(5) Lean on me
(Zawgyi)
မနက္မိုးလင္းေတာ့ Kimmy အရင္ဆံုးႏိုးလာသည္။ အိပ္ရာေစာေစာႏိုးတာကေတာ့ သူ႔ရဲ႕တစ္ခုတည္းေသာ အက်င့္ေကာင္းေလးေပါ့…။
ႏိုးႏိုးခ်င္းတန္းမထေသးပဲ ဟိုဘက္ဒီဘက္လူးလိမ့္ရင္း အပ်င္းဆန္႔တဲ့အခါ သူ႔ေဘးမွာ Yukio အိပ္ေနတာကို ေတြ႔လိုက္မိသည္။
ေစာေစာစီးစီး Kimmy တစ္ကိုယ္လုံးဓာတ္လိုက္သြားသကဲ့သုိ႔ ခံစားလိုက္ရ၏။
'Nana-chanက ငါ့ေဘးမွာ!
Nana-chanက ငါ့ေဘးမွာ!
Nana-chanက ငါ့ေဘးမွာ!'
ဒါဆို သူ႔ေခါင္းထဲမွာ တရစပ္ေရရြတ္ရင္း ေခြ်းသီးေခြ်းေပါက္ေတြက်လာသည္။
Yukioကေတာ့ Kimmy ရဲ႕ ျပႆနာေတြကို မသိရွာ … သူ႔ဘာသူ အိပ္မက္မက္လို႔ေကာင္းေနဆဲ …
Yukioကို ၾကည့္ရင္းနဲ႔ Kimmy ရဲ႕ စိတ္ေတြမရိုးမရြျဖစ္လာသည္။ ၾကာၾကာၾကည့္ေနလွ်င္ မဟုတ္တာ တစ္ခုခုျဖစ္လာေတာ့မည္။
အယ္ … အဲ့ဒီမဟုတ္တာ တစ္ခုခုဆိုတာကို Kimmy လုပ္ေတာ့လုပ္ၾကည့္ခ်င္သား…ဒါေပမယ့္ Yukio ႏိုးသြားလို႔ ဘာျဖစ္ေနမွန္း သိသြားရင္ သူအကန္ခံရရံုမက အသတ္ပါခံရႏိုင္ဖြယ္ရွိသည္။
ဒါနဲ႔ပဲ Yukioကို ႏိႈးေတာ့သည္။ တစ္ခုခုလုပ္ခ်င္စိတ္ထက္ အခု ဗိုက္ဆာတာက ပိုအင္အားေတာင့္လာသည္။
"Senpai … "
တစ္ခါနဲ႔ မႏိုးေတာ့ ေနာက္တစ္ခါ …
"Senpai …"
ဒီတစ္ခါေတာ့ Yukio တစ္ဖက္သုိ႔ေစာင္းရင္း ဆက္အိပ္သည္။ ျခံဳထားေသာေစာင္က အနည္းငယ္ေလွ်ာက်သြားရာ အဝတ္မပါေသာ Yukioရဲ႕ ခႏၶာကိုယ္အေပၚပိုင္းကို ျမင္လိုက္ရၿပီး Kimmy ထေအာ္ေတာ့သည္။
"Senpai !!!!!"
"Mmm … "
"အား!!!!! Senpai !!!! ညက ကြ်န္ေတာ့္ကို ဘာလုပ္လိုက္တာလဲ!!!!"
Kimmy သူ႔ကိုယ္သူငုံ႔ၾကည့္ေတာ့ အဝတ္အစားရွိေနေသး၍ ေတာ္ေသးရဲ႕ဆို သက္ျပင္းခ်မိသည္။
"ဘာလဲကြာ ေစာေစာစီးစီး …"
"Senpai !! ဘာလို႔အက်ၤီမဝတ္တာလဲ!!! မရွက္ဘူးလား!!"
"အမ္ ! ငါ့အိမ္ငါ ဘယ္လိုေနေနေပါ့ … ရွက္ရေအာင္ မင္းကမိန္းကေလးလား … "
Yukio ကေတာ့ ပံုမွန္ပဲ ေျပာေနက်အတိုင္း ျပန္ေျပာသည္။ ညအိပ္တိုင္း အက်ၤီခြ်တ္အိပ္တတ္တာက အက်င့္ျဖစ္ေနေတာ့လဲ …
ဒါကို ပံုမွန္မဟုတ္ပဲ ေခ်ာ္ေတြးတာက Kimmy Moricana…
"Aww !! သိၿပီ !! "
Yukio မ်က္ေမွာင္ကုတ္ၿပီး ၾကည့္လိုက္သည္။ Kimmy ရဲ႕ သိၿပီဆိုတာေတြကို သူ ေၾကာက္လြန္းလို႔ …
"Senpai !! ကြ်န္ေတာ့္ကို ျဖား … အား !!!"
ထင္တဲ့အတိုင္း ေပါက္ကရမွ တကယ့္ ေပါက္ကရစကားလုံးေတြ ထြက္လာတဲ့အခါ Yukioက Kimmy စကားမဆံုးခင္ပဲ ကုတင္ေပၚကေန ေျခေထာက္နဲ႔ကန္ခ်လိုက္သည္။
"ထြက္သြား ငါ့အခန္းထဲက !!"
"Senpai ကလည္း !!"
"ထပ္ Senpai ၾကည့္ ! မင္းကို ငါသတ္မိေတာ့မယ္!!"
Kimmy အကန္ခံလိုက္ရ၍ စူပုတ္ပုတ္နဲ႔ အခန္းထဲက ထြက္သြားသည္။ ပါးစပ္ကလည္း ပြစိပြစိနဲ႔ ေျပာသြားေသးသည္။
"ဟုတ္လို႔နာတာ မဟုတ္ရင္ နာစရာလား … လူယုတ္မာႀကီး … အမွန္တရား နည္းနည္းေတာ့ ခါးမွာေပါ့ "
Kimmy ရဲ႕ မေက်မနပ္ေျပာသံေတြကို Yukio ၾကားရေသာ္လည္း ဘာမွျပန္မေျပာေနေတာ့ပဲ ေစာင္ျခံဳၿပီး ဆက္အိပ္သည္။
Kimmyတစ္ေယာက္ကေတာ့ အိမ္လည္းမျပန္ပဲ ထမင္းစားပြဲေဘးက ခုံေပၚမွာ ငုတ္တုတ္ကုပ္ကုပ္ေလး ထိုင္ေနရွာသည္။
"အနည္းဆံုးေတာ့ စားဖို႔တစ္ခုခုေပးသင့္တယ္"
ဗိုက္ကဆာေနေတာ့ မ်က္ရည္ကအလိုလိုက်လာသည္။
ဒါေပမယ့္ ခဏေလာက္အၾကာ Yukio ေရာက္လာသည္။
"အဲ့ဒါ ဘာျဖစ္ေနတာလဲ"
Kimmy ရဲ႕ ရႈပ္ပြေနၿပီးသား ဆံပင္ကို ဆြဲဖြရင္းေမးလိုက္သည္။ Yukioရဲ႕လက္ကိုပုတ္ထုတ္လိုက္ၿပီး ဆက္ၿပီးဆူပုတ္ေနသည္။
"… … …"
"စိတ္ေကာက္ေနတာလား??"
"စိတ္ဆိုးတာ … စိတ္ေကာက္တာက မိန္းကေလးေတြလုပ္တာ"
"အဲ့ေလာက္ စိတ္ဆိုးေနရင္ အိမ္ျပန္ပါ့လား … ဘာလို႔ ငုတ္တုတ္ထိုင္ေနလဲ"
"ျပန္ခ်င္ဘူး"
"ငါ မင္းကို တင္မေကြ်းႏိုင္ဘူးေနာ္"
မ်က္ရည္ေတြက ထပ္က်လာျပန္သည္။
"Senpai !! ဘယ္လိုျဖစ္ေနတာလဲ !!ကြ်န္ေတာ္စိတ္ဆိုးေနတာ နည္းနည္းေလာက္ ေခ်ာ့ဖို႔မစဥ္းစားပဲနဲ႔ ဘာလို႔ေဒါသကို ထပ္ဆြေနတာလဲ!!"
စြာတာလန္ေအာင္ ရန္ေတြ႔ေနတုန္း ဗိုက္က ဂြီကနဲအသံေပးလာျပန္ေတာ့ မ်က္ႏွာေလးက မဲ့ကနဲျဖစ္သြားျပန္သည္။
Yukioက Kimmyကို ၾကည့္ၿပီးတဟားဟားနဲ႔ သေဘာက်ေနသည္။
"မ်က္ႏွာအရင္သစ္မယ္ လာ … ၿပီးရင္ ေကြ်းမယ္"
Yukio ေရခ်ိဳးခန္းဘက္သို႔ ျပန္ထြက္သြားသည္။ Kimmy တစ္ေကာင္ကေတာ့
မ်က္ႏွာေပးက ခ်က္ခ်င္းကို ေျပာင္းသြား၏။ ေစြ႔ခနဲ Yukio ေနာက္ကေန ေျပးလိုက္သြားရင္းနဲ႔ _
"Senpai!!တူတူသစ္ရမွာလား!!!"
"အင္းေပါ့ … တစ္ေယာက္စီဆို ၾကာေနမယ္..ေရာ့"
သြားတိုက္တံအသစ္တစ္ေခ်ာင္း ထုတ္ေပးလိုက္သည္။ သြားတိုက္တံကို ယူရင္း Kimmy က Yukio ကို စိုက္ၾကည့္ေန၏။
"ဘာၾကည့္တာလဲ"
Kimmy မ်က္လံုးေလးေတြက Night Club က မီးေရာင္ေတြလို တဖ်တ္ဖ်တ္ေတာက္လာလ်က္ _
"Senpai!! ေရေရာတူတူခ်ိဳးလို႔ မရဘူးလား!!"
"Tsk !"
Yukio စိတ္ဆင္းရဲစြာနဲ႔ နာရင္းသာ ျဖတ္အုပ္လိုက္ေတာ့သည္။ ေခါင္းကိုပြတ္ရင္း ခဏေတာ့ ၿငိမ္ပိတ္သြားသည္။
"သြားမယ္ … လာ"
"အျပင္မွာစားရမွာလား"
"အင္းေပါ့ … ငါ့မွာ ဘာမွဝယ္ၿပီးသား မရွိေတာ့ဘူး …ၿပီးခဲ့တဲ့ရက္ေတြက အလုပ္ရႈပ္ေနလို႔"
Kimmy တို႔က ဒါမ်ိဳးပိုေတာင္ႀကိဳက္ေသး …။ ဒါဟာ _
"Senpai!! ဒါ တမင္ Date လုပ္ခ်င္လို႔ ဝယ္ထားၿပီးသား မရွိတာကို ဆင္ေျခေပးတာ မဟုတ္လား"
"ငါေနာ္ …"
ဒီလိုလဲ ဆိုင္တစ္ဆိုင္ထဲသို႔ ဝင္ၿပီးစားေသာက္သည္။
"ႀကိဳက္တဲ့ဟာမွာ"
Kimmy တို႔က မျငင္းပါ … အားမနာတမ္းကို မွာစားသည္။ Yukio က မလြန္လြန္းဘူးလားလို႔ ေမးေတာ့ _
"မနက္စာကို ရွင္ဘုရင္လို ပြဲေတာ္တည္ရတယ္တဲ့ Senpai ရဲ႕ … ၿပီးေတာ့ Senpai ပဲ ႀကိဳက္တာမွာဆို"
Yukio ဆက္မေျပာေတာ့ …။ စားေသာက္ၿပီးလို႔ ေစ်းထဲကို လိုအပ္တာဝယ္ဖို႔ သြားေတာ့လည္း _
"Senpai!!! ဒါေလးစားခ်င္တယ္!!"
"Senpai!!! ဒါေလး ဒါေလး!!"
ဆက္တိုက္ ေတြ႔ကရာကို လက္ညိွဳးထိုးဝယ္ခိုင္းသည္။ ျမင္သမွ် ေငးေနရင္း အေနာက္မွာက်န္ခဲ့ေတာ့ _
"Senpai!!ေစာင့္ဦး!!"
Kimmy တစ္ေယာက္ အခုမွ ေစ်းဆိုတာကို ျမင္ဖူးတဲ့မ်က္ႏွာနဲ႔ ေတြ႔သမွ်ဟာ သူ႔အတြက္ ထူးဆန္းေနသည္။ Yukio ကေတာ့ Tiffi ကိုသာ ႀကိတ္ၿပီးက်ိန္ဆဲေတာ့သည္။
နားၿငီးမ်ား သက္သာေလမလား ဝယ္ထားတဲ့ပစၥည္းေတြ သယ္ခိုင္းေတာ့ ႏွစ္ဆပိုဆိုးသြားရွာသည္။
"Senpai!!! ေလးတယ္!!"
"Senpai!!! ၿပီးေသးဘူးလား!!"
"Senpai!! ေညာင္းလာၿပီ!!!"
Kimmy နဲ႔ Yukio ႏွစ္ေယာက္ ဝရုန္းသုန္းကားျဖစ္ေနစဥ္ ဂိုဏ္းအစည္းအေဝးက ျပန္ထြက္လာေသာ Tiffi မွာ ဝါးခနဲသမ္းလိုက္မိသည္။
"မမေလး … ဘာလို႔ သမ္းေနတာလဲ"
Zero က ေမးသည္။
"အိပ္ငိုက္ေနတာ … အိပ္ငိုက္ေနတာ .. အဲ့ဒါ မမေလးအတင္းကို တစ္ေယာက္ေယာက္ေျပာေနလို႔တဲ့ သိလား"
Peso က ရွင္းျပလိုက္သည္။
"ဟိုႏွစ္ေကာင္ပဲ ေနမွာေပါ့ … တစ္ညလံုးျပန္မလာပဲနဲ႔ ငါ့မေကာင္းေၾကာင္း ထိုင္ေျပာေနသလားပဲ"
"ဒါနဲ႔ မမေလး … ဒီေန႔ေရာ …"
"ဘာလဲ"
"ေမာင္နဲ႔ သြားခ်ိန္းမေတြ႔ဘူးလား"
Zero အခ်ိန္မီ ပါးစပ္လွမ္းပိတ္ဖို႔ လုပ္ေသာ္လည္း မမီလိုက္ … Tiffi မ်က္ႏွာတစ္ခုလုံး ခရမ္းခ်ဥ္သီးေဆာ့လို နီရဲသြားသည္။
" ေဟ့ေကာင္ Peso ! ဘာေတြ ေလွ်ာက္ေမးေနတာလဲ"
"မမေလးကလဲ အခ်င္းခ်င္းေတြ ရွက္မေနပါနဲ႔ … မေန႔က ကြ်န္ေတာ္ေတြ႔ပါတယ္ ဟဲဟဲ"
Peso မရပ္ေသးပဲ ဆက္ေျပာသည္။ Tiifi သည္းမခံႏိုင္ေတာ့တဲ့အခါ …
"Zero !! "
"ဟုတ္ မမေလး !!"
"Peso ကို ဖမ္းခ်ဳပ္ၿပီး ေခါင္းတံုးရိတ္ေပးလိုက္!!"
"ဟုတ္ မမေလး!! လိုက္ခဲ့စမ္း အလိုက္ကမ္းဆိုးမသိတဲ့ အေကာင္"
Zero က Peso ကို ဆြဲေခၚသြားသည္။ Pesoတစ္ေယာက္ မ်က္စိပ်က္မ်က္ႏွာပ်က္နဲ႔ ဆြဲေခၚတဲ့ေနာက္ပါသြားသည္။
"ဟာ ! မမေလး အဲ့လိုမလုပ္နဲ႔ေလ !!"
Zero နဲ႔ Peso ထြက္သြားၿပီး တစ္ေယာက္တည္းက်န္ခဲ့ေတာ့မွ Tiffi ခမ်ာ ေပါ့ေပါ့ပါးပါးရွက္ခြင့္ရေတာ့သည္။
"ဘာေတြလာေျပာေနမွန္း မသိဘူး … အား !! ရွက္လိုက္တာ"
Date?? လုပ္ၾကည့္ခ်င္တာေပါ့ … ဒါေပမယ့္ Ryan အတြက္ မလုံျခံဳေသးတဲ့ အခုခ်ိန္မွာ ဒါေတြက မေတြးသင့္ေသးဘူးလို႔ သူမယူဆသည္။
ဖုန္းေလးဖြင့္ရင္း ေခၚသင့္မေခၚသင့္ စဥ္းစားေနစဥ္ ရုတ္တရက္ Kimmy ထံက ဖုန္းဝင္လာသည္။ ကိုင္လိုက္တာနဲ႔ ဟဲလိုပင္ မလုပ္ရေသး တစ္ဖက္လိုင္းက ေမာင္ျဖစ္သူ Kimmy ရဲ႕ အသံက ျပဲကနဲထြက္လာသည္။
"မမ !! ငါ ဒီေန႔ Senpai နဲ႔ Date လုပ္တယ္!! မုန္႔ေတြလည္း တူတူစားတယ္! ေစ်းလည္းတူတူဝယ္တယ္!!"
"ေဟ့ေကာင္ တိုးတိုးေျပာစမ္းကြာ!! ဆူညံေနတာပဲ"
"Senpai ကလည္း !!"
ေဘးက Yukio ရဲ႕ ေအာ္သံနဲ႔ Kimmy ရဲ႕ ျပန္အတြန္႔တက္သံကိုပါ ၾကားေနရသည္။
"ေပ်ာ္တာလည္းေပ်ာ္ေပါ့ … အိမ္ျပန္လာဖို႔ ေမ့မေနနဲ႔ဦး"
"အင္း !! ဒါပဲ မမ!!"
"ေနဦး !! Yukio ကို ဖုန္းေပးလိုက္"
"Senpai !!! မမက Senpai နဲ႔ ေျပာမယ္တဲ့!!"
"ေျပာ …"
'အဲ့ဒါေတြ အဲ့ဒါေတြ … အေျပာအဆိုေတြက'
"ညေန ငါတို႔ မအားဘူး … ျဖစ္ႏိုင္ရင္ေတာ့ နင္လိုက္ပို႔ပါလား … အဆင္မေျပရင္လည္း ကားလႊတ္ၿပီး လာႀကိဳခိုင္းလိုက္ရမလား"
"ရတယ္… ျပန္ပို႔ေပးမယ္"
"ၿပီးေရာ ေက်းဇူးပဲ …ငါ့ေမာင္ကို ေသခ်ာဂရုစိုက္ေနာ္ "
Kimmy က ဖုန္းျပန္လုသြားသည္။
"ဒါပဲေနာ္ မမ !! ညေနျပန္လာမယ္ !!"
Tiffi ျပံဳးလိုက္ရင္း …
"ေတာ္ေတာ္ေပ်ာ္ေနတဲ့ အသံနဲ႔"
Yukio ကို ေရြးမိတာမွန္သားပဲ … ကံတရားက ဒီလိုဆိုျပန္ေတာ့ သေဘာေကာင္းရွာသား … Kimmy နဲ႔ Yukio တို႔ကိုေတာ့ သူမလိုအျဖစ္မ်ိဳး မေတြ႔ၾကံဳေစခ်င္ … ဒါေၾကာင့္လည္း ဒီေလာကထဲက ကိစၥမွန္သမွ် Kimmy ကို ဆြဲမထည့္ပဲ သူမတစ္ေယာက္တည္းပဲ ဒိုင္ခံေျဖရွင္းခဲ့သည္။
Kimmy ကို သာမန္လူငယ္ေလးတစ္ေယာက္လို သာမန္ဘဝနဲ႔ပဲ ေပ်ာ္ရႊင္ေစခ်င္တာ Kimmy မိဘေတြရဲ႔ တစ္ခုတည္းေသာ ဆႏၵျဖစ္သည္။ ဒီဆႏၵကို သူမျဖည့္ဆည္းေပးခ်င္သည္။ ေက်းဇူးဆပ္တဲ့ အေနနဲ႔ေပါ့ …။
အခုခ်ိန္အထိေတာ့ အယိမ္းအယုိင္မရွိ အဆင္ေျပေနေသးသည္။ ေနာက္လည္း ဒီပံုေလးပဲ ဆက္ၿပီး အဆင္ေျပေစခ်င္သည္။
---
"Senpai !!!!!!"
ေန႔လည္စာအတြက္ ခ်က္ျပဳတ္ေနစဥ္ Kimmy တစ္ေယာက္ ေဘးကေနလိုက္ရႈပ္ေနတာ Yukio ေခါင္းေတြမူး ေဒါသေတြပါထြက္လာသည္။
"လာခဲ့စမ္း !!"
Kimmy ကို နားရြက္လိမ္ဆြဲၿပီး အိပ္ခန္းထဲသို႔ ေခၚသြားသည္။ ၿပီးေတာ့ ကုတင္ေပၚသို႔ ပစ္လွဲလိုက္၏။
"Senpai … ဘာလုပ္မလို႔လဲ … အဲ့ဒီလက္ထိပ္က လုပ္ဖို႔လဲ… ဘယ္ကရတာလဲ"
Yukio လက္ထဲက လက္ထိပ္ႏွစ္ခုကို ျမင္ၿပီးေမးလိုက္သည္။
"မင္းကို လက္ထိပ္ခတ္မလို႔ သေဘာေပါက္လား"
Yukio က Kimmy လက္တစ္ဖက္စီကို လက္ထိပ္တစ္ခုစီနဲ႔ ခတ္လိုက္ၿပီး တစ္ဖက္ကိုေတာ့ ကုတင္ထိပ္က တိုင္နဲ႔တြဲခတ္လိုက္သည္။
"Aww!!သိၿပီ !! Senpai က S မဟုတ္လား!!"
Yukio ဆယ္ပါျပန္ ပစ္ေသခ်င္သြားသည္။
"ေအး သိရင္ ၿငိမ္ၿငိမ္ေန … ဒါဘာလဲဆိုတာေရာ သိတယ္ေနာ္"
တိပ္တစ္ေခြကို ထုတ္ျပလိုက္၏ ။
"ဟုတ္!!"
"အသံမထြက္နဲ႔ … ေနာက္တစ္ခါထပ္ Senpai ဆိုတာနဲ႔ မင္းပါးစပ္ကို ငါတိပ္နဲ႔ကပ္ၿပီမွတ္"
"ဒီတိုင္းႀကီးေနရမွာလား"
"ဒီတိုင္းႀကီးပဲမေနလို႔ မင္းေလးက ဘာျဖစ္ခ်င္ေသးလို႔လဲ"
"Heehee "
တိပ္ေခြကိုေကာက္ၿပီး ထိပ္ကိုဂြက္ခနဲ ထုလိုက္သည္။
"မ်က္စိေနာက္လို႔ လက္ထိပ္ခတ္တာ … တလြဲေတြ ပစ္ေတြးမေနနဲ႔"
"ဒါဆို ထမင္းစားခ်ိန္ ထမင္းစားဖို႔ေရာ ?? Aww !! Senpai က ခြံ႔ေကြ်းမွာ !! "
Yukio ေသခ်င္စိတ္ပါ ထပ္ေပ်ာက္သြားေတာ့သည္။
"ေအး ဟုတ္တယ္ … မင္းပါးစပ္ ငါပိတ္တာပဲ ျမန္လိမ့္မယ္"
ခုနကတိပ္ေခြကို ျဖတ္ၿပီး Kimmy ပါးစပ္ေပၚကပ္ေပးလိုက္သည္။
"ဟား !! ေလာကႀကီးက ခုမွ သာယာသြားေတာ့တယ္"
အေၾကာေတြဆန္႔ၿပီး အခန္းထဲျပန္ထြက္သြားေတာ့သည္။ Kimmy မွာ မ်က္လံုးေလး ေပကလပ္ေပကလပ္နဲ႔ က်န္ခဲ့ရွာသည္။ Yukio တို႔ သနားညွာတာစိတ္ျဖင့္ လွည့္ပင္မၾကည့္ …။
အားလံုးခ်က္ျပဳတ္ၿပီးမွ Yukio ဧည့္ခန္းထဲမွာ ခဏနားရင္း တီဗီၾကည့္ေနသည္။ မေန႔ညထဲက အူလိုက္တဲ့ နားက ခုထိ မသက္သာေသး …။ Tiffi ဒီလိုေမာင္နဲ႔ ဘယ္လိုမ်ား ေနလာသလဲလို႔ ေတြးမိၿပီး ကိုယ္ခ်င္းစာမိသည္။
တီဗီၾကည့္ရပ်င္းလာေတာ့ Basketball ေလ့က်င့္ဇယားေတြကို ထုတ္ၾကည့္ကာ ေသခ်ာျပန္စစ္ေနသည္။
ၿပီးလို႔ နာရီၾကည့္လိုက္ေတာ့ ၁ နာရီထိုးေတာ့မည္။ Kimmy လည္း ဗိုက္ဆာေနေလာက္မည္ ေတြးမိၿပီး လက္ထိပ္ျဖဳတ္ေပးဖို႔ ဝင္သြားေတာ့ ဒင္းက အိပ္ေတာင္အိပ္ေပ်ာ္ေနၿပီ …။
အရင္ဆံုး လက္ထိပ္ေတြ ျဖဳတ္ေပးၿပီးေနာက္ တိပ္ကို ျဖတ္ခနဲဆြဲခြာလိုက္ရာ ႏိႈးစရာေတာင္မလိုပဲ အားခနဲေအာ္ၿပီး ႏိုးလာသည္။
"Senpai !!! နာတယ္ဗ် !!"
"အတြန္႔မတက္နဲ႔ … တစ္ကိုယ္လံုး တိပ္နဲ႔ကပ္ပစ္မယ္"
ညေနေရာက္ေတာ့ Kimmy ျပန္ဖို႔လုပ္တဲ့အခါ _
"သြားမယ္ "
"Senpai လိုက္ပို႔မလို႔လား"
"Umm"
Yukio ဆိုင္ကယ္ကို စက္ႏိႈးလိုက္ၿပီး Helmet တစ္လံုး Kimmy ကို လွမ္းေပးလိုက္သည္။
ထို Helmet ကို ေဆာင္းလိုက္ရင္း _
"စက္ဘီးဘယ္ေရာက္သြားလဲ"
"ျပင္ဆိုင္ပို႔ထားတယ္ … စက္ဘီးနဲ႔လိုက္ပို႔ရလည္း ဒီေန႔ေရာက္မွာ မဟုတ္ဘူး"
"ဘာလို႔လိုက္ပို႔တာလဲ??Aww!!သိၿပီ !! ကြ်န္ေတာ့္ကိုစိတ္ပူလို႔ လိုက္ပို႔တာ!!"
စကားမ်ားေနေသာ Kimmy ကို လက္ထဲက Helmet နဲ႔ ျဖတ္ရိုက္ခ်င္စိတ္ တဖြားဖြားေပါက္လာသည္။ လက္လြန္ၿပီး ေခါင္းကြဲသြားမွာလည္း ေၾကာက္ရေသးေတာ့ ဒီတိုင္းပဲ ႀကိတ္မိွတ္ၿမိဳသိပ္လိုက္ရသည္။
"တက္စရာရွိတာ တက္စမ္းပါ "
Kimmy တက္ၿပီးတာနဲ႔ Yukio လည္း သူ႔ Helmetသူေဆာင္းလိုက္ၿပီး စက္ႏိႈးထြက္သြားေတာ့သည္။
သူ႔ခါးကို ဖက္ထားေသာ Kimmy ရဲ႕ လက္တစ္စံုကို ငံု႔ၾကည့္လိုက္ရင္း သူျပံဳးလိုက္သည္။ သူ႔ေနာက္က ဆိုင္ကယ္စီးရတာကို ဘဝလို႔ ထင္ၿပီး ေပ်ာ္ေမြ႔ေနတဲ့ Kimmy ကေတာ့ သူျပံဳးတာကို ျမင္လိုက္မည့္ပံုမေပၚ …။
အေတာ္အၾကာ ေမာင္းလာၿပီးကာမွ _
"Senpai …"
Kimmy က သူ႔နားနားကို ကပ္ၿပီးတစ္ခုခု သတိေပးခ်င္ေသာ အသံနဲ႔ေခၚလိုက္သည္။
"ငါသိတယ္ … ေသခ်ာကိုင္ထား …"
Yukio လည္း သတိထားမိသည္။
ေနာက္ကကားတစ္စီး ကပ္လိုက္လာတာ ေတာ္ေတာ္ၾကာေနၿပီ…။ ဒါ့ေၾကာင့္ဆိုင္ကယ္ကို အရွိန္ပိုတင္ေတာ့ ေနာက္ကကားကလည္း မ်က္ေခ်မျပတ္လိုက္လာသည္။
Kimmy တို႔ အိမ္က ၿမိဳ႔အျပင္ဘက္မွာ ရွိေနတာမို႔ Yukio စိတ္ပူသြားသည္။ လူေျခကလည္း တျဖည္းျဖည္းျပတ္လာၿပီမဟုတ္လား…။
' ငါ့ေမာင္ကို ေသခ်ာဂရုစိုက္ေနာ္ … မွဲ႔တစ္ေပါက္ မစြန္းေစနဲ႔ … ေသခ်ာ ဂရုစိုက္ၿပီးလာခဲ့'
Tiffi ရဲ႕ သတိေပးသံကို Yukio ျပန္ၾကားလာသည္။ Kimmy သာ တစ္ခုခုျဖစ္သြားခဲ့ရင္ _
ထိုစဥ္ ေနာက္က လွမ္းပစ္လိုက္ေသာ က်ည္ဆန္က ဆိုကယ္ရဲ႕ ေနာက္ၾကည့္မွန္ကို ထိမွန္သြားသည္။
"ဟ! ပစ္တယ္ဟ!!"
ကံေကာင္းလို႔ လြဲသြားတာပဲ ေက်းဇူးတင္ရမည္။ မေန႔က Kimmy ရန္ျဖစ္လာတာေတြက သူတို႔ေတြပဲလား…။
က်ည္ဆံမမွန္ေအာင္ ဆိုင္ကယ္ကို ေျမြလိမ္ေျမြေကာက္ ေမာင္းေနရင္း တစ္ခ်က္မွာေတာ့ ေနာက္ဘီးကိုထိမွန္ကာ ဆိုင္ကယ္အရွိန္နဲ႔ လဲၿပီး ႏွစ္ေယာက္လံုးလမ္းေဘးကို လိမ့္က်သြားသည္။
ကံကဆိုးခ်င္ေတာ့ ၿမိဳ႔ျပင္ဘက္မို႔ အကူအညီေျပးေတာင္းရမယ့္ လူကလည္းမရွိေတာ့ ကိုယ့္အားသာ ကိုယ္ကိုးရေတာ့မည္။
"Senpai !! ဘာျဖစ္သြားေသးလဲ"
"ရတယ္ … အဆင္ေျပတယ္…"
ႏွစ္ေယာက္လံုး Helmetကို ခြ်တ္လိုက္ရင္း ေတာထဲကို ဝင္ေျပးသြားၾကသည္။
ကားထဲကလူမ်ားကလည္း ေသနတ္အသီးသီးဆြဲကိုင္ရင္း ေျပးလိုက္လာၾကသည္။
အသည္းအသန္ေျပးၿပီးေနာက္ အကာအကြယ္ယူလို႔ရေသာ ျခံဳေနာက္မွာ ခဏနားရင္း _
"Tsk ! ေသနတ္တစ္လက္ေလာက္ ရလိုက္ရင္ကြာ… ဒါနဲ႕ သူတို႔ ဘယ္ႏွစ္ေယာက္လဲ??"
"၇ေယာက္ေလာက္ရွိတယ္ Senpai"
"Senpai …! ကြ်န္ေတာ္ထင္ေနတာကို လုပ္ဖို႔စဥ္းစားေနတာလား"
"အင္း ဟုတ္တယ္ … ၇ေယာက္ေလ … ၁၇ေယာက္မွ မဟုတ္တာ … မင္း ၄ေယာက္တာဝန္ယူ … ငါ ၃ေယာက္တာဝန္ယူမယ္"
"သူတို႔မွာ ေသနတ္နဲ႔ေလ …ေသနတ္နဲ႔!! ေသနတ္ဆိုတာ ထိရင္ေသတတ္တယ္ဗ် "
"ထိရင္ ေသတတ္တာေတာ့ ငါလည္းသိတာေပါ့ …ဒီတိုင္းေျပးေနရင္လည္း ဘယ္ေတာ့ထိမယ္မွန္းမသိ ထိမွာပဲ"
ထိုသို႔ အျငင္းအခုန္လုပ္ေနစဥ္ အေနာက္က ေျခသံၾကားလိုက္ရသည္။
---
To be continued
(Unicode)
မနက်မိုးလင်းတော့ Kimmy အရင်ဆုံးနိုးလာသည်။ အိပ်ရာစောစောနိုးတာကတော့ သူ့ရဲ့တစ်ခုတည်းသော အကျင့်ကောင်းလေးပေါ့…။
နိုးနိုးချင်းတန်းမထသေးပဲ ဟိုဘက်ဒီဘက်လူးလိမ့်ရင်း အပျင်းဆန့်တဲ့အခါ သူ့ဘေးမှာ Yukio အိပ်နေတာကို တွေ့လိုက်မိသည်။
စောစောစီးစီး Kimmy တစ်ကိုယ်လုံးဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
'Nana-chanက ငါ့ဘေးမှာ!
Nana-chanက ငါ့ဘေးမှာ!
Nana-chanက ငါ့ဘေးမှာ!'
ဒါဆို သူ့ခေါင်းထဲမှာ တရစပ်ရေရွတ်ရင်း ချွေးသီးချွေးပေါက်တွေကျလာသည်။
Yukioကတော့ Kimmy ရဲ့ ပြဿနာတွေကို မသိရှာ … သူ့ဘာသူ အိပ်မက်မက်လို့ကောင်းနေဆဲ …
Yukioကို ကြည့်ရင်းနဲ့ Kimmy ရဲ့ စိတ်တွေမရိုးမရွဖြစ်လာသည်။ ကြာကြာကြည့်နေလျှင် မဟုတ်တာ တစ်ခုခုဖြစ်လာတော့မည်။
အယ် … အဲ့ဒီမဟုတ်တာ တစ်ခုခုဆိုတာကို Kimmy လုပ်တော့လုပ်ကြည့်ချင်သား…ဒါပေမယ့် Yukio နိုးသွားလို့ ဘာဖြစ်နေမှန်း သိသွားရင် သူအကန်ခံရရုံမက အသတ်ပါခံရနိုင်ဖွယ်ရှိသည်။
ဒါနဲ့ပဲ Yukioကို နှိုးတော့သည်။ တစ်ခုခုလုပ်ချင်စိတ်ထက် အခု ဗိုက်ဆာတာက ပိုအင်အားတောင့်လာသည်။
"Senpai … "
တစ်ခါနဲ့ မနိုးတော့ နောက်တစ်ခါ …
"Senpai …"
ဒီတစ်ခါတော့ Yukio တစ်ဖက်သို့စောင်းရင်း ဆက်အိပ်သည်။ ခြုံထားသောစောင်က အနည်းငယ်လျှောကျသွားရာ အဝတ်မပါသော Yukioရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြင်လိုက်ရပြီး Kimmy ထအော်တော့သည်။
"Senpai !!!!!"
"Mmm … "
"အား!!!!! Senpai !!!! ညက ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ!!!!"
Kimmy သူ့ကိုယ်သူငုံ့ကြည့်တော့ အဝတ်အစားရှိနေသေး၍ တော်သေးရဲ့ဆို သက်ပြင်းချမိသည်။
"ဘာလဲကွာ စောစောစီးစီး …"
"Senpai !! ဘာလို့အင်္ကျီမဝတ်တာလဲ!!! မရှက်ဘူးလား!!"
"အမ် ! ငါ့အိမ်ငါ ဘယ်လိုနေနေပေါ့ … ရှက်ရအောင် မင်းကမိန်းကလေးလား … "
Yukio ကတော့ ပုံမှန်ပဲ ပြောနေကျအတိုင်း ပြန်ပြောသည်။ ညအိပ်တိုင်း အင်္ကျီချွတ်အိပ်တတ်တာက အကျင့်ဖြစ်နေတော့လဲ …
ဒါကို ပုံမှန်မဟုတ်ပဲ ချော်တွေးတာက Kimmy Moricana…
"Aww !! သိပြီ !! "
Yukio မျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည်။ Kimmy ရဲ့ သိပြီဆိုတာတွေကို သူ ကြောက်လွန်းလို့ …
"Senpai !! ကျွန်တော့်ကို ဖြား … အား !!!"
ထင်တဲ့အတိုင်း ပေါက်ကရမှ တကယ့် ပေါက်ကရစကားလုံးတွေ ထွက်လာတဲ့အခါ Yukioက Kimmy စကားမဆုံးခင်ပဲ ကုတင်ပေါ်ကနေ ခြေထောက်နဲ့ကန်ချလိုက်သည်။
"ထွက်သွား ငါ့အခန်းထဲက !!"
"Senpai ကလည်း !!"
"ထပ် Senpai ကြည့် ! မင်းကို ငါသတ်မိတော့မယ်!!"
Kimmy အကန်ခံလိုက်ရ၍ စူပုတ်ပုတ်နဲ့ အခန်းထဲက ထွက်သွားသည်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ ပြောသွားသေးသည်။
"ဟုတ်လို့နာတာ မဟုတ်ရင် နာစရာလား … လူယုတ်မာကြီး … အမှန်တရား နည်းနည်းတော့ ခါးမှာပေါ့ "
Kimmy ရဲ့ မကျေမနပ်ပြောသံတွေကို Yukio ကြားရသော်လည်း ဘာမှပြန်မပြောနေတော့ပဲ စောင်ခြုံပြီး ဆက်အိပ်သည်။
Kimmyတစ်ယောက်ကတော့ အိမ်လည်းမပြန်ပဲ ထမင်းစားပွဲဘေးက ခုံပေါ်မှာ ငုတ်တုတ်ကုပ်ကုပ်လေး ထိုင်နေရှာသည်။
"အနည်းဆုံးတော့ စားဖို့တစ်ခုခုပေးသင့်တယ်"
ဗိုက်ကဆာနေတော့ မျက်ရည်ကအလိုလိုကျလာသည်။
ဒါပေမယ့် ခဏလောက်အကြာ Yukio ရောက်လာသည်။
"အဲ့ဒါ ဘာဖြစ်နေတာလဲ"
Kimmy ရဲ့ ရှုပ်ပွနေပြီးသား ဆံပင်ကို ဆွဲဖွရင်းမေးလိုက်သည်။ Yukioရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီး ဆက်ပြီးဆူပုတ်နေသည်။
"… … …"
"စိတ်ကောက်နေတာလား??"
"စိတ်ဆိုးတာ … စိတ်ကောက်တာက မိန်းကလေးတွေလုပ်တာ"
"အဲ့လောက် စိတ်ဆိုးနေရင် အိမ်ပြန်ပါ့လား … ဘာလို့ ငုတ်တုတ်ထိုင်နေလဲ"
"ပြန်ချင်ဘူး"
"ငါ မင်းကို တင်မကျွေးနိုင်ဘူးနော်"
မျက်ရည်တွေက ထပ်ကျလာပြန်သည်။
"Senpai !! ဘယ်လိုဖြစ်နေတာလဲ !!ကျွန်တော်စိတ်ဆိုးနေတာ နည်းနည်းလောက် ချော့ဖို့မစဉ်းစားပဲနဲ့ ဘာလို့ဒေါသကို ထပ်ဆွနေတာလဲ!!"
စွာတာလန်အောင် ရန်တွေ့နေတုန်း ဗိုက်က ဂွီကနဲအသံပေးလာပြန်တော့ မျက်နှာလေးက မဲ့ကနဲဖြစ်သွားပြန်သည်။
Yukioက Kimmyကို ကြည့်ပြီးတဟားဟားနဲ့ သဘောကျနေသည်။
"မျက်နှာအရင်သစ်မယ် လာ … ပြီးရင် ကျွေးမယ်"
Yukio ရေချိုးခန်းဘက်သို့ ပြန်ထွက်သွားသည်။ Kimmy တစ်ကောင်ကတော့
မျက်နှာပေးက ချက်ချင်းကို ပြောင်းသွား၏။ စွေ့ခနဲ Yukio နောက်ကနေ ပြေးလိုက်သွားရင်းနဲ့ _
"Senpai!!တူတူသစ်ရမှာလား!!!"
"အင်းပေါ့ … တစ်ယောက်စီဆို ကြာနေမယ်..ရော့"
သွားတိုက်တံအသစ်တစ်ချောင်း ထုတ်ပေးလိုက်သည်။ သွားတိုက်တံကို ယူရင်း Kimmy က Yukio ကို စိုက်ကြည့်နေ၏။
"ဘာကြည့်တာလဲ"
Kimmy မျက်လုံးလေးတွေက Night Club က မီးရောင်တွေလို တဖျတ်ဖျတ်တောက်လာလျက် _
"Senpai!! ရေရောတူတူချိုးလို့ မရဘူးလား!!"
"Tsk !"
Yukio စိတ်ဆင်းရဲစွာနဲ့ နာရင်းသာ ဖြတ်အုပ်လိုက်တော့သည်။ ခေါင်းကိုပွတ်ရင်း ခဏတော့ ငြိမ်ပိတ်သွားသည်။
"သွားမယ် … လာ"
"အပြင်မှာစားရမှာလား"
"အင်းပေါ့ … ငါ့မှာ ဘာမှဝယ်ပြီးသား မရှိတော့ဘူး …ပြီးခဲ့တဲ့ရက်တွေက အလုပ်ရှုပ်နေလို့"
Kimmy တို့က ဒါမျိုးပိုတောင်ကြိုက်သေး …။ ဒါဟာ _
"Senpai!! ဒါ တမင် Date လုပ်ချင်လို့ ဝယ်ထားပြီးသား မရှိတာကို ဆင်ခြေပေးတာ မဟုတ်လား"
"ငါနော် …"
ဒီလိုလဲ ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ပြီးစားသောက်သည်။
"ကြိုက်တဲ့ဟာမှာ"
Kimmy တို့က မငြင်းပါ … အားမနာတမ်းကို မှာစားသည်။ Yukio က မလွန်လွန်းဘူးလားလို့ မေးတော့ _
"မနက်စာကို ရှင်ဘုရင်လို ပွဲတော်တည်ရတယ်တဲ့ Senpai ရဲ့ … ပြီးတော့ Senpai ပဲ ကြိုက်တာမှာဆို"
Yukio ဆက်မပြောတော့ …။ စားသောက်ပြီးလို့ ဈေးထဲကို လိုအပ်တာဝယ်ဖို့ သွားတော့လည်း _
"Senpai!!! ဒါလေးစားချင်တယ်!!"
"Senpai!!! ဒါလေး ဒါလေး!!"
ဆက်တိုက် တွေ့ကရာကို လက်ညှိုးထိုးဝယ်ခိုင်းသည်။ မြင်သမျှ ငေးနေရင်း အနောက်မှာကျန်ခဲ့တော့ _
"Senpai!!စောင့်ဦး!!"
Kimmy တစ်ယောက် အခုမှ ဈေးဆိုတာကို မြင်ဖူးတဲ့မျက်နှာနဲ့ တွေ့သမျှဟာ သူ့အတွက် ထူးဆန်းနေသည်။ Yukio ကတော့ Tiffi ကိုသာ ကြိတ်ပြီးကျိန်ဆဲတော့သည်။
နားငြီးများ သက်သာလေမလား ဝယ်ထားတဲ့ပစ္စည်းတွေ သယ်ခိုင်းတော့ နှစ်ဆပိုဆိုးသွားရှာသည်။
"Senpai!!! လေးတယ်!!"
"Senpai!!! ပြီးသေးဘူးလား!!"
"Senpai!! ညောင်းလာပြီ!!!"
Kimmy နဲ့ Yukio နှစ်ယောက် ဝရုန်းသုန်းကားဖြစ်နေစဉ် ဂိုဏ်းအစည်းအဝေးက ပြန်ထွက်လာသော Tiffi မှာ ဝါးခနဲသမ်းလိုက်မိသည်။
"မမလေး … ဘာလို့ သမ်းနေတာလဲ"
Zero က မေးသည်။
"အိပ်ငိုက်နေတာ … အိပ်ငိုက်နေတာ .. အဲ့ဒါ မမလေးအတင်းကို တစ်ယောက်ယောက်ပြောနေလို့တဲ့ သိလား"
Peso က ရှင်းပြလိုက်သည်။
"ဟိုနှစ်ကောင်ပဲ နေမှာပေါ့ … တစ်ညလုံးပြန်မလာပဲနဲ့ ငါ့မကောင်းကြောင်း ထိုင်ပြောနေသလားပဲ"
"ဒါနဲ့ မမလေး … ဒီနေ့ရော …"
"ဘာလဲ"
"မောင်နဲ့ သွားချိန်းမတွေ့ဘူးလား"
Zero အချိန်မီ ပါးစပ်လှမ်းပိတ်ဖို့ လုပ်သော်လည်း မမီလိုက် … Tiffi မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးဆော့လို နီရဲသွားသည်။
" ဟေ့ကောင် Peso ! ဘာတွေ လျှောက်မေးနေတာလဲ"
"မမလေးကလဲ အချင်းချင်းတွေ ရှက်မနေပါနဲ့ … မနေ့က ကျွန်တော်တွေ့ပါတယ် ဟဲဟဲ"
Peso မရပ်သေးပဲ ဆက်ပြောသည်။ Tiifi သည်းမခံနိုင်တော့တဲ့အခါ …
"Zero !! "
"ဟုတ် မမလေး !!"
"Peso ကို ဖမ်းချုပ်ပြီး ခေါင်းတုံးရိတ်ပေးလိုက်!!"
"ဟုတ် မမလေး!! လိုက်ခဲ့စမ်း အလိုက်ကမ်းဆိုးမသိတဲ့ အကောင်"
Zero က Peso ကို ဆွဲခေါ်သွားသည်။ Pesoတစ်ယောက် မျက်စိပျက်မျက်နှာပျက်နဲ့ ဆွဲခေါ်တဲ့နောက်ပါသွားသည်။
"ဟာ ! မမလေး အဲ့လိုမလုပ်နဲ့လေ !!"
Zero နဲ့ Peso ထွက်သွားပြီး တစ်ယောက်တည်းကျန်ခဲ့တော့မှ Tiffi ခမျာ ပေါ့ပေါ့ပါးပါးရှက်ခွင့်ရတော့သည်။
"ဘာတွေလာပြောနေမှန်း မသိဘူး … အား !! ရှက်လိုက်တာ"
Date?? လုပ်ကြည့်ချင်တာပေါ့ … ဒါပေမယ့် Ryan အတွက် မလုံခြုံသေးတဲ့ အခုချိန်မှာ ဒါတွေက မတွေးသင့်သေးဘူးလို့ သူမယူဆသည်။
ဖုန်းလေးဖွင့်ရင်း ခေါ်သင့်မခေါ်သင့် စဉ်းစားနေစဉ် ရုတ်တရက် Kimmy ထံက ဖုန်းဝင်လာသည်။ ကိုင်လိုက်တာနဲ့ ဟဲလိုပင် မလုပ်ရသေး တစ်ဖက်လိုင်းက မောင်ဖြစ်သူ Kimmy ရဲ့ အသံက ပြဲကနဲထွက်လာသည်။
"မမ !! ငါ ဒီနေ့ Senpai နဲ့ Date လုပ်တယ်!! မုန့်တွေလည်း တူတူစားတယ်! ဈေးလည်းတူတူဝယ်တယ်!!"
"ဟေ့ကောင် တိုးတိုးပြောစမ်းကွာ!! ဆူညံနေတာပဲ"
"Senpai ကလည်း !!"
ဘေးက Yukio ရဲ့ အော်သံနဲ့ Kimmy ရဲ့ ပြန်အတွန့်တက်သံကိုပါ ကြားနေရသည်။
"ပျော်တာလည်းပျော်ပေါ့ … အိမ်ပြန်လာဖို့ မေ့မနေနဲ့ဦး"
"အင်း !! ဒါပဲ မမ!!"
"နေဦး !! Yukio ကို ဖုန်းပေးလိုက်"
"Senpai !!! မမက Senpai နဲ့ ပြောမယ်တဲ့!!"
"ပြော …"
'အဲ့ဒါတွေ အဲ့ဒါတွေ … အပြောအဆိုတွေက'
"ညနေ ငါတို့ မအားဘူး … ဖြစ်နိုင်ရင်တော့ နင်လိုက်ပို့ပါလား … အဆင်မပြေရင်လည်း ကားလွှတ်ပြီး လာကြိုခိုင်းလိုက်ရမလား"
"ရတယ်… ပြန်ပို့ပေးမယ်"
"ပြီးရော ကျေးဇူးပဲ …ငါ့မောင်ကို သေချာဂရုစိုက်နော် "
Kimmy က ဖုန်းပြန်လုသွားသည်။
"ဒါပဲနော် မမ !! ညနေပြန်လာမယ် !!"
Tiffi ပြုံးလိုက်ရင်း …
"တော်တော်ပျော်နေတဲ့ အသံနဲ့"
Yukio ကို ရွေးမိတာမှန်သားပဲ … ကံတရားက ဒီလိုဆိုပြန်တော့ သဘောကောင်းရှာသား … Kimmy နဲ့ Yukio တို့ကိုတော့ သူမလိုအဖြစ်မျိုး မတွေ့ကြုံစေချင် … ဒါကြောင့်လည်း ဒီလောကထဲက ကိစ္စမှန်သမျှ Kimmy ကို ဆွဲမထည့်ပဲ သူမတစ်ယောက်တည်းပဲ ဒိုင်ခံဖြေရှင်းခဲ့သည်။
Kimmy ကို သာမန်လူငယ်လေးတစ်ယောက်လို သာမန်ဘဝနဲ့ပဲ ပျော်ရွှင်စေချင်တာ Kimmy မိဘတွေရဲ့ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။ ဒီဆန္ဒကို သူမဖြည့်ဆည်းပေးချင်သည်။ ကျေးဇူးဆပ်တဲ့ အနေနဲ့ပေါ့ …။
အခုချိန်အထိတော့ အယိမ်းအယိုင်မရှိ အဆင်ပြေနေသေးသည်။ နောက်လည်း ဒီပုံလေးပဲ ဆက်ပြီး အဆင်ပြေစေချင်သည်။
---
"Senpai !!!!!!"
နေ့လည်စာအတွက် ချက်ပြုတ်နေစဉ် Kimmy တစ်ယောက် ဘေးကနေလိုက်ရှုပ်နေတာ Yukio ခေါင်းတွေမူး ဒေါသတွေပါထွက်လာသည်။
"လာခဲ့စမ်း !!"
Kimmy ကို နားရွက်လိမ်ဆွဲပြီး အိပ်ခန်းထဲသို့ ခေါ်သွားသည်။ ပြီးတော့ ကုတင်ပေါ်သို့ ပစ်လှဲလိုက်၏။
"Senpai … ဘာလုပ်မလို့လဲ … အဲ့ဒီလက်ထိပ်က လုပ်ဖို့လဲ… ဘယ်ကရတာလဲ"
Yukio လက်ထဲက လက်ထိပ်နှစ်ခုကို မြင်ပြီးမေးလိုက်သည်။
"မင်းကို လက်ထိပ်ခတ်မလို့ သဘောပေါက်လား"
Yukio က Kimmy လက်တစ်ဖက်စီကို လက်ထိပ်တစ်ခုစီနဲ့ ခတ်လိုက်ပြီး တစ်ဖက်ကိုတော့ ကုတင်ထိပ်က တိုင်နဲ့တွဲခတ်လိုက်သည်။
"Aww!!သိပြီ !! Senpai က S မဟုတ်လား!!"
Yukio ဆယ်ပါပြန် ပစ်သေချင်သွားသည်။
"အေး သိရင် ငြိမ်ငြိမ်နေ … ဒါဘာလဲဆိုတာရော သိတယ်နော်"
တိပ်တစ်ခွေကို ထုတ်ပြလိုက်၏ ။
"ဟုတ်!!"
"အသံမထွက်နဲ့ … နောက်တစ်ခါထပ် Senpai ဆိုတာနဲ့ မင်းပါးစပ်ကို ငါတိပ်နဲ့ကပ်ပြီမှတ်"
"ဒီတိုင်းကြီးနေရမှာလား"
"ဒီတိုင်းကြီးပဲမနေလို့ မင်းလေးက ဘာဖြစ်ချင်သေးလို့လဲ"
"Heehee "
တိပ်ခွေကိုကောက်ပြီး ထိပ်ကိုဂွက်ခနဲ ထုလိုက်သည်။
"မျက်စိနောက်လို့ လက်ထိပ်ခတ်တာ … တလွဲတွေ ပစ်တွေးမနေနဲ့"
"ဒါဆို ထမင်းစားချိန် ထမင်းစားဖို့ရော ?? Aww !! Senpai က ခွံ့ကျွေးမှာ !! "
Yukio သေချင်စိတ်ပါ ထပ်ပျောက်သွားတော့သည်။
"အေး ဟုတ်တယ် … မင်းပါးစပ် ငါပိတ်တာပဲ မြန်လိမ့်မယ်"
ခုနကတိပ်ခွေကို ဖြတ်ပြီး Kimmy ပါးစပ်ပေါ်ကပ်ပေးလိုက်သည်။
"ဟား !! လောကကြီးက ခုမှ သာယာသွားတော့တယ်"
အကြောတွေဆန့်ပြီး အခန်းထဲပြန်ထွက်သွားတော့သည်။ Kimmy မှာ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကျန်ခဲ့ရှာသည်။ Yukio တို့ သနားညှာတာစိတ်ဖြင့် လှည့်ပင်မကြည့် …။
အားလုံးချက်ပြုတ်ပြီးမှ Yukio ဧည့်ခန်းထဲမှာ ခဏနားရင်း တီဗီကြည့်နေသည်။ မနေ့ညထဲက အူလိုက်တဲ့ နားက ခုထိ မသက်သာသေး …။ Tiffi ဒီလိုမောင်နဲ့ ဘယ်လိုများ နေလာသလဲလို့ တွေးမိပြီး ကိုယ်ချင်းစာမိသည်။
တီဗီကြည့်ရပျင်းလာတော့ Basketball လေ့ကျင့်ဇယားတွေကို ထုတ်ကြည့်ကာ သေချာပြန်စစ်နေသည်။
ပြီးလို့ နာရီကြည့်လိုက်တော့ ၁ နာရီထိုးတော့မည်။ Kimmy လည်း ဗိုက်ဆာနေလောက်မည် တွေးမိပြီး လက်ထိပ်ဖြုတ်ပေးဖို့ ဝင်သွားတော့ ဒင်းက အိပ်တောင်အိပ်ပျော်နေပြီ …။
အရင်ဆုံး လက်ထိပ်တွေ ဖြုတ်ပေးပြီးနောက် တိပ်ကို ဖြတ်ခနဲဆွဲခွာလိုက်ရာ နှိုးစရာတောင်မလိုပဲ အားခနဲအော်ပြီး နိုးလာသည်။
"Senpai !!! နာတယ်ဗျ !!"
"အတွန့်မတက်နဲ့ … တစ်ကိုယ်လုံး တိပ်နဲ့ကပ်ပစ်မယ်"
ညနေရောက်တော့ Kimmy ပြန်ဖို့လုပ်တဲ့အခါ _
"သွားမယ် "
"Senpai လိုက်ပို့မလို့လား"
"Umm"
Yukio ဆိုင်ကယ်ကို စက်နှိုးလိုက်ပြီး Helmet တစ်လုံး Kimmy ကို လှမ်းပေးလိုက်သည်။
ထို Helmet ကို ဆောင်းလိုက်ရင်း _
"စက်ဘီးဘယ်ရောက်သွားလဲ"
"ပြင်ဆိုင်ပို့ထားတယ် … စက်ဘီးနဲ့လိုက်ပို့ရလည်း ဒီနေ့ရောက်မှာ မဟုတ်ဘူး"
"ဘာလို့လိုက်ပို့တာလဲ??Aww!!သိပြီ !! ကျွန်တော့်ကိုစိတ်ပူလို့ လိုက်ပို့တာ!!"
စကားများနေသော Kimmy ကို လက်ထဲက Helmet နဲ့ ဖြတ်ရိုက်ချင်စိတ် တဖွားဖွားပေါက်လာသည်။ လက်လွန်ပြီး ခေါင်းကွဲသွားမှာလည်း ကြောက်ရသေးတော့ ဒီတိုင်းပဲ ကြိတ်မှိတ်မြိုသိပ်လိုက်ရသည်။
"တက်စရာရှိတာ တက်စမ်းပါ "
Kimmy တက်ပြီးတာနဲ့ Yukio လည်း သူ့ Helmetသူဆောင်းလိုက်ပြီး စက်နှိုးထွက်သွားတော့သည်။
သူ့ခါးကို ဖက်ထားသော Kimmy ရဲ့ လက်တစ်စုံကို ငုံ့ကြည့်လိုက်ရင်း သူပြုံးလိုက်သည်။ သူ့နောက်က ဆိုင်ကယ်စီးရတာကို ဘဝလို့ ထင်ပြီး ပျော်မွေ့နေတဲ့ Kimmy ကတော့ သူပြုံးတာကို မြင်လိုက်မည့်ပုံမပေါ် …။
အတော်အကြာ မောင်းလာပြီးကာမှ _
"Senpai …"
Kimmy က သူ့နားနားကို ကပ်ပြီးတစ်ခုခု သတိပေးချင်သော အသံနဲ့ခေါ်လိုက်သည်။
"ငါသိတယ် … သေချာကိုင်ထား …"
Yukio လည်း သတိထားမိသည်။
နောက်ကကားတစ်စီး ကပ်လိုက်လာတာ တော်တော်ကြာနေပြီ…။ ဒါ့ကြောင့်ဆိုင်ကယ်ကို အရှိန်ပိုတင်တော့ နောက်ကကားကလည်း မျက်ချေမပြတ်လိုက်လာသည်။
Kimmy တို့ အိမ်က မြို့အပြင်ဘက်မှာ ရှိနေတာမို့ Yukio စိတ်ပူသွားသည်။ လူခြေကလည်း တဖြည်းဖြည်းပြတ်လာပြီမဟုတ်လား…။
' ငါ့မောင်ကို သေချာဂရုစိုက်နော် … မှဲ့တစ်ပေါက် မစွန်းစေနဲ့ … သေချာ ဂရုစိုက်ပြီးလာခဲ့'
Tiffi ရဲ့ သတိပေးသံကို Yukio ပြန်ကြားလာသည်။ Kimmy သာ တစ်ခုခုဖြစ်သွားခဲ့ရင် _
ထိုစဉ် နောက်က လှမ်းပစ်လိုက်သော ကျည်ဆန်က ဆိုကယ်ရဲ့ နောက်ကြည့်မှန်ကို ထိမှန်သွားသည်။
"ဟ! ပစ်တယ်ဟ!!"
ကံကောင်းလို့ လွဲသွားတာပဲ ကျေးဇူးတင်ရမည်။ မနေ့က Kimmy ရန်ဖြစ်လာတာတွေက သူတို့တွေပဲလား…။
ကျည်ဆံမမှန်အောင် ဆိုင်ကယ်ကို မြွေလိမ်မြွေကောက် မောင်းနေရင်း တစ်ချက်မှာတော့ နောက်ဘီးကိုထိမှန်ကာ ဆိုင်ကယ်အရှိန်နဲ့ လဲပြီး နှစ်ယောက်လုံးလမ်းဘေးကို လိမ့်ကျသွားသည်။
ကံကဆိုးချင်တော့ မြို့ပြင်ဘက်မို့ အကူအညီပြေးတောင်းရမယ့် လူကလည်းမရှိတော့ ကိုယ့်အားသာ ကိုယ်ကိုးရတော့မည်။
"Senpai !! ဘာဖြစ်သွားသေးလဲ"
"ရတယ် … အဆင်ပြေတယ်…"
နှစ်ယောက်လုံး Helmetကို ချွတ်လိုက်ရင်း တောထဲကို ဝင်ပြေးသွားကြသည်။
ကားထဲကလူများကလည်း သေနတ်အသီးသီးဆွဲကိုင်ရင်း ပြေးလိုက်လာကြသည်။
အသည်းအသန်ပြေးပြီးနောက် အကာအကွယ်ယူလို့ရသော ခြုံနောက်မှာ ခဏနားရင်း _
"Tsk ! သေနတ်တစ်လက်လောက် ရလိုက်ရင်ကွာ… ဒါနဲ့ သူတို့ ဘယ်နှစ်ယောက်လဲ??"
"၇ယောက်လောက်ရှိတယ် Senpai"
"Senpai …! ကျွန်တော်ထင်နေတာကို လုပ်ဖို့စဉ်းစားနေတာလား"
"အင်း ဟုတ်တယ် … ၇ယောက်လေ … ၁၇ယောက်မှ မဟုတ်တာ … မင်း ၄ယောက်တာဝန်ယူ … ငါ ၃ယောက်တာဝန်ယူမယ်"
"သူတို့မှာ သေနတ်နဲ့လေ …သေနတ်နဲ့!! သေနတ်ဆိုတာ ထိရင်သေတတ်တယ်ဗျ "
"ထိရင် သေတတ်တာတော့ ငါလည်းသိတာပေါ့ …ဒီတိုင်းပြေးနေရင်လည်း ဘယ်တော့ထိမယ်မှန်းမသိ ထိမှာပဲ"
ထိုသို့ အငြင်းအခုန်လုပ်နေစဉ် အနောက်က ခြေသံကြားလိုက်ရသည်။
---
To be continued