Fan Boy Is Just A Fan Boy

By mhuu99

18.7K 2.1K 135

This fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ fee... More

Fan Boy Is Just A Fan Boy Ch-1
Fan Boy Is Just A Fan Boy Ch-2
Fan Boy Is Just A Fan Boy Ch-3
Fan Boy Is Just A Fan Boy Ch-4
Fan Boy Is Just A Fan Boy Ch-5
Fan Boy Is Just A Fan Boy Ch-6
Fan Boy Is Just A Fan Boy Ch-7
Fan Boy Is Just A Fan Boy Ch-8
Fan Boy Is Just A Fan Boy Ch-9
Fan Boy is Just A Fan Boy Ch-10
Fan Boy is Just A Fan Boy Ch-11
Fan Boy Is Just A Fan Boy Ch-13
Fan Boy Is Just A Fan Boy Ch-14
Fan Boy Is Just A Fan Boy Ch-15
Fan Boy Is Just A Fan Boy Ch-16(The Last Part)

Fan Boy Is Just A Fan Boy Ch-12

954 122 6
By mhuu99

Unicode (Zawgyi below)

Taeyong's POV

နောက်တစ်နေ့ Music Core မှာ Comeback stage ဖျော်ဖြေဖို့အတွက် SM practice room မှာ လေ့ကျင့်လို့အပြီး ကျနော်တို့ညစာကို SM မှာပဲမှာစားဖို့ဆုံးဖြတ်လိုက်ကြတယ်

ကျနော့်ဘေးမှာအမြဲနေနေတဲ့ Jaehyun ကကျနော့်အတွက် သူကိုယ်တိုင်ညစာထွက်ဝယ်ပေးထားပြီး ကျန်တဲ့ member တွေအတွက် SM ကပဲတစ်ဆင့်မှာပေးထားတယ်

ကျနော်ကတော့အသင့်စားရုံဆိုပေမယ့် ကျန်တဲ့လူတွေအတွက်ကတော့ မိနစ်ပိုင်းလောက်စောင့်ရဦးမှာပေါ့

ကျန်တဲ့ member တွေက practice room မှာပဲ မှာထားတဲ့ order တွေရဖို့စောင့်နေတဲ့အချိန်မှာ ကျနော်ကလက်ဆေးဖို့ သန့်စင်ခန်းဘက်ကိုသွားရတယ်

သန့်စင်ခန်းအထိလိုက်ကာကွယ်ဖို့ကိုလည်းသူ့တာဝန်လို့သတ်မှတ်ထားတဲ့ ကျနော့်ဘေးကကိုလူချောကကျနော့်နားကနေကပ်လိုက်လာတယ်

သန့်စင်ခန်းက သာမန်မဟုတ်ဘဲ hotel တွေကအတိုင်းလုပ်ထားတာကြောင့် သန့်စင်ခန်းဆီမရောက်ခင်မှာတင် မှန်ချပ်တွေရှိတဲ့လက်ဆေးဘေစင်လျှောက်လမ်းကြီးရှိတယ်

ကျနော်ကလက်ဆေးနေတုန်း ကျနော့်ဘေးက Jaehyun ကိုမသိမသာတစ်ချက်ကြည့်လိုက်မိတယ်

သူလည်း ကျနော့်အရိပ်ပမာ လက်ဆေးနေတယ်

"Taeyong bulgogi ၂ ပွဲဝယ်လာတယ် ငါကြိုက်သလိုမင်းလည်းကြိုက်မယ်ထင်လို့"

သူဘာပြောချင်လဲကျနော်သိလိုက်ပါပြီ

အဲ့ bulgogi ၂ပွဲကို ကျနော်နဲ့အတူဒီနေ့ည ညစာအတွက်စားလို့ရမလားဆိုတဲ့စကားကိုသူပြောချင်နေတာပါ

ကျနော်မသိမသာတစ်ချက်ပြုံးလိုက်ရင်း ရေဘုံဘိုင်ဘေးကဆပ်ပြာရည်ကိုလက်ထဲထည့်လိုက်တယ်

"ငါနဲ့ညစာအတူစားကြမလား"

ကျနော်ထင်ထားတဲ့အတိုင်းသူကျနော့်ကိုမေးလာတယ်

"အင်း"

ကျနော်လည်းမလွှဲသာမရှောင်သာမို့လက်ခံလိုက်တယ်

သူကျနော့်ကိုဘေးကနေစိုက်ကြည့်နေသေးတယ်လို့ကျနော်ခံစားနေရသေးတယ်

ကျနော်လည်းမသိချင်ယောင်ဆောင်ပြီး ပြောင်စင်နေပြီဖြစ်တဲ့လက်ကိုဆက်ဆေးနေလိုက်တယ်

ရုတ်တရက်

ကျနော်ပခုံးကို Jaehyun ကဆွဲယူချလိုက်ပြီး ဒီဘက်ဘေစင်ဘက်ကနေ ဟိုဘက်နံရံဘက်ကိုကပ်ချလိုက်တော့ ကျနော့်ကျောပြင်ကနံရံရဲ့အေးစက်မှုကိုခံစားလိုက်ရတယ်

သူကျနော်ကိုအုပ်မိုးလျက်

အနောက်မှာကနံရံ

အရှေ့မှာက အနီးကပ်ဆုံးအနေအထားနဲ့ သူရှိနေတာကြောင့်ကျနော်ရှောင်ထွက်သွားလို့မရ

နီးကပ်နေတဲ့ သူ့အကြည့်နဲ့ကျနော့်အကြည့်တွေမဖလှယ်ခဲ့ရင်တောင် သူ့အကြည့်တွေကကျနော့်ဆီမှာတောက်လျှောက်ရှိနေခဲ့တယ်

ရုတ်တရက်မို့မပိတ်လိုက်ရတဲ့ရေဘုံဘိုင်ကရေတွေကလည်းစီးကျနေဆဲ...

ထိုရေသံတို့ကြားကနေ ကြားဖြတ်ဝင်လာတဲ့အသံက အမြင့်ပေါ်ကနေ ကြမ်းပြင်ပေါ်ကိုအရှိန်နဲ့ကျတဲ့အရာဝတ္ထုတွေရဲ့အသံတွေ

အခုမှကျနော်သဘောပေါက်တယ်

ကျနော်လက်ဆေးနေတဲ့အပေါ်က အထုပ်တွေကကျနော့်ပေါ်ကျမှာစိုးလို့ ကျနော့်ကိုဖယ်လိုက်တဲ့သဘော

သို့သော်လည်း သူကျနော့်ရှေ့ကမဖယ်နိုင်သေး

သူ့နှုတ်ခမ်းကထွက်လာတဲ့ ထွက်သက်အငွေ့တို့ကကျနော့်နှုတ်ခမ်းကိုရိုက်ခတ်လာတယ်

နီးသထက်နီးလာတဲ့ သူ့နှုတ်ခမ်းတွေ

"Jaehyun"

ကျနော်လက်နဲ့တွန်းလိုက်တော့ သူရပ်သွားတယ်

"မင်း...."

"Taeyong ငါ.. တောင်းပန်ပါတယ်"

"မင်းဘာဖြစ်ချင်နေတာလဲ?"

သိချင်နေတဲ့သူ့ရဲ့စိတ်တွေ ဆန္ဒတွေကိုကျနော်မေးမိတယ်

fan boy တစ်ယောက်က ကျနော့်နားကိုမရမက ကပ်လာကတည်းက သူ့ရဲ့ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေကိုကျနော်သိချင်နေခဲ့တာကြာခဲ့ပြီဖြစ်တာကြောင့်

ကျနော်ဒဲ့မေးလိုက်မိပြန်တယ်

"မင်းကငါ့ fanboy ဆိုတာငါသိပြီးပြီ နောက်ပြီး public မှာလည်းမင်းရဲ့လွန်ကဲနေတဲ့အပြုအမူတွေက ငါနဲ့ fan တွေကြားမှာပြဿနာဖြစ်လာတော့မယ် အထင်လွဲမှုတွေရော။ ဒါ့ကြောင့် မင်းဘာဖြစ်ချင်နေတာလဲ? မင်းက ငါ့ fan boy မို့ငါ့ကိုတော့ထိခိုက်အောင်မလုပ်ဘူးလို့ယုံကြည်ထားတယ်"

"ငါ....."

"......"

"ငါ မင်းကို ချစ်နေမိပြီနဲ့တူတယ်"

"ဘာာာ?"

"ငါ မင်းကိုချစ်ခဲ့တယ် ရူးသွပ်ခဲ့တယ် ဒါပေမယ့် အစတုန်းကဖြစ်ခဲ့တဲ့ အဲ့အချစ်တွေ ရူးသွပ်မှုတွေက Fan boy တစ်ယောက်က သူချစ်ရတဲ့ idol အပေါ်မှာထားတဲ့ခံစားချက်တွေပဲ။ ဒါပေမယ့်ငါ SM ကိုစဝင်လာပြီးတဲ့နောက်မှာ မင်းကိုအနီးကပ်မြင်ချင်ခဲ့တယ် ငါမြင်လည်းမြင်ခဲ့ရတယ် မင်းနားမှာငါနေခွင့်ရခဲ့တယ် မင်းကိုလည်းစောင့်ရှောက်ခွင့်ရခဲ့တယ် ။ အခုလည်း ငါမင်းကိုချစ်တယ် ရူးသွပ်တယ် ဒါပေမယ့်အဲ့ဒါတွေအခုအချိန်မှာ fan boy တစ်ယောက်ရဲ့ခံစားချက်တွေမဟုတ်တော့ဘူး Taeyong.."

shock ရသွားတဲ့ သူ့ရင်ထဲကခံစားချက်ကိုဖော်ပြတဲ့စကားတွေ....

"Jaehyun ငါမင်းကိုရိုးသားတယ်လို့ပဲထင်ခဲ့တာ"

"ငါမငြင်းပါဘူး လူကရိုးသားပေမယ့် မင်းဘေးမှာရှိနေတဲ့အချိန်တွေမှာငါ့ရင်ခုန်သံတွေမရိုးသားခဲ့ဘူး ဒါပေမယ့် ငါမင်းကိုထိခိုက်အောင်ဘာမှမလုပ်ခဲ့ဘူးလေ"

ကျနော့်ကိုသူကျောသိုင်းပြီးဖက်လာတယ်

နွေးထွေးမှုကကျနော့်နှလုံးသားအထိပါရောက်တယ်

"မင်းသိလား ငါမင်းကိုဒီလိုလေးဖက်ထားချင်သလို မင်းကိုဘယ်သူမှဆွဲခေါ်သွားလို့မရအောင်လည်းရင်ခွင်ကျယ်မှာဖမ်းထားချင်သေးတာ အနမ်းချိုချိုတွေကိုလည်းငါပေးချင်သေးတာ အမှန်အတိုင်းပြောရရင် မင်းရင်ခုန်သံတွေကိုပိုင်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တာ.."

ကျောသိုင်းဖက်ထားရာကနေကျနော့်အရှေ့ကိုသူပြန်ရောက်လာတယ်

ဒုတိယအကြိမ်မြောက်ရှေ့တိုးလာတဲ့ သူ့ရဲ့နှုတ်ခမ်းတွေက ကျနော့်ရဲ့ပါးလွှာတဲ့အပေါ်နှုတ်ခမ်းကိုဆွဲငင်လိုက်တယ်

"Jaehyun မင်း..... အခုဘာတွေလုပ်နေတာလဲ? ငါကမင်းဆော့ချင်တိုင်းဆော့လို့ရတဲ့အရုပ်မဟုတ်ဘူးနော် နောက်ပြီး မင်းသိထားရမှာက မင်းတစ်ယောက်တည်းငါ့ကိုချစ်တာမဟုတ်ဘူး ငါ့ကိုချစ်တဲ့သူတွေအများကြီးရှိနေတယ် မင်းလောက်ငါ့နားကိုနီးနီးကပ်ကပ်မရောက်နိုင်ပေမယ့် အဝေးမှာနေလျက်နဲ့တောင်ငါ့ကိုသူတို့အသည်းနှလုံးတွေအားလုံးနဲ့ရင်းပြီးချစ်ပေးနေကြတဲ့သူတွေအများကြီးရှိတယ်...ဆိုလိုတာက မင်းဖြစ်ချင်တိုင်း ငါမလိုက်လျောနိုင်ဘူး"

"Taeyong မလိမ်စမ်းပါနဲ့ မင်းနားကိုငါဒီလောက်ထိနီးနီးကပ်ကပ်ထိတွေ့တဲ့အချိန်တိုင်းမှာ မင်းရဲ့ရင်ခုန်သံတွေကို ငါ့နှလုံးသားကငှားထားတဲ့အတိုင်း ထပ်တူခံစားရပြီးကြားနေရတယ် စောနက နောက်ကျောကနေငါမင်းကိုဖက်လိုက်တဲ့အချိန်မှာ မင်းရဲ့ရင်ခုန်သံတွေကငါ့လက်ဖဝါးမှာလိုက်ရိုက်နေတာ"

အကင်းပါးလွန်းတယ်

လည်လွန်းတယ်

ဒါမှမဟုတ်ကျနော်ကပဲပိန်းတာလား

ဟန်ဆောင်မကောင်းတာလား

ပူတက်လာတဲ့ပါးပြင်တွေက အပြင်မှာအနီရောင်သန်းနေပြီလားလို့ကျနော့်ကိုကျနော်ထိတ်လန့်စွာပြန်မေးမိတယ်

"ရင်ခုန်သံမှန်နေပြီပဲ မင်းငါ့ကိုမချစ်ဘူးလို့ငြင်းဦးမလို့လား?"

ကျနော်သူ့ကိုချစ်ခဲ့မိလို့လား

ချစ်မိလို့လား

သူကျနော့်နားမှာနေပြီး ကျနော့်ကိုစောင့်ရှောက်တိုင်း လိုတာထက်ပိုနေလို့ touch ဖြစ်ပြီးရင်ခုန်မိတာတော့ရှိကောင်းရှိလိမ့်မယ်

ချစ်တယ် မချစ်ဘူးတော့ကျနော် ကိုယ့်ဘာသာကိုယ်တောင်မဝေခွဲတတ်ဘူး

"ငါသွားတော့မယ် ဖယ်"

"Taeyong! ဘာ့ကြောင့် မင်းကိုယ့်ကိုယ်ကိုလိမ်နေရတာလဲ?"

"ငါ ငါ့ဘာသာငါလိမ်နေတာမဟုတ်ဘူး ငါမသိတာ ငါအခုခံစားနေရတာဘာမှန်းမသိတာ! မင်းရဲ့ manager တစ်ယောက်ထက်ပိုတဲ့လုပ်ဆောင်ချက်တွေကငါ့ကိုထူးဆန်းစေပြီး ရင်ခုန်စေတာကလွဲရင်ကျန်တာငါဘာမှမသိဘူး"

"အဲ့ဒါ မင်းမသိစိတ်က ငါ့ကိုချစ်နေတာ"

"ဒီလောက်လေးနဲ့ အဲ့ဒါကိုအချစ်လို့မင်းသတ်မှတ်တယ်လား"

"အချစ်ဆိုတာ အသေးအဖွဲလေးကနေစတာပဲလေ ပြီးမှ ကြီးကြီးမားမားရူးသွပ်လာရတာ"

"မင်းက အချစ် ဆိုတော့လည်း အဲ့ဒါအချစ်ပဲနေမှာပေါ့?"

ကျနော်ဝေ့လည်ကြောင်ပတ်စကားတစ်ခွန်းပြောပြီးသူ့ရှေ့ကနေထွက်လာလိုက်တယ်

သူ့နှုတ်ခမ်းကအပြုံးလေး

ကျနော့်နှုတ်ခမ်းကအပြုံးလေး

တစ်ချိန်တည်းမှာ ပြိုင်တူပေါ်လာခဲ့ပြန်တယ်

အဲ့နေ့ အဲ့ည အဲ့အချိန် လေးကကျနော့်ကိုထူးဆန်းမှုကြီးကြီးကနေချိုမြိန်မှုကိုပြောင်းလဲပေးခဲ့တယ်

အခုထိမပိတ်ရသေးတဲ့ရေဘုံဘိုင်ကရေစီးကျသံတွေကလည်း အချစ်တေးကဗျာအလားနားဝင်ချိုနေစေတယ်။

********************

သန့်စင်ခန်းမှာ လက်ဆေးပြီး practice room အပြင်ဘက်က စားပွဲတစ်ခုမှာ သူရယ်ကျနော်ရယ်နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး သူဝယ်လာပါတယ်ဆိုတဲ့ bulgogi ၂ပွဲကို ညစာအဖြစ်အတူတူစားကြလေရဲ့

"စားကောင်းလား"

"အင်း"

"ကြိုက်တယ်ဆိုရင် နောက် ငါကိုယ်တိုင်ချက်လာပေးမယ်"

"hahah gomawo"

"မနက်ဖြန်ယူလာခဲ့ပေးမယ်ကွာ"

"အင်းပါ ငါကရော ဘာပြောနေလို့လဲ?"

သူနဲ့ကျနော်ခဏလောက်တိတ်ဆိတ်သွားကြတယ်

"ဒါနဲ့ Jaehyun"

ကျနော်ကပြန်စကားစလိုက်တော့သူခေါင်းထောင်လာတယ်

"omm?"

"ငါတို့အကြောင်းကို ငါ့ member တွေကလွဲရင်ဘယ်သူမှမသိစေချင်ဘူး အထူးသဖြင့် staff တွေနဲ့ fan တွေ"

"အင်းပါ အဲ့လောက်ကတော့ငါသိပါတယ် မင်းဆိုတဲ့လူမျိုးကလည်း သာမန်လူတွေလိုလွတ်လွတ်လပ်လပ်နဲ့နေလို့ရတဲ့လူမှမဟုတ်တာ personal တောင် public ချပြလို့မရတဲ့လူမျိုးမလား အဲ့လောက်တော့ငါသိပါတယ်"

အများသိလို့မဖြစ်တဲ့ ကျနော့်ရဲ့ကိစ္စတွေထဲမှာ ကျနော်တန်ဖိုးအထားဆုံးနဲ့ ဖုံးကွယ်ထားရသော Jaehyun နဲ့ကျနော့်မေတ္တာရေးဟာ လူသိမခံနိုင်တဲ့ချုပ်နှောင်ကြိုးတစ်ချောင်းဖြစ်လာခဲ့ရတယ်

ရိုးသားမှုနဲ့ဖြူစင်ခြင်းတို့နဲ့ဖုံးကွယ်ထားရတဲ့ ကျနော့်ရဲ့နောက်ကွယ်ကချစ်ခြင်းတို့က သူ့ ဆီမှာ....

ထောင်ချောက်တစ်ခုကိုသစ်ရွက်ခြောက်တို့နဲ့ဖုံးကွယ်ထားရသလို အန္တရာယ်များလွန်းတယ်

Taeyong's POV End

#########

ဒီ fic လေးတင်ရင်းတင်ရင်းနဲ့ ပြီးတောင်ပြီးခါနီးပြီရယ် 😘

နည်းနည်းပဲကျန်တော့တယ်

#Mhuu (မှူး)




Zawgyi ver

Taeyong's POV













"အင်း"



ရုတ်တရက်


အနောက်မှာကနံရံ




"Jaehyun"


"မင်း...."






"ငါ....."

"......"


"ဘာာာ?"











အကင်းပါးလွန်းတယ်
လည်လွန်းတယ်




ချစ်မိလို့လား


"ငါသွားတော့မယ် ဖယ်"










********************


"စားကောင်းလား"

"အင်း"


"hahah gomawo"




"ဒါနဲ့ Jaehyun"


"omm?"





Taeyong's POV End

#########

#Mhuu (မှူး)

Continue Reading

You'll Also Like

1.6M 57.2K 29
"how have you never held a gun before?" - DISCLAIMER: profanity, homicide, organized crime - #1 in chan | january 8, 2020 #1 in felix | september 11...
1.9M 86.8K 54
☆Soulmate au ☆They were fated together Cover by @lor-beer
247K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1.1M 49.3K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC