တရက်အကြာမှာ Yuan Ru မျက်စိအောက်က ရှောင်ချင်တာနဲ့ Xia Yao အလုပ်ကို စက်ဘီးနဲ့ သွားဖို့ ဆုံးဖြတ်လိုက်တယ် ခပ်ကိုင်းကိုင်း ပုံသဏ္ဌာန်နဲ့ လက်ကိုင်းတွေကို Xia Yao ကိုင်နင်းနေပြီး တခါတရံ သူ့ရဲ့ ဖြူဖွေးနေတဲ့ အင်္ကျီစဟာ လေအတိုက်မှာ တချက်တချက်လွင့်သွားကာ ချောမွေ့နူးညံ့ပုံရတဲ့ ဖြူဖွေးနေတဲ့ ဗိုက်သားလေးကို ပေါ်လာစေတယ်
ရှည်ပြီး ဖြောင့်တန်းနေတဲ့ ခြေထောက်တွေဟာ ကွေးလိုက်ဆန့်လိုက်နဲ့ ခြေနင်းကို နင်းနေတဲ့ Xia Yao ရဲ့ လှုပ်ရှားမှုနဲ့အတူ ဟန်ချက်ညီညီရှိနေပြီး အနုပညာဆန်ပြီး ကြံ့ခိုင်တဲ့ မျဉ်းဖြောင့်လေးတွေလို ဖြစ်နေတယ်
Xia Yao ဖြတ်သွားတာကို မြင်တဲ့ မိန်းကလေးတွေအကုန်လုံး သူ့ကို မကြည့်ပဲ မနေနိုင်ဖြစ်နေကြတယ် သူတို့ရဲ့ တယုတယကြည့်နေတဲ့ အကြည့်တွေအကုန်လုံးကို တစ်ကြောင်းထဲနဲ့ အဓိပ္ပာယ်ဖော်ရမယ်ဆိုရင်တော့...
"အရမ်းကို ချောလိုက်တာ"
သူ့ဌာနကို ရောက်တော့ Xia Yao စက်ဘီးကို ကားပါကင်မှာ ရပ်နေတုန်းမှာပဲ သူ့လုပ်ဖော်ကိုင်ဖက် Chang Tian နဲ့တွေ့တယ်
"အောင်မာ စက်ဘီးတွေဘာတွေနဲ့ ဘာဖြစ်တာလဲ"
Xia Yao အနေနဲ့ သူ့ stalker ဘေးက လွတ်အောင် စက်ဘီးစီးလာတာဖြစ်တဲ့အကြောင်း သူ့လုပ်ဖော်ကိုင်ဖက်ကို ပြောပြဖို့ စိတ်ကူးမရှိတဲ့အတွက် ရိုးရိုးလေးပဲ ပြန်ဖြေလိုက်တယ် "လေ့ကျင့်ခန်းလုပ်နေတာ"
"မင်းလိုကောင်မျိုးအတွက်တော့ မလိုအပ်ပါဘူးကွာ" Chang Tian က Xia Yao ဖင်ကို ရိုက်လိုက်တယ် "ဒီဟာလေးအတွက် ကြွက်သားတွေ ထုတ်နေတာလား"
Xia Yao က သဘောမကျတဲ့ပုံစံနဲ့ ပြန်ဖြေတယ် "မင်းငါ့ဟာ ပြားအောင်လုပ်နေတာလား"
"အာ မေ့သွားလို့" Chang Tian ပြုံးလိုက်တယ်
"Xia သခင်လေး ခင်ဗျားအထိခံရတာ သဘောမကျဘူး သူများတွေကို ထိရတာလည်း သဘောမကျဘူး ခင်ဗျားမိန်းမသာရရင် ဘယ်လိုနေမလဲ"
Xia Yao, Chang Tian ရဲ့ လည်ပင်းကို ရိုက်လိုက်တယ် "မင်းအပူပါလား"
ကြာရှည်လှတဲ့ အလုပ်ချိန်တွေရဲ့ အဆုံးမှာတော့ Xia Yao တယောက် နောက်ပေါက်က ထွက်လာပြီး ကားပါကင်ကို ချောင်းကြည့်ဖို့ စိတ်ကူးရလိုက်တယ် စက်ဘီးကတော့ ရှိနေတုန်းပဲ ပင်မဂိတ်ကို ကြည့်လိုက်တော့ ကားကခါတိုင်းလိုပဲ သူ့ကိုစောင့်နေတဲ့ပုံနဲ့ ရပ်နေတယ် Xia Yao, Yuan Zong ကို စူးစူးစမ်းစမ်းအကြည့်တခုနဲ့ ကြည့်ပြီးတဲ့နောက်မှာ ခြေထောက်တွေကို ဆန့်ပြီး စက်ဘီးစနင်းတော့တယ်
Yuan Zongကလည်း ကားမောင်းလိုက်လာပြီး တပြိုင်နက်ထဲမှာပဲ သူ့ရဲ့မီးတောက်လို အကြည့်က စက်ဘီးထိုင်ခုံပေါ်မှာ စည်းချက်ညီညီလှုပ်ရှားနေတဲ့ Xia Yaoရဲ့ သွားရည်ယိုစရာပြည့်ပြည့်ဖောင်းဖောင်း တင်ပါးနှစ်လုံးပေါ်ကို မခွာတမ်း ရောက်နေတယ်(T/N- 🙈Xia Yao တယောက် သူကိုယ်တိုင် Yuan Zong ကို fanservice ပေးနေတာ မသိရှာဘူး)
အကွေ့တခုကိုရောက်တော့ Xia Yao ရုတ်တရက် လူပြတ်လပ်တဲ့ လမ်းမြှောင်လေးထဲ ချိုးလိုက်တယ်
ပြီးတော့ ခပ်ရွဲ့ရွဲ့ပြုံးလိုက်တယ် "သတ္တိရှိရင် ဒီဘက်လာကြည့်လေ ငါမင်းကို ဝင်တက်ကြိတ်ပလိုက်မှာ"
Yuan Zong လမ်းကြားလေးရဲ့ အဝင်ပေါက်မှာ ရပ်လိုက်တယ် Xia Yao မျက်မှောင်ကြုံ့လိုက်မိပြီး မြန်မြန်ဆန်ဆန်ပဲ အဲဒီလူရဲ့ မျက်စိအောက်က ပျောက်ဖို့အတွက် ခြေနင်းကို နင်းလိုက်တယ် ရလဒ်ကတော့ ခြေနင်းထစ်သွားတယ် အဲဒါနဲ့ သူနောက်တကြိမ် အားနည်းနည်းသုံးပြီး ထပ်နင်းဖို့ထပ်ကြိုးစားလိုက်တော့ "ချောက်" ကနဲ အသံ ရုတ်တရက်ထွက်ပေါ်လာတယ် တခုခုပျက်သွားပြီ
စက်ဘီးကို စစ်ဖို့ ထိုင်ပြီး ခဏအကြာမှာ Xia Yao မျက်လုံးတွေ နီရဲလာတယ်
စက်ဘီးချိန်းကြိုး အဖြတ်ခံလိုက်ရပြီ
Xia Yao ပေါက်ကွဲသွားတယ် ဘယ်လိုလုပ်ချိန်းဆက်လေးတခုထဲက ပျက်နိုင်မှာလဲ သူ့သွားကိုကြိတ်ပြီး စိတ်ထဲမှာ အော်ပြောနေမိတယ် ကားကြုံစီးဖို့ မင်းကိုများတောင်းပန်ခယပြီး ပြောနေမယ်လို့များ ထင်နေလား အဲဒီအချိန်ကျမှ ငါ့ကို အဲဒီလက်ဆောင်အတင်းထိုးပေးမယ်ပေါ့လေ ငါက ယောကျာ်းသားတယောက်ပါ ဒီယောကျာ်းက ဘယ်တော့မှ နောက်ပြန်လည်းမလှည့်ဘူး မင်းရဲ့ ညစ်ညစ်ပတ်ပတ်ကားပေါ်လည်း တက်ထိုင်မစီးဘူး ငါ့ကိုယ်ငါ ဂရုစိုက်နိုင်တယ်
အဲဒါနဲ့ Xia Yao သူ့စက်ဘီးကို တွန်းပြီး ဆက်လျှောက်သွားတယ်
နောက်ထပ်အကွေ့တခုကို ကွေ့လိုက်တဲ့အချိန်မှာ Xia Yao နက်ပြီး မဖုံးရသေးတဲ့ တွင်းတတွင်းကို တွေ့လိုက်ရတယ် "လမ်းပြင်နေသည်" Xia Yao သူ့မျက်နှာကို လက်သီးနဲ့ အထိုးခံသလို ခံစားလိုက်ရတယ်
စက်ဘီးလက်ကိုင်ကို ဒေါသထွက်ထွက်နဲ့ လက်နဲ့ ရိုက်ချလိုက်တယ်
Xia Yao လမ်းကြားလေးရဲ့ဝင်ပေါက်ကို တခြားလမ်းအိုတခုသုံးပြီး ပြန်လှည့်လာတယ် Yuan Zong ကတော့ အဲ့ဒီမှာပဲ ရှိနေတုန်းပဲ ဖြစ်ပြီး Xia Yao ကို လှောင်ပြုံးတခုနဲ့ ကြည့်နေတယ်
Xia Yao ညင်ညင်သာသာလေးပြုံးရင်းနဲ့ ပြေးသွားတယ် ကားမှန်ကို ခေါက်ပြီး ကားမှန်အကျမှာ သူ့စက်ဘီးကို မပြီး အားအကုန်သုံးပြီး Yuan Zong ဆီ ပစ်ပေါက်လိုက်တယ်
လမ်းဟိုတော်တော်ဝေးဝေးကတောင်ကြားရတဲ့အထိ Xia Yao အစွမ်းကုန်ကုန်းအော်လိုက်တယ် "ဒီလောက်တောင် ထူပိန်းမနေနဲ့"
စက်ဘီးလွှတ်ပစ်ပြီးတဲ့နောက် ချက်ချင်းပဲ Xia Yao အဲဒီနေရာကနေ အမြန်ဆုံးထွက်ပြေးသွားတယ်
Yuan Zongရဲ့ နှုတ်ခမ်းထောင့်တွေက မအောင့်နိုင်ဘဲ ခပ်စောင်းစောင်း အပြုံးတခုကို ပြုံးမိတယ်
အဲဒီညမှာ Xia Yao အိမ်ကို ပြန်လာတော့ သူ့အမေက သူစက်ဘီးပြန်ပါမလာတာကို ချက်ချင်းသတိပြုမိသွားတယ်
"သားစက်ဘီးဘယ်မှာလဲ သားဒီမနက်တင် စီးသွားတာ မဟုတ်ဘူးလား"
Xia Yao အိမ်ရောက်ရောက်ချင်း သူ့အမေ သိချင်တာနဲ့ မေးလိုက်တယ်
"ဟင်" Xia Yao အတင်းရယ်လိုက်တယ်
"ခြေနင်းပျက်နေလို့ သားသွားပြင်ထားလိုက်တယ်"
"နမော်နမဲ့နိုင်လိုက်တာ အဲဒါအကောင်းစားစက်ဘီး ဘယ်လိုလုပ်များ ခြေနင်းပျက်အောင် စီးလဲ"
Xia Yao သူ့အမေရဲ့ ဆူသံကြားက ဒေါသအရိပ်အရောင်ကို မြင်လိုက်ရတယ်
Xia Yao စိတ်ထဲကပဲ လျှာထုတ်ပြလိုက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းအခြေအနေလေးမပျက်စီးခင် အမြန်ပဲ သူ့အခန်းကို ပြေးထွက်လာခဲ့တယ်
သူ့စက်ဘီးကို လွှတ်ပစ်ခဲ့တုန်းက အားရခဲ့သလောက် အခုကျမှ နောင်တအတွေးတွေ ကောက်ခါငင်ခါပေါ်လာတယ်
သူ့'မယ်တော်ကြီး'က လွဲလို့ Xia Yaoတယောက် ဘယ်သူ့ကိုမှ သေလုအောင် မကြောက်ခဲ့ဘူး သူ့မိသားစုကတော့ "မိခင်ဆိုးတွေက သားသမီးဆိုးတွေကို ပျိုးထောင်ပေးတယ်" ဆိုတဲ့ ရှေးရိုးစွဲစကားပုံထဲက ခြွင်းချက်ဖြစ်တယ် သူဟာ တဦးတည်းသောသားဖြစ်ပေမယ့်လည်း သူ့အမေက သူ့ကို ဘယ်တော့မှ အလျော့မပေးဘူး သူ့အမေရဲ့တုတ်ဟာ သူကြီးပြင်းလာတဲ့ဘဝကဏ္ဍမှာ အထောက်အကူအဖြစ်ပါဝင်လာခဲ့တယ်
Xia Yao ရဲ့အမေဟာ တဦးတည်းသောသားဖြစ်တဲ့ Xia Yao ကိုစည်းကမ်းတင်းတင်းကြပ်ကြပ်နဲ့ ပျိုးထောင်လာတယ် ကလေးအချင်းချင်းရန်ဖြစ်တိုင်း ဘယ်သူ့ဘက်ကပဲမှားမှား Xia Yao အမေက သူ့သားကို အရင်ဆုံးသွားတောင်းပန်ခိုင်းတယ် ဘယ်လောက်ပဲသူတို့မိသားစုချမ်းသာချမ်းသာ Xia Yao ငွေတပြားမှ မဖြုန်းတီးစေရဘူး အဲဒါကြောင့် သူ့ကို အိမ်ကပေးတဲ့ လစဉ်သုံးငွေ ယွမ်၆၀၀၀ကို အမြဲတမ်းဘောင်ချာနဲ့ အတူပြရတယ်
အဲဒီ့ ယွမ် ၁၀၀၀ စက်ဘီးကြီးကို လွှတ်ပစ်လိုက်ပြီလို့ ဘယ်လိုလုပ်များ သွားပြောလို့ရမလဲ တော်ကြာ သူ့'မယ်တော်ကြီး' သိသွားရင် ဘယ်လိုလုပ်မလဲ
Yuan Zong ဆီက စက်ဘီးပြန်တောင်းလိုက်ရမလား သူ့တသက်ဘယ်တော့မှ ပြန်မတောင်းဘူး!!! သူ့အမေရိုက်တာနဲ့သာ အသေခံသွားမယ် အဲဒီမြေခွေးလိုလူနဲ့ ဘယ်တော့မှ ငါ့ဘက်ကစပြီး အဆက်အသွယ်မလုပ်ဘူး
ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျမှ ပိုက်ဆံချေးပြီး စက်ဘီးအသစ်တစီး ထပ်ဝယ်လိုက်တော့မယ်
•••••
Please vote or comment if you enjoy this chapter.