Part 8 (U+Z)
13.6K 1.3K 10
(အခန်း ၈)
လူတိုင်းသည် ကိုယ့်အတ္တကို ကိုယ့်ရင်ဝယ်ပိုက်သည်။ကျွန်မလည်း ကိုယ်ဖြစ်စေချင်တာကို ဖြစ်အောင်လုပ်နေသလို..သားတွေကလည်း သူတို့ဖြစ်ချင်တာကို ဖြစ်အောင် ပုံဖော်နေခဲ့ကြသည်။သည်အမေမှမွေး သည်သွေးမှန်ပေမဲ့ သည်အမေလိုတော့ မဖြစ်ပါဘူး။
အဲကွန်းကြောင့် တစ်ခန်းလုံးအေးစိမ့်နေသော်ငြား ပူလောင်လာသည့်စိတ်ကြောင့် မအေးနိုင်ခဲ့ ။ဒေါ်ချယ်ရီထူး တစ်ချက်ပြုံးလိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ထောက်ခံလိုက်သည်။ ငါ မှန်တယ် ။
"အဲ့ဒီတော့..."
အမေ့ဆီမှ ပြတ်သားစွာထွက်လာသည့်စကားမှာ ကျွန်တော့်ကို ဟားတိုက်ရယ်ချင်အောင် လုပ်နေသလိုပင်။မွေးအမေသည် မပြောင်းလဲ။ နှစ်နှစ်ဆိုသည့်အချိန်သည် ကျွန်တော့်မိခင်ကို ပြောင်းလဲနိုင်စွမ်းမရှိ။ဒီအတောအတွင်း နွေးထွေးသည့်အမေ့ပုံရိပ်ကွာကျကာ ကျွန်တော်သိသော အေးစက်စက်အမေ၊ မာန်မာနတွေနဲ့အမေကို ပြန်မြင်ရပါပြီ။
"အဲ့ဒီတော့တဲ့လား.."ကျွန်တော်ပြန်မေးလိုက်သည်။
"အေးလေ...ပြန်မှတ်မိပြီမလား၊ အဲ့ဒီတော့ ဘာဆက်ဖြစ်ချင်လဲလို့၊ ဪ တစ်ဆက်တည်းကြိုပြောလိုက်မယ်။ အမေ ဘာကြောင့်ဒီလိုလုပ်လဲမမေးနဲ့ ။ ဘာကြောင့်ဆိုတာကိုမင်းသိပါတယ်။ငါတစ်ယောက်တည်းမှားတယ်လို့လည်းမစွပ်စွဲနဲ့ ။မင်းအတိတ်ကိုဖုံးကွယ်တာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ ဖုံးကွယ်ခဲ့သူတွေထဲမှာ မင်းကထိပ်ဆုံးကပဲ။ အမေကမီးစင်ကြည့်'က' ခဲ့တာပါသားငယ်ရယ်။"
ကျောခိုင်းလိုက်သည်။ဘာမျှပြန်မပြောချင်တော့။ ဒီနေရာကနေ ထွက်ခွာဖို့ခြေလှမ်းစတင်လိုက်သည်။အခန်းထဲကျန်ခဲ့သည့် အမေကိုတော့ လက်ကျန်စကားပြောရန် မျက်စိစုံမှိတ်ချမိသည်။
"မေ့ပစ်တဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းတယ်။မေ့နိုင်တာကြောင့် ပိုပြီးနာကျင်ရတယ်။ အမေ ရက်စက်ခဲ့သမျှထဲမှာ.. ဒီတစ်ခါတကယ်ထိတယ်။.."
"အမေ မရည်ရွယ်ပါဘူးကွာ.." တဲ့ ။ထိုင်ခုံတွင်ပြန်ထိုင်ရင်း ပြောလိုက်ခြင်းဖြစ်သည်။မန်နေဂျာကိုလှမ်းခေါ်ပြီး အလုပ်ကိုသာဆက်၍ အာရုံပြုနေလေသည်။
ဘာဆို ဘာမျှမခံစားရတာလား..ကျွန်တော် အမေ့ဆီကထွက်သွားတော့မှာလေ။
သိပါတယ်။ ထားပြီးသားလူ..ထွက်သွားတာ ဘယ်အရေးပါပါ့မလဲ။
ခြေလှမ်းတို့သည် အမေ့ပိုင်နက်နှင့် အဝေးတစ်နေရာသို့...