🎻🎶🎻.....
Sehun ဗိုက်အောင့်တာက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာ
ခဲ့သည်။ Luhanကိုလည်း သူအပူမပေးစေချင်တာကြောင့်
မပြောပဲနေခဲ့သည်။
'ah!!...´
'Sehun!´
'Kai ah ငါ...ငါလေ ဗိုက်အရမ်းအောင့်တာပဲ´
'Luhanကို ခေါ်လိုက်ရမလား?´
'ဟင်...arnyi မခေါ်ပါနဲ့ သူအလုပ်ရှုပ်နေမယ်´
'Sehun မင်းဆေးရုံပြသင့်ပြီ မင်း ဆိုးကျိုးတွေထိနေပြီ
ထင်တယ်´
'Kai ah မင်းကငါ့အတွက် သူငယ်ချင်းကောင်းပါကွာ´
'မင်းဘာသဘောပြောချင်လဲ ငါနားလည်တယ် Sehun
ဒါပေမယ့်!´
'မပြောနဲ့ Kai ငါ ကလေးကို ထပ်စိတ်မညစ်စေချင်ဘူး!!
ကလေးကို ငါအမြဲပျော်နေစေချင်ခဲ့တာ!´
'မင်းအချစ်က သိပ်ကို နားလည်ရခက်ပါလား Sehunရာ´
'haha! မင်း ခေါင်းရှုပ်နေပြီလားလေ?´
'မင်းငါ့ကိုတော့ ကတိပေး!´
'ဘာကတိ´
'ငါနဲ့ မနက်ဖြန် ဆေးရုံသွားရမယ်!!´
'အေးပါကွာ ငါ ကတိပေးပါတယ်´
'ငါ အောက်ထပ်မှာ လိုအပ်တာလေးတွေမှာထားခဲ့မယ်
ငါလည်း company သွားရအုန်းမယ်´
'မင်းလည်း ပင်ပန်းနေပြီ´
'ဒါဆို မင်းမြန်မြန်နေကောင်းအောင်နေလေ!´
Kaiရဲ့ ဒေါသက ကျွန်တော့်ကိုအားဖြစ်စေပါတယ်...Kai
ပြောသလို ကျွန်တော်လည်းနေအမြန်ပြန်ကောင်းချင်မိတယ်
ကျွန်တော်နေပြန်ကောင်းခဲ့ရင် ကလေးနဲ့အမှတ်တရလေးတွေ
အတူဖန်တီးမယ်...ကလေးကို အရမ်းချစ်ကြောင်း ထိုင်ပြော
မယ်...ကလေးကို ဒိထက်မကချစ်ပေးမယ်...
ဘုရားသခင်...ကျွန်တော့်အား ကလေးနဲ့ ထာဝရမဟုတ်ရင်
တောင် ထာဝရထက် မလျော့တဲ့ အချိန်အတိုင်းအတာအား
ပေးသနားပါ...
Sehun ရင်နာစွာငိုကြွေးရင်း...ထိုးအောင့်လာတဲ့ဗိုက်ဖိနှိပ်
ထားမိသည်။ ဒဏ်ရာတို့ကို ကုတင်ခင်းပေါ်ပုံချမိကာ ကျစ်,
ကျစ်ပါအောင် ဆုပ်ချေထားမိသည်။
⏳❤⌛❤⏳❤⌛
အချိန်ကိုကြည့်လိုက်တော့ နေ့လည် ၁နာရီတောင် ထိုးနေပြီ
Arjeoshi ထမင်းကော စားပြီးရဲ့လား???
'Luhan ထမင်းသွားစားရအောင်လေ´
'ah nae Kai Hyung ခဏနော်´
'ကို အပြင်မှာစောင့်နေမယ်´
'nae Hyung!´
Kai ထွက်သွားပြီးတော့ Luhan Sehunဆီဖုန်းခေါ်
လိုက်သည်။
ဖုန်းcontactထဲက arjeoshiဆိုတဲ့ အသည်းပုံလေး
တွေနဲ့ မှတ်သားထားတဲ့ nameလေးကိုကြည့်ရင်း ကျွန်
တော်ပြုံးလိုက်မိတယ်...
အချစ်ဆိုတဲ့အရာက ဒီလို ph.nameလေးကိုတောင်
ပြုံးစေတယ်လေ❤
'hello arjeoshi?´
'Luhanလေး အဒေါ်ပါ´
'ဟင် arjeoshiကော?´
'အပေါ်ထပ်မှာ ဖုန်းက အောက်ထပ်မှာကျန်ခဲ့တာ Sehun
သခင်လေးက အိပ်နေတယ် Luhanလေး!´
'သူ ထမင်းကော စားပြီးပြီလား arjeoma´
'အင်း ဒါပေမယ့် အစားနည်းတယ်´
'သူ နေကော ကောင်းရဲ့လား?´
'အင်း သူနေကောင်းပါတယ် Luhanလေး´
'သူ နေ့လည်ဆေးကော သောက်ပြီးရဲ့လား?´
'သူသောက်ပါတယ် Luhanလေး´
'ဟုတ် ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်´
'nae´
Luhan Sehunအား အားမရစွာတွေးရင်း Kaiနဲ့ထမင်း
စားရန် ထွက်လာခဲ့သည်။
'Luhan အလုပ်တွေကို အရမ်းကြီးမလုပ်နဲ့´
'ဟီး nae!´
'မနက်ဖြန် meetingရှိတယ်နော် စောစောလာခဲ့နော်´
'nae Hyung´
'ကိုမနက်ဖြန် meetingကိုတက်နိုင်မယ်မထင်ဘူး´
'wae Hyung?´
'ကို သွားစရာနေရာလေးရှိလို့ပါ´
'arr nae Kai Hyung!´
'အင်း မင်းကပဲ meetingကို ဦးဆောင်ပေးပါအုန်းကွာ´
'စိတ်ချပါ Hyung ကျွန်တော် တော်တော်ကျွမ်းနေပြီ´
'မင်းကလေ သိပ်ကိုချစ်ဖို့ကောင်းတာပဲ အဲ့တာကြောင့် မင်း
ကို Sehunက အတ္တကြီးတာ´
'arjeoshi ရဲ့အချစ်တွေက ကျွန်တော့်အတွက် တန်ဖိုး
အရမ်းကြီးလွန်းပါတယ်´
'ဒါဆိုလည်း မင်းက Sehun ကို ပိုချစ်ပေးလိုက်ပေါ့´
'Kai Hyung ကျွန်တော့်ကို စိတ်မဆိုးဘူးလား´
'ကိုက ဘာကိုစိတ်ဆိုးရအုန်းမှာလဲ မင်း Sehunကို ဒိထပ်
ချစ်ပေးရင်ကိုပဲ ကိုကအရမ်းကျေးဇူးတင်နေပြီ!´
'gomawow Hyung jinja gomawow
ကျွန်တော် arjeoshiကို ဒိထက်မက ချစ်သွားပါ့မယ်!!´
'ကတိနော်´
'အင်း ကတိ!´
'အင်း ကဲ,ကဲ ဆက်စားတော့´
'nae!´
°º¤ø,¸¸,ø¤º°'°º¤ø,¸,
Sehun အိပ်ယာထပ်မှာ လူးလိမ့်လို့နေသည်။ တစ်ခါတစ်
ခါ စိတ်လွတ်ထွက်သွားမတက် ထိုးကိုက်လာတဲ့ နာကျင်မှုက
သူ့အတွက် နာကျင်လွန်းလှသည်။
ဒေါက်...ဒေါက်!!
'arjeoshi!´
ကလေးပြန်လာနေပြီ...ကျွန်တော် ဟန်ဆောင်မှဖြစ်မယ်...
ကျေးဇူးပြု၍...ကျေးဇူးပြု၍ ထပ်ပြီးမနာကျင်ပါနဲ့တော့!!!
Sehun ကုတင်ထပ် ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ထိုင်
လိုက်သည်။ wheel chairနဲ့နေသားကျနေပြီဖြစ်တာ
ကြောင့် လျင်မြန်စွာပဲ ထိုင်လိုက်သည်။ နှဖူးပေါ်က စီးကျနေတဲ့ချွေးစေးတို့ကို အမြန်သုပ်ပစ်ရင်း တံခါးသွားဖွင့်ပေးလိုက်သည်။
'ကလေး!´
'ဘာလို့ lockချထားရတာလဲ???´
'ဟို...ကို ကောင်းကောင်းအနားယူချင်လို့ပါ´
'arjeoshi တစ်ခု,ခုဖြစ်နေရင် ဘယ်သူက ကူပေးမှာလဲ
နောက်ဆို lockမချနဲ့နော်´
'အင်းပါ´
'ဒါနဲ့ ချွေးတွေပြန်နေသလိုပဲ နေမကောင်းဘူးလား?´
နှဖူးပေါ်ရောက်လာတဲ့ လက်လေးကို တယုတယ ယူလိုက်ရင်း နမ်းမိတယ်...နောက်ဆို ကျွန်တော် ဒီလက်လေးတွေကို နမ်းရှိုက်ခွင့်ရပါဦးမလား???💔
'arnyi ကိုနေကောင်းပါတယ် ကလေးရဲ့´
'အင်းပါ ခဏနေရင် လေ့ကျင့်ခန်း ထပ်လုပ်ရမယ်နော်´
'nae!´
'😘´
'အား!! အလွမ်းတွေက အနမ်းနဲ့တင် ပြေသွားပြီ´
'aigoo ကဗျာတွေဆန်နေပြန်ပါပြီ´
'ကလေးနဲ့တွေ့ရင် အလိုလိုနူးညံတတ်တာပါကွာ´
'ဟုတ်ပါပြီဗျား ဟီး...ဟီး´
'ကလေးရာ သိပ်ချစ်ဖို့ကောင်းတာပဲကွာ´
'Luပဲဟာကို!´
'ဟုတ်ပါပြီ Luလေးရယ်´
'ဟီး!´
အချိန်တွေကို ရပ်တန့်ထားလို့ရရင်ကောင်းမယ်...
ဒီအချိန်လေးမှာသာ အကြာကြီးနေချင်မိတယ်....
ကလေးရဲ့အပြုံးလေးတွေကို ကြည့်နေချင်တယ်..
အရမ်းချစ်တယ် ကလေးလေးရယ်💔💔💔
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
'လူနာက အစာအိမ်မကောင်းတော့ဘူး!´
'nae?´
'လူနာရှင်တွေကို အသိပေးဖူးတယ်ထင်တယ် သူသောက်ရ
တဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးက အစာအိမ်ကို ထိခိုက်
စေတယ် သူမခံမရပ်နိုင်အောင် ထိုးကိုက်လာမယ်...ဒီလိုဖြစ်
နေတာဟာ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သူခံစားနေရ
တာပါ!´
'ဒါ...ဒါဆို သူ ဘယ်လိုဖြစ်မှာလဲ doctor?´
'သူ အစာအိမ်ဆေးကို သေချာလေးသောက်ရမယ်...ဒါပေ
မယ့် အဲ့တာက တအားနောက်ကျလွန်းမယ်...ဒါပေမယ့် သူ့
အတွက် အချိန်အတိုင်းတာတစ်ခုတော့ တောင့်ခံနိုင်မှာပါ´
'doctor ဆိုလိုချင်တာက´
'ဟုတ်ပါတယ် သူ အချိန်ခဏပဲ အသက်ရှင်နိုင်တော့မယ်´
'ဗျာ!!!´
Kai နားထဲသံရည်ပူလောင်းချလိုက်သလို ပူလောင်သွားရ
သည်။ သူအရမ်းခင်တဲ့ Sehunက သေရတော့မည်။
Sehun သာသိလျှင်လည်း...
'ကုလို့မရတော့ဘူးလားဆရာ´
'အချိန်မလွန်ခဲ့ဘူးဆိုရင်တော့ သူ့သက်ရှင်မှာပါ´
'ဒါဆို သူ့ခြေထောက်တွေ အမြန်ဆုံးပြန်ကောင်းအောင်လုပ်
ရမှာပေါ့နော်?´
'ဟုတ်ပါတယ် လူနာကို တွန်းအားပေးပါ...လေ့ကျင့်ခန်းကို
အင်တိုက်အားတိုက်လုပ်ပေးပါ!´
'ကောင်းပါပြီ doctor ကျွန်တော်တစ်ခုလောက်တောင်း
ဆိုပါရစေ´
'လူနာရှင်ပြောပါ´
'ဒ်ီကြောင်းအရာတွေကို ဘယ်သူလာမေးမေး မပြောပါနဲ့
နော်´
'ကောင်းပါပြီ´
'ကျေးဇူးတင်ပါတယ် doctor´
Kai စိတ်မကောင်းစွာနဲ့ပဲ Sehunရှိရာကို လျှောက်လာ
ခဲ့သည်။ဘေးတစောင်းမြင်နေရတဲ့ Sehunရဲ့ပုံစံက နဂိုရှိ
ရင်းစွဲထက် ပိုလို့ပင် ကြည့်ရစိုးနေသည်။
'Kai doctorက ဘာတဲ့လဲ´
'အင်း မင်းလေ့ကျင့်ခန်းကို ဒိထပ်ပိုလုပ်ပါတဲ့ ဒါဆိုမင်း
အခြေအနေက အားလုံးကောင်းသွားပြီ´
'မင်းငါ့ကိုလိမ်နေတယ်!!´
'ငါမလိမ္ဘူး!´
'ငါမင်းနဲ့ပေါင်းလာတာ တစ်ပတ်နှစ်ပတ်မဟုတ်ဘူး Kai!´
'ငါ...ငါ!´
'ငါ့ ကို အမှန်တိုင်းပြောပြပေးပါနော် Kai´
Kai အရှိအတိုင်းပြောပြလိုက်သည်။
Hak!...ကျွန်တော်က သေရတော့မှာတဲ့လား...?
ဘာလို့လဲ?...ဘာလို့ ကျွန်တော့်ကိုမှ ဒီလောက်ထိ ရက်စက်
နိုင်ရတာလဲ ဘုရားသခင်...?
ကျွန်တော် ဒဏ်ခတ်ခံနေရတာလား...?
Sehun မျက်ရည်တွေကြားထဲက အသံထွက်အောင်ရယ် နေမိသည်။Kai ကြည့်နေရင်းနဲ့ မျက်ရည်လည်လာတာ
ကြောင့် အခန်းပြင်ကိုသာ ပြေးထွက်ခဲ့သည်။
💔(╯︵╰,)💔
'arjeoshi ဘယ်သွားနေတာလဲ အော် Kai Hyung´
'ကိုတို့ ဒီအတိုင်းအပြင်ခဏသွားကြတာပါ´
'ah အင်း လာ Luတွဲပေးမယ်´
'Luhan Sehunကို လေ့ကျင့်ခန်းသေချာလုပ်ပေး
နော်´
'အင်းပါ´
'Sehun ဒါဆို ငါပြန်အုန်းမယ် luhan ကိုသွားပြီ!´
'nae Kai Hyung´
'arjeomaရေ wheel chairလေး အပေါ်ထပ်ကို
ယူလာပေးပါအူန်းနော်!!´
'nae Luhanလေး!´
'arjeoshi သေချာတွဲထားနော်´
'ဟုတ်ကဲ့ပါဗျာ!´
'haha!´
မင်းပျော်နေတာလေးပဲ မြင်ချင်တယ် ကလေးလေးရာ...
မင်းကို ကိုယ့်ကြောင့်နဲ့ စိတ်မညစ်ချင်ဘူး...
'ထိုင်နေအုန်းနော် arjeoshi´
'babe!´
Sehun luhan ခါးလေးကိုဆွဲယူဖက်လိုက်သည်။
သူ့ရဲ့မျက်ရည်တွေကို Luhanရဲ့ အင်္ကျီပေါ်မှာ သိုဝှက်
ထားမိသည်။ Luhanကို သူမထားခဲ့ချင်...Luhanနဲ့
အသက်တွေကြီးတဲ့အထိ အတူနေချင်သေးသည်။
'arjeoshi wae?´
'arnyi ကလေးကို လွမ်းလို့!´
'aigoo ခဏလေးပဲ ခွဲရသေးတာကို´
'ဟုတ်တယ် ကိုသာ ကလေးကို အကြာ.ကြီးခွဲသွားခဲ့ရင်
ကို ဘယ်လိုနေရမလဲမသိဘူး´
'ဟာ arjeoshi ဘာတွေမဟုတ်တာတွေ လျှောက်ပြော
နေတာလဲ!!...Luမကြိုက်ဘူးနော်!!´
Luhan Sehunကို တွန်းထုတ်ရင်း ၀ရံတာဘက်ကို
ထွက်လာခဲ့သည်။ ထိုအချိန် စားပွဲစောင်းနဲ့တိုက်မိတာကြောင့်
Luhan ချော်လဲသွားသည်။
'babe!!!´
Sehun ရုတ်တရက်လုပ်လိုက်တဲ့အမူအရာကြောင့် Luhan အံ့သြသွားရသည်။
'ar...arjeoshi!´
'babe ဘယ်နားထိသွားတာလဲ ဂရုစိုက်လေကွာ...ကို...
ကိုတောင်းပန်ပါတယ်နော်!´
'ခဏ...arjeoshi ဒီကို ဘယ်လိုရောက်!´
'ဟမ်´
ဟုတ်သည်။ Luhanချော်လဲသွားတာမြင်တော့ Sehun
ကုတင်ပေါ်က ရုတ်တရက်ထမိလိုက်သည်။ နောက်ဆုံး သူ
Luhanဆီကို ဘယ်လိုရောက်သွားမှန်းမသိ သူပင်မသိ
လိုက်....
'babe?´
'wow arjeoshi!!!´
'ကလေးလေး...ဒါ...ဒါဆို ကို?´
'အင်း...အင်း...ဟုတ်တယ် arjeoshiနေကောင်းသွား
ပြီ!!!´
ကျွန်တော် သူ့အားဖက်လိုက်တယ်...သူပျော်သလို ကျွန်
တော်လည်း အရမ်းပျော်မိတယ်...ကလေးချောလဲသွားတော့
ကျွန်တော့်စိတ်တွေအရမ်းပူသွားခဲ့တယ်...ဒါဟာ ကျွန်တော့်
ခြေထောက်တွေအတွက် လှူံ့ဆော်မှူတစ်ခု ဖြစ်သွားတာလား
ကျေးဇူးတင်လိုက်တာ...
'arjeoshi ထကြည့်ပါလား?´
'ကို...ကိုကြောက်တယ်´
'Luကို ချစ်တယ်မလား?´
'အင်းလေ´
'ဒါဆို Luဆီလျှောက်ြပီး Luကို နမ်း´
Luhanပြောလိုက်တော့ Sehunဖြေးဖြေးချင်း ထကြည့်
လိုက်သည်။ ပထဆုံးဆိုတော့ Sehun လဲကျသွားသည်။
ဒုတိယတစ်ခေါက် သူ စားပွဲခုံကို အားပြုရင်းထကြည့်လိုက်
သည်။
ကြမ်းပြင်ပေါ် ညီညာစွာရပ်နေပြီဖြစ်တဲ့ သူ့ခြေထောက်တွေ
ကိုကြည့်ရင်း သူအရမ်းပျော်သွားသည်။
အခုဆို သူ Luhanဆီ သွားလို့ရပြီမဟုတ်လား???
Sehun Luhanဆီ တစ်လှမ်းချင်းလျှောက်သွားလိုက်
သည်။ Luhan လက်ဆီးကာကြိုဆိုလိုက်သည်။
'arjeoshi ချစ်တယ်´
'ကိုလည်း ကလေးကို အရမ်းချစ်တယ်´
တောင့်တနေပြီဖြစ်တဲ့အနမ်းတို့ကို သူ့ဆီကနေ ရမ္မက်ဆန်,ဆန် ယူနေမိတယ်...လွမ်းနေရတဲ့ နှူတ်ခမ်းလေး...တုံပြန်
နမ်းလာတဲ့ ထိုနှူတ်ခမ်းလေးကို ငုံထားလိုက်မိတယ်...
အခုချိန်ဟာ ကျွန်တော့်အတွက်တော့ အပြည့်စုံဆုံးပင်...
အရမ်းချစ်တယ်...❤❤❤
TBC>>>
ကိုယ့်ဘာာသာ ရေးနေရင်း Ohseကို သနားနေတာ😭
ခြေထောက်တော့ ပြန်ကောင်းသွားပြီလေနော့်😭
တစ်ပတ်ထဲကို ၂ပိုင်း updateပေးတယ်နော် 😒😒😒
အားဆေးမကျွေးလို့ကတော့😏နောက်တစ်ပိုင်း မဆွိဘူး😋
Luv U All❤