Fan Boy Is Just A Fan Boy

By mhuu99

18.7K 2.1K 135

This fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ fee... More

Fan Boy Is Just A Fan Boy Ch-1
Fan Boy Is Just A Fan Boy Ch-2
Fan Boy Is Just A Fan Boy Ch-3
Fan Boy Is Just A Fan Boy Ch-4
Fan Boy Is Just A Fan Boy Ch-5
Fan Boy Is Just A Fan Boy Ch-6
Fan Boy Is Just A Fan Boy Ch-7
Fan Boy Is Just A Fan Boy Ch-8
Fan Boy Is Just A Fan Boy Ch-9
Fan Boy is Just A Fan Boy Ch-10
Fan Boy is Just A Fan Boy Ch-11
Fan Boy Is Just A Fan Boy Ch-12
Fan Boy Is Just A Fan Boy Ch-14
Fan Boy Is Just A Fan Boy Ch-15
Fan Boy Is Just A Fan Boy Ch-16(The Last Part)

Fan Boy Is Just A Fan Boy Ch-13

886 105 6
By mhuu99

Unicode (Zawgyi below)

Taeyong's POV

"ဘာာာ? Taeyong မင်းတကယ်ရူးသွားတာလား? ဒါမှမဟုတ်စိတ်သာယာမှုကိုပဲဦးစားပေးလိုက်တာလား"

ကျနော့်ကို Do Young ကပြောလာတော့ကျနော် ဘာမှပြန်မပြောမိ

"ငါဒီနေ့ပင်ပန်းနေလို့သွားနားလိုက်ဦးမယ်"

"Taeyong မင်းဒီလိုလမ်းကြောင်းလွှဲလိုက်ရုံနဲ့ပြီးသွားမယ့်ကိစ္စလို့ထင်နေလား အခုတော့ဟုတ်သေးတယ် နောက်ပိုင်းတွေမှာ မင်းလူပုံအလယ်မှာခေါင်းမဖော်ဝံ့အောင်မင်းဘဝပျက်စီးသွားလိမ့်မယ်"

"ငါမသိတော့ဘူး ငါသိတာက..."

"မင်းသိတာကဘာလဲ အဲ့ကောင်ကိုပဲသိတော့တာလား"

"Do Young မင်း ကျေးဇူးပြုပြီးငါ့ကိုအပြစ်မတင်ဘဲငါ့ခံစားချက်ကိုနားလည်ပေးရင်ကောင်းမှာပဲ"

"နားလည်ဆိုနားလည်ပေးလိုက်လို့ရတယ် ဒါပေမယ့် public ကသိသွားရင် သူတို့ကမင်းကိုနားလည်ပေးမှာလားဆိုတာမင်းစဉ်းစားတတ်ရမယ်လေ မင်းလည်းခံစားချက်ကိုဦးစားပေးရမယ့် နုနယ်တဲ့အရွယ်မဟုတ်ဘူး နောက်ပြီး အခုကိစ္စကဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ"

"တော်ပါတော့ Do young hyung ရာ Taeyong hyung လည်းသူ့ဘာသာထိန်းကျောင်းနိုင်တဲ့အရွယ်ရောက်နေပါပြီ hyung အရမ်းပြောမှ မဖြစ်သင့်တဲ့စိတ်ခံစားချက်တွေနဲ့ပြဿနာတွေဖြစ်လာပါဦးမယ်"

ကျနော့်ဘေးက HaeChan ကဝင်တားရှာတယ်

"Do Young!"

HaeChan ဝင်တားလို့ငြိမ်သွားတဲ့ Do Young ကိုကျနော်ပြန်ခေါ်လိုက်တယ်

"ငါသူ့ကိုမထင်မှတ်ဘဲချစ်မိသွားခဲ့တယ်။ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စ ဒါလုံးဝမဖြစ်နိုင်တဲ့ကိစ္စဆိုတာသိလျက်နဲ့ကိုငါရှေ့တိုးလိုက်မိတယ် အကယ်၍ ဒီကိစ္စ fan တွေသိသွားရင်တောင် ငါ အဖွဲ့ထဲကထွက်မယ် သူနဲ့ငါ...."

"Taeyongggg!!!" ( shout)

ကျနော့်စကားမဆုံးသေးခင်မှာပင် Do Young ကကျနော့်နာမည်ကိုအကျယ်ကြီးခေါ်လိုက်ပြီး ကျနော့်အကျီစကိုလက်သီးတို့နဲ့ဆုပ်ဆွဲပြီးကိုင်လာတယ်

"ငါမတားဘူး Taeyong မင်းရဲ့ခံစားချက် မင်းနှလုံးသားကိစ္စတွေကို ငါမပိုင်တာမို့ငါမတားဘူး ဒါပေမယ့် မင်းရဲ့အသိဉာဏ်လေးကိုတော့ ကျပ်ပြည့်စေချင်တယ်" ( shout)

"....."

"မင်းချစ်ရတဲ့ အဲ့ Jaehyun ဆိုတဲ့ကောင်ကိုလည်းငါမမုန်းဘူး ငါမုန်းတာက အဖွဲ့ရဲ့ဦးဆောင်သူ leader လုပ်နေပြီးတော့ အဖွဲ့ကိုလှည့်မကြည့်ဘဲ ကိုယ့်တစ်ယောက်တည်းရဲ့ခံစားချက်ကိုပဲဦးစားပေးတဲ့ မင်းကိုပဲငါမုန်းတာ" ( shout)

"တော်ပါတော့ တော်ကြပါတော့ဗျာ မဖြစ်သေးတဲ့ပြဿနာကိုအခုကတည်းက စမနေကြပါနဲ့"

HaeChan က Do Young ကိုဝင်ဆွဲလို့ ကျနော့်လည်ပင်းနားကအကျီစတွေကိုကိုင်ထားတဲ့ Do Young လက်တွေလွတ်ထွက်သွားတယ်

"HaeChan မင်းပြောတဲ့မဖြစ်သေးတဲ့ပြဿနာကနောင်အချိန်မှာကျိန်းသေဖြစ်လာမှာ မကြီးလာသေးတဲ့ပြဿနာကိုငါကပျောက်သွားအောင်ဝင်အကြံပေးနေတဲ့သဘောပဲ"

Do Young ရဲ့ဒေါသစကားကြောင့် အငယ်ဖြစ်သူ HaeChan လေးဘာမှပြန်အပြောနိုင်ဘဲငြိမ်သွားတယ်

"Taeyong ငါမင်းကို အဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောတော့ဘူး ဒါပေမယ့် ငါအခုပြောမယ့်စကားတွေကိုတော့မင်းမှတ်ထားပေးပါ မင်းက ငါတို့အဖွဲ့ရဲ့ leader ပါ မင်းရဲ့ဦးဆောင်မှုနောက်ကိုငါတို့လိုက်ခဲ့သလို မင်းစကားတွေကိုလည်း ငါတို့နားထောင်ခဲ့တယ် ဒါ့ကြောင့်အဲ့လိုပဲအမြဲတမ်းရှိနေစေချင်တယ် ငါတို့ကိုဦးဆောင်နေတဲ့လူတစ်ယောက်ကို ငါတို့ကပြန်ပြီး မဆုံးမချင်ဘူး မသွန်သင်ချင်ဘူး"

"......."

"ဒါ့ကြောင့်မင်းရဲ့ကိစ္စကိုငါဘာမှမပြောတော့ဘူး ဒါပေမယ့် တကယ့်အချိန်တစ်ခုကိုရောက်လာခဲ့ရင် fan နဲ့ အဖွဲ့အတွက်လှည့်ကြည့်ပေးမယ့် leader အနေနဲ့ပဲငါမြင်ချင်တယ် Taeyong"

ကျနော့်ကိုသူ့ရဲ့နောက်ဆုံးစကားပြောပြီး သူ့အခန်းကိုချက်ချင်းပြန်သွားတဲ့ Do Young ကကျနော့်ကိုတောင်နောက်ပြန်လှည့်မကြည့်တော့

"hyung!! ဘာမှစိတ်ထဲမထားပါနဲ့ Do Young စိတ်ကိုသိတယ်မလား သူကအဲ့အတိုင်းပဲ"

ကျနော့်ကိုနှစ်သိမ့်လာတဲ့ အငယ်နှစ်ယောက်လည်းမျက်နှာမကောင်းကြ

အငယ်တွေကပါ ကျနော့်လိုအကြီးဖြစ်သူကြောင့်မျက်နှာမကောင်းဘူးဆ်ုတော့ ကျနော်မှားများမှားခဲ့ပြီလားလို့တောင်စဉ်းစားမိတယ်

"အင်းး အိပ်တော့မယ် မင်းတို့လည်းအိပ်တော့ မနက်ဖြန် comeback stage ရှိသေးတယ်လေ"

"nae"

ကျနော့်လို idol တစ်ယောက်ရဲ့ဘဝဟာ personal နဲ့ပတ်သက်လာရင်တောင် အမြဲ အများဘက်ပဲကြည့်ပေးရတဲ့ကံတွေ ၊ အခြေအနေတွေရှိလာတတ်တယ်...

*************

ဆောင်းတွင်းမို့အချမ်းဓာတ်ကခပ်စိမ့်စိမ့်လေးရှိနေတယ်

MBC building ကိုမသွားခင်မှာတင် သူ့ကတိသူတည်တဲ့ Jaehyun က bulgogi အထုပ်နဲ့စောင့်နေလေရဲ့

"နောက် ၁ နာရီကျော်မှသွားမှာပါ အဆာပြေစားလိုက်ဦး"

ကျနော့်ဆီကမ်းပေးလာတဲ့ bulgogi ထုပ်ကြောင့်နဂိုကတည်းကဟာတာတာလေးဖြစ်နေတဲ့ကျနော့်ဗိုက်ကပိုဆာလာတာကြောင့် သူ့ရှေ့တင်ဖွင့်စားလိုက်မိတယ်

"စားကောင်းတယ်မလား ငါကိုယ်တိုင်လုပ်လာတာ"

"အင်း"

အချစ် ဆိုတာ သူဘာလုပ်လုပ်စားကောင်းပြီး အကောင်းမြင်တတ်နေတာမျိုး

သူလက်နဲ့သူကိုယ်တိုင်ဖန်တီးတဲ့အရာတိုင်း ကိုယ့်ကိုရင်ခုန်စေနေတာမျိုး

ကျနော်လည်း bulgogi စားပြီးတော့ staff တချို့ကသွားတော့မယ်လို့ဆော်သြကြလို့ စားပွဲပေါ်ကနေကျနော်ထလိုက်တယ်

ခပ်အုံ့အုံ့ဖြစ်နေတဲ့ ရာသီဥတုကဆောင်းဥတုရဲ့သဘာဝကိုနည်းနည်းသွေဖီနေလေရဲ့။ သို့သော်လည်းသံသယမရှိ အေးအေးဆေးဆေးပဲ ကျနော်အပါအဝင်ကျန်တဲ့ staff တွေအကုန်ကားထဲဝင်ပြီး MBC building ဆီကိုခရီးနှင်လာခဲ့တယ်

လမ်းခရီးတစ်ဝက်မှာတင် ကျနော်တို့အားလုံးသံသယမဝင်ခဲ့တဲ့ရာသီဥတုက မိုးအဖြစ်ရွာချလေရဲ့

MBC Building ရှေ့ရောက်တာတောင်မိုးကမသိပ်သေး။ ရွာမြဲရွာဆဲ။ fan တွေကလည်း အော်သံမှမိုးသံတောင်အရှုဲးပေးရမယ့်အခြေအနေမှာရှိတယ်

ကျနော်တို့ကားရပ်လိုက်တော့ ချက်ချင်းပဲကားတံခါးဆွဲဖွင်လာတဲ့သူက Jaehyun

Jaehyun ကိုမြင်တော့ကျနော့်ဘေးက Do Young ကမျက်နှာပျက်သွားတယ်

ထီးတစ်လက်နဲ့ ကျနော့်ရှေ့ကလူကြီးက ခန့်ညားလှပါရဲ့

သူ့ရဲ့အပေါ်ရုံ leather coat အရှည်ကိုချွတ်လိုက်ပြီးကျနော့်ကိုခြုံပေးလိုက်တယ်

ဗျက်ကြီးတဲ့ထီးကိုလည်းကျနော်တစ်ယောက်တည်းအတွက်သာဆောင်းထားပေးတယ်

ကားပေါ်ကနေလက်တွဲပြီးဖေးမရင်း Fan တွေကြားထဲကနေကျနော့်ကိုမှဲ့တစ်ပေါက်မစွန်းရအောင် ကာကွယ်ပြီးခေါ်ထုတ်သွားတယ်

မိုးအေးထဲမှာအနီးကပ်နေရတဲ့သူ့ကိုယ်ငွေ့ကကျနော့်ကို boiler သဖွယ်နွေးစေတယ်

fan တွေကြားထဲကသွားရတာတစ်မျိုး ၊ မိုးရေစိုမှာစိုးလို့သတိထားပြီးသွားနေရတာတစ်မျိုးကြောင့် သူ့နားကိုလိုတာထက်ပိုကပ်နေမိသလိုရှိတယ်။

ကျနော့်ပခုံးကိုဖက်ထားတဲ့သူ့လက်ဖဝါးကျယ်ကြီးကလည်း ကျနော့်ကို အစစအရာရာကကာကွယ်ပေးနိုင်ပါရဲ့။

ဒီလိုနဲ့အရင်နေ့တွေကလိုပဲ ကျနော်ရယ် သူရယ်က building ထဲကိုအရင်ရောက်သွားတာကြောင့်ကျန်တဲ့ members တွေကိုစောင့်နေရတယ်

မပြောမဆို ခန့်မှန်းမရဘဲ ရွာချလိုက်တဲ့ဆောင်းတွင်းမိုးကြောင့် ပိုပြီးအေးသွားတယ်

waiting room ဆီတန်းခေါ်သွားတဲ့ Jaehyun ကတော့ ကျနော့်နားမှာအရင်လိုပဲအမြဲရှိနေလေတယ်

"မိုးစိုလာလား"

waiting room ထဲရောက်တော့ make up artist တွေကဝိုင်းမေးကြတယ်

ကျနော်လည်းသူတို့မေးမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတယ် စိုစွတ်ခြင်းမရှိတဲ့ ကိုယ်အသားအရေကိုပြန်ကြည့်မိမှ မိုးတစ်ပေါက်မှစိုမလာတာကိုသတိထားမိတယ်

"စိုမလာဘူးပဲ တော်သေးတာပေါ့"

ဘေးက အစ်မကြီးကကျနော်မဖြေရသေးခင်မှာတင်ဝင်ပြောလို့ကျနော်ခေါင်းညိတ်မိလိုက်တယ်

"အပြင်မှာမိုးသည်းတယ် စိုလာမယ်လို့ထင်တာ"

"nae"

ဟုတ်ပါရဲ့

ဒီလောက်မိုးသည်းထဲမှာကျနော့်ကိုမိုးတစ်စက်မှမစိုအောင်ကာကွယ်ပြီးခေါ်လာနိုင်တဲ့ Jaehyun ကိုကျနော်ချီးကျူးမိတယ်

ကျနော် Jaehyun ဘက်ကိုပြုံးပြီးလှည့်ကြည့်လိုက်မိတယ်

ကျနော့်ကိုလိုလေသေးမရှိသူ စောင့်ရှောက်ပေးနိုင်တယ်....

"ဟတ်ချိုးးး~~~"

နှာခေါင်းကို လက်နှစ်ဖက်နဲ့အုပ်ပြီးချေလိုက်မိတယ်

တရှုံ့ရှုံ့ဖြစ်နေပြီဖြစ်တဲ့နှာခေါင်းက အအေးမိခြင်းရဲ့လက္ခဏာအစထင်ပါတယ်

"ဟမ်! ဘာဖြစ်တာလဲ ? ချမ်းလို့လား"

ထင်ထားတဲ့အတိုင်း ကျနော်နှာချေလိုက်တော့ ကျနော့်ဘေးမှာ ရုပ်တုလိုရပ်နေတဲ့ Jaehyun ကမေးလာတယ်

"နည်းနည်းပါ"

"ရော့ ငါ့အနွေးထည်ဝတ်ထားလိုက်"

"နေပါစေ ရတယ် ဒီလောက်ကြီးမချမ်းဘူး"

"ဝတ်ထားလိုက်ပါ"

"မဝတ်ချင်ဘူး"

ကျနော်ကစိတ်မရှည်တဲ့လေသံနဲ့ပြန်ဖြေလိုက်တော့ သူကျနော့်ကို သူ့လက်ထဲအနွေးထည်ကြီးလည်းအတင်းမထိုးပေးတော့သလို ဝတ်လည်းမဝတ်ခိုင်းတော့ဘူး

မိုးရေထဲဒီတစ်ခါပဲဖြတ်ရပါသေးတယ်

နှာချေတာတွေ ချမ်းတာတွေကစလာပြီ

အခုတလော အပြင်ထွက်ပြီး အလုပ်လုပ်နေရတာတွေရော comeback stage တွေအတွက် practice လုပ်နေရတာတွေရောကြောင့် သိပ်ပြီးခံနိုင်ရည်မရှိတာနဲ့တူပါတယ်

နေမကောင်းဖြစ်ခဲတဲ့ကျနော်ဟာ အအေးမိလည်းခဏပဲဖြစ်တတ်တာမို့ ၊ ဖြစ်တိုင်းလည်းမပြင်းထန်တာမို့ မေ့မေ့ပျောက်ပျောက်နေလိုက်တယ်

ဒီလိုနဲ့ waiting room မှာစောင့်ရင်းကျနော်တို့အလှည့်ရောက်လာတာကြောင့် stage မှာ ဖျော်ဖြေရပြန်တယ်

stage ပေါ်မှာဖျော်ဖြေနေတုန်း stage ဘေးဘက်မှာလုံးဝကပ်ထားပြီးကြည့်နေတဲ့ Jaehyun ရဲ့မျက်ဝန်းအကြည့်တချို့ကိုကျနော်တစ်ချက်တွေ့လိုက်ရတယ် အဲ့အကြည့်ချိုချိုတွေကိုကျနော်အခုမှတွေ့ရတာမဟုတ် အရင်ကတည်းက ကျနော် stage ပေါ်မှာဖျော်ဖြေနေရင် စင်ရဲ့ဘေးဘက်မှာကျနော့်ကိုစူးစူးရှရှစိုက်ကြည့်နေသလိုအမြဲခံစားရသလို မသိမသာကြည့်တိုင်းလည်း အဲ့အကြည့်ပိုင်ရှင်က သူပဲဖြစ်နေတတ်တယ်

Taeyong's POV End

****************

Stage ပေါ်မှာဝင်းလက်နေတဲ့ star လေးနဲ့

back stage မကျတကျနေရာနားက တောက်ပနေတဲ့အကြည့်တချို့တွေ.....

မသိသာသော သာမန်မဟုတ်သည့်မြင်ကွင်းတစ်ခုသည် ထိုကောင်လေးနှစ်ယောက်၏ရင်ထဲမှရင်ခုန်သံတွေကိုမြင်ယောင်စေနိုင်ပါသည်.....



Zawgyi ver 

Taeyong's POV

"ဘာာာ? Taeyong မင္းတကယ္ရူးသြားတာလား? ဒါမွမဟုတ္စိတ္သာယာမႈကိုပဲဦးစားေပးလိုက္တာလား"

က်ေနာ့္ကို Do Young ကေျပာလာေတာ့က်ေနာ္ ဘာမွျပန္မေျပာမိ

"ငါဒီေန႔ပင္ပန္းေနလို႔သြားနားလိုက္ဦးမယ္"

"Taeyong မင္းဒီလိုလမ္းေျကာင္းလႊဲလိုက္ရုံနဲ႔ျပီးသြားမယ့္ကိစၥလို႔ထင္ေနလား အခုေတာ့ဟုတ္ေသးတယ္ ေနာက္ပိုင္းေတြမွာ မင္းလူပုံအလယ္မွာေခါင္းမေဖာ္ဝ့ံေအာင္မင္းဘဝပ်က္စီးသြားလိမ့္မယ္"

"ငါမသိေတာ့ဘူး ငါသိတာက..."

"မင္းသိတာကဘာလဲ အဲ့ေကာင္ကိုပဲသိေတာ့တာလား"

"Do Young မင္း ေက်းဇူးျပဳျပီးငါ့ကိုအျပစ္မတင္ဘဲငါ့ခံစားခ်က္ကိုနားလည္ေပးရင္ေကာင္းမွာပဲ"

"နားလည္ဆိုနားလည္ေပးလိုက္လို႔ရတယ္ ဒါေပမယ့္ public ကသိသြားရင္ သူတို႔ကမင္းကိုနားလည္ေပးမွာလားဆိုတာမင္းစဥ္းစားတတ္ရမယ္ေလ မင္းလည္းခံစားခ်က္ကိုဦးစားေပးရမယ့္ ႏုနယ္တဲ့အရြယ္မဟုတ္ဘူး ေနာက္ျပီး အခုကိစၥကဘယ္လိုမွမျဖစ္သင့္တဲ့ကိစၥ"

"ေတာ္ပါေတာ့ Do young hyung ရာ Taeyong hyung လည္းသူ႕ဘာသာထိန္းေက်ာင္းနိုင္တဲ့အရြယ္ေရာက္ေနပါျပီ hyung အရမ္းေျပာမွ မျဖစ္သင့္တဲ့စိတ္ခံစားခ်က္ေတြနဲ႔ျပႆနာေတြျဖစ္လာပါဦးမယ္"

က်ေနာ့္ေဘးက HaeChan ကဝင္တားရွာတယ္

"Do Young!"

HaeChan ဝင္တားလို႔ျငိမ္သြားတဲ့ Do Young ကိုက်ေနာ္ျပန္ေခၚလိုက္တယ္

"ငါသူ႔ကိုမထင္မွတ္ဘဲခ်စ္မိသြားခဲ့တယ္။ ဒါလုံးဝမျဖစ္သင့္တဲ့ကိစၥ ဒါလုံးဝမျဖစ္နိုင္တဲ့ကိစၥဆိုတာသိလ်က္နဲ႔ကုိငါေရွ႕တိုးလိုက္မိတယ္ အကယ္၍ ဒီကိစၥ fan ေတြသိသြားရင္ေတာင္ ငါ အဖြဲ႔ထဲကထြက္မယ္ သူနဲ႔ငါ...."

"Taeyongggg!!!" ( shout)

က်ေနာ့္စကားမဆုံးေသးခင္မွာပင္ Do Young ကက်ေနာ့္နာမည္ကိုအက်ယ္ျကီးေခၚလိုက္ျပီး က်ေနာ့္အက်ီစကိုလက္သီးတို႔နဲ႔ဆုပ္ဆြဲျပီးကိုင္လာတယ္

"ငါမတားဘူး Taeyong မင္းရဲ႕ခံစားခ်က္ မင္းႏွလုံးသားကိစၥေတြကို ငါမပိုင္တာမို႔ငါမတားဘူး ဒါေပမယ့္ မင္းရဲ႕အသိဥာဏ္ေလးကိုေတာ့ က်ပ္ျပည့္ေစခ်င္တယ္" ( shout)

"....."

"မင္းခ်စ္ရတဲ့ အဲ့ Jaehyun ဆိုတဲ့ေကာင္ကိုလည္းငါမမုန္းဘူး ငါမုန္းတာက အဖြဲ႔ရဲ႕ဦးေဆာင္သူ leader လုပ္ေနျပီးေတာ့ အဖြဲ႔ကိုလွည့္မျကည့္ဘဲ ကိုယ့္တစ္ေယာက္တည္းရဲ႕ခံစားခ်က္ကိုပဲဦးစားေပးတဲ့ မင္းကိုပဲငါမုန္းတာ" ( shout)

"ေတာ္ပါေတာ့ ေတာ္ျကပါေတာ့ဗ်ာ မျဖစ္ေသးတဲ့ျပႆနာကိုအခုကတည္းက စမေနျကပါနဲ႔"

HaeChan က Do Young ကိုဝင္ဆြဲလို႔ က်ေနာ့္လည္ပင္းနားကအက်ီစေတြကိုကိုင္ထားတဲ့ Do Young လက္ေတြလြတ္ထြက္သြားတယ္

"HaeChan မင္းေျပာတဲ့မျဖစ္ေသးတဲ့ျပႆနာကေနာင္အခ်ိန္မွာက်ိန္းေသျဖစ္လာမွာ မျကီးလာေသးတဲ့ျပႆနာကိုငါကေပ်ာက္သြားေအာင္ဝင္အျကံေပးေနတဲ့သေဘာပဲ"

Do Young ရဲ႕ေဒါသစကားေျကာင့္ အငယ္ျဖစ္သူ HaeChan ေလးဘာမွျပန္အေျပာနိုင္ဘဲျငိမ္သြားတယ္

"Taeyong ငါမင္းကို အဲ့ကိစၥနဲ႔ပတ္သက္ျပီးဘာမွမေျပာေတာ့ဘူး ဒါေပမယ့္ ငါအခုေျပာမယ့္စကားေတြကိုေတာ့မင္းမွတ္ထားေပးပါ မင္းက ငါတို႔အဖြဲ႔ရဲ႕ leader ပါ မင္းရဲ႕ဦးေဆာင္မႈေနာက္ကိုငါတို႔လိုက္ခဲ့သလို မင္းစကားေတြကိုလည္း ငါတို႔နားေထာင္ခဲ့တယ္ ဒါ့ေျကာင့္အဲ့လိုပဲအျမဲတမ္းရွိေနေစခ်င္တယ္ ငါတို႔ကိုဦးေဆာင္ေနတဲ့လူတစ္ေယာက္ကို ငါတို႔ကျပန္ျပီး မဆုံးမခ်င္ဘူး မသြန္သင္ခ်င္ဘူး"

"......."

"ဒါ့ေျကာင့္မင္းရဲ႕ကိစၥကိုငါဘာမွမေျပာေတာ့ဘူး ဒါေပမယ့္ တကယ့္အခ်ိန္တစ္ခုကိုေရာက္လာခဲ့ရင္ fan နဲ႔ အဖြဲ႔အတြက္လွည့္ျကည့္ေပးမယ့္ leader အေနနဲ႔ပဲငါျမင္ခ်င္တယ္ Taeyong"

က်ေနာ့္ကိုသူ႕ရဲ႕ေနာက္ဆုံးစကားေျပာျပီး သူ႕အခန္းကိုခ်က္ခ်င္းျပန္သြားတဲ့ Do Young ကက်ေနာ့္ကိုေတာင္ေနာက္ျပန္လွည့္မျကည့္ေတာ့

"hyung!! ဘာမွစိတ္ထဲမထားပါနဲ့ Do Young စိတ္ကိုသိတယ္မလား သူကအဲ့အတိုင္းပဲ"

က်ေနာ့္ကိုႏွစ္သိမ့္လာတဲ့ အငယ္ႏွစ္ေယာက္လည္းမ်က္ႏွာမေကာင္းျက
အငယ္ေတြကပါ က်ေနာ့္လိုအျကီးျဖစ္သူေျကာင့္မ်က္ႏွာမေကာင္းဘူးဆ္ုေတာ့ က်ေနာ္မွားမ်ားမွားခဲ့ျပီလားလို႔ေတာင္စဥ္းစားမိတယ္

"အင္းး အိပ္ေတာ့မယ္ မင္းတို႔လည္းအိပ္ေတာ့ မနက္ျဖန္ comeback stage ရွိေသးတယ္ေလ"

"nae"

က်ေနာ့္လို idol တစ္ေယာက္ရဲ႕ဘဝဟာ personal နဲ႔ပတ္သက္လာရင္ေတာင္ အျမဲ အမ်ားဘက္ပဲျကည့္ေပးရတဲ့ကံေတြ ၊ အေျခအေနေတြရွိလာတတ္တယ္...

*************

ေဆာင္းတြင္းမို႔အခ်မ္းဓာတ္ကခပ္စိမ့္စိမ့္ေလးရွိေနတယ္

MBC building ကိုမသြားခင္မွာတင္ သူ႕ကတိသူတည္တဲ့ Jaehyun က bulgogi အထုပ္နဲ႔ေစာင့္ေနေလရဲ႕

"ေနာက္ ၁ နာရီေက်ာ္မွသြားမွာပါ အဆာေျပစားလိုက္ဦး"

က်ေနာ့္ဆီကမ္းေပးလာတဲ့ bulgogi ထုပ္ေျကာင့္နဂိုကတည္းကဟာတာတာေလးျဖစ္ေနတဲ့က်ေနာ့္ဗိုက္ကပိုဆာလာတာေျကာင့္ သူ႕ေရွ႕တင္ဖြင့္စားလိုက္မိတယ္

"စားေကာင္းတယ္မလား ငါကိုယ္တိုင္လုပ္လာတာ"

"အင္း"

အခ်စ္ ဆိုတာ သူဘာလုပ္လုပ္စားေကာင္းျပီး အေကာင္းျမင္တတ္ေနတာမ်ိဳး
သူလက္နဲ႔သူကိုယ္တိုင္ဖန္တီးတဲ့အရာတိုင္း ကိုယ့္ကိုရင္ခုန္ေစေနတာမ်ိဳး

က်ေနာ္လည္း bulgogi စားျပီးေတာ့ staff တခ်ိဳ႕ကသြားေတာ့မယ္လို႔ေဆာ္ျသျကလို႔ စားပြဲေပၚကေနက်ေနာ္ထလိုက္တယ္

ခပ္အုံ႕အုံ႔ျဖစ္ေနတဲ့ ရာသီဥတုကေဆာင္းဥတုရဲ႕သဘာဝကိုနည္းနည္းေသြဖီေနေလရဲ႕။ သို႔ေသာ္လည္းသံသယမရွိ ေအးေအးေဆးေဆးပဲ က်ေနာ္အပါအဝင္က်န္တဲ့ staff ေတြအကုန္ကားထဲဝင္ျပီး MBC building ဆီကိုခရီးႏွင္လာခဲ့တယ္

လမ္းခရီးတစ္ဝက္မွာတင္ က်ေနာ္တို႔အားလုံးသံသယမဝင္ခဲ့တဲ့ရာသီဥတုက မိုးအျဖစ္ရြာခ်ေလရဲ႕

MBC Building ေရွ႕ေရာက္တာေတာင္မိုးကမသိပ္ေသး။ ရြာျမဲရြာဆဲ။ fan ေတြကလည္း ေအာ္သံမွမိုးသံေတာင္အရႈဲးေပးရမယ့္အေျခအေနမွာရွိတယ္

က်ေနာ္တို႔ကားရပ္လိုက္ေတာ့ ခ်က္ခ်င္းပဲကားတံခါးဆြဲဖြင္လာတဲ့သူက Jaehyun
Jaehyun ကိုျမင္ေတာ့က်ေနာ့္ေဘးက Do Young ကမ်က္ႏွာပ်က္သြားတယ္

ထီးတစ္လက္နဲ႔ က်ေနာ့္ေရွ႕ကလူျကီးက ခန္႔ညားလွပါရဲ႕

သူ႔ရဲ႕အေပၚရုံ leather coat အရွည္ကိုခၽြတ္လိုက္ျပီးက်ေနာ့္ကိုျခံဳေပးလိုက္တယ္
ဗ်က္ျကီးတဲ့ထီးကိုလည္းက်ေနာ္တစ္ေယာက္တည္းအတြက္သာေဆာင္းထားေပးတယ္

ကားေပၚကေနလက္တြဲျပီးေဖးမရင္း Fan ေတြျကားထဲကေနက်ေနာ့္ကိုမွဲ႔တစ္ေပါက္မစြန္းရေအာင္ ကာကြယ္ျပီးေခၚထုတ္သြားတယ္

မိုးေအးထဲမွာအနီးကပ္ေနရတဲ့သူ႔ကိုယ္ေငြ႔ကက်ေနာ့္ကို boiler သဖြယ္ေႏြးေစတယ္

fan ေတြျကားထဲကသြားရတာတစ္မ်ိဳး ၊ မိုးေရစိုမွာစိုးလို႔သတိထားျပီးသြားေနရတာတစ္မ်ိဳးေျကာင့္ သူ႔နားကိုလိုတာထက္ပိုကပ္ေနမိသလိုရွိတယ္။
က်ေနာ့္ပခုံးကိုဖက္ထားတဲ့သူ႔လက္ဖဝါးက်ယ္ျကီးကလည္း က်ေနာ့္ကို အစစအရာရာကကာကြယ္ေပးနိုင္ပါရဲ႕။

ဒီလိုနဲ႔အရင္ေန႔ေတြကလိုပဲ က်ေနာ္ရယ္ သူရယ္က building ထဲကိုအရင္ေရာက္သြားတာေျကာင့္က်န္တဲ့ members ေတြကိုေစာင့္ေနရတယ္

မေျပာမဆို ခန္႔မွန္းမရဘဲ ရြာခ်လိုက္တဲ့ေဆာင္းတြင္းမိုးေျကာင့္ ပိုျပီးေအးသြားတယ္

waiting room ဆီတန္းေခၚသြားတဲ့ Jaehyun ကေတာ့ က်ေနာ့္နားမွာအရင္လိုပဲအျမဲရွိေနေလတယ္

"မိုးစိုလာလား"

waiting room ထဲေရာက္ေတာ့ make up artist ေတြကဝိုင္းေမးျကတယ္
က်ေနာ္လည္းသူတို႔ေမးမွ ကိုယ့္ကိုယ္ကိုျပန္ျကည့္မိတယ္ စိုစြတ္ျခင္းမရွိတဲ့ ကိုယ္အသားအေရကိုျပန္ျကည့္မိမွ မိုးတစ္ေပါက္မွစိုမလာတာကိုသတိထားမိတယ္

"စိုမလာဘူးပဲ ေတာ္ေသးတာေပါ့"

ေဘးက အစ္မျကီးကက်ေနာ္မေျဖရေသးခင္မွာတင္ဝင္ေျပာလို႔က်ေနာ္ေခါင္းညိတ္မိလိုက္တယ္

"အျပင္မွာမိုးသည္းတယ္ စိုလာမယ္လို႔ထင္တာ"

"nae"

ဟုတ္ပါရဲ႕
ဒီေလာက္မိုးသည္းထဲမွာက်ေနာ့္ကိုမိုးတစ္စက္မွမစိုေအာင္ကာကြယ္ျပီးေခၚလာနိုင္တဲ့ Jaehyun ကိုက်ေနာ္ခ်ီးက်ဴးမိတယ္

က်ေနာ္ Jaehyun ဘက္ကိုျပံဳးျပီးလွည့္ျကည့္လိုက္မိတယ္
က်ေနာ့္ကိုလိုေလေသးမရွိသူ ေစာင့္ေရွာက္ေပးနိုင္တယ္....

"ဟတ္ခ်ိဳးးး~~~"

နွာေခါင္းကို လက္ႏွစ္ဖက္နဲ႔အုပ္ျပီးေခ်လိုက္မိတယ္
တရႈံ႕ရႈံ႕ျဖစ္ေနျပီျဖစ္တဲ့ႏွာေခါင္းက အေအးမိျခင္းရဲ႕လကၡဏာအစထင္ပါတယ္

"ဟမ္! ဘာျဖစ္တာလဲ ? ခ်မ္းလို႔လား"

ထင္ထားတဲ့အတိုင္း က်ေနာ္ႏွာေခ်လိုက္ေတာ့ က်ေနာ့္ေဘးမွာ ရုပ္တုလိုရပ္ေနတဲ့ Jaehyun ကေမးလာတယ္

"နည္းနည္းပါ"

"ေရာ့ ငါ့အေႏြးထည္ဝတ္ထားလိုက္"

"ေနပါေစ ရတယ္ ဒီေလာက္ျကီးမခ်မ္းဘူး"

"ဝတ္ထားလိုက္ပါ"

"မဝတ္ခ်င္ဘူး"

က်ေနာ္ကစိတ္မရွည္တဲ့ေလသံနဲ႔ျပန္ေျဖလိုက္ေတာ့ သူက်ေနာ့္ကို သူ႔လက္ထဲအေႏြးထည္ျကီးလည္းအတင္းမထိုးေပးေတာ့သလို ဝတ္လည္းမဝတ္ခိုင္းေတာ့ဘူး

မိုးေရထဲဒီတစ္ခါပဲျဖတ္ရပါေသးတယ္
နွာေခ်တာေတြ ခ်မ္းတာေတြကစလာျပီ
အခုတေလာ အျပင္ထြက္ျပီး အလုပ္လုပ္ေနရတာေတြေရာ comeback stage ေတြအတြက္ practice လုပ္ေနရတာေတြေရာေျကာင့္ သိပ္ျပီးခံနိုင္ရည္မရွိတာနဲ႔တူပါတယ္
ေနမေကာင္းျဖစ္ခဲတဲ့က်ေနာ္ဟာ အေအးမိလည္းခဏပဲျဖစ္တတ္တာမို႔ ၊ ျဖစ္တိုင္းလည္းမျပင္းထန္တာမို႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ေနလိုက္တယ္

ဒီလိုနဲ႔ waiting room မွာေစာင့္ရင္းက်ေနာ္တို႔အလွည့္ေရာက္လာတာေျကာင့္ stage မွာ ေဖ်ာ္ေျဖရျပန္တယ္

stage ေပၚမွာေဖ်ာ္ေျဖေနတုန္း stage ေဘးဘက္မွာလုံးဝကပ္ထားျပီးျကည့္ေနတဲ့ Jaehyun ရဲ႕မ်က္ဝန္းအျကည့္တခ်ိဳ႕ကိုက်ေနာ္တစ္ခ်က္ေတြ႔လိုက္ရတယ္ အဲ့အျကည့္ခ်ိဳခ်ိဳေတြကိုက်ေနာ္အခုမွေတြ႔ရတာမဟုတ္ အရင္ကတည္းက က်ေနာ္ stage ေပၚမွာေဖ်ာ္ေျဖေနရင္ စင္ရဲ႕ေဘးဘက္မွာက်ေနာ့္ကိုစူးစူးရွရွစိုက္ျကည့္ေနသလိုအျမဲခံစားရသလို မသိမသာျကည့္တိုင္းလည္း အဲ့အျကည့္ပိုင္ရွင္က သူပဲျဖစ္ေနတတ္တယ္

Taeyong's POV End

****************

Stage ေပၚမွာဝင္းလက္ေနတဲ့ star ေလးနဲ႔
back stage မက်တက်ေနရာနားက ေတာက္ပေနတဲ့အျကည့္တခ်ိဳ႕ေတြ.....

မသိသာေသာ သာမန္မဟုတ္သည့္ျမင္ကြင္းတစ္ခုသည္ ထိုေကာင္ေလးႏွစ္ေယာက္၏ရင္ထဲမွရင္ခုန္သံေတြကိုုျမင္ေယာင္ေစနိုင္ပါသည္.....

Continue Reading

You'll Also Like

1M 55.1K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
619K 14K 41
In wich a one night stand turns out to be a lot more than that.
43.5K 4.7K 60
This fic is written in both Unicode and Zawgyi Unicode မနှစ်မြို့ဖွယ်ရာခက်ခဲကြမ်းတမ်းသောလောကအလယ်တွင် ပုံဖော်ထုဆစ်ခဲ့မိသော မှားယွင်းသည့်အချစ်စစ်တစ်ခု ...
12.9K 171 7
Dolly realizing that she feels something to Dylan, something big and beautiful.