🐻The World🐣(12)

975 122 9
                                    

ထိုနေ့က စပီး ကျနော်နဲ့ jongin ဆက်ဆံရေးက ငြိမ်ကျသွားခဲ့သည်။ မနက်စာ စားဖို့ ထွက်လာသော ကျနော်တို့၂ယောက်ကို သူ တစ်ချက်မှ မကြည့်ဘဲ သူ့အခန်းထဲ ဝင်သွားခဲ့တယ်။
လည်ပတ်ကျတဲ့အခါမှာလည်း camera တစ်လုံးကိုင်ကာ တစ်ယောက်တည်း နောက်ကျန်
နေရစ်ခဲ့တတ်တယ်။ ကျနော် မနေတတ်တော့။
သူ့အကြည့်တစ်ချက် ကျနော့်ဆီ ဘယ်အချိန်
ချော်ကာ ရောက်လာမလဲ တကြည့်ကြည့်နဲ့
ကျနော့်ကို Mongu ကတော့ ပြုံးစိစိနဲ့။

ခါတိုင်းလို ရန်တွေ့ပစ်ဖို့တောင် ကျနော် မအား။ သူ့ကိုပဲ ခိုးခိုးလှည့်ကြည့်ရသည်။
သူကတော့ သူ့လည်ပင်းမှာ သိုင်းလွယ်ချိတ်ထားတဲ့ camera နှင့် အလုပ်ရှုပ်နေလေသည်။ ထိုနေ့က မြင်တွေ့ခဲ့ရသော သွားရောက်ခဲ့ကြသော နေရာတွေ မြင်ကွင်းတွေသည် ကျနော့်အတွက်တော့ မစွဲမြဲခဲ့ပေ။ ဂါးးးးး Kim Kai စုတ် အဲ့တာ မင်းကြောင့်ပဲ။

-----------------------The World--------------------

ကျနော်တို့ အမေရိကားမှာ ၉ရက်နေ ခဲ့ပီး
ဒီနေ့တော့ ပြန်ဖို့ ပြင်ဆင်ကြတော့သည်။

"ချစ်လေး အကုန် ထုပ်ပိုးပီးပီလား။ ကိုယ်ကူပေးရဦးမလား။ "

အခန်းပေါက်ကို လာရပ်ကာ မေးလာသော
Mongu ကို လက်ထဲက ခေါင်းဦးဖြင့် ကောက်ထုလိုက်သည်။ ဘေးနားက Taemin ကတော့ သဘောကျစွာ ရယ်နေလေရယ့်။

"လာ လာ မင်း လူလည်ကျထားတာ ငါ့ အိတ်ထဲ မင်းပစ္စည်းတွေချည်းပဲ ဘယ်အချိန်က ထည့်ထားတာလဲ ပြော..."

ပြုံးစိစိနဲ့ ခေါင်းဦးကိုပိုက်ကာ
"ဟမ် ငါထည့်တာ မဟုတ်ဘူးနော် Taemin ထည့်ပေးတာ။ ကူပေးမယ် ဆိုလို့ ထည့်ပေးဖို့ပြောမိတာ အိတ်မှားသွားတာနေမယ် နော့်" Taemin ကို မျက်စိမှိတ်ကာ ပြောနေသော
Mongu... ကျက်သတုံးလေး

"sorry Sehun ငါမှားထည့်မိတာ "

ဘာမှကို ဆက်ပြောချင်စိတ်မရှိတော့၍ ကျနော့်ရဲ့ နည်းပါးလှတဲ့ အဝတ်တွေကို Mongu နဲ့ တူတူ တစ်အိတ်ထဲ ထည့်လိုက်တော့သည်။
ငပျင်းကောင် အလာကတည်းက တူတူထည့်ဖို့ချောင်းနေတာ။ လက်ကနေ သူ့ luggageကိုသူ
မကိုင်ချင်တဲ့ သူဌေးသား ငပျင်း......

"ကား အဆင်သင့်ဖြစ်ပီ သွားတော့မယ် မလား"
အခန်းပေါက်မှ လှမ်းပြောသော Jonginအသံကြောင့် မော့ကြည့်လိုက်ပေမယ့် ကျောခိုင်းသွားသော နောက်ကျောပြင်ကျယ်ကျယ်ကိုသာ
တွေ့လိုက်ရသည်။ ကျနော် ဒီနေ့မှ သူနဲ့ မျက်နှာချင်း မဆိုင်လိုက်ရရင် Korea ပြန်ရောက်ရင် နေလို့ထိုင်လို့ အဆင်ပြေမှာ မဟုတ်ဘူး။
.
.
.
.
လေဆိပ်ရောက်တဲ့ အထိ ကျနော် သူ့ဆီက အကြည့်တစ်ချက်ကို မရရှိသေးဘူး။ ကားပေါ်မှာတုန်းကလဲ မှန်ပေါ်က သူ့မျက်ဝန်းအစုံကို နောက်ခန်းကနေ ကျနော် ထိုင်ကြည့်နေပေမယ့်
တည်ငြိမ်လိုက်တဲ့ မျက်ဝန်း။ ကျနော့်ကို
တစ်ချက်မှ ပြန်ကြည့်မလာဘူး။ ခုလည်း ကားသွားထိုးရင်း ပြန်မလာသေးဘူး။
ကျနော် ဘာကို စိတ်တိုလို့ တိုလာမှန်းမသိ။
Toilet ထဲကိုသာ ဝင်လာခဲ့လိုက်တယ်။

🌎The World🌎Where stories live. Discover now