှာတွေ ့မိထားတာ …
ကိုယ့်အိမ်နဲ့လည်းသုံးလမ်းကျော်ဆိုတော့~"
"သွားကြတာပေ့ါ hyung …noona က ပြောပေး ထားမှာမဟုတ်ဘူး။ Message တောင်ပြန်မပို့ တော့……။
Noona …။ Noona…။
ဘာဖြစ်လို့ အရမ်းရင်းနှီးသလို ခေါ်ဆိုနေရသလဲ ကွာ~။
ကိုယ် အမှုန် ့ချေပစ်ချင်အောင်လို့။
ဝင်ပေါက်တံခါးက စတင်ထွက်သွားသည့် Oh Se နောက်ကို ကိုယ်ဖြေးဖြေးပဲ လိုက်သွားခဲ့ သည်။ 
Oh Se သာလျှင် ကိုယ့်ရဲ ့ ပထမ ။
"Oh Se~ခဏစောင့်ဦး။ ကိုယ် ကားသွားထုတ်
လိုက်ဦးမယ်။"
ခေါင်းသာငြိမ့်ပြသည့် Oh Se ကို ထားရစ်ခဲ့ပြီး ကားဆီကို လျှောက်လာသည်အထိ စိတ်ထဲ ကျန်ရစ် နေသည်မှာ …ကိုယ် အိမ်မှာ Jin Eun ကို တစ်ဦး တည်းထားရစ်ခဲ့သည် ။
သူမသာ ထွက်ပြေးသွားပါက……။
ထွက်ပြေးရန် သူမ မည်မျှမြန်မြန်ပြေးနိုင်ပါမည်လဲ။ Oh Se အား ဘေးရန်ကင်းကင်းဖြင့် အိမ်သို့ ပြန်
ပို့ရန်သာ အရေးကြီးသည်လေ။
"Oh Se …တက်တော့။"
မိုးရေကြောင့် ကားထဲအလျင်အမြန်တက်လာသည့် Oh Se ထံမှ နံစော်ခြင်းမဟုတ်သည့် ချွေးရနံ ့ သင်းသင်းကြောင့်…သွေးသားတို့ ဆူပွက်လာသည်။
ဟင့်အင်း…ကိုယ့်ရဲ ့ဆာလောင်မှုမှာ Oh Se မှ မပါဝင်သည်ပဲ။ ကိုယ်ကလေ … Oh Se ကို
သန့်သန့်ကလေးမြတ်နိုးချင်တာ ။
စတီယာရင်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ရင်း ချုပ်ထိန်း စေတော့ …အနည်းငယ်တော့ ငြိမ်သွားသည်။
"နေကောင်းရဲ ့လား hyung ?"
ချစ်မြတ်နိုးရပါသောOh Se အား ခေါင်းငြိမ့်ပြ၍
ကားစတင်မောင်းထွက်ခဲ့သည်။
"Oh Se~"
ငြိမ်နေလွန်း၍ မဖြစ်။ အာရုံများစေရန် ကိုယ် စကား ပြောနေမှဖြစ်မည်ပေ။
"အင်း hyung "
"ကိုယ် သိချင်ရုံပါ။Jin Eun-ssi နဲ့က ဘယ်လို ပက်သက်တာလဲ။"
မေးခွန်းစသော်လည်း အတော်ကြာကြာအဖြေမလာ ခဲ့ချေ။
"Oh Se?"
"ဘာလို့သိချင်တာလဲ?"
"ကိုယ်……"
Oh Se ထံ၌ ဆွံ ့အမိခြင်း။ ကိုယ် မည်သည့် စကားဆက်ရမည်ကို ကြိုတင်၍ မစဉ်းစားမိခဲ့။
"အမေ့ဘက်ကအမျိုးပါ။ ကျွန်တော့် အစ်မဝမ်းကွဲ
လို့ပြောရမှာပေါ့ ။"
ဆွေမျိုး ?
အစ်မဝမ်းကွဲ ?
ကိုယ် အိမ်၌ အိပ်စက်နေမည့် Jin Eunကို မြင်မိ
သော်လည်း အားနာရန် တွေးတောဖြစ်သည်။
သို့သော်…။ ဤအတွေးသည် မိနစ်ပိုင်းပင် မခံ။
ကိုယ်သည် Oh Se နှင့်ပက်သက်လျှင် Oh Se မွေးထားသည့် ချစ်စဖွယ်အယောင်ဆောင်ထားသည့် ViVi ဆိုသော ခွေးကိုပင် အမဲဖြတ်ချင်သည်လေ။
"Hyung က…ထူးဆန်းတယ်လို့ ကျွန်တော် ထင်တယ်။"
ကိုယ် မရှိခဲ့ဖူးသော စိုးရွံ ့ခြင်းကြောင့် ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်မိသည်။
"ဘာကထူးဆန်းတာလဲ?"
အနည်းငယ် ကြောင်သွားပုံရသည့် Oh Se ဟာ
သူပြောလိုက်သည့် စကားအားအမှတ်ရသွားပုံပေါ် ကာ…
"ကျွန်တော့်ကို Oh Se လို့ ခေါ်တာ ကျွန်တော်
အသက် ၁၇နှစ်အထိ ပထမဆုံးဖြစ်လို့ နည်းနည်း
တော့ ကျွန်တော့်အတွက် ထူးဆန်းတယ်ဗျ ။ ပိုပြီး ထူးဆန်းတာက ကျွန်တော်သဘောကျနေမိတာလေ။"
မချိဟန်ပြုံးနေသည့် Oh Se ဟာ မကျေနပ်ပုံတော့ မဟုတ်၍။
"ကိုယ်ပျော်မိသလိုပဲ။"
ကိုယ်ရယ်မောကာ ကားပြန်မောင်းတော့ ကားပြတင်း ပေါက်ကနေ ငေးကြည့်နေသည့် Oh Seကြောင့် ဆိုးလ်မြို ့ထဲမှ ရှုခင်းတို့အား ဖျတ်ဆီးချင်မိသွားရ သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
Oh Seထံမှ အေးတိအေးစက်နှုတ်ဆက်စကားကို သယ်ဆောင်၍ ပြန်လာသော ကိုယ်သည် ကိုယ့်အိမ်အတွင်း ဝင်ဝင်လာချင်း၌ Jin Eun ကို သတိရသွားရသည် ။
ထို့ကြောင့် … Jin Eun ရှိရာ အိပ်ခန်းအတွင်းဝင်၍
စမ်းသပ်ကြည့်တော့ အသက်ပြင်းပုံရသည့်Jin Eun
ဟာ အသက်ငွေ့ငွေ့ရှူရှိုက်နေသေးသည်။
" မရီးက အသက်ပြင်းသားပဲဗျ ။ "
အရေပြားများ ပြဲစုတ်နေသည့် Jin Eun ဧ။် ပါးပြင်
ကို အသာပွတ်၍ ပြောတော့ ခေါင်းငြိမ့်ပြချင်သည့် အလား။ ဦးခေါင်းသည် တုန်ခါနေပြီး ။ စကားပြောချင်
နေသည့်အလား … ပြုတ်ထွက်လုအံ့ဆဲဆဲ မေးရိုးက
လှုပ်စိစိ ဖြစ်နေသည် ။
" စကားပြောချင်တယ်မလား Jin Eun-ssi …
အဲ့ဒါကြောင့် အစကတည်းက စကားအပြောအဆိုကို
ဂရုစိုက်ရမှာပေါ့ …။ ဒါ ကိုယ့်အပြစ်မဟုတ်ဘူးနော်။
Jin Eun-ssi , အပြစ်လုပ်လို့ ကိုယ်က အပြစ်ပေး
တာ ။ "
"……… "
"မနက်ကတည်းက Jin Eun-ssi သာ … အပြောအဆိုကို ဂရုစိုက်မယ်ဆိုရင် အခုလို ကိုယ်က
လည်း အပြစ်ပေးနေစရာမလိုဘူး။ အခုတော့ … ကိုယ့်မှာ စိတ်မကောင်းစွာနဲ့ပဲ Jin Eun-ssi ကို အပြစ်ပေးနေရတယ်မလား ။ ကိုယ့်ဘဝ… သိပ်ကို သနားစရာကောင်းနေပြီလို့မထင်ဘူးလား……ဟင်?"
"…………"
"ဒီလို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ သွေးတွေ ကိုယ့်လက်မှာစွန်းထင်းရတာ …… ကိုယ် သနားဖို့ မကောင်းဘူးလားဗျ …။ ဟားဟား …… "
".……"
"Oh Se ရဲ ့အစ်မ ဆိုတော့ ကိုယ်တစ်ခါတည်း အသေသတ်လို့မဖြစ်ဘူးပဲ ။ ဒါဆို ကောင်းသောညပါ
ဗျာ … Jin Eun-ssi , အိပ်မက်လှလှမက်ပါစေ။"
Jin Eun ကို အိပ်မက်လှလှမက်စေရန် ဆုတောင်း
ပေးပြီးသည်နှင့်ထိုအခန်းထဲမှ ထွက်လာခဲ့သည်။
" Oh Se …… Oh Se …… ကြာလာရင် မင်းကိုပါ ကိုယ် ဝှက်ထားမိတော့မှာပဲ ။ "
Oh Se နှင့် အချိန်ကြာကြာ အတူတကွရှိခဲ့ရ၍ ထင်
သည် ။ တစ်ညတာလုံး …လှပသောအိပ်မက်များသာ
စိုးမိုးခဲ့လေသည်။
••• ••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
" Good Morning Jin Eun-ssi, မနေ့ညက ကိုယ်မင်းကျေးဇူးကြောင့် Oh Seကို အိမ်အထိ လိုက်ပို့နိုင်ခဲ့တာ ကျေးဇူးပဲ။"
သွေးခြောက်စပြုနေသည့် Jin Eunရဲ ့ဟပြဲဖြစ်နေ သည့် ပါးစပ်လေးဟာ ကျေးဇူးတင်ရန် မလိုအပ် ကြောင်း လှုပ်စိလှုပ်စိပြောပြနေသည်။ အသံသည် ကား မထွက်လာ၍ Jin Eunအသံဝင်နေသည်လား။
"ကိုယ် Jin Eunကို အထူးဂရုစိုက်မှပါ။ ကိုယ့် Oh Seရဲ ့ အစ်မဝမ်းကွဲဆိုတော့လည်း~"
မေးရိုးမှာ ပြုတ်ကျ၍ တစ်ချက်တစ်ချက်လှုပ်ဟနေ သည်ကြောင့် သူမ သက်သာစေရန် ထိုမေးရိုးကို ကိုင်၍ အားသုံးကာ ဆွဲဖြုတ်လိုက်မှသာ ငြိမ်ကျသွား သည်။ နီပျစ်ပျစ်အရည်တို့သည် ကိုယ့်လက်၌ ပေနေသည်။
"ကိုယ် Oh Se အကြောင်းတွေသိချင်သေးတာ
…ဒါပေမယ့်ကျောင်းသွားရမှာဖြစ်လို့ ပြန်လာမှ ကိုယ့် ကိုပြောပြ။ ဗိုက်ဆာခဲ့ရင် Taehyuk ရဲ ့ အသည်း တော့ရှိဦးမယ်ထင်တယ်။ ထမင်းနဲ့ စားပေါ့။"
ကိုယ်မှာတမ်းခြွေရင်း ကျောင်းသွားရန်ပြင်ပြီးမှ သတိ ရသည်။ ထို့ကြောင့် ပြန်လှည့်ကာ သူမအနားပြန်သွား ၍…
"အိမ်ထဲကထွက်ပြေးမယ်ကြံရင်တော့…
ကိုယ်အခုလိုမနူးညံ့နေဘူးနော် …မရီး။"
'မရီး'ဟုခေါ်ခွင့်ရပြီးနောက် လက်ဆေးကာ ကိုယ် ကျောင်းသို့ ဦးတည်ခဲ့သည်။
ကျောင်းသို့ရောက်သည်နှင့် ဟိုတစ်စု၊ သည် တစ်စု ဖြင့် ကျောင်းသားများအား တွေ ့ရသည်။ အတန်းထဲ ဝင်ကာ Oh Se ရှိမည့် ထိုင်ခုံသို့ လှမ်းကြည့်တော့ ခေါင်းငုံ့၍ ငြိမ်သက်နေသည့် Oh Se~။
ဒါဟာမူမမှန်ဘူး။ ကိုယ့်ရဲ ့ Oh Se ဟာ အချိန်ရှိ လေသ၍ စာလုပ်နေတတ်သူပဲလေ။
"Zhulian…ကျောင်းမှာဘာဖြစ်ထားလို့လဲ။"
ကိုယ့်နံဘေးမှ အတန်းဖော်သည် ဘေးဘီဝဲယာသို့ ကြည့်၍ ကိုယ့်အနားတိုးလာသည်။
"စီနီယာအတန်းကကျောင်းသူတစ်ယောက်ထပ်
ပျောက်ပြန်လို့တဲ့။ ကြားရသလောက် Oh Sehun အစ်မဝမ်းကွဲဆိုလားပဲ။"
ကိုယ် Oh Se ကို လှမ်းကြည့်ရာ အတန်းအပြင်
ထွက်ခွာသွားသောကြောင့် အနောက်မှလိုက်ထွက်ရ လေသည်။
ကိုယ့်ပယောဂက Oh Se နှင့် ပို၍ နီးကပ်ရန်ဖန်တီး ပေးသည်လေ။
လိမ်မာလေသော Cha မျိုးရိုးမှ မိန်းကလေးပင်
ဖြစ်သည်။
"Oh Se~"
ကိုယ် Oh Se ရဲ ့ အရိပ်နောက်မှ လိုက်သွားတော့ လူသွားလူလာနည်းသည့် လှေကားရင်း၌ ထိုင်ချသွား သည်။ တစ်ဖန် …ဖုန်းထုတ်၍ ကြည့်ပြန်သည်။
"Oh Se~"
ကိုယ်အသာခေါ်ကာ ဘေး၌ထိုင်ရင်း ဖုန်းသို့ လှမ်းကြည့်ရာ Noona ဟူသည့် နာမဖြင့် ပို့ထား သော စာများဖြစ်နေသည်။
" ကျွန်တော့်အတွက်အစ်မအရင်းတစ်ယောက်လိုပဲ။"
ကိုယ် ငြိမ်နေမိသည်။
"မနေ့ကအိမ်ပြန်တော့အဆူခံရလို့ noonaကို မပြောပေးရကောင်းလားဆိုပြီး စိတ်ဆိုးနေခဲ့တာ…"
ကိုယ့်လက်နှစ်ဖက်သည် အလိုက်သိစွာ Oh Se ကို ရင်ခွင်အတွင်း ခိုလှုံစေခဲ့သည်။ ငိုကြွေးသည် မဟုတ်သော်လည်း…ကိုယ် Oh Se အား ကိုယ့်ကြောင့် စိတ်သက်သာစေချင်သည်။
"ပြန်တွေ ့မှာပါ…ပျောက်သွားတာမဟုတ်ပဲ တစ်နေရာရာမှာ ကောင်းကောင်းမွန်မွန်ရှိနေ
မှာပါ။"
မေးရိုးလေးကိုယ်ဖြုတ်ထားမိသည်မှလွဲ၍။
"ကျွန်တော်လည်းထင်ပါတယ်။"
Oh Se ဟာ ကိုယ့်ရင်ခွင်တွင်းမှ ထွက်ကာ ထောက်ခံသည်မို့ ကိုယ်ပြုံးလိုက်သည်။
"အတန်းပြန်သွားရအောင်။"
အပြောနှင့်အတူမတ်တပ်ထရပ်သည့် Oh Se ဟာ မည်သည့်ကိစ္စမှမဖြစ်ခဲ့သယောင်။  ကိုယ်သာ စည်းမဲ့ကမ်းမဲ့ဗရမ်းဗတာနှလုံးသားရဲ ့ တုန်ခါမှု ဖြစ်ပေါ်ခဲ့ရသည်။
ကိုယ့်ရဲ ့ Oh Se သိပ် ဆိုး သည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ညနေခင်းရဲ ့ကျောင်းပြန်ချိန်တွေမှာ ကိုယ့်ရဲ ့ Oh Se ဟာ အရောင်မတူလူသားတွေကြားထဲက ထွက်ပေါ်လာသည်။
"Oh Se~"
မြတ်နိုးရသူကို တွေ ့မြင်တိုင်း အလိုအလျောက်
ခေါ်ဆိုမိလေသော~။
"သဘောကျတယ် ~"
Oh Se ရဲ ့ ကိုယ့်ကိုအမှီလိုက်နေသော အရပ် အမောင်း~
Oh Se ဆိုသော ဖြစ်တည်မှုရဲ ့ တစ်စိတ်တစ်
ပိုင်းတစ်ဒေသ…မေးရိုးထင်းထင်း~
Oh Se ရဲ ့ မည်သူ့ကိုမှ ဂရုမစိုက်ဟန် ရွေ ့ လျားပုံ~
Oh Se ရဲ ့ အရာအားလုံး…သဘောကျသည်။
ထို့နောက် …။
နှ မြော သည်။
ကိုယ့်ကို ခေါင်းငြိမ့်ရုံ နှုတ်ဆက်ပြီး ထွက်သွား
သည့်Oh Se ဟာ …သိပ် တော် သည်။
Oh Se ရဲ ့ ဂရုစိုက်မှုထက် မရှိလေဟန် သဘောထားခြင်းကို ကိုယ်ပိုနှစ်သက်သည်လေ~ တစ်ခါတစ်ရံ ထိတွေ ့ကိုင်တွယ်ချင်မိချင်သည်မှ လွဲ၍ပေါ့ ။
"Chanyeol …တစ်နေရာသွားမလို့ လိုက်ခဲ့ မလား။"
ကိုယ့်ပုခုံးလာဖက်ရင်း မေးလာသည့် သူငယ်ချင်းများ ဟု ထင်ရသော…။
"ဘယ်ကိုလဲ?"
ကိုယ့် အတုအယောင်နေထိုင်မှုအတိုင်း Poker face ဖြင့် ပြန်မေးတော့ ခပ်တိုးတိုးကပ်ပြောလာ သည့် စကားကြောင့် ရယ်ချင်သွားရသည်။
"ကျောင်းသားတွေကိုဖမ်းတဲ့သူကိုငါတို့ စောင့်ဖမ်း မလို့။"
ဖြေသူဧ။်အမည်ကို မေ့လျော့သွားသည်ဖြစ်၍ ရင်ဘတ်မှနာမည်ကို မသိမသာကြည့်မိရာ
Lee Gun Bok ဆိုလား…။
"လိုက်ခဲ့ပါ hyung ရာ…"
သူ့ဘေးမှ နောက်တစ်ဦးက စကားခံလာသည်။
"မိမှာသေချာလား?"
ကိုယ့်မေးခွန်းကြောင့် နှစ်ယောက်သား ပြိုင်တူ
ကြည့်နေပြန်သည်။
ဦးခေါင်းနှစ်လုံး ချိတ်ဆွဲရန် နေရာလွတ် ရှိပါဦးမလား။
ရုတ်တရက်ဆန်သော အတွေးတို့ကြောင့် သွေးပင်ပူ လာသယောင်ယောင် ~။
"မသေချာပေမယ့် စောင့်ကြည့်လို့ အကျိုးမယုတ်ပါ ဘူး။"
Lee Gun Bok ထံမှ မသေချာသော စကားသည် ကိုယ့်အတွက်တော့ သေချာနေသည်။
"မင်းတို့ အတန်းခေါင်းဆောင်ကို သတိမရဘူးလား။"
"ရတာပေါ့ကွာ~ဟိုနေ့ကhyungအသားဟင်းကျွေး တဲ့နေ့က Hyukkie ကို သတိရတယ်။ သူက အသားဟင်းဆိုသိပ်ကြိုက်တာ။"
"သြော်…"
ကိုယ် အတန်းခေါင်းဆောင်ကို မီရာ့အသားတစ်ခွက် ကျွေးလိုက်သင့်တာ။
"အကုန်လုံးမရှိလောက်တော့ဘူး။ ငါတို့ ကျောင်းဝင် ပေါက်ကနေသွားချောင်းနေရအောင်"
ရှေ ့ဆုံးကပြေးထွက်သွားသည့် Gun Bok ရဲ ့
ခြေထောက်တိုဆွဆွဟာ ရိုက်ချိုးပစ်ချင်စရာ။
ကိုယ့်ရဲ ့ပထမက Oh Se တစ်ဦးတည်းလေ။
"ငါတို့……ကျောင်းအနောက်ပေါက်မှာ သွားနေတာ အဲ့ဒီလူနဲ့ တွေ ့ရလိမ့်မယ် ထင်တယ်။"
ကိုယ် ဘေးမှရပ်နေသည့် Gun Bok မဟုတ်သော သူငယ်ချင်းကို ပြောလိုက်သည်။
"ဒါဆိုသွားမယ်လေhyung"
ကိုယ့်စကားကို နာခံလေသော…
Ji Min Euk…
သိပ်လိမ္မာလွန်းတယ် ။
••• ••• ••• ••• ••• ••• ••• ••• ••• ••• ••• •••
Tbc…
15/9/2017
Steven_Cheng
A/N : ဖြဲခြောက်နေတယ်လို့ထင်လား ။
ဖြဲခြောက်တာမဟုတ်ပါဘူးနော် … သရဲဝတ္ထုမှ မဟုတ်တာလို့ ။
Continue Reading
You'll Also Like
2.3K 151 8
Make with Magic,Love and Sunflowers
209K 31.4K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
27.4K 3.8K 45
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
218K 46.2K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!