ထာဝရထက် တစ်ရက်ပိုသည်
By YinChanmyae
32K 2.6K 344
ကျွန်တော် ရောက်အောင်လာပါတယ်.. ကိုကို.. နဲနဲပဲ နောက်ကျတာပါ... အကြာကြီးစောင့်နေရတဲ့ အတွက် စိတ်မကောင်းပါဘူး... More
မိတ်ဆက်
ထာဝရ အပိုင်း ၁
ထာဝရ အပိုင်း ၂
ထာဝရ အပိုင်း ၃
ထာဝရ အပိုင်း ၎
ထာဝရ အပိုင်း ၅
ထာဝရ အပိုင်း ၆
ထာဝရ အပိုင်း ၇
ထာဝရ အပိုင်း ၈
ထာဝရအပိုင်း ၁၀
ထာဝရ အပိုင်း ၁၁
ထာဝရ အပိုင်း ၁၂
ထာဝရ အပိုင်း ၁၃
ထာဝရအပိုင်း ၁၄
ထာဝရ အပိုင်း ( ၁၅ )
ထာဝရ အပိုင်း ( ၁၆ )
ထာဝရ အပိုင်း (၁၇)
ထာဝရ အပိုင်း (၁၈)
အပိုင်း ၁၉
ထာဝရ အပိုင်း ၂၀
ထာဝရ အပိုင်း ၂၁
ထာဝရ အပိုင်း ၂၂
ထာဝရ အပိုင်း ၂၃
ထာဝရ အပိုင်း ၂၄
ထာဝရ အပိုင်း ၂၅
ထာဝရ အပိုင်း ၂၆
ထာဝရ အပိုင်း ၂၇
အပိုင်း ၂၈
ထာဝရ အပိုင်း ၂၉
ထာဝရ အပိုင်း (၃၀)
ထာဝရ အပိုင်း ( ၃၁ )
ထာဝရ အပိုင်း ၃၂ ဇာတ်သိမ်း
ထာဝရ အပိုင်း ၉
698 71 2
By YinChanmyae
အပိုင်း ၉
Yunho ရေဆာ နေပြီ.. ကားထဲက ရေဗူးလည်း ကုန်သွားပြီ လမ်းတစ်လျောက် ဘာဆိုင်မှမတွေ့ ရှေ့မှာ ကားဂိတ်ရှိတဲ့ ဆိုင်းဘူတ် တွေ့တော့ Yunho ပျော်သွာူးည် ဒါဆို ဆိုင်တစ်ဆိုင်လောက်တော့ ရှိမယ် ကားကို ခပ်ဖြည်းဖြည်း မောင်းရင်း ရေဝယ်ရင်း ခဏနားဖို့ ကားဂိတ်နားက 24 hours စတိုးရှေ့ရပ်လိုက်သည် ပြီးတော့ ရေရယ် အအေးရယ် တခြား အဆာပြေစားစရာ တစ်ချို့ ရယ် ဝယ်ပြီး Yunho ကောင်တာ မှာ ငွေရှင်းလိုက်သည်
ဦးလေးရေ ရှေ့လမ်းကို ချုးရင် ရောက်ပြီ...
Shin.... sungdum?????
ဟုတ်တယ် ... Shinsungdum က ..
နံမည်ဘယ်လိုခေါ်လဲ...
Oh Yeong Pyo ...
----------------//---------------------
တူ... တူ...
မကိုင်နဲ့.. YunHwan ...
Jae Joong  ဖုန်းကို ကြည့်ရင်းစိတ်တိုလာသည်... ရွာကို ရောက်ကတည်းက အဆက်အသွယ်မရတာ အခုဆို ၃ ရက်ရှိပြီ ဖုန်းလည်း မကိုင် ပို့ထားတဲ့ SMS တွေလည်း seen မပြနဲ့ .. Park YooChun ဘာတွေလုပ်နေလဲ...
စက်ပိတ်ထားပါသည်.....
Kim Jae Joong shi....
Kim Jae Joong shi....
Yoochun shi.... နေမကောင်းဘူး... ဒါကြောင့် သူဖုန်းမကိုင်နိုင်ဘူး... Junsu ဘောင်းဘီအိတ်ထဲ Yoochun ဖုန်းကို ထုတ်ကာပြလိုက်သည် .. Junsu ဒီကို မလာခင် ကြ်ုတင်လေ့လာ ပြင်ဆင်ပြီးသား.... Kim Jae Joong ဟာ သေချာပေါက် Park YooChun ကို လက်လျော့စေရမယ်....
---------------------//------------------
ဒါလေ သခင်လေး အိမ်...
ဒါ.....
--------------------//---------
Unicode
အပိုင်း ၉
Yunho ကားကို ခပ်ဖြည်းဖြည်းမောင်းရင်း ပတ်ဝန်းကျင်က သဘာဝအလှများကို ငေးမောနေမိသည် ပင်လယ်ကမ်းစပ်ဘေး မှာ ဖောက်ထားတဲ့ ကားလမ်းမှာမောင်းရင်း ရေလှိုင်းတွေကြား မောင်းနေရသလို ခံစားမိသည် GPS ကိုကြည့်ကာ မောင်းနေရပေမယ့် ကမ္ဘာသစ်ကို ရောက်နေသလိုခံစားရသည် Korea ဒီလိုလှတဲ့နေရာတွေရှိသေးတာပဲ...
Yunho ကားကို ခဏ ဘေးချရပ်ကာ ပင်လယ်ကြီးကို ကြည့်နေမိသည် ကျောက်ဆောင်တွေက်ု အရှိန်ပြင်းပြင်း လာရိုက်နေတဲ့ လှိုင်းလုံးတွေကို ကြည့်ရင်း တစ်ခုခုကို လွမ်းသလို လစ်ဟာနေသလို ခံစားရသည် အင်းးး ဟိုကောင်လေး ခြေထောက်သက်သာရဲ့လား ... စတွေ့တုန်းကလည်း ခြေထောက်နာနေတာ.. နောက်တစ်ခေါက်တွေ့ရင် သေချာမေးကြည့်မှပဲ... ဖုန်းနံပါတ်လည်း တောင်းရမယ်... Yunho တွေးရင်း ပြုံးမိသည်.. အခုရက်ပိုင်း ကောင်လေးကို သတိမရတဲ့နေ့ရယ်လို့မရှိ တစ်ခုခု တိုက်ဆိုင်တိုင်း သတိရနေမိသည် ဘာလို့သတိရနေမိလဲတော့မသိ...ကောင်လေးက တော်တော်တော့ချောတယ်... တွေ့ဖူးသမျှလူတွေထဲ သူအချောဆုံးပဲ... ဒါကြောင့်လည်း မှတ်မှတ်ထင်ထင် ဖြစ်နေတာ နေမယ်...
Oh Yeong Pyo တစ်ယောက် ကားမှားစီးမိပြီး ဒုက္ခရောက်နေသည် ကိုယ်မကျွမ်းကျင်တဲ့နယ်မြေမှာ ဘယ်သူ့ကို အကူအညီတောင်းရမှန်းမသိဖြစ်နေမိသည်
ဦးလေး ... ဒီမှာပဲ ခဏနားပြီးကားကြုံစောင့်ပေါ့ .. Bus က ဒီမှာ ဂိတ်ဆုံးတာ ဟိုဘက်လမ်းကဆို ဦးလေးသွားချင်တဲ့ဆီကို တန်းရောက်တယ်... သဘောကောင်းတဲ့ ကားတစ်စီးက ခေါ်မှာပါ.. ကျွန်မလည်း ဝိုင်းပြောပေးပါ့မယ်...
Oh Yeong Pyo ကျေးဇူးတင်စကားပြောရင်း လမ်းမဆီမျှော်ကြည့်မိသည် ဟူးးးးး မနက်ထဲက ထွက်လာတာ အခုထိ သွားချင်တဲ့ဆီကို မရောက်သေးဘူး လိပ်စာကတ်ကို ထပ်ထုတ်ကာ လိပ်စာကို ဖတ်လိုက်သည် အသက်ကြီးလာလို့လား မသိပါဘူး ထပ်ကာ ထပ်ကာဖတ်နေပေမယ့် အခုထိ လိပ်စာကို မမှတ်မိဘူး ဖြစ်နေသည်
အော်... ဆရာCho ဆီသွားမလို့လား... သူက သိပ်တော်တာ.. ကျွန်မလည်း ရောက်ဖူးတယ်.. ဒီရှေ့က ဖြတ်သွားတဲ့ ကားတော်တော်များများက ဆရာCho ဆီ သွားကြတာ.. ဦးလေး စိတ်ပူမနေနဲ့.. သူတို့ခေါ်တင်သွားမှာ... ဆိုင်ရှင်အမျိုးသမီးက Yeong PYo ရှေ့ ရေတစ်ခွက်ချပေးရင်း ပြောသွားသည်
တူမကြီး.. သူ က နံမည်ကြီး နတ်ဆရာလား...
နတ်ဆရာတော့ မဟုတ်ပါဘူး ဒါပေမယ့် နတ်ဆရာလို့ ပြောလည်းရပါတယ်.. သူက ဝိညဉ်တွေ မြင်ရတယ်လေ..ဒုက္ခရောက်နေတဲ့ ဝိညဉ်တွေက သူ့ဆီအကူအညီတောင်းကျတယ်... အဲဒီ ဝိညဉ်တွေ အကူအညီနဲ့ သူလည်း လာမေးတဲ့သူတွေကို မှန်အောင်ပြောနိုငိတယ်...
ဒုက္ခရောက်နေတဲ့ ဝိညဉ်..... သူသွားအကူအညီတောင်းတယ် ထင်တယ်... yeong pyo သက်ပျင်းချကာ တိုးတိုးညည်းလိုက်သည်
Yunho ရေဆာ နေပြီ.. ကားထဲက ရေဗူးလည်း ကုန်သွားပြီ လမ်းတစ်လျောက် ဘာဆိုင်မှမတွေ့ ရှေ့မှာ ကားဂိတ်ရှိတဲ့ ဆိုင်းဘူတ် တွေ့တော့ Yunho ပျော်သွားူည် ဒါဆို ဆိုင်တစ်ဆိုင်လောက်တော့ ရှိမယ် ကားကို ခပ်ဖြည်းဖြည်း မောင်းရင်း ရေဝယ်ရင်း ခဏနားဖို့ ကားဂိတ်နားက 24 hours စတိုးရှေ့ရပ်လိုက်သည် ပြီးတော့ ရေရယ် အအေးရယ် တခြား အဆာပြေစားစရာ တစ်ချို့ ရယ် ဝယ်ပြီး Yunho ကောင်တာ မှာ ငွေရှင်းလိုက်သည်
ဒီက လူငယ်လေး ဘယ်သွားမှာလဲ... ကောင်တာ မှ အမျိုးသမီးက Yunho ကိုမေးလိုက်သည်
Chaungnumdo ... Yunho ပြန်ဖြေလိုက်သည်
အပန်းမကြီးရင် ဟိုက ဦးလေးကို လမ်းကြုံခေါ်သွားပေးနိုင်မလားသူလည်း အဲဒီဘက် သွားရမှာ.. ကားမှားစီးလာလို့...
ရပါတယ် ကျွန်တော် လမ်းကြုံပါတယ် ဘယ်သွားမှာလဲ လိုက်ပို့လိုက်ပါ့မယ်...
ဦးလေး ... ဒီလူငယ်က Chaungnumdo ကိုသွားမှာ လမ်းကြုံတယ်တဲ့ .. ခေါ်သွားပေးမယ် တဲ့ ....
ဟာာ ကျေးဇူး တင်လိုက်တာ လူငယ်လေးရယ်.. ကျုပ်မှာ မှောင်သွားရင်ပြန်ဖို့ခက်မှာပါ တွေးပူနေတာ ... Bus ကို မှားစီးမိသွားတယ်.. ဦးလေး သွားမယ့်နေရာကလည်း နောက်ထပ် တစ်နာရီလောက်သွားရဦးမယ် ဆိုလို စိတ်ဓါတ်ကျနေတာ...
Yunho ကားကို သတိထားမောင်းရင်း စကားစလိုက်သည်
ဘယ်ကို လိုက်ပို့ပေးရမလဲ ခင်ဗျ.. ကျွန်တော်က လမ်းမကျွမ်းကျင်တော့ GPS နဲ့ရှာပေးမလို့ပါ...
ဒီလိပ်စာပဲ.. လူငယ်လေး.. ဦးလေးနံမည် Oh Yeong Pyo ပါ...
အာာာာ... ကျွန်တော်သွားမယ့်နေရာ နဲ့ တူတူပဲ.. ဟုတ်ကဲ့ ဦးလေး Oh တွေ့ရတာ ဝမ်းသာပါတယ်..
ဟုတ်လား... သူကတော်လား အရင်က လူငယ်လေးသူဆီသွားဖူးလား...
ကျွန်တော့ နံမည် Jung Yunho ပါ... တစ်ခါမှ မသွားဖူးပါဘူး... ကိစ္စတစ်ခု သိချင်လို့ သူ့ဆီစုံစမ်းမလို့ပါ...
ဦးလေးလည်း တစ်ခါမှ မရောက်ဖူးပါဘူး... ဦးလေးတို့ အခက်အခဲတစ်ခု သူများ ကူညီနိုင်မလားလို့ပါ... ဒါကြောင့် အလောတကြီး ထွက်လာရင်း ကားမှားစီးမိတာ..
Yunho ကားမောင်းရင်း စကားပြောရင်း နဲ့ သွားရမယ့်နေရာ တဖြည်းဖြည်း နီးလာပြီ
ဦးလေးရေ ရှေ့လမ်းကို ချု်းရင် ရောက်ပြီ...
ကျေးဇူး တငိပါတယ် လူငယ်လေးJung .. ဦးလေး ဆီလည်း လမ်းကြုံရင်ဝင်ခဲ့ပါ.... Shinsaungnum မှာ ဦးလေး အိမ်မသိသူမရှိဘူး... ဟားဟား ...
Yunho တို့ အိမ်ရှေ့ကားရပ်တယ် ဆိုရင်ပဲ.....
Jung Yunho shi... အိမ်ထဲကြွပါ... ဒီက ဦးလေး ဘာကိစ္စလဲ မသိဘူး... ဆရာCho နဲ့ တွေ့ဖို့ဆို နောက်နေ့မှလာခဲ့ပါ ဒီနေ့ ဆရာ ဘယ်ဧည့်သည်ကို မှ လက်မခံပါဘူး....
ဟာာ ဦးလေးက အဝေးကြီးက လာရလ်ု့ပါ တွေ့မှ ဖြစ်မယ် ထင်ပါတယ် ... ဆရာကို ပြောပေးပါဦး...
တောင်းပန်ပါတယ် နောက်ရက်မှ လာခဲ့ပါ... Jung Yunho shi ဒီဘက်ကိုကြွပါ...
လူငယ်Jung ... ဦးလေးကို ကူညီပေးပါဦး...ထပ်လာဖို့ဆိုတာ ဝေးလို့ပါ...
ကျွန်တော် ပြောကြည့်ပေးပါ့မယ် ခဏစောင့်နေပါ ဦးလေး... Yunho ပြောပြီး ခြံထဲ လှမ်းဝင်လိုက်သည်
ဆရာ ... Jung Yunho shi.. ရောက်ပါပြီ...
အခန်းငယ်တစ်ခုထဲ မှ Cho KyuHyun ထွက်လာသည်
Yunho shi... လာပါ အခန်းထဲကို လာပါ... KyuHyun အခန်းတံခါးကို တွန်းဖွင့်ပေးကာ ဝင်ခိုင်းလိုက်သည်
ကျွန်တော် မျှော်နေတာ... ဒီနေ့ ဘယ်ဧည့်သည်မှ လက်မခံဘူး ... Yunho shi .. ကိစ္စပဲ ဖြေရှင်းမှာ... KyuHyun Coffee ခွက်ကို yunho ရှေ့ချပေးရင်းပြောလိုက်သည်
ခဏလေး .. KyuHyun shi... ကျွန်တော်လမ်းမှာ ဦးလေး တစ်ယောက်နဲ့ တွေ့တယ် သူကလည်း ခင်ဗျားဆီလာတာ အခု သူ တွေ့ခွင့်မရဘူးဖြစ်နေတယ်.. သူက တော်တော်ဝေးဝေးက လာရလို့ပါ... ဖြစ်နိုင်ရင် သူတစ်ယောက်ကို အရင်ကူညီပေးပါလား... Yunho KyuHyun ကိုပြောလိုက်သည်
တောင်းပန်ပါတယ် ဘယ်လိုမှ အဆင်မပြေပါဘူး... အခုချိန်မှာ ခင်ဗျား ကိစ္စလောက် ဘယ်အရာမှအရေးမကြီးဘူး ... KyuHyun စာရွက်တစ်ချို့ကို သေချာပိုင်းဖြတ်ရင်းပြောလိုက်သည်
သူလည်း အရေးကြီးပုံပါပဲ... Shinsungdum ကတောင် လာရတာ.... yunho အကူအညီတောင်းလိုက်သည်
Shin.... sungdum?????
ဟုတ်တယ် ... Shinsungdum က ..
နံမည်ဘယ်လိုခေါ်လဲ...
Oh Yeong Pyo ...
Shinsungdum........ Oh Yeong Pyo..... KyuHyun ခပ်တိုးတ်ုးရွတ်နေသည်
ဟားးးဟားးးးဟားးးး.... yarhhhhhhh ... ဒီတစ်ခါတော့ ဒီတစ်ခါတော့.... အားလုံး အဆင်ပြေမယ်ထင်တယ်.. KyuHyun အော်ကာ ခြံထဲပြေးဆင်းသွားသည်
----------------//---------------------
Jae ah.... jae ah.... YooChun သတိမရသေးပေမယ့် ခပ်တိုးတ်ုး ညည်းနေသည်
YunHwan အစ်ကိုဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည် မနေ့ညက မိုးရေထဲမှာ တစ်ညလုံးဒူးထောက်နေခဲ့သည် ဒါပေမယ့်လည်း ဒီနေ့ မနက်သတင်းတွေမှာ Kim family က Kim Junsu နဲ့ The Milky Way က Park YooChun တို့ စေ့စပ်ပြီးကြောင်း နှစ်မကုန်ခင် လက်ထပ်မယ့်အကြောင်းတွေ ပါလာခဲ့ပြီ...
ဘယ်နှယ့်နေသေးလဲ .. YunHwan ...
အဖျားတော့ကျသွားပြီ... ရင်ကျပ်တာကတော့ ခုဏကတင် ဆေးထပ်ရှူရတယ် ... သိပ်မသက်သာဘူး .. နှလုံးကလည်း အားနည်းနေတယ် တဲ့....Omma...
ဟင်းးးးးးးး ခက်လိုက်တာကွယ်... ငါလည်း ဘယ်လို လုပ်ရမလဲ မသိဘူး YunHwan ရယ် မင်းအစ်ကိုကလည်း Jae Joong မှ Jae Joong ...
Omma .. Jae Joong Hyun ကို လက်ခံပေးလို့မရဘူးလား...Hyun ဒီလို ဆက်လုပ်နေရင် သေသွားလိမ့်မယ်...
မဖြစ်နိုင်ဘူး YunHwan...
Aboji! ... YunHwan aboji အနောက်မှာ ရောကိနေတာ တွေ့တော့ လန့်သွားသည်
YunHwan ... မင်းအစိကို က ကျန်းမာရေး မကောင်းဘူး နည်းနည်းမှအပင်ပန်းခံလို့မရဘူး... ဒီနှစ်ပိုင်း ပိုဆိုးလာတာ မင်းသိတယိ မဟုတ်လား... သူ့ကို aboji မပင်ပန်းစေချင်ဘူး... ဘာအတွက်နဲ့မှမပင်ပန်းစေချင်ဘူး.. Kim Jae Joong နဲ့ သာ လက်ထပ်ရင် မင်းအစ်ကို အသက်မရှည်နိုင်ဘူး... တစ်ခုခုဆ်ု ဆေးကုဖို့တောင် ငွေရှိမှာ မဟုတ်ဘူး... မင်းအစ်ကို နေ့စဉ်သောက်နေတဲ့ ဆေးဖိုးကတင် ဝမ်သိန်းနဲ့ချီတယ် ... Kim Junsu နဲ့ဆို မင်းအစ်ကို ခဏတော့ စိတ်ဆင်းရဲမယ်... ဒါပေမယ့် တစ်ဘဝလုံး အေးအေးဆေးဆေးနေရမယ်... နိုင်ငံခြားက အကောင်းဆုံးဆေးရုံမှာ ဆေးကုနိုင်မယ်... မင်းအစ်ကို နှလုံးရောဂါ လည်း ပိုဆ်ုးလာတယ်...သိပ်မကောင်းဘူး...ငါ... သူ့အတွက် Kim Junsuကို လက်ခံခဲ့တာ.. အခုချိန် မင်းတ်ု့ ငါ့က်ု မုန်းချင် မုန်းနေမယ်... တစ်ချိန်ကျ နားလည်လာမှာပါ... Park Min Woo ပြောပြီး အခန်းထဲက ထွက်လာခဲ့သည်
တူ... တူ...
YooChun ဖုန်းမြည်နေသည်
Omma....Jae Joong Hyun  ခေါ်နေတယ်... YunHwan ဖုန်းကို ကိုင်ထားပြီး ဝေခွဲရခက်နေသည်
မကိုင်နဲ့.. YunHwan ...
YunHwan ဖုန်းကို power off လိုက်ကာ သိမ်း လိုက်သည်
Jae Joong  ဖုန်းကို ကြည့်ရင်းစိတ်တိုလာသည်... ရာွကို ရောက်ကတည်းက အဆက်အသွယ်မရတာ အခုဆို ၃ ရက်ရှိပြီ ဖုန်းလည်း မကိုင် ပို့ထားတဲ့ SMS တွေလည်း seen မပြနဲ့ .. Park YooChun ဘာတွေလုပ်နေလဲ...
သား ... Jae Joong မင်းဂဏန်းစားချင်တယ်ဆို.. ဂဏန်းသွားတူးရအောင်...
အာာ ဘွားနေပါ...သား ပါသာ သွားတူးမယ်..ဘွားကချက်ပေးနော်...
Jae Joong ဂဏန်းတူးရင်း စိတ်ထဲမလုံသလို ခံစားနေရသည် လက်ထပ်မယ်တွေးလိုက်တိုင်း အပြစ်လုပ်မိသလို ခံစားနေရသည် .... YooChun မိဘတွေ သဘောမတူတာကို အတင်းရှေ့တိုးမိနေလို့ပဲ ခံစားနေရတာလား မပြောတတ်...
ဟူးးးးးး Jae Joong သက်ပြင်းမှုတ်ထုတ်လိုက်ပြီး ရွံတောထဲ ထိုင်ချလိုက်သည် ရေပုံးထဲမှာ ဂဏန်းဆယ်ကောင်လောက်ရပြီ ဆက်မတူးချင်တော့ ... ဖုန်းကိုထုတ်ကာ နှိပ်ကြည့်လိုက်သည် SMS ရော ဖုန်းcall တွေရော ဘာမှ မထူးခြား YooChun ဆီက အဆက်အသွယ်မရသေး.... ဘာဖြစ်နေလဲ Chun ရယ်.... အဆုံးအစမဲ့ ပင်လယ်ပြင်ကို ကြည့်ရင်း Jae Joong YooChun ဖုန်းကိုထပ်ခေါ်လိုက်သည်
စက်ပိတ်ထားပါသည်.....
Jae Joong စိတ်ပျက်လက်ပျက်နှင့် အတော်ကြာထိုင်နေပြီးမှ အိမ်ပြန်ဖို့သတိရသည် ထိုင်ရာက ထကာ အနောက်ဘက် လှည့်လိုက်တယ် လူတစ်ယောက် မတ်တပ်ရပ်ကာ Jae Joong ကိုကြည့်နေသည် ရွံ့နွံတော နဲ့ မလိုက်ဘက်စွာ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည် ဝတ်စုံပြည့်နဲ့လူကိုကျော်ကာ Jae Joong လျောက်လာသည်
Kim Jae Joong shi....
Nae??? Jae Joong တအံတသြလှည့်ကြည့်လိုက်သည် သေချာတာ တစ်ခါမှ မသိဘူးတာပဲ
Kim Jae Joong shi....
ကျွန်တော့်ကို ရှာတာလား .... Jae Joong ကိုယ့်ကိုကိုယ် လက်ညှိုးထိုးကာမေးလိုက်သည်
Kim Junsu ပါ... ကျွန်တော့်ကို Kim Jae Joong shi ... သိမယ်ထင်ပါတယ်...
အော်.... Kim Junsu... Kim Junsu!! ... Jae Joong ဖြူဖြူနုနု ကောင်လေးကို တအံတသြ ဖြစ်ကာနေသည် Kim Junsu က ဘာလာလုပ်တာလဲ ...
Yoochun shi.... နေမကောင်းဘူး... ဒါကြောင့် သူဖုန်းမကိုင်နိုင်ဘူး... Junsu ဘောင်းဘီအိတ်ထဲ Yoochun ဖုန်းကို ထုတ်ကာပြလိုက်သည် .. Junsu ဒီကို မလာခင် ြက်ုတင်လေ့လာ ပြင်ဆင်ပြီးသား.... Kim Jae Joong ဟာ သေချာပေါက် Park YooChun ကို လက်လျော့စေရမယ်....
YooChun ဖုန်းက ဘာလို့ ခင်ဗျားဆီ ရောက်နေရတာလဲ! Jae Joong ဒေါသထွက်သွားပြီး ဖုန်းကို လှမ်းယူဖို့ကြိုးစားလိုက်သည်
YooChun နေမကောင်းတာထက် ဖုန်းကို ပိုစိတ်ဝင်စားတာလား   Kim Jae Joong shi... Junsu ဖုန်းကို ပြန်သိမ်းကာမေးလိုက်သည်
YooChun...ဘာဖြစ်တာလဲ... သူခဏခဏ အားနည်းတတ်တယ် .. အခုရော... Jae Joong ခဏနေမှ Junsu ကို မေးလိုက်သည်
Park YooChun shi.... ဘာဖြစ်လဲ??? ဟုတ်လား.... ဟားဟား... မင်း ဘယ်လိုရည်းစား မျိုးလဲ Kim Jae Joong ... ကိုယ့်ရည်းစားမှာ ဘာရောဂါရှိမှန်းတောင် မသိဘူးလား..... Junsu တစ်ချက်ရယ်ကာ ပြောလိုက်သည် သေချာသွားပြီး Park Yoochun ကို Kim Jae Joong လက်ထဲက ရအောင်ယူရမယ်
ရောဂါ...ရောဂါ??? လျောက်ပြောမနေနဲ့ Kim Junsu ...Chun နဲ့ သူငယ်ချင်းအဖြစ်ရော ချစ်သူအဖြစ်ရော သိနေတာ ၆ နှစ်ရှိပြီ ! သူက နဂို အားနည်းတာအပင်ပန်းမခံနိုင်တာ... ရောဂါ မဟုတ်ဘူး...
သြ... ဟုတ်လား ... အသက် ၂၄ နှစ်အရွယ် သန်မာန်တဲ့ ဖြတ်လတ်တဲ့ အရွယ်မှာ အမောမခံနိုင်တာ အပင်ပန်းမခံနိုင်တာ အားနည်းတာ... သာမာန်ပဲလား.... မင်းရော အဲလ်ုပဲလား... ဘာကြောင့် အပင်ပန်းမခံနိုင်တာလဲ မစဉ်းစားမိဘူးလား... ဘာကြောင့် အားနည်းလဲ မစဉ်းစားချင်ဘူးလား.....
ဒါက... ဒါက... Jae Joong နောက်ဆုတ်လိုက်သည် ဟူတ်တယ် Jae Joong တစ်ခါမှ မစဉ်းစားမိဘူး..အမြဲရွှင်လန်း တက်ကြွ စနောက်နေတဲ့ Chun မှာ ရောဂါရှိတယ်တဲ့လား....Chun ah... ငါ လာခဲ့မယ်... Jae Joong လှည့်ထွက်ခဲ့သည်
Kim Jae Joong ... Junsu JaeJoong လက်ကို လှမ်းဆွဲလိုက်သည်
Park YooChun ကို ကျွန်တော့ဆီပေးလို့မရဘူးလား....
ဘာာာာ! Jae Joong Jun su ကို ဆောင့်တွန်းလိုက်သည်
Park YooChun မှာ အဆုတ်ရောဂါ နှလုံးရောဂါ ရှိတယ် သူသောက်တဲ့ ဆေးဖိုးတစ်ရက်စာဟာ ဝမ်သိန်းကျော်တယ်...အခု နှလုံးပိုပြီး အားနည်းလာတယ်...အဲလို အခြေအနေမှာ မင်း သူ့ကို ဒုက္ခခံခိုင်းမလို့လား... သူသေသွားလိမ့်မယ်... Park YooChun သေသွားလိမ့်မယ်... မင်း သိလားJae Joong ... မင်း နဲ့ လက်ထပ်တာ နဲ့ သူ့အိမ်က အမွေပြတ်စွန့်လွတ်မှာကို သိလား... သူတို့ မိသားစု လုပ်ငန်း အဆင်မပြေပဲ အရှုံးတွေပေါ်နေလို့ ငါတို့ ကူညီနေရတာ သိလား ငွေကြေးအစ အကြံဉာဏ်ကအစ .. နောက် ငါ သူတို့ ရှယ်ယာ၄၅% ကို ဝယ်ထားတာ မင်းသိလား... မင်း နဲ့ သူ ယူတာနဲ့ Park YooChun ရော သူ့မိသားစုရော အကုန် လမ်းပေါ်ရောက်သွားမှာ....မင်း လုပ်ရက်လား....
မယုံဘူး! Kim Junsu ! မင်း ပြောတာတွေ ဘာတစ်ခုမှ မယုံဘူး!!!! Jae Joong အော်လိုက်သည်
Kim Jae Joong... ငါ YooChun ကို ၁၂နှစ် သား အလယ်တန်း ကျောင်းထဲက ချစ်ခဲ့တာ... တက္ကသိုလ်ဝင်တန်းမှာ အမှတ်အများကြီးနဲ့ အောင်ခဲ့ပေမယ့် YooChun တက်တဲ့ တက္ကသိုလ်ကိုပဲ ငါ တက်ခဲ့တာ... မင်း နဲ့ ရယ်မောပျော်ရွှင်နေတဲ့ YooChun ကို ခပ်ဝေးဝေးက ကြည့်ပြီး ငါကျေနပ်နေခဲ့တာ... ဒါတွေဟာ... Park YooChun ... ဒီလို လွယ်လွယ်နဲ့ ကျရှုံးဖို့ မဟုတ်ဘူး!! ငါ YooChun ဒီလ်ု အခြေအနေ ဖြစ်နေတာ ငါ မကြည့်ရက်နိုင်ဘူး... မင်း လကိလျော့လိုက်ပါ Kim Jae Joong .. ငါ တောင်းပန်ပါတယ်... ငါ သူ့ကို အမေရိကား ခေါ်ပြီး ဆေးသွားကုမယ်.... သူ့ကို အကောင်းဆုံးဆေးရုံမှာ အကောင်းဆုံးဆေးတွေနဲ့ လူကောင်းတစ်ယောက်လို ဖြစ်လာအောင် ငါ ကုမယ်... သူ့လုပ်ငန်းမှာ လိုသမျှကူညီပြီးThe Milky way အောင်မြင်အောင်လုပ်ပေးမယ်... ငါ့က်ုသာ ပေးလိုက်ပါ..Jae Joong ...ငါ တောင်းပန်ပါတယ်... Junsu ရွံ့နွံတော ထဲ ဒူးထောက်ကာ ပြောလိုက်သည်
ဟင့်အင်းးးးး ငါ မသိဘူး... ငါ ကို ဘာမှမတောင်းဆ်ုနဲ့... ငါမှာ ဘာမှ ပေးစရာ မရှိဘူး... Jae Joong ပြောရင်း Junsu နဲ့ ဝေးရာ က်ု ထွက်ပြေးလာမိသည်
Jae Joong အိမ်အမြန်ပြန်ကာ ပစ္စည်းတွေ သိမ်းလိုက်သည် Seoul ကို ပြန်ရမယ် YooChun နဲ့တွေ့ရမယ်... ကျန်တာ ဘာမှမသိချင်သေးဘူး...
သား ... Jae Joong ပြန်တော့မလို့လား... မင်းပြောတော့ ကြာဦးမှာဆ်ု... ၃ ၄ ရက် ထပ်နေဦးမယ် ဆို... အဘွားက အလောတကြီး ပစ္စည်း သိမ်းနေတဲ့ Jae Joong က်ု မေးလိုက်သည်
ကိစ္စတစ်ခု ပေါ်လာလို့.. အရေးကြီးလို့... ကားခေါ်ထားတယ် ... ကားလာတာ နဲ့ သွားရမှာ... သား ဖုန်းဆက်လိုက်ပါမယ်...
မေးရဦးမယ်... Park YooChun ဆိုတာ မင်းသူငယ်ချင်း မဟုတ်လား... ဒီမှာကြည့်စမ်း Kim Family နဲ့ လက်ထပ်တော့မယ် သတင်းပါလာတယ်... တစ်ခါ လာလည်ဖူးတယ် ... ဟူတ်တယ်မဟုတ်လား... အဘွားက Jae Joong လက်ထဲကို စာစောင် ထည့်ပေးလိုက်သည်
Jae Joong စာစောင်ကို ကြည့်ကာ.... ပြောစရာစကားတွေ ဆွံ့အကုန်သည်
---------------------//------------------
Yunho ကားမောင်း ရင်း စိတ်တွေရှုပ်နေမိသည်
KyuHyun shi.... ကျွန်တော် က Jung သခင်လေးဆိုတာ သေချာလား... အဖေ နံမည်တူနေတဲ့ တခြား Jung မျိုးနွယ်ဖြစ်နေမယ်... Yunho ကားနောက်ခန်းမှာ အိမ်ထိန်း Oh နဲ့ စကားဖောင်ဖွဲ့နေတဲ့ KyuHyun ကို မေးလိုက်သည်
အော် ... Jung သခင်လေးရယ် ခင်ဗျား အိမ်မက်တွေက သက်သေခံနေပြီလေ... ဟိုကို ရောက်ရင် ခင်ဗျားရှင်းသွားမှာပါ...
ဒါပေမယ့်..... Yunho ဘာပြန်ပြောရမှန်း မသိ... Yunho တို့ Jung မျိုးနွယ်ရဲ့ အိမ်ကို မောင်းခိုင်းလို့သာ မောင်းနေရတယ်.. စိတ်ထဲ ဘာမှမရှင်း...
Yunho ကားကို ၃ နာရီလောက် ဆက်တိုက်မောင်းရင်း သွားရမယ့် နေရာ ရောက်လာသည် ညနေလည်း စောင်းနေပြီ...
Jung သခင်လေး ... မှတ်မိနေတာလား... Yeong Pyo မေးလိုက်သည်
Nae??? Yunho ကားရပ်မိတဲ့ ခြံဝန်း ဆိုင်းဘုတ်ကို ဖတ်လိုက်သည် Shinsungdum....
အာာ မဟုတ်ပါဘူး.... Yunho ဇဝေဇဝါဖြင့် ဖြေလိုက်သည် ဘာလို့ ခြံရှေ့တည့်တည့် ရပ်မိမှန်းတော့ မသိ... မတော်တဆ တိုက်ဆိုင်တာဖြစ်မည်
သခင်လေး.... တကယ် Jung သခင်ဟုတ်ရဲ့လား ကြည့်ပါစေ... Oh Chun Soo တံခါးဝကနေ Yunho ကို ပွေ့ဖက်ကာ ပြောလိုက်သည်
မှဲ့နဲ့ ဟုတ်တယ် သခင်လေး... သခင်လေး သေချာအောင် နောက်တစ်နေရာ ကြည့်ပါရစေ... မရိုမသေဖြစ်သွားရင်း ခွင့်လွတ်ပါ... Oh Chun Soo Yunho နသယ် စပ်ကို လှမ်းစမ်းကာပြောလိုက်သည်
အာာာ အဖေ .. သခင်လေးကို အားနာစရာ အိမ်ထဲခေါ်ပါဦး... ပြီးမှ စစ်ကြည့်ပါ... တောင်းပန်ပါတယ် သခင်လေး... အိမ်ထဲ ကြွပါ... ဒါ သခင်လေး အိမ်ပါ... Oh Yeong Pyo Yunho လက်ကို ဆွဲကာ အိမ်ထဲခေါ်သွားသည်
နေပါဦး... ဒါ ၂၁ ရာစုပါ... သခင်လေး .. သခင်လေး နဲ့ မခေါ်ပါနဲ့ .. ၁၈ ရာစုလည်း မဟုတ်ဘူး... ကျွန်တော့ နံမည် Jung Yunho ပါ... Yunho လို့ ခေါ်ပါ.. ရပါတယ်... Yunho မနေတတ်စွာပြောလိုက်သည်
ဒါလေ သခင်လေး အိမ်...
Yunho အိမ်ထိန်းOh လက်ညှိုးထိုးပြတဲ့ အိမ်ကို ကြည့်ရင်း ရင်ထဲ တစ်မျိုးဖြစ်လာသည် .. တစ်ခုခုတော့ တစ်ခုခု ပဲ... အားးးး ရင်ဘတ်ထဲက အောင့်တတ်လာသည် .. Yunho ရင်ဘတ်ကို ဖိရင်း အိမ်ထဲကို လှမ်းဝင်လိုက်သည် သိပ်ရင်းနှီးနေတဲ့ အငွေ့အသက်တွေ... သိနေတယ်... ဒါပေမယ့် ဘာက်ု သိနေမယ်မှန်း မသိ...
လာပါ... သခင်လေး ကြည့်ရတာ... အရမ်းပင်ပန်းနေတယ်... ထိုင်ပါ... Oh Chun Soo ခေါ်လိုက်သည်
အဖေ... အပေါ်ထပ်ကို ခေါ်ရအောင် KyuHyun shi... အပေါ်ထပ်မှာ အေးအေးဆေးဆေး စကားပြောရအောင်... Oh Yeong Pyo... အပေါ်ထပ်ကို ခေါ်လိုက်သည်
အားးး...Yunho လှေကား ကို လှမ်းတက်ရင်း ရင်ထဲမှာ နေမရတော့... တစ်ချက် ခပ်တိုးတ်ုးအော်လိုက်သည်
သခင်လေး သခင်လေး ဖြစ်ရဲ့လား....
ရပါတယ် ... ဘာမှ.. အားး .. မဟုတ်ပါဘူး... ကားအကြာကြီးမောင်းရလို့ထင်တယ်... နဲနဲမွန်းပြီးမောတယ်....
ဟေ့ တံခါးတွေ ဖွင့် Yeong Pyo.. သခင်လေးက အသက်ရှုကျပ်တယ်တဲ့.... Oh Chun Soo သူ့သားကို အော်လိုက်သည်
အဖေ... ဒါတွေက..... Oh Yeong Pyo... စားပွဲပေါ် က လဘက်ရည် ပန်းကန်တွေကို ကြည့်ပြီးမေးလိုက်သည်
Yunho ဟန်မဆောင် နိုင် ထိုင်ခုံမှာ ဝင်ထိုင်ချလိုက်သည် ....
ရရဲ့လား သခင်လေး... ကျွန်တော် ရေခပ်ပေးမယ်... Oh Yeong Pyo အောက်ထပ်ပြေးဆင်းသွားသည်
KyuHyun နဲ့ Oh Chun Soo တံခါးတွေ ပြေးဖွင့်ကြသည်
Yunho အသက်ကို မနဲရှုနေရင်း အိမ်ကို ခေါင်းလည်ကာ ကြည့်လိုက်သည်
ဟင်... ဟိုဘက် အခန်းထောင်မှာ လူငယ်တစ်ယောက် Yunho ကို ပြုံးကြည့်နေသည် ပြီးတော့ အခန်းထဲဝင်သွားသည်
Changmin.... Yunho နံမည် တစ်ခုကို ရေရွတ်ရင်း မတ်တပ်ရပ်လိုက်သည် ပြီးတော့ ခုဏလူငယ်လေး ဝင်သွားတဲ့ အခန်းတံခါးကို တွန်းမလို့ လုပ်လိုက်သည်
သခင်လေး! မဝင်နဲ့ ... သော့ကို ဘယ်သူက ဖွင့်ထားတာလဲ... သခင်လေး ..Oh Yeong Pyo တံခါးကို တွန်းဖွင့်ဖို့လုပ်နေတဲ့ Yunho ကို လှမ်းအော်လိုက်သည်
Yunho တွန်းလိုက်မိတာကြောင့် တံခါးပွင့်သွားသည် အခန်းထဲ မှာ...... အခန်း... အိမ်မက်ထဲက အခန်း နှစ်ယောက်ကုတင် ဘေးက စာကြည့်စားပွဲ... Yunho အလိုလို လှမ်းဝင်လိုက်မိသည်
သခင်လေး!!! သခင်လေး!!!! မလုပ်ပါနဲ့,.... အချိန်မတန်သေးဘူး... တောင်းပန်ပါတယ်.. မလုပ်ပါနဲ့...Oh Yeong Pyo Yunho ဝင်သွားတာနဲ့ တပြိုင်နက် အလိုလို ပိတ်သွားတဲ့ တံခါးကို ထုကာ အော်လိုက်သည်
Yunho shi!! Yunho shi!!! ... Changmin ... တောင်းပန်ပါတယ်... ငါတို့ ကူညီနေတာလေ... ထင်ရာတွေ မလုပ်ပါနဲ့... Yunho ကို ပြန်ထုတ်ပေးပါ!!! KyuHyun တံခါးကို ထုကာအော်လိုက်သည်
Yunho အခန်းထဲမှာ လိုက်ကြည့်နေရင်း အိမ်မက်ထဲရောက်သွားသလိုခံစားလာရသည်
Hyun..... စောစောက လူငယ်လေးက ဖယောင်းတိုင်မီးကို ထွန်းရင်း Yunho ကို ခေါ်လိုက်သည်
Changmin... Chanhmin... Yunho သိနေသလို နံမည်တစ်ခုကို ထပ်ကာ ရေရွတ်မိသည်
Hyun... ဘယ်တော့မှ ကျွန်တော့ကို မမေ့ဘူးနော်.....ဘာမှမမှတိမိတော့တာတောင် ကျွန်တော့်နံမည်ကို မှတ်မိနေသေးတယ်...
အားးးးရင်ဘတ်ထဲက စူးအောင့်လာသည် ... Yunho ရင်ဘတ်ကို ဆုတ်ကိုင်ရင်း ကုတင်ပေါ်ထိုင်ချလိုက်သည်
Hyun.... လှဲလိုက်လေ... ဒါဆ်ု သက်သာသွားမှာ....
အင်းးးး Yunho ကုတင်ပေါ်လှဲဖို့ပြင်ရင် စားပွဲပေါ်က စာအုပ်ကို သတိထားမိသွားသည်
ဒါ.....
အင်းး Hyun... မျက်စိမှတ်လိုက်တော့....
Yunho တစ်ကိုယ်လုံးလေးလံလာကာ ရင်ဘတ်နာတာ တစ်ခုထဲ သိတော့ကာ လှဲချလိုက်ရင်း... လောကကြီးကိုမေ့သွားသည်
--------------------//---------
up date အရမ်းကြာသွားတယ်
လက်ကအကြောတင်သွားလို့ စာအများကြီးရိုက်မရလို့ :(
Continue Reading
You'll Also Like
10.5K 942 8
TVXQ Story Type Fanfic
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
1.6M 198K 160