I wanna fly

By Flying___S

3.5K 243 8

My Diary about my bae More

Byun
Byun
Byun
Byun
:')
:')
Byun :')
:')
:')
:')
:')
:')
:')
:')
🌟
ကြယ်
ကြယ်
🌧

🌟

118 8 1
By Flying___S

ဘဝမှာ သူစိမ်းတစ်ယောက်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး ချစ်ရလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါဘူး

အမှတ်မထင် ကိုယ့်ဘဝထဲ သူဝင်ရောက်လာတယ် ကိုယ့်ရင်ဘက်ထဲက နေရာတွေကို အပိုင်စီးသွားတယ်

ချစ်စရာမှဲ့လေးတွေ သိပ်ပေါတဲ့ အဖြူရောင်ကြယ်လေး ...
အချစ်ရဲ့ ဘယ်ဘက်လက်မလေးပေါ်မှာ မှဲ့နက်နက်လေးတစ်လုံးရှိတယ်
နှုတ်ခမ်းထောင့်စွန်းလေးမှာလည်း မှဲ့သေးသေးလေးတစ်လုံးရှိသေးတယ်
နားရွက်ဖြူဖြူလေးပေါ်မှာရောပဲ ....
ချစ်စရာကောင်လေးမှာ ချစ်စရာမှဲ့လေးတွေက ကိုယ့်ရဲ့မနာလိုခြင်းတွေပဲ .... သူ့နဲ့မွေးကတည်းက အတူရှိနေခဲ့ရတဲ့အတွက် အဲမှဲ့လေးတွေက သူ့အကြောင်းအကုန်သိနေခွင့်ရတာ ဘယ်လောက်မနာလိုစရာကောင်းတုန်းဆိုပြီး စိတ်ရူးပေါက်ပေါက်တွေတွေးလို့ ကိုယ်ဟာ အရူးမကြီးဖြစ်ရတယ် ><

သူ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားပြောရင်း စနောက်ရင်း အားပါ လာတဲ့အခါ အသံက ကျယ်ကျယ်စူးစူးလေး ထွက်လာတတ်တယ် ... တေးသီချင်းတွေဆိုညည်းတဲ့အခါကျ ချိုချိုအေးအေးလေးဖြစ်သွားပြန်ရော ...

နှုတ်ခမ်းအထက်မှာ မှဲ့ရှိတဲ့သူတွေက စကားများကြတယ်လို့ မေမေက ပြောဖူးတယ်
သူကတော့ မေမေ့ပြောဖူးတဲ့ စကားအတွက်သက်သေ xD
အဲ ... သူကတော့ တစ်ခုပိုတယ် စကားလည်း အရမ်းတတ်တယ်

အချစ်ရဲ့လက်က ထောင်လိုက်ရင် သူများတွေလို တည့်နေဘူး မိုးကြိုးသွားလို ကောက်နေတယ် ... သူ့လက်ကောက်နေကြောင်းကို ကြွားစရာမရှိရှာကြံကြွားတတ်သေးတာ :3

လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေလည်း ပိုင်ထားသေးတယ် ... မျက်နှာမမြင်ရသေးပဲ လက်ချောင်းလေးတွေမြင်ရုံနဲ့တင် အချစ်စိတ်တွေယိုဖိတ်စေလောက်အောင် သူ့လက်ချောင်းလေးတွေက အရမ်းလှတယ်

သူပျင်းလာလို့ ဘာမှလုပ်စရာမရှိရင် တစ်ခါတလေ သူ့
လက်သန်းဖြစ်စေ လက်ညှိုးဖြစ်စေ လက်အဆစ်ကလေးတွေကို သွားနဲ့ကိုက်ပြီး ဟိုငေးဒီငေး နဲ့ အကျင့်လေးက အသည်းယားစရာ ...

ရယ်လိုက်ရင် လေးထောင့်ပုံကျကျ ပြောင်းလဲ သွားတဲ့ နှုတ်ခမ်းတစ်စုံရှိတဲ့ အချစ် ... ဆန်းကျယ်တဲ့ ချစ်စရာပုံရိပ်တွေကို ပိုင်ဆိုင်ထားတဲ့ အဖြူရောင်ကြယ်လေး

မျက်တောင်တိုတိုစိပ်စိပ် မျက်လုံးမို့မို့ကျဉ်းကျဉ်းလေးတွေနဲ့ သူရယ်တဲ့အခါတိုင်း ကိုယ့်ဘေးအိမ်က ကလေးလေး မျက်လုံးတွေမှိတ်သွားအောင် တခစ်ခစ်ရယ်တာကို ပြေးမြင်တယ် ...
ချစ်စရာကောင်းလွန်းလို့ ဘေးအိမ်ကကလေးကို အသည်းယားပြီးပါးတွေကိုဖျစ်ညစ်မိသလိုမျိုး စိတ်ကူးထဲမှာ အချစ်ရဲ့ပါးစုံမို့မို့လေးကို အခါခါ ဆွဲလိမ်မိတယ် ... စိတ်ကူးတွေယဉ်ရင်းပဲ အချစ်စိတ်တွေကတိုးလာရပါတယ်

အချစ်က အသက် နှစ်ဆယ်ကျော်ပြီရှိပြီ ဒါပေမယ့် ကလေးလေးလိုပဲ အစားကိုတမြုံ့မြုံ့ဝါးတုန်း အရုပ်တွေကို ခုထိ စိတ်ဝင်တစားရှိတုန်း မျောက်ရှုံးအောင် ခုန်ပေါက်နေတုန်း ... ခြေတံတိုတိုလေးတွေနဲ့ပြေးလွှားနေတဲ့အခါအချစ်က အသက်နှစ်ဆယ်ကျော် ကောင်လေးဆိုတာကို ပုံဖော်မရအောင်ဖြစ်သွားတယ် ... ကိုယ့်အတွက်ကတော့ အချစ်က ဘယ်တော့မှအသက်ကြီးလာမှာမဟုတ်တဲ့ ကလေးလေးလိုပဲ ... အမြဲ အသည်းယားပြီး ချစ်နေရတာကို ကိုယ်ရှင်သန်နေတဲ့ ဘဝရဲ့ အနှစ်သာရပဲ

ဘဝမှာ ဘာကိုအပျော်ရွှင်ဆုံးလဲလို့ မေးရင်
ဖေဖေ မေမေ တို့ရဲ့ သမီးအဖြစ်မွေးဖွားလာတာရယ် ချစ်စဖွယ် မောင်နှမတွေ ရထားတာရယ် အဖြူရောင်ကြယ်လေးဖြစ်တဲ့ သူ့ကို သိခွင့်ရပြီး ချစ်နေရတာရယ် လို့ တန်းဖြေနိုင်တဲ့အထိ သူဟာ ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံး အလိုအပ်ဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ပါ

ဒီလို ချစ်စဖွယ်လူသားတစ်ဦး လောကကြီးမှာ ရှိတဲ့အကြောင်း သိစေဖို့ ဖန်လာတဲ့ကံကို ကျေးဇူးတင်ပါတယ်

ရေစက်ဆိုတာ ပါလာတဲ့အတွက် သူ့ကိုသိခွင့်ရတယ် သူက ကိုယ့်ရဲ့အချစ်တွေကို သိမ်းပိုက်သွားတယ် ။ ကိုယ့်ဘဝရဲ့အရေးအကြီးဆုံးဖြစ်လာတယ် ။

သူရယ်ရင်လိုက်ရယ် သူငိုရင်လိုက်ငိုနိုင်ဖို့အထိ အချစ်ကစွမ်းတယ် ...

နေထိုင်မကောင်းဖြစ်တဲ့အခါ ရပ်ဝေးကနေ စိတ်တပူပူနဲ့ ထိုင်မရထမရဖြစ်စေတဲ့ အချစ်မျိုးနဲ့လည်းချစ်တယ်

မမြင်ရမတွေ့ရတာကြာတဲ့အခါ မျက်စိရှေ့ပေါ်လာပါတော့ဆိုပြီး အမြဲတစေမျှော်နေရအောင် အလွမ်းခါးခါးတွေပေးပြီး ကြယ်က လူဆိုးလုပ်တတ်တယ် >< အဲအခါမျိုးမှာ ဖုန်းထဲမှာအပြည့်နေရာယူထားတဲ့ သူ့ပုံရိပ်တွေကိုကြည့်ရင်း အမြင်ကပ်လိုက်တာလို့ တဖျစ်တောက်တောက်ရေရွတ်မိတဲ့ အချစ်မျိုးနဲ့လည်းချစ်တယ်

ပေါက်ကရတွေလုပ် ရယ်စရာတွေပြောနေလုပ်နေတဲ့အခါမှာလည်း ငါ့ အချစ်က လူပြောင်လေးဆိုပြီး ပျော်စရာ အချစ်မျိုးနဲ့လည်း ချစ်တယ်

မျက်နှာတမှိုင်မှိုင်တွေတွေဖြစ်နေတဲ့အခါ ပင်ပန်းများနေသလား စိတ်ညစ်နေတာများလား သို့လောသို့လော ပူပန်ရတဲ့အချစ်မျိုးနဲ့လည်း ချစ်တယ်

ကိုယ့်ရဲ့ဖြစ်တည်မှုကိုတောင် မသိတဲ့ လူသားတစ်ယောက်ကို အရိပ်တကြည့်ကြည့် ချစ်မိတဲ့အချစ်မျိုးက အရမ်းကိုကြီးကျယ်ခမ်းနားတယ် လှပတယ် ... မိုင်ပေါင်းထောင်ချီဝေးကွာနေပေမယ့် သူက ကိုယ့်အတွက် အရင်းနှီးဆုံး အချစ်ရဆုံးသူစိမ်းလို့ မတွေမဝေဘဲပြောနိုင်တဲ့အတွက် ဂုဏ်ယူတယ် ...

ကိုယ်တို့ကြားထဲက အကွာအဝေးအတိုင်းအတာဟာ ကိန်းဂဏန်းသတ်မှတ်ချက်တစ်ခုပါ ... ကိုယ့်အတွက်တော့ သူ့ကိုချစ်နေသရွေ့
သူနဲ့အမြဲနီးတယ် သူ့ဘေးအမြဲရှိတယ် ...

အမြဲတမ်းအတွက် ချစ်ချင်ပါတယ် ... အသက်တွေကြီးလာလို့ ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်လမ်းကိုလျှောက်နေရမယ့် အချိန်တွေထိ သူ့နာမည်ကြားတိုင်း ရင်ဘက်ထဲ လိပ်ပြာအကောင်တစ်သိန်းလောက် ပျံဝဲသွားသလို ခံစားချက်မျိုးနဲ့ ကျွန်တော့်ရဲ့ ကြယ်လေးကို ချစ်နေခွင့်ပေးပါ လောကကြီးရေ ....

Continue Reading

You'll Also Like

11.6K 2.2K 26
බිඳුණු බඩූ ලේසියෙන් ඉවත දැම්මත් බිඳුණු මිනිසෙක් ලේසියෙන් ඉවත දාන්න බැරි වෙද්දී බිඳිලා විසිරෙන්න ඔන්න මෙන්න ඉදපු හිතක් අලුතෙන්ම ප්‍රාණය ලබද්දී ඒ ලැබුණ...
52.6K 6.4K 35
හුස්ම ගත්තත් ගත්තෙ නෑ වගේ දැනුන මොහොතවල් තිබිලා තියෙනවද ? කොච්චර අවදි වෙන්න ඕනේ වුනත් අවදි වෙන්න බැරි වුණ හීන තිබිලා තියෙනවද ? මගේ කියලා හිතේ කොටලා...
11.6K 1.9K 38
අණ වින මායා බන්ධන දවයි ආදරේ ගිනිගෙන