🌎The World🌎

By Hninyeecho

41.5K 2.4K 158

#Sekai = The World ႏွစ္​​ေယာက္​​ေပါင္​းရင္​ ကမၻာ တစ္​ခု ျဖစ္​တယ္​ မင္​းဟာငါ့အတြက္​ မရွိမျဖစ္​ဆိုတာ မင္​းသိသင... More

🌎 Intro🌎
🐻The World🐣(2)
👬👉7.7.2017👈👬
🐻The World🐣(3)
🐻The World🐣(4)
🐻The World🐣(5)
👉12.7.2017👈
🐻The World🐣(6)
🐻The World🐣(7)
🐻The World🐣(8)
🐻The World🐣(9)
🐻The World🐣(10)
🐻The World🐣(11)
🐻The World🐣(12)
🐻The World🐣 (13)

🐻The World🐣(1)

3.3K 244 9
By Hninyeecho

Zawgyi
"Jongin ​ေက်ာင္​းဆင္​းရင္​ အကင္​
သြားစားရ​ေအာင္​"

အခ်စ္​ဆံုးသူငယ္​ခ်င္​း Kim Mongu
အ​ေမးစကားၾကားလိုက္​သည္​ႏွင္​့
လြယ္​အိတ္​ကို စားပြဲ​ေပၚ လွမ္​းတင္​ကာ ​
​ေခါင္​းၿငိမ္​့ျပလိုက္​သည္​။

ကိုယ္​​ေတြက အစားဆို သိပ္​ညႇိစရာမလို။

ခုမွ ​ေက်ာင္​း​ေရာက္​တာေက်ာင္​းဆင္​းရင္​ စားဖို႔က စီစဥ္​ပီးသား။

"​Mongu အိမ္​စာ​ေတြ ပီးပီလား "

"​ေအး ပီးပီ မင္​း​ေရာ ပီးခဲ့လား"

​ေခါင္​းတစ္​ခ်က္​ထပ္​ၿငိမ္​့ၿပပီးစားပြဲ​ေပၚက လြယ္​အိတ္​​ေပၚ မ်က္​ႏွာ​ေမွာက္​ခ်လိုက္​သည္​။
ဆရာမလာရင္​ နွိုးလိုက္​ဟု တိုးတိုး​ေျပာ၍
အိပ္​​ေလေတာ့သည္​။ သူတို႔ႏွစ္​​ေယာက္​က
စာ​ေတာ္​သူ​ေတြ မဟုတ္​ၾက​ေပမယ္​့
စာ​ေတာ့ပံုမွန္​လုပ္​ၾကသူမ်ားျဖစ္​သည္​။

မ​ေန႔ည ​ေက်ာင္​းက အျပန္​
ႏွစ္​​ေယာက္​သား game ဆိုင္​ဝင္​​လိုက္​သည္​။ အိမ္​ျပန္​​ေနာက္​က်​သြား​ေသာ​ေၾကာင္​့
မိုးခ်ဳပ္​ထိ အိမ္​စာလုပ္​​ေနရ၍ အိပ္​​ေရးက မဝ။

အိပ္​​ေရးပိုမက္​​ေသာသူ႔အတြက္​ ပို၍ဆိုး​ေသး
သည္​ မဟုတ္​လား။

​ေဘးက Mongu က​ေတာ့ နားက်ပ္​ တပ္​ကာ ​ေခါင္​းတၿငိမ္​့ၿငိမ္​့ႏွင္​့ သီခ်င္​းတီးတိုးဆို​ေန​ေတာ့
သည္​။ သူ႔အတြက္​​ေတာ့ ျပႆနာ မရွိ။
ဘယ္​လို​အ​ေျခအ​ေနမွာပဲျဖစ္​ျဖစ္​ သူက
အိပ္​​တတ္​သည္​​ေလ။

​----------------The World-----------------

​"Jongin ​ေရ Jongin "

အတန္​းထဲ လူက ဝင္​မလာ​ေသးဘူး ​ေကာ္​ရစ္​ဒါတစ္​​ေလ်ာက္​ သူ႔အသံႀကီးက
ဟိန္​းထြက္​​လာသည္​။

"ဘာလဲ အတန္​း​ေခါင္​း​ေဆာင္​ရာ
အလန္​႔တၾကားနဲ႔ကြာ Jongin က အိပ္​​ေနတာကြ"

ပိတ္​ပီး ရန္​​ေတြ႕ပစ္​လိုက္​​ေတာ့
အ​ေျပးတစ္​ပိုင္​း ဝင္​လာတဲ့ EC အရွိန္​တန္​႔သြားပံုရသည္​။

"​​ေအး ငါလဲ မသိလို႔ပါကြ ​ဒီတစ္​ပတ္​​ေနာက္​ဆံုးတဲ့ အဲ့တာလာ​ေျပာတာ"

"ဘာက ​ေနာက္​ဆံုးလဲ အစမရွိ အဆံုးမရွိ EC ရာ"

"ဟာ အကၿပိဳင္​ပြဲကို ​ေျပာတာ​ေလကြာ"

EC အသံအဆံုး Jongin ကို အတင္​းလႈပ္​နွိုး
ရ​ေတာ့သည္​။

ဘယ္​​ေလာက္​မွ အိပ္​တာမၾကာ​ေသး။
မ်က္​လံုးႀကီး မို႔ပီး မပြင္​့တပြင္​့ႏွင္​့
ထ​ေမး​လာသည္​က
"ဘာလဲကြာ ဆရာမလာပီလား"

"​မင္​း အကၿပိဳင္​မလို႔ဆို Jongin ​Form က
ဒီတစ္​ပတ္​​ေနာက္​ဆံုးထပ္​ရမွာတဲ့ကြ"

ခ်က္​ခ်င္​းကို ျပဴးတက္​သြားတဲ့ မ်က္​လံုး။

"ဟာ ဒီ​ေန႔ ​ေသာၾကာ​ေန႔ပဲ ည​ေန ​ေက်ာင္​းက အျပန္​ ဝင္​ထပ္​မွ ရမွာ​ေပါ့"

တလက္​လက္​ ​ေတာက္​ပ​ေန​ေသာ
မ်က္​ဝန္​းမ်ားျဖင္​့
"မင္း လိုက္​ခဲ့မယ္​မလား
Mongu ည​ေန ​ေဖာင္​ထပ္​ပီးမွ မုန္​႔သြားစားမယ္​ ဘယ္​လိုလဲ"

"Ok တယ္​ သြားမယ္​​ေလ ​ေက်းဇူး EC "

ကိုယ္​ကသာ ​ေက်းဇူး​ေတြ ထလုပ္​​ေနတာ ကာယကံရွင္​က​ေတာ့ အၿပံဳးတစ္​ခ်က္​နဲ႔ တင္​
ပီးတဲ့ သ​ေဘာ။ EC ကမ္​း​ေပးတဲ့ lemon juice ​ေတာင္​ ​ေသာက္​လိုက္​​​ေသး။ မခံ့တာ။ ​
ဟုတ္​ပါတယ္​​ေလ Jongin က EC ရဲ႕
အားကိုးရာ အားကိုးဖက္​ႀကီး။ EC
ႀကိဳက္​​ေနတဲ့ ​အခန္​း စီက ​ေကာင္​မ​ေလးနဲ႔
သူက အိမ္​ခ်င္​းကပ္​ရက္​။ ဒီ​ေကာင္​
ဒါမ်ိဳး​ေတြလည္​း သိပ္​ျဖစ္​တယ္​။

လူကသာ အသားမျဖဴတာ ​ေက်ာင္​းမွာ သူက popular။

ဘယ္​ကိစၥမဆို ​ေပ်ာ္​​ေပ်ာ္​႐ႊင္​႐ႊင္​ လိုက္​လုပ္​​ေပးတတ္​တာ။

ဟို​ေနရာစပ္​စပ္​ ဒီ​ေနရာစပ္​စပ္​ရယ္​။
အဲ ဆရာ၊ဆရာမ​ေတြနဲ႔​ေတာ့
သူူက နီးနီးကပ္​ကပ္​မ​ေနတတ္​ဘူး။ ဖားတယ္​ ကပ္​တယ္​ ထင္​မွာစိုးလို႔တဲ့​ေလ။ သူ မလုပ္​ဘူးတာလဲ မရွိဘူး။ ​ေဆးလိပ္​လည္​း ​​ေသာက္​တတ္​တာပဲ။
သူနဲ႔​ေပါင္​းတဲ့ ကြၽန္​​ေတာ္​လည္​း သူနဲ႔ တူတူပါပဲ။



သူက အကနဲ႔ ပတ္​သက္​ရင္​​ေတာ့ အရမ္​း ​
အ​ေလးထားတယ္​။

သူ႔အ​ေဖ သင္​​ေစခ်င္​တဲ့ piano ​ေတာင္​ သြားမသင္​ပဲ အကသင္​တန္​း တက္​ပစ္​တယ္​​ေလ။

အိမ္​ကလည္​း အငယ္​ဆံုးဆို​ေတာ့ အလိုလိုက္​
ထားတာ​ေပါ့ဗ်ာ။ သူ႔ ရည္​မွန္​းခ်က္​က အက ပညာရွင္​တစ္​​ေယာက္​ ျဖစ္​ခ်င္​တယ္​တဲ့​ေလ။
ကြၽန္​​ေတာ္​က အဆို​ေတာ္​ျဖစ္​ခ်င္​တာ​ေလ။

ႏွစ္​​ေယာက္​​ေပါင္​းပီး တစ္​​ေယာက္​နဲ႔ တစ္​​ေယာက္​ အား​ေပးၾက ​ေပါ့။

ည​ေန​ေတာ့ သူ​ေဖာင္​သြားထပ္​ပီး အျပန္​ မုန္​႔ဝင္​ဆြဲပီး သီခ်င္​းသြားဆိုဖို႔ ညႇိလို႔ ရ​ေတာ့မယ္​ မထင္​ဘူး။ သူ႔ အကက်င္​့ဖို႔ အခ်ိန္​လိုတယ္​ ​
​ေျပာဦးမွာ။ ​ေစာင္​့​ေပဦး​ေတာ့ ၿပိဳင္​ပြဲပီးတဲ့အထိ။

------------- The World ----------------

Sehun တစ္​​ေယာက္​ ​

ေက်ာင္​း​ေရာက္​​​ေရာက္​ခ်င္​း ​သူ႔စာသင္​ခန္​းျဖစ္​တဲ့ အခန္​းစီထဲကို ဝင္​ အိတ္​ကို ထိုင္​ခံုမွာ

ခ်ိတ္​ပီး အခန္​းထဲမွ ထြက္​လာခဲ့လိုက္​သည္​။

ထံုးစံအတိုင္​း ဘီ ခန္​းအ​ေနာက္​​ေပါက္​က​ေန
တစ္​ဆင္​့ အခန္​းထဲ လွမ္​းၾကည္​့လိုက္​မိသည္​။

​ေဟာ ​စာ​ေရး စားပြဲ​ေပၚ ​ေမွာက္​ရက္​ႀကီး အိပ္​​ေနတာပါလား။

​ေနမ်ားမ​ေကာင္​းလို႔လား။ မဟုတ္​​ေသးပါဘူး မ​ေန႔က သူ game ပဲသြား​ေဆာ့တာကို။ ​

အိမ္​စာ​ေတြ မိုးခ်ဳပ္​တဲ့ အထိ လုပ္​လိုက္​ရလို႔
ျဖစ္​မယ္​။

အိပ္​ေရးက မက္​ပါတယ္​ဆို​ေ​န။

Game ​ေဆာ့​ေတာ့ မိုးခ်ဳပ္​တာ​ေပါ့။

ငါ​ေနာ္​ ​ေခါင္​း​ေတြ ပိတ္​ပိတ္​ပီး ​
​ေခါက္​လိုက္​ခ်င္​​ေတာ့တယ္​။ Lemon juice ​ေလး သြားဝယ္​ဦးမွပါပဲ။

----------------The World -----------------

အခန္​းထဲ ျပန္​ဝင္​လာ​​ေတာ့ ​သူငယ္​ခ်င္​းႀကီးက

ၿပံဳးၿပံဳးႀကီး ၾကည္​့​ေန​​ေလရဲ႕။
Sehun ​ေနာ္​ ငါသိတယ္​ ဆိုတဲ့ ဒီဇိုင္​းနဲ႔။
ျပန္​ၿပံဳးျပ​ေတာ့

"Sehun အဝ ​ေခ်ာင္​းခဲ့ ရဲ႕လား။
မွားလို႔ ၾကည္​့ခဲ့လား"

ခပ္​ဖြဖြ​ေလး သူ႔လက္​​ေမာင္​းကို ထိုးလိုက္​ေတာ့ မ်က္​ႏွာကို မဲ့ျပကာ

"ဘာလဲ ဒီအတိုင္​း idol တစ္​​ေယာက္​လို အားက်လို႔လို႔ ​ေျပာမလို႔လား။
fan club က member ပါပဲလို႔ ​ေျပာဦးမလို႔လား" ​

"အင္​း​ေလ သူ႔ကို ငါအားက်တယ္​။

အဲ့တာ​ေၾကာင္​့ သူ႔ အျပဳအမူ​ေတြကို
လိုက္​ၾကည္​့မိတာ ဘာျဖစ္​တံုး ။ မင္​းကိုက
တစ္​မ်ိဳး​ေတြး​ေနတာ။

ငါ​ေျပာမယ္​ မိန္​းက​ေလးidol ​ေတြ actress ​ေတြကို မိန္​းက​ေလး​​ေတြ အားက်တယ္​။ သူတို႔ အျပဳအမူ အ​ေျပာအဆို​ေတြကို
ဂရုတစိုက္​ၾကည္​့တယ္​ မွတ္​သားတယ္​
အတုခိုးတယ္​ ဘယ္​သူမွဘာမွ မ​ေျပာၾကဘူး။

​ေယာက္​်ား​ေလးလဲ အဲ့လိုပဲ။ fan တစ္​​ေယာက္
အ​ေနနဲ႔ စိတ္​ဝင္​တစား ၾကည္​့မိ လိုက္​လုပ္​မိမွာပဲ။ ဘယ္​သူမွ လိုက္​ၾကည္​့မ​ေျပာဘူး။

မင္​းသာ ငါ့ကို ​ေျပာဖို႔ ​ေခ်ာင္​း​ေနတာ။
ပီး​ေတာ့ မတရား စြပ္​စြဲ​ေသး။ "

ႏႈတ္​ခမ္​းပါး​ေလး​ေတြ စူ​ေထာ္​မတက္​​
​ေျပာလာ​ေသာ Sehun ကို ၾကည့္ကာ
မင္း လူက idol မျဖစ္​​ေသးပါ ဘူးကြာလို႔
​ေျပာ​မိေတာ့​ေမွး​ေနတဲ့ မ်က္​လံုးကို ျပဴးပီ
ျဖစ္​လာမွာကြ ဟု​​ေျပာ​ေလသည္​။

တကယ္​မလြယ္​တဲ့ ​ေကာင္​။ သူ႔ လူက မဲမဲ သူက ျဖဴျဖဴ။ ျဖဴတာမွ ျဖဴအု​ေနတာကို သူ႔လိုပဲ
မဲ​ေအာင္​​ေန​ေလလို႔ ​ေျပာလိုက္​​ေတာ့
သူ idol ျဖစ္​ရင္​ ​ေဖြးလာမွာပါကြာ။ ငါလိုက္​လုပ္​စရာမလိုဘူးလို႔ ​ေျပာ​တာဗ်။ လူလည္​ Ooh Sehun။

"Jongin ​ေရ Jongin "

​ေကာ္​ရစ္​ဒါ တစ္​​ေလ်ာက္​ၿပဲ​ေန​ေအာင္​ ​ေအာ္​​တဲ့ ဘီ ခန္​းက EC။

​ေခၚခံရတဲ့ လူ​ေတာ့ မသိဘူး ဒီက တစ္​​ေယာက္​က ၿပံဳး​ေနတာ။

ဘာမ်ားလဲ ဆိုပီး အခန္​း​ေရွ႕ ထြက္​ရပ္​ပီး
နား​ေထာင္​လိုက္​တယ္​။

ကြၽန္​​ေတာ္​တို႔ စီ ခန္​း အ​ေရွ႕​ေပါက္​နဲ႔ ဘီခန္​း​
အ​ေနာက္​​ေပါက္​က နီးနီး​ေလး။
Jongin တို႔က ​ေနာက္​ဆံုးခံု ထိုင္​​ေတာ့ သူတို႔
​ေျပာသမွ် ကြၽန္​​ေတာ္​တို႔ အခန္​း​ေပါက္​က
အတိုင္​းသား ၾကားရ။

ျပန္​ဝင္​လာပီး Ooh Sehun ကို မင္​းသိပီးပီလား ​ေမး​ေတာ့

​ေခါင္​းၿငိမ္​့ျပပီး စာအုပ္​ဆြဲထုတ္​​ေန​ေလရဲ႕။ ျမန္​လည္​း ျမန္​တဲ့​ေကာင္​။

လ်ွာရွည္​ပီး သြား​ေမးမိတာကိုး။
Kim Jongin ကိုယ္​တိုင္​​ေတာင္​
Ooh Sehun ​ေလာက္​ သူ႔ အမူအက်င္​့​ေတြ
သူသိမွာ မဟုတ္​ဘူး။

----------------The World-----------------

Words-2171 words

Unicode

"Jongin ကျောင်းဆင်းရင် အကင်
သွားစားရအောင်"

အချစ်ဆုံးသူငယ်ချင်း Kim Mongu
အမေးစကားကြားလိုက်သည်နှင့်
လွယ်အိတ်ကို စားပွဲပေါ် လှမ်းတင်ကာ
ခေါင်းငြိမ့်ပြလိုက်သည်။

ကိုယ်တွေက အစားဆို သိပ်ညှိစရာမလို။

ခုမှ ကျောင်းရောက်တာကျောင်းဆင်းရင် စားဖို့က စီစဉ်ပီးသား။

"Mongu အိမ်စာတွေ ပီးပီလား "

"အေး ပီးပီ မင်းရော ပီးခဲ့လား"

ခေါင်းတစ်ချက်ထပ်ငြိမ့်ပြပီးစားပွဲပေါ်က လွယ်အိတ်ပေါ် မျက်နှာမှောက်ချလိုက်သည်။
ဆရာမလာရင် နှိုးလိုက်ဟု တိုးတိုးပြော၍
အိပ်လေတော့သည်။ သူတို့နှစ်ယောက်က
စာတော်သူတွေ မဟုတ်ကြပေမယ့်
စာတော့ပုံမှန်လုပ်ကြသူများဖြစ်သည်။

မနေ့ည ကျောင်းက အပြန်
နှစ်ယောက်သား game ဆိုင်ဝင်လိုက်သည်။ အိမ်ပြန်နောက်ကျသွားသောကြောင့်
မိုးချုပ်ထိ အိမ်စာလုပ်နေရ၍ အိပ်ရေးက မဝ။

အိပ်ရေးပိုမက်သောသူ့အတွက် ပို၍ဆိုးသေး
သည် မဟုတ်လား။

ဘေးက Mongu ကတော့ နားကျပ် တပ်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့် သီချင်းတီးတိုးဆိုနေတော့
သည်။ သူ့အတွက်တော့ ပြဿနာ မရှိ။
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူက
အိပ်တတ်သည်လေ။

----------------The World-----------------

"Jongin ရေ Jongin "

အတန်းထဲ လူက ဝင်မလာသေးဘူး ကော်ရစ်ဒါတစ်လျောက် သူ့အသံကြီးက
ဟိန်းထွက်လာသည်။

"ဘာလဲ အတန်းခေါင်းဆောင်ရာ
အလန့်တကြားနဲ့ကွာ Jongin က အိပ်နေတာကွ"

ပိတ်ပီး ရန်တွေ့ပစ်လိုက်တော့
အပြေးတစ်ပိုင်း ဝင်လာတဲ့ EC အရှိန်တန့်သွားပုံရသည်။

"အေး ငါလဲ မသိလို့ပါကွ ဒီတစ်ပတ်နောက်ဆုံးတဲ့ အဲ့တာလာပြောတာ"

"ဘာက နောက်ဆုံးလဲ အစမရှိ အဆုံးမရှိ EC ရာ"

"ဟာ အကပြိုင်ပွဲကို ပြောတာလေကွာ"

EC အသံအဆုံး Jongin ကို အတင်းလှုပ်နှိုး
ရတော့သည်။

ဘယ်လောက်မှ အိပ်တာမကြာသေး။
မျက်လုံးကြီး မို့ပီး မပွင့်တပွင့်နှင့်
ထမေးလာသည်က
"ဘာလဲကွာ ဆရာမလာပီလား"

"မင်း အကပြိုင်မလို့ဆို Jongin Form က
ဒီတစ်ပတ်နောက်ဆုံးထပ်ရမှာတဲ့ကွ"

ချက်ချင်းကို ပြူးတက်သွားတဲ့ မျက်လုံး။

"ဟာ ဒီနေ့ သောကြာနေ့ပဲ ညနေ ကျောင်းက အပြန် ဝင်ထပ်မှ ရမှာပေါ့"

တလက်လက် တောက်ပနေသော
မျက်ဝန်းများဖြင့်
"မင်း လိုက်ခဲ့မယ်မလား
Mongu ညနေ ဖောင်ထပ်ပီးမှ မုန့်သွားစားမယ် ဘယ်လိုလဲ"

"Ok တယ် သွားမယ်လေ ကျေးဇူး EC "

ကိုယ်ကသာ ကျေးဇူးတွေ ထလုပ်နေတာ ကာယကံရှင်ကတော့ အပြုံးတစ်ချက်နဲ့ တင်
ပီးတဲ့ သဘော။ EC ကမ်းပေးတဲ့ lemon juice တောင် သောက်လိုက်သေး။ မခံ့တာ။
ဟုတ်ပါတယ်လေ Jongin က EC ရဲ့
အားကိုးရာ အားကိုးဖက်ကြီး။ EC
ကြိုက်နေတဲ့ အခန်း စီက ကောင်မလေးနဲ့
သူက အိမ်ချင်းကပ်ရက်။ ဒီကောင်
ဒါမျိုးတွေလည်း သိပ်ဖြစ်တယ်။

လူကသာ အသားမဖြူတာ ကျောင်းမှာ သူက popular။

ဘယ်ကိစ္စမဆို ပျော်ပျော်ရွှင်ရွှင် လိုက်လုပ်ပေးတတ်တာ။

ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်ရယ်။
အဲ ဆရာ၊ဆရာမတွေနဲ့တော့
သူူက နီးနီးကပ်ကပ်မနေတတ်ဘူး။ ဖားတယ် ကပ်တယ် ထင်မှာစိုးလို့တဲ့လေ။ သူ မလုပ်ဘူးတာလဲ မရှိဘူး။ ဆေးလိပ်လည်း သောက်တတ်တာပဲ။
သူနဲ့ပေါင်းတဲ့ ကျွန်တော်လည်း သူနဲ့ တူတူပါပဲ။



သူက အကနဲ့ ပတ်သက်ရင်တော့ အရမ်း
အလေးထားတယ်။

သူ့အဖေ သင်စေချင်တဲ့ piano တောင် သွားမသင်ပဲ အကသင်တန်း တက်ပစ်တယ်လေ။

အိမ်ကလည်း အငယ်ဆုံးဆိုတော့ အလိုလိုက်
ထားတာပေါ့ဗျာ။ သူ့ ရည်မှန်းချက်က အက ပညာရှင်တစ်ယောက် ဖြစ်ချင်တယ်တဲ့လေ။
ကျွန်တော်က အဆိုတော်ဖြစ်ချင်တာလေ။

နှစ်ယောက်ပေါင်းပီး တစ်ယောက်နဲ့ တစ်ယောက် အားပေးကြ ပေါ့။

ညနေတော့ သူဖောင်သွားထပ်ပီး အပြန် မုန့်ဝင်ဆွဲပီး သီချင်းသွားဆိုဖို့ ညှိလို့ ရတော့မယ် မထင်ဘူး။ သူ့ အကကျင့်ဖို့ အချိန်လိုတယ်
ပြောဦးမှာ။ စောင့်ပေဦးတော့ ပြိုင်ပွဲပီးတဲ့အထိ။

------------- The World ----------------

Sehun တစ်ယောက်

ကျောင်းရောက်ရောက်ချင်း သူ့စာသင်ခန်းဖြစ်တဲ့ အခန်းစီထဲကို ဝင် အိတ်ကို ထိုင်ခုံမှာ

ချိတ်ပီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ထုံးစံအတိုင်း ဘီ ခန်းအနောက်ပေါက်ကနေ
တစ်ဆင့် အခန်းထဲ လှမ်းကြည့်လိုက်မိသည်။

ဟော စာရေး စားပွဲပေါ် မှောက်ရက်ကြီး အိပ်နေတာပါလား။

နေများမကောင်းလို့လား။ မဟုတ်သေးပါဘူး မနေ့က သူ game ပဲသွားဆော့တာကို။

အိမ်စာတွေ မိုးချုပ်တဲ့ အထိ လုပ်လိုက်ရလို့
ဖြစ်မယ်။

အိပ်ရေးက မက်ပါတယ်ဆိုနေ။

Game ဆော့တော့ မိုးချုပ်တာပေါ့။

ငါနော် ခေါင်းတွေ ပိတ်ပိတ်ပီး
ခေါက်လိုက်ချင်တော့တယ်။ Lemon juice လေး သွားဝယ်ဦးမှပါပဲ။

----------------The World -----------------

အခန်းထဲ ပြန်ဝင်လာတော့ သူငယ်ချင်းကြီးက

ပြုံးပြုံးကြီး ကြည့်နေလေရဲ့။
Sehun နော် ငါသိတယ် ဆိုတဲ့ ဒီဇိုင်းနဲ့။
ပြန်ပြုံးပြတော့

"Sehun အဝ ချောင်းခဲ့ ရဲ့လား။
မှားလို့ ကြည့်ခဲ့လား"

ခပ်ဖွဖွလေး သူ့လက်မောင်းကို ထိုးလိုက်တော့ မျက်နှာကို မဲ့ပြကာ

"ဘာလဲ ဒီအတိုင်း idol တစ်ယောက်လို အားကျလို့လို့ ပြောမလို့လား။
fan club က member ပါပဲလို့ ပြောဦးမလို့လား"

"အင်းလေ သူ့ကို ငါအားကျတယ်။

အဲ့တာကြောင့် သူ့ အပြုအမူတွေကို
လိုက်ကြည့်မိတာ ဘာဖြစ်တုံး ။ မင်းကိုက
တစ်မျိုးတွေးနေတာ။

ငါပြောမယ် မိန်းကလေးidol တွေ actress တွေကို မိန်းကလေးတွေ အားကျတယ်။ သူတို့ အပြုအမူ အပြောအဆိုတွေကို
ဂရုတစိုက်ကြည့်တယ် မှတ်သားတယ်
အတုခိုးတယ် ဘယ်သူမှဘာမှ မပြောကြဘူး။

ယောက်ျားလေးလဲ အဲ့လိုပဲ။ fan တစ်ယောက်
အနေနဲ့ စိတ်ဝင်တစား ကြည့်မိ လိုက်လုပ်မိမှာပဲ။ ဘယ်သူမှ လိုက်ကြည့်မပြောဘူး။

မင်းသာ ငါ့ကို ပြောဖို့ ချောင်းနေတာ။
ပီးတော့ မတရား စွပ်စွဲသေး။ "

နှုတ်ခမ်းပါးလေးတွေ စူထော်မတက်
ပြောလာသော Sehun ကို ကြည့်ကာ
မင်း လူက idol မဖြစ်သေးပါ ဘူးကွာလို့
ပြောမိတော့မှေးနေတဲ့ မျက်လုံးကို ပြူးပီ
ဖြစ်လာမှာကွ ဟုပြောလေသည်။

တကယ်မလွယ်တဲ့ ကောင်။ သူ့ လူက မဲမဲ သူက ဖြူဖြူ။ ဖြူတာမှ ဖြူအုနေတာကို သူ့လိုပဲ
မဲအောင်နေလေလို့ ပြောလိုက်တော့
သူ idol ဖြစ်ရင် ဖွေးလာမှာပါကွာ။ ငါလိုက်လုပ်စရာမလိုဘူးလို့ ပြောတာဗျ။ လူလည် Ooh Sehun။

"Jongin ရေ Jongin "

ကော်ရစ်ဒါ တစ်လျောက်ပြဲနေအောင် အော်တဲ့ ဘီ ခန်းက EC။

ခေါ်ခံရတဲ့ လူတော့ မသိဘူး ဒီက တစ်ယောက်က ပြုံးနေတာ။

ဘာများလဲ ဆိုပီး အခန်းရှေ့ ထွက်ရပ်ပီး
နားထောင်လိုက်တယ်။

ကျွန်တော်တို့ စီ ခန်း အရှေ့ပေါက်နဲ့ ဘီခန်း
အနောက်ပေါက်က နီးနီးလေး။
Jongin တို့က နောက်ဆုံးခုံ ထိုင်တော့ သူတို့
ပြောသမျှ ကျွန်တော်တို့ အခန်းပေါက်က
အတိုင်းသား ကြားရ။

ပြန်ဝင်လာပီး Ooh Sehun ကို မင်းသိပီးပီလား မေးတော့

ခေါင်းငြိမ့်ပြပီး စာအုပ်ဆွဲထုတ်နေလေရဲ့။ မြန်လည်း မြန်တဲ့ကောင်။

လျှာရှည်ပီး သွားမေးမိတာကိုး။
Kim Jongin ကိုယ်တိုင်တောင်
Ooh Sehun လောက် သူ့ အမူအကျင့်တွေ
သူသိမှာ မဟုတ်ဘူး။

----------------The World-----------------

Words-2171 words

Continue Reading

You'll Also Like

33K 3.1K 24
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
17.5K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
495K 67.2K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
128K 13.2K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...