ခ​လေးချစ်​​သောလူကြီး

By user27078499

108K 7.4K 999

#Bl boy x boy အချစ်​က ဟန်​​ဆောင်​ခြင်းကင်းတယ်​ မာယာကင်းတယ်​ ထိုက​လေးနှစ်​​ယောက်​ကို ချစ်​​သော အချစ်​က ဖြူ... More

Hallo
EP.1
Ep.3
Ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Please for waiting Thanks 😍💚💚
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
EP.17
Special Ep(over )

Ep.2

5.4K 362 4
By user27078499

"သား"

"ဗျာ ​မေ"

"သားပါးပါး သားကိုအိမ်​လာဖို့​ခေါ်ထားတယ်​ သား ....ပါးပါးကို ဘာ​တွေ ပူစာထားပြန်​ပီလဲ"

"​မေကလဲ သားဘားမှမပူစာပါဘူး ဟို​နေ့က Tvကြည့်​​နေရင်း Game စက်​အသစ်​​တွေ ​တွေ့လို့ လိုချင်​လိုက်​တာပဲ​ပြောမိတာ "

"သားရယ်​ ခ​လေးလဲမဟုတ်​​တော့ဘူး ခုထိ အဲ့game​တွေပဲ ​ဆော့ဖို့ စိတ်​ဝင်​စား​နေ သားဆယ်​တန်း​ရောက်​​နေပြီ​နော်​ "

"​ခုမှ ​ကျောင်းဖွင့်​ခါစ ကို စာ​တွေမှ အ​ရေးမကြီး​သေးတာ သားလိုက်​နိုင်​ပါတယ်​​မေရဲ့ သားပါးပါးစီ သွားလိုက်​အူးမယ်​"

"မဖြစ်​​သေးပါဘူး စာလိုက်​နိုင်​လဲ အ​ဆော့မတ်​​နေတာနဲ့ စာလုပ်​မှာ မှမဟုတ်​တာ မမလင်းတို့ကို ​ပြောထားအုံးမှပါ ပူစာသမျှ ဝယ်​မ​ပေးဖို့ကို "

"​မေရာ သားမပူ ပါဘူးဆို သွားပြီ တတာ "

"ဟဲ့ ​ဩော်​ ဒီခ​လေး"

မေ့ ပါး​ဖောင်း​ဖောင်း​လေးကို ဆွဲပစ်​ခဲ့ပီးမှ ​ပြေးထွက်​လာ​ခဲ့လိုက်​သည်​ ပါးပါးစီက gameစက်​အသစ်​ကို စိတ်​ဝင်​စား​နေမိသည်​ ......

"ပါးပါး "

"မင်းဘယ်​သူလဲ ဘာလို့သူများခြံထဲ အသံမ​ပေးပဲဝင်​လာတာလဲ"

ခြံထဲက​နေ အိမ်​ထဲ​ အ​ပြေးတပိုင်းဝင်​လာတဲ့​ခြေလှမ်း​တွေက အိမ်​​ပေါက်​ဝနားအ​ရောက်​မှာ ​နောက်​က အသံ​ကြောင့်​ ရပ်​တန့်​သွားရသည်​...။
ကိုကို........အသိစိတ်​တစ်​ချို့၏ အတွင်းပိုင်းစီမှ ခပ်​တိုးတိုး ထွက်​ကျလာတဲ့ စကားစု တစ်​ခု.....
Gameစီကိုသာ အာရုံ​ရောက်​​နေတာမို့ ခြံထဲမှာရှိ​နေ​သော သူ့ကိုမမြင်​ ကား​ရေ​ဆေး​နေပုံရ​သော သူသည်​ လက်​ထဲတွင်​ဆပ်​ပြာအမြှုတ်​များပြည့်​​နေတဲ့​ဖော့တုံးတစ်​တုံးကိုကိုင်​ထားသည်​ ဒူးမ​ရောက်​တ​ရောက်​ ​ဘောင်းဘီတိုအနက်​နှင့်​ ဖြူစွတ်​​သောစွပ်​ကျယ်​​ကို ဝတ်​ထားတာ​ကြောင့်​ အင်္ကျီကင်းလွတ်​​နေတဲ့ လက်​​မောင်းကြွက်​သားများမှ ​သွေး​ကြောများကိုပင်​ မြင်​​နေရသည်​ ......။

ယောက်ျားပီသ​သော ရုပ်​ရည်​ .....
မြင့်​မားသည့်​ အရပ်​အ​မောင်း....

"​ဟေ့ ​မေး​နေတယ်​​လေ ငယ်​ငယ်​​လေးနဲ့ နား​လေး​နေလား"

"ဘာလဲ"

"မင်းဘယ်​သူလဲ ဘာလာလုပ်​တာလဲလို့"

မမှတ်​မိဘူးလား....ကျ​နော့်​ကိုမြင်​တာနဲ့ မှတ်​မိလိမ့်​မယ်​လို့ ပါးပါး​ပြောဖူးတယ်​ ကျ​နော်က ငယ်ရုပ်မ​ပြောက်ဖူးတဲ့ ​​​​ခုကျ​နော့်​မျက်​နှာကို ​သေ​သေချာချာကြည့့်​ပီး​မေး​နေတဲ့သူက မမှတ်​မိဘူးတဲ့လား.....

"ခင်​ဗျားစီ မဟုတ်​တာ​တော့​သေချာတယ်​"

"ဘာ"

"ဖယ်​ "

ရှေ့ကပိတ်​​နေတဲ့ သူ့ကိုယ်​ကြီးကို ဝင်​တိုက်​ခဲ့လိုက်​သည်​ မှတ်​က​ရော ခင်​ဗျား​တောင်​မမှတ်​မိတာ ကျ​နော်​က ဘာကိစ္စ​ပြောရမှာလဲ.......

"ပါးပါး"

"​ဟော သားငယ်​​ လာ ပါးပါးမ​နေ့က သားလိုချင်​တယ်​ဆိုတဲ့ဟာ ဝယ်​လာတယ်​ "

"ဟီး အာ့​ကြောင့်​ ပါးပါးကိုချစ်​တာ "

"အမယ်​​လေး သူ့ပါးပါးပဲ ချစ်​တယ်​ဆို​တော့ မားကို​မေ့​နေပြီ​ပေါ့ "

"မဟုတ်​ပါဘူး မားမားကလဲ သားက ပါးပါး​ရော မားမားကို​ရော ချစ်​တာ နှစ်​​ယောက်​လုံးတူတူပဲ ဟီး "

"Aigooo အဲ့ဒါ​လေးနဲ့ပဲ ကပ်​ချွဲ​နေတာ ဒီမှာ မားသားငယ်​​လေးတွက်​ မုန့်​ယူလာတယ်​"

"ဟာ ​ချောကလတ်​ကိတ်​ မားမှတ်​မိတယ်​"

"မား သားငယ်​​လေးရဲ့အကြိုက်​ကို မား​မေ့ပါ့မလား ကွယ်​"

မေ့တဲ့သူက​မေ့​နေပါပြီ သားအကြိုက်​​ရော သားကို​ရော။

"​ဩော်​ ​မေ့​နေတာ ခြံထဲမှာ သားကိုကို ကို​တွေ့ခဲ့လား "

"ဟင့်​အင်း ကား​ဆေး​နေတဲ့ ဒါရိုက်ဘာ​လူကြီး ပဲ​တွေ့ခဲ့တယ်​"

"ဘာ ..ချာတိတ်​ မင်း "

မျက်​လုံးကြီးပြူးကာ ရှုးရှုးရှားရှား ဖြစ်​သွားတဲ့ရုပ်​ကြီး ကြည့်​လို့​ကောင်းလိုက်​တာမှ
မှတ်​ထား ဝင်​လာတာ​တွေ့သားပဲ သိလို့ကို ရွဲ့​ပြောပစ်​လိုက်​တာ အဲ့ဒါ အပါး​လေးပဲရှိ​သေးတယ်​ .......။

"သားရယ်​ ခ​လေးကို "

"ဘာခ​လေးလဲ မား သူသားကို​ပြော​နေတာ​တွေ့လား "

"ပါးပါး​မေးလို့​ဖြေတာ​လေ "

"ငါ့ရုပ်​က ဒါရိုတ်​ဘာရုပ်​​ပေါက်​​နေလို့လား မင်းမျက်​လုံးပါမှုန်​​နေတာ​တော့ မဟုတ်​ပါဘူး​နော်​ "

"အမြင်​အာရုံ ​ကောင်းလွန်းလို့ကိုခက်​​နေတာ တစ်​ချို့အရာ​တွေဆို အတွင်းစိတ်​ထဲထိ​ဖောက်​ထွင်းမြင်​နိုင်​လို့ ​ဝိဇ္ဇာလို့​တောင်​အ​ခေါ်ခံ​နေရတာ "

"မင်း "

"ကဲပါ သားရယ်​ ​ဒေါသကို​ရှော့ ဘယ်​သူလဲ ​သေချာကြည့့်​ပါအုံး မမှတ်​မိဘူးလား"

တမင်​သက်​သက်​လူကိုရွဲ့​နေတာ ​သေ​ချာကြည့်​မိ​တော့ ​မျှော့်​လင့်​ချက်​တို့အနည်းငယ်​ပါ​နေ​သော မျက်​ဝန်း​လေးဖြင့်​ကြည့်​​နေသည်​ ဖြူဥ​နေ​သော အသား​ရေ ခပ်​အုပ်​အုပ်​ဆံပင်​တို့နှင့်​ မျက်​​တောင်​ရှည်​တို့ ဝန်းရံထား​သော မျက်​ဝန်းတစ်​စုံ အမှတ်​တမဲ့ ကြည့်​လျှင်​ ထူသည်​ထင်​ရ​သော နှုတ်​ခမ်းပါးတို့က ပုံကျကာတစ်​မျိုးလှ​နေသည်​ ချုံငုံကြည့်​လျှင်​ ​တော်​​တော်​​လေးချစ်​ဖို့​ကောင်းပီး ​တော်​​တော်​​လေးလှသည့်​မျက်​နှာ​လေး.....ခတ်​သည်​က သူမသိ ဒီလိုမျက်​နှာမျိုးကို ခုမှသာမြင်​ဖူးခြင်းပင်​ မှတ်​မိလား​မေး​တော့ပိုဆိုးသည်​ ခုမှသူတို့သိတာ မဟုတ်​ဘူးလား.....။

တော်​​တော်​ကြာစိုက်​ကြည့်​​နေပြီးမှ ထွက်​လာ​သောအ​ဖြေက ဟင့်​အင်းတဲ့ တကယ်​ဆို သူကမှတ်​မိသင့်​တာ ခွဲသွားခဲ့တုန်းက သူက၈နှစ်​ ကျ​နော်​က၅နှစ်​ ​မေ့​ပျောက်​မှာ​ကြောက်​တဲ့ကျ​နော်​ သူ့အ​ကြောင်းကို ​နေ့စဉ်​အလုပ်​တစ်​ခုလို စဉ်းစားမြဲ စာ​ရေးတတ်​သည့်​အချိန်​မှစလို့ စာအုပ်​​တွေထဲ မှတ်​မိသ​လောက်​ချ​ရေးမြဲ ​နေ့စဉ်​မပျက်​မကွက်​တွန်းအား​ပေးခဲ့တဲ့ မှတ်​ညဏ်​​တွေက သူ့ရဲ့ ဟင့်​အင်းတစ်​ခွန်းမှာ ရှက်​ရွံသိမ်​ငယ်​မိတယ်​....။

"သားငယ်​ကို ပါးပါး မ​ပြောထားမိဘူး တကယ်​​တော့ သားကိုကို ငယ်​ငယ်​တုန်းက အပြင်းဖျားပီး နှစ်​ရက်​​လောက်​သတိ​မေ့​နေဖူးတယ်​ ပြန်​သတိရလာတဲ့အချိန်​ကစပြီး ငယ်​ငယ်​တုန်းက မှတ်ညဏ်​​တစ်​ချို့မေ့​လျော့ခဲ့တယ်​ အတိတ်​​မေ့တာမျိုးမဟုတ်​​ပေမယ်​ သူတစ်​ချို့အရာ​တွေကို လုံးဝ​မေ့​နေတာမျိုး ဒါ​ပေမယ့်​ သားငယ်​​လေးကို​တော့ မှတ်​မိ​လောက်​မယ်​လို့ ပါးပါးထင်​ခဲ့တာ "

"သားရယ်​ သားငယ်​​လေး​လေ သားတို့ငယ်​ငယ်​​လေးတုန်းက"

"မားမား ​ချောကလတ်​ကိတ်​ရှိ​သေးလား သားမဝ​သေးဘူး"

"ဟင်​ ဟုတ်​လား ရှိ​သေးတယ်​ လာ မားမားလိုက်​ယူ​ပေးမယ်​"

မသိ​စေချင်​လို့ပါ သူ​မေ့​ပျောက်​​နေခဲ့တဲ့အရာ​တွေ တစ်​စုံတစ်​ဦးရဲ့ တိုက်​တွန်းမှု​ကြောင့်​နဲ့မှ ပြန်​ရမှာကိုမလိုချင်​လို့ ဒီတိုင်း ဒီတိုင်း​လေးပဲ.....







အနည်ငယ်​သာ​ပျောက်​ဆုံးခဲ့တဲ့ မှတ်​ညဏ်​​တွေထဲမှာ ကျ​နော်​ပါ ပါသွားခဲ့တာလား ကိုကို ခင်​ဗျားဒီ​လောက်​ထိမ​ပေါ့​လျော့ခဲ့သင့်​ဘူး ခင်​ဗျား​မေ့​လျော့​နေခဲ့တယ်​ဆိုတဲ့ အရာ​တွေ ကျ​နော်​ပါ ပါသွားတယ်​ဆိုတဲ့အသိက ရင်​တစ်​ခုလုံးကိုတင်းကျပ်​ ပိတ်​​လှောင်​​စေတယ် ....
တကယ်​ခံရခက်​တာ ဒါ​တွေကို တစ်​​နေ့ တစ်​​နေ့ကျရင်​ခင်​ဗျားကိုသိ​စေချင်​တယ်​....... ...


"သား ခုချိန်​ထိဆင်းမလာ​သေးဘူးလား မင်းအကို​စောင့်​​နေတာကြာ​နေပီ​နော်​ "

"လာပါပြီ​မေရာ "

စိတ်​ညစ်​တယ်​တကယ်​ စာ​တွေကိုယ့်​ဘာကိုယ်​လုပ်​လို့ ရရဲ့နဲ့ ​မေ့ရဲ့ ပူပန်​မှုအ​ကြောင်းပြုပီး ပါးပါးမားမားနဲ့​မေ ပီး​တော့ဟိုကိုယ်​​တော်​ ​ကြောင့်​ ဒါ​ဆိုလဲတခြားမှာ ကျူရှင်​ယူမယ်​​ပြော​တော့လည်း 4Dထွက်​ထားပီးအမှတ်​များတဲ့ သူ့စီမှလွဲရင်​မရဆိုတဲ့ အမိန့်​​ကြောင့်​ မသင်​ချင်​ပဲသင်​​နေရသည်​ ပီးရင်​ စာကဟုတ်​တိပတ်တိ​မရ သူကလဲ​မေးချင်​တာ​မေး ကိုယ်​ကလဲ​ငေးချင်​တာ​ငေး သူသင်​သမျှ နားထဲမ​ရောက်​တာ ဘယ်​လိုလုပ်​ရမလဲ ......

"အလှပြင်​​နေတာလား "

တွေ့လား စလာပီ ဇာတ်​လမ်းက အလှပြင်​​နေတာလား​မေးရ​အောင်​ကျ​နော်​က မိန်းခ​လေးလား စိတ်​​ပေါက်​​ပေါက်​နဲ့ ​မေ မ​နေ့ကဝယ်​လာတဲ့ နှုတ်​ခမ်းနီကြီးသူ့​ရှေ့ယူဆိုးပြလိုက်​ရင်​မ​ကောင်းရှိ​တော့မယ်​....

"ကျ​နော်​ အလှပြင်​တတ်​ရင်​ ခင်​ဗျားကို ပြင်​​ပေးမယ်​စိတ်​ချ ပူမ​နေနဲ့ "

"မပူပါဘူး ပူရမှာငါမှ မဟုတ်​တာ မင်း "

"ဘာ ခင်​ဗျား "

"ဘာလဲ မဟုတ်​လို့လား စာ​မေးပွဲ​ဖြေရမှာ စာခုထိရ​သေးလို့လား "

"အ​စထဲက စာ​မရတာထည့်​​ပြောပါလား "

"ဟင်​ အဲ့ဒါပဲ ပူစရာရှိတာကို မင်းက ဘာပူချင်​​နေလဲမှမသိတာ "

"ဟာ ခင်​ဗျား​နော်​ ​တော်​ပီဗျာ ပြမှာမပြဘူးလား မပြရင်​ပြန်​မယ်​"

"ဘာပြရမှာလဲ "

"ခင်​ဗျား​နော်​ "

"ငါက ရှက်​တတ်​တယ်​ "

"ဟာ..P "

"ငါနားမ​လေးပါဘူးကွာ ​အော်​လိုက်​တာ ​တော်​ပီ စာအုပ်​ထုပ်​​တော့ "

ဤသို့ဤနှယ်​ ဒီလူကြီးကျ​နော့်​ကိုစဖို့ဆို မျက်​နှာကြီးက ပြုံးဖြီးလို့ ကြည့်​လို့ကိုမရဘူး....တစ်​ခါတစ်​ခါ စာ​ရေး​နေတုန်း ​ခေါင်းကဆံပင်​​တွေဆွဲဖွ​သေးသည်​ နဂိုကမှ သူ့​ရှေ့​ရောက်​ရင်​စာထဲစိတ်​ဝင်​ဖို့မနည်းကြိုးစား​နေရပါတယ်​ဆိုမှ .............

"အား ​ညောင်းလိုက်​တာ "

ဩော်​​ဟော်​ အားကိုးရပါတယ်​ ကျ​နော့်​ကို looking good ​ရေးခိုင်းကာ သူကကြ အိပ်​​နေတယ်​ ကျ​နော်​စာ​ရေး​နေတဲ့စားပွဲခုံ​လေးက ​သေး​သေး​ပုပု​လေးပါ စာ​ရေး​နေတဲ့​နေရာ​လေးရယ်​ စာအုပ်​အနည်းငယ်​ရယ်​ ဒီ​လောက်​ပဲ​နေရာရှိတာ ကြမ်း​ပြင်​မှာထိုင်​​ရေး​နေတာမို့သူကလဲ ကြမ်းပြင်​​ပေါ်မှာပဲထိုင်​​နေကာ စားပွဲ​ပေါ်တင်​ထားတဲ့စာအုပ်​​တွေ​ပေါ်​ခေါင်းတင်​အိပ်​​နေတာပင်​.....

"P......P "

နှစ်​ချိုက်​စွာအိပ်​​ပျော်​​နေပုံက နှုတ်​ခမ်း​တွေ​တောင်​ပွင့်​ဟ​နေသည်​ ထင်း​သောမျက်​ခုံး ​ပေါ်လွင်​​သောနှာတံ ဘာရယ်​မဟုတ်​ ကျ​နော်​​ခေါင်းထဲဝင်​လာ​သော အ​တွေးကို လက်​​တွေ့အ​ကောင်​ထည်​​ဖော်​မိသည်​ please ခုပုံ​လေးက သိပ်​ကိုဖြူစင်​လွန်းလို့ပါ .......







"မားမား "

"မားဒီမှာ သားငယ်​​ရေ "

"မားမား ဘာ​တွေချက်​​နေတာလဲ ဝါးးးးး စား​ကောင်းမယ့်​ပုံပဲ"

"မားချက်​တာ ဘယ်​တုန်းကများ မ​ကောင်းဘူးလို့လဲ ကဲ​ပြောပါအုံး မားဘာမုန့်​လုပ်​​ပေးရမလဲ"

"ဟီး မားမားကလဲ သားဒီတစ်​ခါမုန့်​ပူမလို့မဟုတ်​ပါဘူး သားမုန့်​လုပ်​နည်းသင်​မလို့ "

"အမယ်​​လေး​တော်​ ရှင်​​လေးက မုန့်​လုပ်​နည်းသင်​မယ်​ "

"ဟုတ်​တယ်​​လေ မားမားက သားကိုမသင်​​ပေးချင်​ဘူးလား "

"မဟုတ်​ပါဘူးရှင်​ မုန့်​လုပ်​နည်းသင်​မလို့ဆိုလို့အံဩသွားတာ "

"သားတစ်​​ယောက်​ထဲသင်​မှာဟုတ်​ဘူး "

"ဟုတ်​လား ဘယ်​သူနဲ့သင်​မှာတုန်း "

"ဟီး ပါးပါးနဲ့ "

"​ဟေ...ဘယ်​နှယ့်​ငါ့ကို ဆွဲထည့်​တာတုန်း "

ထမင်းစားခန်းထဲ ဝင်​လာသည့်​ပါးပါးလန့်​သွားပုံရသည်​..။

"ပါးပါး သားက ပါးပါးကို လာ​ခေါ်မို့ ခုပဲ "

"သားငယ်​ရာ မဟုတ်​​သေးပါဘူး မင်းမားမားစီမှာ မင်းပဲသင်​​လေ ဘယ်​နှယ့်​ ပါးပါးကိုဆွဲထည့်​​နေရတာတုန်း "

"ပါးပါးကလဲ သားတစ်​​ယောက်​ထဲ သင်​ရမှာ ပျင်းစရာကြီး ပီး​တော့ မားမား လုပ်​တဲ့ မုန့်​​တွေကို ပါးပါးလဲ ကြိုက်​တာပဲကို ​နော်​ တူတူသင်​ရ​အောင်​​လေ ​နော်​ပါးပါး ​နော်​လို့"

"​အေး ​ပြောမရလဲ လုပ်​ကွာ အ​မေကြီး​ရေ ငါ့ကိုပါသင်​တန်း​ပေး​ဟေ့ "

"​ဟေး ဒါမှ တို့ပါးပါးကွ "

"ဟယ်​ ဒီသားအဖ​တွေ​တော့ မလွယ်​ပါလား "






ဘေးတိုက်​မြင်​​နေရသည့်​ မျက်​နှာ​ချော​ချောက အဖုအပိမ့်​ ကင်း​ကာ ​ချောမွတ်​​နေသည်​ စင်းချထားသည့်​ တိုစိတ်​စိတ်​မျက်​​တောင်​ ​ဘေးတစ်​​စောင်းမို့ ချွန်​မျမျ နှာတံ ရှည်​သွယ်​​သော ​မေးရိုး တင်းတင်း​ဆေ့ထား​သော နှုတ်​ခမ်းပါး မ​တွေ့ရတဲ့ နှစ်​များစွာမှာ များစွာ​သော​ချော​မောခန့်ညား​ခြင်းတို့ စုစည်းထားတဲ့သူ ဒီလူဟာ ကျ​နော့်​ရဲ ကိုကိုဆိုတာ ခုချိန်​ထိမယုံကြည်​နိုင်​​သေးပါ ......

!​ဒေါက်

"အား....ဘာလို့​ခေါက်​တာလဲ "

"မင်း စာကို စိတ်​မဝင်​စားဘူးလား ချာတိတ်​ စာ​ပေးပွဲနားနီးလာ​လေ မင်းရဲ့အမှတ်​​တွေက ​လျော့ ​လျော့ လာ​လေပဲ "

"ကျ​နော်​လဲ ကျက်​တာပဲ အစထဲက ကျ​နော်​က ညဏ်​​ကောင်းပီးသား ဆရာမ​ကောင်းလို့ "

"မဆိုင်​တာကိုမ​ပြောနဲ့ မင်းကိုသင်​​ပေး​နေတဲ့ငါ့ရဲ့ အမှတ်​​တွေကို ကြည့်​လိုက်​အုံး မင်းအသုံးမကျတာကမကျတာပဲ "

"P​နော်​ "

"ဘာလဲ မဟုတ်​လို့လား ဒီပုံအတိုင်းဆို မင်းရမယ့်​အမှတ်​နဲ့ ​ကျောင်း​ကောင်း​ကောင်းကိုဝင်​နိုင်​မှာမဟုတ်​ဘူး "

"ခင်​ဗျားကျ​နော့်​ကို အထင်​​သေးတာလား "

"ကြီးစရာမှ မရှိတာ "

"Ok​လေ ဒါဆို Pနဲ့ ကျ​နော်​ အ​လောင်းအစားလုပ်​မယ်​ "

"ဘာလဲ"

"ကျ​နော်​တကယ်​လို့ အမှတ်​များများနဲ့ Pတက်​​နေတဲ့​ကျောင်းကိုဝင်​နိုင်​ရင်​ Pကျ​နော်​ခိုင်းတာလုပ်​​ပေးရမယ်​ ဘယ်​လိုလဲ "

"ဟားဟား မဖြစ်​နိုင်​တာမ​ပြောနဲ့ ချာတိတ်​ ကိုယ့်​ကိုကိုယ်​လဲပြန်​ကြည့်​အုံး "

"ဝင်​ခဲ့ရင်​​ရော "

"hk..Ok ငါဘာလုပ်​​ပေးရမလဲ​ပြော "

"ကျ​နော့်​ကို ​နေ့တိုင်းအကြိုအပို့လုပ်​​ပေးရမယ်​ဘယ်​လိုလဲ"

"Ok စိမ်​လိုက်​​လေ မင်းသာမရှုံး​စေနဲ့ "

"No pr လုံးဝ ကျ​နော်​နိုင်​မှာ "

"အ​ပြောက​တော့ "

ဆံပင်​​တွေထဲ​ရောက်​လာတဲ့ လက်​တစ်​ဖက်​ ကျင်​စက်​နဲ့အတို့ခံရသလို လူကတွန့်​ခနဲ ​သေချာတယ်​ ကျ​နော်​ လုံးဝကိုနိုင်​မှာ ....ဘာလို့ဆို အဲ့​ကျောင်းမှာ ကျ​နော့်​ရဲ့ကိုကိုရှိ​နေလို့............



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖက်​​ပေးကြတဲ့reader​လေး​တွေကို ​ကျေးဇူးပါလို့...
Thank you somuch all😍😍😘😘

Continue Reading

You'll Also Like

188K 4.7K 29
ᴅʀᴀᴄᴏ ᴍᴀʟꜰᴏʏ x ʀᴇᴀᴅᴇʀ ~-~-~-~-~-~-~-~-~-~-~-~-~-~~-~-~-~-~-~-~-~-~-~-~-~-~-~~-~-~-~-~-~-~-~-~-~-~-~-~-~~-~-~-~-~-~-~-~-~-~ Y/n Blaire Adler, the elde...
289K 10.1K 51
its about Keith , you'll love it .💜
514K 14.8K 41
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလား" " ဟင် " ..... Start - 8.10.2023 End...
45.3K 1.1K 22
Seme-‌ေနဘုန်းဧကရာဇ် Age-25 High-6feet 2inches Uke-ရောင်နီဖြာ Age-30 High-5feet 9inches