မာနဆမ္​း​ေသာ ခ်စ္​ခရီးလမ္​း (...

By Wai99K

685K 54K 3.5K

အခ်စ္နဲ႔ မာနၾကား စည္းတစ္ခုပဲျခားတယ္ဆိုရင္... အဲ့ဒီစည္းဟာ ေတြေဝျခင္းေပါ့။ ဒါဆို ေတြေဝျခင္းေပၚ ေျခစံုရပ္ေနမိတာ... More

Part 1(U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11(U+Z)
Part 12 (U+Z)
Part 13 (U+Z)
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21(U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z)
Part 36 (U+Z)
Part 37 (U+Z)
Part 38(U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41(U+Z)
Part 42 (U+Z)
Part 43 (U+Z)
Part 44 (U+Z)
Part 45 (U+Z)
Part 46 (U+Z)
Part 47 (U+Z)
Part 48 (U+Z)
Part 49 (U+Z)
Part 50 (U+Z)
The End (U+Z)
Author Notes
Extra 1
စာအုပ်ကြော်ငြာ 😂
💖📖
Feb 29(U+Z)
Bonus Chapter 🍂(Unicode and Zawgyi)
Bonus Chapter ❄ (Unicode and Zawgyi)
အော်ဒါကောက်ယူခြင်း 💛 (ေအာ္ဒါေကာက္ယူျခင္း)

Part 7 (U+Z)

13.6K 1.3K 22
By Wai99K

(အခန်း ၇)

ကျွန်တော် မှတ်မိနေပြီလား...အဖြေသည် မသေချာပါ။ မြူးသစ်ပိုင်က...နင် ပြန်မှတ်မိနေပြီလားဆိုမှ ကိုယ့်ကိုယ်ကိုယ်ပင် အံသြရသည်။ အဖြေဆိုတာကို အတင်းကာရောဆွဲထုတ်နေမည့်အစား တဖြည်းဖြည်းသည်းခံစောင့်နေတာက အကျိုးတော့ရှိသား။
"ဟမ်..ငါပြောတာကအမှန်တွေလား။"
မြူးသစ်ပိုင်ခမျာ ပျော်လွန်းလို့မျက်ရည်စတွေနဲ့ နေသစ်ပိုင်ကတော့ ပြုံးကြည့်နေသည်။မေပိုင်၏လက်နှစ်ဖက်သည် ကျွန်တော်ရဲ့လက်နှစ်ဖက်ကို နွေးထွေးအောင် ဆုပ်ကိုင်ပေးသည်။
"မှန်တာပေါ့..သားရယ်၊သားတို့ငယ်ငယ်က သားကိုအရင်ထမင်းခွံ့ပေးခဲ့ရတာ..သား အစ်မက ထွေး..ထွေးထုတ်လို့လေ..."
ကျွန်တော် ပြုံးမိသည်။မကြာခင်မှာ အတိတ်ကိုသိနိုင်တော့မယ်။ အခုတော့...စိတ်ထဲမှာ အပေါ်ထပ်ကို တက်သွားချင်သည်။ အရမ်းရင်းနှီးစွာ ဆွဲခေါ်နေသလိုပဲ။
"နေထိပိုင် အခန်းရောဟင်။"
ဟင်!ဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
"ဘာလဲ...အခန်းမရှိတော့တာလား။"
ကိုယ်ကရွဲ့မေးတာကိုပဲ သူတို့ကခေါင်းကိုအဆက်မပြတ်ညိတ်ရင်း အရှေ့က
ကားဆီးကာဆီးတွေလုပ်နေကြသည်။
လှေကားထစ်များကို အမြန်ပင်ကျော်ခဲ့သည်။အပေါ်ထပ်ရောက်တော့ လှေကားဘယ်ဘက်ကအခန်းထဲ ဖွင့်ဝင်လိုက်သည်။ပွင့်သွားသောအခန်းထဲတွင် စာအုပ် စာရွက်တွေက ပြန့်ကျဲလျက်။ အဝတ်အစားတွေကလည်း တိုးလို့တွဲလောင်း။
ကောင်လေးတစ်ယောက်ရဲ့ ဓာတ်ပုံကလည်း နေရာအနှံ့ရှိနေသည်။ ခုတင်ပေါ်ကခေါင်းအုံးအောက်ကျနေတာကိုပင် ကောက်မတင်ထား..။
"ဒါ....နေသစ် အခန်းဟ။"
မြူးသစ်မှာ အမြင်မတော်သည်များကို ဟိုဟိုဒီဒီကောက်တင်ရင်း ကျွန်တော့်ကိုလှည့်ပြောသည်။
"နေထိပိုင် အခန်းကရော.."
"ဒီအခန်းပဲဗျ...အရင်က နှစ်ယောက်နေတာ။" ဟူ၍ နေသစ်ပိုင်ကအခန်းထဲဝင်လာရင်းပြောသည်။
"သူ့ပစ္စည်းတွေရော။"
"ဘယ်သူက မရှိတော့တဲ့လူရဲ့ပစ္စည်းတွေကို လိုက်သိမ်းနေမှာလဲ ။ အကုန်ရှင်းပစ်လိုက်ပြီ။"
မြူးသစ်လည်း စိတ်မရှည်တာကြောင့် ဘုတောလာပြီဖြစ်သည်။အခုမှအသည်းအသန် ဘာတွေဖြစ်နေတာပါလိမ့်။ပြန်စဉ်းစားပါလားလို့ ပြောခဲ့တုန်းကတော့ မလိုအပ်သလိုနေတဲ့လူက..။
"နင်က အတိတ်မေ့နေတာဆိုတော့ လူတွေရဲ့ မျက်နှာကို သေချာကြည့် လူဆိုးလူကောင်း ကိုယ့်ဘာသာခွဲခြားရမှာ။ ပြီးတော့ နင်မမေ့ရမယ့်သူရှိတယ်ဟ...နင်တစ်ယောက်ကိုပဲ မျှော်နေတဲ့သူ.."
"အတိတ်ဆိုတာ အတိတ်ပါပဲ မြူးသစ်ရာ..ပြန်သိတော့ရော ဘာလုပ်နိုင်မှာလဲ.. ပြီးပြီးသားတွေကို။''တဲ့..မြူးသစ် သေချာမှတ်မိနေတုန်းပဲ ။
ဟိုးတုန်းကငါ့စကားကိုအရေးမပါသလိုပြောနေခဲ့တာ နင်မှဟုတ်ရဲ့လား။
အဲ့ဒါကြောင့် နင့်နဲ့မတွေ့ချင်ခဲ့တာ။
"ဟာ...ဒီမှာတွေ့ပြီ။"
သူ တက်တက်ကြွကြွနှင့် အော်ပြောလိုက်သည်။ထိုတော့မှ မြူးသစ်ပိုင် တွေးတောနေရာမှ အလန့်တကြား လှည့်ကြည့်သည်။
"ဘာတွေ့တာလဲ။" ဟုပြောရင်း နေသစ်ပိုင် စပ်စုစိန်လုပ်ပါတော့သည်။
"ဒါလေ.."
အဝတ်ထည့်ဗီဒိုရဲ့ အောက်ဆုံးအကန့်ရှိ နေသစ်ပုဆိုးများအောက် ပြားပြား၀ပ်နေသောရှပ်အင်္ကျီတစ်ထည်။ ပြန့်နေအောင် အချိုးကျခေါက်ထားသော အင်္ကျီအပြာကွက်စိပ်လေး၏ ရင်ဘတ်နေရာ၌ပါသော အိပ်ကပ်ထဲမှ အဖြူရောင်စာရွက်လေးက လက်ကမ်းကြိုနေသည်ပင် ထင်မိသည်။ နေသစ်ကိုယ်တိုင်ပင် ထိုအင်္ကျီကိုမသိသော်လည်း"ကျွန်တော့်အင်္ကျီကို ဘာလုပ်မလို့လဲ.." ဟူ၍မေးလိုက်သည်။
"ဒါ အစ်ကို့အင်္ကျီပါ နေသစ်ရ။"
နေသစ် ဆက်ငြင်းရန် မစွမ်းနိုင်။တကယ်လည်း နေသစ်မသိသောပစ္စည်း။ မြူးသစ်ကတော့ သူဘာလုပ်မလဲကိုသာ ထိုင်ကြည့်နေလိုက်တော့သည်။
အင်္ကျီမှ စပျစ်ရနံ့ ခပ်သင်းသင်းထွက်နေသည်။ရနံ့ကအချိန်ကြာနေတာကြောင့် သိပ်ပင်အနံ့မရ ။ တစ်ချက်တစ်ချက်မှ မွှေးသည်။စာရွက်လေးသည် ဖြူစွတ်ဖွေးမနေသော်လည်း မတို့မထိထားသော အကောင်းအတိုင်းပင်။
မရဲတရဲဖွင့်ဖတ်လိုက်မိပြီး..မိုးတိုးမတ်တတ်ဖြင့် လောကကြီးနှင့်အဆက်အသွယ်ပြတ်သကဲ့သို့ ..စီးကျလာသည့်မျက်ရည်များသည် မုန်းစရာကောင်းတာအမှန်ပင်။
နေသစ်ပိုင် စာရွက်ကိုလှမ်းဆွဲယူသည်။ ဖတ်သည် ။ ပြီးနောက် အခန်းထဲမှထွက်ခွာရန် ခြေလှမ်းစ,သည်။
"ကိုနေ့ပစ္စည်းတွေက အန်တီချယ်လာယူသွားတယ်။"
စကားဆုံးသောအခါအခန်းထဲတွင် နေသစ်ရှိမနေတော့။ မြူးသစ်လည်းနေသစ်နောက်သို့ထလိုက်သွားသည်။ အခန်းလေးက ပိတ်လှောင်သလိုခံစားရသည်။ကျွန်တော်အပြင်ကို ပြေးထွက်ချင်မိသည်။လွင်ပြင်တစ်နေရာဆီ အရောက်သွားကာ အကြိုက်အော်ဟစ်ပစ်လိုက်ချင်သည်။
အခန်းထဲမှနေ ဘယ်လိုထွက်လာမှန်းမသိ။ လှေကားထစ်များကို ဘယ်လိုကျော်ဖြတ်ခဲ့သည်မသိ ။ အိမ်ထဲရှိလူတွေကိုဘာပြောပြီး ဘယ်လိုကျန်ခဲ့တယ်ဆိုတာလည်း မသိတော့။ကျွန်တော့်အသိမှာ လက်ထဲကစာရွက်လောက် ဘာမှအရေးမကြီးတော့ပါ။
ယခု...သွားတွေ့ရမည့် လူနှစ်ဦးရှိသည်။

▪▪▪▪▪▪▪▪▪
အထပ်မြင့်အဆောက်အဦးကြီးတစ်ခုရှေ့ ကျွန်တော့် ကားကိုထိုးရပ်လိုက်သည်။ကားရပ်သင့် မရပ်သင့် မစဉ်းစားနိုင်။ကားပေါ်မှ ခုန်ချသလိုကို ပြေးဆင်းလိုက်သည်။ ဓာတ်လှေကားသည် နှေးတယ်ဟုပင်ထင်မှတ်တဲ့အထိ စိတ်လောနေသည်။ ငါးလွှာက ဒီလောက်အချိန်ကြာကြာစီးစရာလိုလို့လား။
"ဒုန်း!"
တံခါးကို အတင်းဖွင့်လိုက်တာကြောင့် ကျယ်လောင်သည့်အသံ ပေါ်ထွက်လာသည်။ထိုအသံကြောင့်ပဲ အားလုံးအကြည့်မှာ ကျွန်တော့်ထံရောက်နေသည်။
"အမေရော.."
ကျွန်တော့်အမေးကို ချက်ချင်းမဖြေနိုင်ကြ ။ ခဏကြာသောအခါမှ..
"ရှိတယ်..အထဲမှာ.."ဟုပြန်ဖြေရှာသော်လည်း ကျွန်တော်သူတို့ပြောသည်ကိုနားထောင်မနေနိုင်။အမေရှိရာအခန်းထဲသို့သာ အပြေးဝင်လိုက်သည်။
ရုတ်တရက်ကြီး ဝရုန်းသုန်းကားရောက်လာသော သားကြောင့် ဒေါ်ချယ်ရီထူး မန်နေဂျာကို အလုပ်အကြောင်းပြောနေခြင်းမှ ရပ်တန့်လိုက်ရသည်။
"ဘာဖြစ်လို့လဲ ထူးခြား။"
မန်နေဂျာကိုအပြင်ထွက်ခိုင်းပြီး အခန်းဝတွင်မတ်တပ်ရပ်နေသော ထူးခြားပိုင်ဆီသို့လာရင်း ပြောလိုက်ခြင်းဖြစ်သည်။
"ဘာလို့လဲ..ကျွန်တော့်ကို ဘာလို့လိမ်ထားတာလဲ..."
မျက်လုံးများရဲရဲနီနေသောသားဖြစ်သူကို ကြည့်၍ ဒေါ်ချယ်ရီထူးရဲ့စိတ်သည် မတည်ငြိမ်တော့သဖြင့် ကျောခိုင်းရပ်လိုက်ရသည်။
"ဘာပြောချင်တာလဲ..မင်းက.."
အခုအချိန်ထိ အမှားမလုပ်ထားသလိုပုံစံနှင့် အေးဆေးတည်ငြိမ်နေသော အမေ့ကိုကြည့်ပြီး ကျွန်တော့်နှုတ်ခမ်းတို့ တွန့်ချိုးမိသည်။သည်လိုပုံစံလုပ်မိလျှင် တစ်ယောက်ယောက်က ပြောဖြစ်အောင် ပြောပါလိမ့်မည်။
"အဲမျိုးပုံစံရီးနနေန ကေ့ဝို့လည်းကွန်းဝ ကျော့အန်လည်းတက်ဇ ပီးဆိုဟာ..လူဆိုးဆိုရိ လူလေပြောဆိုဝါ ကျနော်စိဆိုးဝယ်..."
(အဲ့ဒီလိုပုံစံကြီးနဲ့ မနေပါနဲ့လား ကြည့်လို့လည်းမကောင်း ကြောက်ဖို့လည်းကောင်းတယ် ပြီးတော့..လူဆိုးဆိုပြီး လူတွေပြောကြရင် ကျွန်တော်စိတ်ဆိုးတယ်)
တစ်ချိန်က ကျွန်တော်နားလည်ရခက်သည့် အသံဝဲဝဲလေးကို ပြန်ကြားယောင်တော့ ရင်ခွင်တစ်ခုလုံး စုတ်ဖြဲခံလိုက်ရသလိုပင်။
လက်သီးကိုတင်းတင်းဆုပ်ရင်း အားယူရသည်။ ခံစားရလွန်းလို့။ ကြေကွဲရလွန်းလို့။ များစွာနာကျင်ရပါသဖြင့်...
"ကျွန်တော် အတိတ်မေ့ခဲ့တာပါ အမေ။ တစ်သက်လုံး ပြန်သတိမရတော့ဘူးလို့ ထင်နေတာလား။ ဒါမှမဟုတ် ကျွန်တော်ကို့ အမေ့စိတ်တိုင်းကျပြောင်းလဲဖို့ စဉ်းစားနေတာလား..ဘယ်လိုလုပ်ပြီး၊ ဘယ်လိုခံစားပြီး..ဟား..ကျွန်တော်လည်း အမေ့သားပါ။..ထူးခြားပိုင်မှအမေ့သားမဟုတ်ဘဲ နေထိပိုင်လည်းအမေ့သားပါလို့.."
အသံကုန်ဟစ်ခဲ့သမျှ အဆုံးသတ်အသံသည် တုန်ယင်လှုပ်ခတ်နေသည်။နှမြောတသဖြစ်မိသည်။အတိတ်မေ့တော့ ချစ်သောသူကိုမေ့သည်။ အတိတ်ကိုပြန်သတိရတော့ အချစ်ဆုံးသူကိုကျောခိုင်းရလိမ့်မည်ထင်သည်။
ပျော်ရွှင်ခြင်းဆိုသည်ကျွန်တော်မဟုတ်သော ကမ္ဘာပေါ်ရှိ တခြားသူများ၏
သီးသန့်ခံစားမှုလား။
ကျေးဇူးပြု၍ ကျွန်တော်သည်လည်း...အများနည်းတူ ပျော်ရွှင်ဖူးချင်ပါသည်။
ပျော်ရွှင်ခြင်းများ ပေးသနားပါတော့...

➡Zawgyi

(အခန္း ၇)

ကြၽန္ေတာ္ မွတ္မိေနၿပီလား...အေျဖသည္ မေသခ်ာပါ။ ျမဴးသစ္ပိုင္က...နင္ ျပန္မွတ္မိေနၿပီလားဆိုမွ ကိုယ့္ကိုယ္ကိုယ္ပင္ အံၾသရသည္။ အေျဖဆိုတာကို အတင္းကာေရာဆြဲထုတ္ေနမည့္အစား တျဖည္းျဖည္းသည္းခံေစာင့္ေနတာက အက်ိဳးေတာ့ရွိသား။
"ဟမ္..ငါေျပာတာကအမွန္ေတြလား။"
ျမဴးသစ္ပိုင္ခမ်ာ ေပ်ာ္လြန္းလို႔မ်က္ရည္စေတြနဲ႕ ေနသစ္ပိုင္ကေတာ့ ၿပဳံးၾကည့္ေနသည္။ေမပိုင္၏လက္ႏွစ္ဖက္သည္ ကြၽန္ေတာ္ရဲ႕လက္ႏွစ္ဖက္ကို ႏြေးေထြးေအာင္ ဆုပ္ကိုင္ေပးသည္။
"မွန္တာေပါ့..သားရယ္၊သားတို႔ငယ္ငယ္က သားကိုအရင္ထမင္းခြံ႕ေပးခဲ့ရတာ..သား အစ္မက ေထြး..ေထြးထုတ္လို႔ေလ..."
ကြၽန္ေတာ္ ၿပဳံးမိသည္။မၾကာခင္မွာ အတိတ္ကိုသိနိုင္ေတာ့မယ္။ အခုေတာ့...စိတ္ထဲမွာ အေပၚထပ္ကို တက္သြားခ်င္သည္။ အရမ္းရင္းႏွီးစြာ ဆြဲေခၚေနသလိုပဲ။
"ေနထိပိုင္ အခန္းေရာဟင္။"
ဟင္!ဆိုၿပီး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ေနၾကသည္။
"ဘာလဲ...အခန္းမရွိေတာ့တာလား။"
ကိုယ္က႐ြဲ႕ေမးတာကိုပဲ သူတို႔ကေခါင္းကိုအဆက္မျပတ္ညိတ္ရင္း အေရွ႕က
ကားဆီးကာဆီးေတြလုပ္ေနၾကသည္။
ေလွကားထစ္မ်ားကို အျမန္ပင္ေက်ာ္ခဲ့သည္။အေပၚထပ္ေရာက္ေတာ့ ေလွကားဘယ္ဘက္ကအခန္းထဲ ဖြင့္ဝင္လိုက္သည္။ပြင့္သြားေသာအခန္းထဲတြင္ စာအုပ္ စာ႐ြက္ေတြက ျပန့္က်ဲလ်က္။ အဝတ္အစားေတြကလည္း တိုးလို႔တြဲေလာင္း။
ေကာင္ေလးတစ္ေယာက္ရဲ႕ ဓာတ္ပုံကလည္း ေနရာအႏွံ႕ရွိေနသည္။ ခုတင္ေပၚကေခါင္းအုံးေအာက္က်ေနတာကိုပင္ ေကာက္မတင္ထား..။
"ဒါ....ေနသစ္ အခန္းဟ။"
ျမဴးသစ္မွာ အျမင္မေတာ္သည္မ်ားကို ဟိုဟိုဒီဒီေကာက္တင္ရင္း ကြၽန္ေတာ့္ကိုလွည့္ေျပာသည္။
"ေနထိပိုင္ အခန္းကေရာ.."
"ဒီအခန္းပဲဗ်...အရင္က ႏွစ္ေယာက္ေနတာ။" ဟူ၍ ေနသစ္ပိုင္ကအခန္းထဲဝင္လာရင္းေျပာသည္။
"သူ႕ပစၥည္းေတြေရာ။"
"ဘယ္သူက မရွိေတာ့တဲ့လူရဲ႕ပစၥည္းေတြကို လိုက္သိမ္းေနမွာလဲ ။ အကုန္ရွင္းပစ္လိုက္ၿပီ။"
ျမဴးသစ္လည္း စိတ္မရွည္တာေၾကာင့္ ဘုေတာလာၿပီျဖစ္သည္။အခုမွအသည္းအသန္ ဘာေတြျဖစ္ေနတာပါလိမ့္။ျပန္စဥ္းစားပါလားလို႔ ေျပာခဲ့တုန္းကေတာ့ မလိုအပ္သလိုေနတဲ့လူက..။
"နင္က အတိတ္ေမ့ေနတာဆိုေတာ့ လူေတြရဲ႕ မ်က္ႏွာကို ေသခ်ာၾကည့္ လူဆိုးလူေကာင္း ကိုယ့္ဘာသာခြဲျခားရမွာ။ ၿပီးေတာ့ နင္မေမ့ရမယ့္သူရွိတယ္ဟ...နင္တစ္ေယာက္ကိုပဲ ေမွ်ာ္ေနတဲ့သူ.."
"အတိတ္ဆိုတာ အတိတ္ပါပဲ ျမဴးသစ္ရာ..ျပန္သိေတာ့ေရာ ဘာလုပ္နိုင္မွာလဲ.. ၿပီးၿပီးသားေတြကို။''တဲ့..ျမဴးသစ္ ေသခ်ာမွတ္မိေနတုန္းပဲ ။
ဟိုးတုန္းကငါ့စကားကိုအေရးမပါသလိုေျပာေနခဲ့တာ နင္မွဟုတ္ရဲ႕လား။
အဲ့ဒါေၾကာင့္ နင့္နဲ႕မေတြ႕ခ်င္ခဲ့တာ။
"ဟာ...ဒီမွာေတြ႕ၿပီ။"
သူ တက္တက္ႂကြႂကြႏွင့္ ေအာ္ေျပာလိုက္သည္။ထိုေတာ့မွ ျမဴးသစ္ပိုင္ ေတြးေတာေနရာမွ အလန့္တၾကား လွည့္ၾကည့္သည္။
"ဘာေတြ႕တာလဲ။" ဟုေျပာရင္း ေနသစ္ပိုင္ စပ္စုစိန္လုပ္ပါေတာ့သည္။
"ဒါေလ.."
အဝတ္ထည့္ဗီဒိုရဲ႕ ေအာက္ဆုံးအကန့္ရွိ ေနသစ္ပုဆိုးမ်ားေအာက္ ျပားျပား၀ပ္ေနေသာရွပ္အကၤ်ီတစ္ထည္။ ျပန့္ေနေအာင္ အခ်ိဳးက်ေခါက္ထားေသာ အကၤ်ီအျပာကြက္စိပ္ေလး၏ ရင္ဘတ္ေနရာ၌ပါေသာ အိပ္ကပ္ထဲမွ အျဖဴေရာင္စာ႐ြက္ေလးက လက္ကမ္းႀကိဳေနသည္ပင္ ထင္မိသည္။ ေနသစ္ကိုယ္တိုင္ပင္ ထိုအကၤ်ီကိုမသိေသာ္လည္း"ကြၽန္ေတာ့္အကၤ်ီကို ဘာလုပ္မလို႔လဲ.." ဟူ၍ေမးလိုက္သည္။
"ဒါ အစ္ကို႔အကၤ်ီပါ ေနသစ္ရ။"
ေနသစ္ ဆက္ျငင္းရန္ မစြမ္းနိုင္။တကယ္လည္း ေနသစ္မသိေသာပစၥည္း။ ျမဴးသစ္ကေတာ့ သူဘာလုပ္မလဲကိုသာ ထိုင္ၾကည့္ေနလိုက္ေတာ့သည္။
အကၤ်ီမွ စပ်စ္ရနံ႕ ခပ္သင္းသင္းထြက္ေနသည္။ရနံ႕ကအခ်ိန္ၾကာေနတာေၾကာင့္ သိပ္ပင္အနံ႕မရ ။ တစ္ခ်က္တစ္ခ်က္မွ ေမႊးသည္။စာ႐ြက္ေလးသည္ ျဖဴစြတ္ေဖြးမေနေသာ္လည္း မတို႔မထိထားေသာ အေကာင္းအတိုင္းပင္။
မရဲတရဲဖြင့္ဖတ္လိုက္မိၿပီး..မိုးတိုးမတ္တတ္ျဖင့္ ေလာကႀကီးႏွင့္အဆက္အသြယ္ျပတ္သကဲ့သို႔ ..စီးက်လာသည့္မ်က္ရည္မ်ားသည္ မုန္းစရာေကာင္းတာအမွန္ပင္။
ေနသစ္ပိုင္ စာ႐ြက္ကိုလွမ္းဆြဲယူသည္။ ဖတ္သည္ ။ ၿပီးေနာက္ အခန္းထဲမွထြက္ခြာရန္ ေျခလွမ္းစ,သည္။
"ကိုေန႕ပစၥည္းေတြက အန္တီခ်ယ္လာယူသြားတယ္။"
စကားဆုံးေသာအခါအခန္းထဲတြင္ ေနသစ္ရွိမေနေတာ့။ ျမဴးသစ္လည္းေနသစ္ေနာက္သို႔ထလိုက္သြားသည္။ အခန္းေလးက ပိတ္ေလွာင္သလိုခံစားရသည္။ကြၽန္ေတာ္အျပင္ကို ေျပးထြက္ခ်င္မိသည္။လြင္ျပင္တစ္ေနရာဆီ အေရာက္သြားကာ အႀကိဳက္ေအာ္ဟစ္ပစ္လိုက္ခ်င္သည္။
အခန္းထဲမွေန ဘယ္လိုထြက္လာမွန္းမသိ။ ေလွကားထစ္မ်ားကို ဘယ္လိုေက်ာ္ျဖတ္ခဲ့သည္မသိ ။ အိမ္ထဲရွိလူေတြကိုဘာေျပာၿပီး ဘယ္လိုက်န္ခဲ့တယ္ဆိုတာလည္း မသိေတာ့။ကြၽန္ေတာ့္အသိမွာ လက္ထဲကစာ႐ြက္ေလာက္ ဘာမွအေရးမႀကီးေတာ့ပါ။
ယခု...သြားေတြ႕ရမည့္ လူႏွစ္ဦးရွိသည္။

▪▪▪▪▪▪▪▪▪
အထပ္ျမင့္အေဆာက္အဦးႀကီးတစ္ခုေရွ႕ ကြၽန္ေတာ့္ ကားကိုထိုးရပ္လိုက္သည္။ကားရပ္သင့္ မရပ္သင့္ မစဥ္းစားနိုင္။ကားေပၚမွ ခုန္ခ်သလိုကို ေျပးဆင္းလိုက္သည္။ ဓာတ္ေလွကားသည္ ႏွေးတယ္ဟုပင္ထင္မွတ္တဲ့အထိ စိတ္ေလာေနသည္။ ငါးလႊာက ဒီေလာက္အခ်ိန္ၾကာၾကာစီးစရာလိုလို႔လား။
"ဒုန္း!"
တံခါးကို အတင္းဖြင့္လိုက္တာေၾကာင့္ က်ယ္ေလာင္သည့္အသံ ေပၚထြက္လာသည္။ထိုအသံေၾကာင့္ပဲ အားလုံးအၾကည့္မွာ ကြၽန္ေတာ့္ထံေရာက္ေနသည္။
"အေမေရာ.."
ကြၽန္ေတာ့္အေမးကို ခ်က္ခ်င္းမေျဖနိုင္ၾက ။ ခဏၾကာေသာအခါမွ..
"ရွိတယ္..အထဲမွာ.."ဟုျပန္ေျဖရွာေသာ္လည္း ကြၽန္ေတာ္သူတို႔ေျပာသည္ကိုနားေထာင္မေနနိုင္။အေမရွိရာအခန္းထဲသို႔သာ အေျပးဝင္လိုက္သည္။
႐ုတ္တရက္ႀကီး ဝ႐ုန္းသုန္းကားေရာက္လာေသာ သားေၾကာင့္ ေဒၚခ်ယ္ရီထူး မန္ေနဂ်ာကို အလုပ္အေၾကာင္းေျပာေနျခင္းမွ ရပ္တန့္လိုက္ရသည္။
"ဘာျဖစ္လို႔လဲ ထူးျခား။"
မန္ေနဂ်ာကိုအျပင္ထြက္ခိုင္းၿပီး အခန္းဝတြင္မတ္တပ္ရပ္ေနေသာ ထူးျခားပိုင္ဆီသို႔လာရင္း ေျပာလိုက္ျခင္းျဖစ္သည္။
"ဘာလို႔လဲ..ကြၽန္ေတာ့္ကို ဘာလို႔လိမ္ထားတာလဲ..."
မ်က္လုံးမ်ားရဲရဲနီေနေသာသားျဖစ္သူကို ၾကည့္၍ ေဒၚခ်ယ္ရီထူးရဲ႕စိတ္သည္ မတည္ၿငိမ္ေတာ့သျဖင့္ ေက်ာခိုင္းရပ္လိုက္ရသည္။
"ဘာေျပာခ်င္တာလဲ..မင္းက.."
အခုအခ်ိန္ထိ အမွားမလုပ္ထားသလိုပုံစံႏွင့္ ေအးေဆးတည္ၿငိမ္ေနေသာ အေမ့ကိုၾကည့္ၿပီး ကြၽန္ေတာ့္ႏႈတ္ခမ္းတို႔ တြန့္ခ်ိဳးမိသည္။သည္လိုပုံစံလုပ္မိလွ်င္ တစ္ေယာက္ေယာက္က ေျပာျဖစ္ေအာင္ ေျပာပါလိမ့္မည္။
"အဲမ်ိဳးပုံစံရီးနေနန ေက့ဝို႔လည္းကြန္းဝ ေက်ာ့အန္လည္းတက္ဇ ပီးဆိုဟာ..လူဆိုးဆိုရိ လူေလေျပာဆိုဝါ က်ေနာ္စိဆိုးဝယ္..."
(အဲ့ဒီလိုပုံစံႀကီးနဲ႕ မေနပါနဲ႕လား ၾကည့္လို႔လည္းမေကာင္း ေၾကာက္ဖို႔လည္းေကာင္းတယ္ ၿပီးေတာ့..လူဆိုးဆိုၿပီး လူေတြေျပာၾကရင္ ကြၽန္ေတာ္စိတ္ဆိုးတယ္)
တစ္ခ်ိန္က ကြၽန္ေတာ္နားလည္ရခက္သည့္ အသံဝဲဝဲေလးကို ျပန္ၾကားေယာင္ေတာ့ ရင္ခြင္တစ္ခုလုံး စုတ္ၿဖဲခံလိုက္ရသလိုပင္။
လက္သီးကိုတင္းတင္းဆုပ္ရင္း အားယူရသည္။ ခံစားရလြန္းလို႔။ ေၾကကြဲရလြန္းလို႔။ မ်ားစြာနာက်င္ရပါသျဖင့္...
"ကြၽန္ေတာ္ အတိတ္ေမ့ခဲ့တာပါ အေမ။ တစ္သက္လုံး ျပန္သတိမရေတာ့ဘူးလို႔ ထင္ေနတာလား။ ဒါမွမဟုတ္ ကြၽန္ေတာ္ကို႔ အေမ့စိတ္တိုင္းက်ေျပာင္းလဲဖို႔ စဥ္းစားေနတာလား..ဘယ္လိုလုပ္ၿပီး၊ ဘယ္လိုခံစားၿပီး..ဟား..ကြၽန္ေတာ္လည္း အေမ့သားပါ။..ထူးျခားပိုင္မွအေမ့သားမဟုတ္ဘဲ ေနထိပိုင္လည္းအေမ့သားပါလို႔.."
အသံကုန္ဟစ္ခဲ့သမွ် အဆုံးသတ္အသံသည္ တုန္ယင္လႈပ္ခတ္ေနသည္။ႏွေျမာတသျဖစ္မိသည္။အတိတ္ေမ့ေတာ့ ခ်စ္ေသာသူကိုေမ့သည္။ အတိတ္ကိုျပန္သတိရေတာ့ အခ်စ္ဆုံးသူကိုေက်ာခိုင္းရလိမ့္မည္ထင္သည္။
ေပ်ာ္႐ႊင္ျခင္းဆိုသည္ကြၽန္ေတာ္မဟုတ္ေသာ ကမၻာေပၚရွိ တျခားသူမ်ား၏
သီးသန့္ခံစားမႈလား။
ေက်းဇူးျပဳ၍ ကြၽန္ေတာ္သည္လည္း...အမ်ားနည္းတူ ေပ်ာ္႐ႊင္ဖူးခ်င္ပါသည္။
ေပ်ာ္႐ႊင္ျခင္းမ်ား ေပးသနားပါေတာ့...

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
300K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
179K 8.7K 36
Start date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။
1.1M 58.9K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...