မနက်ခင်း နေရောင်ဖျော့ဖျော့ မျက်နှာပေါ်ကျရောက်လာတော့
မျက်လုံးက အလိုလို ဖွင့်မိသွားသည်။ အိုး... ကျွန်တော် ဒီနေ့လို
အိပ်ရေးဝဝ မအိပ်ရတာ ကြာနေပေါ့။ ဟိုတစ်နေ့က စာမေးပွဲပီးတယ်။
အဲ့နေ့ညနေကပဲ သူငယ်ချင်းတွေ စုပီး ဂျယ်ဂျူကျွန်းကို ခရီးထွက်ခဲ့တာ
၃ညအိပ် ၄ရက် ခရီး။ စာလိုက်မလုပ်ခဲ့သမျှ စာမေးပွဲတစ်တွင်းလုံးလည်း
မိုးချုပ်မှ အိပ်၊ စောစောထပီး ရေကုန်ရေခမ်း ကြိုးစားလိုက်ရတယ်။ ခရီးကပြန်ရောက်တော့ အတိုးချ အိပ်ပစ်လိုက်တယ်။
Mongu ကတော့ Audition ဖြေရမှာမို့ မလိုက်ခဲ့ဘူး။ Taemin
ကလည်း U.S သွားရမှာမို့ Busan က သူ့မိဘတွေဆီ ပြန်သွားတယ်။
အင်းလေ။ ၂နှစ်ခွဲ ၃နှစ်လောက် ပညာသင်ရမှာဆိုတော့ မသွားခင်
မိဘတွေနဲ့ သွားနေရမှာပေါ့။
ဒီနေ့တော့ Taemin ပြန်ရောက်မယ်တဲ့။ ဟိုကောင် Mongu ကလည်း audition အောင်လား မအောင်လား သေချာမပြောဘူး။
ဒီနေ့ တွေ့မယ်ပဲ ပြောနေတာ။ အိပ်ရာဘေး စားပွဲပေါ်က ph ကို
လှမ်းယူပီး နှစ်ယောက်လုံးကို ဆိုင်တစ်ဆိုင်မှာ ချိန်းလိုက်တယ်။
နောက်ဆို သုံးယောက် တူတူဆုံဖို့က ခက်ပီလေ။ message ပို့ပီး
တဘက်ကို ယူ ရေချိုးခန်းထဲ ဝင်လာလိုက်တယ်။
.
.
.
ဆိုင်ရောက်တော့ Taemin က ရောက်နေပီးသား။
"မင်းရောက်တာ ကြာပီလား Taemin။
Monguရောမရောက်သေးဘူးလား။ အမြဲ နောက်ဆုံးမှပဲ
ကြွလာတတ်တယ် မင်းသားက"
"ဟေ့ရောင် ငါရောက်နေတာ ကြာပီကွ။ Taemin ထက်တောင်
စောသေး" Taemin ပြန်ဖြေမလိုပြင်နေတာကို စိုက်ကြည့်နေတုန်း
ကျောနောက်က အသံနဲ့အတူ ပူခနဲ ဖြစ်သွားသော ပခုံးကို ဖိကာ
ခပ်တိုးတိုး ဆဲလိုက်သည်။
"sorry sorry ငါတို့ရဲ့ ဆရာလေး။ ငါ သာသာလေး ထိုးလိုက်တာပါကွာ။ နာသွားလား။ ဥုံ ဖွ။"
ပခုံးပေါ် အသာလာပွတ်နေသော လက်ကို ဖယ်ချပစ်လိုက်ကာ
"ဘာ ဆရာလေးလဲ။ မင်း Audition အောင်ခဲ့တယ်လား။"
"အေး။ အောင်ခဲ့တယ်။ ဒါနဲ့ မင်းသိမလားဘဲ ငါတို့ကျောင်းက
ကောင်လေးတစ်ယောက်လည်း လာဖြေတာ အောင်တယ် သိလား"
မျက်မှောင့်ကြုတ်ကာ "ဘယ်သူလဲ။ ရွယ်တူလား"
"အင်း....ငါတို့ထက် ငယ်မယ့်ပုံပါပဲ ဖြူဖြူနုနုနဲ့ ချစ်စရာလေး၊
နောက်ရက် training မှ မိတ်ဆက်မယ်ဆိုပီး မမေးခဲ့ဘူး။
မင်း သိလား... ဒီ တစ်ခေါက်အောင်တဲ့သူတွေ အကုန်လုံးကို
တစ်ဖွဲ့တည်းအဖြစ် debut လုပ်ဖြစ်မယ်တဲ့လေ။ အာ့ကြောင့်
လူအကုန် စစ်ချပစ်တာ။ "
"ဟုတ်လား။ ဘယ်နှစ်ယောက်ပဲ အောင်တာလဲ။"
"၆ယောက်ပဲ အောင်တယ်ကွာ။ ပီးတော့ သတင်းကြားတာက
ငါတို့ debut လုပ်ဖို့ song က အစ ငါတို့ ထွက်သမျှ MV တိုင်း
အတွက် သီးသန့် အကပညာရှင် ထားပေးမယ်တဲ့။ မင်းတို့ ၂ယောက်တည်းက တစ်ယောက်နေမယ် "
"အော် အော် ဒါ့ကြောင့် ငါ့ကို ဆရာ တွေ ဘာတွေ လာလုပ်နေတာကိုး"
"ဟေ့ရောင့် ကကွက် အလန်းတွေ သင်လာခဲ့နော်"
ဘေးနားမှ ထိုင်ပြုံးကာ နားထောင်နေသော Taemin ဘက် လှည့်ကာ
"မင်းတို့ နှစ်ယောက် အကူအညီလိုရင် ပြောနော်။ Daddy ကို ပြောပေးမယ်"
"အင်းပါ။ ဝမ်းသာတယ် မင်းနဲ့ နောင်လည်း ထပ်တွေ့ရဦးမှာဆိုတော့"
"မင်းတို့ ၂ယောက် ဘယ်တော့ သွားရမှာတဲ့လဲ။ ငါ လိုက်ပို့ရဦးမလား"
"ကုမ္ပဏီက မနက်ဖြန် လာခဲ့ တဲ့။ အစီအစဉ် ပြောပြမလို့တဲ့လေ။ "
"ဟုတ်လား ငါတို့ကိုလည်း မနက်ဖြန် ချိန်းထားတယ်။ တူတူသွားမယ်
ဘယ်လိုလဲ"
ခေါင်းငြိမ့်ပြလိုက်တော့ "ခုတော့ game ဆိုင် သွားရအောင်ကွာ။
နောက်ကျ ဆော့ဖို့ ခက်မှာ"
ဟုတ်ပါပီ idol ကြီးရယ်လို့ ပြိုင်တူ ပြောလိုက်ကာ ၃ယောက် game ဆိုင်ကို ထွက်ခဲ့လိုက်တော့သည်။
-------------------The World --------------------
"Hyung သွားမယ်လေဗျာ။" လက်ကို အတင်းဆွဲကာ ခေါ်နေသော
ငယ်လေးကို ကားထဲ အရင်ဝင်နှင့်ဖို့ အတင်းပြောကာ နှင်လွှတ်လိုက်ရသည်။ ကိုယ်တော်ချောက သူ့ဘာသာ audition အောင်ခဲ့တာကို
မုန့်ဝယ်ကျွေးမယ် မရှိဘူး။ လူကို အတင်းကို လျှောက်ပတ်ခိုင်းပီး
မုန့်ဝယ်ကျွေးခိုင်းမယ်တဲ့။ တရားကျဖို့ကောင်းတယ်။
.
.
.
.
"ငယ်လေး ပြန်ရအောင်လေ နော်။ ကိုကို မောပီ ငယ်လေး။ "
Hyung ကို ခေါင်းခါပြပီး နာရီကို ငုံ့ကြည့်ကာ
"Hyung ကလည်း ညီက နောင်ဆို ဒီလို လွတ်လွတ်လပ်လပ်
သွားရမှာ မဟုတ်ဘူးဗျ။ အဲ့အချိန်မှ ငယ်လေး ကိုကို လိုက်ပို့ချင်တယ်
ဆိုတောင် လိုက်ပို့ခွင့်ရမှာ မဟုတ်ဖူး။ စောပါသေးတယ်နော်။"
ခေါင်းကို ငြိမ့်ပြလိုက်တော့ တန်းပြေးလေတော့တယ် လက်မှတ်ဝယ်ဖို့ ဆိုပီး။ မုန့်ဝယ်ကျွေးဆိုပီး ထွက်လာတာ ခုထိ ဘာမှ မစားရသေးဘဲ
သွားသမျှ လိုက်ပေးဖို့ ဖြစ်လာတာက ကစားကွင်း။ ကစားလိုက်တဲ့
နည်းမျိုးစုံ။ ဆော့လိုက်တဲ့ ဂိမ်းပေါင်းစုံ။ ကလေးမကျ လူကြီးမကျ
အရွယ်ဆိုတော့ နောက်ကနေ မဆော့နဲ့ မကစားနဲ့လို့ ဟန့်မရ တားမရ။
နောက်ဆို နောက်ဆို နဲ့ ပြောပြောပီး လုပ်ချင်တာကို အပြည့်အဝ
စိတ်ကျေနပ်တဲ့ အထိ လုပ်နေတဲ့ ငယ်လေးနောက် လိုက်ကာ အကုန်
လုပ်ခွင့်ပေးလိုက်ရလေသည်။ အကျိုးဆက်က ကိုယ်က အခုထိ ဘာမှ
မစားရသေး။ ဝမ်းဗိုက်က တစ်ကြုတ်ကြုတ်နဲ့ ဆန္ဒ ပြနေလေပီ။
လက်မှတ်ဝယ်ပီး ခဏဆိုပီး လူကို ဆွဲခေါ်သွားတာ သရဲအိမ်ထဲ။
ငယ်လေးဟာလေ ဘယ်တော့မဆို သရဲကားကြည့်တိုင်းလည်း တစ်ယောက်တည်း ဘယ်တော့မှ မကြည့်ဘဲ ဘေးမှာ လူတစ်ယောက်ယောက်ကို အတင်းခေါ်ပီး အတူတူကြည့်ခိုင်းတတ်တဲ့ အကျင့်။
ကြောက်ရင် နောင်မကြည့်နဲ့တော့ဆိုရင်လည်း အိမ်မှာ ပုံနေတဲ့ သရဲကားခွေတွေက သူကြည့်သမျှပဲ။ အသစ်ထွက်တိုင်း ဝယ်ဝယ်ကြည့်
ရတဲ့ သရဲကား။ ဘယ်တော့မှလည်း တစ်ယောက်တည်း မကြည့်ဘူး။
ခုလည်း သရဲအိမ်ထဲ ကြောက်တာကြောက်တာ လူကို အတင်းကို
ဆွဲခေါ်ပီး မရရအောင် ဝင်သေးတာ။ လက်လန်တယ် ငယ်လေးရေ။
.
.
.
.
မုန့်ဆိုင်ထိုင်ပီး မုန့်စားနေတာ အကောင်း။ ဘာဂါကို ဓားနဲ့ လှီးပီး အားပါးတရ စားလိုက် ဘေးက အအေးကို ပိုက်နဲ့ စုပ်သောက်လိုက်နဲ့။ အေးလေ ပင်ပန်း ရောပေါ့ ။ တစ်နေလည်း ကုန်ပီ။တံခါးဖွင့်သံအကြား
ငယ်လေး အဲ့ဘက်ကြည့်ပီး ချက်ချင်းကို ပျာယာတွေခတ်ပီး ခုံအောက် အတင်းကို ငုံ့ဝင်သွားတယ်။ နောက်လှည့်ကြည့်လိုက်တော့ ငယ်လေး
အရွယ် ကောင်လေးသုံးယောက်ဆိုင်ထဲ ဝင်လာတာ။ ငယ်လေး ဘာဝင်လုပ်နေတာလဲ ငုံ့မေးတော့ ရှူး တိုးတိုးတဲ့လေ။ ခေါင်းရှုပ်နေတုန်း
စားပွဲပေါ်က တုန်ခါလာတဲ့ ph လေးကို ကောက်ကိုင်လိုက်တော့
တစ်ဦးတည်းသော ချစ်ရသူ သူစိမ်းလေး။ စားပွဲက ထပီး ဆိုင်နောက်ဖက် ဝင်လာခဲ့လိုက်တော့တယ်။
--------------------The World----------------------
သေရော။ Hyung က ဘယ်ထွက်သွားတာလဲ။ နေပါဦး။ ငါကလည်း
ဘာလို့ ခုံအောက်ဝင်ပုန်းနေရတာလဲ။ ဘာမှ အမှားမလုပ်ထားမိဘဲနဲ့။
ငါ့ကို မှတ်မိ မမှတ်မိတောင် မသေချာတဲ့ သူကို ပုန်းနေရတယ်လို့။
နည်းနည်း ဂေါက်သွားပီ Oh Sehun။ ပီးတော့သူက ငါ့ရဲ့ One &
Only idol လည်း မဟုတ်တော့ဘူးလေ။ သူက နောင်ဆို ငါ့ကိုတောင် ပြန်ပီး သူ့ရဲ့ Idol အဖြစ် သတ်မှတ်ရင် သတ်မှတ်လာမှာကို။
ဟဟ ရူးပ Oh Sehun ရာ။ လှမ်းကြည့်နေတဲ့ စားပွဲထိုးကို
ပြုံးဖြီးဖြီး လုပ်ပြလိုက်ပီး စားပွဲအောက်က ထွက်လာကာ ခပ်တည်တည်
ထိုင်ပီး မှင်သေသေနဲ့ ဘာဂါကို လှီးပီး မုန့်ဆက်စားနေလိုက်တယ်။
"ဟေး မင်းက ငါတို့ကျောင်းက မလား။"
ဘေးနားလာရပ်ကာ မေးလာတဲ့ သူကို မောကြည့်လိုက်တော့ Mongu။ ခေါင်းငြိမ့်ပြပီး မုန့်ဆက်စားနေလိုက်တယ်။ မျက်နှာချင်း
ဆိုင်ခုံမှာ ထိုင်မယ်နော် ပြောပီး ဝင်ထိုင်လိုက်တဲ့ သူ့ကို မုန့်စားရင်း ကြည့်လိုက်တော့ မင်း SK မှာ audition အောင်ခဲ့တဲ့ တစ်ယောက်မလားတဲ့လေ။ ထပ်ပီး ခေါင်းငြိမ့်ပြလိုက်တော့
"Jongin Taemin ဒီကို လာဟ ။ ဒီဝိုင်းမှာပဲ စားမယ် လာ။ အတူတူ စားရအောင်လေ နော်။ ငါလည်း audition အောင်တယ်"
ဟိုဘက်ရော ဒီဘက်ရောကို ဆက်တိုက် သူပြောချင်ရာပြောပီး
စီစဉ်ချင်ရာ စီစဉ်နေရာချနေတဲ့ ရှေ့က Mongu စကားကြောင့်
စားလက်စ မုန့်တွေ လည်ပင်း ထိပ်ကနေ မကျဘဲ ရပ်တန့်သွားသလို
လှုပ်ရှားလက်စ လက်တွေလည်း ရုတ်ချည်း အေးစက်လာပီး ရပ်တန့်သွားတယ်........
-------------------The World-----------------------
မနက်ဖြန် (or) သန်ဖက်ခါ နောက်တစ်ပိုင်း up ပေးပါ့မယ်နော်။
ဇာတ်ကွက် နှေးနေတော့ ဖတ်ရတာ ငြီးငွေ့သွားကြပီလားဟင်။
authorရဲ့ fic တွေက ဇာတ်ကွက် နှေးနေတတ်တာ သိပါတယ်။
But အဲ့လိုပဲ ရေးတတ်လို့ ခွင့်လွှတ်ပါနော်။
Words- 1543
(13.8.2017) (9:22pm)